Monday, October 27, 2008

နိုင်ငံတကာအခြေအနေ ( ဂျပန် )



ဂျပန် ဒိုင်းယက် လွှတ်တော် အတွင်းမှ အကြီးဆုံး အတိုက် အခံ ပါတီဖြစ်ပြီး ၊ မြန်မာ့ဒီမိုကရေစီ အရေးကို ပြတ်သား စွာ ထောက်ခံသည့် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဟတို
ယာမ ( အိုကီနာဝါ ကျွန်းမှ အမေရိကန် စစ်တပ် ဖယ်ရှား ရေး မပြုလုပ်နိုင်သဖြင့် နှုတ်ထွက်သွားသည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်) နှင့်စာရေးသူ တို့ စကား လက်ဆုံ အမှတ် တရ။
(ဂျပန် ဒီမိုကရက်တစ်ပါတီ ( မင်ရှုတို ) သည် ယခု ဒီဆောင်းပါး ရေးပြီး နောက် အာဏာရလာ သည့် တိုက်အခံ ပါတီဖြစ်သည်။ )
နိုင်ငံတကာ သမိုင်းကြောင်း နှင့် ယနေ့ ဂျီအိပ် ဟုခေါ်သည့် ကမ္ဘာ့ထိပ်သီး စက်မှု နိုင်ငံများ အကြောင်း ဆက် ရေးမည် ကြံသောအခါ ဂျပန်နိုင်ငံ အကြောင်း ရေးမိ သည် ဂျပန်နိုင်ငံသည် အာရှ တွင် အကြီးဆုံး စက်မှုနိုင်ငံကြီး ဖြစ်သည့်အပြင် ယနေ့မျက်မှောက် ကာလ တွင်အာစီယံ နိုင်ငံများ က ဂျပန် ၏ ခြေလှမ်းများအားကြည့်ပြီး သံယောင် လိုက်တတ်သောကြောင့် ရွေးချယ် လိုက်ရခြင်းဖြစ်ပါသည်။ ဂျ ပန် နိုင်ငံ တွင် နှစ်ပေါင်း ငါးဆယ်ကျော် တောက်လျှောက် အာဏာ ရလာသည့် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ (ဂျိမင်တို ) ၏ သမိုင်းကြောင်း အား လေ့လာကြည့်သော အခါတွင်။

ဂျပန်ပြည် တွင်း အုပ်စုဖွဲ့ ရာဇဝတ်မှု ကျူးလွန် သည့် ယာကူဇာ အဖွဲ့တဖွဲ့ အား ကြိုးကိုင် သူ လက်ျာအစွန်း ရောက် ဝါဒီ တဦးဖြစ် သူ ယိုရှီအိုကိုဒါမာ က အစပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၃၄ ခုနှစ် တွင် ကိုဒါမာသည် ဂျပန် အ စိုးရ အဖွဲ့ ဝင် ဝန်ကြီး အားလုံး ကို လုပ်ကြံ သတ်ဖြတ် ရန် စီစဉ်မှုဖြင့် ထောင်ကျခဲ့သည်။ ကိုဒါမာ ထောင်မှ လွှတ် လာပြီး နောက် ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ်ပြည်ရှိ ဂျပန်ရေတပ် အား လိုအပ်သည့် ပစ္စည်း များ ပေး သွင်း ယင်း ပိုမို ချမ်းသာလာခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အပြီး အမေရိကန် မှ ဖမ်းဆီးထားသည့် အချမ်းသာဆုံး စစ် ရာ ဇဝတ် ကောင် ၆၄၄ ဦး အနက် ဒုတိယ အချမ်းသာဆုံးဖြစ်သည်။

အမေရိကန် သည် ကိုဒါမာ နှင့် အပေး အယူလုပ်ပြီး ၄င်းတို့ ယာကူဇာ အဖွဲ့ ဟောင်းများ ထံ ပြန်လွှတ် လိုက် သည် ကိုဒါမာ သည် နိုင်ငံရေးပါတီ တခုအဖြစ် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အား စတင် ဖွဲ့စည်း တည် ထောင် လိုက်သည်။ သူ့ ပါတီ ကို ရှေးရိုး စဉ်လာ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ နှင့် ၁၉၅၅ တွင် ပေါင်းပြီး လျှင်ယနေ့ အထိ အာဏာရလာခဲ့သည်။

