Sunday, April 27, 2008

ဒွတ္တဘောင်မင်းကြီးနှင့်သရေခေတ္တရာ

ဗုဒ္ဓ ဂေါတမ မြတ်စွာဘုရားသည် အိန္ဒိယ မြောက်ပိုင်း နယ်စပ် နီပေါ တွင် ဖွားမြင်ခဲ့ သည့် သာကီဝင် မင်းတပါး ဖြစ်သည်၊ မင်းသား ၏ အဘိုးသည် သာကီဝင် လူမျိုးနွယ်စု အတွင်း ခိုက်ရန်ဖြစ်ပွားပြီး မြန်မာနိုင်ငံ ဧရာဝတီ မြစ် ညာအရပ် တကောင်းတွင်လာနေသည်။ ထို မင်းအမည် မှာ အဘိရာဇာဟုခေါ်သည်။ ကြီးမြတ်သော မင်းဟု အ ဓိပ္ပါယ် ရသည်၊ အဘိရာဇာမင်း ကွယ် လွန် သည့် အခါ သားနှစ်ပါး က နန်းလုကြရာ အကြီးက တောင် ဘက် သို့ ထွက်လာပြီး ရခိုင် ဓည၀တီ သို့ ရောက် သွား သည်။ မင်းသားအငယ် က အထက် အညာ ကို အနိုင်ရ လိုက် သည်။
တကောင်း နန်းဆက် မှာ ကံရာဇာငယ် က စ သည့် မင်းဆက် ၃၂ ဆက် မြောက်တွင် နန်ချို ရှမ်းများရောက် ဖျက်ဆီး ၍ ပြည်ပျက်ခဲ့ရသည်။ ပြည်ပျက်စဉ် အစု ၃စု ကွဲကာ တစုသည် ဧရာဝတီမြစ်ရိုး တကောင်း တောင် ဘက် မလယ်အရပ်တွင် အခြေချ နေထိုင်ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ဗုဒ္ဓရှင်တော်ဘုရား လက်ထက် က ဟု ဆိုသည်။ အဘိရာဇာ အား ဘိုးဘွားအရာ မှ နှင်ထုတ်သည့် သဘောမျိုး နှင့် သာကီဝင် မင်း တပါးဖြစ်သည့် ဓဇရာဇာ သည် မလယ် အရပ်သို့ ရောက်လာပြန်ပြီး ငှင်း အရပ်တွင် ခိုကိုးနေသည့် သာကီဝင် မင်းသမီး တဦး နှင့် လက်ထပ်ပြီး ပျူမင်းဆက်ကို တကောင်းတွင် ထပ် ၍ ထူထောင်ကြပြန်သည်။ ၁၇ နှစ် မြောက် မင်းသည် မဟာရာဇာမင်းကြီး ဟု သောဘွဲ့ အမည်ဖြစ်သည်။ မဟာရာဇာမင်းကြီး တွင် နန်းဆက်ခံ မည့် သားတော်မရှိ ၍ ယောက်ဖတော် ခေပဒုတ အား အိမ်ရှေ့ အရာအပ်နှင်းသည် ခေပဒုတ မင်းသားသည် ရန်သူ အား နှိမ်နင်းရန် တပ်ထွက်လာပြီး ရန်သူအား နှိမ်နင်းပြီး နောက် မူလနေထိုင်ရာ နှင့် အလွန်ကွာဝေး သည့် နေရာရောက်နေသောကြောင့် နောင် အခါ သရေခေတ္ကရာဖြစ်မည့် နေရာ တွင် ရသေ့ဝတ် လိုက်သည်။

ရသေ့ကြီး ၏ ယောက်ဖ မင်းကြီး တွင် မျက်မမြင် မင်းသား ညီနောင်နှစ်ပါး ရှိသည် ။ မွေးစ ကပင် ဖျောက် ဖျက် ရန် မင်းကြီး က ခိုင်းသော်လည်း မယ်တော် က တိတ်တဆိတ် မွေးထားခဲ့သည်။ ညီနောင် မင်းသား နှစ်ပါး အ ရွယ်ရောက်လာသည့်အခါ မင်းကြီးကသိပြီး ဖေါင်ပေါ်တင်ကာ မြစ်ထဲမျှောလိုက်သည်။ မြစ်တွင် မျှောပါ လာရင်း မျက်စေ့ အလင်းရသည်။ မြစ်အောက်ပိုင်း အကြေအရပ်တွင်ရှိသည့် ဦးကြီးရသေ့ နှင့်တွေ့ ကာ ဦးကြီး ရသေ့ ၏ အစီအမံ အတိုင်း မဟာသမ္ဘ၀မင်းသား နှင့် ပျူမင်းသမီး နန်းခမ်းအား ထိမ်းမြားစေ ပြီး ပျူတို့ အား အုပ်ချုပ် မင်း လုပ်စေသည်။
ထိုသူတို့ မှ ဒွတ္တဘောင် မင်းသားကိုဖွားမြင်သည်။ ဒွတ္တဘောင် မင်းဖြစ်သည့်အခါ အလွန်ကျယ်ဝန်းသည့် သရေခေတ္တရာမြို့ ကြီးအား တည်ဆောက်ပါသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တ ဘောင်းမင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမ ဘုရား ၊ ညီးညီးဘုရား ၊ စီးစီးဘုရား ၊ ဘောဘော ဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။

