Wednesday, May 28, 2008

ပထမ မြန်မာနိုင်ငံတော်နှင့်အနော်ရထာ ( ၂ )

အနော်ရထာ ဘု ရင်နှင့် မြန်မာ အကြီး အကဲ များ သည် ပုဂံပြည် ၏ အင်အား ကို တိုး ချဲ့ဖြည့် တင်း သည် ဆိုရာ ၌ ထို အချိန်က မြန်မာလူမျိုး တို့ ၏ အဓိက ကုန်ထုတ် လုပ်ငန်းဖြစ်သော ရေသွင်း စိုက်ပျိုး ရေးလုပ်ငန်း ကို တိုး ချဲ့ စိုက် ပျိုး ၍ ကာကွယ် ရေး အင်အား ကို ဖြည့် တင်းခြင်း ပင်ဖြစ်သည်။
သမိုင်းဝင် အထောက် အထား များ အရ အနော်ရထာ ဘုရင်ဦး ဆောင် သော မြန်မာလူမျိုး များ သည်ကျောက် ဆည်နယ်ရှိ ပန်း လောင်း နှင့် ဇော်ဂျီမြစ် တို့  ကို အမှီပြု ကာ ဆည်ကြီး ၇ ဆည် ကို တူးဖေါ် ခဲ့ကြသည်။ ၃ နှစ် ခန့် အလုပ်သမား ပေါင်းမြောက် များ စွာ ဖြင့် လုပ်ဆောင်ခဲ့ရကြောင်း မြန်မာရာဇ၀င် ဟောင်းများ ၌ ရေး သား ထားသည်။
ထို့ အပြင် ပျက်စီးလျက် ရှိသည့် မိတ္ထီလာကန်ကြီး ကို လည်းပြန် လည်ပြင်ဆင် ၍ ရေသွင်း စိုက်ပျိုးရေး လုပ် ငန်း အတွက် ချဲ့ ထွင်ခြင်း ပြုကြသည်။ ထိုသို့  ဆည်ပေါင်း များ စွာ တိုးချဲ့လိုက် သဖြင့် အထွေထွေစီး ပွား ရေး သည် တရှိန် တည်း တိုးတက် လာကာ ကျောက်ဆည်နှင့် မိတ္ထီလာ နယ်များ သည် ပုဂံပြည် ၏ စပါး ကျီ များ ဖြစ်လာသည်။ စီးပွားရေး သော့ချက် လည်းဖြစ်လာသည်။
ပုဂံပြည် ၏ အင်အား သည်လည်း တိုးတက်ပြည့်ဖြိုးလာသည်။ ထို့ နောက် ရိက္ခာ ပေါင်းများ စွာကုန်ကျခံကာ လူမြောက် များစွာ သုံးပြီး ရှမ်းမြန်မာနယ်စပ် တလျှောက် ၊ ဗန်းမော်မှ တောင်ငူ အထိ ကင်းမြို့ ၄၃ မြို့ှ ဖွဲ့စည်း တည် ထောင်သည်။ ယင်းသို့  နယ်စပ်တလျှောက် ကင်းမြို့ ၄၃ မြို့ ကို စံနစ် တကျ ဖွဲ့ စည်း တည်ထောင်ပြီး နောက် မြန်မာနိုင်ငံ မြောက်ဘက် နှင့် အရှေ့  ဘက် ရှိ ရှမ်းနယ်များ သို့ ချီတက် သိမ်းသွင်းသည်။
ထို့ နောက် ပုဂံပြည် နှင့် ယူနန်အကြား ရှိ ရှမ်းနယ်များ ကို နန်ချိုနိုင်ငံ ဘုရင်များ က ငှင်းတို့ ၏ ပဏာဆက် အ ဖြစ်သဘောထား ကာ ဆက်သွယ် နေသောကြောင့် နိုင်ငံရေး အရ အနော်ရထာ ဘုရင် သည် နန်ချို နိုင်ငံသို့  ချီတက် သွားရောက် သည်။ ထိုအချိန်က နန်ချို နိုင်ငံ ၏ စည်းလုံး မှု ပျက်ပြား လျက် အင်အား လျော့ပါး နေ သော အချိန် လည်းဖြစ် ၍ အောင်အောင်မြင်မြင်ဖြစ်ခဲ့သည်။
အဘယ် ကြောင့် ဆိုသော် အနော်ရထာ ဘုရင် လက်ထက် မှ အစပြု ၍ ပုဂံ ခေတ် တလျှောက်လုံး မြန်မာနိုင်ငံ အတွင်း ရှိ ရှမ်းနယ်များ ၏ အရေး အခင်း နှင့် ပတ်သက် ၍ နန်ချိုမင်းဆက် ဘုရင်များ ၏ ၀င်ရောက် စွက်ဖက်မှု ကို မတွေ့ ရှိရသောကြောင့်ဖြစ်သည်။

