Sunday, August 31, 2008

ကျန်စစ်မင်း သို့ မဟုတ် ထီးလှိုင်ရှင် သို့  တမ်းချင်း

ပုဂံ မြေ ရယ်
ကျမ အချစ်တွေ ကို ထီးလှိုင်ရှင် နားလည် နိုင်ပါ့ မလား
သူရဲကောင်း ကို ချစ်တတ် တဲ့ ကျမ အလွမ်းမီးတောက် တွေ
အကြိမ်ကြိမ် လောင်ကြွမ်း မခံနိုင် တော့ ဘူး

ပုဂံမြေ ရယ်
ထီးလှိုင်ရှင် ကို ပြောပေးပါ အထီးကျန်ဆန် တဲ့ နှစ်များစွာ ကို
ကျမ မဖြတ်သန်း ချင်တော့ဘူး

တန့်ကြည့် တောင်တန်းတွေ ကို ထိုးခွဲ လို့ 
ဧရာဝတီ က ကျမ ကို လက်ပြ နှုတ်ဆက် ရင်း
စီးဆင်းမြဲ စီးနေ တယ် လေ

မင်းကျန်စစ်ပြော မယ့် နှုတ်ထွက်စကား တွက်
တလက်လက် မနက် တွေ ခဏ ခဏ လင်းစေချင်တယ်

ဖြစ်လေရာ ဘဝ တိုင်း သူရဲကောင်းရဲ့ အချစ်တွေ နဲ့ 
ကြည်နူး မှု တွေ ဖြတ်ဖြတ် လူး လို့ 
မိန်းမူးနေချင် သူ က ကျမ ပါ

ဖြတ်သန်းခဲ့ တဲ့ ပုဂံ ရာဇဝင်
ထီးလှိုင်ရှင် သူရဲကောင်း ကို မှ
ကျမ စွဲလန်း မိခဲ့ တယ်။ ။

မသက်ဇင်

Friday, August 29, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမ မသက်ဇင်ရယ် ၎

တတိယ မြောက်နေ့ နံနက်
ပုဂံ ရောက်ပြီး တတိယ မြောက် နေ့ နံနက် တွင် ဟော်တယ် မှာ နံနက်စာ စားပြီး ဟော်တယ် က စီစဉ်ပေးသည့် ကား ဖြင့် ရွေစည်းခုံ သို့ ထွက်လာခဲ့ ကြ သည်။ ကျန်စစ်သား ဝင်သည့် တောင် ဘက်မုခ် မှကျမတို့ မြေးအဘွားဝင်ကြသည်။ ပုဂံမင်း များသည် ရွှေစည်းခုံ သို့ ဘုရားဖူး ရန် ထွက်လာ သည့် အခါ တောင်ဘက်မုခ် မှ ဝင် ကြ သည် ဟု ဆိုသည်။ ကျမတို့ မြေးအဘွားလည်း ထို မုခ်ဘေး မှ ဖြတ်ကာ ဘုရား စောင်းတန်း အခြေသို့ ရောက်လာခဲ့ ကြသည်။ မုခ်ဦး တွင် ထုံးရောင်ဖွေး နေသည့် ခြင်္သေ့ကြီး နှစ်ကောင်သည် မားမားကြီး ရပ် နေသည်။
ဒီ ခြင်္သေ့တွေ က ပုဂံခေတ်လက်ရာ တွေ မြေးရဲ့ အပိုင်းပိုင်းပြတ်နေတာ တွေ့ရလို့ ပြန်ဆက်ထား ရတာ အုတ်နဲ့ လုပ် ထား တဲ့ ခြင်္သေ့တွေ မဟုတ်ဘူး ကျောက်ခြင်္သေ့ သဲကျောက်ပေါ့ မြေးရယ်။
မုခ်ဝ အဝင် တွင် ကျောက်စာ တိုင်နှစ်တိုင် ကို တွေ့ရသည်။ ၄င်း ကျောက်တိုင်မှာ မွန်ဘာသာဖြင့် ရေးထိုးထား သော ကျန် စစ် သား၏ကျောက်စာများဖြစ်သည်။

အကြောင်းအရာ က တော့ မြတ်စွာဘုရားလက်ထက် ၌ ကျန်စစ်သားမင်းသည် ဗိသနိုးဖြစ်ခဲ့ ပြီး နောင်အခါ ထို သူမြတ်သည် အရိမဒ္ဒနပူရပြည်တွင် တရားစောင့် သောမင်း ဖြစ်လာမည်ဟု မြတ်စွာဘုရား၏ ဗျာ ဒိတ်စကားကို ရေးထားသည်ဟု ဆိုသည်။

ဘွားဘွား က လက်အုပ်ချီ ရင်း ရွှေစည်းခုံသမိုင်း ကို ဟိုတစ်စ ဒီတစ်စ ပြောပြနေသည်။ အနော်ရထာမင်း သည် သရေခေတ္တရာ မှ နဖူးသင်းကျစ် ဓါတ်တော် ကို ပုဂံသို့ ပင့်ဆောင်ခဲ့ပြီးဆင်ဖြူ ၌ တင်ကာ ဓါတ်တော်မွေတော် ကိန်းဝပ် လိုသော အရပ်တွင် ဆင်ဖြူဝပ်စေ ဟု အဓိဌာန် ၍ လွှတ်လိုက်သည်။ ဆင်ဖြူဝပ်ရာ သဲစည်းခုံ ၌ ရွှေ စည်းခုံ စေတီ ကို တည်သည်ဟု ဆိုကြတယ် မြေးရဲ့ ။ဘွားဘွားပြော သည့် ပုဂံသမိုင်း ကို နားထောင်ရင်း ကျမ လက်ထဲ မှ ကင်မရာဖြင့် ဓါတ်ပုံများ တဖျတ်ဖျတ် ထောင့် ပေါင်းစုံ မှ ရိုက်သည်။အနော်ရထာမင်းလက်ထက်၌ ပစ္စယာသုံးဆင့် အထိသာ ပြီးစီးသည် ကို ကျန်စစ်သားက ဆက်၍တည်ရသည်။

