Sunday, January 18, 2009

မြန်မာပြည်မှ လူမျိုးစုများ

မြန်မာပြည် သမိုင်း ဖြစ်ပေါ် တိုးတက်မှု နှင့် မြန်မာလူမျိုးစုများ အကြောင်း ကို ပြုစု လေ့လာ မိ သမျှ ဘလောဂ့် ရေး နေရာမှ Richard K Diran ပြု စု ထားသည့် The Vanishing Tribes of Burma ဓါတ်ပုံ စာ အုပ်အထူ ကြီး ကို သွား တွေ့ ရသည်။ ကျမ မမြင်ဘူး သေးသည့် လူမျိုး စု အတော် များ များ ကို စာအုပ် ထဲ တွင် တွေ့ရ ပါသည်။ လေ့ လာနိုင် ရန် အချို့ဖေါ် ပြ ပေးလိုက် ပါ သည် နောက်မှထပ် မံ တင် ပေးပါမည်။

ရှမ်း











ဂျိမ်းဖေါ ( ကချင်မျိုးနွယ်စု )


























ကရင်













ကရင် အဖိုး နှင့် ဆေးမှင်ထိုး
















သက် ခေါ် ရှကာ့မါ ( ရခိုင်ပြည်နယ် )

ခေတ်ဟောင်း မြန်မာ ရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံအရ အာသမ် မြန်မာ သက် မျိုးနွယ်စု ဖြစ် သည်။

















ခါမီ ခေါ် မရို ( ရခိုင်ပြည်နယ် )
တောင်ပိုင်း ချင်း

















ဒိုင်းနက် ( ရခိုင်ပြည်နယ် )
စစ်တွေ နယ်
















လရှီ ခေါ် လချိုကွော ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း
ကချင်မျိုးနွယ်စု














မရူ ခေါ် လောင်းဝေါ ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း
ကချင်မျိုးနွယ်စု















ခါ့ခူး ( ကချင်ပြည်နယ် )
ကချင်မျိုးနွယ်စု

















အဇီး ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း

ခေတ် ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက်နှာ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ ကချင်မျိုးနွယ်စု ဖြစ်သည်။








ရဝမ် ( ကချင်ပြည်နယ် )
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ -လိုလို မျိုးနွယ်စု ဖြစ်သည်၊

















လီဆူး ( ကချင်ပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ လိုလို မျိုးနွယ်စု ဖြစ်သည်၊














ယအိုး ( ရှမ်းပြည်နယ် )














ပလောင်( ရှမ်းပြည်နယ် တောင်ပိုင်း အနောက်မြောက်
နှင့် အရှေ့ မြောက်ပိုင်း )
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရသြစထရိုအာရှ မွန်ခမာ မျိုးနွယ်စု ဖြစ်သည်။















ယင်းဗော်
( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။











ပအို့ ခေါ် တောင်သူ ( ရှမ်းပြည်နယ် ) နှင့်သထုံ
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စု ဖြစ်သည်။















တောင်ရိုး ခေါ် တိုရု
( ရှမ်းပြည်နယ် တောင်ပိုင်း အနောက်ဘက် မြေလတ်)
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ ( အာသံမြန်မာ ) မျိုးနွယ်စု ဖြစ် သည်။















မုံ ( ရှမ်းပြည်နယ် အရှေ့ပိုင်း )

















ယင်းနက် ခေါ် ရိန် ( ရှမ်းပြည်နယ် )


















အခါ ခေါ် ကော် ( ရှမ်းပြည်နယ် အရှေ့တောင်)


















( အနီ ) လားဟူ ရှမ်းပြည်နယ်




















ပရဲ အလှ နှင့် ချင်း
( ချင်းပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက် နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် အာသံမြန်မာ မျိုးနွယ်စု ဖြစ်သည်၊












ကယန်း ( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်၊















ဗရက် ( ကယားပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက် နှာ၂၈လူမျိုးနွယ်စု ဆင်းသက်ပုံအရ ကရင်မျိုးနွယ်စု ဖြစ် သည်။















ဗရက် ( ကယားပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စု ဖြစ်သည်၊













လာ့တ(ခေါ်) ဇယိန်
( ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် မြောက်ပိုင်း )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်မျိုးနွယ် စု ဖြစ်သည်၊










