Monday, February 23, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၅ )


ပုဂံ ၏ ညနေခင်းများ

ပုဂံ ညနေခင်းတွေ မှာ စောင်းအို လုလင်နှင့် ပင်တိုင်စံ မင်းသမီးလေး အကြောင်း ပုံပြင်တွေ ကျမ ကို ပြောပြ သည် စောင်းအို လုလင် က ကျွန်တော်ပေါ့ ဗျာ ထိပ်ထား ကို စောင်း အစား ကျွန်တော် ဂီတာ တီးပြီး သီချင်း ဆိုပြပါ့ မယ်။ သူ ပြောပြသည့် ပုံပြင်တွေ နားထောင်ရင်း မျက်ရည်ဝဲတော့ စိတ် က လည်းနုလိုက်တာတဲ့ သူ့ သီချင်းသံကို နားထောင်ရင်း ရင်ထဲမှာ တရှိုက်မက်မက် ကြည်နူးနေမိသလို ၊ အဘိဓမ္မာဆန်ဆန် သူ့ သီအိုရီ ကို ကျမ စူးစူးနစ်နစ် အတွေး တွေ ပွားစေခဲ့သည်။ ညောင်ဦးက ကျွန်တော်နေ တဲ့ အိမ်လေး ဆီ တနေ့ ခေါ် သွား အုံးမယ် ၊ တကယ်တော့ ရုပ်ဝတ္ထု မပြည့်စုံတဲ့ ကျွန်တော့် အိမ်ကလေးဆီ ပင်တိုင်စံမင်းသမီးလေး ကို ကျွန်တော် မခေါ်ရက်ပါဘူးဗျာ ၊ ကျွန်တော်နေတဲ့ အိမ်ကလေး မှာ ၊ မ အိပ်မက်သစ်ပင်တွေ စိုက်ခဲ့ မယ်ဆိုရင် ၊ ကျွန်တော် နှင်းဆီ ပန်းခင်းတွေ ပျိုးထား ပါ့မယ်တဲ့ ၊ ပုဂံ အရိမဒ္ဒန မှာ ဆရာမလေး လာလုပ်တဲ့ အချိန် နှင်းဆီတွေ လှိုင် လှိုင်ပွင့်နေပါပြီ။

လူငယ်လေး တသိုက် ၊ သူ့ ကိုတွေ့ တော့ ဆရာလေး ဆိုပြီး လေးစား စွာ နှုတ်ဆက်ကြသည်။ ပုဂံညောင်ဦး တ ဝိုက် က လူငယ်လေးတွေ ကို ကွန်ပျူတာ သင်တန်း အခမဲ့ သင်ပေးနေတာလေ ၊ ကျွန်တော် လည်း ငယ် ငယ် က ဆင်းဆင်းရဲရဲ နေခဲ့ရတာ ၊ ဆင်းရဲတဲ့ လူတန်းစား ကို သနားတယ် ပြီးတော့ ဒါက ကျွန်တော်တို့ ကိုယ်တိုင် မြင် နေ ရတဲ့ လက်တွေ့ အဖြစ်အပျက်တွေလေ ၊ ဒီမှာ နေရတာ စိတ်ချမ်းသာတယ် ကိုယ့် ကို တိုက်ခိုက် မယ့်သူ မရှိဘူး ရွာသားလေးတွေ ၊ စားစရာမရှိရင် ငါးလေးတွေ သွားဖမ်းပြီး ကြော်ကျွေး တယ်။