မြန်မာ နိုင်ငံ မြောက်ဘက်နှင့် အရှေ့ ဘက် ရှိ ရှမ်းနယ်များ ကို အနော်ရထာဘုရင်သည် စည်းလုံး သိမ်း သွင်း သည်ဆိုရာ၌ ရှမ်း နယ်များ ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု တို့ အား ၀င် ရောက် စွက်ဘက်ခြင်း ပြု သည်ကို မတွေ့ ရပဲ နိုင်ငံရေး သဘော မျှ လောက်သာပင် ချုပ်ကိုင်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ် ၏ စော်ဘွားအ ကြီး အကဲ များ က ပုဂံမင်းဆက် ဘုရင်များ အား ခါ အား လျော်စွာ လက်ဆောင်ပဏာ ဆက်သွင်းခြင်းပြု ရ သော နိုင်ငံရေး ဆက်ဆံ မှု လောက် သာဖြစ်သည်။
မြန်မာနိုင်ငံ သမိုင်း တလျှောက်လုံး လိုလို ပင် ရှမ်းနယ် အကြီး အကဲ များ သည် မိမိတို့ ၏ ပြည် နယ် များ ကို မိမိတို့ သဘော အတိုင်း လွတ်လပ် စွာ အုပ်ချုပ်ခဲ့ကြ သည်သာ ဖြစ်သည်။
တနိုင်ငံလုံး ၏ အရေး နှင့် သက်ဆိုင် ခြင်းမရှိ လျှင် မြန်မာမင်းဆက် ဘုရင်များ သည် ရှမ်းပြည်နယ် များ ၏ အုပ်ချုပ်ရေး အား ၀င် ရောက်စွက် ဘက်ခြင်းပြု သည်ကို လည်း မတွေ့ ရချေ။


ကျမ်းကိုး
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )
မှန်နန်းရာဇ၀င် သုံးတွဲ

Friday, May 23, 2008

ပထမမြန်မာနိုင်ငံတော်နှင့်အနော်ရထာ (၁)

၁၁ ရာ စု ကျော်ခန့် အနော်ရထာ မင်း နန်းတက် ချိန် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘေးပတ်ဝန်း ကျင် အား လေ့ လော ကြည့် လျှင် အ ရှေ့ ဘက် တွင် အင်အားကြီး မား သည့် တရုတ် နိုင်ငံကြီး အား စည်း လုံး သိမ်းသွင်း ခဲ့ သည့် တန်မင်း ဆက်ပြတ်သွားပြီး ၊ ကင်း နှင့် ဆွန်မင်း ဆက်များ သည် တရုတ်ပြည် အား တောင်ပိုင်း နှင့် မြောက် ပိုင်း တပိုင်း စီ အုပ်ချုပ် နေ ပြီး ၊ ယူနန်နယ် ရှိ ထိုင်းရှမ်း တို့ ၏ နန်ချို နိုင်ငံတော် သည် တ ရုတ် ပြည်တောင်ပိုင်း ၊ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့်အာသံနယ်များအထိ တန်ခိုး သြဇာ ပြန့် နှံ့ လျက် ရှိသည်။