နောက်တဦး မှာ ကိုဒါမာ နှင့်အတူ ထောင်ကျခဲ့သည့် ကိုဒါမာ ၏ အရင်းနှီးဆုံး လုပ်ဖေါ် ကိုင်ဘက် စစ်ရာဇဝတ် ကောင် ရယိုအိချိ ဆာဆာကာဝါ ဖြစ်သည်။ ဆာဆာကာဝါသည် ဂျပန်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်ရေးအား နောက်ကွယ် မှ ကြိုးကိုင်ခဲ့သူ ဖက်ဆစ်တဦးဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ရှန်ဟိုင်း မှာ နေထိုင်လျက် တ ရုတ်ပြည်မ ကြီး မှ စိန်ရွှေများ လုယက်ပြီး ဂျပန်စစ်တပ် အား ထောက်ပံ့ခဲ့သည်။ လေယာဉ်စင်းလုံးဖြင့် ရောမ သို့ မကြာခဏ သွားရောက်ပြီး အာဏာရှင် မူဆိုလီနီ နှင့်မကြာခဏ တွေ့ဆုံခဲ့သည်။ ဟစ်တလာအား တွေ့ဆုံရန် ကြိုး ပမ်းခဲ့သော်လည်း မတွေ့လိုက်ရသည်ကို ဝမ်းနည်းပက်လက် ဖြစ်နေသူတဦးဖြစ်သည်။ သူသည် ကိုဒါမာ နှင့် အလွန်ရင်းနှီး သကဲ့သို့ ငှင်းတို့နှင့် ထောင်ကျဖေါ် ကျဘက် ၁၉၅၇ မှ ၁၉၆၀ အထိ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဖြစ်ခဲ့ သူ နိဘူဆုကီကီရှီ နှင့်လည်း အလွန်ရင်းနှီးကြသည်။

ဂျပန် နိုင်ငံတွင်း လောင်းကစား ဝိုင်း တည်ထောင်ပြီး ပိုမို ချမ်းသာလာသည်။ အနှစ် ၂၀ အကြာတွင်၎င်း အမည် ဖြင့် ဆာဆာကာဝါ ဖောင်ဒေးရှင်းအား တည်ထောင်လိုက်ပြီး ၄င်းဖောင်ဒေးရှင်းတွင် သူသည် အကြီးအကဲ ဖြစ် လာသည် အဖွဲ့ခွဲ တခု မှာ နီပွန်ဖောင်ဒေးရှင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ လက်ထက် တွင် ယင်းဖောင်ဒေးရှင်းများနှင့် မြန်မာနိုင်ငံအတွင်း တက်တက်ကြွကြွ လုပ်ကိုင်ခဲ့ ကြသည်။

နောက်တဦးဖြစ်သူ မှာ ကိုဒါမာ ကျောထောက်နောက်ခံပြုပေးခဲ့သည့် ခခုအဲအိ တာနာကာဖြစ် သည် နောင် တ ချိန် တွင် ဝန်ကြီးချုပ်ဖြစ်လာပြီး ဝန်ကြီးချုပ် ၏ နောက်ကွယ်မှ မင်းဆရာသည် ကိုဒါမာဖြစ်လာ သည်။ တာနာကာ သည် ပြည်သူ့ လုပ်ငန်း စီမံကိန်း များဖြစ်သည့် လမ်းတံတား အဆောက်အဦး ဆောက်လုပ်ရေးများ တွင် လာဘ် ငွေများ ယူပြီး ဂျပန် နိုင်ငံရေးသမားများ အား အသပြာ နိုင်ငံရေးသမား များဖြစ်ရန် လမ်းပြခဲ့သည်။ ၁၉၇၆ ခုနှစ် အမေရိကန် အထက်လွှတ်တော် အဖွဲ့ခွဲမှ လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံရေး သမား များနှင့် လုပ်ငန်းရှင်များ ကို အမေရိကန် ဒေါ်လာ ၁၃ သန်း လာဘ်ပေးမှု ဖြင့် ကိုဒါမာ နှင့် တာနာကာ နှစ်ဦး တို့ ထောင်ကျခဲ့ကြသည်။

တကယ်တော့ ဂျပန်လစ်ဘရယ် ဒီမိုကရက်တစ် ပါတီသည် လူတဦး မှ သည် အခြေတည်ပြီး အုပ်စုများနှင့် ပေါင်း စည်းထားသော နိုင်ငံရေးပါတီသာဖြစ်သည်။ နိုင်ငံရေးပါတီ တရပ်တွင် ရှိရမည့် နိုင်ငံရေး သဘောတရားအမြင် ဘာမှ မရှိပေ။ ဂျပန်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒ မှာ အမေရိကန်လုပ်သမျှ နေ့ မကူးမီ ၂၄ နာရီအတွင်း အပြေး အလွှား ထောက်ခံရေးပင်ဖြစ်သည်။ ကိုဒါမာသည် ဂျပန်လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ တွင် တန်ခိုးသြဇာ အရှိ ဆုံးဖြစ်ခဲ့ကာ အမေရိကန်တို့ အား ကောင်းစွာ အလုပ်အကျွေး ပြုခဲ့လေသည်။

၁၉၆၀ တွင် အမေရိကန် သမတ အိုက်ဆင်ဟောင်ဝါ မှ ဂျပန်သို့ အလည်လာမည့် ခရီးစဉ် တွင် အမေရိကန် ဆန့် ကျင်ရေးသမားများ အား ထိန်းချုပ် ပေးရန် အမေရိကန် ထောက်လှမ်းရေးများ သည် ကိုဒါမာ အား ချဉ်း ကပ် ခဲ့ သည်။ ထိုကိစ္စ အတွက် ကိုဒါမာ သည် သူ ၏ ယာကူဇာ အင်အား တစ်သောင်းရှစ်ထောင် ( ၁၈၀၀၀ ) ကို တပြည်လုံး အ နှံ့ ဖြန့်ထားခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးဖြင့် ထို ခရီးစဉ် ပျက်သွားခဲ့ဘူးသည်။