ကျောက် အုတ် တို့ ကို ပုဂံ အ ရှေ့ ဘက် ခြောက်မိုင် အကွာ ရှိ တူရွင်း တောင်မှ စေတီအရောက် ပုဂံပြည် သူပြည် သား များ စီတန်း ၍ လက် ဆင့် ကမ်းယူကြသည်ဟု ပုဂံ ရာဇဝင်များ က ဆိုသည်။ ရွှေစည်းခုံမှာ မြေ စိုက် စေ တီဖြစ်သည်။ ပစ္စယံသုံးဆင့် ရှိသည်။ ပစ္စယံ သုံးဆင့် စလုံး တွင် စဥ့်စိမ်းသုတ် ရုပ်ကြွအုတ်ချပ်များဖြင့် ငါး ရာ့ငါး ဆယ်ဇာတ်များ ကို သရုပ် ဖေါ် ထား သည်။ ပစ္စယံ သုံးဆင့် ပြီးလျင် ရှစ်ထောင့် ကြာပန်း၊ ကြည်းပန်း၊ ခေါင်း လောင်းပုံ၊ ရင်ဖွဲ့ ခါးပတ်၊ သပိတ်မှောက်၊ ဖေါင်းရစ်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ထို့ နောက် ပဉ္စလောဟာ၊ ခြရား သီး၊ ထီးတော် စသည်ဖြင့် တန်ဆာဆင် ထားသည်။

လေးဘက်လေးတန် မျက်နှာတိုင်း ၌ အုတ်လှေကား သုံး ဆင့် ခပ်ပြေပြေ တက်သွားသည်။ ပစ္စယာ ထောင့် စေတီများ၌ ကြည်ညိုဖွယ်ရာ ဖူးမြင်နိုင်သည်။စေတီတစ်ခုလုံးမှာ သဲစည်းခုံထက် ရွှေတောင်ကြီး တစ်ခု ပေါက်နေသည့်အလား နေခြည်တွင် ရွှေရည်ဝင်းနေလေသည်။ ဒါ ကကြေးဂူတိုက်လို့ ခေါ်တယ် မြေးရဲ့ ။ ဘုရား လေးဘက်လေးတန် အလယ်တည့်တည့် ဘုရားဆင်းတုတော်ကို ဖူးမြှော်ကြည်ညိုဖို့ တသီးတခြားစီ တည် ဆောက်ထားတာ။ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဆို တဲ့ ပွင့်တော်မူပြီး ဘုရားလေးဆူရဲ့ မတ်ရပ်ပုံ ဆင်းတုတွေပဲ။ နောက်ရက်မှာ ထပ်လာတာပေါ့ မြေး ရယ်။ ရွှေစည်း ခုံ စေတီအားဖူးမြှော်ရင်း ကြည့်ရှု လေ့ လာစရာတွေ တရက်နှင့် မကုန်နိုင်မှန်းသိသည်။ဘွား ပင် ပမ်း နေ ပြီဖြစ် သည့်အတွက် ကျမတို့ ဟိုတယ်သို့ ပြန် လာခဲ့ကြသည်။

ဟို တယ်သို့ ပြန်ရောက် ၍ နေ့လည်စာစားပြီးသည် နှင့် ကျမ သိလိုသည့် အချက်အလက် များ ကိုဘွား ဘွား အားမေးသည်။ ဗုဒ္ဓဘာသာ မဟာယာန ဂိုဏ်းဖြစ်ပေါ်လာ မှု နှင့် ဘယ်နေရာ မှာ ထွန်းကားတယ် ဆိုတာရယ် မဟာယာန နဲ့ ထေရဝါဒ ဘယ်လို ကွာခြားတယ်ဆိုတာကို ရှင်းပြပေးပါလား ဘွား ဘွား။

အသောက မင်း ကြီး နတ်ရွာစံပြီး သူ့ အင်ပါယာကြီး လည်း ပြို ကွဲဖို့ ဖြစ်လာချိန်မှာ ဗြာဟ္မဏတွေဟာ သူတို့ အယူဝါဒ တွေ ကို ခြေ သွက်သွက်နဲ့ ဖြန့် ဖြူးကြတယ်။ ဗုဒ္ဓဘာသာ အရှိန်မှေးမှိန်သွားသော်လည်း တိုးတက်မှုရှိ တဲ့ အပိုင်း များ က ဥပမာ။ ငါးရာ စုနှစ်များအလယ်ပိုင်း လောက်မှာ နိုင်ငံတကာက သံဃာတော်များ ပညာ သင်ကြားရ တဲ့ နာလန္ဒတက္ကသိုလ် ဆိုတာ စတင် တည် ထောင်တယ် ဂုပတားမင်းဆက် ၊ ပါလာမင်းဆက် တွေက တိုးချဲ့ ဆောက် လုပ် လှူဒါန်းကြတယ်။

အဲဒီ တက္ကသိုလ်ကြီးမှာ လည်း နောက်တော့ မဟာယနကြီးစိုးလာ ပြီး အဲဒီကျောင်းဆင်းဖြစ်တဲ့ ပဒ်မာဆမ်ဘာဝါ ကနေပြီး တိဘက် ဗုဒ္ဓဘာသာ လာမား ဂိုဏ်းကို တည်ထောင်ခဲ့သူဖြစ်တယ်။
မဟာယာနဂိုဏ်း ကတော့ မေတ္တာ ဂရုဏာ။ တရားက ရှေ့ဆောင်ဖြစ်တယ်။ သတ္တဝါအပေါင်း ကိုကယ်တင် ရန် မိမိ ကိုယ်တိုင်ဗောဓိ သတ္တတည်း ဟူတဲ့ ဘုရားလောင်းကျင့်စဉ် ကို လိုက်နာခြင်းအမှုလည်းရှိတယ်။ သတ္တဝါ အပေါင်း ကို ဆင်းရဲဒုက္ခ မှ ကယ် တင် ရန်အတွက် နိဗ္ဗာန်မဝင်သေးပဲ စောင့်ရှောက်ကြသော ဗောဓိသတ္တများ တနည်းပြောရရင် ဘုရားလောင်းများ ကို လူတို့ ကိုးကွယ်ဆည်းကပ်ခြင်းအမှု လည်းရှိတယ်။

