Monday, August 18, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမ မသက်ဇင်ရယ် ၁



အဖွား ပြောသော သမိုင်း ပုံပြင် နှင့် ကျမ မသက်ဇင် လို ပိုစ့်တွေ ရေးပါအုံး လို့ မကြာ ခဏ တောင်းဆိုလာ သူများ အတွက် ပုဂံခေတ် ပျက်သုဉ်း သွားပြီးတဲ့ အကြောင်း ရေးပြီး နောက်ပိုင်း တင်ပါ့မယ် ဟု ကတိပေး ခဲ့တာမို့  ကျမ ဒီပိုစ့်ကို တင် လိုက်ပါ တယ်။ အားလုံးကို ဂါရ၀ ပြု လေးစား လျက်။
မသက်ဇင်

ဒီဇင်ဘာလ ရောက်တိုင်း မန္တလေးသား အဖိုးနဲ့ ရေစက်ဆုံ ခဲ့သည့် အဖွား မန္တလေးက အဖိုး ဆွေမျိုးတွေဆီ အလည် သွားနေကြပါ အဖွားနဲ့ အတူမသက်ဇင် လည်းလိုက်ပါ စမြဲ ပေါ့။ မန္တလေး ရောက်တိုင်း မဟာမြတ်မုနိ ဘုရားကြီး လိပ် ကန်ဘေးနားက မန္တလေး မုန့် တီ တကူး တက သွားစား တယ်။ မြူရွက်သုတ် ညောင်ချဉ်သုတ် ခိုတောင် မုန့် တီ လို ခေါင်းရွက် ဈေးသယ်တွေ လာတိုင်း လှမ်းခေါ် စားရတဲ့ အရသာက လည်း ကမ္ဘာအရပ်ရပ်က နာမည်ကြီး ဟိုတယ် တွေက အစားအစာတွေနဲ့ မလဲနိုင်ပါဘူး။ မန္တလေး ရောက်တိုင်း သွားလည်တာကတော့ ပုဂံပါ။ ပထမဆုံး ပုဂံကို ရောက်စဉ်က အဖိုးဘက်က ဆွေတွေ မျိုးတွေ လိုက်ပေမယ့် နောက်ပိုင်း မှာတော့ အဖွားနဲ့ မသက်ဇင် နှစ်ယောက် သာ သွားလည် ပါတော့ သည်။ ဘယ် နှစ်ကြိမ် ရောက် ရောက် ပုဂံ ဟာ မသက်ဇင် အတွက် ရိုးမသွားဘူးလေ။ မန္တလေးက အမျိုးတွေက တော့ ပုဂံသွားရတာ များလွန်းတော့ ငြီး ငွေ့ လာပုံ ရသည်။ ပုဂံရောက်တော့ အဖွားကို ငဲ့ ပြီး သီရိ ပစ္စယာ ဟိုတယ်မှာ တည်းသည်။ ပုဂံရောက် သည့် ည ဘယ်မှ မလည်ဖြစ်ဘူး။

ပထမ မြောက် နေ့ နံနက်
ပုဂံရောက်ပြီး နောက်တနေ့  နံနက်စောစော
အိပ်ရာက နိုးနေပြီး အဖွား ဘုရားရှိခိုး အပြီးကို စောင့်ရင်း ပြူတင်း တံခါးကို ဖွင့်လိုက်တော့ လေအေးက စိမ့် ၀င်လာသည်။ သိပ်တော့ မအေးလှပါ။ သာယာသည့် ပတ်ဝန်းကျင်နှင့် အတူ နံနက်စောစော စီးစီး ချိုးကူ သံကြား ရသည်။ ထနောင်းပင်ပျိုထက် က ကူချွဲနေ သည့် ချိုးကူသံဖြစ်သည်။ အဖွားနှင့် အတူလမ်း လျှောက် ထွက်လာတော့ နံနက် ၆ နာရီတိတိ ထိုး နေပြီ။ သီရိပစ္စယာ လမ်းမကြီး အတိုင်း လျှောက်လာ ကြရင်း ထနောင်းပင်ထက်က ကူချွဲနေသည့် ချိုးကူသံ နှင့် ခါ တွန်သံ ကိုပါ ကြည်နူးဖွယ်ရာ ကြားနေရသည်။