သို့ သော် မင်းကြီးသည် သာသနာမြေ ( ဘုန်းကြီးကျောင်း ) မြေ အား သိမ်းယူခဲ့သောအမှု ကို ပြုခဲ့ သော ကြောင့် ပြည်သူတို့  ၏ လေးစားမှု အား မရ တော့ပဲ အခွန်အကောက်များ ရရှိမှု နည်းပါးခဲ့သည်။ မင်း ကြီး သည် ကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန် ရာ ၊ ပန်ထွာ( တောင်တွင်းကြီး ) မင်းသမီး နှင့်တွေ့ ပြီး ပန်ထွာမင်းသမီး အား ယစ်မူးရင်း မဆင်မခြင်သွား လာရာမှ မုန်တိုင်းမိကာ ရေနစ်ပျောက် ဆုံး သွားသည်။

ရာဇ၀င်ကျမ်း တို့ တွင် ဒွတ္တဘောင်မင်းကြီး အကြောင်း ရေးသားဖေါ်ပြကြရာ တွင် အရေးပါဆုံး အချက်မှာ ဗုဒ္ဓ သာသနာ အား စည်ပင်ထွန်းကား ရန် ဘုရင်များသည် ထောက်ပံ့ခဲ့သော်လည်း သာသနာ အား ထိခိုက် ဖွယ် ရာ တစုံ တခု လုပ်မိ သည် နှင့် ဘေးဒဏ် သင့် ၍ ပျက်စီး ရပုံ ကို ထင်ရှား စွာ ရေး သား ဖေါ်ပြ ကြသည် ကို လေးနက်စွာ သံဝေ ဂ ယူသင့်ကြပါသည်။


ကျမ်းကိုး
ဒေါက်တာသန်းထွန်း ၏
ပျူတွေဘယ်ပျောက်သွားသလဲ
သမိုင်း စာအုပ် စာမျက်နှာ ၁၈၁ မှ ၁၈၈ ထိ ကောက်နုတ်ဖေါ်ပြသည်။

( မှတ်ချက်။ ။ မွန် ၊ မြန်မာ ၊ ရခိုင် ရာဇဝင် များတွင် မိမိတို့ ၏ ပြည်နယ်နှင့် မင်းဆက်များကို ဗုဒ္ဓမပွင့်မီ ၊ လွန်ခဲ့ သော နှစ်ပေါင်း ၂၅၀၀ နှင့် အထက်ကျော်လောက်မှ စ၍ ဖေါ်ပြကြသည်။ ပျူရာဇဝင် ဟုဆိုရမည့် ဟန်လင်းကြီး
မြို့ သမိုင်းတွင်မူကား ပျူပြည်နယ်နှင့် မင်းဆက်များကို နှစ်ပေါင်း ၅၀၀၀ လောက်မှ စ၍ ဖေါ်ပြကြသည်။ မြန်မာရာ ဇဝင်တော်ကြီးတွင် သရေခေတ္တရာ မင်းဆက်ကို နှစ်ပေါင်း ၂၅၀၀ လောက်က ထူထောင်၍ မင်းဆက် ၂၇ ဆက်စိုးစံသည်ဟု ဖေါ်ပြထားသော်လည်း သရေခေတ္တရာမြို့ဟောင်းအား မြေလှန်သောအခါ မဟာသမ္ဘဝ ၊ စူဌသမ္ဘဝ ၊ ဒွတ္တဘောင် ၊ ဒွတ္တရန် ၊ အစ ရှာမရပဲ ဝိကာရာမ နှင့် ဝါရမ မင်းဆက်များ၏ အရိုးအိုးနှင့် အခြား သက်သေ အ ထောက် အထားအချို့သာ တွေ့ရပြီး ဝိကာရာမ နှင့် ဝါရမ မင်းဆက်များသည် ၇ ရာစု ခန့် လောက်က သရေခေတ္တရာတွင် စိုးစံခဲ့ကြောင်း ယင်းအရိုးအိုးပေါ်တွင် ရေးထိုးထားသည့် စာတမ်းများက သက်သေထူလျက်ရှိသည်။ )