တချို့က ပုစွန်တွေ နှိုက်လာတယ် ၊ ဘယ် အိမ်ပေါ် တက်တက် ကျွန်တော်တို့ ပြောတာကို နားထောင်တယ် ဧရာ ဝတီမြစ်ရေ ကြီးလို့ ရွာတွေ ရေထဲပါသွားတယ် ၊ ကျွန်တော်တို့ ရွာသားတွေ ကို ဘေးကင်း ရာ တွေမှာ နေရာ ချ ပေးရတယ် ၊ အိမ်တွေ ဆောက်ပေးကြတယ် ၊ အဲဒါ ပြန်ပြောပြရရင် မိုးလင်းသွားမယ် မနက်ဆို ၈ နာရီ ရေကျ အမီ လှေနဲ့ ထွက်ရတယ် လေးနာရီ လှေစီးရတယ် ၊ ၁၂ နာရီရောက်တယ် ညနေ ၇ နာရီလောက် အထိ အိမ် ဆောက်တယ် ၊ ရေက မကျသေးတာမို့ ၉နာရီလောက် အထိ စောင့်ရတယ် ၊ မိုးတွေက အမြဲလိုလို ရွာနေတယ် မြစ်တစ်ခုလုံး မည်းမှောင်နေတာပဲ ၊ မြို့က ထွက်လာတဲ့ မီးရောင်ပြပြလေး ကို မျှော်ပြီး လှေကို မောင်းရတယ် ည ၁၂ ခွဲလောက်မှာ ပြန်ရောက်တယ် ၊ အဲဒီ အချိန် ချမ်းလွန်း လို့ တုန်နေပြီ ၊ အဲဒါ နဲ့ အရက် နဲနဲ သောက် ရ တယ် ပထမရက်တွေ က အရက်ဆိုင်မှာ အိပ်ရတယ် ၊ အိမ်ငှား မရလို့ ၊ အောက်ထပ် က အရက်ဆိုင် မှာ အိပ် ရတာ ၊ တပေခွဲလောက်ပဲရှိတယ် ၊ အခန်းက ၆ ပေ ပတ်လည်လောက်ပဲ ကျယ်တယ် ၊ ဈေး တွေကြီးလို့ တစ်ခန်း ကို သုံးယောက် အိပ်ရတယ် ၊ ခြင်တွေနဲ့ သတ်နေရတယ် ၊ နောက်တော့ အိမ်တစ်လုံး ရတယ် ၊ ဆောက်လက်စကြီး အိမ်သာ ၊ ရေချိုးခန်း ၊ အကာမရှိဘူး ၊ မီးမရှိ ဘာမရှိ ၊ ထမင်းကို ရွာက ဝိုင်း ချက်ကျွေးတယ် ၊ လှေပေါ်မှာ ဆိုရင်တော့ လှေသမားကို ကမ်းကပ်ခိုင်းပြီး ပုစွန်နှိုက်ခိုင်းတယ် ၊ အဲဒီပုစွန်ကို သံ ပုရာသီးနဲ့ ပွတ်ပြီး စားတယ်။

ဒီဒေသက လူတွေနဲ့ ၊ မြောက်ပိုင်းက ကချင်တွေ တစ်နေရာနဲ့ တစ်နေရာ ဆင်းရဲပုံ မတူကြဘူး။ ကျွန်တော်က ခရီးတွေ သွားဖြစ်ရင် တွေ့ နေရ တာကိုး ၊ သူများတွေ က ညဘက် ဆို အိပ် တယ် ကျွန်တော်က ညဘက် ရထားစီး ရင် ရွာတွေဖြတ်တိုင်း စိတ်မကောင်းဘူး ၊ ၇နာရီ ဆို ရွာတွေမှာ မီးမှောင် နေပြီ တစ် ရက် ကို ၁၂နာရီလောက် က သူတို့ အိပ်နေကြတယ် ၊ တကယ်တမ်းတော့ ကိုယ် မလုပ်ပေး နိုင်တာတွေ ကို ကြည့်ပြီး စိတ်ဆင်းရဲနေတာက ပိုဆိုးပါတယ် ၊ ကျွန်တော်က နောင်ဘဝတွေ ဘာတွေ ညာတွေ သိပ် အလေး အနက် မရှိ ပါဘူး ကောင်းတယ် မကောင်းဘူး ဆိုတဲ့ ဟာ က လူတိုင်း သေသေချာချာ သိကြပါတယ် ကိုယ့် ကို ကိုယ် ညာနေတဲ့ လူတွေလောက်ပဲ မကောင်းတာ ကို ကောင်းတယ် လို့ အတင်းပြော ၊ ကောင်းတာ ကို မ ကောင်း ဘူး လို့ အတင်း ပြောကြတာ ။


လူငယ်တဦး၏ ရိုးသားမှု နှင့် အမှန်တရား
လိမ်ညာနေသော ခေါင်းလောင်းသံများ
အချို့ ဦးခေါင်းတွေ ကို
ဘယ်လို ဦးနှောက်တွေလည်း ဖေါက်ကြည့်ဖို့
လွန်သေးသေးလေးတွေ လိုနေပြီ
အမှားများကို အမှန်နေရာသို့ ပို့ ရမည်

မသက်ဇင်

33 comments:

စိုင်းစိုင်းလားရှိုး said...