(အနက် ) လားဟူ( ရှမ်းပြည်နယ် )

















နာဂ ( ချင်းပြည်နယ် ) ဆွမ်မရ တောင်တန်း ဒေသ
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် အာသံမြန်မာ မျိုးနွယ် စု ဖြစ်သည်၊















ဝ ( ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်းဒေသ )


















ပဒေါင် ( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။

Thursday, January 1, 2009

ဒုတိယ မြန်မာနိုင်ငံတော်


ရှေးခေတ်မြန်မာ့အင်ပါယာ ( စွယ်စုံကျမ်း အတွဲ ၁ - စာမျက်နှာ ၃၇၄ )


စာမြည်း
နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘုရင့်နောင်ရဲ့ အမျှော်အမြင် ကြီးမားသော ဆောင်ရွက်ချက်များမှာ မြန်မာ နိုင်ငံတော် အတွင်း ရှိ လူမျိုး တစ်မျိုးက အခြားသော လူမျိုးများကို လက်ဝါးကြီး အုပ်အနိုင်ကျင့်မှု မရှိရ အောင် ညီတူတန်:တူ အခွင့် အရေး ပေး ထားခြင်း ပင်ဖြစ်သည်။


မွန်မြန်မာရှမ်း လူမျိုးတို့ ဖိုခနောက်ဆိုင် ယှဉ်ပြိုင် အားထုတ် လျှက်ရှိစဉ် ကရင်နှင့် အနွယ်တူ လူမျိုးစု များသည်ယ ခုခေတ် ကယားပြည် မိုးဗြဲနယ် သထုံနယ် တောင်ငူနှင့် ပဲခူးနယ်များ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ဒေသ တ ၀ိုက် တွင် ပျံ့ နှံ့ လျက်၎င်း ချင်းလူမျိုးများသည် စုန်မရ တောင်ရိုးမှ အနောက်ရိုးမ တောင်တန်း တစ် လျှောက် သို့ ၀င်ရောက်လျှက်၎င်း ကချင်နှင့်အနွယ်တူ လူမျိုးစုများသည် ဟူးကောင်း တောင်ကြားလမ်း မှ မြန်မာနိုင်ငံ မြောက် ဘက်စွန်း အရပ်ဒေသ များကို ၀င်ရောက်ပျံ့နှံ့လျက်၎င်း ရှိနေကြသည်။

စစ်တောင်းမြစ်ဝှမ်း တစ်ဝိုက်တွင် တောင်ငူနယ်ကို အချက်အခြာ ပြုပြီး အင်အား စုဆောင်း ကြ သောမြန်မာ လူမျိုး အကြီး အကဲများနှင့် ခေါင်းဆောင်များသည် ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို စည်းလုံး သိမ်းသွင်းပြီး ပြန်လည် ထူထောင်ခြင်းပြုကြသည်ကို တွေ့ရသည်။ တောင်ငူနယ်သည် ၁၃ ရာစုခန့် လောက်မှ အစပြု ပြီး အခြေခံဒေသ တခုဖြစ်ကြောင်း တွေ့ရှိရသည် မူလ တည်ထောင်ကာစ ပုဂံမင်းဆက်ဘုရင်များ လက်အောက်ခံ နယ်ကလေး တစ်နယ် မျှသာဖြစ်သော်လည်း အင်းဝမင်းဆက် ဘုရင်များ လက်ထက်သို့ ရောက် ရှိ သောအခါ မြို့စား နယ်စား ဘုရင်ခံများ အုပ်ချုပ်ရသော နယ်ကြီးတစ်နယ်ဖြစ်လာပြီးလျှင် မင်းကြီးညို နန်း သက်တွင်ကား တောင်ငူ နယ်သည် အင်းဝနှင့်ဟံသာဝတီတို့ အကြားတွင် သီးခြား ကင်းလွတ် သော အာဏာ ပိုင် ပြည်နယ် ကြီး တနယ်ဖြစ် လာသည် ပျဉ်းမနား ညောင်ရမ်း ယင်းတော် မိထ္ထီလာနှင့်ရေလွဲ ငါးခရိုင်အစ ရှိ သည် တို့သည်လည်း မင်းကြီးညို လက်အောက်ခံမြန်မာဒေသများဖြစ်လာကြသည်။