အင်ဒိုချိုင်းနား ကျွန်းဆွယ် ဘက် တွင် ခမာလူမျိုး များ ၏ ကျော် ကြား ထင်ရှား သည့် ကမ္ဗောဇ နိုင်ငံ တော်ကြီး
ရှိပြီး မြန်မာနိုင်ငံမှ တနသ်ာရီ ကမ်းရိုးတန်း နှင့် မာလာယု ကျွန်းဆွယ် များ အထိ တန်ခိုး သြဇာ ပြန့် နှံ့လျက် ရှိ သည်။
အင်ဒိုနီးရှင်း ကျွန်း စု ဘက် တွင် အိန္ဒိယ သမုဒ္ဒရာ အား လွှမ်း မိုး လု မတတ် တန်ခိုး သြဇာ ကြီး မား သည့် သီရိ
ဝိ ဇယ နိုင်ငံတော် ကြီး ရှိသည်။ အိန္ဒိယ နိုင်ငံ တောင်ဘက် ဒေသများ နှင့် သီဟိုဠ်ကျွန်း အပါ အဝင် ဘဂ်လား အော် နှင့် အာရပ် ပင်လယ် များ အထိ တန်ခိုးသြဇာကြီး မားသည့် ချိုလာ နိုင်ငံတော်ကြီး စည်းလုံးမှု ပျက်ပြား စ ပြု လျက် ရှိသည်။

အိန္ဒိယ နိုင်ငံ မြောက်ဘက် တွင် မူစလင် များ ၀င်ရောက် ကာ လွှမ်းမိုး စ ပြုလျက် ရှိသည် ကို မြန်မာနိုင်ငံဘေး ပတ်ဝန်းကျင်တွင် တွေ့ ရှိရ သည်။ မြန်မာနိုင်ငံ တွင်း၌ လည်း အလယ်ပိုင်း ဒေသတ၀ိုက် တွင် ပျူ နှင့် မြန်မာ ရောထွေး လျက် ငှင်း။ တောင်ပိုင်း ဒေသ တ၀ိုက် တွင် မွန်လူမျိုး များ သည် မြို့ ပြပြည် နယ် များ ထူ ထောင် လျက် လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အရ ကမ္ဗောဇ နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက် ရှိ သည်။

ရခိုင် ကမ်းရိုးတန်း ဒေသ တွင် ရခိုင်လူမျိုးစု များ သည် ကိုယ်ပိုင် အုပ် ချုပ်ရေး နှင့်ပြည်နယ် ကလေးများ ထူ ထောင်လျက် ရှိပြီး ၊ အိန္ဒိယ နိုင်ငံ ဘဂ်လား နယ် ၏ လွှမ်းမိုး တိုက်ခိုက် မှု ကို တွန်းလှန် ခု ခံ နေ ရ သော အ ချိန်ဖြစ်သည်။
မြောက်ဘက်နှင့် အရှေ့ ဘက် တောင်ကုန်း ဒေသ များ တွင် ရှမ်း လူမျိုး များ သည် စော်ဘွား များ အုပ်ချုပ် သည့်မြို့ ပြ ပြည်နယ် များ ထူထောင်လျက်ရှိသော် လည်း လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အား ဖြင့် ထိုင်းရှမ်းတို့ ၏ နန်ချို နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက်ရှိသည်။

ကယား ပြည်နယ် ၊ မိုးဗြဲနယ် နှင့် သံလွင် တ၀ိုက် တွင် ကရင်လူမျိုးစု များ သည် မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေး များဖြင့် တသီးတခြား နေထိုင် လျက်ရှိကြသည်။

တောင်ဘက် တလွှား တွင် အင်အားကြီးမား လာသည့် မွန်လူမျိုးများ သည်ငှင်း မြန်မာ နိုင်ငံမြောက်ဘက် နှင့် အရှေ့ ဘက် တလွှားရှိ ရှမ်း လူမျိုး များ သည် ငှင်း မြန်မာ နိုင်ငံ အပြင် အပ မှ တန်ခိုးကြီး နိုင်ငံ နှစ်နိုင်ငံ တို့  ၏ ကျော ထောက်နောက်ခံမှု ကို ရရှိ ထားကြ သဖြင့်။ အနော်ရထာမင်းနန်း တက်ချိန်ပုဂံပြည် တ၀ိုက် တွင် နေ ထိုင် လျက်ရှိကြ သည့်မြန်မာလူမျိုး များသည် ကြား တွင် အညှပ်ခံ နေရ သကဲ့ သို့ ရှိပြီး များ စွာ စိုးရိမ်ထိပ်လန့်  ဖွယ် ရာ အခြေသို့  ဆိုက် ရောက်လျက်ရှိသည်။