ဟုတ်ပါရဲ့ ။ ကိုယ့်ကိုကိုယ်ညာနေတဲ့သူတွေတာ မကောင်းတာကို ဇွတ်အတင်း ကောင်းတယ် ကောင်းတယ် ဖြစ်ချင်နေကြတာ အစ်မရေ။

Nge Naing said...

မသက်ဇင်ရေ ဇာတ်လမ်းကတော့ ဘယ်မှာ အဆုံးသတ်မယ် ဆိုတာတော့ ခန့်မှန်းလို့ မတတ်ဘူး။

"ကိုယ့် ကို ကိုယ် ညာနေတဲ့ လူတွေလောက်ပဲ မကောင်းတာ ကို ကောင်းတယ် လို့ အတင်းပြော.ကောင်းတာ ကို မ ကောင်း ဘူး လို့ အတင်း ပြောကြတာ ----
လိမ်ညာနေသော ခေါင်းလောင်းသံများ
အချို့ ဦးခေါင်းတွေ ကို
ဘယ်လို--ဦးနှောက်တွေလည်း ဖေါက်ကြည့်ဖို့--
လွန်သေးသေးလေးတွေ လိုနေပြီ--
အမှားများကို အမှန်နေရာသို့ ပို့ရမည်--"

ဆိုတာကိုတော့ ကြိုက်တယ်။

ရဲရင့်နီ said...

လိုနေတာတွေ အများအပြားပင်...
ငွေကြေးက လူ့ အထက်သို့ရောက်ရှိနေမှု့  က....
အဆိုးဆုံးဖြစ်နေသည်ဟုခံစားမိသည်....

Upasaka said...

ကျေးဇူးပါ မသက် ဇင်
မန္တလေးသားအဖေနဲ့ မြိတ်သူအမေတို့ မွေး လာတဲ့ကျနော့် အတွက် ပုဂံဟာမစိမ်းပါဘူး အခု လို ပြန်ဖတ်ရတော့ ပိုတောင် လွမ်း လာသေးတယ် အဟောင်းနဲ့ အသစ် တွေရဲ့ဝိရောဓိတွေကြားမှာ ပုဂံက လှနေတုံးပါ
အထူးသဖြင့်ဒဏ္ဍာရီဆန်နေတဲ့သမိုင်းတချို့ကို
ဖျောက်လိုက်ရင် တောင်မှ ပုဂံရဲ့၈ုဏ်သိက္ခာဟာ
ထည်ဝါမှုတွေရှိနေဦးမှာ ပါ။
ဆက် ရေး ပါ မျှော်နေပါတယ်။

ခေါင်ခေါင် said...

လူတစ်ယောက်ရဲ့.. ရိုးသားမှုနဲ့ အမှန်တရားတွေကို.. လာဖတ်သွားပါတယ် အမ...

တစ်ချို့ဦးခေါင်းတွေ ဘယ်လို ဦးနှောက်တွေလဲသိအောင်. ညီမလည်း လွန်သေးသေးလေးတွေနဲ့ တစ်ခါတစ်ခါ ဖေါက်ကြည့်ချင်မိတယ်.....

အများကြီးထပ်ဖတ်ရဖို့ မျှော်နေတယ်.. နော် အမ..

အလှတရား said...

အစ်မရေ သဘောကျပါတယ်။
လယ်ကွင်းတွေထဲ ရွာတွေထဲ
ကြုံရင်းတွေ့ရင်း
ဖေးမခဲ့ဖူးတာလည်းရှိတယ်
..

phyoe said...

အစ်မရေ လာဖတ်သွားပါပြီ ။ ကျောင်းပြန်ရောက်ရောက်ချင်း ။ ခရီးသွားဆောင်းပါးဟန်ဝတ္ထုလေးကို နှစ်သက်စွာဖတ်သွားပါတယ် ။

ကောင်းကင် said...

လူတိုင်း သေသေချာချာ သိကြပါတယ် ကိုယ့် ကို ကိုယ် ညာနေတဲ့ လူတွေလောက်ပဲ မကောင်းတာ ကို ကောင်းတယ် လို့ အတင်းပြော.ကောင်းတာ ကို မ ကောင်း ဘူး လို့ အတင်း ပြောကြတာ ----

အဲ့ဒီအချက်က ဟုတ်တယ် အစ်မ ...
တစ်ကယ်တော့ ကောင်းမှု မကောင်းမှု ဆိုတာ ဘာသာတွေ စည်းမျဉ်းတွေနဲ့ တိုင်းတာစရာမလိုပါဘူး
ကိုယ့်ရဲ့ စိတ်ငြိမ်းချမ်းမှုနဲ့တင် တိုင်းဖြတ်နိုင်ပါတယ် ... အဲ့လိုထင်မိတယ် အစ်မရေ ..

