Wednesday, June 17, 2009

ဘလောဂ့်ရေးခြင်း တနှစ်ပြည့်နှင့် ကရင်လက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့ အလည်ရောက်ခြင်း အမှတ်တရ

မိမိ နိုင်ငံ၏ သမိုင်း အား ဘတ် ရှု လေ့လာရ စကောင်း မှန်း မသိသော လူမျိုးသည် အတိတ် က မိမိ ကျူးလွန် ခဲ့ပြီး သော အမှား အယွင်း များကို ထပ်မံ ကျူးလွန် ခြင်း ပြုရန် အတွက် ကြမ္မာ ငင်လျက် ရှိလိမ့် မည် ဟူ၍ အဘိ ဓမ္မာ ပညာ ရှိကြီး တဦး ဖြစ်သူ ဂျော့ စန္တာ ယနာ က ရည် ညွန်း ဘူးသည်။


ကျမ ဘလောဂ့် ရေးခဲ့သည်မှာ တစ်နှစ် ပြည့်ပြီ ဖြစ်သည်။ ဘလောဂ့် ရေးခြင်းသည် အနှောင်အဖွဲ့ မရှိပါ။ သို့ သော် မိမိ ကိုယ် မိမိ သတ်မှတ် ထားသည့် တန်ဖိုး တစ်ခုတော့ ရှိပါလိမ့်မည်။ မိမိ၏ ဒိုင်ယာရီ မှတ်တမ်း တစ်ခု လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ သမိုင်းနှင့် နိုင်ငံ အတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသား လူမျိုးစု များအား ကျမ အလွန် စိတ်ဝင်စားပြီး လေ့လာခြင်း။ မှတ်တမ်း တင်ခြင်း များ ပြုလုပ် ခဲ့ပါသည်။ ဘလောဂ့် တနှစ်ပြည့် တွင် ဒိုင်ယာရီ အနေ ဖြင့် ကျမ သွား ရောက် လေ့လာ ခဲ့သည့် ကေအင်ယူ တပ်မဟာ (၇) ဌာနချုပ် မှ ကရင် နှစ်သစ်ကူး ပွဲတော် သွား အမှတ်တရ ဓါတ်ပုံများ ဖေါ်ပြ လိုက်ပါသည်။

ဇန်နဝါရီ ၃ ရက် နေ့တွင် ကျင်းပ သော ကရင် နှစ်သစ်ကူး ပွဲတော် တွင် ( ယနေ့ စစ်အစိုးရ နှင့် ငြိမ်းချမ်းရေး ယူထား သည့်) ကေအင်ယူ အစည်း အရုံး တပ်မဟာ (၇) ဌာနချုပ် တပ်မဟာမှူး အဖိုး ထိန်မောင်မှ ကရင် တော်လှန်ရေး သမိုင်းကြောင်း အား ရှင်းလင်း ပြောကြားစဉ်။



ကရင် အမျိုးသား ခေါင်းဆောင်ကြီး ဝတ်လုံတော်ရ စော ဘ ဦးကြီး သည် ကရင် တကျပ်သား ဗမာ တကျပ် သား ဟူ၍ ကြွေးကြော် ခဲ့သည်။ ကရင် လူထု ကလည်း ဥက္ကဌ စောဘဦးကြီး ၏ မူ ကို ထောက်ခံ လျက် အမျိုးသားရေး စိတ်ဓါတ်ဖြင့် တဆင့်ပြီး တဆင့် တိုးတက် တောင်းဆို ခဲ့ကြ သည်။ ဝန်ကြီးချုပ် ဦးနု ဦး ဆောင်သည့် ဖဆပလ အစိုးရ ထံမှ ကျေနပ်ဖွယ်ရာ တုန့်ပြန် မှုများ မရ ရှိခြင်း ကြောင့် လက်နက် ကိုင် လမ်းစဉ်ကို လိုက်ခဲ့ကြသည်။ ကရင် လက်နက်ကိုင် တပ်သား များသည် ရရာ လက် နက် များဖြင့် နေရပ် ဒေသ သို့ ပြန်ကာ မိမိတို့ ဘဝ လုံခြုံရေး အတွက် ကာကွယ်ရေး အဖွဲ့ အစည်းများ ဖွဲ့စည်းရာမှ ကေ အင် ဒီ အို ခေါ် ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ ကို ဖွဲ့စည်း သည်။ ကေ အင် ယူ သည် ကရင် အမျိုးသား နိုင်ငံရေးကို ဦးဆောင် ၍ ကေ အင် ဒီ အို သည် ကရင် အမျိုးသား တို့၏ ဘဝ လှုံခြုံရေး ကို ကာကွယ် စောင့်ရှောက်သည်။

ကရင် အမျိုးသား အလံတော် သည် တက်သစ်စ နေဝန်း ပါရှိသည့် အလံ တော် ဖြစ်ပြီး ကရင် အမျိုးသားနေ့ ( ကရင် နှစ်သစ်ကူးနေ့ ) အား နှစ်စဉ် ကျင်းပခဲ့ကြသည်။



ကရင် အမျိုးသား များသည် ရိုးသား ဖြောင့်မတ် ကြပြီး တာဝန် ကျေပြွန်ခြင်း အနစ်နာ ခံတတ်ခြင်း မိတ်ဆွေများ အား ချစ်ခင် ဖော်ရွေ တတ်ကြသူ များ ဖြစ်ကြသည်။







( အလံတော် စောင့် တာဝန်ကျ ကေ အင် ယူ ရဲဘော် နှစ်ဦး နှင့် လေ့လာရေး သွားရောက် သည့် စာရေး သူတို့ အမှတ်တရ)








(ဘလောဂ့် တနှစ်ပြည့်တွင် စာတမ်း ငယ်လေး တစောင်အ မှတ်တရ ဖေါ်ပြ လိုက်ပါသည်။)
လူတို့ သည် ဒေသ တခု အတွင်း အတည် တကျ စုဝေး နေထိုင်လျက် ရှိကြသော လူ့အဖွဲ့ အစည်း တရပ် ပေါ်တွင် အခြေခံ ၍ ထိုလူ့အဖွဲ့အစည်း ဘဝ များ ဖြစ်ပေါ် တိုးတက်မှု နှင့် ပြောင်းလဲခြင်း များသည် နိုင်ငံ တနိုင်ငံ၏ သမိုင်းပင်ဖြစ်သည်။
လူတို့ သည် စားဝတ် နေရေး အတွက် ပင်ပန်းစွာ ရှာဖွေ ကြရသည်။ သဘာဝ ပတ်ဝန်းကျင် ကြောင့် အခြား အရပ်တပါး သို့ ပြောင်း ရွေ့ကြ ရ သည် လည်း ရှိသည်။ ထို့ကြောင့် သဘာဝဓမ္မ ပညာရှင်ကြီး တဦးဖြစ်သူ ချာလ်စ်ဒါဝင် က စွမ်းပကား ထုတ်နိုင်သူသာ တည်တံ့ လိမ့်မည် ဟုဆိုခဲ့ သည်။


မြန်မာ နိုင်ငံတွင် ရှေး အကျဆုံး ရှေး လူဟောင်းများ အနက် နီဂရစ်တို နှင့် အင်ဒိုနီးရှင်း လူမျိုး များသည် လွန်ခဲ့ သည့် အနှစ် သုံးထောင် လောက်က မြန်မာ နိုင်ငံမှ အခြား အရပ်တပါး သို့ စွန့်ခွာ ပြောင်းရွှေ့ သွားခဲ့ကြ ပြီး ဖြစ်သည်။ တိဗက် ဗမာ အနွယ် များ ဖြစ်သည့် ပျူ ကမ်းယံ သက် တို့ အနက် ပျူ နှင့် ကမ်းယံ တို့သည် လွန်ခဲ့သော အနှစ် တစ်ထောင် ကျော်လောက်မှ စ၍ လုံးဝ တိမ်ကော ပျောက်ကွယ် သွားပြီ ဖြစ်သည်။

ယင်း တိဗက်ဗမာ အနွယ်ဦးများ နှင့် မရှေး မနှောင်း ဝင်လာသည့် ကရင် လူမျိုးများသည် သဘာဝ ပတ်ဝန်းကျင် အား ရာစု နှစ်ပေါင်း များစွာ ခုခံ တိုက်ခိုက် လာကြပြီး လူမျိုးစုကြီး တရပ် အနေဖြင့် ကြံ့ခိုင် တည်တံ့လျက် ရှိပြီဖြစ် သည်။

မြန်မာ နိုင်ငံတော် အတွင်းရှိ လူမျိုးစု အသီးသီး၌ မိမိတို့ လူမျိုး စုများ ၏ အမြင် နှင့်ရှုထောင့် အမျိုးမျိုး မှ မှတ်တမ်းတင် ရေးသား ထားခဲ့ကြ သည့် ရာဇ၀င် အစောင် စောင်များ ရှိပေ သည်။ အချို့ သော လူမျိုးစုများသည် တိမ်ကော ပျောက်ကွယ် သွားကြပြီး ဖြစ်သည့် တိုင် ၄င်းတို့ ၏ ရာဇဝင်နှင့် မှတ်တမ်း များ ကား ကြွင်းကျန်လျက် ရှိ သေး သည်။ (ဥပမာ ပျူ ၊ ကမ်း ယံ ၊ သက် လူမျိုးများဖြစ်သည်။)

နိုင်ငံ တနိုင်ငံ အတွင်းသို့ လူမျိုးစု တစု မက အခြေ ချနေ ထိုင်ရန် ကြိုးပမ်း အားထုတ်ခြင်း ပြုကြ သည့်အခါ များ တွင် ထို လူ မျိုး စု အသီးသီး ၏ နိုင်ငံရေး စီးပွားရေး ယဉ် ကျေးမှု တိုးတက် ဖြစ်ပေါ်မှု သည် မညီ မမျှ ရှိ ခြင်း ကြောင့် ထို မညီမျှ မှု ပေါ်တွင် အခြေခံ ၍ ပဋိပက္ခ တရား သည် မလွဲ မရှောင်သာ ပေါ် ပေါက် လာကြ ရ သည်။ နိုင်ငံ တနိုင်ငံ အတွင်း လူမျိုးစု အ ချင်း ချင်း တန်းတူ ညီမျှ သည့် ဆက်ဆံရေး ကို မတည် ဆောက်နိုင် သေးသ ၍ လူမျိုးစုတိုင်း ၏ မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့် ကို လက်ခံကျင့် သုံးခြင်း မပြုနိုင်သေးသ ၍ ထို ပဋိပက္ခ တရား သည် ထို နိုင်ငံ ၏ ကံကြမ္မာကို ဖန်တီးမြဲ ဖန်တီး နေလိမ့်မည် သာဖြစ်လေသည်။

Tuesday, June 2, 2009

မြန်မာ့ယဉ်ကျေးမှုပုံပြင်များနှင့် စာဆိုရှင်များ



ဘိုးဘိုးအောင်

ကျမတို့ မြန်မာ လူမျိုး အပါအဝင် လူမျိုးတိုင်း တွင် ယဉ်ကျေးမှု ရှေးဟောင်း ပုံပြင် များ ရှိကြသည်။ နေထိုင်ရာ ဒေသနှင့် ရေမြေ တောတောင် ပတ်ဝန်းကျင် လိုက်၍ သာ ကွဲပြား ကြသည်။ အနှစ် သာရကား ခြားနား ခြင်း မရှိ ကြပေ။

လူမျိုး တိုင်းသည် လူ့ အနွယ်ကြီး တနွယ်လုံး ရာစု နှစ်ပေါင်း များစွာ ဖြတ်သန်း ခြင်း ပြုခဲ့ ရသော သမိုင်း လမ်း ကြောင်း များ အတိုင်း လျှောက်ခဲ့ရ သောကြောင့်ဖြစ် သည်။ လူမျိုး တိုင်း၏ သမိုင်း များတွင် ပဋိပက္ခ များ အကြောင်း ဖေါ်ပြ တတ်ကြ သည်။ လူစွမ်းကောင်း များ တန်ခိုးရှင်များ အကြောင်းလည်း တခမ်းတနား ပါရှိ တတ် သည်။ သဘာဝထက် လွန်ကဲ သည့် ပုံပြင် များသည် လည်း အဆန်း တကြယ် ရှိကြသည်။ လူမျိုး တမျိုး အနေဖြင့် နုနယ်စဉ် အချိန် ကာလ များတွင် စိတ်ကူး စိတ်သန်း များ လောက်ဖြင့်သာ ဖြတ်သန်း နေကြရပြီး ဗေဒင် ၊ အင်းအိုင်၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တာန်၊ အဂ္ဂိရတ်၊ မှော် ၊ စသည့် ရှေးဟောင်း အတတ် ပညာ လောက်သာ လက်ကိုင် ပြုနိုင်ကြ သေး သော ကြောင့်ဖြစ်သည်။

ခေါမ ပုံပြင် များတွင် မီးကို ယူဆောင်လာသည့် ပရိုမီးသီးရပ်၊ လူစွမ်း ကောင်း ဟာကျူလီ၊ ဗြဟ္မဏ လူမျိုးတို့၏ ပုံပြင် များတွင် မြေလျှိုး မိုးပျံနိုင်ပြီး အသက် ထောင်ချီ ရှည်သည့် ရသေ့ ရှစ်သောင်း များ၊ ယင်း ယောဂီနှင့် ဂုရုကြီးများ ကိုင်စွဲ ခဲ့ ကြသည့် နက္ခတ်၊ ဗေဒင်၊ တန္တရ၊ အဂ္ဂိရတ်စသည့်များ။ တရုတ် တို့တွင်လည်း လူစွမ်း ကောင်း ပုံပြင် များစွာ ရှိခဲ့ကြသည်။ မြန်မာ တို့ တွင် ခေါမ၊ တရုတ်၊ ဗြဟ္မဏများ အလားတူ တံခိုးရှင်များ ဇော်ဂျီများ၊ ထွက်ရပ် ပေါက် များ ရှိခဲ့ကြသည်။


ကုန်းဘောင် ခေတ် ဦးပိုင်း နှစ်ပေါင်း ရှစ်ရာကျော်ခန့် က တတိယ မြန်မာ နိုင်ငံအား ထူထောင်သူ အလောင်းဘုရား ဦးအောင်ဇေယျ၏ သားတော် ဦးဝိုင်းတွင် ငယ်သူ ငယ်ချင်း တယောက်ရှိသည်။ အမည်က ဆရာအောင်ဖြစ်သည်။ ဆရာအောင်ကား ပထမံ အတတ်ဖြင့် ထွက်ရပ် ပေါက်သူဖြစ်သည် ဆို၏။ ပထမံဆရာအောင်သည် ဝ တလုံးက နှစ် လုံးဖြစ်အောင် တတ်နိုင်ရုံမက ဘယ်လိုမှ သတ်၍ မသေဟု ဖေါ်ပြကြသည်။ မြန်မာ လူမျိုးများတွင် ယင်းပုံပြင်သည် ယနေ့တိုင် သစ်လွင် အားကောင်းဆဲ ဖြစ်သည်။ ပုဂံပြည်တွင် ထွက်ရပ်ပေါက် ရှင်မထီး ရွေမိုး ငွေမိုး ရွာချ သည်ကို စွဲလန်း ခဲ့ကြသည့် မြန်မာ လူမျိုးများသည် ဘိုးဘိုးအောင်မ ပါဟု ဆုတောင်းဆဲပင်ဖြစ်သည်။

ကျမတို့ ပြည်ပ ထွက်လာ သည့်အခါ တနိုင်ငံနှင့်တနိုင်ငံ လူမျိုး တမျိုးနှင့် တမျိုး ယဉ်ကျေးမှု ပုံပြင်များ ဖလှယ် ပြော ဆိုမိကြသည်။ သူတို့လူမျိုးများ၏ စာပေ စကားများ အား လေ့လာသင်ကြားရင်း မိမိတို့ လူမျိုးများ၏ ယဉ်ကျေး မှုစာပေ ၊ ကဗျာများအား သူတို့ ဘာသာ ဖြင့် တတ်နိုင် သမျှ ဘာသာပြန်ရင်း ဖလှယ်ခဲ့ကြသည်။

သူတို့ စိတ်ဝင်စားကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြီး နောက်ပိုင်း ခေတ်တွင် ဆရာ ဇော်ဂျီနှင့် ဆရာ မင်းသုဝဏ် တို့ ကဗျာဆရာ နှစ်ယောက်အား စာပေ သမားများက ကဗျာ့ အရာတွင် ဦးထိပ်ထားကြသည်။ ကဗျာဆရာ အတော် များများသည် ဆရာကြီး နှစ်ယောက်၏ ကဗျာများ အောက်မှ ပေါက်ဖွား ဖြစ် မြောက် လာကြ သည်ဟု ဆိုရမည် ဖြစ်ပေသည်။

တွေ့ဆုံ ခဲ့ရသည့် အခြားနိုင်ငံမှ ကဗျာချစ်သူ လူမျိုးခြား ကျမ၏ မိတ်ဆွေများအား သူတို့ ဘာသာဖြင့် ပြန်ဆို ပေးခဲ့ရသည့် မြန်မာကဗျာ စာဆိုရှင် ကြီးများ၏ ကဗျာ အချို့အား သတိတရ လွမ်းဆွတ်စွာ ပြန်လည် ဖေါ်ပြ ပေး လိုက် ပါ သည်။

အောက်မှ ကဗျာ တိုလေးသည် ၁၉၃၆-ခုနှစ် တက္ကသိုလ် ကျောင်းသား များ၏ အရေးတော်ပုံတွင် ဆရာဇော်ဂျီမှ မမကြီး ( အင်းလျားက ခြင်းကြား ) အား ရေးပေး လိုက်သည့် ကဗျာဟုလေ့လာ တွေ့ရှိ ရသည်။

ပြဒါးရှင်

ပေးချင်ငဲ့ ခုအရေး။

ဇော်ဂျီမောင် ငါမစစ်လို့

စိတ်ညစ်တယ်လေး။ ။

( ဇော်ဂျီ )

ဖေဇော်ဂျီ
အနီဆင်သလို့
ယဉ်လှပုံထူး။

အလို
ရှုစမ်းပ
မြိုင်တန်းမှာ မာန်အကြိမ်းတွေနဲ့
ရှိန်းသတ်လို့မြူး။

နောက်တပုဒ်က ဖြင့် သတိ ဟူသော ကဗျာလေးဖြစ်သည်။
ရုပ်သေးစင်ပေါ်
ဇော်ဂျီနှင့် တောင်ဝှေး
အခုန် အပျံနှင့်
သူ့ ဟန်ကို သည်ဖေကြည့်
မောမိတယ်လေး

ရှိန်းဆာယာ ပိုမောက်
ကိုယ်ပျောက် သည့်တန်ခိုး
ရှိန်းဆာယာ သည်ဖေ ကြောက်
စိတ်ပျောက်မှာစိုး။
( ဇော်ဂျီ )

နောက်တပုဒ်ကတော့ တိုတိုလေးနှင့်ထိမိသည့် ဆရာမင်းသုဝဏ် ၏ နှင်းဆီ ကဗျာလေးပါ

လယ်တောကအပြန်

ပန်ချင်တယ် ခရေဖူးဆိုလို့

မောင်ခူးကာပေး။

မနက်တုံးဆီက

ကြော့ဆုံးကို မောင်မြင်တော့

သူ့ ဆံပင် နှင်းဆီပွင့်တွေနဲ့

ဂုဏ်တင့်တယ်လေး။
( မင်းသုဝဏ် )

အောက်တွင် ဖေါ်ပြ ထားသည့် ကဗျာ ကတော့ လွန်ခဲ့သည့် ၂၅ နှစ်ခန့်( ၁၉၈၄ ) ခုနှစ်က ရေးသား ခဲ့သည့် ကဗျာ စာဆိုရှင် ဆရာတင်မိုး ကဗျာ တပုဒ်ဖြစ်ပါသည်။



ဇော်မောင်မောင်၏ မျှော်တော်ယောင်

ခါးကိုထောက်လို့ တောင်မြောက်ကယ်မျှော်

ဇော်ဂျီတဲ့လေး။

တောင်ဝှေးကို ဘယ်ညာကိုင်လို့

ဟိုမြိုင်လယ် သည်မြိုင်တန်းမှာ

လွမ်းခဲ့ရှာသေး။

ကျောက်ပျဉ်မှာ ဆေးကြိတ်လို့

တောင်ထိပ်မှာတဲ့ အေးရိပ်ခို

ဇော်ဆိုတဲ့ ဇော်ကလေး။

လူ့ဘုံကို သွေခွာလို့

ဟေမဝါ သေလာကွေ့ မှာ

တကိုယ်တော် သူပျော်မွေ့ချင်သတဲ့

ချမ်းမြေ့စွာ တောင်စခန်း

လမ်းရှာခဲ့သေး။

ဇော်မောင်မောင်

မျှော်တော်ယောင် ဘာကို တ ပါလိမ့်

မြိုင်ဝမှာ သူယောင်မယ်နဲ့

ချစ်စဖွယ် သည်မှာ တွေ့ပြန်တော့

မွေ့လျော်မိသေး။

ပူဖို့ငယ်ကြုံ

လူတို့ဘုံ သူခွာလဲ

လူ့  မူရာ ဘယ်မငြင်းနိုင်ဘု

တကိုယ်တော် အဖော်ကင်း ယင်ဖြင့်

ပျင်းတတ်ကဲ့လေး။ ။

( တင်မိုး )

ဆေးလိပ်လည်းတို ၊ နေလည်း ညိုပြီ ကဗျာအား ရွတ်ဆို ပြနေ သည့် ဆရာတင်မိုး နှင့် ဘာသာပြန် စာရေးသူတို့ အမှတ်တရ


Monday, May 25, 2009

ဆာရီယာယ်လစ်ဇင် ကြေညာစာတမ်း

ကျမ
အိပ်မက် တွေ ခဏခဏ မက်နေတယ်
ဘဝ အိပ်မက်ပဲလို့ ယုံကြည်နေပြီး
မျှော်လင့်ချက် အပြည့်နဲ့
နွေအိပ်မက်ထဲ ဇွတ်တိုးဝင်တယ်
ကျမရဲ့ ကျေနပ်စရာကောင်းတဲ့
အိပ်မက်တခုရဲ့ သီအိုရီကို
သူတို့ ချ ဆွေးနွေးတော့
ဟင့်အင်း
ဟင်းလင်းပြင်ပါ
ဟင့်အင်း
အမဲရောင်ပါ
ဟင့်အင်း
နံရံပါ
ဟင့်အင်း
မီးခိုးတွေပါ
ငြင်းချက်ထုတ်ရင်း
ကျမ
ဆာရီယာယ်လစ်ဇင် ကြေညာစာတမ်းကို
ဖြန့်ဝေ လိုက်တော့တယ်။

နေဝင်ချိန်တခုမှာ
လယ်သမားတယောက်ဟာ
ကောက်ပင်တွေပွေ့လို့
လမ်းကျဉ်းလေး တခုကနေ
ဟိုး
အဝေးက ငြိမ်းချမ်းတဲ့ သူ့အိမ်လေးဆီ
ပြန်သွားတယ်
ကျမလည်း ပြန်ချင်တယ်
ကောက်ပင်တွေ ရိတ်သိမ်းလို့ မပြီးသေးဘူးလေ

ကျမပြန်လာတဲ့အခါ
ကျမရဲ့ နံရိုးနှစ်ချောင်းကိုဆက်ပြီး
အိမ်လေးတစ်လုံးဆောက်မယ်
ကျမ ရင်းနှီး ပြုစုခဲ့ရတဲ့
ဘဝ အစိပ်အပိုင်း တခုကို
လမ်းအဖြစ် ခင်းလိုက်ပါ့မယ်
ဆာလောင်မွတ်သိပ်တဲ့ အခါ
ဝမ်းတွင်း လေပြွန်ပိုက်တွေ ဖြတ်တောက်ပြီး
အစာအိမ်က တဆင့်
ရင်ခုန်သံဆီ ဆက်သွယ်ပေးပါ့မယ်

နေဝင်ချိန်တွေ မှာ
နှင်းဆီပျိုးခင်းထဲ လျှောက်ရင်း
စိတ်ကူးယဉ် ရိုမန်တစ်ဆိုတာ
ဆက်လက်တည်ရှိတော့မှာမဟုတ်ပါဘူး။

မသက်ဇင်

Sunday, May 17, 2009

အဘီကေလ်ရယ် ဒိုးအိစံရယ်




ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် အား အာရှ လူ့အခွင့် အရေးဆု ချီးမြှင့်ခဲ့သည့် အာရှ လူ့အခွင့်အရေး ဖေါင်ဒေးရှင်း ၏ ခေါင်းဆောင် ဂျပန် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် တာကာကို ဒိုးအိစံနှင့် စာ ရေးသူ တို့အမှတ် တရ