Saturday, April 19, 2008

ရှေးဟောင်းရခိုင်လူမျိုးများ

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်း ဒေသ ဘက် သို့ ဝင်ရောက် သည့် အချိန် ကာလ လောက်မှာပင် အနောက် တိဗက် အနွယ်ဝင် အခြား လူမျိုးစုများ သည်လည်း ရခိုင်ကမ်းရိုးတန်း ဒေ သ များ သို့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသများဘက် မှ ၀င်ရောက် လာကြသည်။ ရခိုင်ကမ်းရိုး တန်း ဒေ သ နှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့်အခါ ရှေး အ ကျ ဆုံး မင်း ဆက် များ နှင့်ပြည်နယ်များ သည် စစ် တွေ ပတ် ၀န်း ကျင် ဒေသတ၀ိုက်လောက် တွင် အခြေခံသည် ကိုအများဆုံး တွေ့ရှိရသည်။

ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဒေသများ သို့ ၀င်ရောက် ခြေချသည့် လူ့ အဖွဲ့အစည်းများမှာ ပျူနှင့် အ နွယ် တူ ကမ်း ယံ လူမျိုး များ သည် ဧရာဝတီမြစ်ဝှမ်း အရပ် ဒေသများ မှ တ ဆင့်ဝင် ရောက် လာဖွယ်ရာ ရှိ သည်။ ရခိုင်ရာ ဇ၀င်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓ ပွင့် တော် မမူမှီ လွန်ခဲ့သည့် နှစ် ပေါင်း ၅၀၀၀ ကျော် လောက် မှ စ၍ဓည၀တီ ကို တည်ထောင် သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ ကြောင်း ဒုတိယ အကြိမ်ဓည၀တီကို တည်ထောင်သည့်ကံရာဇာကြီးမင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်း သည် ဗုဒ္ဓနှင့် ခေတ် ပြိုင် ဖြစ်ပြီး မဟာ မုနိ ရုပ်ပွား တော် ကို သွန်းလုပ် ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတ၀ိုက် တွင် တွေ့ ရှိရသည့် သ မိုင်း ၀င်ထောက်အထား များ အရ ပုဂံပြည် မတိုင်မှီ ရာ စု နှစ်များစွာ ကပင်ပြည်နယ် ကလေးများ မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည် အထူးသဖြင့် ဝေသာလီ သပိတ်တောင် ဓည၀တီပြည်နယ် များသည် သူ့ ခေတ်နှင့် သူ့ အခါ ထင်ရှားကြီး ကျယ် သည့်ပြည် နယ် များဖြစ် ခဲ့ကြသည်။ သို့ သော်ရခိုင်ကမ်းရိုးတန်း ဒေသတခုလုံးကို စည်းလုံး သိမ်း သွင်း သည့်မင်း ဆက် များ မရှိ ခဲ့ပေ။
ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းရှိ သံတွဲသည် ၁၃ရာစုခန့် အထိ သီးခြား ကင်းလွတ်ခဲ့သည့်ပြည်နယ်ဒေသ အဖြစ် တည် ရှိခဲ့သည်။မြန်မာ တနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များ၏ လက် အောက်ပြည် နယ် များ အဖြစ် ကျရောက်ခြင်း မရှိပဲ သီးခြား ကင်း လွတ်ခဲ့ပါသည်။

ကျမ်းကိုး
ရခိုင်ရာဇ၀င် ။ အောင်သာဦး
စန္ဒမာလာလက်ာရ။ ရခိုင်ရာဇ၀င်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။

Wednesday, April 16, 2008

ရှေးဟောင်းမွန်လူမျိုးများ ( ၂ )

၃ ရာစု ခန့် ဝန်းကျင် လောက် တွင် ဗီယက်နမ် နိုင်ငံတွင် ပေါ်ပေါက် ခဲ့သည့် စမ္ပပြည်နယ် နှင့် ငှင်း ၊ ၅ ရာစု လောက် တွင် စတင် တည်ထောင် ၍ ၁၃ ရာစု ခန့် လောက် အထိ အင်ဒိုချိုင်းနား ကျွန်း ဆွယ် နှင့် အ ရှေ့  အာ ရှတိုက် တောင်ပိုင်း တွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဇ နိုင်ငံ တော်ကြီး နှင့် ရှေး ဟောင်းမွန်လူမျိုး များ သည်ဆက်သွယ် မှု များရှိ ခဲ့ကြသည်။
ရှေးဟောင်း မွန်လူမျိုး များ သည် မဲနံ မြစ်ဝှမ်း ဒေ သ တ၀ိုက် တွင် နှစ်ကာလ များ စွာ နေထိုင်ပြီး မှ မြန်မာ နိုင်ငံတောင်ပိုင်း ဒေသ ဖြစ် သည့် တနသ်ာရီ ဘက်သို့ ပြန့် နှံ့ ဝင်ရောက်လာကြသည်။ ထို့ နောက် ဧရာဝတီမြစ် ၀ှမ်းများ နှင့် ၊ စစ်တောင်း ၊ မြစ်ဝကျွန်းပေါ် ပဲခူး ဘက် သို့ ပြန့် နှံ့လာပြီး ၉ ရာစုနှစ်ခန့် တွင် ဥသာပဲခူးပြည် နှင့် မာလ မင်းဆက် ကို ထူထောင်ကြသည်။
ထိုသို့ ထူထောင်စဉ် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက်ထူ ရန်ကြိုးပမ်း အား ထုတ်ကြ သည့် အိန္ဒိယ နိုင်ငံတောင်ပိုင်း ချိုလာ မင်းဆက်ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများ အကြောင်း အား မွန် ရာဇဝင် များ ၌ ရေးသားထားသည်။ ၁၀ရာစုခန့်က အိန္ဒိယတောင်ပိုင်း ချိုလာမင်းဆက် ရာဂျန်ဒရာ မင်းသည်မြန်မာနိုင်ငံ ပင် လယ်ကမ်းရိုးတန်းကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း ဖေါ် ပြထားသည်။