ကိုဒါမာ မှ အစ ပြုခဲ့သည့် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီသည် ယနေ့ အထိ နှစ်ပေါင်း ၅၀ ကျော် အာဏာရ လျက် ရှိပြီး ဂျပန် အကျိုး စီးပွား အတွက် လွယ်သည့် လမ်းစဉ် လိုက် ရေး သာဖြစ်သည်။ ဂျပန်နိုင်ငံသည် ဒီမို က ရေစီနိုင်ငံ စစ်စစ် မဟုတ် သကဲ့သို့ ဒီမိုကရေစီ ရရှိရန် ပင်ပင်ပမ်းပမ်း အားထုတ်ခဲ့ရသည့် အစဉ်အလာ လည်း မရှိခဲ့သည် ကို လေ့လာတွေ့ ရှိရပါကြောင်း။

နောက် ဆက်တွဲ လက်ဆောင်
ဂျပန်လူမျိုး ပါမောက္ခ ဖူကူယားမား ( ဂျွန်ဟော့ကင်းစ်တက္ကသိုလ် အဆင့်မြင့်နိုင်ငံတကာ လေ့လာမှု ဌာန ) ၏ စာ အုပ်တအုပ်ထွက်လာသည်။ ဖူကူယားမားအပါအဝင် ပညာရှင်အများစု ၏ သုံးသပ်ချက်များ တွင် ဒီမိုကရေစီ အ လို မရှိသည့် တိုင်းပြည်ကို အပြင်ကနေ အတင်းတွန်းပြောင်းချင်လို့ မရနိုင်ပါဘူးတဲ့။ ဒီမိုကရေစီ တိုးမြှင့်ရေး ဆို တာ သက်ဆိုင်ရာဒေသတွင်း နိုင်ငံရေး စီးပွားရေး လူမှု အပြောင်းအလဲ ( social change ) တွေ ရင့်မှည့် လာ စေရန်လိုပါသည်။ ဒေသတွင်းလူလတ်တန်းစားထွန်းကားရေး ၊ တက္ကနိုကရက်တွေ ပေါ်ထွန်းရေး ဒီမို က ရေ စီ ရေခံ မြေခံ ရင့်မာလာစေရန် ဝိုင်းဝန်းပံ့ပိုးပေးခြင်းက ပိုပြီး အခရာကျသည်ဟု ပြောကြားပြီး ၊ စိတ်ဝင် စားစရာ က ၊ မာက့်စ် လီနင်ဝါဒီ တွေရော ၊ အမေရိကန် နီယွန်ကွန်ဆာဗေးတစ် တို့ က ပါ ရီဗော်လူးရှင်းပုံစံ မျဉ်းတန်း ( linear ) လုက်ကိုင်နေကြခြင်းပါပဲဟု အီရတ်စစ်ပွဲ သုံးနှစ်မြောက်တွင် အားလုံးသိချင်နေကြသည့် ပြင်ပ မှ ဒီမိုက ရေစီ ကို တင်ပို့ ( export ) လို့ ရမရ ကို ပါမောက္ခ ဖူကူယာမားနှင့် ပညာရှင်များက တညီတ ညွတ် တည်း ဖြေ ကြား သွားခဲ့ကြပါသည်။

Thursday, October 16, 2008

နိုင်ငံတကာ အခြေအနေ ( အမေရိကန်)

ကမ္ဘာ့ သမိုင်း နှင့်ပတ်သက်ပြီး ပိုစ့်လေးတော့ တင်အုံးမည် ဟု စိတ်ကူးထားသည့် အတိုင်း ရေး မည် ကြံတော့ ရှေးပဝေသဏီ က ကမ္ဘာ့ သမိုင်း များ ထက် ဒုတိယ ကမ္ဘာစစ် ပြီး စ စစ်အေးခေတ် ကမ္ဘာ့ နိုင်ငံရေး အခြေ အ နေများ နှင့် ဆက်နွယ် သည့် ယနေ့ နိုင်ငံ တကာ စီးပွား ရေး အခြေ အနေ များအား ဦးစွာ ရေး သား ချင် စိတ် များပေါ်ပေါက် လာခဲ့ ပါသည်။

ဂျီ (၈) ဟု ခေါ် သည့် စက်မှု နိုင်ငံကြီး ရှစ်နိုင်ငံ အကြောင်း အား ရေးသွားမည်ဟု လည်း စိတ်ကူး ထား သဖြင့် အာစီယံ နိုင်ငံများ နှင့် နိုင်ငံရေး ဆက်နွယ် ပတ်သက်ခဲ့သည့် အမေရိ ကန်နိုင်ငံ ၏ စစ်အေး ခေတ် နိုင်ငံရေး အ ခြေအနေ နှင့် ယနေ့ အမေရိကန် ၏ စီးပွားရေး အခြေ အနေ ယေဘူယျ အား ပထမ ဦးစွာ ရေး သား လိုက် ပါ သည်။