နေ့မြင် ညပျောက်
ညတွေ က လည်း ခဏခဏ ရောက်
ဒိုးအိစံ ပြောတာတွေ က လည်း မှတ်လောက် သားလောက်
အဘီကေလ် ကို လည်း မမေ့ မပျောက်
အမေရိကန် လွတ်လပ်ရေး ရကာစ
အခြေခံ မူကြမ်းရေးဆွဲ သူထဲမှာ ပါဝင်သည့်
ခင်ပွန်း အက်ဒါဆင် အား
ဇနီးဖြစ်သူ အဘီကေလ်က ပြောခဲ့သည်။
ဒီမှာ အက်ဒါဆင်
ရှင်တို့
ရေးဆွဲဖို့ လုပ်နေတဲ့ အခြေခံဥပဒေသစ် မှာ
အမျိုးသမီးတွေရဲ့
အခွင့်အရေး ကိုတော့ မမေ့စေနဲ့ရှင့်
ရှင်တို့
ခေါင်းဆောင်တွေ အကျိုး ဆိုတာထက်
အမျိုးသမီးတွေ အတွက် စိတ်ကောင်း စေတနာထားပြီး
ထည့်သွင်း ဆောင်ရွက်ဖို့တော့ လိုတယ်။
အချုပ်အခြာ အာဏာကို
ခင်ပွန်းဖြစ်သူထံ ပုံအပ်ထားတာမျိုး
လုံးဝ
မရေးဆွဲမိဖို့ အဓိကပဲ
ကျမတို့
အမျိုးသမီးတွေ အပ်နှင်းထားတဲ့
ခေါင်းဆောင် ကိုယ်စားလှယ်တွေ မပါပဲ
ရှင်တို့ရေးဆွဲထားတဲ့
အခြေခံဥပဒေသစ်ကြီးကို ကျမတို့ အမျိုးသမီးတွေ
နာခံ ဆောင်ရွက်လိမ့်မယ် မထင်ပါနဲ့
ကျမ လေးလေးနက်နက် ပြောချင်တယ်

ပုံ
ဇနီး အဘီကေလ်အက်ဒါဆင်

နိုင်ငံတော် တည်ဆောက်မှု အစ ပိုင်းကတည်းက ယုံကြည်မှု ရှိခဲ့သော အမေရိကန် အမျိုးသမီးများသည် ၁၈၄၈ ခုနှစ် နယူးယောက် ပြည်နယ် ဆေနက်ကာ ဖိုးလူးတွင် အမေရိကန် ပြည်ထောင်စု၏ လွတ်လပ်ရေး ကြေငြာစာတမ်း ကို ကြွေးကြော် ခဲ့ခြင်းနှင့် အတူ အမျိုးသမီး အခွင့်အရေး ကြေငြာစာတမ်း ကို လည်း ထုတ်ဖေါ် ပြောဆို ခဲ့ပေသည်။

Monday, April 20, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက်နှင့် အရိမဒ္ဒန ( ၁၂ )

ထီးလှိုင်ရှင်၏ အရိမဒ္ဒနာပူရ နံနက်ခင်း
သူ နှင့်ကျမ နံနက် စောစော သီရိပစ္စယာ လမ်းမ ကြီး အတိုင်း လျှောက်လာခဲ့ ကြသည်။ ဒီဇင်ဘာ နံနက် ခင်း ဖြစ် ၍ မြူ အနည်းငယ် ဆိုင်းနေသည်။ ထနောင်းပင်ကြား မှ ကူချွဲ နေသည့် ချိုးကူသံ နှင့် အတူ ပတ်ဝန်းကျင်က သာယာ လှသည်။ ချိုးကူသံနှင့် ခါတွန်သံမှ တပါး တိတ်ဆိတ် လျက်ရှိသည်။ သဗ္ဗညုဘုရား ပရဝုဏ်မှ ဖြတ်ကာ အာနန္ဒာဆီ သို့ ကျမ တို့ ဆက်လျှောက် သည်။ နံနက် စောစော ဖြစ်၍ လူသူကင်းမဲ့နေသည်။ လေ က အေးမြ လန်းဆန်း သည်။ ထီးလှိုင်ရှင်၏ အရိမဒ္ဒနာပူရ နံနက်ခင်း တွင် လတ်ဆတ် အေးမြသည့် လေကို ရှူရှိုက် ရင်း ပုဂံ ပျက်သုဉ်း ရခြင်း အကြောင်းကို သူ က လမ်းလျှောက်ရင်း စကား တ ပြော ပြော နှင့် ရှင်းပြ သွားသည်။

မြန်မာနိုင်ငံကို စတင် သိမ်းသွင်း စည်းရုံး တည်ထောင်ခဲ့တဲ့ အနော်ရထာမင်း နန်းတက်ချိန် သက္ကရာဇ် ၁၀၄၄ ခု နှစ်က နေ နောက်ဆုံး မြန်မာနိုင်ငံ စည်းလုံး ညီ ညွတ်မှု ပျက်ပြားပြီး ဗရမ်းဗတာ ဖြစ်ခဲ့ရတဲ့ နရသီဟပတေ့ မင်း နန်းသက်အဆုံး သက္ကရာဇ် ၁၂၈၈ ခုနှစ်အထိ ပုဂံခေတ် မြန်မာနိုင်ငံရဲ့ သက်တမ်း ဟာ နှစ်ပေါင်း ၂၅၀ ခန့် ကြာ ခဲ့တယ်။

အာရှ အရှေ့ တောင်ပိုင်းမှာ သူ့ ခေတ်နဲ့ သူ့ အခါ ထင်ရှား ကြီးကျယ် ခဲ့တဲ့ ပုဂံ မင်းဆက်နဲ့ မြန်မာနိုင်ငံ စည်းလုံး ညီညွတ်မှု ပျက်ပြားသွားခဲ့ရတဲ့ အကြောင်းရင်း တွေ ကို သမိုင်း ပညာရှင် တွေနဲ့ သုတေသီ တွေက အယူ အဆ အမျိုးမျိုး ရေးသားခဲ့ ကြတယ်။ မြန်မာ ရာဇဝင် တွေ ကတော့ တာတာ တရုတ်တွေ တိုက်ခိုက် ဖျက်ဆီးလို့ ပျက် စီးသွားရတယ်လို့ ရေးသား ကြတယ်။ နိုင်ငံခြားသား သမိုင်း ပညာရှင်တွေ ဖြစ်တဲ့ ဒေါဗ့် ၊ ဟာဗီ ၊ ပန်း ၊ ဟောလ် ၊ တို့ ကတော့ ရှမ်းလူမျိုးတို့ ရဲ့လှုပ်ရှားမှု ကြောင့် လို့ ယူဆကြတယ်။

မြန်မာရာဇဝင် ဆရာကြီး တွေနဲ့ နိုင်ငံခြားသား သမိုင်း ပညာ ရှင် တွေ ရဲ့ ရေးသား ချက်တွေကို လုံးဝ ငြင်းပယ် လို့ မရ ပေမယ့် ရှမ်းလူမျိုး များနဲ့ တာတာတရုတ်တွေ လှုပ်ရှားမှု မတိုင်ခင် ကတည်း က မြန်မာ နိုင်ငံရဲ့ ကုန်ထုတ် စွမ်း အား လျော့ပါးလာပြီး အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှုတွေ ပျက်ပြား ဆုတ်ယုတ် လာနေတာ က အ ခြေ ခံ အကြောင်းရင်းပါပဲ မ ရယ်

သူ စကားပြောရင်း လမ်းပေါ်မှ ကျောက်ခဲလေး တလုံး အား အမှတ် တမဲ့ ကန်ကျောက် လိုက် သည်ကို ကျမ သ တိထား လိုက်မိသည်။ သူ့ အတွင်း သန္တာန် မှာ မကျေနပ်စရာ လျှို့ဝှက် ခို အောင်း နေသည့် အရာ တခုခု ရှိနေ သည် လား။ ထိုအရာ အား ကျမ မစူးစမ်းလိုပါ ၊ သူ ရေးနေ သည့် ကဗျာများထံ သူ့ စိတ်ကို ရောက်သွား စေလို၍ ကျမ မေးခွန်းတွေ ထုတ်နေ လိုက် မိသည်။ သူ က ပြောသည် မ ကို ရင်ခုန်ပြီး ကျွန်တော် ကဗျာတွေ အများကြီး စပ်မိပါတယ် တဲ့ ၊ ဘယ်လိုကဗျာတွေလဲ ဟု ကျမ မေးသောအခါ လေထဲမှ လွင့်လာတဲ့ နှင်းဆီ ပွင့် ဖတ်လေး ဟာ ကျွန်တော့် ရင်ပတ် နားရောက် တော့ ရပ်သွားတယ် ၊ တယုတယ လက်ခုပ် လေးထဲ ထည့်လိုက် တော့ လိပ်ပြာ လေးဖြစ်သွားတယ် ၊ ကျွန်တော် လိုက်ဖမ်းတော့ လိပ်ပြာလေးက မ ဆံပင်ရှည် ထဲ ပြေးဝင် ပုန်း နေတယ် ၊ အဲလို ကဗျာမျိုးတွေ စပ်တာပေါ့တဲ့။ သူ တခါ တရံ စကားပြောနေရာမှ ကျမအား ငေးမော ကြည့် နေ တတ်သည်ကို ကျမ မသိ ကျိုးကျွန် ပြုထားလိုက် သည်။ ရံဖန်ရံခါ နှစ်ယောက်သား မျက်လုံးချင်းဆုံ လျှင်တော့ နှစ်ယောက်လုံး၏ အပြုံးများ လမ်းခုလတ်တွင် တိုက်မိပြီး သူက စကားလမ်းကြောင်း ပြောင်းပစ်တတ်သကဲ့သို့ ကျမသည် လည်း ခရားရေလွတ် တတွတ်တွတ် မေး ဖြစ်သွားသည်။

ဒုတိယ မြန်မာနိုင်ငံတော် အကြောင်း အကျဉ်းချုပ် ပြောရရင် သက္ကရာဇ် ၁၅၅၀ ခန့် ကနေ ၁၇၅၀ ခန့် အ ထိ သက်တမ်း နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့် ပြီး ထင် ရှားတဲ့ မြန်မာ မင်းဆက် ၁၃ဆက် စိုးစံ ခဲ့ တယ် ၊ ဒုတိယ မြန်မာနိုင်ငံတော် စတင် ထူထောင်တဲ့ ကာလကို အနောက် နိုင်ငံ သမိုင်း သုတေသီ အချို့က မြန်မာ လူမျိုးတွေ အရှိန်အဟုန် ပြင်းထန် ကြီး မားစွာ ပေါက် ကွဲသော ကာလလို့ ရေးသား ခဲ့ ကြ တယ်။ စစ်တောင်းမြစ်ဝှမ်း ဒေသ ကို အခြေခံပြီး အကွဲကွဲ အပြားပြား ဖြစ်နေတဲ့ မြန်မာနိုင်ငံကို ဒလကြမ်း စည်းရုံး သိမ်းသွင်းပြီး မဏိပူရ ၊ ကိုး ရှမ်း ပြည် ၊ လင်းဇင်း၊ ဇင်းမယ် ၊ ယိုးဒယားနယ်လွန်ရပ်ခြား နိုင်ငံများကိုပါ တိုးချဲ့ သိမ်းပိုက်ခြင်း ပြုတော့ မြန်မာ လူမျိုးများရဲ့ စွမ်းဆောင်ချက်များဟာ သမိုင်း တလျှောက်မှာ ကြီးမားပြင်း ထန်ခဲ့တယ်။

ဗင်းနစ်စ်မြို့က ကုန်သည်ကြီးတွေ ရဲ့ ခရီးသွားမှတ်တမ်း စာအုပ်တွေမှာ ရေးသား ဖေါ်ပြထား တာတွေ ကတော့ အဲဒီ အချိန် ကာလ တုံးက မြန်မာ နိုင်ငံတော်ဟာ အကျယ် ဝန်းဆုံးဖြစ်ပြီး ဘုရင့်နောင်ရဲ့ လက်နက်ကိုင် တပ်မတော်ကြီးဟာ တသိန်း နီးပါး ခန့် လောက် ရှိတယ်တဲ့ ဟံသာဝတီ မှာ တည်ထောင် ထားတဲ့ ဘုရင့်နောင်ရဲ့ နန်းတော်ကြီးဟာ မြို့ကြီးတမြို့ လောက် ကြီးကျယ် ခန်းနားပြီး တံခါးပေါင်း ၂၀ လောက် ရှိတယ်တဲ့ သူတို့ ရောက်ရှိ ခဲ့ တုံးက တွေ့မြင် ခဲ့ရတာကို မှတ်တမ်း ပြုထားတာ တွေ့ရတယ်။

အဲဒီ ကာလ ကမ္ဘာ့ နိုင်ငံများ အခြေ အနေ ကိုလေ့ လာကြည့် တဲ့အခါ ၊ တရုတ်ပြည်မှာ ယွမ်းခေါ် ခန်မင်းဆက် ကို တရုတ်ပြည်သူများက ထကြွ ပုန်ကန်ပြီး မဟာ တံ တိုင်း ကြီး အပြင်ကို မောင်း ထုတ်လိုက်ကြပြီး ထင်ရှားတဲ့ မင် မင်း ဆက်ကို ထူထောင်လိုက်တယ်။ အင်ဒို ချိုင်းနား ဒေသမှာ ထင်ရှားခဲ့တဲ့ ကမ္ဗောဒီးယား နိုင်ငံ ပျက်စီး သွား ပြီး အာနံ ၊ တုံကင် ၊ လင်းဇင်း ၊ ဇင်း မယ် ၊ သောက္ကတဲ ၊ ကမ္မပိုက် နဲ့ ယိုးဒယား စတဲ့ အာဏာပိုင် နိုင်ငံ က လေး တွေ ထီးပြိုင် နန်းပြိုင် ပေါ်ပေါက် ခဲ့တယ်။

အာရှ့တောင်ပိုင်း ကျွန်းဆွယ် တဝိုက်မှာ ထင်ရှားခဲ့တဲ့ သီရိဝိဇယ ၊ မဇ္ဈပဟီ ၊ မာလာယု တို့ ဟာ သူတို့ အချင်း ချင်း တိုက်ခိုက် နေကြ တယ်။ အိန္ဒိယ နိုင်ငံမြောက် ဘက် မှာ မဂိုလ် မင်းဆက် တွေ စိုးစံနေတယ်။ တောင်ဘက် မှာ ဝိဇယနာဂရ နိုင်ငံ တော်ကြီး ကို ဟိန္ဒ ဘုရင် များစိုးစံနေတယ်။ သီဟို နိုင်ငံကတော့ သီးခြား ကင်းလွတ် နေပြီး ဗုဒ္ဓ ဘာသာ နိုင်ငံ အဖြစ် တည်ရှိ နေတယ်။

ဒုတိယမြန်မာနိုင်ငံကို စည်းရုံးတည်ထောင် ခဲ့တဲ့ ဘုရင့် နောင် ဟာ မြန်မာ နိုင်ငံရဲ့ မြို့ တော်ကို မွန်တို့ရဲ့ မြို့ တော် ဖြစ်တဲ့ ဟံသာဝတီမှာ ဆက်ထား ပြီး ရာဇဓိရာဇ် အရေး တော်ပုံကို ရေးသားပြုစု ကျော်ကြားခဲ့တဲ့ ဘုရင့် နောင်ရဲ့ ၀န်ကြီး တစ်ဦးဖြစ်သူ ဗညားဒလ ဟာ မွန်လူမျိုး အကြီးအကဲ ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ မြန်မာ ရာဇ၀င် တွေမှာ ရေးသား ဖော်ပြထားတာ တွေ့ရတယ်။ စီးပွားရေးနှင့် ပတ်သက်လို့ နိုင်ငံတော်ရဲ့ အဓိက ကုန် ထုတ်လုပ် ငန်း ဖြစ်တဲ့ စိုက်ပျိုးရေးကို တိုးချဲ့ပြီး လက်မှု ကုန်ထုတ်လုပ်ငန်းတွေ ပြည်တွင်း ပြည်ပ ဖောက် ကား ရောင်းဝယ် မှု တွေ ဇင်းမယ်နဲ့ မဏိပူရ နယ်က ယွန်းထည်နဲ့ ယက်ကန်း လုပ်ငန်းတွေ ဖန်ချက်လုပ်ငန်းတွေကို တိုးချဲ့ ထူ ထောင် ခဲ့ တယ်လို့ မြန်မာ ရာဇ၀င်တွေမှာ ရေးသား ထားတာတွေ့ ရတယ်။

ဟံသာဝတ၊ီ မုတ္တမ၊သံလျင်၊ ဒလနှင့် ပုသိမ်မြို့တွေဟာ နိုင်ငံခြား ရောင်းဝယ်ရေး ဆိပ် ကမ်း မြို့ကြီးတွေ ဖြစ် ကြပြီး ဥရောပ တိုက်သားတွေနဲ့ အိန္ဒိယကုန်တွေ ဖောက် ကား ရောင်းဝယ် နေတာကို ၁၅၆၉ ခုနှစ်က ဟံသာ ၀တီကို ကုန်ရောင်း ကုန် ၀ယ် အတွက် ရောက်ရှိ ခဲ့တဲ့ အီတလီပြည်က ကုန်သည်ကြီး ဖရက် ဒရစ် က သူ့ ရဲ့ ခရီးသွား မှတ် တမ်းမှာ ရေးသား ဖော်ပြထားတာကို တွေ့ရတယ်။ ပြည်တွင်း ဖောက်ကား ရောင်းဝယ်ရေး အတွက် ဖွံ့ဖြိုး တိုး တက်ပြီး စနစ်တကျ ရှိဘို့ အတွက် ဘုရင့် နောင် ဟာ နိုင်ငံတော် တစ်ဝန်းလုံးမှာ အလေး၊ တင်း တောင်း၊ ကျပ်၊ မူး၊ မတ် ၊ တွေကို တညီ တညွတ်တည်း ဖြစ်ဘို့ စီမံခန့်ခွဲ ခဲ့တယ်လို့ မြန်မာရာဇ၀င်တွေမှာ ရေး သား ထား တာတွေ့ရတယ်။

ဒုတိယ မြန်မာ နိုင်ငံကို ပြန်လည်ထူထောင်ကာစ အချိန်က ကျယ်ဝန်းပြီး ရှမ်း မြန်မာ မွန် ကရင် ကချင်နှင့် ချင်းစ တဲ့ လူမျိုးစုတွေ ပျံ့နှံ့နေထိုင်နေကြတဲ့ ဒေသ ကြီး တစ်ခုကို စည်း စည်းလုံးလုံးနဲ့ အေးအေးချမ်းချမ်းရှိဘို့ ထိန်းသိမ်း အုပ်ချုပ်ခြင်း အလုပ်နဲ့ ကာကွယ် စောင့် ရှောက် ရတဲ့ အလုပ်ဟာ ကြီးလေး ခက်ခဲတဲ့ တာဝန် တွေဖြစ် ခဲ့ မှာပါပဲ။

အဲဒီအချိန်က မြန်မာနိုင်ငံမှာ အကွဲကွဲ အပြားပြားဖြစ် နေကြတဲ့ လူမျိုးစု တွေကို သူတို့ စုဝေး နေထိုင်ရာ ဒေသ အလိုက် ခေါင်းဆောင် အကြီးအကဲတွေ ခန့်ခွဲအုပ်ချုပ် ရတာတွေက အခက် အခဲ မရှိပေမယ့် ဝေးလံတဲ့ ဇင်း မယ် နဲ့ ယိုးဒယားနိုင်ငံကို ချဲ့ထွင် သိမ်းပိုက် အုပ်ချုပ်ခြင်း ပြု ရတာကတော့ ကြီးလေးတဲ့ တာဝန် နဲ့ စရိတ်စက တွေ ရှိ မှာပဲလေ။ မကြာခဏ ဖြစ်ပွားနေတဲ့ ဇင်းမယ်နဲ့ ယိုးဒယားစစ်ပွဲတွေ အတွက် ထမ်းဆောင်ကြ ရတဲ့ ပြည် သူတွေ ဟာ ဆိုး ဆိုး ရွား ရွား သည်းညည်း မခံနိုင်လောက်အောင် ဖြစ်ခဲ့ဟန်ရှိတယ်။

သက္ကရာဇ် ၁၅၆၄ ခုနှစ် က ဘုရင့်နောင် ယိုးဒယားကို ချီတက် တိုက်ခိုက်တုံး ဟံသာဝတီ နန်းတော်ကြီးကို မီးရှို့ ဖျက်ဆီးလိုက်ကြတဲ့ လယ်သမားတွေရဲ့ ပုန်ကန်ထကြွမှုကို မြန်မာ ရာဇ၀င် တွေမှာ အတိ အလင်း ဖွင့်ဟ ၀န်ခံ ထားတယ်။ ဒုတိယ မြန်မာ နိုင်ငံတော်ကို ထူ ထောင်ခြင်း ပြုတဲ့ တပင်ရွေထီး ( ၁၅၃၁-၅၀) နဲ့ ဘုရင့် နောင် (၁၅၅၁ မှ ၁၅၈၁) တို့ ရဲ့ နန်း သက် နှစ်ပေါင်း၅၀ ခန့်အတွင်း မှာ အဆ မတန် ကြီးလေးတဲ့ အုပ်ချုပ်ရေးနဲ့ ကာ ကွယ်ရေး စရိတ် တွေကို ထမ်း ဆောင် ခဲ့ရတဲ့ မြန်မာပြည်သူ တွေရဲ့ ဘ၀နဲ့ အခြေအနေ တွေကို ခန့် မှန်း ကြည့်လို့ရပါတယ်။

ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်း တွေနဲ့ ပတ်သက်လို့ ကတော့ ပုဂံမင်းဆက် ဘုရင်တွေရဲ့ အစဉ် အလာကို ဆက် ခံပြီး ဗုဒ္ဓသာသနာ တိုးပွား စည်ပင်အောင် တိုးချဲ့ ဆောင် ရွက်တာတွေ လုပ် ခဲ့ပြီး။ ယဇ်နတ် ပူဇော် တာတွေနဲ့ ခေတ် နောက်ကျတဲ့ တောင်တန်းဒေသတွေမှာ အကြီး အ ကဲ တစ်ဦးသေဆုံးတာနဲ့ သားမယားတွေ ၊ ကျေး ကျွန်တွေကို အရှင်လတ်လတ် မြှုပ် နှံကြတဲ့ ရှေး ဟောင်း ဓလေ့တွေကို ပိတ်ပင်ပြီး ၊ ဓမ္မသတ်တွေ ကို စု ဆောင်း ပြင်ဆင်ခြင်း တွေ ၊ ပြု လုပ် ခဲ့တယ်လို့ မြန်မာ ရာဇ၀င်တွေမှာ ရေးသားထားတာ ပေါ့ မ ရယ်။

Wednesday, April 8, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၁၁ )

တောင်တော်ရွှေပုပ္ပား
ကျမတို့ နှစ်ဦး ဒုတိယ အကြိမ် ၊ ပုပ္ပား သို့ ထပ်ရောက် ခဲ့ ပါသည်။ စိမ်းစိုနေသည့် ပုပ္ပား ၏ သဘာဝ အလှများ အား ငေးမောရင်း ကျမ သူ့ အား မေးခွန်းတွေ မေးနေမိသည်။ သူ စိတ်ရှည် စွာ ရှင်းလင်းပြောပြသည်။

ရှေးတုံးက မြန်မာ နိုင်ငံရဲ့ မူလ ပထဝီ အနေ အထားက အခုလို မဟုတ်ဘူး လို့ သဘာဝ ပထဝီ ပညာရှင်ကြီး ဖြစ်တဲ့ ဒတ်ဒ လီစတမ့်မ် က ရေးသား ခဲ့တယ် မ ရဲ့မန္တလေး အထက်ပိုင်း ဧရာဝတီ မြစ်ညာဟာ အရင်က စစ်တောင်းမြစ်နဲ့ တဆက်ထဲ ဖြစ်တယ်တဲ့ ၊ ချင်းတွင်း မြစ်ဟာလည်း အခုလို ဧရာဝတီနဲ့ မပေါင်းဆုံသေးပဲ သူ့ဟာသူ သီးသန့်ပင် လယ်ထဲ ကို စီးဆင်းတယ် ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဆိုတာလည်း အဲဒီတုံးက မပေါ်သေးဘူး။ ပြည် မြို့ အနီး တဝိုက်မှာ ပင်လယ်တိမ် တခု ရှိခဲ့တယ် တဲ့ ၊ နောက်ပိုင်း ပုပ္ပား မီးတောင် ပေါက်ပြီး မြေလွှာတွေ ပြောင်း လဲ လာတယ် စစ်တောင်းမြစ်က ရေစီး ပြတ် တယ် ၊ ချင်းတွင်း မြစ်နဲ့လည်း အခု လိုပေါင်းဆုံ သွားတာ တဲ့ ၊ အင်း ဧရာဝတီနဲ့ ချင်းတွင်းပေါင်းပြီး အဲဒီ မြစ်ကြောင်းတွေက ပါလာတဲ့ မြေနု တွေဟာ ၊ အနှစ် တရာမှာ မြေသား သုံးမိုင် ခန့် ဖြစ်ပေါ်လာတယ်တဲ့ ၊ ရာစုနှစ် များလာတော့ ပြည်မြို့ အောက်ပိုင်းမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကြီး တဖြေးဖြေး ပေါ်လာတာတဲ့ ၊ မ ရေ မ ကို ကမ္ဘာ့သမိုင်း အနဲ အကျဉ်း ရှင်းပြချင်တယ်

သမိုင်း ပညာရှင် တွေက လူ့သမိုင်း ကို ကျောက်ခေတ် ၊ ကြေးခေတ် ၊ သံခေတ် ၊ စက်မှုခေတ် ဆိုပြီး ပိုင်းခြား ခဲ့တယ် ၊ လူတို့ တည်ထွင်ခဲ့ကြတဲ့ လက်နက်တွေကို ကြည့်ပြီး ယဉ် ကျေးမှု အဆင့်ကို လည်း ပိုင်းခြား သတ် မှတ် တယ် ၊ ၁၉၃၉ ကနေ ၁၉၄၅ ခုနှစ် အထိ ဖြစ်ပွား ခဲ့တဲ့ ဒုတိယ ကမ္ဘာစစ် ကြီး အပြီး မှာ သိပ္ပံ ပညာရပ် တွေ အနုစိပ် လာကြတယ် ၊ အသေး ငယ်ဆုံး ရုပ်နုလေး ဖြစ်ကြတဲ့ အနုမြူနဲ့ အခြေခံ အမှုန်များ အ ထိ ၊ စကြဝဌာ တခု လုံး လက်တဆုံး နှိုက် လာ ကြတယ်