ခမာ လူမျိုးတို့  ၏ ကမ္ဗောဒီးယား နိုင်ငံ တန်ခိုး ကြီးမား ခဲ့ စဉ် က မွန်လူမျိုး တို့ မြို့ ပြ ပြည်နယ်များ ကို ယင်း တို့ နိုင်ငံ ၏ အစိပ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက် တွင် ဥသာ ပဲ ခူး အား မဲနံမြစ်ဝှမ်း မှ ဂျွန်းစစ်သည်များ လာရောက် တိုက်ခိုက် ၍ အနော်ရထာဘုရင်၏ တပ်များ က သွား ရောက် ကူ ညီ ရ ကြောင်း ရာဇ၀င်သမိုင်းများ၏ ရေးသားထားချက်များကို လည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။

ရှေး ဟောင်း မွန်လူမျိုးများ သည် တနသ်ာရီ မှ ပဲခူး အထိပြန့်  နှံ့ လာပြီး ရာစုနှစ် အနည်းငယ် အတွင်း မြစ်ဝ ကျွန်းပေါ် ဒေသတခုလုံး သို့ ပြန့် နှံ့သွားကြသည်။ ရန်ကုန် မြောင်းမြ ပုသိမ် ဖျာပုံ ကျိုက်လတ် တွံတေး ဒေး ဒရဲ လ ပွတ္ကာဓနုဖြူ ကျုံပျော် မြို့ များသည် မွန်လူမျိုးများ တည်ထောင် ခဲ့ကြ သည့်မြို့ ပြများ ဖြစ်ပြီး အ ခေါ် အဝေါ် များ သည် လည်း မွန်လူမျိုး တို့ ဝေါဟာရများ ဖြစ်သည်။

၁၄ ရာစုခန့် လောက်တွင် ရှေးဟောင်း မွန်လူမျိုး တို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ် နေ ခြင်း အား ရာမညတိုင်း ကို စတင်ထူထောင် သည့် ၀ါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင် က ပထမ ဦးဆုံး အကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ ရှေးဟောင်း မွန်လူမျိုးတို့  ၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာ နှင့် ယဉ်ကျေးမှု များ အား လေ့လာ တွေ့ရှိချက် တွင် ရှေးဟောင်း ပျူလူမျိုးများ ကဲ့သို့ ဗြဟ္မဏ နှင့် မဟာယန များ ကို မတွေ့ ရှိရ ပဲ ထေရ၀ါဒ ဆိုင်ရာ ယဉ်ကျေးမှုများ ကို သာ တွေ့ရှိရသည်။ ပိသုကာ နည်းမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်း သို့နွယ် ကာ ပါဠိစာပေ ကို သာသုံးစွဲပြီး အက္ခရာ အရေးအသား မှာ အိန္ဒိယ နိုင်ငံအရှေ့ တောင် ဘက် ကမ်းရိုးတန်းဒေသသုံး ပါလ၀ အက္ခရာမျိုးနှင့် ဆင်တူလေသည်။

ကျမ်းကိုး
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
အရှေ့တောင်အာရှ ရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။

Sunday, April 13, 2008

ရှေးဟောင်းမွန်လူမျိုးများ ( ၁ )

ရှေး ဟောင်း ပျူ လူမျိုး များ နည်း တူမြန်မာ နိုင်ငံ သ မိုင်း နှင့် ထေရ ၀ါရ ဗုဒ္ဓ ဘာသာ သာသနာ ကို အခြေခံအုတ် မြစ် ချပေး ခဲ့သူ လူမျိုး ကြီး တမျိုး မှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုး များဖြစ်သည်။ အရှေ့ အာရှ တိုက် ဆိုင်ရာ သမိုင်း ပညာရှင် များဖြစ်ကြ သည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက် တို့ က အာ ရှတိုက် တောင် ပိုင်း ဒေသများ သို့ ဦးစွာ ၀င်ရောက်လာ သည့် မောင်းဂွတ် အနွယ်ဝင်များ ဟု ဆိုကြသည် သို့ သော် တိဗက် တ ရုတ် နှင့် ထိုင်း တရုတ် အနွယ်ဝင် များ နှင့်မ ဆိုင်ပဲ သြစထရို အေရှတစ် အုပ်စုဝင် လူမျိုးနွယ် များ အ ဖြစ် မွန် ခမာလူမျိုး များအား သတ်မှတ်ကြသည်။

အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေ တ၀ိုက် ရှိ မွန်းဒတ်စ် လူမျိုး များ ၊ ဘင်္ဂလား နယ်ရှိ ဆန်သာလ် လူမျိုး များ ၊ အာ သံနယ် ရှိ ခါဆီး လူမျိုးများ ၊ မြန်မာနိုင်ငံ ရှိ ပလောင် ။ ၀ ။ မွန်လူမျိုး များသည် မူလ က လူမျိုး တမျိုး တည်းဖြစ် လိမ့်မည်ဟု ယူဆကြသည်။ သို့ သော် အာရှ တိုက်တောင်ပိုင်း သို့ ဝင်ရောက် လာကြ ရင်း အိန္ဒိယ ၊ မြန်မာ ၊ အင်ဒို ချိုင်းနား ကျွန်းဆွယ် ဒေသများ သို့ ပြန့် နှံ့ သွားကြ သည်ဟု သမိုင်း သုတေ သီများ က ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်း သို့  ၀င်ရောက် မလာခင် က ငှင်း တို့ နှင့် အ နွယ်တူ ခမာလူမျိုးများ နှင့် အတူ အင်ဒိုချိုင်းနား တ၀ိုက် တွင် နေထိုင် ခဲ့ကြကြောင်းသ မိုင်း ၀င် အ ထောက် အ ထားများ တွေ့ ရှိ ရ သည်။ ၁၃ ရာစု လောက် က မှ ယိုးဒယား ( ထိုင်းလင်း ) များ ဝင် ရောက် နေထိုင်ကြ သည်။

အင်ဒို ချိုင်းနား ကျွန်းဆွယ် မဲနံမြစ် ၀ှမ်းဒေသ တ၀ိုက် တွင် ရှေးဟောင်း မွန်လူမျိုး များ နှင့် သက်ဆိုင်သည့် မြို့ ဟောင်းမြို့ ပျက် များ ၊ ဘာသာ ကိုးကွယ် မှု ဆိုင်ရာ ၊ ရှေးဟောင်း ကျောက်စာ များ ကို တွေ့ ရှိရသည်။ မွန်ရာဇ၀င် ဟောင်း များ ၌ မဲနှံမြစ်ဝှမ်း မြောက်ပိုင်း ဒေသ ကို ယောနက တိုင်း ဟရိပုဉ္စပြည်နယ် ၊ တောင် ပိုင်းဒေသကို အယ ဇ္ဈယ တိုင်း ဒွါရ၀တီပြည်နယ် ဟု ရေးသား ဖေါ်ပြ ကြပြီး အာရပ် ခရီးသွား မှတ်တမ်း များ တွင် လည်း သုဝဏ္ဏဘုမ္ဓိ တိုင်း ၏ ကြီး ကျယ် ခန်းနား ပုံ ကို ရေးသား ထားကြသည်။ ရှေးဟောင်း မွန်လူမျိုး များ သည် အိန္ဒိယ တောင်ပိုင်း ဒေသများ နှင့်ကူးလူး ဆက်ဆံခဲ့ကြပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှု များ ကိုမြန်မာ နိုင်ငံတွင်းသို့ တင်သွင်းခဲ့ကြသည်။

ကျမ်းကိုး
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
အရှေ့တောင်အာရှ ရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။






Saturday, April 12, 2008

ရှေးဟောင်းပျူလူမျိုးများ

သဘာဝ အရိုင်းသက်သက် မျှသာ ရှိသေး သည့် မြန်မာနိုင်ငံတွင်း သို့  ပထမဦးဆုံး တိုးဝှေ့ ဝင်ရောက် လာ သည် မှာ အနောက်တိဗက်အ နွယ်ဝင်ပျူ လူမျိုးများဖြစ်သည်။ ပျူ နှင့် အနွယ်တူ ရှေးဟောင်းလူမျိုး များ သည် အိန္ဒိယ ပြည် အရှေ့ ဘက် ဒေသ များ မှ အစုစု ကွဲကာ ဧရာ တီမြစ်ဝှမ်း ဒေသတ၀ိုက် သို့ ပြန့် နှံ့ သွား ကြဟန်ရှိသည်။