ဒုတိယ မြန်မာနိုင်ငံတော်ကို ပြန်လည်စည်းရုံး သိမ်းသွင်းခြင်းပြုကြသော မြန်မာလူမျိုး ခေါင်း ဆောင် များ သည် ကား မင်းကြီးညိုသားတော် တပင်ရွေထီး ၁၅၃၁ မှ ၁၅၅၀ နှစ်ထိ သမက်တော် ဘုရင့်နောင်ကျော်ထင်နော်ရထာ ၁၅၅၁ မှ ၁၅၈၈ ဖြစ်ကြသည် မြန်မာရာဇ၀င်များတွင် ရေးသား ဖော်ပြချက်အရ တပင်ရွေထီးနှင့် ဘုရင့် နောင် တို့သည် ရှေးဦးစွာ မွန်ဒေသဖြစ်သော ရာမညတိုင်းကို စတင် သိမ်းသွင်းခြင်းပြုကြောင်း ဟံသာဝတီနှင့် မုတ္တမ စသော အချက်အခြာ မြို့ကြီးများတွင် မွန်ုဘုရင်နှင့် မြို့စား နယ်စားများဘက်မှ ပေါ်တူဂီ ကြေး စား စစ်သား များသည် ခေတ်မီ လက်နက်များ စိန်ပြောင်းများနှင့် ခုခံတိုက်ခိုက် ခြင်းပြုသဖြင့် တပင်ရွေထီးနှင့် ဘုရင့်နောင် တို့သည် ခဲခဲယဉ်းယဉ်း တိုက်ခိုက်ကြရသည် ထို့ နောက် ၄င်းရဲ့ယောက်ဖတော် ပြည်ဘုရင် နရပတိ ရှိရာ သို့ ဆုတ်ခွာ ထွက်ပြေးသွားသော ဟံသာဝတီဘုရင် သုရှင်ဒကာရွတ်ပိကို လိုက်လံ တိုက်ခိုက် ကြရာတွင် တပင် ရွေထီး နှင့် ဘုရင့်နောင်တို့သည် ဟံသာဝတီဘုရင် အင်းဝဘုရင် ရခိုင်ဘုရင်နှင့် မောရှမ်းစောဘွားတို့ရဲ့ စုပေါင်း ခုခံမှုကို နှိမ်နှင်းအောင်နိုင်လိုက်ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်သော မင်းဘူး နှင့်မြင်းခြံ နယ်များအထိ ချီတက်သိမ်းသွင်းကြောင်း တပင်ရွေထီးသည် ပုဂံမြို့တော်ဟောင်းတွင် မြန်မာဘုရင်ဟူသော အထိမ်းအမှတ်ဖြင့် နယ်စား ဘိသိက်ခံကြောင်း ထို့နောက် အင်းနှင့် အထက်မြန်မာ တစ်လွားကို ဆက်လက် သိမ်း သွင်းခြင်း မပြု သေးပဲ အောက်မြန်မာနိုင်ငံ ဒေသများကို စနစ် တကျ အုပ်ချုပ်ရန်အတွက် တောင်ငူမှ ဟံသာ ၀တီသို့ မြို့တော် ကို ပြောင်းရွှေ့ပြီးလျှင် တပင်ရွေထီးသည် မွန်ဘုရင် အထိမ်းအမှတ်ဖြင့် မွန်တို့ ဓလေ့ ထုံးစံနှင့် အညီ ရာဇဘိသိက် ခံကြောင်း စသည်ဖြင့် ရေး သား ထားကြသည်။