လက်နက် ဖန်တီး မတီထွင်မီ ကာလပိုင်းကို သမိုင်း မတိုင်မီ ခေတ် လို့ သတ်မှတ်ကြတယ် ၊ အချို့ သမိုင်း ပညာ ရှင် များက ထပ်မံ ပိုင်းခြားခြင်း ပြုတယ် ၊ သမိုင်း ပညာရှင် ဂေါ်ဒွင်ချိုင်း က သမိုင်း မတိုင်မီ ရှေး လူဟောင်းများ အနက် မီးကို ကောင်းစွာ ချုပ်ကိုင် စေ နိုင်ခဲ့ပြီလို့ ၊ ယူဆ တယ် ဆိုပြီး ပီကင်းလူက စ ပြီး စာရင်းသွင်းကြတယ်

မနုသဗေဒ ပညာရှင် အများအပြားက ပီကင်းလူဟောင်းရဲ့ သက်တမ်းကို အနှစ် ငါးသိန်း ပတ်ဝန်းကျင် လောက် က လို့ ခန့် မှန်းကြ တယ် ကျောက်ခေတ်ကြီး တစ် ခေတ်လုံး ကို နှစ်ပေါင်း လေးငါးသိန်း ကြာမျှ ဖြတ်သန်း ကျော် လွား ခြင်း ပြုကြရတယ်လို့ လည်း ဆို တယ် ၊ ကျောက်ခေတ်က နေ ကြေးခေတ် တက်လှမ်းခြင်း ပြုနိုင် တော့ မှ လူ့ သမိုင်းကိုစတင် တယ်လို့ ဆိုကြ တယ်

ကြေးခေတ်ကို ကြေးနီခေတ် နဲ့ ကြေးဝါခေတ် လို့ လည်း သမိုင်း ပညာရှင် တွေ က ခွဲခြားကြ တယ် နိုင်းလ် ၊ ယူဖရေးတီး ၊ တိုက်ဂရစ် ၊ အိန်ဒု ၊ မြစ်ဝါ နဲ့ ကမ္ဘာသစ် အလယ်ပိုင်း အရပ် ဒေသ များ တစ်ဝိုက်မှာ လွန်ခဲ့တဲ့ နှစ် ပေါင်း ခုနစ်ထောင်ခန့် က ကြေးခေတ် ယဉ် ကျေး မှုဆိုင်ရာ လူ့ အဖွဲ့အစည်းများ တည်ထောင်ခဲ့ကြတယ် ၊ အီဂျစ် ၊ ဆူမေးရီးယား ၊ ဘာဘီလုံ ၊ အဆီး ရီး ယား ၊ ချော်ဒီ ၊ မိုဟန်ဂျိုဒါရို ၊ ဟာရပ ၊ တရုတ် ၊ အင်ကာ ၊ အဇတစ် ၊ မာယာ ၊ တို့ ဟာ ကြေးဝါ ခေတ်က ကြီးကျယ် ထင်ရှားခဲ့တဲ့ မြို့ပြနိုင်ငံ နဲ့ အင်ပါယာကြီးများ ဖြစ်ခဲ့ တာပေါ့။

အဲဒီ နောက် သံခေတ်ကို တက်လှမ်းခဲ့ကြတယ် ၊ မြေထဲ ပင်လယ်ဒေသ ၊ ဥရောပ ၊ အိန္ဒိယ ၊ တရုတ် ၊ တို့ ဟာ နှစ် ပေါင်း သုံးထောင်ခန့်လောက်က သံခေတ် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများ အားကောင်းရာ အရပ် ဒေသ များ ဖြစ်ခဲ့ကြတယ် ၊ ပါရှင်း ၊ ခေါမ ၊ ရောမ ၊ မောရိယ ၊ ချင် ၊ ဟန်မင်းဆက် ၊ အင်ပါယာကြီး တွေဟာ ထင် ရှား ခဲ့ကြ တာပေါ့ ၊ စက်မှုခေတ် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းတွေ ပေါ်ထွန်းလာတာ ကြေးခေတ် သံခေတ် နဲ့ နှိုင်းစာ လိုက်တော့ ဘာမှ မကြာလှသေးဘူး စက်မှု တော်လှန်ရေး ဦးဆောင်ဖြစ် တဲ့ ဗြိတိန် နိုင်ငံကို စံ ထား ရရင် နှစ်ပေါင်း၂၀၀ ကျော် လောက်သာ ရှိလိမ့်ဦးမယ် ၊ ၁၈ ရာစု ၊ ၁၉ ရာစု ၊ ၂၀ ရာစု များ အတွင်း ဥရော ပ ၊ မြောက် အမေရိက ၊ အာရှအရှေ့ဖျား အရပ်ဒေသ များ မှာ ပေါ် ပေါက် ခဲ့တယ် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ ရုရှ ၊ အမေရိကန် ၊ ဂျပန် တို့ဟာ ကြီး ကျယ် ထင်ရှားတဲ့ စက်မှု နိုင်ငံ ကြီး များ ဖြစ်ကြ တယ်

အချို့ နိုင်ငံတွေဟာ ၊ သံခေတ် ယဉ် ကျေးမှု အဆင့်ကနေ တက်လှမ်းခြင်း မပြုနိုင်ကြသေးဘူး ၊ အချို့ လူ့ အဖွဲ့ အစည်းတွေမှာ ကျောက်ခေတ် ယဉ်ကျေးမှု အဆင့် မှာပဲ ကြွင်းကျန်လျက်ရှိကြဆဲပဲ သြစတေး လီး ယား တိုက် ငယ် ၊ နယူးဂီနီကျွန်း နဲ့ ကမ္ဘာ့ချောင်ကြို ချောင်ကြား တွေ မှာ ရှေး ဟောင်း လူ့ အဖွဲ့ အစည်းများ ကို တွေ့ မြင်နေရဆဲဖြစ်တယ် ၊ ခေတ်သစ် သမိုင်းပညာရှင်များက ကျောက်ခေတ်ကို ရှေး ခေတ်ဟောင်း လူရိုင်း ခေတ်လို့ အမည်ပေးပြီး ၊ ကြေးခေတ် ကို ကျေးပိုင်ကျွန်ပိုင်ရှင်များခေတ် ၊ သံခေတ်ကို ပဒေသရာဇ် မြေရှင် ခေတ် ၊ စက်မှုခေတ်ကို အရင်းရှင် ဆိုပြီး ပိုင်းခြားသတ်မှတ်ကြတယ်

၂၁ ရာစု သမိုင်းပညာရှင်များက ၂၀ ရာစု ရဲ့ သမိုင်းကို ပြုစု ရေးသားကြတဲ့ အခါ ဘယ်လို ၊ မှတ်တမ်းတင် ကြမှာလဲ ၊ ဒီနေ့ ခေတ် ဟာ ၊ ညူကလီးယားခေတ် ၊ အာကာသကို အောင်နိုင်သောခေတ် ၊ စက်ဦးဏှေက် ကွန်ပြူတာတွေ ၊ ထွန်းကား တဲ့ ခေတ် ၊ တနည်း အားဖြင့် အနုမြူ အာကာသ စက်ဦးနှောက် ကွန်ပြူတာ များ ကို ပေါင်းစည်းထားသော ခေတ်ကြီး တစ် ခေတ် ဖြစ်တယ်ပေါ့ ၊ ညူကလီးယား စွမ်းအင်ဘီလူးကြီးများကို သိပ္ပံ ပညာရှင် တွေ က ထုတ်ယူ နေကြတာဖြစ်တယ်

ဒုတိယ ကမ္ဘာ စစ်ပွဲကြီးအတွင်းက ရန်ဘက် ဖက်ဆစ် ၀င်ရိုးတန်း မဟာမိတ် အဖွဲ့ကို တွန်းလှန် တိုက် ခိုက် ရန် ဆို တဲ့၊ အကြောင်းပြချက်နဲ့ အမေရိကန် ပြည်ထောင်စုအစိုးရဟာ အနုမြူဗုံး လျှို့ဝှက် စီမံကိန်း ပြုလုပ်ခဲ့ တယ် ထင်ရှား ကျော်ကြားတဲ့ ၊ ရူပဗေဒ ၊ ဓာတုဗေဒ သိပ္ပံပညာ ရှင်များကို တာဝန်ပေးခဲ့ကြတယ်

၁၉၄၅ နှစ် သြဂုတ်လ ခြောက်ရက်နေ့ မှာ တီအင် တီယမ်းအား တန်ခြေ၂၀၀၀၀ ခန့် ယူရေနီယမ် အမျိုးအစား ဗုံးတစ်လုံးကို လူဦးရေ လေးသိန်းခွဲ ရှိတဲ့ ဟီရိုရှီးမား မြို့ ပေါ်ကို ကြဲချ လိုက်တယ် နောက်၃ ရက် အ ကြာ သြဂုတ် လ ကိုးရက် နေ့ မှာ အလားတူ ယမ်းအားရှိ တဲ့ ပလူတိုနီယမ်ဗုံး တစ်လုံးကို လူဦးရေ သုံးသိန်းရှိ တဲ့ နာ ဂါ ဆာကီ မြို့ပေါ် ကို ကြဲချ လိုက်ပြန်တယ်။ ဟီရိုရှီးမား မြို့သူ မြို့သား တစ်သိန်း ကျော် အသေဆိုး နဲ့ သေဆုံးတယ် တစ် သိန်း ကျော် လောင်မီးကျ ပြီး မရှုမလှခံကြရ တယ် ၊ နာဂါဆာကီမြို့သူမြို့သား ၇၀၀၀၀ ကျော်သေဆုံး ပြီး ၇၀၀၀၀ လောင်မီးကျခံရတယ် မြို့ကြီးနှစ်မြို့လုံး ပျက်စီးသွားပြီး အနုမြူခေတ် ရဲ့ ပွဲဦးထွက် ကြိုဆိုလိုက် တာ ပေါ့

ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်ပွား ခင် နှစ်ကာလ ကတည်းက နိုင်ငံတကာက သိပ္ပံပညာရှင် များ ဟာ အနုမြူဒတ်စင် များအတွင်းမှာ ဧရာမ စွမ်းအင်တွေ ရှိ ကြောင်းကို သိရှိထား ပြီးပြီ လေ ရူသာဖိုဒ့် ၊ အိုင်းစတိုင်း ၊ နီအယ်ဗိုလ် ၊ ဟိုင်ဆင်ဘတ် ၊ ဟာမီ ၊ ဂျိုးလိယော့ဂျိုရီ ၊ ဟမ်း တို့ ဟာ ညုကလီးယား စွမ်းအင် သိပ္ပံပညာရှင် များဖြစ်တယ် ညူကလီးယား စွမ်းအင်ကို အဖျက် လက်နက် အဖြစ် လုပ်ကိုင်ဖို့ စတင်ကြံစည် ကတည်းက သိပ္ပံပညာရှင် တော်တော် များ များ က ကန့်ကွက်ခဲ့ကြတယ် ဒါပေမယ့် ၂၀ ရာစုဟာ အမေရိကန် ရာစု ဖြစ်ရမယ်လို့ ကြွေးကြော် ခဲ့တဲ့ အမေရိကန် အစိုးရဟာ သိပ္ပံပညာရှင်တွေရဲ့ သတိပေး ချက် ကို အလေး မထားဘဲ ဒုတိယ ကမ္ဘာစစ် ကြီးဆုံးပြီးနောက်မှာ ညူကလီးယား လက်နက်များ တိုးတက်အောင် စမ်းသပ် ခဲ့ကြတယ်
ညူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ တွေကို အကြမ်းဖျဉ်း ပြောပြရရင်
ရုရှား ၊ ၇၂၀၀ မှ ၁၆၀၀၀
အမေရိကန် ၊ ၅၇၃၅ မှ ၉၉၆၀
ပြင်သစ် ၊ ၃၅၀
အဂ်လန် ( ယူကေ ) ၂၀၀
အိန္ဒိယ ၊ ၁၂၀ မှ ၂၀၀
အစ္စရေးလ် ၊ ၇၅ မှ ၁၇၀
တရုတ် ၊ ၁၃၀
ပါကိစ္စတန် ၊ ၃၀ မှ ၉၂

အဲ လောက် ထိ ပိုင်ဆိုင် ထားကြတယ် ၊ အင်း အခု တော့လည်း အီရန်နဲ့ မြောက်ကိုရီးယား တွေ က တော့ စမ်းသပ် နေဆဲ ပေါ့ မ ရယ် မ ပြောတဲ့ ကဗျာ ဆရာမလေး အိန္ဒြာ ရဲ့ ကဗျာလေး လိုပေါ့

စိုးရိမ်ပူပန်မှုတွေနဲ့..
တဆတ်ဆတ်ခါနေတဲ့..
နှလုံးသားတွေပေါ်က..
ရွီးကနဲ ဖြတ်ပြေးသွားမယ့်
ဒုံးကျည်....။
-

သူ လေးပင်စွာ ပြောခဲ့သည် အားပြိုင်မှုတွေ ခြိမ်းခြောက် မှု တွေ နဲ့ ကမ္ဘာကြီးဟာ စိုးရိမ် ထိတ်လန့် စရာ တွေ အပြည့်ပါ ပဲ တဲ့ လေ

ကျမ ရင်ထဲက ၊ တိုးတိုးလေးရွတ်ဆို နေမိသည်ကား
လူ့ ဘဝ တွေ အမုန်းတရားတွေ
ကိုယ့်ကျင်းကိုယ်တူး
ကမ္ဘာကြီးမှာ အသက် ရှင်
စက္ကန့် နှင့် အမျှ စိုးရိမ်ပူပင်
ငတ်မွတ်ခေါင်းပါးခြင်း ငြီးညူသံ တွေ
ခရစ္စတိုဖါကော့ဝဲလ် ရေ
ရှင့် ပညတ် နဲ့ ပရမတ်
ကျမ စွဲလန်းသလို
ကမ္ဘာ ကြီးလဲပြိုအစိုးရိမ်တွေ ပို
မငို ပါ နဲ့ လူသားတို့

Thursday, April 2, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၁၀ )

ပုဂံ ညနေခင်းများ
ပေါ်တူဂီ လူမျိုး တွေ ဟာ တရုတ် အိန္ဒိယ အာရှ အရှေ့ တောင်ပိုင်း ဒေသ ကျွန်းစုတွေ ဆီ ကုန်သည် တွေ အ ဖြစ် သာသနာ ပြု တွေ အဖြစ် ပင်လယ် ဓါးပြ တွေ အဖြစ် လှည့်လည် ကျက်စား ခဲ့ကြတယ် လို့ ပြောပြ ခဲ့ တာ သိထားပြီး အဲဒီ တုံးက ကမ္ဘာ အခြေအနေ တွေကို ပြောပြ ပါ လားဟု ကျမက တောင်းဆိုသောအခါ

အဲဒီ ကာလ က ဥရောပ တိုက်သား များ ရဲ့နောက်ခံ သမိုင်း ကို အကြမ်းဖျဉ်း လေ့လာကြည့် တဲ့ အခါ ၊ အာရှ ၊ ဥ ရောပ နှင့် အာဖရိက တိုက်ရဲ့ သုံးမြေဆိုင် မြေထဲ ပင်လယ် ဒေသ တဝိုက်မှာ ထင်ရှား ကျော်ကြားတဲ့ ရောမ အင်ပါယာကြီး ပျက်စီး သွားခဲ့ တဲ့ ၅ ရာစု ခန့်လောက်က စပြီး အမှောင် တိုက် ထဲကို ကျရောက် နစ်မွှန်း နေခဲ့ တဲ့ ဥရောပ တိုက် ဟာ ၁၄ ရာစုခန့် လောက်မှ ပြန်လည် လွတ်မြောက် ရန် ရုန်းကန် လှုပ်ရှား စ ပြု လာ တယ် အချိန်ကာလ က အတိုးတက်ဆုံးဖြစ်တဲ့ အီတလီနိုင်ငံ ၊ ဖလောရင့်စ် ၊ ဗင်းနစ်စ် ၊ ဒေသ တ ဝိုက် က အစ ပြုပြီး မြန်မာနိုင်ငံ ကို ရောက်ဘူး တဲ့ မြန်မာနိုင်ငံ အကြောင်း ရေးသား ထားကြ တဲ့ ဗင်းနစ်စ် မြို့ သား မာကိုပိုလို ၁၃ ရာစု ၊ အီတလီ နိုင်ငံသား နီကိုယိုဒီ နှင့် ကွန်တီ ၁၅ ရာစုဝန်းကျင် ၊ ဆံတိုစတက်ပနို ၁၅ ရာစု ဝန်းကျင် ၊ ရုရှား နိုင်ငံသား နီတင်ကင် ၁၅ ရာစု တို့ ၏ ခရီးသွား မှတ် တမ်းများကို တွေ့ရှိရ တယ်။

၁၄ ရာစုခန့် အထိ ဥရောပ တတိုက် လုံးကို လွှမ်းမိုး ကြီးစိုး ခဲ့တဲ့ ကက်သလစ် ဂိုဏ်းကြီးနဲ့ ပဒေသရာဇ် စနစ် အို ကြီး ဟာ ဆင်းရဲသား များရဲ့ ပုန်ကန်ထကြွ မှု ကြောင့်အင်အား လျော့ပါး လျက် ရှိနေတယ် ၊ အရင်းရှင်စနစ် ကို စတင် အသက် ဝင် ခါ စ ပေါ့။ အဲဒီ အချိန် ကာလ က အင်အား ကြီးမား တဲ့ စပိန်နိုင်ငံ နဲ့ စပိန်ဘုရင် အုပ် ချုပ် လျက် ရှိတဲ့ ပေါ်တူဂီ နိုင်ငံသား တွေဟာ အတ္တ လန်တိတ် ၊ ပစိဖိတ် ၊ အိန္ဒိယ သမုဒ္ဒရာစတဲ့ ရေပြင် တွေ ကို ဖြတ် ကျော်ပြီး တိုင်းသစ် ပြည်သစ် ရှာဖွေ ခဲ့ကြ တယ် ၊ အတ္တလန်တိတ် သမုဒ္ဓ ရာ နဲ့ အမေရိက ကုန်းမြေ ၊ ပစိဖိတ် သမုဒ္ဓရာကို ဖြတ်ကျော်ပြီး ဖိလစ်ပိုင် ကျွန်းစုတွေကို တွေ့ရှိ တယ် ရာ စုနှစ် အတော်ကြာ ထိ လွှမ်း မိုး ကြီး စိုးခဲ့တယ် ပေါ်တူဂီ တွေဟာ အာဖရိက တိုက်ကို အတ္တလန်တိတ် သမုဒ္ဓရာ ရေပြင်မှ လှည့်ပတ်ကာ အိန္ဒိယ သမုဒ္ဓရာ ကို ဖြတ်ကျော်ပြီး နောက် ၁၅ ရာစု ကျော် ကျော် လောက် မှာ အိန္ဒိယ နိုင်ငံက ဂိုဝါနယ် အင်ဒိုနီးရှင်းကျွန်းစုက ဂျာဗားနယ် နဲ့ တရုတ်နိုင်ငံက မာကောက် နယ် တွေကို သူတို့ရဲ့ အခြေခံစခန်းများ အဖြစ် ပြုလုပ်ခဲ့ကြတယ် ။

အဲဒီ လို အာရှတိုက် ကုန်းမြေနဲ့  အိန္ဒိယ သမုဒ္ဒရာ ရေပြင် တ၀ိုက်ကို ကျူးကျော်ဝင် ရောက် ကြ တဲ့ ပေါ် တူဂီများ ထဲ မှာ ဖောက် ကား ရောင်းဝယ်မှု အတွက် နယ် သစ် ပယ်သစ် နဲ့ ဈေးသစ် များ ထူထောင် ကြသူ များ အပြင် ကက်သလစ် ဂိုဏ်းဝင် သာသနာ ပြု များ နဲ့ ကြေးစား စစ်သား များက အစ ပင်လယ် ဓားပြ များ အ ထိ ပါဝင်နေတာကို တွေ့ရှိရတယ်

အဲဒီ စပိန် နဲ့ ပေါ်တူဂီ တို့ဟာ အတ္တလန္တိတ် ပစိဖိတ်နဲ့  အိန္ဒိယ သမုဒ္ဒရာ ရေပြင်တွေမှာ မင်းမူပြီး အ မေ ရိကနဲ့ အာရှတိုက် ကုန်းမြေတွေ ပေါ် ကျူးကျော် ၀င်ရောက်ခြင်း ပြု နေတဲ့ အချိန်မှာ ဗြိတိန် ပြင်သစ်နှင့် ဒတ်ခ်ျ စ တဲ့ ဥရောပ နိုင်ငံသားတွေဟာ သူတို့ နဲ့ ယှဉ်ပြိုင်ခြင်း ပြုနိုင်လောက်အောင် အခြေအနေ မရှိကြ သေး ဘူး။ အဲဒီ အချိန်က ဒတ်ခ်ျ တွေ ဟာ စပိန်ဘုရင် လက်အောက်ခံ ဘ၀က လွတ်မြောက် နိုင်ဘို့ အတွက် ရုန်းကန် တွန်း လှန် နေရ သေး တဲ့ အခြေမှာသာ ရှိသေးတယ် တခုက ဗြိတိန်နဲ့ ပြင်သစ် စတဲ့ နိုင်ငံတွေ မှာ တန်ခိုး အင်အား ကြီး မား နေတုန်းဖြစ်တဲ့ သက်ဦးဆံပိုင် ဘုရင်နဲ့ ပဒေသရာဇ် စနစ်တွေကို ရှင်း လင်း ဖယ် ရှားခြင်း မပြုနိုင်သေး ဘူး။

စပိန်နှင့် နှိုင်းယှဉ်လိုက်တဲ့ အခါ ဗြိတိန်နဲ့ ပြင်သစ် တို့ဟာ ဒုတိယ တန်းစား နိုင်ငံများ အဆင့်၌သာ ရှိကြတယ် ဒါ ကတော့ ဒုတိယ မြန်မာနိုင်ငံ ကို စည်းလုံး သိမ်းသွင်း ပြီး ပြန်လည် ထူထောင်ခြင်း ပြုအံ့ ဆဲဆဲ အ ချိန် လောက် က မြန်မာ နိုင်ငံ အပါ အ၀င် အာရှတိုက် ကုန်းမြေနှင့် အိန္ဒိယ သမုဒ္ဒရာ ရေပြင် များသို့ ကျူး ကျော်ဝင် ရောက် လျက် ရှိတဲ့ ပေါ်တူဂီ ကိုလိုနီသမား များနဲ့ အခြား ကျူးကျော် ၀င်ရောက် အံ့ ဆဲ ဆဲ ဖြစ်တဲ့ ဥရောပ တိုက် ကိုလိုနီ သမားများရဲ့ ကျောထောက် နောက်ခံ သမိုင်းနဲ့ ယေဘုယျ အ နေအထားပဲဖြစ်တယ် ဟု ရှင်းပြ ခဲ့ပါ သည်။

သူ က
ပုဂံ ညနေခင်း နှင့် ပုဂံ ရှုခင်းတွေ ကြား သူနှင့် ကျမ လမ်းလျှောက် ရင်း ဗဟုသုတ တွေ ရှင်းပြခဲ့သလို ချစ်ခြင်း မေတ္တာ နှင့် အမှန်တရား၏ တောင်တန်းများ အဋ္ဌေကာင်း ဆွေးနွေး ခဲ့ကြသည် အနုပညာ ဖန်တီးခြင်း ကို သူ ကျန် နေသည် သူ အသက် ထက်ဝက် နဲ့ ဆက် လုပ်သွားမှာပါ မ ရယ် တဲ့ ကျွန်တော့်ဘဝ ထဲ ဝင် လာရဲ ပါ့ မလား လို့ မေး သလိုလိုနှင့် ကျမ ထံမှ အဖြေ ကိုတော့ သူ မတောင်းဆိုခဲ့ပါ။

ဟိုးအဝေး မိုးကုပ် စက်ဝန်း တနေရာ ဆီသို့ သူငေးမော ရင်း ပြောပြသည် ကျွန်တော် ၁၀ တန်းဖြေပြီး တဲ့ နေ့ မှာ သူငယ်ချင်း တယောက်ရဲ့ တောရွာ လေးဆီ အလည် လိုက်သွားတယ် နှစ် ရက်လောက်ကြာ တယ် ပြန် လာ တော့ အဖွားက အထုပ်ကလေးပြင်ထားတယ် ဦးလေးဆီ သွားနေတော့တဲ့။ ၁၀တန်း ဖြေပြီး စ ကျွန်တော် ဘုမသိ ဘမသိပါပဲ နောက် ၃ လ ကြာမှ အမေ အိမ်က ဆင်းသွား တာ သိရတယ် ဦးလေး အိမ်မှာ နေရင်း မနက် ၂ နာ၇ီထိုး လောက်မှာ အဖွားနဲ့ အဒေါ် စကားပြောနေတာကို ကျွန်တော် နိုးသွား ပြီး ကြား လိုက်ရတယ် ကလေး တွေ တော့ ဒုက္ခ ပဲတဲ့ သားသား သိသလား ဆိုတော့ အဖွားက မသိ သေး ဘူးတဲ့ အဲဒီ အချိန်မှာ အသံ မထွက်အောင် ကြိတ် ငိုခဲ့ရတယ် နောက်နေ့ တွေ မှာလည်း အဖွား ရှေ့မှာ မသိချင်ယောင် ဆောင်နေခဲ့ရတယ် လူပျိုပေါက် အရွယ် ဆယ်ကျော်သက် ဘဝ ကတည်း က စိတ်ထဲမှာ အနာတရ တွေ အများကြီး ဖြစ်ခဲ့ တယ် ကိုယ့် ဘဝ ကိုယ် ရုန်းကန်ရတယ် ကိုယ်ခြေထောက် ပေါ် ကိုယ်ရပ်ရတယ် အဲဒီ ကတည်းက စပြီး ကိုယ့်ဖာသာ အလုပ် ရှာ လုပ် တယ် သူငယ်ချင်းတွေနဲ့ စုနေ တယ် အဝေးသင်တက်တယ်။