ရ ခိုင်ကမ်း ရိုးတန်းဒေသသို့ လည်း ၀င်ရောက်သွားကြ သည် ဟု ယူဆ ရသည်။ ဧရာဝတီမြစ်ဝှမ်း ဒေသ တ၀ိုက် တွင် ပျူ လူမျိုး များ နှင့် သက်ဆိုင် သည့် ရှေးဟောင်းမြို့ ပျက် များ ၊ အသုံးအဆောင် များ အားရှာ ဖွေတူးဖေါ် တွေ့ ရှိ ချက် အရ ရှေးဟောင်း ပျူ လူမျိုးများ သည် မြန်မာ နိုင်ငံ အထက်ပိုင်း ရွေဘို ။ မုံရွာ။ အလောင်း တော် ကသဖ။ ဖိုးဝင်း တောင် ၊ ဟန်လင်းကြီး ၊ တကောင်း ၊ မြင်းခြံ ၊ ပုဂံ ၊ ပုပ္ပား ၊ မကွေး ၊ မင်းဘူး ၊ သရက် ၊တောင် တွင်းကြီး ။ ရမည်းသင်း ၊ ညောင်လွန် ၊ ပြည် ၊ မှော်ဇာနယ်များ တွင် မြိ့ ပြပြည်ရွာ များ ထူထောင် ခဲ့ကြ သည် ဟု အထောက် အထား အခိုင်အမာ တွေ့ ရှိရသည်။

သရေခေတ္တရာမြို့ ဟောင်း အား တူးဖေါ်သည့် အခါ ၀ိကရာမ နှင့်ဝါရမမင်းဆက် များ ၏ အရိုးအိုးများ ကို ရှာ ဖွေ တွေ့ ရှိရသည်။ ၀ိကရာမ နှင့် ၀ါရမမင်းဆက် များ သည် ၊ ၇ ရာစုခန့် လောက်က သရေခေတ္တရာ တွင် စိုးစံ ခဲ့ကြောင်း အရိုးအိုးများပေါ် တွင် ကမ္ဗည်း ထိုးထား သည့် စာတမ်းများ က အ ခိုင်အမာသက်သေခံ လျက်ရှိသည်။

ယင်း အနောက် တိဗက်အနွယ်ဝင် ပျူ လူမျိုးများ နှင့် အနွယ်တူလူမျိုး များသည် ။ အိန္ဒိယအရှေ့ပိုင်းဒေသ သို့ ရောက် နှင့် နေကြ သော အင်ဒိုအာရိယန် များ နှင့် နှစ်ကာလ အတန်ကြာ နေထိုင်လာခဲ့သော ကြောင့် အင် ဒို အာရိယန်များ ထံ မှ ကုန်ထုတ်လုပ်မှု အတွေ့ အကြုံ နှင့် ယဉ်ကျေးမှု များ ကို ဆက်ခံ ရရှိလာဖွယ်ရှိသည်။ တူးဖေါ်တွေ့ ရှိရ သည့် ကိုးကွယ်မှုဆိုင် ရာ ဘုရားပုထိုး များ ၊ ရုပ်ထုဆင်းထု များ ကိုကြည့် ၍ ၊ ဗြဟ္မဏ ၊ မ ဟာ ယန ထေရ၀ါဒ ဗုဒ္ဓဘာသာ စသည်ဖြင့် ရောထွေးနေကြောင်း ထင်ရှားစွာ တွေ့  ရသည်။ ပျူ တို့ ၏ ဗိသုကာနည်းမှာ ၊ အိန္ဒိယပြည် ဂုတ္တခေတ် သို့ နွယ် နေပြီး သက္ကတ နှင့် ပါဋ္ဌိစာပေများကို သုံးစွဲကြောင်းသိရသည်။ အက္ခရာ အရေး အသား မှာ အိန္ဒိယနိုင်ငံသုံးဗြဟ္ဓီသို့ နွယ်သည့် ကဒမ္ဘအက္ခရာမျိုးနှင့်ဆင်တူလေသည်။

သမိုင်း ၀င် တရုတ်နန်းတွင်း မှတ်တမ်းများ နှင့် တ ရုတ် စာ ပေ များ ၌ မြန်မာနိုင်ငံ ပျူလူမျိုး များ သည် ၄ ရာစုလောက် က တည်းက တိုး တက် ယဉ်ကျေးလျက် ရှိသည့် လူ မျိုးအဖြစ် ဖေါ်ပြထားသည်။ ၈ ရာစု လောက်တွင် ပျူလူမျိုးများတွင် ကြီးကျယ်ခန်းနားပြီး အံ့သြ လောက် ဖွယ်ရာ မြို့ ကြီး ၅ မြို့ နှင့် ပြည်နယ် ကလေး များ ၁၈ နယ် မျှရှိကြောင်း ပျူမင်းသား အရှင်သခင်များတွင် အချွေအရံများ ကျေးကျွန်သင်းပင်း များ ရှိ ကြောင်းယူနန်နယ် နန်ချိုဘုရင် သည် ပီကင်း တရုတ်ဧကရာဇ်ဘုရင်ထံ အဖူးအမျှော် လာရောက်သည့် အခါ သံအဖွဲ့ နှင့်အတူ ပျူ မင်းသားအကြီးအကဲ နှင့် ကချေသည် အဖွဲ့ တဖွဲ့ လည်းပါလာကြောင်း ဖေါ်ပြမှတ်တမ်း တင်ထားသည်။