အလင်းရောင် said...

အစ်မရေ...ဒီအောက်ခြေလူတန်းစားဘ၀လေးတွေကို သရုပ်ဖော်ပြီး ရေးသွားပေးတာ အရမ်းကိုအကျိုးရှိလှပါ တယ်။ တကယ်ကိုခံစားမှုရသ မြောက်ပါတယ်အစ်မရာ...
အမြဲတမ်းအားပေးလျှက်ပါ...ကျန်းမာပျော်ရွင်နိုင်ပါစေ။

ဖိုးဂျယ် said...

လူငယ်တဦး၏ ရိုးသားမှု နှင့် အမှန်တရား
လိမ်ညာနေသော ခေါင်းလောင်းသံများ
အချို့ ဦးခေါင်းတွေ ကို
ဘယ်လို--ဦးနှောက်တွေလည်း ဖေါက်ကြည့်ဖို့--
လွန်သေးသေးလေးတွေ လိုနေပြီ--
အမှားများကို အမှန်နေရာသို့ ပို့ရမည်--
အဲ့စာသားလေးတွေ ကြိုက်တယ်။

အပိုင်း ၆ မျှော် -------------------> နေတယ် အမရေ
မဖတ်ရတာကြာတော့ မေ့တောင် မေ့နေတယ်
မသေချာလို့ နောက်ပြန်သွားကြည့်မှ ထင်တဲ့ အတိုင်းဖြစ်နေတယ်။

အမရာ said...

အမရေ...စာတွေဖတ်သွားတယ်....
အမရဲ့စာတွေကတော်တော်လေးစိတ်ဝင်
စားစရာကောင်းတယ်နော်....

Apprenticeship said...

မသက်ဇင်ေ၇.. ခန်းဆက်တွေဖတ်လာတာ ကြည့်ရတာ ပုဂံသားလေးက လူတော်လေးနော်... :P လွယ်လွယ်လေးနဲကတော့ ပြီးမယ် မထင်ပါဘူး ဆရာမလေး ပညာတော်သင် ခရီးအပြီးသေးသရွှေ့ပေါ့။ အားပေးပါတယ် :) :D :P

ဟိန်းညီ said...

အစ်မရေ.........
ဒီရက်ပိုင်းတွင်းမအားလို့
အစ်မဆီမှာစာလာမဖတ်ဖြစ်ဘူး
စုထားမယ်နော...
နောက်နေ့တွေလာဖတ်မယ်။
ခုတော့ရှုပ်နေတယ်အစ်မရာ။ :(

-----ဧဏီမင်း said...

ဘလော့မှာ အပိုင်း (၄)ဖတ်ပြီး ဆက်မျှော်နေမိတာကဗျ..မထင်မှတ်ပဲ ဒီမှာ အရင်တွေ့လိုက်တော့ အံသြပြီး ဆုံးအောင်ဖတ် သွားတယ်နော်.. ပရဟိတစိတ်လေးတွေမွေးဖို့ ပုံဖေါ်ချက်လေး ကောင်းလွန်းတယ်ဗျာ..ကနော်လည်း social works တွေလုပ်ရတာ နှစ်သက်မိပါတယ်..တတ်နိုင်တဲ့ဘက်ကပေါ့..

Phyo Evergreen said...

အစ်မရေ စာတွေဖတ်သွားတယ်.. မဖတ်ရတာကြာပြီ..။ အရှိကို အရှိအတိုင်းလက်ခံနိုင်အောင်တော့ လူတိုင်းကြိုးစားကြရမယ်လို့ ထင်ပါတယ်...။

Pinkgold said...

ဖတ်သွားတယ် အမရေ

cho said...

သက်ရေ...
တို့လာသွားတယ်နော်.... သတိရနေတယ်

ဖြိုးငယ် said...

မရောက်ဖြစ်တော့ ဒီဇာတ်လမ်း တော်တော်ရောက်နေပြီထင်တာ .. တော်သေးတယ် .. မဖတ်ရသေးတာ တစ်ပိုင်းပဲရှိသေးလို့ ဖတ်သွားတယ် .. အဆုံးသတ်ကိုတော့ ခန့်မှန်းက ခက်တယ်ဗျနော် .. အရေးအသားရော ဇာတ်လမ်းကိုရော စိတ်ဝင်စားတယ်ဗျာ.. ကြိုက်တယ်.