အဖွားက သဗ္ဗညုစေတီဘက် လျှောက်ရအောင် ဟု ဆိုသည် နှင့် လမ်းမပေါ်မှ သဗ္ဗညုစေတီဘက် ချိုး ကွေ့ ဝင်လိုက်သည် သီရိပစ္စယာ လမ်းမကြီးသည် အရှေ့ မြောက်ဆီ သို့ ဦးတည် နေသည်။ ဆက်လျှောက် လိုက်လျှင် လောကထိပ်ပန်း နားက ရွှေဆံတော် ကို လှမ်းမြင်နေရသည်၊ လက်ဝဲဘက် တွင်မြင်းပြဂူကို တွေ့ ရသည်။ ဒီဇင်ဘာလ နံနက်စော စောဖြစ်သဖြင့် မြူအနည်းငယ် ဆိုင်းနေသည်။

ဒီနေရာက ရှေးတုံးက ကျုံးကြီးလို့ အဖွားတို့ ကို လူကြီး တွေက ပြောဘူးတယ် ရန်သူက ကျုံးအ ပြင်ဘက်က နေ ပုဂံမြို့ ရိုးထဲ ကို လောက်လွှဲတွေ ၊ မီးကျည်တွေ နဲ့ပစ်တယ် ပုဂံခေတ်က ဓါး ၊ လှံ ၊ လေး ၊ မြှားတွေနဲ့ စစ် တိုက်ကြတာ ဘာရယ်လို့ မသိ ပုဂံ ပတ်ဝန်းကျင်ကို ငေးမောရင်း ကျမ ရင်ထဲဝယ် တလှိုက် လှိုက် ဖြစ်ပေါ် လာသည် လွမ်းလွမ်း ဆွေးဆွေး ခံစားနေမိသည်။ အဖွားက တော့ လမ်းလျှောက်ရင်း ပုဂံခေတ် သမိုင်းကို ဟို တစ သည်တစ ပြောနေသည်။ ကျမတို့ မြေးအဖွား သဗ္ဗညုဘုရား ပရ၀ုဏ်မှ ဖြတ်ကာ အနန္ဒာ ဆ်ီလျှောက်သည်။ နံနက် စောစောဖြစ်နေ ၍လူသူ မရှိသလောက်ဖြစ် သည်။ ထိုစဉ် မြင်းလှည်းလေး တစီးမောင်း လာ သည် ကို တွေ့ ရပြီး ဘယ်ဘက် လမ်းချိုး ချုံများ အကြား ပျောက်ကွယ်သွားသည်။ တိတ်ဆိတ် သည့် နံနက်ခင်း လေး တခုပါပဲ။
ထီးလှိုင်ရှင်၏ အရိမဒ္ဒနာပူရ သို့ ကျမတို့ မြေးအဖွား ရောက်နေသလား။ နံနက်ခင်း လေက အေးမြ လန်း ဆန်း သည်။ အဖွားနှင့် ကျမ ပိုပြီး လမ်းလျှောက် သွက်လာကြသည်။ သရပါတံခါးမှ ပုဂံမြို့ တွင်း သို့ ဝင်လာ ခဲ့ကြသည်။ သည်မြို့ ရိုးနှင့် သည်တံခါးသည် ပျဉ်ပြားမင်း တည်ခဲ့ သည့်မြို့ ရိုးဟောင်းနှင့် တံခါးဟောင်းဖြစ် သည်ဟု အဖွားက ရှင်းပြသည်။ တည်းခိုရာ နေရာသို့ ပြန်ရောက် သည်နှင့် ဒီည အဖွားကို မေးရန် မေးခွန်းများ ပါလာသည်။
နေ့ လည်စာ စားပြီးလျှင် တရေးတမော အိပ်တတ်သည့် အဖွားအား အနှောက် အယှက် မပေးလို၍ စာအုပ် တ အုပ် အား လက်မှ ကိုင်ပြီး စာအုပ်ထဲ စိတ်ကို နှစ်မြုပ်ထား လိုက်သည်။

21 comments:

Welcome said...