သူ တိုးတိတ်လွန်းစွာ
ဟိုး အဝေး တနေရာသို့ စိုက်ကြည့် ကာ ညည်း တွားသံ လိုလို ပြောပြသည် သူ မိဘမေတ္တာ ငတ်မွတ် ခေါင်း ပါး ခဲ့ရသည်ပဲ မျက်ရည် ဝေ့သော သူ့ မျက်ဝန်း တွေကို ကျမ ကြင်နာ နွေးထွေး စွာ အား ပေး နေမိသည် လေနုအေး က နူးညံ့ လွန်း စွာ သူနှင့် ကျမ ကြားကို ဖြတ်ဝင်လာခဲ့သည် ဆံပင် ရှည် ကို နှစ်သက်စွာ ထားတတ်သည်သူ့ ကို ကျမ ငေးမောကြည့် နေမိသည် ဂီတ နက်သန် ကိုစောညိန်း၏ တေး များစွာကို သူ နှစ်ခြိုက် သည် သူ့ လက် ချောင်း တွေက ကဗျာပန်းတွေ များစွာ ဖူးပွင့်စေခဲ့သည် သူ့ ရင်ခုန်သံတွေကို ကျမ အတွက် အိပ်မက် အဖြစ် သူ ပေးခဲ့သည်။

ကျမ က ရော
အစ်မကြီး တော့ အမိအရာ ဆိုသည့် ထုံးတမ်း ဓလေ့များ ကို ကိုင်စွဲကာ ၊ ကျမအား တယောက်ပြီး တယောက် ပြောလာာကြသည်။ အိမ်ထောင်ရေး ဆိုတာ မိန်းကလေး အတွက် အရေးကြီးတယ် သမီး အတွက် အကောင်း ဆုံးဖြစ် အောင် မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုး သားချင်းတွေ အားလုံးက ဝိုင်းဝန်း လုပ်ထား တာ တဲ့ ကျမ ကို အရုပ်ကလေးလို လှပသည့် အဘိုးတန်ဆာ တွေ ဆင်ပြီး မှန်ဘီဒိုထဲ အလှ ပြရန် ကြိုစား နေကြသည် လိုရာ သွန်းလုပ်ရန် ပုံစံခွက်ထဲ ထည့် ကြသည် သူတို့ ပြောသမျှ တခွန်း ပြန်ပြော ခွင့် မရသည့် ကျမ အား သူတို့ သ ဘောကျ စီမံသည် ကာယကံရှင်ကို လူရယ်လို့ အရေး မထား ဖန်တီး ချင်ကြ သည် ဒါပေမယ့် ကျမ စိတ် ကို ဘယ်သူ ဘယ်ဝါကို တော့ မချစ်နဲ့ လို့ ပြောလို့ မရဘူးမို့လား သူတို့ နှစ်သက် သူ ကိုပဲ ချစ်ရမယ် လို့လည်း စီမံ လို့ မှ မရတာ ၊ အချစ်ဆိုတဲ့ မမြင်ရတဲ့ အရာတခုပါ။ စိတ်ဆိုတာ ပုံစံခွက် ချချင် သူတွေ စကားကို နားထောင် တတ်တာမှ မဟုတ်တာ ၊ အသဲနှလုံး ဆိုတာ ၊ ကော်ဖီတခွက်မှ မဟုတ် တာ ၊ ရှင်လျက်နှင့် သေခြင်း ဆိုသည့် အိပ်မက်ကို ကျမအား ပေးနေကြပါပြီလေ

Wednesday, March 25, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၉ )

ပုဂံ နေ့ လည် ခင်း

နတ်သမီး ကမ်းပါး တနေရာ ၊ သူရှေ့ ကနေ အမြန်ပြေး သွားပြီး ကျမကို လိုက်ခဲ့ ပါ တဲ့သူရှိရာဆီ ကျမ လျှောက် သွား သော အခါ အဝေး က နေ ကျမအား ဓါတ်ပုံတွေ တဖြတ်ဖြတ် ရိုက်နေသည်မှာ သူ့ နား ရောက် လာသည် အထိ ၊ သူ ကျမ လျှောက်လာ သည်ကို ငေးမောစွာ ကြည့် ရင်းပြောသည်။

မ ရယ် အဖြူရောင် လက်ရှည်လေးနဲ့ ဆံပင်ရှည်တွေ လေ မှာ ဝဲနေပြီး မ လမ်းလျှောက် လာတဲ့ အမူအယာ လေးဟာ လေထဲမှာ လွင့်ပါးကြွေလျော လာတဲ့ နှင်းဆီ ပွင့်ဖတ်လေးလို ငေးနေ ရလောက် အောင် မြန်မာ ဆန်လွန်းတဲ့ အလှပါဗျာ လို့ ပြောတော့ ကျမ ရှက်သွေးဖြန်းသွားခဲ့ပါသည် မ ကို ကျွန်တော် အိပ်မက် နေတာကြာလှပါပြီ ဒါပေမယ့် မ ကတော့ မသိခဲ့ပါဘူး ရန်ကုန်မှာ မ နေတဲ့ ပြည်လမ်းက အ ဆောင် ရှေ့ကို ကျွန်တော် အမြဲလိုလို ရောက်နေခဲ့ တယ် အဆောင် ပြူတင်းပေါက်က မ အရိပ်လေး ကို ကျွန်တော်ငေးပြီး ပြန်လာခဲ့ရတာပါ မ အတန်းတက်နေရင် ကျွန် တော် လာငေးနေတတ်တာ မ မသိခဲ့ ပါဘူး မ မသိအောင် မ သွား လေ ရာ ခပ်လှမ်းလှမ်း က တကောက် ကောက် လိုက် နေခဲ့တာ အတော် များခဲ့ပါပြီ

အယ် ပေါ်ပြီ အဲဒီတုံးက ဘာလို့ လာနုတ်မဆက်တာလဲလို့ ကျမကမေးတော့ မ က ကျွန်တော့်ထက် ပညာရေး ကအစ သာတယ်လေ မ ကိုချစ်တဲ့သူတွေ လိုချင်တဲ့ သူတွေ လည်း များတယ် ကျွန်တော် အနား တောင် မကပ်ရဲ ပါ ဘူးတဲ့ ။

အဲလို မပြောစမ်းပါနဲ့လို့ ကျမက ပြောတော့ မ ကို ချစ်တဲ့သူတွေများတော့ မ က အချစ်ကို အထူး အဆန်းလို့ မထင်တော့ ဘူးပေါ့နော် ၊ ဘယ်သူ့ အချစ်က မ ရင်ထဲမှာ ပိုပြီး တန်ဖိုးရှိတယ်လို့ ၊ မထင် တော့ ဘူးလား။ ကျမ မျက်နှာ ညိုးသွားတော့ သူ စကားလွဲပြောင်း လိုက်သည်။

မ ပုဂံ ရှုခင်းတွေ သိပ်လှတယ်နော် ဧရာဝတီက တော့ ခေတ်တွေ အဆက်ဆက် ဖြတ်သန်း နေပေမယ့် သူက တော့ တည်ငြိမ်စွာ စီးဆင်းမြဲပါ ပုဂံ ခေတ်က စစ်သည် လေးသိန်းနဲ့ ညီမျှ တဲ့ သူရဲကောင်းလေးဦး ရှိခဲ့တယ် ကျန်စစ်သားရယ် အဲနောက်တယောက်ကတော့ ထန်းပင် တစ်ထောင် ကို တက်လိုက် ဆင်းလိုက် တနေ့ ထဲ လုပ်နိုင်တဲ့ မြင်းမူ အရပ်က ငထွေးရူးရယ် ၊ နောက်တယောက်က နွားအရှဉ်းသုံးဆယ်ကို တပြိုင် တည်း ထွန်နိုင်တဲ့ ပုပ္ပါးအရပ်က ငလုံးလက်ဖယ်ရယ် ၊ ညောင်ဦးကမ်းပါးကနေ ဧရာဝတီ မြစ်ထဲ ဆင်း ကူးပြီး ဟိုဘက်ကမ်း ရောက်တာနဲ့ ချက်ခြင်းပြန်ကူးလာပြီး ညောင်ဦးကမ်းပါးပေါ် ရောက်တာနဲ့ ပြေးတက် လာနိုင်တဲ့ ညောင်ဦးဘီး ရယ် ပေါ့ ၊ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ ရတဲ့ မြန်မာ့ သမိုင်းပုဂံ သူရဲ ကောင်း တွေ မှတ်မိတယ်မို့လား လို့ ပြောတော့ ကျမ ခေါင်းညိတ် မိသည်။
ဟိုတနေ့ က ရန်ကုန်က အသက်ခြောက်နှစ်ကျော် လောက်ရှိတဲ့ ကျွန်တော့် တူလေး နဲ့ ဖုံးဆက် ဖြစ်တယ်။ တူလေး ဘာလုပ် နေတာလဲ မေးတော့ သိုင်းသမား တရုတ် သူရဲကောင်း ကျန်ကျောင်း လုပ်တမ်း ကစား နေတာတဲ့။ ပုဂံခေတ် မြန်မာ သူရဲကောင်း ကျန်စစ်သား လုပ်တမ်း ကစား ပါလား ပြောတော့ ကျန်စစ်သားကို မသိဘူး တဲ့ သားတို့ က တရုတ်သိုင်းကားပဲ ကြည့် တော့ သိုင်းသူရဲကောင်း ကျန်ကျောင်းပဲ သိတာတဲ့ လေ

သူက ပင့်သက် ရှိုက်ရင်းငြီးတွား စွာ ပြောပြ နေသည် မြန်မာပြည် ကို လာ သွား တဲ့ ဂျပန် လူမျိုး ဓါတ်ပုံ ဆရာ ယာမာမိုတို က နှိုက်ကလပ် တခုမှာ ရိုက် ခဲ့တဲ့ ဓါတ်ပုံ တွေ ကို ဂျပန်မှာ ဓါတ်ပုံ စာအုပ် ကြီး ထုတ် ထားတယ် ဒီ ခေတ် ဒီ စနစ်ကြီး ထဲက ဆယ်ကျော် သက် လူငယ် က လေး တွေ နဲ့ ဆယ်နှစ် ဝန်းကျင် ကလေး တွေ ဟာ အ နာဂတ် တိုင်း ပြည် အတွက် အမျိုး သား ရေး စိတ် ဓါတ် တွေ အမျိုးသား ယဉ်ကျေးမှု တွေကို ရှေး ဘိုးဘေး ဘီဘင် တွေ လို မျိုးချစ် စိတ် အပြည့် နဲ့ ဆက်လက် ထိမ်း သိမ်း နိုင်ပါ့ မလား ဗျာ။ ကျွန်တော်တို့ မြန်မာလူမျိုး ဘိုး ဘေးဘီဘင်တွေ ကိုလိုနီ ပေါ်တူဂီ ဆန့်ကျင်ရေးစစ်ပွဲဟာ နှစ်ပေါင်း ၃၅၀ တိတိ ရှေးကျခဲ့တယ် ၁၉၆၃ ခုနှစ်ကမှ အိန္ဒိယနိုင်ငံ မှာရှိတဲ့ ပေါ်တူဂီ ကိုလိုနီ အခြေခံ စခန်း တခုဖြစ်တဲ့ ဂိုဝါနယ်ကို အိန္ဒိယ အစိုးရက ရှင်းလင်း ဖျက်သိမ်းခြင်းပြုခဲ့ရတာပါ။ တကယ် ကတော့ မြန်မာနိုင်ငံရဲ့ တစိပ် တဒေသ ဟာ ၁၆၀၀ ခုနှစ် ကတည်းက ကိုလိုနီ နယ်ချဲ့ အောက်ကို ရောက်သွား ခဲ့ရပြီး ကျွန်တော်တို့ ဘိုးဘေး ဘီဘင်တွေက နယ်ချဲ့ ဆန့် ကျင် ရေး အဲဒီ ကတည်းက ဆင်နွှဲ ခဲ့ ရတာပါ ၊ ၁၅ ရာစု ခန့်လောက်က ၊ အာဖရိက တိုက်ကို ပတ်ပြီး အိန္ဒိယ သမုဒ္ဒရာ နဲ့ အာရှတိုက်ကို စ တင် တွေ့ရှိခဲ့ တဲ့ ပေါ်တူဂီ လူမျိုးတွေဟာ တရုတ် ၊ အိန္ဒိယ ၊ အာရှ အရှေ့ တောင်ပိုင်း ဒေသ ကျွန်းစုတွေ ဆီ ကုန်သည်တွေ အဖြစ် သာသနာပြုတွေ အဖြစ် ပင်လယ်ဓါးပြ တွေ အဖြစ် လှည့်လည် ကျက်စား ခဲ့ ကြတယ်
၁၆ ရာစု ဆန်းလောက်မှာ မြန်မာနိုင်ငံ တောင်ဘက် ပင် လယ် ကမ်းရိုး တန်း ဒေသ မွန်ကြီးအကဲများ ထံနဲ့ ရခိုင် ကမ်းရိုး တန်း ဒေသ ရခိုင် အကြီး အကဲ များ ထံမှာ ကြေး စား စစ်သား များ အဖြစ် အမှု ထမ်းခဲ့ကြတယ် ဖိလစ် ဒီဘရစ်တို ခေါ် ငဇင်ကာ ဟာ ၁၅၉၀ ခုနှစ် လောက် မှာ ရခိုင်အကြီးအကဲ မင်းဖလောင်း ထံမှာ ကြေးစား စစ်သား အဖြစ် အမှုထမ်း ခဲ့တယ။် ဟံသာဝတီကို တိုက်ခိုက် ဖျက် ဆီး တော့ ငဇင်ကာကို မြို့ စောင့် အဖြစ် ထား ခဲ့တယ် အခွင့် ကောင်းကို ချောင်း မြောင်း နေတဲ့ ငဇင်ကာ ဟာ အန္ဒိယနိုင်ငံ ဂိုဝါနယ် မှာရှိတဲ့ ပေါ်တူဂီ ဘုရင်ခံ ချုပ်နဲ့ အဆက် အသွယ်ပြုပြီး သံလျှင် နယ်ကို ကိုလိုနီနယ် အဖြစ် အတိအလင်း ကြေငြာ လိုက်တယ် သက်တန်း ၁၃ နှစ် ကြာတယ် ငဇင်ကာ ဟာ ဗုဒ္ဓ ဘာသာ ဝင်တွေရဲ့ ဘုရားပုထိုးတွေ ကို ဖျက် ဆီးပြီး ဌာပနာ တွေကို အတင်း အဓမ္မ ယူတယ် ၁၆၁၃ ခုနှစ် မှာ ညောင်ရမ်း ဒေသက မြန်မာ အကြီး အကဲ အနောက်ဘက်လွန် ကနေ သံလျှင် ကို အခြေခံ စခန်း ပြုလုပ်ပြီး မြန်မာနိုင်ငံကို စ တင်ခြိမ်းချောက် နေတဲ့ ငဇင်ကာ တို့ကို တိုက်ခိုက် ချေမှုန်း ပစ် လိုက်ရတယ် ဂိုဝါနယ်က စစ်ကူပို့ လိုက်တဲ့ စစ်သဘော် ၅ စင်း အနက်က ၄ စင်းကိုလည်း တိုက်ခိုက် ဖျက်ဆီး ခြင်းပြုလိုက်ရတယ် ဘိုးဘေး ဘီဘင် တို့ ရဲ့ အမျိုးသားရေး စိတ်ဓါတ်နှင့် သူရဲကောင်း စွမ်းရည်များ ကို ကြား သိ ရ သော အခါ ကျမ သွေးများ ပူနွေးဆူပွက် လာ သကဲ့ သို့ ခံစား လိုက်ရ ပါ တော့ သည်။

Thursday, March 19, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၈ )

ပုဂံ နေ့လည်ခင်း နှင့် တောင်တော်ရွှေပုပ္ပါး
သူ ကျမ အား ပုပ္ပါးသို့ လိုက်ပို့ သည် ပုပ္ပါး တောင် ကလပ် ပေါ် တက်ရင်း ဗဟုသုတ ဖြစ်စေ မည့် နတ် ကိုး ကွယ် မှု ဆိုင်ရာ မြန်မာ့ ယဉ်ကျေးမှု အစွဲ အလန်းများကို ရှင်းလင်း ပြောပြနေသည်။

မနုသဗေဒ ပညာရပ်မှာ တိုတမ် ဆိုတဲ့ စကား အသုံး အနှုန်း တခုရှိတယ် ဗြိတိသျှ လူမျိုးတဦး ဖြစ်တဲ့ မနုသ ဗေဒ ပညာရှင် ဂျေလောင်း ဆို သူ က အိန္ဒိယ က နေ ၁၈ ရာစုနှစ် လောက် ခန့်က မနုသ ဗေဒ ပညာရပ် အ တွင်း ကို တင်သွင်း ယူဆောင် လာခဲ့ တာ ဖြစ်တယ် အဲဒီ ဝေါဟာရ စကားလုံးဟာ မြန်မာ တို့ရဲ့ မိဆိုင် ဖဆိုင် သို့မဟုတ် ရိုးရာ ဆိုတဲ့ ဝေါဟာရ နဲ့ နီးစပ်လိမ့်မယ်ထင်တယ်
ရှေးဟောင်း လူမျိုးတိုင်းမှာ တိုတမ် ခေါ် ရိုးရာ အစွဲ အလန်း နဲ့ ယုံကြည်မှု တွေ ရှိကြတယ် ၊ သိပ္ပံပညာ ရပ်တွေနဲ့ ယဉ်ပါးခြင်း မရှိကြသေးတဲ့ ယနေ့ ခေတ် လူ့ အဖွဲ့အစည်း တွေမှာလည်း ရိုးရာ အစွဲ အလန်း တွေဟာ အမြစ်တွယ် အားကောင်းနေဆဲပါပဲ
အာရှ အရှေ့ဖျား က ဂျပန်လူမျိုး များထဲမှာ အချို့က သူတို့ ကိုယ် သူတို့ နေမျိုး နွယ် လို့ ယနေ့ထိ ယုံကြည် စွဲလန်း နေသူ တွေ ရှိတယ် ရှေးဟောင်း ရောမ လူမျိုးတွေ က တော့ သူတို့ ကိုယ် သူ တို့ ဝံပုလွေ က ဆင်းသက် လာ တယ် လို့ ယုံ ကြည် စွဲလန်း ခဲ့တာ။ ရိုးရာ စွဲလန်း မှုတွေ ဟာ မြန်မာနိုင်ငံ တောင်တန်း ဒေသ မှာ နေထိုင် ကြ တဲ့ တိုင်းရင်းသား လူမျိုးများ သာ မက ပါဘူး မြေပြန့် အရပ် ဒေသမှာ နေထိုဋ္ဌကတဲ့ သူတွေလည်း ရိုးရာ အစွဲ အလန်း ဓလေ့ တွေ ရှိကြတယ်။

ဒေါက်တာ သန်းထွန်း ပြောသလို ပေါ့ ဗုဒ္ဓသာသနာ အရိပ် ကို ခိုပြီး နတ် အယူကို အသက် ရှည် အောင်လုပ်ဖို့ ရည်ရွယ် ချက် ရှိသူ တွေက စတင် ရေးသား ရွတ်ဆိုခဲ့တယ် ဆိုရင် စတင်သူကို နီးနီး စပ်စပ် ဖေါ်ထုတ်နိုင်ပြီ လို့ ဆိုရမယ်။ မကောင်းသူကို ပယ် ကောင်းသူကို ကယ် ဆိုတဲ့ သဘောထား ကလည်း ခေတ် ကာလ မငြိမ် တဲ့ အခါ ကြောက် ရမယ့် သူတော့ ရှိဦးမှ ဆိုတဲ့ အချိန်ကာလ ကို ညွှန်းတယ် နတ်ချင်းတွေ စစ်ဆေးပြီး သမိုင်း မှာ ဘယ် လောက် သုံးနိုင် မလဲ လို့မေးရင် သုံးမရဘူး လို့ပဲ ဖြေရမယ် နတ် တချို့ ဟာ သမိုင်းမှာ တကယ်ရှိ ဘူး သလား လို့မေး ရင် မဖြေနိုင်ကြဘူးတဲ့။

ရွှေနပေ နတ် ကို မင်းတုန်း မြို့သူ လို့ပြောတယ် လင်ပစ် သွားလို့ စိတ် ဆင်းရဲပြီး သေတယ်လို့ပြောတယ် နတ်ဖြစ် တော့ လည်း စိတ်ဖေါက်ပြီး အဆုံး မသတ် တဲ့ မုန့်လုံး စက္ကူကပ် သီချင်း ကို ဆိုတယ် လို့ သိရတယ် နဂါး မ ယားလား ၊ တောတွင်း သား မယားလား ၊ မောင်တင့်တယ် မယားလား ၊ နတ်ချင်း က လည်း ရှင်း မပေး ဘူး။ သုံး ပန်လှ နတ်က မွန် အမျိုးသမီးတဲ့ သရေခေတ္တရာ ရောက်လာပြီး သေဆုံးတယ် သူက ရေနဲ့ ဖြန်းရင် စိတ် ရွှင်ကြ မယ်လို့ ဆိုတယ် မောင်တင့်တယ် နှမ ထွေးလှလား နတ်သံကို ဖတ် ကြည့်တော့ တကောင်းက ပြေးလာ ပြီး သ မိန်ထောနဲ့ အိမ်ထောင် ကျတယ် တဲ့ ဝတ္ထုတပုဒ် တိုးလာတယ်။

ဦးမင်းကျော်ခေါ် ကိုကြီးကျော် နတ် က တော့ မြင်းခေါင်း ဖြစ်ခဲ့ ဘူးသူ ဖြစ်ပြီး ကြက်ကင်နဲ့ ထန်းရည် အလွန် အ မင်း ကြိုက်တယ် တဲ့ ပခန်းမြောင်း တူးစဉ်က အသတ်ခံရသူလား ကိုးမြို့ရှင် ရှမ်းလား စည်သူမင်းရဲ့သား ပုပ္ပါး ဘို့မယ် လင်လား အင်းဝ မင်းခေါင်သား မင်းရဲကျော်စွာ လား ခွဲခြား မသိဘူး။ အောင်စွာနတ် လည်း မြင်းထိန်း ဖြစ်ခဲ့ ဘူးတယ်တဲ့ မြင်းတော်ခံ ငပြည့် နရသူ ကွပ်မျက်တယ်လို့ ပဲ ပြော တယ် သူလည်း အသောက် အစား များသူ။

မဟာဂီရိ နတ်သံမှာ ငါလာခဲ့တာ တကောင်း က ဓါးလှံ ပြီးတဲ့ လူစွမ်း ကောင်းကို မီးတိုက် သတ်ရင် သေ တယ် ဆိုတဲ့ ယုံကြည် ချက်ကို ပြောတယ်။နှမတော်က ပုပ္ပါးတောင်မှာ ပန်း မျိုးစုံ ပေါတယ် ကြ လို့ ဖိတ်ခေါ် တယ်။
မနဲလေး နတ် က ကလေး ငိုရင် မုန့်လုံး ကျွေး ကလေး အငိုတိတ် စေရမယ် လို့ အာမ ခံတယ်။ ထီးဖြူ ဆောင်း နတ် က ပုဂံအနော်ရထာ ဖခင်။ ထီးဖြူ ဆောင်း မယ်တော်နတ် က အနော်ရထာ မိခင်။ ပရိဗ္ဗ ရှင်မင်းခေါင် က ကျည်းစိုးမင်း ဖြစ်တယ်တဲ့ အမဲလိုက် မုဆိုး ပစ်တဲ့ မြှားမှန်ပြီး သေတယ်။ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် နတ် ညီအစ် ကို က အမှုထမ်းပေါ့လို့ မင်းမိန့်နဲ့ အသတ်ခံရတယ် တောင်ပြုံး အရပ်က ကျော်စဉ်တိုက်ကို ညွှန်းတယ် သူတို့နှစ်ယောက်ရဲ့ အထိန်းတော် ပုဏ္ဏားလည်း အသတ်ခံရပြီး နတ်ဖြစ်တယ် မနဲလေး ဘိုးတော် နတ် လို့ခေါ် တယ်။

တောင်မကြီး ရှင်ညိုနဲ့ မြောက်မင်းရှင် ဖြူတို့က နပန်းသမား ညီအစ်ကို သရေခေတ္တရာ မင်းက အချင်းချင်း ထိုး သတ်ခိုင်းလို့ သေပြီး နတ်ဖြစ်တာတဲ့။မင်းစည်သူ နတ်က အလောင်းစည်သူ ငါးစီရှင်နတ် ၊ မင်းတရားနတ် ၊ တပင် ရွှေထီးနတ်။ မြန်မာ ရိုးရာ နတ်တွေက တော်တော် များတယ်။ နတ်ဖြစ် သွားကြ သူတွေ ဟာ မတရား အနှိပ်စက် ခံရတယ် ၊ နတ်ဖြစ်တော့ ကိုယ်ချင်းစာ စိတ်နဲ့ ခင်မင်တဲ့ လူတွေကို အခက်အခဲ က လွတ်မြောက်အောင် ကူညီ မယ် ဆိုတဲ့ သ ဘောပဲရှိတယ် ၊ ဘာမှတော့ သမိုင်းအသိ မဖြည့်ပေးနိုင်ဘူး။