ထို ကဲ့သို့ ရင်ဆိုင် နေရ သည့်ပြည်တွင်း ပြည်ပ အခြေအနေ အရပ်ရပ် များကြောင့် ကိုးရာစုခန့် တွင် နန်ချို ထိုင်း ရှမ်း များ က ပျူလူမျိုးများ အား တိုက်ခိုက် ဖျက်ဆီးခြင်း ခံလိုက်ရ သောကြမ္မာမျိုး ပုဂံပြည်တွင် နောက် ထပ်တဖန် ဆိုက်ရောက် ခြင်း မရှိစေရန် အတွက် အနော်ရထာ ဘုရင် နှင့်မြန်မာလူမျိုး အကြီးအကဲ များ သည် မိမိတို့  ၏ ရပ်တည်မှု နှင့် လုံခြုံမှု တို့ အတွက် ရှေးဦးစွာ မိမိတို့ အင်အားကို တိုးချဲ့ခြင်း ဖြည့်တင်းခြင်းနှင့် စည်း လုံးခြင်း များပြုကြသည်။

ကျမ်းကိုး
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်မဟာ
မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )
မှန်နန်းရာဇ၀င် သုံးတွဲ

Thursday, May 15, 2008

ရှေးဟောင်း ရှမ်းနှင့် ကရင် အခြား လူမျိုးစုများ

မြန်မာ နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ ဘက် တောင်ကုန်း အရပ်ဒေသ များ တ၀ိုက် တွင် ပုဂံ ပြည် မ တိုင်ခင်နှစ် ရာစု အတန်ကြာ လောက် က ပင် ရှမ်းလူမျိုး များ နှင့် အနွယ် တူ လူမျိုးစု များ သည် ၀င်ရောက် နေကြ ပြီး မိမိ တို့ နှင့် အနွယ်တူ လူမျိုး စုများ အ လိုက် မြို့ ပြပြည်ရွာများ ထူထောင်ပြီးစီး ကြောင်း သမိုင်းဝင်အ ထောက်အထား များတွေ့ ရသည်။

မြန်မာ နိုင်ငံ မြောက်ပိုင်း ရှိ မိုးညှင်း ၊ မိုးကောင်း ၊ မြန်မာ နိုင်ငံ အရှေ့  ပိုင်း ရွှေလီမြစ် ၀ှမ်း ပြည်နယ် များ သည် ပုဂံပြည် မတိုင်မှီ က ပင် ထင်ရှား သည့်ပြည်နယ် များ ဖြစ်သည်။ ပုဂံခေတ် မတိုင်မှီ အ ထိ အနောက်တိဗက် အနွယ်ဝင် များဖြစ် သည့် ဂျင်းဖေါ ခေါ် ကချင်လူမျိုးနွယ်များ သည် ၀င်ရောက်ခြင်း မပြုကြ သေးပေ၊ ချင်း လူမျိုး များ သည် လည်း အနောက် ရိုးမ တောင်တန်း ရှိ စုံမရ တောင်ရိုး တ၀ိုက် သို့ စတင် ဝင်ရောက်ခါ စ ဖြစ် လိမ့်မည် ဟု ခန့် မှန်းကြ သည်။ မြန်မာ နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ ပိုင်း အရပ်ဒေသ များ သို့ ပြန့် နှံ့ ဝင် ရောက် ပြီး မိမိ တို့ ဘာသာ ဘာဝ မြို့ ပြပြည်နယ် များ တည်ထောင် ၍ နေထိုင်ကြ သည့် ရှမ်း လူမျိုးစု များ သည် ပုဂံ ပြည် မတိုင်မှီ အထိ မြန်မာနိုင်ငံ သမိုင်းဖြစ်ပေါ် တိုးတက် မှု နှင့် ဆက်စပ်ခြင်း မရှိသေးပေ။