မင်္ဂလာပါအစ်မ
ခရီးသွားပို့စ်လေးကို ဖတ်သွားပါတယ်။ ကိုယ်တိုင်ရောက်နေသကဲ့သို့ ခံစားသွားရပါတယ်။ ဆက်လက်ရေးသားနိုင် ပါစေ..
လေးစားလျက်
ဝင်းဇော် (www.mewin.f1.cc)

Myo Win Zaw said...

ဆက်တငန့်သန့်ဗျာ

ဒီရေ said...

Hello!... Ma Thet Zin... I'm come and read the December and Ur Post... Thanks for ur invitation to me.

Republic said...

မင်္ဂလာပါ မသက်ဇင် ၊၊ လာရောက်ဖတ်ရှူပါတယ်၊၊
အဖွားပြောသော သမိုင်းပုံပြင်ကို ဆက်လက်မျှော်နေပါတယ် ၊၊ ငြိမ်းချမ်းပါစေဗျာ ၊၊ ၊၊

စိုင်းစိုင်းလားရှိုး said...

ဆက်ရန်ကိုမျှော်နေတယ်

Heartmuseum said...

မန္တလေးသားပေမယ့် ဟီ...ဟိ...ပုဂံမရောက်ဖူးဘူးဗျ။
ဟန်းနီးမွန်း ထွက်ရင် ပုဂံကိုသွားမယ်ဆိုပြီး ငယ်ငယ် ကတည်းက စိတ်ကူးယဉ်ထားတာ။...... အခုထိ ရောက်ဘူးသေးဘူး.......ရောက်မယ်လဲ ထင်တော့ဘူး...ဟီးးးးးးးး...ဟီိးးးးးး
အမစာဖတ်ပြီးတော့ ပုဂံကိုစိတ်ကူးယဉ်လိုက်အုံးမယ်။ P:

တားမြစ် ထားသော... said...

ပုဂံကိုခေါ်သွားတယ်။
ရုတ်တရက် ဘလော့ဂ်ပေါ်မှာပဲ ထားခဲ့ပြန်တယ်။
(ဆက်ရန်ဆိုတာကို မတွေ့တော့ လင့်ခ်တွေ လိုက်ရှာနေသေးတာ။) အခုတော့ ဆက်ရန်ကို မျှော်နေပါမယ်။
ပျော်ရွှင်ပါစေ။

လူလ said...

မင်္ဂလာပါ အမ၊ လာဖတ်သွားပါတယ်၊ အရေးအသားက ကောင်းနေတယ်ဆိုတော့လဲ ဖတ်သူကို ဆွဲဆောင်သွားစေပါတယ်၊ ဆက်ရေးပါဦး အားပေးနေမယ် ခင်ဗျာ။

ရွှင်လန်းချမ်းမြေ့ပါစေ...

pye aye said...

ကျောင်းသားဘ၀က ပုဂံကိုသွားပြီးသတိရ ခဲ့ပါတယ်
ပုဂံကိုပထမဦးဆုံးအကြိမ် ဓါတ်ပုံသွားရိုက်ဖို့ထွက်
ခဲ့တာက ဒီဇင်ဘာ ဆောင်းတွင်းပါဘဲ။
ပုဂံရဲ့ဆောင်းတွင်းအလှဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး
မသက်ဇင်ရဲ့ဘလော့ဂ်ထဲက လွမ်းဆွတ်ဖွတ်ပုဂံ ပုံကို
ကြည်ပြီး အရင်တုံးက ရိုက်ခဲ့တဲ့ဓါတ်ပုံတွေကိုသတိရ
ခဲ့ပါတယ်။ ပုဂံရဲ့ဆောင်းတွင်းကိုဘယ်တော့မှ မမေ့
နိုင်ပါဘူး။
Ko PyeAye

နေချိုအေး said...

စာတွေကောင်းတယ်ဗျာ..ပျော်ရွှင်ပါစေ

တင့်ထူးရွှေ said...

ဆက်ရန်ရှိသေးရင် ပုံဂံ အကြောင်း စိတ်ဝင်စားစွာ စောင့်မျှော်နေပါတယ် မသက်ဇင် ၊ အဆင်ပြေပါစေ ခင်ဗျ ။

pye aye said...