ဒုတိယ ကမ္ဘာ စစ် အပြီး စစ်အေး တိုက်ပွဲ ကာလ တွင် အမေရိကန် က ဆိုဗီယက် ရုရှား အင်အားကြီး နိုင်ငံအား စိုးရိမ် စိတ်ဖြင့် ဂျပန်နိုင်ငံ မှ လက်ျာ အစွန်း ရောက် စစ်ဝါဒီ မြေအောက် ရာဇာ များအား အသုံးချပြီး နိုင်ငံ ရေး အ ရ ဂျပန် နိုင်ငံ အား ကျောထောက် နောက်ခံ ပေးခဲ့သည်။
အမေရိကန် ဈေးကွက်ကြီး အား ရက်ရောစွာဖွင့်ပေး ခဲ့ ခြင်းဖြင့်ငှင်း ကိုးရီးယား စစ်ပွဲ အားဖြင့်ငှင်း ဂျပန်နိုင်ငံ အား တဟုန်ထိုး တိုးတက် စေခဲ့ သည်။ အမေရိကန် ၏ ပုံ အော ထောက် ပံ့ ခြင်း ခံရသည့် အာရှ အာဏာရှင် နိုင်ငံ များ သည်လည်း အ ရည် အ သွေး ကောင်းလာပြီး ဈေး ပေါသည့် ဂျပန်လုပ် ပစ္စည်းများ၏ အဓိက ဈေး ကွက် များဖြစ် လာကြသည်။

အမေရိကန်နှင့် အနောက် အုပ်စု ၏ မျက်နှာသာ ပေးခြင်းကြောင့် အာရှ အာ ဏာ ရှင် နိုင်ငံ များ သည် အာရှ၏ ကျား များ နဂါး များဖြစ်လာကြပြီး ရွှေထီး ဆောင်းခဲ့ကြပါသည်။ ယနေ့ ကာလ တွင် အာဏာရှင်နိုင်ငံများ မှ ပြည် သူလူထုများ သည် ဒီမိုကရေစီရေး ရင့်ကျက်လာခြင်း အခြေခံ လူတန်း စားများ ၏ ဒီမိုကရေစီ မျက်နှာ စာ ကျယ်ပြန့် လာခြင်းတို့ကြောင့် ယနေ့ အမေရိကန်နှင့် အနောက် အုပ်စုတို့ သည် မိမိတို့ အားပေး အား မြှောက် ပြု ခဲ့ သည့် အာ ဏာ ရှင် နိုင်ငံများ၏ ဒီမိုကရေစီရေး ကို မျက်ကွယ်ပြု လို့ မရတော့။

ယနေ့ အမေရိကန်၏ စီးပွားရေး အခြေအနေ အား ယေဘူယျ ကြည့်လျှင် အမေရိကန် နိုင်ငံတွင် လူသန်းပေါင်း ၅၀ ကျော်သည် ဆင်းရဲ မွဲတေ နေသည် ဟု လေ့လာသူများ က ဆိုပါသည်။ အိုးအိမ်မဲ့ ပြည်သူများ ၏ ပြဿနာ ကို အမေရိကန် လူမှုဗေဒ ပညာရှင်များနှင့် တက္ကသိုလ် ကျောင်းသူ ကျောင်းသား သုတေသီများ က အသေ အ ချာ လေ့လာ ဆန်း စစ်နေ ကြ ပါသည်။

သုံး မကုန် ဖြုံး မကုန် နိုင်အောင် ချမ်းသာကြွယ်ဝသူ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးများနှင့် အလွန်ဆင်းရဲမွဲတေပြီး အဟာရချို့တဲ့ ငတ်မွတ်သေဆုံးရသည် အထိ လူသားချင်းတူ သော်လည်း မျှတမှု မရှိသည့် အလွန် ကွာဟ နေသည့် အခြေအနေများအား တွေ့နေရသည်။

ကုလသမဂ္ဂ က ထုတ်ပြန်သည့် ကြေညာချက် တခုတွင် ကမ္ဘာ့ အချမ်းသာဆုံး သန်းကြွယ် သူဌေး သုံးယောက်၏ ချမ်းသာကြွယ်ဝ ခြင်းသည် ဆင်းရဲသည့် နိုင်ငံ လေးဆယ့် ရှစ် နိုင်ငံ၏ ပြည်တွင်း အသား တင် ထုတ်လုပ်မှု တန် ဘိုးထက် ပိုပြီး များပြားနေသည်ဟု ဖေါ်ပြထား ပါသည်။ ထို့ အပြင် ကမ္ဘာ့လူဦးရေ နှစ် ဒသမ ငါး ဗီလီယံ သည် တရက် ဝင်ငွေ မလောက်မငှ နှင့် အသက်ရှင် ရပ်တည်နေရပြီး အဟာရ ချို့တဲ့မှု နှင့် သောက်ရေသန့် မရရှိ သူ များ ဖြစ်ကြသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်က ဖေါ်ပြထားသည်။