ထေရဝါဒဂိုဏ်း ကတော့ ဒါန ၊ သီလ ၊ ဘာဝနာပွားများ ၍ မဂ်ဖိုလ် နိဗ္ဗ္ဗာန် ဆိုက်ရောက်ရေးသည် အဓိက အ ချက် ဖြစ်တယ်။ ကျေးဇူးတင်ပါတယ် ဘွားဘွားရယ်။

Monday, August 25, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမ မသက်ဇင်ရယ် ၃

ဒုတိယမြောက်နေ့ နံနက်
နံနက် ငါးနာရီလောက်မှာ အိပ်ရာက နိုးသည်။ ထုံးစံအတိုင်း ကျမ ပြတင်း ပေါက်ကို ဖွင့်လိုက်သည်။ ဆောင်း လေ အေးက ကျမ မျက်နှာကို နူးညံ့စွာ တိုးဝှေ့လာသည်။ ကျမ လန်းဆန်းကြည်နူးသွားမိသည်။ ထ နောင်း ပင်ပျိုထက်က ကူချွဲနေကြ ချိုးကူသံလေးကြားရမည်လားဟု မျှော်လင့်ချက်ဖြင့် ကျမ ငေးမောကြည့် မိသည်။ ဒီနေ့ နံနက် စောလွန်းနေ၍များလားမသိ ချိုးကူချွဲသံလေး မကြားရသေးပါ။ နံနက်စောစော လမ်း လျောက်နေ ကြအတိုင်း မြေးအဘွားနှစ်ယောက် လမ်းလျောက်ကြသည်။

မြူဆိုင်းနေသည့်ကြားမှ သွားနေကြလမ်းအတိုင်း အဘွားနှင့် ဆက်လျောက်သည်။ ဘာမှ စားမလာ၍ ဝမ်းထဲက ဆာသလိုလို ရှိလာသည်။ အာနန္ဒနှင့် မ လှမ်း မ ကမ်း ပုဂံမြို့တံခါးဝ တွင် အကြော်ဖို တစ်ခု ကို လှမ်း မြင်ရသည်။

ဗိုက်ဆာတာနဲ့ အတော်ပဲ ဘွားရေ အကြော်ဖိုသို့ ခပ်သုတ်သုတ် လျောက်လာခဲ့ကြသည်။ နံနက်ခင်းလေက လန်းဆန်းသည်။ အေးမြသည်။ ကြည်နူးဖွယ်ရာ ပုဂံနံနက်ခင်းလေး တစ်ခုပါပဲ။ ဘွားဘွား နှင့် အတူ ဘယာကြော် ဝယ်စားကြသည်။

ပုဂံမြို့ကို စတုတ္ထ အကြိမ် တည်ခဲ့ စဉ်က ကျုံး၊ မြို့ရိုး အပြည့်အစုံနဲ့ပေါ့ မြေးရယ်၊ အခုတော့ ဧရာဝတီမြစ် ရေတိုက် စားမှုကြောင့် မြို့ရိုးအပြည့်အစုံတော့ မရှိတော့ ဘူးပေါ့ ။ မူလ အစ က ပုဂံမြို့ရိုးမှာ တံခါး ၁၂ ပေါက်၊ ရှိခဲ့တယ်လို့ ဆိုတယ်။ ခု ဘွားတို့ လမ်းလျောက်တိုင်း ဖြတ်ဝင်တဲ့ သရပါ တံခါးပေါက်သာ ကျန်တော့တယ်။ သရပါ ဆိုတဲ့ ဓိပ္ပါယ်က မြား ကို ကာဆီး သော တံခါး လို့ ဆိုတယ်။

ပျက်စီး နေသော တံခါးကို ရှေးဟောင်းသုတေသန က အင်္ဂတေနဲ့ ဖာထေးပြီး နောက်ထပ် မပြိုပျက်အောင် မွမ်းမံထားသည်။ အပြင်နံရံ အထက်ပိုင်းတွင် ဘီလူးပန်းဆွဲနှင့် ပုလဲကုံး၊ အင်္ဂတေ၊ ပန်းလက်ယာတို့ ကို လှမ်းမြင်နေရသည်။ တံခါး တစ်ဖက်တစ်ချက်တွင် ပုပ္ပါး မယ်တော်၊ မဟာဂီရိ နတ်မောင်နှမ၏ နတ်ကွန်းကိုတွေ့ရသည်။ လက်ဝဲဘက်တွင် မောင်တော် နတ်ရုပ်နှင့် လက်ယာဘက်တွင် နှမတော် နတ်ရုပ် တို့ ရှိသည်။ နံရံထက်က ဘီလူးပန်းဆွဲနှင့် အင်္ဂတေ ပန်းလက်ရာတို့မှာ နဂါးရုံဘုရား တံတိုင်း လေးမျက်နှာရှိ မုခ်ဆောင် အင်္ဂတေ၊ ပန်းလက်ရာတို့ နှင့်တူသည်။ နဂါးရုံကို တည်သူမှာ ကျန်စစ်သားဖြစ်သည်။ ငရမန်၏ ရန်ကို နှိမ်နင်းပြီး ပုဂံနန်းကို တက်သည်တွင် စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော မြို့ရိုး တံ ခါးတို့ကို ခိုင်ခံ့အောင် ပြန်လည်ပြင်ဆင်သည်။ ယခုတည်ရှိသော သရပါတံခါး၏ အင်္ဂတေ ပန်းလက်ရာနှင့် တံခါးတစ်ခုလုံးမှာ ကျန်စစ်သား ၏ လက်ရာဟု ယူဆရသည်။ ကျမတို့ မြေးအဘွား သရပါတံခါးမှ ဝင်ကာ ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

နေ့ လည်ဘက်တွင် မနေ့ ကဘွားဘွားပြောပြ ခဲ့သည့် သံဃာများ ဂိုဏ်းကွဲသည့် အကြောင်းအရာနှင့် ဆက်နွယ် ၍ မှတ်စုများမှတ်နေ သည်။ ကျမဖတ်နေသော စာအုပ်များထဲ မှ မှတ်စု ထုတ်ကာ ရှေးတုံးက ဗုဒ္ဓဘာသာ ဆင့်ကဲပြန့် ပွား မှုတို့ ကို လေ့လာကြည့်သည်။