ထို အချိန် က တရုတ်ပြည်ယူနန်နယ် တွင် တန်ခိုး အင်အားကြီးမား လျက်ရှိ သည့် နန်ချို နိုင်ငံ နှင့်သာ ပထ၀ီ ဒေသ အ ရ ဆက်စပ်နေသည် တကြောင်း။ လူမျိုးရေး အရ ဆက်စပ်နေသည် ကြောင့်လည်း ဖြစ်သည်။ မြန်မာ နိုင်ငံ မြောက်ပိုင်း ယခုခေတ် ကချင် ပြည်နယ် နှင့် အရှေ့ ပိုင်း တောင်ကုန်း အရပ်ဒေသ များ ဘက် သို့ ပြန့် နှံ့ဝင်ရောက် လျက်ရှိ သည့် ရှမ်းလူမျိုးစုများ ကဲ့သို့ ကရင်လူမျိုးစုများ သည်လည်း ယခုခေတ် ကယား ပြည် နယ်နှင့် မိုးဗြဲနယ် များ တွင်ငှင်း ၊ တောင်ငူ နှင့် စစ်တောင်းမြစ် အရှေ့ ဘက် တောင်တန်းဒေသများ တွင်ငှင်း ၀င်ရောက် နေကြပြီ ဟု အထောက် အထား များ တွေ့ ရှိရသည်။

အချို့ သမိုင်း သုတေသီများ က ကရင်လူမျိုး များသည် မြန်မာနိုင်ငံအတွင်း သို့ ရှေးအကျ ဆုံး ၀င် ရောက်လာကြ သည့် မောင်းဂွတ် အနွယ်ဝင် များ ဖြစ်သည်ဟု ယုံကြည် ကြသည်။ မြန်မာ နိုင်ငံရှိ ကရင် အမျိုးသား များ အ ကြောင်း ရေးသား ခဲ့သည့် မာရှယ်ဆို သူက ကရင်လူမျိုးများ သည် နီဂရစ်တိုများ မြန်မာနိုင်ငံ၌ နေထိုင်စဉ် ရှေး ပဝေသဏီ အချိန်လောက် က ပင် ၀င်ရောက် နေထိုင် လျက်ရှိသည် ဟု ယူဆ ကြောင်း ငှင်း ၏စာ အုပ် တွင် ရေး သား ဖေါ် ပြထားသည်။
မွန် ရာဇ၀င်ဟောင်းများ ၌ လည်း သုဝဏ္ဏဘုမ္မိ သထုံ ကို မတည်ထောင်မှီ က က ရင် လူမျိုးနွယ်စု ဖြစ်သည့် ပအို့ တောင်သူ များ သည် သထုံ ဘက် သို့ ဝင်ရောက် လျက် ရှိပြီဟု ရေး သား ထား သည်။
ကျမ်းကိုး
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅

ရှေးဟောင်းမြန်မာလူမျိုးများ

အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက်ဘာသာ ဝေါဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည် ပြု ထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူနယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက်ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။

တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ငှင်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည်။

ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက် ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့ သွားသည် ဟု ဆိုသည်။

မြန်မာ တို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေစိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထိုအချိန် ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက်ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည်ထောင်လေသည်။

ကျမ်းကိုး
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )

တရုတ်မှတ်တမ်းဟောင်း

ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်

Wednesday, May 14, 2008

ကြေကွဲဖွယ်ရာ ပျူနိုင်ငံ

ထိုင်းလင်း ခေါ် ယိုးဒယားရှမ်း များဝင်ရောက် မလာမှီ ယခု ထိုင်းလင်း ခေါ် ယိုးဒယားနိုင်ငံ တွင် အရှေ့  အာရှ တိုက်တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ် မဲနံမြစ်ဝှမ်း တ၀ိုက် တလျောက် ကြီးကျယ် ကောင်းစား ခဲ့ သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဒီးယားနိုင်ငံ ခေါ် ကမ္ဗောဇ နိုင်ငံတော်ကြီး ရှိ ခဲ့ သကဲ့ သို့ ၃ရာစု မတိုင်မှီက ဗီ ယက်နန် ဘက် တွင် စမ္ပပြည် များ တည်ရှိခဲ့သည် ကို ရှေးဟောင်းမြို့ ပျက် များ ၊ အဆောက်အဦး များ ၊ ရှေး ဟောင်း ကျောက်စာ များ တူး ဖေါ်တွေ့ ရှိခဲ့သည်၊ မွန်ရာဇ၀င်ဟောင်းများ ၌ မဲနံမြစ်ဝှမ်း မြောက်ပိုင်း ဒေသ အား ယောနကတိုင်း ဟရိပုဉ္စပြည် ၊ တောင်ပိုင်းဒေသ အား အယုဇ္ဈယတိုင်း ဒွါရာဝတီပြည်ဟု ဖေါ်ပြထားသည်။

ထို အချိန်ကာလ တွင် ထိုင်းရှမ်းများသည် တရုတ်ပြည်ယူနန်နယ် တွင် နန်ချို နိုင်ငံ အားတည်ထောင် ၍ တ ရုတ် ဧကရာဇ် အား လက်ဆောင် ဆက်သရသည့် တရုတ် လက်အောက်ခံ တိုင်းပြည်ဖြစ်သည်။ ပျူ လူ မျိုးများ နှင့် ပတ်သက်သည့် သမိုင်းဝင် တရုတ် စာပေ ထန် ရာဇ၀င်ဟောင်း များမှ ကောက် နုတ် ဖေါ်ပြ ရလျှင် ပျူ လူမျိုး များ အား ၄ ရာစုလောက် က ပင် များစွာ တိုးတက် ယဉ်ကျေးသည့် လူမျိုး တမျိုး ဖြစ်ပြီး ၈ ရာစု လောက် တွင်ကြီးကျယ် ခန်းနား အံ့သြဖွယ် ရာ မြို့ ကြီး ၅ မြို့  နှင့် ပြည်နယ် ကလေးပေါင်း ၁၈ နယ်မျှရှိ ကြောင်း ဘုရင်မင်း ၏ အမည် ကား မဟာရာဇာ တည်း ။ အမတ်ချုပ် အမည် က မဟာသေနတည်း။
မင်းကြီး မဟာရာဇာသည် ခရီး တို သွားသည့် အခါ ရွှေ ကြိုးခတ် သည့် ထမ်းစင်စီးပြီး ခရီးရှည်သွား လျှင် ဆင် စီး သည် မိဖုရား မောင်းမ တရာ ကျော် ရှိ သည်၊ မြို့ တော် တံတိုင်း ၀န်းကျင်အား စဥ့်အုတ်နှင့်စီထားသည်။

ကျုံး ကမ်းပါး ကို အုတ်စီသည်။ တံတိုင်း အတွင်း ၌ သောင်းပေါင်းများ စွာသော မိသားစု များ နေထိုင်ကြပြီး ဗုဒ္ဓ ဘာသာဘုန်းကြီး ကျောင်း တရာကျော် ရှိသည်။ ကျောင်း ပရ၀ုဏ် က အစ အခန်းများပါ ရွှေငွေ မွမ်း မံ ၍ အနီ အ၀ါ စသည့် တောက်ပသည့်ဆေးများ ရေးခြယ်ထားသည်။