အမေရိကန်စာရေးဆရာ သတင်းစာဆရာတဦးဖြစ်သူ ဒေးဗစ်ကေရှစ် ပလာသည် ( The working poor - Invisible in America ) ဟူသည့် ငှင်း စာအုပ်တွင် အမေရိကန်နိုင်ငံမှ လူအချို့ ဆင်းရဲတွင်း နက်ပုံ ကို ဖေါ်ပြ ထား ပုံမှာ ပျက်စီး ဟောင်းနွမ်း နေသော လူနေ တိုက်ခန်း တခု မှ ကလေးငယ် တဦးသည် ရင်ကြပ်ရောဂါ ကို ဆိုးဆိုး ဝါးဝါး ခံစားနေရသည်။ ဆေးရုံ သို့ အရေးပေါ် ဆေးကုသ ရန်သွားရသည် မိခင်က တရိပ် ရိပ် တက် နေ သည့် ဆေးဘိုးဝါးခ ကို မပေးနိုင်ပါ။ ထို့ ကြောင့် မိခင်သည် နာမည်ပျက် စာရင်းဝင်သွားသည်။ အကြွေး ဝယ် ထား သည့် မော်တော်ကား အတွက် အတိုးနှုန်း ကို တက်စေသည်။
ကား ဟောင်း ကို ဝယ်စီးရသည်။ ထို မိခင်သည် ကားဟောင်း စီးပြီး ကား မကြာခဏ ပျက်သဖြင့် အလုပ်ခွင် သို့ မကြာခဏ နောက်ကျမှ ရောက်လာသည်။ ရာထူးတိုးရန် ၊ လစာ ကောင်း ရရန် အခွင့်အလမ်း နည်း ပါးသွားသည်။ ထို့ကြောင့် ပျက်စီးဟောင်းနွမ်းနေသည့် လူနေ တိုက်ခန်းထဲမှ ရုန်းမထွက် နိုင်တော့ပေ။
ထို ကလေးငယ်နှင့် မိခင်သည် ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံမှာ နေလျက် သူတို့ အပေါ် ဘေး ဆိုး ကပ် ဆိုး အုပ် စိုးနေသလို အမြဲထိတ်လန့် ကြောက်ရွံ့ နေရရှာသည်ဟု ရေး သား ထား ပါ သည်။

Thursday, October 9, 2008

နှင်းးဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၄)

ခုနှစ်ရက် မြောက်နေ့ နံနက်
ယနေ့ နံနက် တွင် ဟို တယ် ဝန်ထမ်း တံခါး လာ ခေါက် သည် နှင့် ကျမ တံခါး ဖွင့်ပေး လိုက်သည် စားစရာ တွေ ဘာ မှပါ မလာ တော့ပါ။ ဟိုတယ် ဝန်ထမ်း က ဧည့် သည် စောင့်နေ ပါသည် ဟုသာ အသိ ပေးပြီး ပြန် ထွက် သွား သည်။ မနေ့ ညနေ က သူ တည်းခို နေသည့် ဘားမား တည်းခို ရိပ်သာ တွင် ကောက်ညှင်းပေါင်း နှင့် အ ကြော် စားရန် ကျမ တို့ မြေးအဘွား အား သူ ဖိတ်ထားသည်။ ယခု သူ လာကြိုနေ ပါပြီ။ သို့သော် ဟို တယ် ဝန် ထမ်း လက်ထဲ တွင် နှင်းဆီနီ မတွေ့ မိသည် ကို ကျမ ရင်ထဲ ဘာလို့ များ ဟာ က နဲ ဖြစ်သွား မိပါလိမ့်။

ဒါပေမဲ့ ကျမ မျှော်လင့် နေမိသည့် နှင်းဆီနီ သည် ကျမ ထံ မလွဲ မသွေ ရောက် လာမည် ကိုတော့ ကျမ စိတ်ထဲ တွင် အလိုလို သိနေ သလို ပါပဲလေ။ သူ တည်းခို သည့် ဘားမားရိပ်သာ သို့ ကျမတို့ မြေး အဘွား ရောက် သည့် အချိန် တွင် နံနက် ၆နာရီ ရှိနေပြီ။ ရိပ်သာ စောင့် ပြင်ဆင်ပေး သည့် ပဲပြုတ် ဆီဆမ်း နှင့် ကောက် ညှင်း င ချိတ် ပေါင်း ပူပူနွေနွေး သည် နှမ်းထောင်း မွေးမွှေးလေး နှင့် အတူ အကောင်းဆုံး မြန်မာ့ရိုးရာ အစားအစာ တွေ ပါ ပဲ။ အကြော်စုံ ၊ ကျောက်ပန်းတောင်း လဘက်ရည်ချို နှင့် အ လွန် လိုက် ဘက် လွန်း လှသည်။