(ပုဂံ ရဲ့ ဆောင်းတွင်း အလှ)
ပုဂံကို ပထမဆုံးရောက်ခဲ့တာ ကျောင်းသားဘ၀ကဘာ
ဓါတ်ပုံ စရိုက်တာ တစ်နှစ်လောက်အကြာမှာ
ပုဂံကို ဒီဇင်ဘာ ဆောင်းတွင်းမှာရောက်သွားခဲ့တယ်
အထက်မြန်မာပြည် ပုဂံရဲ့ဆောင်တွင်းအလှဟာ ပြော
မကုန်နိုင်ပါဘူး ။ ဓါတ်ပုံတွေ မီးထဲပါသွားတဲ့အတွက်
မဖေါ်ပြနိုင်တာ တောင်းပန်ပါတယ်။ မသက်ဇင်ရေးခဲ့
တဲ့ပို့ကိုဖတ်ပြီး ပုဂံ ဒီဇင်ဘာကို ကျနော်ဘ၀မှာ
မေ့မရနိုင်ပါဘူး ။လွမ်းဆွတ်ဖွယ်ပုဂံ ပုံကိုသွားသတိရ
လိုက်ပါတယ် မသက်ဇင်။

ကိုပြေအေး

pye aye said...

( ပုဂံ ရဲ့ ဆောင်း အလှ)

ပုဂံကို ပထမဆုံးရောက်ခဲ့စဉ်က ကျောင်းသားဘ၀။
ပုဂံရဲ့ ရှု့ခင်းအလှကို ဒီဇင်ဘာ ဆောင်းတွင်းမှာရိုက်
ခဲ့ဘူးပါသည်၊ ပထမ ဆုံး ပုဂံဆောင်းအလှ ကိုမြင်
လိုက်ရတာဟာ ရင်မှာ ခံစားချက်တွေအများကြီးဖြစ်
ခဲ့ပါတယ်။ ပုဂံခေတ်ရဲ့အလှကို ဓါတ်ပုံတွေအများကြီး
ရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ကျနော်ဘလော့ဂ်မှာ မ
ဖော်ပြနိုင်တာက၀မ်းနည်းပါတယ်၊ဖလင်တွေ မီးထဲ
ပါသွားတဲ့အတွက်ကြောင့်ပါ။ ပုဂံဆောင်းတွင်းကို
မသက်ဇင်ရဲ့ လွမ်းဆွတ်ဖွယ်ပုဂံ ပုံကို ကြည့်ပြီးခဲ့စား
နိုင်ကြပါတယ်..ပုဂံရဲ့ဆောင်းအလှ....

Ko PyeAye

Photograph said...

( ပုဂံ ရဲ့ ဆောင်း အလှ)

ပုဂံကို ပထမဆုံးရောက်ခဲ့စဉ်က ကျောင်းသားဘ၀။
ပုဂံရဲ့ ရှု့ခင်းအလှကို ဒီဇင်ဘာ ဆောင်းတွင်းမှာရိုက်
ခဲ့ဘူးပါသည်၊ ပထမ ဆုံး ပုဂံဆောင်းအလှ ကိုမြင်
လိုက်ရတာဟာ ရင်မှာ ခံစားချက်တွေအများကြီးဖြစ်
ခဲ့ပါတယ်။ ပုဂံခေတ်ရဲ့အလှကို ဓါတ်ပုံတွေအများကြီး
ရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ကျနော်ဘလော့ဂ်မှာ မ
ဖော်ပြနိုင်တာက၀မ်းနည်းပါတယ်၊ဖလင်တွေ မီးထဲ
ပါသွားတဲ့အတွက်ကြောင့်ပါ။ ပုဂံဆောင်းတွင်းကို
မသက်ဇင်ရဲ့ လွမ်းဆွတ်ဖွယ်ပုဂံ ပုံကို ကြည့်ပြီးခဲ့စား
နိုင်ကြပါတယ်..ပုဂံရဲ့ဆောင်းအလှ....

Ko PyeAye

Photograph said...