မြန်မာ ရာဇ၀င်များရဲ့ ရေးသား ချက်များကို လေ့လာသောအခါ ဒုတိယ မြန်မာနိုင်ငံတော်ကို စတင် တည်ထောင် သော အချိန်တွင် ဥရောပတိုက်သား ပေါ်တူဂီ ကြေးစား စစ်သားများသည် မြန်မာနိုင်ငံ တောင်ဘက် အရပ် ဒေ သ များ သို့ စတင် ၀င်ရောက်လျှက် ရှိနေပြီ ဆိုသော အချက် တစ် ချက်ကို သတိပြု တွေ့ရှိရသည် ဖွံ့ဖြိုးတိုးတက် လျက်ရှိသော မွန်လူမျိုးများနှင့် ၄င်းတို့ရဲ့ အခြေခံဒေသများကို စည်းလုံးခြင်း ပြုရာတွင် သူ့ခေတ်နှင့် သူ့ အခါ စစ် တိုက်ခိုက်ခြင်းကို အခြေခံ ၀ါဒအဖြစ် လက်ကိုင်ပြုထားသော် ငြားလည်း သိမ်းသွင်းခြင်းပြုရာတွင် တပင်ရွေထီး နှင့်ဘုရင့်နောင်တို့သည် ယခင် ပုဂံ မင်းဆက် ဘုရင် ကျန်စစ်သားရဲ့ ၀ါဒအား ဆက်ခံ ကျင့် သုံးခြင်းပြု သည် ကို တွေ့ ရှိရသည် မြန်မာနိုင်ငံရဲ့ အချက်အခြာမြို့တော်ကို ဟံသာဝတီသို့ ပြောင်းရွှေ့ခြင်း မွန်လူမျိုးတို့ရဲ့ ယဉ်ကျေး မှုနှင့်ဓလေ့ထုံးစံတို့ကို များစွာ လေးစားခြင်း မွန်လူမျိုး အကြီး အကဲများ ခေါင်း ဆောင်များကို အသိ အမှတ်ပြု ချီး မြှင့်ခြင်း စသည်များကို တွေ့ရှိရလေသည်။

နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနှင့် သက်ဆိုင်သော လွတ်တော်တို့တွင် ရှမ်း မွန် နှင့် မြန်မာ အမှူထမ်းများကို မျှမျှ တ တ ခန့်အပ်လျှက် ဒေသနေ လူမျိုးများ အလိုက် မိမိတို့အကြီးအကဲများကို ခန့်အပ်အုပ်ချုပ်စေခြင်း စသည်များ ကို တွေ့ရှိရလေသည် တပင်ရွေထီး နန်းသက်အတွင်း မောရှမ်းဘုရင် အင်းဝနှင့် အထက် မြန်မာ တစ်လွား ကို စည်း ရုံးသိမ်းသွင်းခြင်း မပြုနိုင်။ အဘယ့်ကြောင့်ဆိုသော် အထက်ပိုင်းနှင့် ယိုးဒယားအရေးတို့ ဖြေရှင်းနေခိုက် မွန်လူမျိုး အကြီးအကဲတစ်ချို့က ထကြွပုန်ကန်ကြပြီးလျင် တပင်ရွေထီးကို လုပ်ကြံ သတ်ဖြတ် လိုက်သော ကြောင့်ဖြစ်သည် တပင်ရွေထီး လုပ်ကြံခံ ရပြီးသည့် နောက် မြန်မာနိုင်ငံတော်ကို ဆက်လက်ထူထောင်ရန် တာဝန် သည် ဘုရင့် နောင် ပုခုံးထက်သို့ ကျရောက်ခဲ့သည် ။ ဘုရင့်နောင်သည် အံ့သြဖွယ်ရာ ကောင်းလောက်အောင် စွမ်းစွမ်း တမန်စွမ်းဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘုရင့်နောင်ရဲ့ အမြော် အမြင် ကြီးမားသော ဆောင်ရွက်ချက် များမှာ မြန်မာနိုင်ငံတော် အတွင်း ရှိ လူမျိုး တစ်မျိုးက အခြားသောလူမျိုးများကို လက်ဝါးကြီး အုပ် အနိုင်ကျင့်မှု မရှိရအောင် ညီတူ တန်းတူ အခွင့် အရေး ပေး ထားခြင်း ပင်ဖြစ်သည်။