မမသီရိ said...

ပုဂံ ဇာတ်လမ်းလေးတွေ
လာဖတ်ခဲ့ ပါတယ်..
စိတ်ဝင်စား စရာ..ကောင်းပါတယ် ရှင်

♥ Acacia ♥ said...

ရောက်ပါတယ် စိတ်ပါဝင်စားစွာလေ့လာသွားပါတယ် cbox မတွေ့လို့ ဒီမှာရေးသွားပါတယ် ပျော်ရွှင်ချမ်းမြေ့ပါစေ

နေ့အိပ်မက် said...

ဆီဗုံးရှာတာမူးသွားတာပဲ.... မမရေ နေ့အိပ်မက်တော့ အေးအေးဆေးဆေးဖတ်ချင်လို့ သိမ်းထားတယ်.. ပြီးမှဖတ်တော့မယ်.. အိမ်ကမအိပ်သေးလို့ အော်နေပြီ... :P

မိုးသောက်(ရှမ်းလေး) said...

မသိတာတွေ အများကြီးကို အစ်မ Blog ကနေ သိလိုက်ရတယ်...

မိုးသောက်(ရှမ်းလေး) said...

အစ်မရဲ့ blog ကို အစောကြီးကတဲက လင့်ခ်ထားတယ်အစ်မရေ... အကောင်းဆုံး Blog ဆုရကတဲက လင့်ခ်ထားတာ... အဟီး... နောက်ပိုင်း ကျွန်တော်မရောက်ဖြစ်လို့... အစ်မ ကျွန်တော့ဆီလာလည်တာ အရမ်းကျေးဇူးတင်ပါတယ်...

မဆုမွန် said...

အစ်မရေ
တစ်ရက်ကို ၁၂နာ၇ီလောက် အိပ်နေရတဲ့ သူတွေရဲ့ အနာဂတ်အတွက် စိတ်ထိခိုက်မိတယ်..

pethein said...

မသက်ရေ --
အတွေးသစ် အမြင်သစ်တွေကောင်းလှပါတယ်
မရောက်တာလည်း ကြာသွားတယ်မသက်ရေ
နေကောင်းသွားပြီးပေါ့နော်
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ

TTK said...

စောင်းအိုရှင်ကို ကြိုက်လို့ ကျနော့်ဘလော့ထဲတင်လိုက်သည်

ဒူကဘာ said...

အမကြီးရေ ...ဘလော့ဂ်တွေဖက် မလှည့်အားပေမဲ့ လာလည်သွားတယ်၊ ကျန်းမာပါစေဗျား။

saiburma said...

ma thet zin
You are enrolled in a full-time informal school called "Life". Each day in this school you will have the opportunity to learn lessons. You may like the lessons or hate them, but you have designed them as part of your curriculum.

Sai...,

ဝှိုက်ဝှိုက် said...

ဖတ်သွားတယ် အမရေ ဖတ်လို့ကောင်းတယ်

သစ္စာ said...

အချို့ ဦးခေါင်းတွေ ကို
ဘယ်လို--ဦးနှောက်တွေလည်း ဖေါက်ကြည့်ဖို့--
လွန်သေးသေးလေးတွေ လိုနေပြီ--

တကယ်ကို ဖေါက်ကြည့်ချင်တယ်

နေဒေးသစ် said...

အပိုင်း ( ၅ ) ဖတ်ပြီး

မေမေခင် said...

လူတိုင်း သေသေချာချာ သိကြပါတယ် ကိုယ့် ကို ကိုယ် ညာနေတဲ့ လူတွေလောက်ပဲ မကောင်းတာ ကို ကောင်းတယ် လို့ အတင်းပြော.ကောင်းတာ ကို မ ကောင်း ဘူး လို့ အတင်း ပြောကြတာ ----

ဟုတ်တယ်နော်
အဲဒါအမှန်ပဲ

မေမေခင် said...

လူငယ်တဦး၏ ရိုးသားမှု နှင့် အမှန်တရား
လိမ်ညာနေသော ခေါင်းလောင်းသံများ
အချို့ ဦးခေါင်းတွေ ကို
ဘယ်လို--ဦးနှောက်တွေလည်း ဖေါက်ကြည့်ဖို့--
လွန်သေးသေးလေးတွေ လိုနေပြီ--
အမှားများကို အမှန်နေရာသို့ ပို့ရမည်--

ထပ်လာဖတ်ပြီးခံစားသွားပါတယ်