ခရစ်မပေါ်မှီ ဘီစီ ၂၇၀ခန့် တွင် အိန္ဒိယသမိုင်းမှာ ဖေါ်ပြထားသော အသောက မောရိယဟုခေါ် သည့်သီရိ ဓမ္မာ သော က မင်းကြီးသည် အိန္ဒိယပြည် အခြား နိုင်ငံရပ်ခြား အ နှံ့ အပြား ကိုးတိုင်း ကိုးဌာနသို့  သာသနာပြု မထေရ်များ ကို စေ လွှတ် ၍ သာသနာပြုစေခဲ့သည်။ သာသနာပြုသော ထိုမထေရ်များ ထဲမှ မဇ္ဈ န္တိက မထေရ်သည် ယ ခုခေတ် အာဖ ဂန် နစ္စတန် တ၀ိုက်သို့ ရောက်သွားသည်။ ယခု ရုရှား နှင့် အာဖဂန် နစ္စတန် နယ်စပ်၌ တာရာတပေ့ အမည်ရှိ မြို့ ဟောင်း နေရာ တနေရာရှိသည်။ တောင်ကုန်းမည်း ဟူ၍ အဓိပ္ပာယ် ရ သည်။ တချိန်က ဗုဒ္ဓဘာသာ ထွန်းကားပြန့် ပွားခဲ့သည့် နေရာဖြစ် သည်။
ခရစ် ၂ ရာစုတွင် အာရှအလယ်ပိုင်းနှင့် အိန္ဒိယမြောက်ပိုင်း နယ်မြေ များ၌ ဗုဒ္ဓဘာသာဝင် ကုန် ဘုရင် များကြီးစိုး ခဲ့သည် ဇာနိရှက ဘုရင် နှင့် ကနရှက ဘုရင်တို့ သည် အသောကဘုရင်ကဲ့သို့ ဗုဒ္ဓဘာသာ သမိုင်း ၌ထင်ရှား ကျော်ဇောသည့် ဘုရင်များ ဖြစ်သည်။
ကနရှက ဘုရင်သည် ထိုနယ်မြေတွင် ကျောင်းကန်ဘုရား စေတီ ပုထိုးများ ကို အများအပြား တည် ခဲ့သည်။ ကမ္ဘာမှာ အကြီးဆုံးဖြစ် သည့်မတ် တပ်ရပ် ကိုယ်တော် ဗုဒ္ဓရုပ်ပွားတော် သည် အာဖဂန်နစ်စတန်တွင် တည်ရှိခဲ့သည်။ စကားချပ် (နောက်ပိုင်း တာလီဘန် အစိုးရလက်ထက် ဒိုင်းနမိုငှ်းင့် ဖေါက်ခွဲဖျက် ဆီး လိုက်သည်) သာသနာပြု မထေရ် များ သည်လည်း ဂရိနိုင်ငံ ဆီးရီး ယား အီဂျစ်သီဟိုရ် မြန်မာ တရုတ်ပြည် ဂျပန် အင်ဒိုချိုင်းနား မလေး ရှား ယိုး ဒယား စသည့် နေရာ အနှံ့ အပြားသို့ သာသနာ ပြုများ ရောက်လာ ခဲ့သည်။ ထိုခေတ် အခါက ဗုဒ္ဓဘာသာ သည်လည်း ကြီးကျယ် ထွန်းကားခဲ့ သည်။

Thursday, August 21, 2008

အသိပေးကြေငြာခြင်း

ကျမ အသိက ပြောလို. သိရတယ်။ အမျိုးသမီး တယောက်ရဲ့ ဘလောခ့် တစ်ခုက စီပုံးမှာ မသက်ဇင် အမည်နဲ့ ဆုံးသွားတဲ့ NLD ပါတီက ဦးကြည်မောင်ကို ဝေဖန်ရေးထားတယ်တဲ့။
မသက်ဇင် ဘလောခ့် ရေးသည့် အချိန်က စပြီး ယခု အချိန်အထိ ဘယ်သူ့ ကို မှ ဝေဖန်ခြင်း။ ပုတ်ခတ်ခြင်း။ အပြစ်တင်ခြင်း မရေးခဲ့ဘူးပါဘူး။ နိုင်ငံရေး မပါဘဲ သူတပါးရဲ့ကိုယ်ရေးကိုယ်တာကို အလွန် အောက်တန်းကျ စွာနဲ့ လိုက်ရေးနေတဲ့ သူတွေကို လက်ခံထားတဲ့ဘလောခ့် ဆီပုံး တွေ့ရင်လည်း အဲဒီဘလောခ့်ကို ကျမဘလောခ့်ထဲမှာ လင့်ထားတာကို ဖြုတ်ချလိုက် ပါတယ်။ အကျိုးမရှိဘူးထင်လို့ပါ။
မသက်ဇင်က မြင်လည်း မမြင်ခဲ့ဖူးဘူး၊ သိလည်း မသိခဲ့ဖူးဘူး၊ ပက်သက်သူလည်း မဟုတ်တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဘလောခ့် ဆီဗုံးထဲမှာ မသက်ဇင် ဘယ်တုံး က မှ(လုံးဝ) စာမရေးခဲ့ပါကြောင်း။

Wednesday, August 20, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမ မသက်ဇင်ရယ် ၂