မင်္ဂလာပါ မသက်ဇင်
ပို့စ်တွေကိုလာဖတ်သွားပါတယ်

ကိုပြေအေး

khaingbobo said...

commentလေးမှာ မှာချင်တာလေးတွေ့ ချရေးခဲ့မယ်နော်။
ဆရာလုပ်တဲ့စိတ်နှင့် ပြောပြတာမဟုတ်ပဲ ခင်မင်မှုတစ်ခုနှင့် ပြောခဲ့တာပါ။
မ မသင်ဇင်ရဲ့ ပို့စ်တွေကို ကျနော်လာဖတ်ပါတယ်
ဒါပေမယ့် စာသားတွေ တစ်ချို့ ဇော်ဂျီဖောင်း ကောင်းကောင်း မမြင်ဖြစ်နေပါတယ်။
နောက်တစ်ခုကတော့ စာသားတွေများများတင်တဲ့ ပို့စ်ကို
တင်တဲ့အချိန်မှာ အနား နှစ်ဘက်အညီယူပြီး တင်တာက ပိုကောင်းမယ်လို ထင်ပါတယ်
သူများကြည့်တဲ့ အခါမှာလည်းကြည့်လှတာပေါ့။
အောင်မြင်မှု ပန်းတိုင်ကို ရောက်နိုင်ပါစေဗျာ.......

tay zar said...

အစ်မရေ ကောင်းတယ်ဗျာ အဲဗား အားပေးနေပါတယ် ခင်ဗျာ။ ။

ဖြိုးငယ် said...

အမရေ .. ဖတ်ရတာ အရမ်းအနှစ်သာရရှိတယ်ဗျာ ... လာရတာ လွယ်အောင်လို့ လင့်ခ် ထားလိုက်ပြီဗျာ ...
အမဆီခွင့်တောင်းထားတာ အကြောင်းမပြန်လို့
ကိုယ့်ပါသာပဲ လင့်ခ်လိုက်ပြီ အမရေ ... မရဘူး ဆိုလည်း ပြောပါနော်

သက်ထွန်းညိမ်း said...

အမရေ….အမရေးထားသမျှကို ဟိုးနောက်ဆုံးကနေ လက်ရှိနေရာထိဖတ်ပြီးသွားပေမယ့် နားမလည်
သေးဘူးအကုန်လုံးကို …. တစ်ချို့နေရာတွေမှာ အဆက်ပြတ်သလိုပဲ ..ဖတ်ရတာ အားတော့ရှိတယ်
ကိုယ်နိုင်ငံ ကိုယ့်လူမျိုးဘယ်ကစဖြစ်တယ်ဆိုတာကို မသိရင် ဘယ်ကောင်းမလဲနော့….နောက်ပိုင်း
အဆင်ပြေရင် အမပြောတဲ့ ကျမ်းတွေကို ၀ယ်ဖတ်ဦးမယ်ဗျာ….အားပေးလျှက်ပါအမခင်ဗျာ…
ရွှင်လန်းချမ်းမြေ့ပါစေ…..

သက်ထွန်းညိမ်း said...

အမရေ….အမရေးထားသမျှကို ဟိုးနောက်ဆုံးကနေ လက်ရှိနေရာထိဖတ်ပြီးသွားပေမယ့် နားမလည်
သေးဘူးအကုန်လုံးကို …. တစ်ချို့နေရာတွေမှာ အဆက်ပြတ်သလိုပဲ ..ဖတ်ရတာ အားတော့ရှိတယ်
ကိုယ်နိုင်ငံ ကိုယ့်လူမျိုးဘယ်ကစဖြစ်တယ်ဆိုတာကို မသိရင် ဘယ်ကောင်းမလဲနော့….နောက်ပိုင်း
အဆင်ပြေရင် အမပြောတဲ့ ကျမ်းတွေကို ၀ယ်ဖတ်ဦးမယ်ဗျာ….အားပေးလျှက်ပါအမခင်ဗျာ…
ရွှင်လန်းချမ်းမြေ့ပါစေ…..

နတ္ထိ said...

အရိမဒ္ဒနရယ် အနိရုဒ္ဓရယ် ဧရာဝတီရယ် ၂၀ရာစုလွန်နှင်းပွင့်များရယ်...