ချိတ်ရောင်ခံ ဆေးသုတ်၍ ပန်းထိုး ကော်ဇောများဖြင့် ဖုံးလွှမ်းထားသည်။ လူ အများ သည် မေတ္တာရှေ့ ထားပြီး သတ္တ၀ါ အများ ကို သတ်ဖြတ်ညှင်းဆဲ ရန် ၀န်လေးသည်။ မာန်မာန နှိမ့်ချ ၍ရည်မွန်သည်ကိုတန်ဘိုးထားသည်။
စကားအပြောအဆိုနည်း၏ ဗေဒင်ဆရာပေါသည်။ ဤ မျှကြီးကျယ် ထင်ရှားသည့် ပျူလူမျိုးများ သည် ၉ ရာစု လောက်တွင် နန် ချို ရှမ်းများ ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် ဖျက်ဆီးမှု ကို ခံ လိုက်ကြ ရသဖြင့် ပျူ လူ မျိုး များ တည်ထောင်ခဲ့ သည့်မြို့ ပြ ပြည်နယ် များသည် ပျက် စီးသွား ခဲ့ရသည်။ ထို့ အတူ လူမျိုး တမျိုး အဖြစ် ရပ် တည်နိုင်ခြင်း မရှိတော့ ပဲ ကစဥ့် ကလျား ဖြစ်သွားရ တော့ သည်။

ကျမ်းကိုး
မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

မှတ်ချက်။ ။ ( ပျူလူမျိုးများနှင့် ပတ်သက်၍ သမိုင်းပညာရှင်များအတွင်း မတူကွဲပြား ရှုတ်ထွေးလျက်ရှိသော ပြ သနာ တရပ်ကို အကျဉ်းသင့်၍ ဖေါ်ပြလိုပေသည်။ ယင်းမှာ အချို့ သမိုင်းပညာရှင်များက ပျူလူမျိုးတို့သည် တိ ဗက် အနွယ်ဖြစ်သည်။ သို့ မဟုတ် ထိုင်ရှမ်းအနွယ်ဖြစ်သည်။ ပျူလူမျိုးများသည် တရုတ်ပြည် ယူနန်နယ်နှင့် စုချန် နယ်များမှ လာသည်။ သို့ မဟုတ် အိန္ဒိယမှလာသည်။ စသည်ဖြင့် ကွဲပြားကြသည်။ ယင်းပြသနာမှာ မနုသဗေဒ ဘာသာ ဝေါဟာရ နှင့်လူမျိုးရေးဆိုင်ရာ ပညာရပ်များနှင့် အများဆုံး သက်ဆိုင်လိမ့်မည် ဖြစ်လျက် သမိုင်းရေးရာ ပြသနာ အနေနှင့်ကား ယေဘူယျ အနေမျှ လောက်သာ အကြုံးဝင် လိမ့်မည်ထင်ပါသည်။ မြန်မာနိုင်ငံသမိုင်းကို လေ့လာရာတွင် စဉ်းစားရုံမျှသာ ထည့်သွင်းဖေါ်ပြ လိုက်ခြင်းဖြစ်ပါသည်။ သို့ ရာတွင် ပုဂံမင်းဆက်များ အနက် ထင် ရှားသည့် ကျန်စစ်သားမင်းကို ရည်စူး၍ ၄င်း၏ သားတော် ရာဇကုမာရမင်းသား ရေးထိုးစိုက်ထူခဲ့သော မြ စေတီ ကျောက်စာပါ ပျူစာအရေးအသားကို ထောက်၍ ပုဂံခေတ်သို့ တိုင်အောင် ပျူလူမျိုးများသည် သီးခြား လူ မျိုးတမျိုး အဖြစ်ဖြင့် ရပ်တည်လျက်ရှိနေတုံး ဖြစ်လိမ့်မည်ဟု ယူဆရန် ရှိသည်။ ပုဂံခေတ်နောက်ပိုင်း တွင်ကား ပျူလူမျိုးများ အကြောင်းအရာနှင့် ပတ်သက်၍ ရည်ညွှန်း ဖေါ်ပြသော မည်သည့် အထောက်အထားမျှ မတွေ့ရှိ သီးခြားလူမျိုး တမျိုးအဖြစ်မှ ရပ်စဲကာ မြန်မာလူမျိုးများနှင့် အပြီးအပိုင် ရောယှက်ပေါင်းစပ်၍ လူမျိုးတမျိုးတည်း ဖြစ်သွားပြီဟု ယူဆရန်သာရှိသည်။ )