ခေတ် တွေ စနစ် တွေ ပြောင်းလို့ မြန်မာ နိုင်ငံကြီး ချမ်းသာ ကြွယ်ဝပြီး ခေတ်မီ တိုးတက် လာရင် အမျိုးသား ရှေးဟောင်း ယဉ်ကျေးမှု အမွေ ဖြစ်တဲ့ ပုဂံမြေ မှာ သစ်တောတွေ များများ စိုက်လာ နိုင်တာနဲ့ အမျှ မိုးလေဝသ မှန်လာ မှာပါပဲ ပုဂံ ဘုရင်တွေ လက်ထက် က တည်းက ချွေးစီးစီး ကျအောင် လွန်ဆွဲ မိုးခေါ်လာ ခဲ့ကြတာဟာ မြန်မာ့ ယဉ်ကျေးမှုတရပ် အနေနဲ့ ပဲကျန်ခဲ့တော့မှာပါ။

ပုပ္ပါး တောင်ထိပ်က နတ်သိုင်းဆရာ မိုးခေါင်ကျော်စွာနတ်မင်း လည်း ခေတ်စနစ်တွေနဲ့အတူ အခြား အရပ်ကို ထွက်ပြေး သွား လောက်ပြီနဲ့ တူပါတယ် သူ ရယ်မော စွာ ပြော ရင်း ပုပ္ပား တောင်ပေါ် က ဆင်း လာတော့ တောင် ခြေ ပန်း အရောင်း ဆိုင်လေးမှာ စကားဝါပန်းတွေဝယ် ပေးတယ် စကားဝါ ပန်းဟာ ပုပ္ပားရဲ့အထိမ်း အမှတ် ပါပဲ မ တဲ့
နောက် သူ လွမ်းမောစွာ ပြောလာတယ် ပုဂံ ခေတ်က ဗျတ္တ ဆို တဲ့ ပန်းဆက် သမား လေးဟာ ပုပ္ပားမှာ ပန်း လာ ခူးရင်း ပုပ္ပား သူလေးနဲ့ ချစ်သူတွေ ဖြစ်သွားကြတယ် တဲ့ ပန်းဆက် နောက်ကျတဲ့ ဗျတ္တ တ ယောက် ရှင်ဘုရင် အမိန့် နဲ့ အသတ် ခံလိုက်ရ တယ်လို့ ပုဂံ ပုံပြင်တွေက ပြောတယ် ပုပ္ပားသူလေး လည်း ရင် ကွဲနာ ကျ ပြီး ဆုံး သွားရှာတယ် ၊ တကယ်တော့ မ အတွက် နေ့တိုင်း ပန်းဆက်နေတဲ့ ကျွန်တော်ဟာ ပုဂံက ဗျတ္တ လို ပန်း ဆက် သမား ပါဗျာ။

Thursday, March 12, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၇ )

ပုဂံ၏ အလွမ်းရက်များမတိုင်မှီ
ပုဂံမြေ၏ နေ့လည်ခင်းတွေမှာ ပုဂံဘုရား အချို့ဆီ သူလိုက်ပို့ ရင်း ကျမကို ရှင်းပြသည် အနော်ရထာ နှင့် ကျန်စစ် သားခေတ် ပုဂံပြည် မှာ မဟာယာန ဗုဒ္ဓဘာသာနှင့် ထေရဝါဒ ဗုဒ္ဓ ဘာသာတို့ဟာ အရောရော အထွေး ထွေး ရှိ ခဲ့တယ် ၊ ဗုဒ္ဓသာသနာစည်ပင်လာသည်ကတော့ သုဝဏ္ဏ ဘုမ္မိ သထုံပြည်က ရဟန်းတော် ရှင်အရဟံ ပုဂံ ကို ကြွ ချီလာပြီး အနော်ရထာဘုရင် ကို တရားစစ်တရားမှန် ဟောကြားသည်မှ အစ ချီခဲ့သည်ဟု မဟာရာဇဝင် တော် ကြီး များမှာ ရေးသားထားခဲ့ကြတယ် ၊ သည့်အရင် ကတည်းက ပုဂံခေတ် မတိုင်မှီ ကတည်းက ဗုဒ္ဓ ဘာသာက ရှိနေပြီး ဖြစ်တယ် ၊ တစ် ရာစုနှစ် လောက်က ပုဂံရဲ့ အရှေ့တောင်ဘက် ဗိဿနိုး ဒေသမှာ ဗုဒ္ဓဘာသာအယူက ရှိနေပြီး သား လေ ၊ နောက်တဖန် ငါးရာစုလောက် ကနေ ကိုးရာစုလောက်အထိ သရေခေတ္တရာမှာ ဗုဒ္ဓဘာသာ အယူဝါဒ ရှိနေခဲ့တယ် ၊ ဒါကြောင့် ဆယ်တစ်ရာစုမတိုင်မှီကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ အယူရှိနေ ပြီး သား ပါ။

ညောင်ဦးနှင့် ပုဂံကြားက ရွာလေး တရွာ ရောက်တော့ ပုဂံ နယ်သားတွေ လွန်ဆွဲပွဲ လုပ်နေကြသည်ကို တွေ့ရ သည်။ သူက ပေါ့ပါး သွက်လက်စွာ ရယ်မောရင်း လွန်ဆွဲ ရခြင်း ပုဂံ ပုံပြင်ကို ရှင်းပြသည် ၊ ဟိုးရှေးရှေးတုံးက ပုဂံမှာ ရှင်မထီး ဆိုတဲ့ အဂ္ဂိရတ်သမား တယောက် ရှိတယ် ၊ ရှင်မထီး ဆရာ အဂ္ဂိရတ် ဖိုထိုးခြင်း ကိစ္စမှာ မီးသွေးဘိုး လုံဘိုး ဆေးဘိုးနဲ့ အခြား ကုန်ကျ စားရိတ်တွေ များလွန်းလို့ ပုဂံ တပြည်လုံး မွဲပြာ ကျသွား တယ်တဲ့ ရှင်မထီးရဲ့ တပည့်ရင်း တွေဖြစ်တဲ့ ပုဂံရှင်ဘုရင်နဲ့ သူဌေးလင်မယား ကျော်စွာနဲ့ သော်တာ လည်းပါတယ် ဆိုပဲ ပုဂံပြည် သား တွေ ကလည်း ရှင်ဘုရင် ကိုယ်တိုင် ပ စား ပေးထားတော့ ပထမ ရှင်မထီးကို မကိုင်တွယ်ရဲ ဘူးပေါ့ ဒါနဲ့ ရှင် မထီးတပည့် ကျော်စွာကို အရင် သတ်ပစ် လိုက်တယ် သော်တာက ထွက် ပြေး လွတ် မြောက် သွား တယ် ရှင် ဘုရင် ကလည်း ပုဂံပြည်သားတွေရဲ့ ဒေါသ သူ့ ဘက်လှည့် မလာခင် ရှင်မထီးရဲ့ မျက်လုံးနှစ်ဘက်ကို ဖေါက်ပစ် လိုက် တယ် တဲ့ အဲဒီ တော့ ရှင်မထီးလည်း စိတ်ဆိုးပြီး သူ့ ဓါတ်လုံးကို ရေအိမ်သာထဲ လွှင့် ပစ် လိုက် တယ် ဆိုပဲ အဲဒီ အခါမှ ထွက်ရပ်ပေါက် သွားတယ်တဲ့ ထွက်ရပ် ပေါက်ပေါက်ခြင်း ပုဂံဈေးထဲက မရောင်းရလို့ ကျန်နေ ခဲ့တဲ့ နွားမျက်လုံး တဘက်နဲ့ ဆိတ်မျက်လုံး တဘက်ကို ရှင်မထီးရဲ့ ကန်း နေတဲ့ မျက် လုံး မှာ အစား ထိုး လိုက် ရတယ်ဆိုပဲ။

မျက်လုံး နှစ်ဘက် အလင်းရတော့ သူ့ ရဲ့ အဂ္ဂိရတ် ထွက်ရပေါက် အတတ်ပညာနဲ့ ပုဂံပြည်ကြီးပေါ် ရွှေမိုး ငွေမိုး ရွာ ချ လိုက်တယ်တဲ့။ အဲဒီ အချိန်က စပြီး ကိုးကိုးတန် ၊ ပုဂံအိမ်ခြေပေါင်း ၊ ညိုးညိုးညံ ပုဂံဆော်သည့် မောင်းနဲ့ လှည်း ဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း လို့ စာဖွဲ့ရလောက်အောင် ချမ်းသာ ကြွယ်ဝခဲ့ကြောင်း တခန်းတနား ဖေါ်ပြ ရေး သားခဲ့ကြတယ်။
ထွက်ရပ် ပေါက် ရှင်မထီးက ပုဂံဘုရင်နဲ့ ပုဂံပြည်သူတွေ မုဆိုးမပါ မကျန်အောင် ချမ်းသာ ကြွယ် ဝ ဖို့မ စ နိုင်ခဲ့ ပေမယ့် သူတပည့်ရင်းဖြစ်တဲ့ ကျော်စွာ ကို တော့ မကယ် နိုင်တော့ ဘူးတဲ့ ဘာ ကြောင့် လည်း ဆိုတော့ ကျော်စွာဟာ အသတ်ခံရပြီး ပုပ္ပါးတောင်မှာ နတ်ဖြစ်နေလို့လေ နတ်ကျော်စွာ ကလည်း သူ့ ကို သတ်ပစ်လိုက်တဲ့ ပုဂံပြည်သူ ပြည်သားတွေကို စိတ်ဆိုး နာကျည်းပြီး ပုဂံပြည်ပေါ် မိုးမရွာနိုင်အောင် ပုပ္ပါး တောင် ကလပ်ထိပ် ကနေပြီး ဘင်္ဂလား ပင်လယ်အော်က တက်လာတဲ့ မိုးတိမ်တွေကို နတ်သိုင်းနဲ့ ရိုက်ခွဲ ဖျက် ဆီး လေ့ ရှိ တယ်တဲ့။

ဒါကြောင့် မိုးခေါင်တဲ့ ပုဂံနဲ့ အနီးအနား တဝိုက်သာ မကဘူး မိုးပါးတဲ့ အရပ်ဒေသမှာ နေထိုင်ကြတဲ့ မြန်မာ တွေ ဟာ မိုးရွာအောင် မိုးခေါင် ကျော်စွာနတ်ကို သူတို့ မှားကြောင်း လွန်ဆွဲ ကြောင်း တောင်းပန်တဲ့ အနေနဲ့ လွန် ဆွဲ ကြ တာတဲ့။
ပျှော်ရွှင် ရယ်မောဖွယ် မြန်မာ့ ယဉ်ကျေးမှု ပုံပြင် တွေ ကို ကျမ အား ဟာသလေး နှောပြီး ပြောပြ ခဲ့ သ လိုလွမ်း မောဖွယ် တွေ ကိုလည်း တိုးတိတ် လွန်းစွာ နာနာကျဉ်ကျဉ် ပြောပြခဲ့ပါသည်။

မ ရှိနေစဉ် ပုဂံမြေဟာ ကျွန်တော့ အတွက် ကြည်နူး လတ်ဆတ် စေခဲ့ပါတယ် ကျွန်တော် မကြားချင်ဆုံး စ ကား တခွန်း ကတော့ မ ရဲ့ ခွဲခွာ နှုတ်ဆက်ခြင်းပါ။ နေ့ တနေ့ မှာ ကျွန်တော် တယောက်ထဲ ကြေကွဲစရာ နေ့ ရက် အ ဖြစ်ကျန် နေခဲ့ မယ်ဆိုတာ မျှော်လင့်ပြီးသားပါ ဗျာ။ ည သန်းကောင်ယံတွေမှာ ကျွန်တော် မခံစားနိုင်တော့မယ့် အိပ်မက် တွေ မ ကျွန်တော့်ကို ပေးခဲ့ မှာပါ တန့် ကြည့် တောင်တန်းတွေကို ငေးမောရင်း သူ တိုးတိတ် လွန်းစွာ ပြောလာသော အခါ ပွန်းပဲ့ လွန်မြောက် သော လူရွယ်တဦး၏ အထီးကျန် နေသော ကမ္ဘာလေးထဲသို့ ကျမ ငုံကြည့် လိုက်မိသည်။ ရွေးချယ်ဖို့ ကျမ မှုန်ဝါးဝါး လမ်းကျဉ်း လေး တခုကို တွေ့လိုက်ရပါသည်။ သူ့ နှလုံး သား တ နေရာမှာ နာကျဉ် ခံစားနေရပြီ ဆိုသည်ကို ကျမ သိလိုက် ပါပြီ။ ကွဲဟ နေသည့် သူ့ ရင်ကို ကျမ လက်ဖဝါးနှင့် ဖိ ကပ်ပြီး ပြန်စေ့ ပေးခဲ့ ချင်ပါသည။် ဟာလာ ဟင်းလင်း ကျန်ရစ်ခဲ့ရှာမယ့် သူနဲ့ ပုဂံမြေ ကို ကျမ ဘယ်ကဲ့ သို့ များ ကျော ခိုင်းနိုင် ဖို့ရန် ကြိုးစား ရမှာလဲကွယ်။

Tuesday, March 3, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၆ )

ပုဂံ၏ ဆည်းဆာ ချိန်များ
ပုဂံ ဆည်းဆာ ချိန်တွေ အလွန် လှပခဲ့သည်။ သူ ကျမ အား ပုဂံ ပုံပြင်တွေ ပြောပြ ခဲ့ သလို ပုရှကင်(Пушкин) ၊ မာယာကော့ဗ်စကီး (Мойковский) ၊ လာတီမာတီ ၊ ပယ် ရီရီပါဒီ ၊ ဒါစ်တိုယက်ဗ်စကီး (Достоевский)တို့ ၏ နာမည်ကျော် ကဗျာ များ ကို ရွတ်ပြ ခဲ့သည်။ ပုရှကင် ရဲ့ ဆိုက်ဗီးရီးယားသို့ ဆိုတဲ့ ကဗျာလေးကို ကျွန်တော် အတော် စွဲလန်းခဲ့တယ် လို့ သူပြောပြသည်။

ဆိုက်ဗီးရီးယားသို့
လေးလံလံ သံခြေကျင်းများ ပြုတ်ကျရမယ်
ထောင်တွေပြိုလဲကျရမယ် လွတ်လပ်ခြင်းဟာ
သင်တို့ ကို တံခါးဝက ဝမ်းပန်းတသာ ကြိုနေမယ်
ညီနောင်များက သင်တို့ ကို ဓါးတွေပြန်နှင်းကြမယ်

ကဗျာဆရာ ဘိုင်ရွန်၏ နာမည်ကျော် ကဗျာ ၂ပုဒ်ဖြစ်သည့် ဒေါန်ဟွန် နှင့် ဂရိတော်လှန်ရေး ကဗျာ ကိုလည်း ရွတ်ပြသည်။ ကဗျာဆရာ ဘိုင်ရွန် ရဲ့ ချစ်သူဟာ ပင်လယ် ကမ်းခြေ တခု မှာ မြင်းစီး ထွက်လာတယ် အမှတ် မထင်ပဲ အသုဘ တခု ဖြတ် သွားတယ် လေ ဘိုင်ရွန်ရဲ့ ချစ်သူ ဘစ်စမတ် က ပြောတယ် မနက် အစောကြီးကွယ် နှင်းတွေ ကလည်းကျ လို့ အသုဘ ကလည်း လူနည်းလိုက်တာ လို့ ညည်းရှာတယ် တဲ့ သူတို့ နဲ့ အသုဘ က တဖြေးဖြေး ဝေးသွားတော့ အထိန်းတော် လေးက ပြောရှာ တယ် အဲဒါ အညတရ အသုဘ မဟုတ်ဘူး သခင်မလေး ရဲ့ နာမည်ကျော် ကဗျာဆရာ ဘိုင်ရွန်ရဲ့ အသုဘ ပါ တဲ့။ ချစ်သူတွေ ရဲ့ ကြေကွဲဖွယ်ရာတွေ ကို ကျမ နားထောင်ရင်း နာနာကျဉ်ကျဉ် မျက်ရည်ဝဲ မိသည်။

တည်ငြိမ်စွာ စီးဆင်း နေသည့် ဧရာဝတီ က တော့ ခန့် ထည်နေလျက်ပါ ရာဇဝင် အဆက်ဆက် ကို ဧရာဝတီ က အ သိ ဆုံးပါ ဟု ပြောနေ သယောင်။ ရွှေစည်းခုံ သို့ ရောက် တော့ သူ ကျမ ကို ရှင်းပြသည်။ အနော် ရထာဘုရင်ဟာ ရွှေစည်းခုံကို စတင် တည်ဆောက်ရာ မှာ သီဟို ပုံဖြစ် တဲ့ ဟာမိကာ ခေါ် ဓါတ်တော်တိုက် ကို ပယ်တယ် ။ အဲဒီ ဓါတ်တော်တိုက် ကိုတော့ ဆပဒမ ထေရ် တည်တဲ့ ဆပဒစေတီ မှာပဲ တွေ့ရတယ်။ သီဟိုဘုရား တွေက ဟာမိကာ ကို မဖျောက် ဘူး ဆက်လက် ထိမ်းသိမ်း ထားကြတယ်။ အနော်ရထာ ကတော့ သူ့ ကောင်းမှု တော်တွေ မှာ ဟာမိကာ သီဟိုပုံ ကို ပယ်တယ် အနော်ရထာရဲ့ ကောင်းမှုတော်တွေ ကတော့ မောင်ဒီဘုရား ၊ မြင်းကပါ စေတီရှင် ပင်သာ လျောင်း ၊ ရွှေဆံတော် ၊ လောကနန္ဒာ ၊ ရွှေစည်းခုံ တို့ဖြစ်တယ်။ ပုဂံမှာ အနော် ရထာ ဘုရင် မ တိုင်ခင်က နဲ့ အနော် ရ ထာမင်း လက်ထက် တွေမှာ ပုဂံပြည်သား တို့ ဟာ စေတီပုထိုး ၊ ဂူဘုရား တွေ တည် ဆောက် ခဲ့ ကြတာ ပေါ့။

သရေခေတ္တရာ မှာ ၇ရာစုနှစ် က တည်ဆောက်ခဲ့ တဲ့ ဘောဘောကြီးဘုရား ၊ ပုဂံ ခေတ်ဦး ပျူစောထီး ပုံပြင်နဲ့ ဆက်စပ်နေ တဲ့ ဗူးဘုရား ၊ ငကျွဲနားတောင်း တို့ ဟာ ရှေးကျ တဲ့ ပုထိုးပုစံ တွေဖြစ်တယ် သူ ရှင်းပြနေသော ပုဂံ ဘုရား များ အကြောင်း ကျမ စိတ်ဝင် တစား နား ထောင် နေမိသလို ဒီနားလေး က အသိအိမ် မှာ ပတ္တလား ရှိ တယ် မ ကို ကျွန်တော် ပုဂံထိပ်ထား ဘုန်းတော် ဘွဲ့ပတ်ပျိုး တပုဒ် ပတ္တလားတီးပြီး ဆိုပြမယ် ဟုပြောသော အခါ ဂီတာတီး ပြီး သီချင်း ဆိုသူက မဟာဂီတ နှင့် ကျွမ်းဝင်နေသည် ကို ကျမ ထူးဆန်းနေသည် ကတော့ အမှန်ပါ ။ သူ့ မိတ်ဆွေ ၏ ပတ္တလား ကို ယူလာပြီး သူ ပတ္တလားတီးကာ သီချင်း ဆိုပြခဲ့သည်။

သိင်္ဂါ ရွှေရောင် ၊ ထိန်ဝါဝေပြောင်နန်း ၊ ဆောင်ဆောင်ခန်း ၊ မန်းဘုံဘွေ ၊ ဝင်းဝေလျှံ ၊ စံတည်ရာဖဲငယ်လို ၊ သဲ ငွေပြန့် ၊ ဖဲရွှေညံ့ပိန်း ၊ စိမ်းရောင်စို ၊ တောင်ညိုမြမှိုင်း ၊ သီတာခွေလို့ ၊ ရေပတ်လည်ဝိုင်း၊ တိုင်းသာဘုံခန်း ၊ ဆန်း ထွေလာ ၊ စိန်ကြောင်နီလာ ဖလ်ပြာခဲ ၊ သန္တာဆွဲတဲ့ ပုလဲသွယ် ၊ လနှယ်နေလို ၊ ဝင်းလို့ဆန်း ၊ နတ်ကယ်စံအိမ် တွေး ဘွယ့်ချိန်၊ ဝတိံ ဘုံစံ ၊ ဘုန်းရှင့်နန်း ၊ သနားဘွယ် ၊ ရွှေလည်သောင်းရံ ၊ သာလွန်ကျူးလို့ပျော်မြူးစံ ၊ ရွှေ ကံတိုး ၊ ဖြိုးဝေဝေ ၊ သပြေဒီပါ ၊ ဘုန်းဖြန့်မြန်း ၊ စုံလမ်း ၊ ငုံလျှမ်း ၊ ဒုမ္မာပန်း ၊ ဘုံကြာခန်းက ၊နန်းကြာသူ ၊ ပြာဖြူ ဝါရွှေ ၊ ဝင်းလို့ ညီး ၊ ထီးကျွန်တော်ခံ ၊ ညာစံရှင့်ဘိုး ၊ တိုင်းရွှေ ပြည်သာလှ ၊ ညာခ မိုး ၊ ဒီပါ သောင်း ယံ စံနန်းရိုး။

ကျမ အတွက် ပုဂံ ဟာ လွမ်းမောစရာတွေ ချည်း ပါပဲလေ။

Friday, February 27, 2009

Monday, February 23, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၅ )


ပုဂံ ၏ ညနေခင်းများ

ပုဂံ ညနေခင်းတွေ မှာ စောင်းအို လုလင်နှင့် ပင်တိုင်စံ မင်းသမီးလေး အကြောင်း ပုံပြင်တွေ ကျမ ကို ပြောပြ သည် စောင်းအို လုလင် က ကျွန်တော်ပေါ့ ဗျာ ထိပ်ထား ကို စောင်း အစား ကျွန်တော် ဂီတာ တီးပြီး သီချင်း ဆိုပြပါ့ မယ်။ သူ ပြောပြသည့် ပုံပြင်တွေ နားထောင်ရင်း မျက်ရည်ဝဲတော့ စိတ် က လည်းနုလိုက်တာတဲ့ သူ့ သီချင်းသံကို နားထောင်ရင်း ရင်ထဲမှာ တရှိုက်မက်မက် ကြည်နူးနေမိသလို ၊ အဘိဓမ္မာဆန်ဆန် သူ့ သီအိုရီ ကို ကျမ စူးစူးနစ်နစ် အတွေး တွေ ပွားစေခဲ့သည်။ ညောင်ဦးက ကျွန်တော်နေ တဲ့ အိမ်လေး ဆီ တနေ့ ခေါ် သွား အုံးမယ် ၊ တကယ်တော့ ရုပ်ဝတ္ထု မပြည့်စုံတဲ့ ကျွန်တော့် အိမ်ကလေးဆီ ပင်တိုင်စံမင်းသမီးလေး ကို ကျွန်တော် မခေါ်ရက်ပါဘူးဗျာ ၊ ကျွန်တော်နေတဲ့ အိမ်ကလေး မှာ ၊ မ အိပ်မက်သစ်ပင်တွေ စိုက်ခဲ့ မယ်ဆိုရင် ၊ ကျွန်တော် နှင်းဆီ ပန်းခင်းတွေ ပျိုးထား ပါ့မယ်တဲ့ ၊ ပုဂံ အရိမဒ္ဒန မှာ ဆရာမလေး လာလုပ်တဲ့ အချိန် နှင်းဆီတွေ လှိုင် လှိုင်ပွင့်နေပါပြီ။

လူငယ်လေး တသိုက် ၊ သူ့ ကိုတွေ့ တော့ ဆရာလေး ဆိုပြီး လေးစား စွာ နှုတ်ဆက်ကြသည်။ ပုဂံညောင်ဦး တ ဝိုက် က လူငယ်လေးတွေ ကို ကွန်ပျူတာ သင်တန်း အခမဲ့ သင်ပေးနေတာလေ ၊ ကျွန်တော် လည်း ငယ် ငယ် က ဆင်းဆင်းရဲရဲ နေခဲ့ရတာ ၊ ဆင်းရဲတဲ့ လူတန်းစား ကို သနားတယ် ပြီးတော့ ဒါက ကျွန်တော်တို့ ကိုယ်တိုင် မြင် နေ ရတဲ့ လက်တွေ့ အဖြစ်အပျက်တွေလေ ၊ ဒီမှာ နေရတာ စိတ်ချမ်းသာတယ် ကိုယ့် ကို တိုက်ခိုက် မယ့်သူ မရှိဘူး ရွာသားလေးတွေ ၊ စားစရာမရှိရင် ငါးလေးတွေ သွားဖမ်းပြီး ကြော်ကျွေး တယ်။