မှတ်ချက်။ ။ ( ပျူလူမျိုးများနှင့်ပတ်သက်၍ သမိုင်းပညာရှင်များအတွင်း မတူကွဲပြား ရှုတ်ထွေးလျက်ရှိသော ပြသနာ တရပ်ကို အကျဉ်းသင့်၍ ဖေါ်ပြလိုပေသည်။ ယင်းမှာ အချို့ သမိုင်းပညာရှင်များက ပျူလူမျိုးတို့သည် တိဗက်အနွယ်ဖြစ်သည်။ သို့ မဟုတ် ထိုင်ရှမ်းအနွယ်ဖြစ်သည်။ ပျူလူမျိုးများသည် တရုတ်ပြည် ယူနန်နယ်နှင့် စုချန်နယ်များမှ လာသည်။ သို့ မဟုတ် အိန္ဒိယမှလာသည်။ စသည်ဖြင့် ကွဲပြားကြသည်။ ယင်းပြသနာမှာ မနုသဗေဒ ဘာသာ ဝေါဟာရ နှင့်လူမျိုးရေးဆိုင်ရာ ပညာရပ်များနှင့် အများဆုံး သက်ဆိုင်လိမ့်မည် ဖြစ်လျက် သမိုင်းရေးရာ ပြသနာ အနေနှင့်ကား ယေဘူယျ အနေမျှ လောက်သာ အကြုံးဝင် လိမ့်မည်ထင်ပါသည်။
မြန်မာနိုင်ငံသမိုင်းကို လေ့လာရာတွင် စဉ်းစားရုံမျှသာ ထည့်သွင်းဖေါ်ပြ လိုက်ခြင်းဖြစ်ပါသည်။ သို့ရာတွင် ပုဂံမင်းဆက်များအနက် ထင်ရှားသည့် ကျန်စစ်သားမင်းကို ရည်စူး၍ ၄င်း၏ သားတော် ရာဇကုမာရမင်းသား ရေးထိုးစိုက်ထူခဲ့သော မြစေတီ ကျောက်စာပါ ပျူစာအရေးအသားကို ထောက်၍ ပုဂံခေတ်သို့ တိုင်အောင် ပျူလူမျိုးများသည် သီခြားလူမျိုးတမျိုး အဖြစ်ဖြင့် ရပ်တည်လျက်ရှိနေတုံး ဖြစ်လိမ့်မည်ဟု ယူဆရန် ရှိသည်။ ပုဂံခေတ်နောက်ပိုင်းတွင်ကား ပျူလူမျိုးများ အကြောင်းအရာနှင့် ပတ်သက်၍ ရည်ညွှန်း ဖေါ်ပြသော မည်သည့် အထောက်အထားမျှ မတွေ့ရှိရတော့ချေ။ သီးခြားလူမျိုးတမျိုးအဖြစ်မှ ရပ်စဲကာ မြန်မာလူမျိုးများနှင့်ပြီးအပိုင် ရောယှက်ပေါင်းစပ်၍ လူမျိုးတမျိုးတည်း ဖြစ်သွားပြီဟု ယူဆရန်သာရှိသည်။ )

ကျမ်းကိုး
မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာဋ္ဌကီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

Sunday, April 6, 2008

ပုဂံပြည်မတိုင်ခင် မြန်မာနိုင်ငံနှင့် ထေရ၀ါဒသာသနာ

ရှေး နှစ် ပေါင်း ငါး ထောင် လောက် က အင်ဒို အာရိယန် လူမျိုး များ ဂင်္ဂါ ၊ အိန္ဒိယ နိုင်ငံ အိန္ဒု မြစ်ဝှမ်း များ သို့ မ
ဝင် ရောက် မပြန့် နှံ့ မီနှင့် မောင်းဂွတ် အနွယ်ဝင် များ အာရှ တိုက် အရှေ့ ပိုင်း အရှေ့ တောင်ပိုင်း များ သို့ မ၀င် ရောက် မပြန့် နှံ့သေး မီ က ပင် မြန်မာနိုင်ငံ တွင် ကျောက် လက်နက် များ အသုံး ပြု ခဲ့ သည့် ရှေး ဟောင်း လူမျိုးများ နေထိုင်ခဲ့ကြသည့် အ ထောက်အထား များ တွေ့ ရှိခဲ့ရသည်။

အထက် မြန်မာနိုင်ငံ ဒေသများ နှင့် ပဲခူးခရိုင် ၊ မြင်းခြံ ၊ ပခုတ္ကူ ၊ သရက် ၊ မကွေးခရိုင် နှင့် ရခိုင် တနသ်ါရီ ကမ်း ရိုးဒေသ များ တွင်အနှံ့အပြား ရှာဖွေတူးဖေါ်ရရှိခဲ့သည်၊ ကျောက် ခေတ် လူမျိုး များ နောက်ပိုင်း ၊ အာရှတိုက် အ ရှေ့ တောင်ပိုင်း သို့ ဝင်ရောက် လာကြသည့် အင်ဒိုနီး ရှင်း များသည် မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်း တွင် နှစ်အတန်ကြာ နေထိုင် သွားကြ သည် ဟု ယူဆရသည်။

မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တ၀ိုက်တွင် နှစ်ပေါင်း နှစ်ထောင်ကျော် က နေထိုင်သွားခဲ့ကြသည့် အင်ဒို နီး ရှင်း များအား ရှေးခေတ် ပထ၀ီ ပညာရှင်ကြီး တိုလေမီ က လူသားစား အရိုင်းအစိုင်းများ ဟုဖေါ်ပြခဲ့သည်။ မြိတ် ကျွန်းစုတ၀ိုက် ရှိ ဆလုံ လူမျိုးများသည် အင်ဒိုနီးရှင်း အကျွင်းအကျန်များ ဟု သမိုင်းပညာရှင် များက ယူဆ ကြ သည်။ နောက်ပိုင်း အင်ဒိုအာရိယန်လူမျိုးများသည် အိန္ဒိယပြည် သို့ ငှင်း။ မောင်းဂွတ်အနွယ်ဝင် များ သည် အာ ရှတိုက် အရှေ့ ပိုင်း ၊ တောင်ပိုင်း များ သို့ ဝင်ရောက် လာ ကြသည်။ ယင်း လူမျိုး ကြီး နှစ်မျိုး သည် အာရှတိုက် သို့ 
ဝင် ရောက်လာကြပြီုး တွေ့  ဆုံခဲ့ ကြ သည် ကို အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ က လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ငါးရာ နှင့် သုံးထောင်ခန့် အကြား ဟုခန့် မှန်းကြသည်။

မောင်းဂွတ် အနွယ် များ အား အိန္ဒိယ ပြည် တွင် အင်ဒို အာရိယန်များ က ဖိ သဖြင့် အ ရှေ့ တိဗက် နှင့် အနောက်တိဗက် ဟူ၍ အုပ်စုနှစ်စု ကွဲသွားသည်။ အရှေ့တိဗက်အုပ် စု က တရုတ်ပြည် ယူနန် နယ် ဘက် သို့ဝင် ရောက် သွားပြီး အနောက် တိဗက်အုပ်စု က အိန္ဒိယပြည် တွင်း သို့ ဝင်ရောက်သွားသည်။ အနောက် တိဗက်အုပ်စု ကို အင်ဒိုအာရိယန်များ က ဖိသဖြင့် မဏိပူရ ၊ အာသံနယ်များ မှ တဆင့်မြန်မာနိုင်ငံတွင်း သို့ဝင်ရောက် လာ ကြ သည်။ တရုတ်ပြည် ယူနန်နယ်ဘက် သို့ ဝင်ရောက်သွား ကြသည့် အရှေ့ တိဗက်အုပ်စု သည် တရုတ်က ဖိ သဖြင့် မြန်မာနိုင်ငံ တွင်းသို့ အစုစု ကွဲပြီး ၀င်ရောက် လာကြပြန်သည်။ သို့ ရာတွင် မောင်းဂွတ်အနွယ်ဝင် မွန်ခမာ လူ မျိုး စုများ သည် အင်ဒို ချိုင်း နား ကျွန်းဆွယ်ဒေသ များ သို့ သမိုင်း ၏ ခပ်စောစော အချိန် ပိုင်း လောက် က ပင် ဝင်ရောက် နေ ကြပြီဖြစ်သည်။
လွန်ခဲ့ သည့် နှစ်ပေါင်း၂၀၀၀ နှင့် ၂၅၀၀ကြား တွင် တရုတ်ပြည် ချင်မင်း ဆက် ဘုရင်များ သည် ယခင်က လူမျိုးစု အလိုက် အကွဲကွဲ အပြားပြား ပေါ်ပေါက်လျက် ရှိသည့်ပြည်နယ် များ အား တ ရုတ်ပြည်ကြီး တပြည် ဖြစ်လာရန် စည်းလုံးနိုင်ခဲ့ကြသည်။

ထို့ အတူ အိန္ဒိယပြည် ( တောင်ပိုင်း မှလွဲ၍ ) စန္ဒဂုတ်မင်း ဆက်ဘုရင် များ သည် လူမျိုး စု အလိုက် အကွဲကွဲအ ပြား ပြား ဖြစ်နေပေါ်နေကြသည့် ၊ မာဂဓ ၊ ၀ိဒေဟ ၊ ကောသလ ၊ ပဉ္စလာစသည့် ပြည်နယ်များကို သိမ်း သွင်းပြီး အိန္ဒိယပြည်ကြီး ကို စည်းလုံးနိုင်ခဲ့သည်၊ ထိုသမိုင်းများသည် အထောက်အထား ခိုင်လုံသည့် အိန္ဒိယ နှင့် တ ရုတ် ပြည် တို့ ၏သမိုင်းဝင်အဖြစ် အပျက်များဖြစ်သည်၊

ကျမ်းကိုး
မိတ်ဆိနာခေတ်ဦးဖုနန်ဖန် ၊ ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ ၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော ၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်