မြန်မာရာဇ၀င်များတွင် တပင်ရွေထီး လုပ်ကြံခံရပြီးနောက် မွန်လူမျိုး အကြီးအကဲများသည် ပုန်ကန်ထကြွပြီး ဟံ သာဝတီ မုတ္တမ ပုသိမ် မြို့ကြီးများကို သိမ်းယူထား ကြသော မြန်မာ လူမျိုး အကြီး အကဲ တစ်ချို့ ကလည်း အလားတူ ပုန် ကန်ခြား နားကာ ပြည် တောင်ငူ စသောမြို့ကြီးများကို သိမ်းယူ ထားကြ သည့် အဖြစ် အပျက်များကို ရေးသားဖော်ပြကြသည် မြန်မာနှင့် မွန်လူမျိုးများကို စည်း ရုံး သိမ်းသွင်း ၍ နေသား တကျဖြစ်အောင် မစီမံရသေးမှီ ကစင့်ကလျားနှင့် တနယ်တမင်း တတပ်တဗိုလ် ဖြစ်တော့အံ့ ဆဲဆဲ အခြေအနေမှ ဘုရင့်နောင်သည် အချိန် မှီပြန် လည် ထိန်း သိမ်း လိုက် ရ သည့်အဖြစ်အပျက်များကို တခမ်း တနားနှင့် ဖွဲ့နွဲ့ရေး သားဖော်ပြကြသည်ကို တွေ့ရှိရသည် ဘုရင့်နောင်သည် တောင်ငူ ဟံသာဝတီ ပြည် စသည့် မွန်မြန်မာ ဒေသ များ ကို စနစ် တကျ စည်းရုံး သိမ်းသွင်း စီမံ အုပ် ချုပ် ပြီးနောက် မြန်မာ နိုင်ငံ အလယ် ပိုင်းဖြစ် သော ဧရာဝတီ မြစ် ၀ှမ်းဒေသများမှ စလေ ပခန်း ပုဂံမြို့ များကို ချီတက်သိမ်းယူခြင်းပြုသည်။

ထို့ နောက် အင်းဝနှင့် အထက်မြန်မာနိုင်ငံ တလွားကို၎င်း တရုတ် မြန်မာ နယ်စပ်ရှိ ရှမ်းပြည်နယ်များ အားလုံး ကို ၄င်း ချီတက်သိမ်းပိုက်သည် သက္ကရာဇ် ၁၅၅၁ ခုနှစ်တွင် နန်းတက်သောဘုရင့်နောင်သည် ၁၅၅၉ ခု နှစ် မတိုင်မီ ၈ နှစ်တာ ကာလအတွင်း ရခိုင်ကမ်းရိုးတန်း ဒေသမှအပ မြန်မာတစ်နိုင်ငံလုံးကို ပြန်လည် သိမ်းသွင်း မိရုံမျှ သာ မက မြန်မာနိုင်ငံ ပြင်ပ မဏိပူရ ကိုးရှမ်းပြည် ဇင်းမယ်နှင့် လင်းဇင်း စသောပြည်နယ်များကို ချီ တက် သိမ်း ပိုက် ကြောင်းမြန်မာရာဇ၀င်များတွင် တွေ့ရသည် ဘုရင့် နောင်နန်းသက်အတွင်း ယိုးဒယား နိုင်ငံသို့ နှစ် ကြိမ် တိုင်မျှ ချီတက် တိုက်ခိုက်ကြောင်း ပထမ တစ်ကြိမ်တွင် ယိုးဒယားဘုရင်ရဲ့ ဆင်ဖြူတော်များကို ရလို သောကြောင့် ဖြစ် ကြောင်း ဒုတိယ အကြိမ်တွင် ယိုးဒယားဘုရင်က ထကြွ ပုန်ကန် သောကြောင့် ဟူပြီး ရေးသားဖော်ပြကြသည်။

သို့ ရာတွင် ထိုရေးသား ဖော်ပြချက်များကို လေ့လာ ကြည့်သောအခါ ယိုးဒယား မြန်မာ စစ်ပွဲများသည် ဆင်ဖြူ တော်ပြဿနာ အတွက် အဓိက မဟုတ်ပဲ မြန်မာနိုင်ငံ တောင်ဘက်တစ်လွားရှိ တနသ်ာရီ ကမ်းရိုး တန်း ဒေသ များကို အမြဲတစ်စေ ခြိမ်းခြောက် လျက်ရှိသော ယိုးဒယား နိုင်ငံကို မြန်မာ ဘုရင်ရဲ့သြဇာခံ အဖြစ် သိမ်း သွင်းထား ရှိလိုခြင်းသာဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ကျမ်းကိုး
မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကထိကဦးစိန်လွင်လေး
ရာဇဓိရာဇ်အရေးတော်ပုံ။ဗညားဒလ
မြန်မာမင်းများအရေးတော်ပုံ-အရေးတော်ပုံ ( ၆ ) စောင်တွဲ
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
အရှေ့တောင်အာရှရာဇ၀င်၊ဟော-၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)