တချို့က ပုစွန်တွေ နှိုက်လာတယ် ၊ ဘယ် အိမ်ပေါ် တက်တက် ကျွန်တော်တို့ ပြောတာကို နားထောင်တယ် ဧရာ ဝတီမြစ်ရေ ကြီးလို့ ရွာတွေ ရေထဲပါသွားတယ် ၊ ကျွန်တော်တို့ ရွာသားတွေ ကို ဘေးကင်း ရာ တွေမှာ နေရာ ချ ပေးရတယ် ၊ အိမ်တွေ ဆောက်ပေးကြတယ် ၊ အဲဒါ ပြန်ပြောပြရရင် မိုးလင်းသွားမယ် မနက်ဆို ၈ နာရီ ရေကျ အမီ လှေနဲ့ ထွက်ရတယ် လေးနာရီ လှေစီးရတယ် ၊ ၁၂ နာရီရောက်တယ် ညနေ ၇ နာရီလောက် အထိ အိမ် ဆောက်တယ် ၊ ရေက မကျသေးတာမို့ ၉နာရီလောက် အထိ စောင့်ရတယ် ၊ မိုးတွေက အမြဲလိုလို ရွာနေတယ် မြစ်တစ်ခုလုံး မည်းမှောင်နေတာပဲ ၊ မြို့က ထွက်လာတဲ့ မီးရောင်ပြပြလေး ကို မျှော်ပြီး လှေကို မောင်းရတယ် ည ၁၂ ခွဲလောက်မှာ ပြန်ရောက်တယ် ၊ အဲဒီ အချိန် ချမ်းလွန်း လို့ တုန်နေပြီ ၊ အဲဒါ နဲ့ အရက် နဲနဲ သောက် ရ တယ် ပထမရက်တွေ က အရက်ဆိုင်မှာ အိပ်ရတယ် ၊ အိမ်ငှား မရလို့ ၊ အောက်ထပ် က အရက်ဆိုင် မှာ အိပ် ရတာ ၊ တပေခွဲလောက်ပဲရှိတယ် ၊ အခန်းက ၆ ပေ ပတ်လည်လောက်ပဲ ကျယ်တယ် ၊ ဈေး တွေကြီးလို့ တစ်ခန်း ကို သုံးယောက် အိပ်ရတယ် ၊ ခြင်တွေနဲ့ သတ်နေရတယ် ၊ နောက်တော့ အိမ်တစ်လုံး ရတယ် ၊ ဆောက်လက်စကြီး အိမ်သာ ၊ ရေချိုးခန်း ၊ အကာမရှိဘူး ၊ မီးမရှိ ဘာမရှိ ၊ ထမင်းကို ရွာက ဝိုင်း ချက်ကျွေးတယ် ၊ လှေပေါ်မှာ ဆိုရင်တော့ လှေသမားကို ကမ်းကပ်ခိုင်းပြီး ပုစွန်နှိုက်ခိုင်းတယ် ၊ အဲဒီပုစွန်ကို သံ ပုရာသီးနဲ့ ပွတ်ပြီး စားတယ်။

ဒီဒေသက လူတွေနဲ့ ၊ မြောက်ပိုင်းက ကချင်တွေ တစ်နေရာနဲ့ တစ်နေရာ ဆင်းရဲပုံ မတူကြဘူး။ ကျွန်တော်က ခရီးတွေ သွားဖြစ်ရင် တွေ့ နေရ တာကိုး ၊ သူများတွေ က ညဘက် ဆို အိပ် တယ် ကျွန်တော်က ညဘက် ရထားစီး ရင် ရွာတွေဖြတ်တိုင်း စိတ်မကောင်းဘူး ၊ ၇နာရီ ဆို ရွာတွေမှာ မီးမှောင် နေပြီ တစ် ရက် ကို ၁၂နာရီလောက် က သူတို့ အိပ်နေကြတယ် ၊ တကယ်တမ်းတော့ ကိုယ် မလုပ်ပေး နိုင်တာတွေ ကို ကြည့်ပြီး စိတ်ဆင်းရဲနေတာက ပိုဆိုးပါတယ် ၊ ကျွန်တော်က နောင်ဘဝတွေ ဘာတွေ ညာတွေ သိပ် အလေး အနက် မရှိ ပါဘူး ကောင်းတယ် မကောင်းဘူး ဆိုတဲ့ ဟာ က လူတိုင်း သေသေချာချာ သိကြပါတယ် ကိုယ့် ကို ကိုယ် ညာနေတဲ့ လူတွေလောက်ပဲ မကောင်းတာ ကို ကောင်းတယ် လို့ အတင်းပြော ၊ ကောင်းတာ ကို မ ကောင်း ဘူး လို့ အတင်း ပြောကြတာ ။


လူငယ်တဦး၏ ရိုးသားမှု နှင့် အမှန်တရား
လိမ်ညာနေသော ခေါင်းလောင်းသံများ
အချို့ ဦးခေါင်းတွေ ကို
ဘယ်လို ဦးနှောက်တွေလည်း ဖေါက်ကြည့်ဖို့
လွန်သေးသေးလေးတွေ လိုနေပြီ
အမှားများကို အမှန်နေရာသို့ ပို့ ရမည်

မသက်ဇင်

Sunday, February 22, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန စုစည်းမှု ပထမပိုင်း

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၁ )

လေးရက် မြောက်နေ့ နံနက်
မနေ့ ည က ဘွား ဘွား နှင့် တိုင်ပင် ဆွေးနွေး ထား သည့် အတိုင်း ဥပါလိသိမ် သို့ ထွက်လာ ခဲ့ဋ္ဌက သည် ပြန် ခါ နီး ပြီ ဖြစ် သော ဋ္ဌေကာင့် ကျမ ပုဂံ ရှုခင်း ကို ဓါတ်ပုံ များ များ ရိုက်ချင် သည်။ ပုဂံ ရှုခင်း သည် တိမ် ဖြူ ဆိုင်း ဆိုင်း ကောင်း ကင် ပြာပြာ အောက် တွင် နံနက်ခင်း ၏ ဝင်းလက် နေ သည့် နေရောင်ခြည် နှင့် လှချင် တိုင်းလှ လို့ နေ ပါ ရောလား။

ဘွားဘွား က ဥပါလိ သိမ် အကြောင်း ရှင်း ပြ သည် နား တောင်း များ ခေါ် ထီး လို မင်းလို မင်း နှင့် ကျ စွာမင်း လက် ထက် က ဥပါလိ မထေ က တည် ဆောက် ခဲ့ တဲ့ သာသနိ က အ ဆောက် အ အုံပေါ့ မြေး ရဲ့ အ နော် ရ ထာ နန်း မတက် ခင် က ပုဂံ မှာ သိမ် တခု ရှိ ခဲ့တယ်။ တူရင်း တောင်ထိပ် မှာ စော ရဟန်း တည် ခဲ့ တဲ့ စော ရ ဟန်း သိမ် ပေါ့။

ဥပါလိ သိမ် ၏ မူလ လက် ရာ မှာ ပုဂံ ခေတ် လက်ရာ ဖြစ် သည် အောက် ခြေ အုတ် ခုံ ဖြစ်သည် အတွင်း နံရံ တွင် ၁၈ ရာစု ပန်းချီ လက်ရာ များ ရေးခြယ် ထားသည်။ ပုဂံ နန်း တွင်း သူ နန်းတွင်း သား များ အ ပြည့် အစုံဖြင့် အ နော် ရထာမင်း သိမ်သမုတ်ပုံ ကို လည်း တွေ့နိုင်သည်။ ဆင်ယင် ထုံး ဖွဲ့မှု မှာ ၁၈ ရာစုဖြစ်သည်။ ပုဂံ ခေတ် တွင် သိမ် များ ကို သစ်သား ဖြင့် ဆောက်လေ့ ရှိသည် ဟု အချို့ သုတေ သီများ က ဆိုကြ သည်။

ဘွားဘွား ပြောပြ သည် ကို နားထောင် ရင်း ကျမ ရင်ထဲ ဝယ် ဟာတာတာ ဖြစ်လာသည်။ တမျှော်တခေါ် မြင် နေ ရသည့် ပြောင်းဖူးခင်း ထဲ ဖြတ် လျှောက်ချင်လာသည်။ ဥပါလိ သိမ် မှ ကျမ တို့ မြေး အဘွား ထီး လို မင်းလို ဘက် သို့ ကူး ခဲ့ကြသည် ယင်း တို့ မှာ ပုဂံ ညောင် ဦး ကား လမ်း တဖက် တချက် တွင် တည် ရှိ သည်။ ထီး လို မင်း လို မှာ အာရုံခံ မုခ် အရှေ့ ဘက် သို့ လှည့် သည့် နှစ်ထပ် လိုဏ်ဂူ ဘုရားဖြစ်သည်။ အထပ်ထပ် ရင်ပြင် သည် လည်း အရှေ့ ဘက် သို့ ပင်လှည့် သည် ရင်ပြင် မှာ ကျယ်သည် အောက်ခြေ မှ ကွမ်းတောင် ထိပ် အထိ ဥာဏ် တော် ၁၅၀ ပေ ရှိ ပြီး မျက်နှာ အကျယ် ပေ၁၄၀ စီ ရှိသည် အထက် လှိုဏ်ဂူ မှာ ဘဒ္ဒကမ္ဘာ တွင် ပွင့်ပြီး သော ဘုရား လေး ဆူကိန်း အောင်း လေ သည်။

ထို့ နောက် ကျွန်မ တို့ မြေး အဘွား ဝက်ကြီး အင်း ဂူ ပြောက်ကြီး ဘုရား သို့ ဆက်သွား ကြသည်။ ဝက်ကြီးအင်း ဂူ ပြောက်ကြီး မှာ မြန်မာ ပုံစံ သန့် သန့်ဖြစ်သည်။ အာရုံခံ အမိုးတွင် ခြေတော်ရာပုံများ ကို ပန်း ခက် ပန်း နွယ် များ ဖြင့် တန်ဆာ ဆင်ထားသည်။ဂန္ဓကုဋိ ဘုရား ဆောင် တွင်း ဆင်းတု ပုလ္လင် တစ်ဝိုက် တွင် မာရ် နတ် စစ် သည် ပုံများ ကို အဆန်း တကြယ် ရေးခြယ် ထားလေသည်။ ထို့ နောက် ကျမ တို့ မြေး အဘွား ဂူပြောက်ကြီး တ ဝိုက် ရှိ ကျမ လျှောက် ချင်သည့် ပြောင်းဖူးခင်း ထဲ လမ်းလျှောက်ကြသည် လေနုအေး က သွဲ့နွဲ့ နူးညံ့ စွာ တိုက် ခတ် နေ သည် ပြောင်းဖူးပင်လေး များသည်လည်း လေ နု အေး နှင့်အတူ ယိမ်း တနွဲ့နွဲ့။ အဘွားက သီချင်း စ ဆို တော့ ကျမ လည်း လိုက်ဆိုသည်။ ကျမတို့ မြေး အဘွား သီချင်းသံ က ပို ကျယ်လောင်လာသည်။ လေ ပြေ လေး ၊ တဖြူးဖြူး ပြောင်းခင်းလေး တွေ တငြိမ့်ငြိမ့်လူး ၊ ဧရာဝတီ မြစ်ရေ သင်ဖျူး။

ပုဂံမြေနှင့် ပုဂံ ဘုရား များ ရှုခင်း သည် ဝင်းပ သည့် နေခြည် အောက် တွင် လှချင် တိုင်း လှနေ ပါ ရော လား ဘွား ဘွား သီဆို နေ သည့် သီချင်း သံ ရုတ် တရက် ရပ်သွား သည် ကို ကျမ သတိ ထား လိုက်မိ သည်။ ဘွားဘွား က သွက် လက် ပေါ့ ပါး နေသည့် ကျမ အား ငေးမော စွာ စူးစိုက်ကြည့် နေသည် ကို တွေ့ လိုက် ရ သည်။

ဘွားဘွား မျက် လုံးများ ရွေ့လျား သည့် ဘက် သို့ ကျမ ဖြတ် က နဲ ကြည့် မိသည့် အခါ ၊ ကင်မရာ တလုံး နှင့် ဓါတ်ပုံ လိုက် ရိုက် နေ သည့် လူငယ် တယောက် ကို တွေ့ ရသည်။ စောစော က ကျမ တို့ မြေး အဘွား မမြင် လိုက်ခြင်း မှာ ထို ကင်မရာ ဆရာ ပြောင်းဖူး ခင်း ထဲ တွင် ကွယ်နေသည် ဖြစ်မည်။ လူသူ မရှိဘူး ထင်ပြီး ဘွား ဘွား နှင့် အ တူ အား ရ ပါးရ သီ ချင်း ဆိုလိုက် မိသည် ကို တွေးမိပြီး ကျမ မျက်နှာ တွင် ပန်းနု ရောင် ရှက်ပြုံး တချက် ပြုံး လိုက် မိ လေ သလား။ ထို လူငယ် အဝေး သို့ ထွက်ခွာ သွားသည် နှင့် ဘွားဘွား က ကျမ ကို တိုးတိုး လေး ပြောပြသည်။

မြေး ဆံပင်ရှည် တွေ လေထဲ မှာ လွင့်မျှော သွယ်နွဲ့ နေပုံ ဟာ ပန်းချီ ကား ရေး ချင်စရာ မြန်မာ ဆန် လှပ နေ တာ ကို ဘွားဘွား ငေးမော သွားရ သလို ဟို သူငယ် က မြေး ကို ဓါတ်ပုံ တွေ တဖြတ်ဖြတ် ရိုက် နေတာ ဘွား ဘွား မြင်လိုက်ရတယ် မြေးရဲ့ ။

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၂ )

ငါးရက်မြောက်နေ့ နံနက်
ဒီနေ့ နံနက် ထူးထူး ခြားခြား ကျမ တို့ မြေး အဘွား ပြိုင်တူ နိုးနေဋ္ဌကသည်။ ရေ မိုး ချိုးပြီး အပြင် ထွက်ရန် ကျမ တို့ မြေး အဘွား ပြင်ဆင်ပြီး ချိန် လောက် တွင် အခန်း တံခါး လာခေါက်သောကြောင့် ကျမ တံခါး ထ ဖွင့် ပေး လိုက် သည့် အခါ နံနက် စာ ကော်ဖီ လာပို့ သည့် ဟိုတယ် ဝန်ထမ်း တဦး ဖြစ်နေပါသည်။ ဟိုတယ် ဝန်ထမ်း က ၊ စား စ ရာ များနှင့် အတူ စာအိတ် တအိတ် နှင့် ပလပ်စတစ် ပတ်ထားသည့် အနီ ရဲရဲ နှင်းဆီ တပွင့်ကို ပါ ထား ခဲ့သည်။

ဘွား ဘွားက စူးစမ်း သည့် အကြည့် ဖြင့် လှမ်း ကြည့် သည်။ စာအိတ် လေး ကို ကျမ ဖေါက်ကြည့် မိတော့ အ ပြာ နု ရောင် စာရွက် တရွက် က ထွက် ကျ လာသည် လက် ရေး စောင်း စောင်း လေး ဖြင့် ရေး ထား သည့် စာ ကြောင်း ရေ အ နည်း ငယ် အား ဘွား ဘွား ပါကြား စေချင် သဖြင့် အသံ ထွက် ဖတ်လိုက်ပါသည်။

လှပ နက် ရှိုင်း သည့် စကားလုံး တွေ ကို ကွယ် ဝှက် ထား တတ်ကြ တဲ့ ယောင်္ကျား တ ယောက် ရဲ့ ပုံစံ ဟာ အ သုံး မကျ ရာ ဖြစ်နေ တတ် ပြီး လူတွေ က အထီးကျန် လို့ မြင်နေကြတာပါ။ တကယ် တော့ သူတို့ မှ မသိ ပဲ ကိုး အထီးကျန် ယောင်္ကျား တယောက် ရဲ့ အနား မှာ ဖတ်စရာ စာအုပ်တွေ ရယ်။ မြန်မာဆန်လွန်း သည့် ဆံပင် ရှည် ရှည် အရပ် မြင့်မြင့် နဲ့ မိန်းခလေး တယောက် ရဲ့ ဓါတ်ပုံတွေ ရယ်။ ရှိနေကြတာ ကို သူတို့ မသိကြ ဘူး လေ။

ဒါပါပဲ။ ဘွားဘွားကို ကျမ လှမ်းကြည့်လိုက်တော့ ဘွားဘွားက ကျမအား ငေးစိုက်ကြည့် နေသည်။ မေး ခွန်း တွေ မထုတ် သလို ၊ ကျမ ဘာလုပ် မှာလဲ ၊ ဒါမှ မဟုတ် ဘာပြောမှာလဲ ဟူသည့် ဘွားဘွား၏ အကြည့် အား ကျမ နား လည်လိုက် သည်။ နှင်းဆီနီ ပေါ် မှ ပတ်ထား သည့် ပလတ် စတစ် လေး ကို ကျမ အသာ အယာ ခွာ လိုက် ပြီး ကျမ ၏ ဆံပင်ရှည်တွေ ပေါ် ကလစ် တခု နှင့် ပန်ဆင် လိုက် ခြင်း သည် ကျမ ဘွား ဘွား ကို အဖြေ ပေး လိုက်ခြင်းပါပဲ။

ကျမ တို့ မြေး အဘွား ကော်ဖီသောက် ပြီး ရွှေစည်းခုံ သို့ ထွက်လာ ခဲ့ ကြသည်။ ရွှေစည်းခုံ တွင် ကြည့် စရာတွေ များ လွန်း လှပါ သည် တရက် ဖြင့်လည်း ကြည့် မကုန် တလ ဖြင့် လည်း ကြည့် မကုန် နိုင်ပါ။ ဒါ က ကြေး ဂူ တိုက် လို့ ခေါ် တယ် မြေးရဲ့ ၊ ဘုရား လေး ဘက် လေး တန် အလယ် တည့်တည့် မှာ ဘုရား ဆင်းတု တော် ကို ဖူး မျှော် ကြည်ညို နိုင် ဖို့ တ သီး တခြား တည် ဆောက် ထား တာ ၊ ကကုသန် ၊ ကောဏဂုံ ၊ ကဿပ ၊ ဂေါ တ မ ၊ ဆို တဲ့ ပွင့်တော် မူပြီး ဘုရား လေးဆူ ရဲ့ မတ်ရပ် ပုံ ဆင်းတု တော်တွေပဲ။

ဆင်း တု တော် ကား ဆယ့် သုံး ပေ လောက် မြင့် သည်။ ဘယ်ဘက် လက် ဖဝါး အား အပြင် ဖြန့်ထား ပြီး လက် ချောင်း များ အား အောက် စိုက် ထားသည်။ ညာ ဘက် လက် ဖဝါး အား အပြင် ဖြန့် ထား ပြီး လက် ချောင်း များ အား အပေါ် ထောင် ထားသည်။ ဘယ်ဘက် လက် က သတ္တဝါ တို့ လိုအင် ဆန္ဒ ပြည့်ဝစေရန် ဆုပေး နေ ဟန် ဖြစ် သည်။ ညာဘက် လက် က ချစ်သား သမီး တို့ မစိုးရိမ်ကြ ကုန်လင့် ဟု အားပေး နေဟန်ပါပဲ။

ရွှေစည်းခုံ စေတီ အား စတင် တည်ထား သူ မှာ အနော်ရထာ ဖြစ်သည်။ ကျန်စစ်သား မင်း က ဆက် လက် တည် ဆောက်ပြီး ပုဂံပိသုကာ လက်ရာ များ အား ကြွယ်ဝစေခဲ့သည်။ရွှေစည်းခုံကို အပြီးသပ်ခဲ့တဲ့ ကျန်စစ်သား မင်းက သူ တည် ခဲ့ တဲ့ စေတီ ကို နိဗ္ဗာန် ၏ မူလ အရင်း ခံဖြစ်တဲ့ မြတ်သော မဟာစေတီ လို့ ခေါ်ဆို ခဲ့ တယ် ။ ကျန် စစ်သားမင်း ရေးထိုး တဲ့ ကျောက်စာတွေ မှာ နိရ်ဗာဏ ဆို တဲ့ ဝေါဟာရ ကို သုံးလာ တာ မြေး သ တိ ထားမိ လာ သလား။ တခါ တရံ မဟာ နိဗ္ဗာန် ဆို တဲ့ ဝေါဟာရ ကိုသုံး ထားတယ်။ ဘွားဘွား က အရိ မဒ္ဒန ပြည့် ရှင်ကျန် စစ်သားမင်း ၏ ကောင်းမှု များ အား တပိုင်း တစ ရှင်းလင်း ပြနေသည် ကို ကျမ နား ထောင်ပြီး ကြည်နူး လို့ မဆုံး နိုင် တော့ပါ။

ထို့ ကြောင့် သမိုင်း သုတေသီ အချို့ က ကျန်စစ်သား မင်း သည် ရွှေစည်းခုံစေတီ အား တည်ပြီး နောက် ပိုင်း မ ဟာ ယာန မှ ထေရဝါဒ ဗုဒ္ဓဘာသာ သို့ လုံးလုံး လျားလျား သက်ဝင် ယုံကြည် လာပြီဟု ယူဆ ရန် အ ကြောင်း ရှိ သည်။ သို့ ဆို လျှင် ရွှေစည်းခုံ သည် မဟာယာနဂိုဏ်း မှ ခွဲထွက်လာ သည့် မှတ်တိုင် တခုဖြစ်သည် ဟု ပုဂံ သမိုင်း သုတေသီ အချို့ က ယူဆကြသည်။ အရိမဒ္ဒန တွင် အနော်ရထာ စတည်ခဲ့ပြီး ကျန်စစ်သားမင်း အဆုံး သတ်ခဲ့ သည့် ရွှေစည်းခုံ စေတီတော် ကြီးသည် နေရောင် ခြည် အောက်တွင် ရွှေရောင် တောက် ကာ ဖူး မျှော် လို့ မဝ နိုင်အောင် ပါပဲ။

ကျမ တို့ မြေး အဘွား ရွှေစည်းခုံ ၏ အံ့ချီးဖွယ်ရာ များ ကို လေ့လာနေရင်း ဘွားဘွား ထံမှ ကျမ မျှော် လင့်မ ထား သည့် အဘိဓမ္မာ ဆန်သော မေးခွန်း အချို့ကြားလိုက် ရသည်။

လူ့ သမိုင်း တွေ ကို မသိသေး ဘူး ဆိုရင် ။အ ချစ် အကြောင်း လည်း မသိနိုင်ဘူးလို့ မြေးပြောခဲ့ဘူး တယ်နော်။ မိန်းကလေး အတွက် အရေး ပါ လွန်း တဲ့ နေ့ တနေ့ အဖြစ် မြေး ရဲ့ အချိန် ဇယား ခွက်ထဲ မှာထည့်ကြည့် ဘူးပြီလား။

ဘွားဘွား ၏ မေး ခွန်း အား ရုတ် တ ရက် ကျမ မှင်သက် မိ သွား သည်။ ဘွားဘွား မေးတချက် ဆတ် ပြရာ ဘက် သို့ ကျမ လှည့်ကြည့် လိုက် သည့် အခါ ရွှေစည်းခုံ အရှေ့ မြောက် ထောင့် တန်ဆောင်း တစ်ခု အထက် မှ ဓါတ်ပုံ လှမ်း ရိုက် နေသည့် နှင်းဆီနီ ပိုင် ရှင်လူငယ် အား တွေ့လိုက်ရပါသည်။
ရုတ် တရက် ကျမ လက်ချောင်းတွေ ဆံပင်တွေကြား က နှင်းဆီပွင့်ပေါ် ရောက်သွားသည် ၊ ကျမ အဖြေ ကို ဘွားဘွား စောင့် ဆိုင်း နေမှန်းလည်း ကျမသိလိုက်ပါသည်။ ဘွားဘွား သိချင်သည့် အဖြေ ကို ပေးဖို့ ရန် ကျမ အ တွက် စောနေပါသေးသည်။ ဒါပေမဲ့ ၊ ကျမ ရင်ထဲက အ ဖြေ ၊ အမှန်တရား ဆိုတာ ဟုတ်ရဲ့ လား။


နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၃ )

ခြောက်ရက်မြောက်နေ့နံနက်
ယ နေ့ နံနက် တွင် ဟို တယ် ဝန် ထမ်း တံခါး လာ ခေါက် သည် နှင့် ကျမ အ ပြေး အ လွှား တံခါး ထ ဖွင့် လိုက် သည် ကျမ တစုံ တရာ ကို မျှော် လင့်နေ မိ သလား။ ဟိုတယ် ဝန်ထမ်း ယူလာ သည့် နံနက် စာများ နှင့်အတူ နှင်းဆီ နီ တပွင့် ကို မြင်လိုက် ရ သည် နှင့် ကျမ ရင်ထဲ လှိုက် ကနဲ ဘာကြောင့် ဖြစ် သွား ရတာလဲ ဘွား ဘွား အား ကျမ ဖြတ်ကနဲ တချက် ကြည့် လိုက် တော့ ဘွားဘွား လက်ကနဲ ပြုံးလိုက်သည် ကို ကျ မ မြင် လိုက် ရပါ သည်။ ဒီတခါ အပြာရောင် စာရွက်လေး က တမူ ထူးခြားနေပါသည်။ စာရွက် စဖွင့် သည် နှင့် မ ဟူသည့် တလုံးတည်းသော စာလုံးလေးကို ကျမ ရင်ခုန်စွာ မြင်လိုက်ရသည်။

မ ကို ရှင်းပြနေဖို့ မလိုဘူး လို့ ထင် တယ် ၊ မ ဟာ ကျွန်တော့် ကို နားလည် နေပြီး သားဖြစ် နေတယ်လို့ ကျွန်တော် ယူ ဆ ပါ တယ် ကျွန်တော် ပြောပါရစေ ဒီနေ့ တနေ့ လုံး ကျွန်တော် ရွှေစည်းခုံ မှာ ရှိ နေမှာ ပါ။