ပုဂံ ရောက်ပြီး နောက် တနေ့ ညနေ နံနက်ပိုင်း လမ်း လျှောက်တာ များသွား၍ လား မသိပါ ကျမလည်းစာ ဖတ် ရင်း အိပ်ပျော်သွား ပါသည်။ ဒီနေ့ တော့ မြေး အဖွား နှစ် ယောက် ဘယ်မှ မလည်ဖြစ်တော့ပါ။ ညနေ စာ စားပြီး အညောင်း အညာ ပြေ ဟိုတယ်ပန်းခြံတွင်း သာ လမ်း လျှောက်ဖြစ်သည်။ နေ့ ခင်းက ကျမ ဖတ်ဖြစ်သော စာအုပ် ထဲ မှ အကြောင်းအရာများ ကို စကားစ မိသည်။
ဗုဒ္ဓသာသနာ ကျယ်ပြန့် စွာ ထွန်းကား လျက်နဲ့ ဗုဒ္ဓ စတင် ပေါက် ဖွားရာ အိန္ဒိယနိုင်ငံကြီးမှာ ဗုဒ္ဓ သာသနာ ဘာဖြစ် လို့ ပျောက် ကွယ်သွားရ တာလဲ ဖွားဖွား ကျမ၏ အမေးကို အင်မတန် ထက်မျက်ပြီး ဗဟုသုတကြွယ်ဝ သည့်ဖွားဖွားက ချက် ခြင်းရှင်းပြ နိုင်ခဲ့သည်။
အိန္ဒိယပြည်က နေ ဗုဒ္ဓသာသနာ ဘာကြောင့် ကွယ်ပျောက်သွားရတယ် ဆိုတာ သမိုင်းပညာရှင် တွေ က အဖြေရှာ ခဲ့ကြတယ်။ ဗုဒ္ဓ ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း၁၁၀ လောက် အကြာ ဝေသာလီပြည်မှာ ဒုတိယ သံဂါယနာတင်တယ် အချို့ သံဃာများက ဝိနည်းတော် များထဲက နေ အချက် ၁၀ချက် ကို တင်ပြကြတယ်လို့  ဆိုတယ်။ အဲဒီမှာပဲ ၀ိနည်းကို အပြောင်းအ လဲ လုံးဝ မလုပ်လိုတဲ့ သံဃာတော်ကြီးများက ခွင့်မပြုခဲ့ဘူး။ အဲဒီ အခါ ၀ိနည်းတော်ပြင်ဆင်လိုတဲ့ သံဃာတော်များက ၊ မဟာသံဃိ က ဂိုဏ်းဆိုတာ တည်ထောင်ဖွဲ့ စည်းလိုက်ပြီး သံဃာတော်များ အတွင်း ပထမဆုံး အကြိမ်ဂိုဏ်းကွဲတယ် လို့ ဆိုတယ်။
ဒုတိယ သံဂါယနာ တင်ပွဲနဲ့  တတိယ သံဂါယနာတင် ပွဲကြား ဗုဒ္ဓရှင်တော် ဘုရားမရှိတော့တဲ့ နောက် နှစ်ပေါင်း ၂၃၆ နှစ် အကြာ ၀ိ နည်းမပြင် လိုတဲ့ ထေရ်ကြီးများကြား နှစ်ဂိုဏ်းထပ် ကွဲပြီး မဟာသံဃိက ဂိုဏ်းကလည်း ၂ ဂိုဏ်းထပ် ကွဲပြန်တယ်။ ၀ိ နည်းမပြင် လိုတဲ့ ၂ဂိုဏ်းကွဲသွားတဲ့ ထေရ်ကြီးတွေ ကနေ နောက် ထပ် ဂိုဏ်းငယ် ၃ဂိုဏ်းထပ်ကွဲပြီး အဲဒီထဲ က တဂိုဏ်းက ယခု သီရိလိင်္ကာလို့ ခေါ် တဲ့ သီဟိုရ်နိုင်ငံ မြန်မာနိုင်ငံ ထိုင်းနိုင်ငံ ကမ္ဘောဒီးယား လော နိုင်ငံတို့ ဆီ ရောက်ရှိလာတဲ့ ထေရ၀ါဒဂိုဏ်းဖြစ်တယ်။
ပြင်ပ ပယောဂ တွေ ၀င်မလာခင် ကိုယ့်အချင်းချင်း သဘောထား ကွဲလွဲမှုတွေက နေ စတာ ပါပဲ။ အားနည်း ချက်တွေ ပေါ်လာရင်ပဲ ဗုဒ္ဓလက်ထက်က အတော်ငုတ်လျှိုး သွားတဲ့ ဗြာဟ္မဏ၀ါဒီများရဲ့ သပ်လျှိုမှုများ လာ တော့ အသောကမင်းကြီးက တတိယ သံဂါယနာတင်ပြီး ပိဋိကတ် တော်များ ပြန်လည်ခိုင်မြဲ လာအောင်လုပ်ဖို့ ကြိုးစားခဲ့ရတာဖြစ် တယ်။ အသောကမင်းကြီး နတ်ရွာစံပြီး သူ့ အင်ပါယာကြီး လည်းပြို ကွဲဖို့ ဖြစ်လာချိန်မှာ ဗြာဟ္မဏတွေဟာ သူတို့ အယူဝါဒ တွေကို ခြေ သွက်သွက်နဲ့ ဖြန့် ဖြူးကြတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းငယ် ကလေး တွေ မှာ ဗြာဟ္မဏ အယူဝါဒများ ပါဝင်လာကြပြီး အဲဒီ က မှ မဟာယာန ဂိုဏ်းတို့  လိုမျိုးဖြစ်ဖို့  လမ်းခင်း ပေးလိုက် သလိုမျိုး ဖြစ်သွားတယ်။

အို ကျေးဇူးတင်လိုက်တာ ဖွား ဖွားရယ် ကျမ အလွန်သိချင်တဲ့ အချက်တွေ သိရလို့ ။

Monday, August 18, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမ မသက်ဇင်ရယ် ၁



အဖွား ပြောသော သမိုင်း ပုံပြင် နှင့် ကျမ မသက်ဇင် လို ပိုစ့်တွေ ရေးပါအုံး လို့ မကြာ ခဏ တောင်းဆိုလာ သူများ အတွက် ပုဂံခေတ် ပျက်သုဉ်း သွားပြီးတဲ့ အကြောင်း ရေးပြီး နောက်ပိုင်း တင်ပါ့မယ် ဟု ကတိပေး ခဲ့တာမို့  ကျမ ဒီပိုစ့်ကို တင် လိုက်ပါ တယ်။ အားလုံးကို ဂါရ၀ ပြု လေးစား လျက်။
မသက်ဇင်