နံ နက် တိုင်း ဟို တယ် မှ ကျွေး သည့် ဘို စာတွေ ကို ကျမ တို့ မြေး အဘွား နေ့စဉ် စားနေရ သည်မှာ ငြီး ငွေ့ လှ ပါပြီ။ အရသာ ရှိလှသည့် မြန်မာ့ အစား အစာ များ စားလိုက်ရသည့် အတွက် ဘွားဘွား ကျေနပ်နေသည် ကို တွေ့ရ သည်။ ဘယ်လို ရေစက်မှန်း မသိပါ။ ဘွားဘွား သူ့ ကို ခင်မင်နေသည်။ သူ လူကြီးတွေ အပေါ် ဆက် ဆံသည်မှာ တယုတယ ရှိလွန်း ပြီး အလွန်ယဉ်ကျေး ကာ ရိုသေ ကိုင်းရှိုင်းသည် ကို တွေ့ရသည်။

ကျမ တို့ အားလုံး စားသောက်ပြီး သည်နှင့် ရွှေစည်းခုံ စေတီ သို့ သူ စီစဉ် ထား သည့် အငှား ကားဖြင့် ထွက် လာ ခဲ့ ကြ သည်။ ပထမ ဆုံး ဝက်ကြီး အင်း ဂူဘုရား သို့ ဝင်သည်။ ဒီ တ ခေါက် ဘွားဘွား အား ပုံစံ အမျိုး မျိုး နှင့် ဓါတ်ပုံရိုက် ပေးနေသည်။ သူ ဓါတ်ပုံ ပစ္စည်းများ ထည့်သည့် အိတ် ကို ကျမအား လှမ်း ပေးပြီး သူ နှင့် ဘွား ဘွား ကျမ နှင့် အ နည်း ငယ် အလှမ်း ဝေး သွားသည်။ တမင် တကာလား ။ မတော် တဆ လား ကျမ ဝေခွဲ မရခင် ဘွား ဘွား ကို ထားခဲ့ ပြီး သူ ကျမထံ ပြေးလာသည်။ မ ကို ကျွန်တော် နှင်းဆီ ပန်း လေး လာပေး တာ ပါ။

စူးရှ တောက်ပ နေသည့် သူ့ မျက်ဝန်း နက်နက်တွေ ကို ကျမ တွေ့ လိုက် ရရင်ပဲ သိမ်မွေ့ နက်ရှိုင်း လွန်းပြီး ဟန်ဆောင်ခြင်း ကင်းမဲ့သည်ကို ကျမ သိလိုက် သည်။ ကျမ ၊ ယောင်္ကျား တယောက် ၏ နှလုံးသား ရဲတိုက် တခုကို တံခါးသော့ ဖွင့်ကြည့်မိသည်။ ကျမ ကဲ့ သို့ ပင် သူသည် လည်း ပိတ်ထား သော ကျမ၏ နှလုံးသား ရဲတိုက် တံ ခါး တချပ် အား သော့ဖွင်ြ့ကည့် လိုပါ လိမ့်မည်။
ကျမမြင် မိသော အမြင် နှင့် ကျမ ကို သူ မြင်သည့် အမြင် များ နှစ်ဦးလုံး၏ နှလုံး သား လျှို့ ဝှက် ချက် တွေ က တူညီချင် မှ တူညီပါ လိမ့်မည်။ သူ့ ဘက်က အမြင် ဘယ်သို့ ရှိမည်ကို ကျမ မသိ နိုင်သော် လည်း ကျမ ၏ ပိတ်ထား သော နှလုံးသား တံခါး အား အနည်းငယ် ဖွင့် ပေးလိုက်မိ သည် ကတော့ သူ ၏ ရိုး သား ဖြောင့်မတ်ခြင်း နှင့် ပရဟိတ စိတ်တွေ ကို လေးစားခြင်း က စတင်လာခဲ့သည် ကို တော့ ကျမ အခိုင်အမာ ပြောနိုင်ပါလိမ့် မည်။

သူ နှင့် ဘွားဘွား ကျမ အနား ရောက်လာချိန်တွင်။ ပါးနပ်သည့် ဘွားဘွား က ကျမဆံပင်တွေပေါ်မှ နှင်းဆီနီကို တချက်ကြည့်လိုက်ပြီး ပြုံးယောင်ပြုသည်။ ကျမ ပါးပြင်သည် ပန်းနုရောင် ရှက် သွေး သန်းသွား လေသလား။