စာ ဆုံး တော့ ဘွားဘွား ဘက် လှည့် ကာ ကျမ ပြောလိုက်သည်။ သူ ရွှေစည်းခုံ မှာ တနေ့ လုံး ရှိနေ မယ် တဲ့ မနေ့
ည က ဘွားဘွား နှင့် ကျမ ပါ ခင်မင် နေသည့် ဟို တယ် မန်နေဂျာ ၏ ပြောစကား တခွန်း က ကျမ အ တွေး အိမ် ထဲ ကပ်ငြိ ပါ လာသည်။
အဲဒီ ဓါတ်ပုံ ဆရာ လူငယ်လေး က ကျွန်တော့် မိတ်ဆွေ တယောက် ရဲ့ သားပါ။ ပရဟိတ စိတ် အင်မတန် ရှိ တဲ့ လူငယ် တယောက် ပါ ဗျာ။

သူ့ အကြောင်း ကျမ မစုံစမ်းလိုက်ရပဲ တစွန်းတစ သိ လိုက်ရပါသည်။ သူသည် ဖြောင့်မတ် ရိုးစင်းပြီး ပရမတ် ကျလွန်း သည့် လူငယ် တယောက် အဖြစ် စာ အုပ် ပုံတွေ ကြားမှာ နေထိုင်နေသည် ဆိုတာ ကိုတော့ ကျမ အကြမ်းဖျင်း သိလိုက် ရသည်။ သူ သည် ဝေဖန်ရေး သု ခမိန် တွေရဲ့ အစ်ဇင်တွေ ကို ကျောက် ဆောင်တခု မှာ ပစ်ပေါက် ခွဲပစ် တတ် သော အလွန်မှန်ကန် သည့် လုပ် ရပ်များ အား သူလုပ်ခဲ့သည်။

တကယ်တော့ သူသည် အဓိပ္ပါယ် ရှိသော လူ တယောက် အဖြစ် ပရဟိတ တွေ နှင့် စုစည်း သိပ်သည်း ဖွဲ့ ထား သည့် လူငယ်တဦး ၏ ဘဝ ကို သူ ဖြတ်သန်း နေပါ သလား။ ဘယ်သို့ ဆိုစေ သူသည် ကျမ စိတ် ဝင်စား သည့် သူ ရဲ ကောင်း တယောက် ဖြစ်နေ သလား။

ကျမတို့ မြေးအဘွား ဟိုတယ် မှ ထွက် ရန် အဆင်သင့်ဖြစ်ချိန် တွင် နံနက်၁၀ နာရီခွဲ နေပြီဖြစ်သည်။

မြေးမေ့နေ တယ်လေ။ ရုတ်တရက် ဘွားဘွား က သတိပေး သလို ပြောလိုက် သည့် အတွက် ကျမ ကြောင် အန်း အန်း ဖြစ် သွားသည်။ အော် ဘွားဘွားရယ်။ ကျမရှက်ပြုံးတချက် ပြုံးလိုက်မိသည်။ ကျမ၏ ဆံပင်ရှည်တွေ ပေါ် နှင်းဆီနီ မပန်ရသေးပဲကိုး။

ကျမတို့ မြေး အဘွား ရွှေစည်းခုံ စေတီ သို့ ရောက်သည် နှင့် တောင်ဘက်မုခ် ဘုရားစောင်းတန်း အခြေ တွင် ခပ် သွယ်သွယ် လူငယ် တဦး ကင်မရာလွယ် လျက် ကျမတို့ မြေးအဘွား လျှောက်လာသည်အား ငေးမော ကြည့် နေ သည် ကို အဝေးမှ လှမ်းမြင်နေရသည်။ ကျမတို့ထံ သူ လျှောက်လာပြီး ဘွားဘွား အား နှုတ်ဆက် ကာ တွဲ ခေါ် သည် ကျမ ဘက် သို့ သူဖြတ် ကနဲ ကြည့်လိုက် သည့် အကြည့် သည် ကျမဘဝ တွင် ဘယ်သောအခါမှ မ မေ့နိုင် တော့သည့် အကြည့်ဖြစ်နေ ပါရော လား။

ဘွားဘွားအား ဦးတည်ပြီး သူ့ ကိုယ်သူ မိတ်ဆက်နေသည့် ဟန်ပန် သည် အင်မတန်ရိုးသား တည်ကြည်သည့် လူ ငယ် တ ယောက် ဟန် ပါပဲ။ ဘွားဘွား ကတော့ သူ့ ကို ခင်မင် သွား သည် အမှန်ပါ။ ကျမ ၏ ဆံ ပင် တွေကြား ထဲမှ နှင်းဆီနီ အား သူ ငေးမော စိုက်ကြည့် နေ သည် ကို လည်း ကျမ သတိထားလိုက် မိသည်။ ထို တဒင်္ဂ လေး အတွင်းမှာ ပင် သာယာ သည့် ဂီတ သံ စဉ် လှိုင်း တွေ ကြား က သိမ်မွေ့ နက်ရှိုင်းလွန်းသော ရို မန် တစ် တခု ဖြစ် သွားသည် မှာ အသေအချာ ပါပဲလေ။

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၄ )

ခုနှစ်ရက်မြောက်နေ့ နံနက်။
ယနေ့ နံနက် တွင် ဟို တယ် ဝန်ထမ်း တံခါး လာခေါက် သည် နှင့် ကျမ တံခါး ဖွင့်ပေး လိုက်သည် စားစရာ တွေ ဘာ မှပါ မလာ တော့ ပါ။ ဟိုတယ် ဝန်ထမ်း က ဧည့် သည် စောင့်နေ ပါသည် ဟုသာ အသိပေးပြီး ပြန် ထွက် သွား သည်။ မနေ့ ညနေ က သူ တည်းခို နေသည့် ဘားမား တည်းခို ရိပ်သာ တွင် ကောက်ညှင်းပေါင်း နှင့် အ ကြော် စားရန် ကျမ တို့ မြေးအဘွား အား သူ ဖိတ်ထားသည်။ ယခု သူ လာကြိုနေ ပါပြီ။ သို့ သော် ဟို တယ် ဝန် ထမ်း လက်ထဲ တွင် နှင်းဆီနီ မတွေ့မိသည် ကို ကျမ ရင်ထဲ ဘာလို့ များ ဟာ က နဲ ဖြစ်သွား မိပါ လိမ့်။ ဒါ ပေမဲ့ ကျမ မျှော်လင့်နေမိသည့် နှင်းဆီနီ သည် ကျမ ထံ မလွဲ မသွေ ရောက်လာမည် ကိုတော့ ကျမ စိတ် ထဲတွင် အလို လို သိနေ သ လို ပါ ပဲ လေ။
သူတည်းခိုသည့် ဘားမားရိပ်သာ သို့ ကျမတို့ မြေး အဘွား ရောက် သည့် အချိန် တွင် နံနက် ၆နာရီ ရှိနေပြီ ရိပ်သာစောင့်ပြင်ဆင်ပေး သည့် ပဲပြုတ် ဆီဆမ်း နှင့် ကောက် ညှင်း င ချိတ် ပေါင်း ပူပူ နွေနွေး သည် နှမ်းထောင်း မွှေးမွှေးလေး နှင့် အတူ အကောင်းဆုံး မြန် မာ့ ရိုးရာ အစား အစာ တွေ ပါ ပဲအကြော်စုံ ၊ ကျောက်ပန်းတောင်း လဘက်ရည်ချို နှင့် အ လွန် လိုက် ဘက် လွန်း လှသည်

နံ နက် တိုင်း ဟို တယ် မှ ကျွေး သည့် ဘို စာတွေ ကို ကျမ တို့ မြေး အဘွား နေ့ စဉ် စားနေရ သည် မှာ ငြီး ငွေ့ လှ ပါပြီ။ အရသာ ရှိလှသည့် မြန်မာ့ အစား အစာ များ စားလိုက်ရသည့် အတွက် ဘွားဘွား ကျေနပ်နေသည် ကို တွေ့ရ သည်။ ဘယ်လို ရေစက်မှန်း မသိပါ။ ဘွားဘွား သူ့ ကို ခင်မင်နေသည်။ သူ လူကြီးတွေ အပေါ် ဆက် ဆံသည် မှာ တယုတယ ရှိလွန်းပြီး အလွန် ယဉ်ကျေး ကာ ရိုသေ ကိုင်းရှိုင်းသည် ကို တွေ့ရသည်။

ကျမ တို့ အားလုံး စားသောက်ပြီး သည်နှင့် ရွှေစည်းခုံ စေတီ သို့ သူ စီစဉ် ထား သည့် အငှား ကားဖြင့် ထွက် လာ ခဲ့ကြ သည်။ ပထမ ဆုံး ဝက်ကြီး အင်း ဂူဘုရား သို့ ဝင်သည်။ ဒီ တ ခေါက် ဘွားဘွား အား ပုံစံ အမျိုး မျိုး နှင့် ဓါတ်ပုံရိုက် ပေးနေသည်။ သူ့ ဓါတ်ပုံ ပစ္စည်းများ ထည့် သည့် အိတ် ကို ကျမအား လှမ်း ပေးပြီး သူ နှင့် ဘွား ဘွား ကျမ နှင့် အ နည်း ငယ် အလှမ်း ဝေး သွားသည်။ တမင် တ ကာ လား ။ မတော် တဆ လား ကျမ ဝေခွဲ မရခင် ဘွား ဘွား ကို ထား ခဲ့ပြီး သူ ကျမထံ ပြေးလာသည်။ မ ကို ကျွန်တော် နှင်းဆီ ပန်း လေး လာပေး တာ ပါ။

စူးရှ တောက်ပ နေသည့် သူ့ မျက်ဝန်း နက်နက်တွေ ကို ကျမ တွေ့ လိုက် ရရင်ပဲ သိမ်မွေ့နက်ရှိုင်းလွန်းပြီး ဟန် ဆောင်ခြင်း ကင်းမဲ့သည်ကို ကျမသိလိုက်သည်။ ကျမ သည် ၊ ယောင်္ကျား တယောက် ၏ နှလုံးသား ရဲတိုက် တခု ကို တံခါးသော့ ဖွင့်ကြည့်မိသည်။ ကျမ ကဲသို့ ပင် သူသည် လည်း ပိတ်ထား သော ကျမ၏ နှလုံးသား ရဲတိုက် တံ ခါး တချပ် အား သော့ ဖွင့်ကြည့် လိုပါ လိမ့် မည်။ ကျမ မြင် မိသော အမြင် နှင့် ကျမ ကို သူ မြင်သည့် အမြင် များ နှစ်ဦးလုံး၏ နှလုံး သား လျှို့ ဝှက် ချက် တွေ က တူညီချင် မှ တူညီပါ လိမ့် မည်။ သူ့ ဘက်က အမြင် ဘယ်သို့ ရှိမည်ကို ကျမ မသိနိုင်သော် လည်း ကျမ ၏ ပိတ်ထား သော နှလုံးသား တံခါး အား အနည်းငယ် ဖွင့် ပေးလိုက်မိ သည် ကတော့ သူ ၏ ရိုး သား ဖြောင့်မတ်ခြင်း နှင့် ပရဟိတ စိတ်တွေ ကို လေးစားခြင်း က စတင်လာခဲ့သည် ကို တော့ ကျမ အခိုင်အမာ ပြောနိုင်ပါလိမ့် မည်။

သူ နှင့် ဘွားဘွား ကျမ အနား ရောက်လာချိန်တွင်။ ပါးနပ်သည့် ဘွားဘွား က ကျမဆံပင်တွေပေါ်မှ နှင်းဆီနီကို တချက်ကြည့်လိုက်ပြီးပြုံးယောင်ပြုသည်။ ကျမ ပါးပြင်သည် ပန်းနုရောင်ရှက် သွေး သန်းသွား လေသလား။

ကျမ တို့ ဂူပြောက်ကြီး ဘုရား အား လှည့် လည်ကြည့်ရှု နေရာ မှ သူ က ဂူပြောက်ကြီး ဘုရား နှင့် ပတ် သက် သည့် သမိုင်း ကို ရှင်းပြနေသည်။
ဝက်ကြီး အင်း ဂူပြောက်ကြီး ဘုရား က ကွမ်းတောင် ဟာ၊ ဗုဒ္ဓဂါယာမှာ ရှိ တဲ့ မဟာ ဗောဓိစေတီ ကွမ်းတောင်မျိုး လေ၊ အဲဒီ ထဲ မှာ ငါးရာငါးဆယ် ဇာတ်တွေ ရေးခြယ် ထား တယ်။ ၁၈၉၉ မှာ မြန်မာပြည် ကို ရောက်လာ တဲ့ ဂျာမန် လူမျိုး ဒေါက်တာသိုမန်း ဆိုတဲ့ သူက ပုဂံ လက်ရာ တွေ သယ်ယူသွား တာ ကြောင့်အဲဒီ ကွမ်းတောင် မရှိတော့ဘူး။ မှတ်တမ်း တွေက ဂျာမန်လူမျိုး ဒေါက်တာ သို မန်း ခွာယူ သွား တယ်လို့အခိုင်အမာ ဆိုထား တယ်။ ၁၈၉၉ ခုနှစ်က မြန် မာ နိုင်ငံ ကို အင်္ဂလိပ် သိမ်းပြီး စ ဆို တော့ ရှေးဟောင်းအနုပညာ ဥပဒေပြဌါန်းချက် က လည်း မရှိ သေး ဘူး။ ကျွန်တော် တို့ မြန်မာလူမျိုး နဲ့ မြန်မာပြည် ဟာ သူ့ ကျွန် ဖြစ်ခဲ့ရတာ ရင်နာစရာ ကောင်းပါတယ်ဗျာ။ အဲဒီ နိုင်ငံ ခြား သား တွေ ဟာ ရှေးဟောင်း ပစ္စည်းသူခိုးတွေ ပါ ဗျာ။
သူ က ဟိုး အဝေး တနေရာသို့ စိုက်ကြည့် ရင်း လေးလေး နက်နက် ပြောနေသ ကဲ့ သို့ ဘွားဘွား က ခေါင်းတညိတ်ညိတ် ရှိကာ လူငယ် ဆိုသော်လည်း ဗဟု သု တ ကြွယ်ဝ စွာ ပြောနေသည် ကို သဘောကျ နေပုံရသည်။

ကျမ ကရော။ သူ့ အပေါ် ဘယ်လို မှတ်ချက်တွေ ပေးမှာလဲ။ အမျိုးသမီး အများစုသည် မိမိ၏ ဘဝ အာ မ ခံ ချက် အတွက် ပေးနိုင် သူကိုသာ အဓိက ရွေးခြယ် တတ်ကြသည်။ ထိုအထဲတွင် သူ မပါ နိုင်ပါ။ သူ သည် မ သပ် ယပ်သော ဆံပင် တွေ နှင့် အဝတ် အစား ဖရို ဖရဲ ဝတ် ကာ ဘဝ ကို ဒေါင်ကျကျ ပြားကျကျ နေတတ် ပြီး သူ့ ဘေး တွင် စာအုပ်တွေပုံကာ သူ့ ယုံကြည်ချက် သူမှန် သည်ဟု ထင်သော အလုပ်များ ကို စူးစူးနစ်နစ် လုပ် နေ တတ် သူ ဓါတ်ပုံတွေ လိုက်ရိုက် နေတတ် သည့် လူငယ် တ ယောက် ပါ ပဲ လေ။

Friday, February 20, 2009

အိပ်မက်ရယ် အနမ်းရိုင်းရယ်

ကျမ ကို တုပ်နှောင်ထားတယ်လေ
ပညာတတ် လူတန်းစားအလွှာ
လူကလပ်စည်းတွေကြား
မျက်ရည်နှင့် ရှိုက်သံ-
ရှုပ်ထွေးလှည့်စားခြင်းများကို
ကျမ
တပွေ့တပိုက် မခုံမင် ပါဘူး

ကျမ ကို ဆာရီယာယ်လစ်ဇင်တွေ နဲ့
လာလာနှောက်ယှက်တယ်--
တခါတရံ --
မှော်အတတ်တွေနဲ့ ကျမ ပြုစားခံရတယ်
ကျူဗစ်အစ်ဇင်တွေနဲ့
ညအိပ်ချိန်တွေ
ခဏခဏ လန့် နိုးတယ်

အိပ်မက် ထဲ ပန်းပွင့်တွေ သယ်ဆောင်လာပြီး
အနမ်းရိုင်းတွေ လာလာပေးတတ်တယ်
ကျမကလည်း
အိပ်မက်ကို ချိုမြိန်စွာ
ရင်ခုန်နေတတ်ပြီလေ
နောက်ဆုံးတော့ သူ
ကျမ ကို အိပ်မက်မှာပဲ
ထားခဲ့ တော့ တာပါပဲ

မသက်ဇင်

Tuesday, February 17, 2009

ပုဂံ ခရီးသွားဆောင်းပါး စုစည်းမှု ပထမပိုင်း

အဖွား ပြောသော သမိုင်းပုံပြင် နှင့် ကျမ မသက်ဇင် လို ပိုစ့် တွေ ရေးပါ အုံး ဟု တောင်း ဆို လာ သူ များ အ တွက် ပုဂံခေတ် ပျက်သုဉ်း သွား ပြီး တဲ့ အကြောင်းရေး ပြီး နောက် ပိုင်း တင်ပါ့ မယ် ဟု ကတိ ပေး ခဲ့ သည့်အတိုင်း ကျမ ဒီ ပိုစ့် ကို တင် လိုက်ပါ သည်။ အားလုံး ကို ဂါရ၀ ပြု လေး စား လျက်။
မသက်ဇင်



ဒီဇင်ဘာလ ရောက် တိုင်း မန်းတလေးသား အဖိုးနှင့် ရေ စက် ဆုံ ခဲ့သည့် အဖွား မန်းတလေးက အဖိုး ဆွေ မျိုးတွေ ဆီ အ လည် သွား နေကြပါ အဖွား နှင့် အတူ ကျမ လည်း လိုက်ပါ မြဲ ပေါ့ မန်းတလေး ရောက်တိုင်း မဟာမြတ်မုနိ ဘုရားကြီး လိပ်ကန် ဘေးနား က မန်းတလေး မုန့် တီ တကူး တက သွားစား တယ်။ မြူရွက်သုတ် ညောင်ချဉ်သုတ် ခို တောင် မုန့် တီ လို ခေါင်းရွက် ဈေး သယ်တွေ လာတိုင်း လှမ်းခေါ် စားရတဲ့ အရသာ က လည်း ကမ္ဘာ အရပ် ရပ် က နာမည်ကြီး ဟိုတယ် တွေက အစားအစာတွေနဲ့ မလဲနိုင်ပါဘူး။ မန်းတလေး ရောက်တိုင်း သွားလည်တာ ကတော့ ပုဂံပါ။ ပထမဆုံး ပုဂံကို ရောက်စဉ်က အဖိုးဘက် က ဆွေ မျိုးတွေ လိုက်ပေမယ့် နောက်ပိုင်း မှာ တော့ အဖွားနှင့် မသက်ဇင် နှစ်ယောက် သာ သွားလည် ပါတော့ သည်။ ဘယ် နှစ်ကြိမ် ရောက် ရောက် ပုဂံ ဟာ မ သက် ဇင် အတွက် ရိုး မသွား ဘူးလေ။ မန်းတလေး က အမျိုး တွေ က တော့ ပုဂံသွားရတာ များလွန်း တော့ ငြီး ငွေ့ လာပုံ ရသည်။ မသက်ဇင်တို့ မြေးအဘွား သာ သွားကြ သည်။ ပုဂံရောက် တော့ အဖွား ကို ငဲ့ ပြီး သီရိ ပစ္စယာ ဟိုတယ် မှာ တည်းသည်။ ပုဂံရောက် သည့် ည ဘယ်မှ မလည်ဖြစ်ပါဘူး။

( ဓါတ်ပုံ-ညီလင်းဆက် )

ပထမမြောက်နေ့နံနက်
ပုဂံရောက်ပြီး နောက်တနေ့ နံနက်စောစော
အိပ်ရာ က စောနှိုးနေပြီး အဖွား ဘုရားရှိခိုး အပြီး ကို စောင့် ရင်း ပြူတင်း တံခါး ကို ဖွင့်လိုက် တော့ လေ အေးက စိမ့် ၀င် လာသည်။ သိပ်တော့ မအေးလှ ပါ။ သာယာသည့် ပတ်ဝန်းကျင်နှင့် အတူ နံနက်စောစော စီးစီး ချိုး ကူ သံ ကြား ရသည်။ ထနောင်း ပင်ပျို ထက် က ကူချွဲနေ သည့် ချိုးကူ သံဖြစ်သည်။ အဖွားနှင့် အတူလမ်း လျှောက် ထွက် လာတော့ နံနက် ၆ နာရီတိတိ ထိုး နေပြီ။ သီရိပစ္စယာ လမ်းမကြီး အတိုင်း လျှောက်လာ ကြ ရင်း ထ နောင်း ပင် ထက် က ကူချွဲ နေသည့် ချိုးကူသံ နှင့် ခါ တွန်သံ ကိုပါ ကြည်နူးဖွယ်ရာ ကြားနေရသည်။

အဖွား က သဗ္ဗညု စေတီ ဘက် လျှောက်ရအောင် ဟု ဆိုသည် နှင့် လမ်းမပေါ်မှ သဗ္ဗညုစေတီ ဘက် ချိုး ကွေ့ ဝင် လိုက် သည်။ သီရိပစ္စယာ လမ်းကြီးသည် အရှေ့ မြောက် ဆီ သို့ ဦးတည် နေ သည်။ ဆက်လျှောက် လိုက်လျှင် လောကထိပ်ပန်း နားက ရွေဆံတော် ကို လှမ်းမြင် နေရသည် လက်ဝဲဘက် တွင်မြင်းပြဂူ ကို တွေ့ ရသည်။ ဒီဇင် ဘာလ နံနက်စော စောဖြစ်သဖြင့် မြူ အနည်း ငယ် ဆိုင်းနေသည်။

( ဓါတ်ပုံ-ညီလင်းဆက် )

ဒီ နေရာ က ရှေးတုံး က ကျုံးကြီး လို့ အဖွား တို့ ကို လူကြီး တွေက ပြောဘူး တယ် ရန်သူ က ကျုံး အ ပြင်ဘက်က နေ ပုဂံမြို့ ရိုးထဲ ကို လောက်လွဲ တွေ ၊ မီးကျည် တွေ နဲ့ ပစ် တယ် ပုဂံ ခေတ်က ဓါး လှံ လေး ၊မြှားတွေနဲ့ စစ်တိုက်ကြ တာ ဘာရယ်လို့ မသိ ပုဂံ ပတ်ဝန်းကျင်ကို ငေးမောရင်း ကျမ ရင်ထဲဝယ် တလှိုက် လှိုက် ဖြစ်ပေါ်လာသည် လွမ်း လွမ်း ဆွေးဆွေး ခံစားနေမိသည်။ အဖွား က တော့ လမ်းလျှောက်ရင်း ပုဂံခေတ် သမိုင်းကို ဟို တစ သည် တစ ပြောနေသည်။ ကျမ တို့ မြေးအဖွား သဗ္ဗညု ဘုရား ပရ၀ုဏ်မှ ဖြတ်ကာ အနန္ဒာ ဆီ် လျှောက်သည်။ နံနက် စော စော ဖြစ်နေ ၍ လူသူ မရှိသလောက်ဖြစ် သည်။ ထို စဉ် မြင်းလှည်းလေး တစီး မောင်း လာ သည် ကို တွေ့ ရ ပြီး ဘယ် ဘက် လမ်းချိုး ချုံများ အကြား ပျောက် ကွယ်သွားသည်။ တိတ်ဆိတ် ငြိမ်သက် သည့် နံနက်ခင်း လေးတခု ပါပဲ။

ထီးလှိုင်ရှင် ၏ အရိမဒ္ဒနာပူရ သို့ ကျမတို့ မြေးအဖွား ရောက်နေ လေ သ လား။ နံနက်ခင်း လေ က အေးမြ လန်းဆန်း သည်။ အဖွားနှင့် ကျမ ပိုပြီး လမ်းလျှောက် သွက်လာကြသည်။ သရပါ တံခါးမှ ပုဂံမြို့ တွင်း သို့ ဝင်လာ ခဲ့ကြ သည်။ သည်မြို့ ရိုးနှင့် သည်တံခါးသည် ပျဉ်ပြားမင်း တည်ခဲ့ သည့် မြို့ ရိုးဟောင်းနှင့် တံခါး ဟောင်းဖြစ် သည်ဟု အဖွားက ရှင်းပြသည်။ တည်းခိုရာ နေရာသို့ ပြန်ရောက် သည်နှင့် ဒီ ည အဖွား ကို မေးရန် မေးခွန်းများ ပါလာ သည်။ နေ့ လည်စာ စားပြီးလျှင် တရေးတမော အိပ်တတ်သည့် အဖွားအား အနှောက် အယှက် မပေးလို၍ စာ အုပ် တ အုပ် အား လက်မှ ကိုင်ပြီး စာအုပ်ထဲ စိတ်ကို နှစ်မြုပ်ထား လိုက်သည်။


(ဓါတ်ပုံ-ညီလင်းဆက် )

