Monday, August 25, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမ မသက်ဇင်ရယ် ၃

ဒုတိယမြောက်နေ့ နံနက်
နံနက် ငါးနာရီလောက်မှာ အိပ်ရာက နိုးသည်။ ထုံးစံအတိုင်း ကျမ ပြတင်း ပေါက်ကို ဖွင့်လိုက်သည်။ ဆောင်း လေ အေးက ကျမ မျက်နှာကို နူးညံ့စွာ တိုးဝှေ့လာသည်။ ကျမ လန်းဆန်းကြည်နူးသွားမိသည်။ ထ နောင်း ပင်ပျိုထက်က ကူချွဲနေကြ ချိုးကူသံလေးကြားရမည်လားဟု မျှော်လင့်ချက်ဖြင့် ကျမ ငေးမောကြည့် မိသည်။ ဒီနေ့ နံနက် စောလွန်းနေ၍များလားမသိ ချိုးကူချွဲသံလေး မကြားရသေးပါ။ နံနက်စောစော လမ်း လျောက်နေ ကြအတိုင်း မြေးအဘွားနှစ်ယောက် လမ်းလျောက်ကြသည်။

မြူဆိုင်းနေသည့်ကြားမှ သွားနေကြလမ်းအတိုင်း အဘွားနှင့် ဆက်လျောက်သည်။ ဘာမှ စားမလာ၍ ဝမ်းထဲက ဆာသလိုလို ရှိလာသည်။ အာနန္ဒနှင့် မ လှမ်း မ ကမ်း ပုဂံမြို့တံခါးဝ တွင် အကြော်ဖို တစ်ခု ကို လှမ်း မြင်ရသည်။

ဗိုက်ဆာတာနဲ့ အတော်ပဲ ဘွားရေ အကြော်ဖိုသို့ ခပ်သုတ်သုတ် လျောက်လာခဲ့ကြသည်။ နံနက်ခင်းလေက လန်းဆန်းသည်။ အေးမြသည်။ ကြည်နူးဖွယ်ရာ ပုဂံနံနက်ခင်းလေး တစ်ခုပါပဲ။ ဘွားဘွား နှင့် အတူ ဘယာကြော် ဝယ်စားကြသည်။

ပုဂံမြို့ကို စတုတ္ထ အကြိမ် တည်ခဲ့ စဉ်က ကျုံး၊ မြို့ရိုး အပြည့်အစုံနဲ့ပေါ့ မြေးရယ်၊ အခုတော့ ဧရာဝတီမြစ် ရေတိုက် စားမှုကြောင့် မြို့ရိုးအပြည့်အစုံတော့ မရှိတော့ ဘူးပေါ့ ။ မူလ အစ က ပုဂံမြို့ရိုးမှာ တံခါး ၁၂ ပေါက်၊ ရှိခဲ့တယ်လို့ ဆိုတယ်။ ခု ဘွားတို့ လမ်းလျောက်တိုင်း ဖြတ်ဝင်တဲ့ သရပါ တံခါးပေါက်သာ ကျန်တော့တယ်။ သရပါ ဆိုတဲ့ ဓိပ္ပါယ်က မြား ကို ကာဆီး သော တံခါး လို့ ဆိုတယ်။

ပျက်စီး နေသော တံခါးကို ရှေးဟောင်းသုတေသန က အင်္ဂတေနဲ့ ဖာထေးပြီး နောက်ထပ် မပြိုပျက်အောင် မွမ်းမံထားသည်။ အပြင်နံရံ အထက်ပိုင်းတွင် ဘီလူးပန်းဆွဲနှင့် ပုလဲကုံး၊ အင်္ဂတေ၊ ပန်းလက်ယာတို့ ကို လှမ်းမြင်နေရသည်။ တံခါး တစ်ဖက်တစ်ချက်တွင် ပုပ္ပါး မယ်တော်၊ မဟာဂီရိ နတ်မောင်နှမ၏ နတ်ကွန်းကိုတွေ့ရသည်။ လက်ဝဲဘက်တွင် မောင်တော် နတ်ရုပ်နှင့် လက်ယာဘက်တွင် နှမတော် နတ်ရုပ် တို့ ရှိသည်။ နံရံထက်က ဘီလူးပန်းဆွဲနှင့် အင်္ဂတေ ပန်းလက်ရာတို့မှာ နဂါးရုံဘုရား တံတိုင်း လေးမျက်နှာရှိ မုခ်ဆောင် အင်္ဂတေ၊ ပန်းလက်ရာတို့ နှင့်တူသည်။ နဂါးရုံကို တည်သူမှာ ကျန်စစ်သားဖြစ်သည်။ ငရမန်၏ ရန်ကို နှိမ်နင်းပြီး ပုဂံနန်းကို တက်သည်တွင် စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော မြို့ရိုး တံ ခါးတို့ကို ခိုင်ခံ့အောင် ပြန်လည်ပြင်ဆင်သည်။ ယခုတည်ရှိသော သရပါတံခါး၏ အင်္ဂတေ ပန်းလက်ရာနှင့် တံခါးတစ်ခုလုံးမှာ ကျန်စစ်သား ၏ လက်ရာဟု ယူဆရသည်။ ကျမတို့ မြေးအဘွား သရပါတံခါးမှ ဝင်ကာ ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