ကျမ တို့ ဂူပြောက်ကြီး ဘုရား အား လှည့် လည်ကြည့်ရှု နေရာ မှ သူ က ဂူပြောက်ကြီး ဘုရား နှင့် ပတ် သက် သည့် သမိုင်း ကို ရှင်းပြနေသည်။ ဝက်ကြီး အင်း ဂူပြောက်ကြီး ဘုရား က ကွမ်းတောင် ဟာ ဗုဒ္ဓဂါယာမှာ ရှိတဲ့ မဟာ ဗောဓိစေတီ ကွမ်းတောင်မျိုး လေ။ အဲဒီ ထဲ မှာ ငါးရာငါးဆယ် ဇာတ်တွေ ရေးခြယ် ထား တယ်၁၈၉၉ မှာ မြန်မာပြည် ကို ရောက်လာ တဲ့ ဂျာမန် လူမျိုး ဒေါက်တာသိုမန်း ဆိုတဲ့ သူက ပုဂံ လက်ရာ တွေ သယ်ယူသွား တာကြောင့် အဲဒီ ကွမ်း တောင် မရှိတော့ဘူးလို့။ မှတ်တမ်း တွေက ဂျာမန်လူမျိုး ဒေါက်တာသိုမန်း ခွာယူသွားတယ်လို့ အခိုင်အမာ ဆိုထား တယ်။ ၁၈၉၉ ခုနှစ် က မြန် မာ နိုင်ငံ ကို အဂ်လိပ်သိမ်းပြီး စ ဆိုတော့ ရှေးဟောင်းအနုပညာ ဥပဒေပြဌါန်းချက် က လည်းမရှိသေးဘူး။
ကျွန်တော် တို့ မြန်မာလူမျိုး နဲ့ မြန်မာပြည် ဟာ သူ့ ကျွန်ဖြစ်ခဲ့ရတာ ရင်နာစရာ ကောင်းပါတယ်ဗျာ အဲဒီ နိုင်ငံ ခြား သား တွေ ဟာ ရှေးဟောင်း ပစ္စည်း သူခိုးတွေ ပါ ဗျာ သူ က ဟိုး အဝေး တနေရာသို့ စိုက်ကြည့်ရင်း လေးလေး နက်နက် ပြောနေသ ကဲ့သို့ ဘွားဘွား က ခေါင်းတညိတ်ညိတ် ရှိကာ လူငယ် ဆိုသော်လည်း ဗဟု သု တ ကြွယ်ဝ စွာ ပြောနေသည် ကို သဘောကျ နေပုံရသည်။

ကျမ ကရော။ သူ့ အပေါ် ဘယ်လို မှတ်ချက်တွေ ပေးမှာလဲ။ အမျိုးသမီး အများစုသည် မိမိ၏ ဘဝ အာ မ ခံ ချက် အတွက် ပေးနိုင် သူကိုသာ အဓိက ရွေးခြယ် တတ်ကြသည်။ ထိုအထဲတွင် သူ မပါ နိုင်ပါ။ သူ သည် မ သပ် ယပ်သော ဆံပင် တွေ နှင့် အဝတ် အစား ဖရို ဖရဲ ဝတ် ကာ ဘဝ ကို ဒေါင်ကျကျ ပြားကျကျ နေတတ် ပြီး သူ့ ဘေးတွင် စာအုပ် တွေ ပုံကာ သူ့ ယုံကြည်ချက် သူမှန် သည်ဟု ထင်သော အလုပ်များ ကို စူးစူးနစ်နစ် လုပ် နေ တတ် သူ။ ဓါတ်ပုံတွေ လိုက်ရိုက် နေတတ် သည့် လူငယ် တ ယောက် ပါ ပဲ လေ။

Thursday, October 2, 2008

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၃)

ခြောက်ရက် မြောက်နေ့ နံနက်
ယ နေ့ နံနက် တွင် ဟို တယ် ဝန် ထမ်း တံခါး လာ ခေါက် သည် နှင့် ကျမ အ ပြေး အ လွား တံခါး ထ ဖွင့်လိုက် သည်။ ကျမ တစုံ တရာ ကို မျှော် လင့် နေ မိ သလား။ ဟိုတယ် ဝန်ထမ်း ယူလာ သည့် နံနက် စာများ နှင့်အတူ နှင်းဆီ နီ တပွင့် ကို မြင်လိုက် ရ သည် နှင့် ကျမ ရင်ထဲ လှိုက် ကနဲ ဘာကြောင့် ဖြစ် သွား ရတာလဲ ဘွား ဘွား အား ကျမ ဖြတ်ကနဲ တချက် ကြည့် လိုက် တော့ ဘွားဘွား လက် ကနဲ ပြုံလိုက်သည် ကို ကျ မ မြင် လိုက် ရပါသည်။ ဒီတခါ အပြာရောင် စာရွက်လေး က တမူ ထူးခြားနေပါသည် စာရွက် စဖွင့် သည် နှင့် မ ဟူသည့် တလုံးတည်းသော စာလုံးလေးကို ကျမ ရင်ခုန်စွာမြင်လိုက်ရသည်။
မ ကို ရှင်းပြ နေဖို့ မလိုဘူး လို့ ထင် တယ် ဘာလို့လဲ ဆိုတော့ မ ဟာ ကျွန်တော့် ကို နားလည် နေပြီးသားဖြစ် နေတယ်လို့ ကျွန် တော် ယူ ဆ ပါ တယ် ကျွန်တော် ပြောပါရစေ ဒီနေ့ တနေ့လုံး ကျွန်တော် ရွေစည်းခုံ မှာ ရှိ နေမှာ ပါ။