ဒီဇင်ဘာလ ရောက်တိုင်း မန္တလေးသား အဖိုးနဲ့ ရေစက်ဆုံ ခဲ့သည့် အဖွား မန္တလေးက အဖိုး ဆွေမျိုးတွေဆီ အလည် သွားနေကြပါ အဖွားနဲ့ အတူမသက်ဇင် လည်းလိုက်ပါ စမြဲ ပေါ့။ မန္တလေး ရောက်တိုင်း မဟာမြတ်မုနိ ဘုရားကြီး လိပ် ကန်ဘေးနားက မန္တလေး မုန့် တီ တကူး တက သွားစား တယ်။ မြူရွက်သုတ် ညောင်ချဉ်သုတ် ခိုတောင် မုန့် တီ လို ခေါင်းရွက် ဈေးသယ်တွေ လာတိုင်း လှမ်းခေါ် စားရတဲ့ အရသာက လည်း ကမ္ဘာအရပ်ရပ်က နာမည်ကြီး ဟိုတယ် တွေက အစားအစာတွေနဲ့ မလဲနိုင်ပါဘူး။ မန္တလေး ရောက်တိုင်း သွားလည်တာကတော့ ပုဂံပါ။ ပထမဆုံး ပုဂံကို ရောက်စဉ်က အဖိုးဘက်က ဆွေတွေ မျိုးတွေ လိုက်ပေမယ့် နောက်ပိုင်း မှာတော့ အဖွားနဲ့ မသက်ဇင် နှစ်ယောက် သာ သွားလည် ပါတော့ သည်။ ဘယ် နှစ်ကြိမ် ရောက် ရောက် ပုဂံ ဟာ မသက်ဇင် အတွက် ရိုးမသွားဘူးလေ။ မန္တလေးက အမျိုးတွေက တော့ ပုဂံသွားရတာ များလွန်းတော့ ငြီး ငွေ့ လာပုံ ရသည်။ ပုဂံရောက်တော့ အဖွားကို ငဲ့ ပြီး သီရိ ပစ္စယာ ဟိုတယ်မှာ တည်းသည်။ ပုဂံရောက် သည့် ည ဘယ်မှ မလည်ဖြစ်ဘူး။

ပထမ မြောက် နေ့ နံနက်
ပုဂံရောက်ပြီး နောက်တနေ့  နံနက်စောစော
အိပ်ရာက နိုးနေပြီး အဖွား ဘုရားရှိခိုး အပြီးကို စောင့်ရင်း ပြူတင်း တံခါးကို ဖွင့်လိုက်တော့ လေအေးက စိမ့် ၀င်လာသည်။ သိပ်တော့ မအေးလှပါ။ သာယာသည့် ပတ်ဝန်းကျင်နှင့် အတူ နံနက်စောစော စီးစီး ချိုးကူ သံကြား ရသည်။ ထနောင်းပင်ပျိုထက် က ကူချွဲနေ သည့် ချိုးကူသံဖြစ်သည်။ အဖွားနှင့် အတူလမ်း လျှောက် ထွက်လာတော့ နံနက် ၆ နာရီတိတိ ထိုး နေပြီ။ သီရိပစ္စယာ လမ်းမကြီး အတိုင်း လျှောက်လာ ကြရင်း ထနောင်းပင်ထက်က ကူချွဲနေသည့် ချိုးကူသံ နှင့် ခါ တွန်သံ ကိုပါ ကြည်နူးဖွယ်ရာ ကြားနေရသည်။

အဖွားက သဗ္ဗညုစေတီဘက် လျှောက်ရအောင် ဟု ဆိုသည် နှင့် လမ်းမပေါ်မှ သဗ္ဗညုစေတီဘက် ချိုး ကွေ့ ဝင်လိုက်သည် သီရိပစ္စယာ လမ်းမကြီးသည် အရှေ့ မြောက်ဆီ သို့ ဦးတည် နေသည်။ ဆက်လျှောက် လိုက်လျှင် လောကထိပ်ပန်း နားက ရွှေဆံတော် ကို လှမ်းမြင်နေရသည်၊ လက်ဝဲဘက် တွင်မြင်းပြဂူကို တွေ့ ရသည်။ ဒီဇင်ဘာလ နံနက်စော စောဖြစ်သဖြင့် မြူအနည်းငယ် ဆိုင်းနေသည်။

ဒီနေရာက ရှေးတုံးက ကျုံးကြီးလို့ အဖွားတို့ ကို လူကြီး တွေက ပြောဘူးတယ် ရန်သူက ကျုံးအ ပြင်ဘက်က နေ ပုဂံမြို့ ရိုးထဲ ကို လောက်လွှဲတွေ ၊ မီးကျည်တွေ နဲ့ပစ်တယ် ပုဂံခေတ်က ဓါး ၊ လှံ ၊ လေး ၊ မြှားတွေနဲ့ စစ် တိုက်ကြတာ ဘာရယ်လို့ မသိ ပုဂံ ပတ်ဝန်းကျင်ကို ငေးမောရင်း ကျမ ရင်ထဲဝယ် တလှိုက် လှိုက် ဖြစ်ပေါ် လာသည် လွမ်းလွမ်း ဆွေးဆွေး ခံစားနေမိသည်။ အဖွားက တော့ လမ်းလျှောက်ရင်း ပုဂံခေတ် သမိုင်းကို ဟို တစ သည်တစ ပြောနေသည်။ ကျမတို့ မြေးအဖွား သဗ္ဗညုဘုရား ပရ၀ုဏ်မှ ဖြတ်ကာ အနန္ဒာ ဆ်ီလျှောက်သည်။ နံနက် စောစောဖြစ်နေ ၍လူသူ မရှိသလောက်ဖြစ် သည်။ ထိုစဉ် မြင်းလှည်းလေး တစီးမောင်း လာ သည် ကို တွေ့ ရပြီး ဘယ်ဘက် လမ်းချိုး ချုံများ အကြား ပျောက်ကွယ်သွားသည်။ တိတ်ဆိတ် သည့် နံနက်ခင်း လေး တခုပါပဲ။
ထီးလှိုင်ရှင်၏ အရိမဒ္ဒနာပူရ သို့ ကျမတို့ မြေးအဖွား ရောက်နေသလား။ နံနက်ခင်း လေက အေးမြ လန်း ဆန်း သည်။ အဖွားနှင့် ကျမ ပိုပြီး လမ်းလျှောက် သွက်လာကြသည်။ သရပါတံခါးမှ ပုဂံမြို့ တွင်း သို့ ဝင်လာ ခဲ့ကြသည်။ သည်မြို့ ရိုးနှင့် သည်တံခါးသည် ပျဉ်ပြားမင်း တည်ခဲ့ သည့်မြို့ ရိုးဟောင်းနှင့် တံခါးဟောင်းဖြစ် သည်ဟု အဖွားက ရှင်းပြသည်။ တည်းခိုရာ နေရာသို့ ပြန်ရောက် သည်နှင့် ဒီည အဖွားကို မေးရန် မေးခွန်းများ ပါလာသည်။
နေ့ လည်စာ စားပြီးလျှင် တရေးတမော အိပ်တတ်သည့် အဖွားအား အနှောက် အယှက် မပေးလို၍ စာအုပ် တ အုပ် အား လက်မှ ကိုင်ပြီး စာအုပ်ထဲ စိတ်ကို နှစ်မြုပ်ထား လိုက်သည်။