ပုဂံ ရောက်ပြီး နောက် တနေ့ ညနေ
နံနက်ပိုင်း လမ်း လျှောက်တာ များသွား ၍ လား မသိပါ ကျမ စာဖတ် ရင်း အိပ်ပျော်သွား ပါသည်။ ဒီနေ့ တော့ မြေး အဖွား နှစ် ယောက် ဘယ်မှ မလည်ဖြစ်တော့ပါ။ ညနေ စာ စားပြီး အညောင်း အညာ ပြေ ဟိုတယ် ပန်းခြံ တွင်း သာ လမ်း လျှောက်ဖြစ်သည်။ နေ့ ခင်းက ကျမဖတ် ဖြစ်သော စာအုပ်ထဲ မှ အကြောင်းအရာများ ကို စကား စ မိသည်။ ဗုဒ္ဓသာသနာ ကျယ်ပြန့် စွာ ထွန်းကား လျက်နဲ့ ဗုဒ္ဓ စတင် ပေါက် ဖွားရာ အိန္ဒိယ နိုင်ငံကြီး မှာ ဗုဒ္ဓ သာ သနာ ဘာဖြစ် လို့ ပျောက် ကွယ်သွားရ တာလဲ ဖွားဖွား။ ကျမ၏ အမေးကို အင်မတန် ထက်မျက်ပြီး ဗဟုသု တ ကြွယ်ဝ သည့် ဖွားဖွား က ချက် ခြင်းရှင်းပြနိုင်ခဲ့သည်။ အိန္ဒိယပြည် က နေ ဗုဒ္ဓသာသနာ ဘာ ကြောင့် ကွယ် ပျောက် သွားရတယ် ဆိုတာ သမိုင်းပညာရှင် တွေ က အဖြေရှာ ခဲ့ကြတယ်။ ဗုဒ္ဓ ကိုယ်တော်မြတ်ကြီး ပရိ နိဗ္ဗာန်ပြုပြီး နှစ်ပေါင်း၁၁၀ လောက် အကြာ ဝေသာလီပြည်မှာ ဒုတိယ သံဂါယနာ တင်တယ် အချို့ သံဃာများက ဝိနည်း တော် များထဲက နေ အချက် ၁၀ချက် ကို တင်ပြကြတယ်လို့  ဆိုတယ်။ အဲဒီမှာပဲ ၀ိနည်းကို အပြောင်းအ လဲ လုံးဝ မလုပ်လိုတဲ့ သံဃာတော်ကြီးများက ခွင့်မပြုခဲ့ဘူး။ အဲဒီ အခါ ၀ိနည်းတော်ပြင်ဆင်လိုတဲ့ သံဃာ တော် များက ၊ မဟာသံဃိ က ဂိုဏ်းဆိုတာ တည်ထောင်ဖွဲ့ စည်းလိုက်ပြီး သံဃာတော်များ အတွင်း ပထမဆုံး အကြိမ် ဂိုဏ်းကွဲတယ် လို့ ဆိုတယ်။

ဒုတိယ သံဂါယနာ တင်ပွဲနဲ့  တတိယ သံဂါယနာတင် ပွဲကြား ဗုဒ္ဓရှင်တော် ဘုရားမရှိတော့တဲ့ နောက် နှစ်ပေါင်း ၂၃၆ နှစ် အကြာ ၀ိ နည်းမပြင် လိုတဲ့ ထေရ်ကြီးများကြား နှစ်ဂိုဏ်းထပ် ကွဲ ပြီး မဟာသံဃိက ဂိုဏ်းကလည်း နှစ် ဂိုဏ်းထပ် ကွဲပြန်တယ်။ ၀ိ နည်းမပြင် လိုတဲ့ ၂ဂိုဏ်း ကွဲ သွားတဲ့ ထေရ်ကြီးတွေ ကနေ နောက် ထပ် ဂိုဏ်းငယ် သုံး ဂိုဏ်းထပ်ကွဲပြီး အဲဒီထဲ က တဂိုဏ်း က ယခု သီရိလိင်္ကာလို့ ခေါ် တဲ့ သီဟိုရ်နိုင်ငံ မြန်မာနိုင်ငံ ထိုင်းနိုင်ငံ ကမ္ဘော ဒီးယား လော နိုင် ငံ တို့ ဆီ ရောက်ရှိလာတဲ့ ထေရ၀ါဒဂိုဏ်းဖြစ်တယ်။ ပြင်ပ ပယော ဂ တွေဝင် မလာ ခင် ကိုယ့် အချင်းချင်း သဘောထား ကွဲလွဲမှုတွေက နေ စတာ ပါပဲ။ အားနည်းချက်တွေ ပေါ်လာရင်ပဲ ဗုဒ္ဓ လက် ထက်က အ တော် ငုတ်လျှိုသွားတဲ့ ဗြာဟ္မဏ၀ါဒီများရဲ့ သပ်လျှိုမှုများ လာ တော့ အ သော က မင်းကြီးက တတိယ သံဂါ ယ နာ တင်ပြီး ပိဋိကတ် တော်များ ပြန်လည် ခိုင်မြဲ လာအောင်လုပ်ဖို့ ကြိုးစားခဲ့ရတာဖြစ် တယ်။ အသော ကမင်းကြီး နတ်ရွာစံပြီး သူ့ အင်ပါယာကြီး လည်းပြို ကွဲဖို့ ဖြစ်လာချိန်မှာ ဗြာဟ္မဏတွေဟာ သူတို့ အယူဝါဒ တွေ ကို ခြေ သွက်သွက်နဲ့ ဖြန့် ဖြူးကြတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းငယ် ကလေးတွေ မှာ ဗြာဟ္မဏ အယူဝါဒများ ပါဝင် လာကြပြီး အဲဒီ က မှ မဟာယာန ဂိုဏ်းတို့  လို မျိုးဖြစ်ဖို့  လမ်းခင်း ပေးလိုက်သလိုမျိုး ဖြစ်သွားတယ်။
ကျေးဇူးတင်လိုက်တာ ဖွား ဖွားရယ်။ ကျမ အလွန်သိချင်တဲ့ အချက်တွေ သိရလို့ ။



( ဓါတ်ပုံ-ညီလင်းဆက် )

ဒုတိယမြောက်နေ့နံနက်
နံနက် ငါးနာရီ လောက် တွင် အိပ်ရာက နိုးသည်။ ထုံး စံအတိုင်း ကျမ ပြတင်း ပေါက်ကို ဖွင့် လိုက်သည်။ ဆောင်း လေ အေး က ကျမ မျက်နှာ ကို နူးညံ့စွာ တိုးဝှေ့လာသည်။ ကျမ လန်း ဆန်း ကြည်နူး သွားမိ သည်။ ထ နောင်း ပင်ပျို ထက်က ကူချွဲ နေကြ ချိုးကူသံ လေး ကြား ရမည်လားဟု မျှော်လင့် ချက်ဖြင့် ကျမ ငေးမောကြည့် မိသည်။ ဒီနေ့ နံနက် စောလွန်းနေ၍ များလား မသိ ချိုးကူ ချသံလေး မကြားရသေးပါ။ နံနက်စောစော လမ်း လျောက်နေ ကြအတိုင်း မြေးအဘွားနှစ်ယောက် လမ်းလျောက်ကြသည်။ မြူဆိုင်းနေ သည့် ကြားမှ သွားနေကြ လမ်း အတိုင်း အဘွားနှင့် ဆက်လျောက်သည်။ ဘာမှ စား မလာ၍ ဝမ်းထဲက ဆာသလိုလို ရှိလာ သည်။ အာနန်ဒါ နှင့် မ လှမ်း မ ကမ်း ပုဂံမြို့ တံခါးဝ တွင် အကြော်ဖို တစ်ခု ကို လှမ်း မြင်ရသည်။


( ဓါတ်ပုံ-ညီလင်းဆက် )

ဗိုက်ဆာနေတာနဲ့ အတော်ပဲ ဘွားရေ အကြော်ဖိုသို့ ခပ်သုတ်သုတ် လျောက်လာခဲ့ကြသည်။ နံနက်ခင်းလေ က လန်းဆန်းသည်။ အေးမြသည်။ ကြည်နူးဖွယ်ရာ ပုဂံ နံနက်ခင်းလေး တစ်ခု ပါပဲ။ ဘွားဘွား နှင့် အတူ ဘယာကြော် ဝယ်စားကြသည်။ ပုဂံမြို့ကို စတုတ္ထ အကြိမ် တည်ခဲ့ စဉ်က ကျုံး၊ မြို့ရိုး အပြည့်အစုံနဲ့ပေါ့ မြေးရယ်၊ အခုတော့ ဧရာဝတီမြစ် ရေတိုက် စားမှုကြောင့် မြို့ ရိုးအပြည့်အစုံတော့ မရှိတော့ ဘူးပေါ့ ။ မူလ အစ က ပုဂံမြို့ ရိုးမှာ တံခါး ၁၂ ပေါက်၊ ရှိခဲ့တယ်လို့ ဆိုတယ်။ ခု ဘွားတို့ လမ်းလျောက်တိုင်း ဖြတ်ဝင်တဲ့သရပါ တံခါးပေါက်သာ ကျန်တော့တယ်။ သရပါ ဆိုတဲ့ အဓိပ္ပါယ်က မြား ကို ကာဆီး သော တံခါး လို့ ဆိုတယ်။


( ဓါတ်ပုံ-ညီလင်းဆက် )

ပျက်စီး နေသော တံခါး ကို ရှေးဟောင်း သုတေသန က အင်္ဂတေနဲ့ ဖာထေးပြီး နောက်ထပ် မပြိုပျက်အောင် မွမ်းမံ ထားသည်။ အပြင်နံရံ အထက်ပိုင်း တွင် ဘီလူး ပန်းဆွဲနှင့် ပုလဲကုံး ၊ အင်္ဂ တေ ၊ ပန်းလက်ယာတို့ ကို လှမ်း မြင်နေရသည်။ တံခါး တစ်ဖက် တစ်ချက် တွင် ပုပ္ပါး မယ်တော်၊ မဟာဂီရိ နတ်မောင်နှမ ၏ နတ်ကွန်း ကို တွေ့ ရသည် လက် ဝဲဘက် တွင် မောင်တော် နတ်ရုပ် နှင့် လက်ယာဘက်တွင် နှမတော် နတ်ရုပ် တို့ ရှိသည်။ နံရံထက် က ဘီလူးပန်းဆွဲနှင့် အင်္ဂ တေ ပန်းလက်ရာတို့ မှာ နဂါးရုံဘုရား တံတိုင်း လေးမျက်နှာရှိ မုခ်ဆောင် အင်္ဂတေ၊ ပန်း လက် ရာတို့ နှင့်တူသည်။ နဂါးရုံ ကို တည်သူမှာ ကျန်စစ်သား ဖြစ်သည်။ ငရမန် ၏ ရန်ကို နှိမ်နင်းပြီး ပုဂံနန်း ကို တက် သည်တွင် စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ ရသော မြို့ ရိုး တံ ခါးတို့ ကို ခိုင်ခံ့ အောင် ပြန်လည် ပြင်ဆင်သည်။


( ဓါတ်ပုံ-ညီလင်းဆက် )

ယခု တည်ရှိသော သရပါတံခါး ၏ အင်္ဂတေ ပန်းလက်ရာ နှင့် တံခါး တစ်ခုလုံး မှာ ကျန်စစ်သား ၏ လက်ရာဟု ယူ ဆ ရသည်။ ကျမတို့ မြေး အဘွား သရပါ တံခါးမှ ဝင်ကာ ဟို တယ်သို့ ပြန်လာခဲ့ ကြသည် နေ့ လည် ဘက် တွင် မ နေ့ က ဘွားဘွား ပြောပြ ခဲ့သည့် သံဃာ များ ဂိုဏ်းကွဲ သည့် အကြောင်းအရာ နှင့် ဆက်သွယ် ၍ မှတ်စုများ မှတ် နေ သည်။ ကျမ ဖတ်နေသော စာအုပ်များထဲ မှ မှတ်စု ထုတ် ကာ ရှေးတုံး က ဗုဒ္ဓဘာသာ ဆင့်ကဲပြန့် ပွား မှုတို့ ကို လေ့ လာကြည့်သည်။


( ဓါတ်ပုံ-ညီလင်းဆက် )

ခရစ်မပေါ်မှီ ဘီစီ ၂၇၀ခန့် တွင် အိန္ဒိယ သမိုင်းမှာ ဖေါ်ပြ ထား သော အသောက မောရိယ ဟု ခေါ် သည့် သီရိ ဓမ္မာ သော က မင်းကြီးသည် အိန္ဒိယပြည် အခြား နိုင်ငံရပ်ခြား အ နှံ့ အပြား ကိုး တိုင်းကိုး ဌာနသို့  သာသနာပြု မထေရ် များ ကို စေ လွတ် ၍ သာသနာပြု စေခဲ့သည်။ သာ သနာပြု သော ထို မ ထေရ် များ ထဲမှ မဇ္ဈ န္တိက မထေရ် သည် ယ ခု ခေတ် အာဖ ဂန် နစ္စတန် တ၀ိုက် သို့ ရောက်သွားသည်။ ယခု ရုရှား နှင့် အာဖဂန် နစ္စတန် နယ်စပ်၌ တာရာ တ ပေ့ အ မည်ရှိ မြို့ ဟောင်း နေရာ တနေရာရှိသည်။ တောင်ကုန်း မည်း ဟူ၍ အဓိပ္ပာယ် ရ သည်။





( ဓါတ်ပုံ-ညီလင်းဆက် )

တချိန်က ဗုဒ္ဓဘာသာ ထွန်းကားပြန့် ပွားခဲ့သည့် နေရာဖြစ် သည်။ ခရစ် ၂ ရာစုတွင် အာရှ အလယ်ပိုင်း နှင့် အိန္ဒိ ယမြောက်ပိုင်း နယ်မြေ များ ၌ ဗုဒ္ဓဘာသာဝင် ဘုရင် များကြီးစိုး ခဲ့သည် ဇာနိရှက ဘုရင် နှင့် ကနရှက ဘု ရင်တို့ သည် အသောက ဘုရင်ကဲ့သို့ ဗုဒ္ဓဘာသာ သမိုင်း ၌ ထင်ရှား ကျော်ဇောသည့် ဘုရင်များ ဖြစ်သည်။ ကနရှ က ဘုရင်သည် ထို နယ်မြေတွင် ကျောင်းကန် ဘုရား စေတီ ပုထိုးများ ကို အများ အပြား တည် ခဲ့သည်။ ကမ္ဘာ မှာ အကြီးဆုံးဖြစ် သည့်မတ် တပ်ရပ် ကိုယ်တော် ဗုဒ္ဓရုပ်ပွားတော် သည် အာဖဂန်နစ်စတန်တွင် တည်ရှိ ခဲ့သည်။

စကားချပ် (နောက်ပိုင်း တာလီဘန် အစိုးရလက်ထက် ဒိုင်းနမိုင်းနှင့် ဖေါက်ခွဲဖျက် ဆီး လိုက်သည်) သာသနာပြု မထေရ် များ သည်လည်း ဂရိနိုင်ငံ ဆီးရီး ယား အီဂျစ်သီဟိုရ် မြန်မာ တရုတ်ပြည် ဂျပန် အင် ဒို ချိုင်းနား မလေး ရှား ယိုး ဒယား စသည့် နေရာ အနှံ့ အပြားသို့ သာသနာ ပြုများ ရောက်လာ ခဲ့သည်။ ထို ခေတ် အခါ က ဗုဒ္ဓ ဘာ သာ သည်လည်း ကြီးကျယ် ထွန်းကားခဲ့ သည်။

တတိယမြောက်နေ့နံနက်
ပုဂံ ရောက်ပြီး တတိယ မြောက် နေ့ နံနက် တွင် ဟော်တယ် မှာ နံနက်စာ စားပြီး ဟော်တယ် က စီစဉ်ပေး သည့် ကြား နှင့် ရွေစည်းခုံ သို့ ထွက်လာခဲ့ ကြ သည်။ ကျန်စစ်သား ဝင်သည့် တောင် ဘက်မုခ် မှ ကျမတို့ မြေးအဘွား ဝင်ကြသည်။ ပုဂံမင်း များသည် ရွေစည်းခုံ ကို ဘုရားဖူး ရန် ထွက်လာ သည့် အခါ တောင်ဘက်မုခ် မှ ဝင် ကြ သည် ဟု ဆိုသည်။ ကျမ တို့ မြေးအဘွား လည်း ထို မုခ်ဘေး မှ ဖြတ်ကာ ဘုရား စောင်းတန်း အခြေ သို့ ရောက် လာခဲ့ ကြသည်။ မုခ်ဦး တွင် ထုံးရောင်ဖွေး နေ သည့် ခြင်္သေ့ကြီး နှစ်ကောင်သည် မားမားကြီး ရပ် နေ သည်။ ဒီ ခြင်္သေ့တွေ က ပုဂံခေတ်လက်ရာ တွေ မြေးရဲ့ အပိုင်းပိုင်းပြတ်နေတာ တွေ့ရလို့ ပြန်ဆက်ထား ရတာ အုတ်နဲ့ လုပ် ထား တဲ့ ခြင်္သေ့တွေ မဟုတ်ဘူး ကျောက်ခြင်္သေ့ သဲကျောက်ပေါ့ မြေးရယ်။ မုခ်ဝ အဝင် မှာ ကျောက် စာ တိုင် နှစ် တိုင် ကို တွေ့ရသည်။ ၄င်း ကျောက်တိုင်မှာ မွန်ဘာသာဖြင့် ရေးထိုးထား သော ကျန် စစ် သား၏ ကျောက်စာ များ ဖြစ် သည်။ အကြောင်းအရာ က တော့ မြတ်စွာဘုရား လက်ထက် ၌ ကျန်စစ်သားမင်း သည် ဗိသနိုးဖြစ်ခဲ့ ပြီး နောင်အခါ ထို သူမြတ်သည် အရိမဒ္ဒနပူရပြည်တွင် တရားစောင့်သောမင်း ဖြစ်လာမည်ဟု မြတ်စွာဘုရား၏ ဗျာဒိတ် စကားကို ရေးထားသည်ဟု ဆိုသည်။


( ဓါတ်ပုံ-ညီလင်းဆက် )

ဘွားဘွား က လက်အုပ်ချီ ရင်း ရွေစည်းခုံသမိုင်း ကို ဟို တစ်စ ဒီတစ်စ ပြောပြနေသည်။ အနော် ရထာမင်း သည် သရေခေတ္တရာ မှ နဖူးသင်းကျစ် ဓါတ်တော် ကို ပုဂံသို့ ပင့် ဆောင်ခဲ့ပြီးဆင်ဖြူ ၌ တင်ကာ ဓါတ်တော် မွေ တော်ကိန်း ဝပ် လိုသော အရပ်တွင် ဆင်ဖြူ ဝပ်စေ ဟု ဓိဌာန် ၍ လွတ် လိုက်သည်။ ဆင်ဖြူ ဝပ်ရာ သဲစည်းခုံ ၌ ရွေစည်း ခုံစေတီ ကို တည်သည်ဟု ဆိုကြတယ် မြေးရဲ့ အနော်ရ ထာမင်း လက် ထက် ၌ပစ္စယာ သုံး ဆင့် အထိသာ ပြီးစီး သည်ကို ကျန်စစ်သားက ဆက်၍ တည်ရ သည်။

ကျောက် အုတ် တို့ ကို ပုဂံ အ ရှေ့ ဘက် ခြောက်မိုင် အကွာ ရှိ တူရွင်း တောင်မှ စေတီ အရောက် ပုဂံပြည် သူ ပြည် သား များ စီတန်း ၍ လက် ဆင့် ကမ်းယူကြသည်ဟု ပုဂံ ရာဇဝင်များ က ဆိုသည်။ ရွှေစည်းခုံမှာ မြေ စိုက် စေ တီဖြစ်သည်။ ပစ္စယံသုံးဆင့် ရှိသည်။ ပစ္စယံ သုံးဆင့် စလုံး တွင် စဥ့်စိမ်းသုတ် ရုပ်ကြွ အုတ်ချပ်များဖြင့် ငါး ရာ့ ငါး ဆယ်ဇာတ်များ ကို သရုပ် ဖေါ် ထား သည်။ ပစ္စယံ သုံးဆင့်ပြီးလျင် ရှစ်ထောင့် ကြာပန်း၊ ကြည်းပန်း၊ ခေါင်း လောင်းပုံ၊ ရင်ဖွဲ့ ခါးပတ်၊ သပိတ်မှောက်၊ ဖေါင်းရစ်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ထို့ နောက် ပဉ္စလောဟာ၊ ခြရား သီး၊ ထီးတော် စသည်ဖြင့် တန်ဆာဆင် ထားသည်။

လေးဘက်လေးတန် မျက်နှာတိုင်း ၌ အုတ်လှေကား သုံး ဆင့် ခပ်ပြေပြေ တက်သွားသည်။ ပစ္စယာ ထောင့် စေ တီ များ၌ ကြည်ညိုဖွယ်ရာ ဖူးမြင်နိုင်သည်။စေတီတစ်ခုလုံးမှာ သဲစည်းခုံထက် ရွေတောင်ကြီး တစ်ခု ပေါက် နေ သည့် အလား နေခြည်တွင် ရွေရည် ဝင်းနေလေသည်။ ဒါ က ကြေးဂူတိုက်လို့ ခေါ်တယ် မြေး ရဲ့ ။ ဘုရား လေး ဘက် လေးတန် အလယ်တည့်တည့် ဘုရားဆင်းတုတော်ကို ဖူးမြှော်ကြည်ညိုဖို့ တသီးတခြားစီ တည် ဆောက်ထားတာ။ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဆို တဲ့ ပွင့်တော်မူပြီး ဘုရားလေးဆူရဲ့ မတ်ရပ်ပုံ ဆင်းတု တွေ ပဲ။ နောက်ရက်မှာ ထပ်လာတာပေါ့ မြေး ရယ်။ ရွေ စည်း ခုံ စေတီအားဖူးမြှော်ရင်း ကြည့်ရှု လေ့ လာစရာ တွေ တရက်နှင့် မကုန်နိုင် မှန်းသိသည်။ ဘွားဘွား ပင် ပမ်း နေ ပြီဖြစ် သည့်အတွက် ကျမတို့ ဟိုတယ်သို့ ပြန် လာခဲ့ ကြသည်။

ဟို တယ်သို့ ပြန်ရောက် ၍ နေ့လည် စာစားပြီးသည် နှင့် ကျမ သိလိုသည့် အချက်အလက် များ ကိုဘွား ဘွား အား မေးသည်။ ဗုဒ္ဓဘာသာ မဟာယာန ဂိုဏ်းဖြစ်ပေါ်လာ မှု နှင့် ဘယ်နေရာ မှာ ထွန်းကားတယ် ဆိုတာရယ် မဟာယာန နဲ့ ထေရဝါဒ ဘယ်လို ကွာခြားတယ်ဆိုတာကို ရှင်းပြ ပေးပါလား ဘွား ဘွား။ အသောက မင်း ကြီး နတ်ရွာစံပြီး သူ့ အင်ပါယာကြီး လည်း ပြိုကွဲဖို့ ဖြစ်လာချိန်မှာ ဗြာဟ္မဏတွေဟာ သူတို့ အယူဝါဒ တွေ ကို ခြေ သွက်သွက်နဲ့ ဖြန့် ဖြူးကြ တယ်။ ဗုဒ္ဓဘာသာ အရှိန် မှေးမှိန်သွား သော်လည်း တိုးတက်မှုရှိ တဲ့ အပိုင်း များ က ဥပ မာ ငါးရာစုနှစ် များအလယ်ပိုင်းလောက်မှာ နိုင်ငံတကာက သံဃာတော်များ ပညာသင်ကြားရ တဲ့ နာ လန္ဒ တ က္က သိုလ် ဆိုတာ စတင် တည် ထောင်တယ် ဂုပတားမင်းဆက် ၊ ပါလာမင်းဆက် တွေက တိုးချဲ့ ဆောက် လုပ် လှူဒါန်း ကြတယ်။

အဲဒီ တက္ကသိုလ်ကြီးမှာ လည်း နောက်တော့ မဟာယာနကြီးစိုးလာ ပြီး အဲဒီ ကျောင်းဆင်းဖြစ်တဲ့ ပဒ်မာဆမ် ဘာ ဝါ ကနေပြီး တိဘက် ဗုဒ္ဓဘာသာ လာမား ဂိုဏ်း ကို တည် ထောင်ခဲ့သူဖြစ်တယ်။ မဟာယာနဂိုဏ်း ကတော့ မေတ္တာ ဂရုဏာ။ တရားက ရှေ့ ဆောင်ဖြစ် တယ်။ သတ္တဝါအပေါင်း ကိုကယ်တင် ရန် မိမိ ကိုယ်တိုင်ဗောဓိ သတ္တ တည်း ဟူတဲ့ ဘုရားလောင်းကျင့်စဉ် ကို လိုက်နာခြင်း အမှုလည်းရှိတယ်။ သတ္တဝါ အပေါင်း ကို ဆင်းရဲဒုက္ခ မှ ကယ် တင် ရန်အတွက် နိဗ္ဗာန်မဝင်သေးပဲ စောင့်ရှောက်ကြသော ဗောဓိသတ္တများ တနည်းပြောရရင် ဘုရား လောင်းများ ကို လူတို့ ကိုးကွယ်ဆည်းကပ်ခြင်းအမှု လည်းရှိတယ်။

ထေရဝါဒ ဂိုဏ်း ကတော့ ဒါန ၊ သီလ ၊ ဘာဝနာ ပွား များ ၍ မဂ်ဖိုလ် နိဗ္ဗ္ဗာန် ဆိုက်ရောက်ရေး သည် အဓိက အ ချက် ဖြစ်တယ်။ ကျေးဇူးတင်ပါတယ် ဘွားဘွားရယ်။