စာဆုံးတော့ ဘွားဘွား ဘက်လှည့်ကာ ကျမပြောလိုက်သည်။
သူ ရွေစည်းခုံမှာ တနေ့ လုံး ရှိနေမယ်တဲ့ ဘွားဘွား
မနေ့ ည က ဘွားဘွား နှင့် ကျမ ပါ ခင်မင် နေသည့် ဟို တယ် မန်နေဂျာ ၏ ပြောစကား တခွန်း က ကျမ အတွေး အိမ် ထဲ ကပ် ငြိ ပါ လာသည်။
အဲဒီ ဓါတ်ပုံ ဆရာ လူငယ်လေး က ကျွန်တော့် မိတ်ဆွေ တယောက်ရဲ့သားပါ။ ပရဟိတ စိတ် အင်မတန် ရှိ တဲ့ လူငယ် တယောက် ပါ ဗျာ။ သူ့ အကြောင်း ကျမ မစုံစမ်း လိုက်ရပဲ တစွန်းတစ သိ လိုက်ရပါသည်။ သူသည် ဖြောင့်မတ် ရိုးစင်းပြီး ပရမတ် ကျလွန်း သည့် လူငယ် တယောက် အဖြစ် စာ အုပ် ပုံတွေ ကြားမှာ နေထိုင်နေသည် ဆိုတာ ကိုတော့ ကျမကြမ်းဖျင်း သိလိုက် ရသည်။ သူ သည် ဝေဖန်ရေး သု ခမိန် တွေရဲ့ အစ်ဇင်တွေ ကို ကျောက်ဆောင်တခု မှာ ပစ်ပေါက်ခွဲပစ် တတ် သော အလွန်မှန်ကန် သည့် လုပ် ရပ်များ အား သူလုပ်ခဲ့သည်။
တကယ်တော့ သူသည် အဓိပ္ပါယ် ရှိသော လူ တယောက် အဖြစ် ပရဟိတ တွေ နှင့် စုစည်း သိပ်သည်း ဖွဲ့ထား သည့် လူငယ်တဦး ၏ ဘဝ ကို သူ ဖြတ်သန်း နေပါ သလား။ ဘယ်သို့ ဆိုစေ သူသည် ကျမ စိတ် ဝင်စား သည့် သူရဲ ကောင်း တယောက် ဖြစ်နေ သလား။

ကျမတို့ မြေးအဘွား ဟိုတယ် မှ ထွက် ရန် အဆင်သင့်ဖြစ်ချိန် တွင် နံနက်၁၀ နာရီခွဲ နေပြီဖြစ်သည်။ မြေး မေ့ နေတယ်လေ ရုတ်တရက် ဘွားဘွား က သတိပေး သလို ပြောလိုက် သည့် အတွက် ကျမ ကြောင် အန်းအန်း ဖြစ်သွားသည်။ အော် ဘွားဘွားရယ် ကျမရှက်ပြုံးတချက် ပြုံးလိုက်မိသည်။ ကျမ၏ ဆံပင်ရှည်တွေ ပေါ် နှင်းဆီနီ မပန်ရသေးပဲကိုး။

ကျမတို့ မြေး အဘွား ရွေစည်းခုံ စေတီ သို့ ရောက်သည် နှင့် တောင်ဘက်မုခ် ဘုရားစောင်းတန်း အခြေ တွင် ခပ် သွယ်သွယ် လူငယ် တဦး ကင်မရာလွယ် လျက် ကျမတို့ မြေးအဘွား လျှောက်လာသည်အား ငေးမော ကြည့် နေ သည် ကို အဝေးမှ လှမ်းမြင်နေရသည်။ ကျမတို့ထံ သူလျှောက်လာပြီး ဘွားဘွား အားနှုတ်ဆက် ကာ တွဲ ခေါ် သည် ကျမဘက် သို့ သူဖြတ် ကနဲ ကြည့်လိုက် သည့် အကြည့် သည် ကျမဘဝ တွင် ဘယ်သောအခါမှ မ မေ့နိုင် တော့ သည့် အကြည့် ဖြစ်နေ ပါရော လား။
ဘွားဘွားအား ဦးတည်ပြီး သူ့ ကိုယ်သူ မိတ်ဆက်နေသည့် ဟန်ပန် သည် အင်မတန်ရိုးသား တည်ကြည်သည့် လူ ငယ် တ ယောက် ဟန် ပါပဲ။ ဘွားဘွား ကတော့ သူ့ ကို ခင်မင်သွားသည် အမှန်ပါ။ ကျမ ၏ ဆံ ပင် တွေ ကြား ထဲမှ နှင်းဆီနီ အား သူ ငေးမောစိုက်ကြည့် နေသည် ကို လည်း ကျမ သတိထားလိုက် မိသည် ထို တဒင်္ဂ လေး အတွင်းမှာ ပင် သာယာသည့် ဂီတ သံ စဉ် လှိုင်း တွေ ကြား က သိမ်မွေ့ နက်ရှိုင်း လွန်းသော ရို မန် တစ် တခု ဖြစ်သွားသည် မှာ အသေအချာ ပါပဲလေ။