Monday, August 11, 2008

ကြေကွဲဖွယ်ရာ ပထမ မြန်မာနိုင်ငံတော် ( ၂ )

တာတာ တပ်များ တိုက်ခိုက်သောအခါ နရသီဟပတေ့ မင်းသည် ပုဂံထီးနန်း နှင့်ပြည်သူပြည်သားများ ကို စွန့် ခွာ၍ ထွက်ပြေး သွား သည်။ တာဝန်မဲ့ ထွက်ပြေးခြင်း ပြုသည့်အတွက် ၄င်းမင်းအား တ ရုတ်ပြေးမင်း ဟူ၍ ခေါ် ဝေါ်ကြ သည်။ တိုင်းပြည်အကြီး ကဲ ထွက် ပြေးသော်လည်း ပုဂံပြည်သူပြည်သား များသည် စိတ်အား ငယ်ခြင်း မရှိ ဘဲ တာတာ တရုတ်တပ် များကို ပြန်လည် ခု ခံ ခိုက်တိုက်ခိုက်ကြ၍ တရုတ်တပ်သား ၇၀၀၀ ကျဆုံးကြောင်း ရာဇ၀င်များဋ္ဌ် တွေ့ရသည်။ တရုတ်တပ်များ ထွက်ခွာ သွားပြီး နရသီဟပတေ့ ကိုလည်း ငှင်း၏ သား တော် တဦးက လုပ်ကြံ သတ်ဖြတ်လိုက်ပြီး နောက် ၄င်း၏သား တော်များအချင်းချင်းလည်း တဦးနှင့် တဦး တိုက် ခိုက်လျှက် ရှိလေ သည်။

ကျောက်ဆယ် လယ်တွင်းနယ် များကို အုပ်စီးထားကြသည့် ရှမ်းညီ နောင်အကြီးကဲ သုံးဦးတို့ ကလည်း နောက် ဆုံး ကျန်ရစ်သည့် နရသီ ဟပတေ့ ၏ သားတော် ပုဂံမင်းကျော်စွာကို နန်းမှချကာ ကွပ်မျက်ကြ ပြီး အထက်မြန်မာ နိုင်ငံ တလွှားကို သိမ်းပိုက်ခါ တထီး တနန်း ထူထောင် သည်။

တောင်ငူနှင့်ပြည်အောက် ဖက်ရှိ မြန်မာနိုင်ငံတောင်ပိုင်း မွန်ဒေသ များကို သောက္ကတဲ ယိုးဒယား ရှမ်း အကြီး ကဲ များ၏ အကူအညီဖြင့် ၀ါရီ ယူက သိမ်းပိုက်ပြီး နောက် မုတ္တမကို အခြေပြုကာ တထီးတနန်းထူ ထောင်သည်။

ပုဂံမင်းဆက်များ ကို သစ္စာစောင့်ထိန်းလာခဲ့သည့် ရခိုင်ပြည်မင်း ဆက်များ သည်လည်း ပုဂံမင်းဆက်မရှိ တော့ ၍ သီးခြားမင်းပြုကြ သည်။ ထိုကဲ့ သို့မြန်မာနိုင်ငံ၏ စည်းလုံးညီညွတ် မှုပြိုကွဲ ပျက်စီးကာ တနယ် တမင်း ဖြစ် လာခဲ့ရသည် ကို သမိုင်းသုတေသီ ဂျီအီးဟာဗီ က ၄င်းစာ အုပ်တွင် ရေးသား ဖော်ပြထား သည်မှာမြန်မာ နိုင်ငံ တော်ကို အမဲဖျက်သ လို ဖျက်၍ မိမိတို့ အချင်းချင်းခွဲဝေ ယူငင်ကြပြီး နောက် အချင်းချင်း လည်း တိုက် ခိုက်လျှက် ရှိကြသည် ဟု ရေးသားထားသည်။

ပထမ မြန်မာနိုင်ငံတော်သည် နှစ်ပေါင်း ၂၅၀နီးပါးခန့်မျှ ကြာမြင့် လျှက် မြန်မာမင်းဆက်၁၁ဆက်မျှ အုပ်ချုပ် ခဲ့ ကြသည်။ အနော်ရထာနှင့် ကျန် စစ်သားတို့ အမြှော်အမြင်ကြီးမားစွာဖြင့် ပထမမြန်မာနိုင်ငံတော်အား သိမ်းသွင်း ၍ အလောင်းစည်သူနှင့် နာရပတိစည်သူတို့ ပထမမြန်မာနိုင်ငံ တော် ထိမ်းသိမ်းခဲ့ကြ သည့်မြန်မာ နိုင်ငံတော်၏ စည်းလုံးညီညွတ်ရေးသည် ပြိုကွဲပျက်စီးသွားသည်ကို ကြေကွဲဖွယ်ရာ တွေ့ရသည်။ မြန်မာရာဇ၀င် တွင် ကြီးကျယ်ထင်ရှားခဲ့သည့် ပုဂံမင်းဆက်သည်လည်း မှေးမှိန်ပျောက် ကွယ်သွား ပါ တော့သည်။

ကျမ်းကိုး
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။
ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )
မှန်နန်းရာဇ၀င် သုံးတွဲ

Tuesday, August 5, 2008

ကြေကွဲဖွယ်ရာ ပထမမြန်မာနိုင်ငံတော် ( ၁ )

ဇေယျသိင်္ခ (၁၂၁၀-၁၂၃၄) အထိ ကွယ်လွန်သောအခါ ၄င်း၏ သားတော် ကျစွာမင်း ထီးမွေ ဆက်ခံသည်။ မြန်မာ ရာဇ၀င်များဋ္ဌ် ရေးသား ထားသည်မှာ ကျစွာမင်း သည် စာပေ ကျမ်းဂန် တွင်သာ မွေ့လျှော်ပြီး နိုင်ငံတော် အုပ်ချုပ်ရေးကို ၄င်း၏ သားတော် ဥဇနာ အား လွဲအပ် ထားသည်။ ကျစွာမင်း ကွယ်လွန်၍ ဥဇနာမင်း နန်း တက်သောအခါ နိုင်ငံတော်၏ တာဝန်ကို လုံးဝ လှည့်မကြည့် တော့ ဘဲ အရက် သေစာနှင့် အပျော် အပါး လိုက်စားခြင်း အမဲလိုက်ခြင်း ဖြင့်သာ အချိန်ကုန်သည်ဟု ရာဇ၀င်များဋ္ဌ် ဖော်ပြကြသည်။

ရာဇ၀င်များဋ္ဌ် ထင်ရှားကျော်ဇောခဲ့သည့် မိဘုရားဋ္ဌကီး ဖွားစောကို ကျစွာမင်းလက်ထက်မ စပြီး မိဖုရားမြောက် သည်ဟု ရာဇ၀င်များ တွင် ရေးသားထားဋ္ဌကသည်။ ဥဇနာမင်း ကွယ် လွန်သောအခါ ၄င်း၏ သားတော်ဋ္ဌကီးဖြစ်သူ သိင်္ဂသူသည် ထီးနန်း အမွေကို ဆက်ခံရန်ဖြစ် သော်လည်း လွှတ်တော်က မိဘုရားငယ် တစ်ဦးနှင့် ရသည့် သား တော် နရသီဟပတေ့ ကိုသာ ရွေးချယ်ကြောင်း ယင်းသို့ ရွေး ချယ်ခြင်းမှာ လည်း သားတော်ဋ္ဌကီး သိင်္ဂသူ သည် မင်းသားဘ၀ ကပင် လွှတ်တော်ဝန်ဋ္ဌကီးများ အား အနိုင်ကျင့် ဆက်ဆံသော ဋ္ဌေကာင့်ဖြစ်သည်ဟု ရာဇ၀င်များဋ္ဌ်ဖော်ပြခဲ့ကြသည်။

နရသီဟပတေ့ မင်း၏ နန်းသက်ကို ၁၂၅၄ခုနှစ် မှ ၁၂၈၇ အထိ ၃၃နှစ်ဟူ၍ ဖော်ပြကြသည်။ နရသီဟပတေ့ မင်း လက်ထက် တွင် မြန်မာနိုင်ငံတော်တွင် ဋ္ဌေကာက်မက်ဖွယ်ရာနှင့် စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာ အဖြစ်ပျက်ကြီးများဖြစ် ပျက်ခဲ့သည်။

နရသီဟပတေ့ မင်းသည် ၄င်းအား ပုဂံထီးနန်းအမွေကို ဆက်ခံ ခွင့်ရရန်အတွက် ဆောင်ရွက်ပေးခဲ့သည့် ပညာရှိအမတ်ကြီး ရာဇ သဋ္ဌက်န်နှင့် လိမ္မာရေး ခြား ရှိသော မိဖုရားဖွားစော တို့ ကိုပင် အတိုက် ခံပြု၍ မိမိထင်ရာ ပြုလုပ်လေ့ရှိသော တစ်နေ့ ဟင်းခွက်၃၀၀ စား သည့် မင်းဆိုးမင်းညစ်ဖြစ်ကြောင်းကိုမြန်မာရာဇ၀င်များဋ္ဌ် ဖော်ပြ ဋ္ဌကသည်။

နရသီဟပတေ့ မင်းလက်ထက်တွင် ရှမ်း ညီနောင်သုံးဦးဖြစ်သည့် အသခ်ယာ။ ရာဇသဋ္ဌက်န်နှင့် သီဟသူတို့ အစရှိသည့် ကျောက် ဆည် လယ်တွင်းနယ်များဖြစ်ကြသော မြင်စိုင်း၊ မက်ခရာနှင့်ပင်လယ်မြို့ များကို ပေးသနားတော်မူဋ္ဌေကာင်း မြန်မာရာဇ၀င်များတွင်ဖော်ပြ ဋ္ဌကသည်ကိုတွေ့ရသည်။

နရသီဟပတေ့ မင်းသည် တရုတ်နိုင်ငံဋ္ဌကီးနှင့်စစ်ဖြစ်ပွားရ အောင်အမှားမှားအယွင်းယွင်းပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရ သည်။
ဥရောပတိုက် အရှေ့ပိုင်း အာရှတိုက်အလယ်ပိုင်း နှင့် တရုတ်နိုင်ငံဋ္ဌကီး တခုလုံးကို တိုက်ခိုက် အောင်မြင်လိုက်သော တာတာတို့ ၏ ဧကရာဇ်ဘုရင်ကုဗလိုင်ခန်သည် မြန်မာနိုင်ငံ အုပ်ချုပ်သူများထံမှ လက်ဆောင်များ တောင်းခံရန် အတွက် သံအဖွဲ့တဖွဲ့ကို ပုဂံသို့ စေလွှတ်လိုက်ရာတွင် ကုဗလိုင်ခန်၏ သံများကို သံတမန်ကဲ့သို့ ဆက်ဆံခြင်းမပြုဘဲ နရသီဟပတေ့ မင်းသည် မိုက်မိုက်မဲမဲ သတ်ဖြတ်လိုက်ရာ မှ တာတာတရုတ်တပ် များ မြန်မာနိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ၀င်ရောက်တိုက် ခိုက်ဖျက်ဆီးကြောင်း ဖြင့် မြန်မာရာဇ၀င်များဋ္ဌ် ဖော်ပြကြသည်။


ကျမ်းကိုး
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။
ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မြန်မာရာဇ၀င် တော်ဋ္ဌကီး ( ဦးကုလား )
မှန်နန်းရာဇ၀င် သုံးတွဲ