နေ့ လည်ဘက်တွင် မနေ့ ကဘွားဘွားပြောပြ ခဲ့သည့် သံဃာများ ဂိုဏ်းကွဲသည့် အကြောင်းအရာနှင့် ဆက်နွယ် ၍ မှတ်စုများမှတ်နေ သည်။ ကျမဖတ်နေသော စာအုပ်များထဲ မှ မှတ်စု ထုတ်ကာ ရှေးတုံးက ဗုဒ္ဓဘာသာ ဆင့်ကဲပြန့် ပွား မှုတို့ ကို လေ့လာကြည့်သည်။

ခရစ်မပေါ်မှီ ဘီစီ ၂၇၀ခန့် တွင် အိန္ဒိယသမိုင်းမှာ ဖေါ်ပြထားသော အသောက မောရိယဟုခေါ် သည့်သီရိ ဓမ္မာ သော က မင်းကြီးသည် အိန္ဒိယပြည် အခြား နိုင်ငံရပ်ခြား အ နှံ့ အပြား ကိုးတိုင်း ကိုးဌာနသို့  သာသနာပြု မထေရ်များ ကို စေ လွှတ် ၍ သာသနာပြုစေခဲ့သည်။ သာသနာပြုသော ထိုမထေရ်များ ထဲမှ မဇ္ဈ န္တိက မထေရ်သည် ယ ခုခေတ် အာဖ ဂန် နစ္စတန် တ၀ိုက်သို့ ရောက်သွားသည်။ ယခု ရုရှား နှင့် အာဖဂန် နစ္စတန် နယ်စပ်၌ တာရာတပေ့ အမည်ရှိ မြို့ ဟောင်း နေရာ တနေရာရှိသည်။ တောင်ကုန်းမည်း ဟူ၍ အဓိပ္ပာယ် ရ သည်။ တချိန်က ဗုဒ္ဓဘာသာ ထွန်းကားပြန့် ပွားခဲ့သည့် နေရာဖြစ် သည်။
ခရစ် ၂ ရာစုတွင် အာရှအလယ်ပိုင်းနှင့် အိန္ဒိယမြောက်ပိုင်း နယ်မြေ များ၌ ဗုဒ္ဓဘာသာဝင် ကုန် ဘုရင် များကြီးစိုး ခဲ့သည် ဇာနိရှက ဘုရင် နှင့် ကနရှက ဘုရင်တို့ သည် အသောကဘုရင်ကဲ့သို့ ဗုဒ္ဓဘာသာ သမိုင်း ၌ထင်ရှား ကျော်ဇောသည့် ဘုရင်များ ဖြစ်သည်။
ကနရှက ဘုရင်သည် ထိုနယ်မြေတွင် ကျောင်းကန်ဘုရား စေတီ ပုထိုးများ ကို အများအပြား တည် ခဲ့သည်။ ကမ္ဘာမှာ အကြီးဆုံးဖြစ် သည့်မတ် တပ်ရပ် ကိုယ်တော် ဗုဒ္ဓရုပ်ပွားတော် သည် အာဖဂန်နစ်စတန်တွင် တည်ရှိခဲ့သည်။ စကားချပ် (နောက်ပိုင်း တာလီဘန် အစိုးရလက်ထက် ဒိုင်းနမိုငှ်းင့် ဖေါက်ခွဲဖျက် ဆီး လိုက်သည်) သာသနာပြု မထေရ် များ သည်လည်း ဂရိနိုင်ငံ ဆီးရီး ယား အီဂျစ်သီဟိုရ် မြန်မာ တရုတ်ပြည် ဂျပန် အင်ဒိုချိုင်းနား မလေး ရှား ယိုး ဒယား စသည့် နေရာ အနှံ့ အပြားသို့ သာသနာ ပြုများ ရောက်လာ ခဲ့သည်။ ထိုခေတ် အခါက ဗုဒ္ဓဘာသာ သည်လည်း ကြီးကျယ် ထွန်းကားခဲ့ သည်။

10 comments:

Republic said...

လာရောက်ဖတ်ရှူသွားပါတယ် မသက်ဇင်၊၊
ဝေမျှတာကျေးဇူးပါဗျာ ၊၊ အားပေးနေလျက်..နော်၊၊

လူလ said...

မင်္ဂလာပါ မသက်ဇင်။
လာဖတ်သွားတယ်။ စာရေးတော်တယ်ဆိုတော့လဲ ဖတ်ရတာ အလွန်ကောင်းပါတယ်၊ ဆက်ရေးပါဦး..

ရွှင်လန်းချမ်းမြေ့ပါစေ...

ဖြိုးငယ် said...

ကောင်းတယ်အမရေ ... ဖတ်ရတာ အရသာရှိတယ် ... အမအရေးအသားက
ဆရာမကြီး ဒေါက်တာမတင်ဝင်း နီးပါးလောက်
ကို ကောင်းတယ်ဗျာ ... ဆက်ရေးပါ .. ဆက်အားပေးမယ် ...

စိုင်းစိုင်းလားရှိုး said...

ဆက်ရန်ကိုမျှော်နေမယ် မသက်ဇင်ရေ

ညီအကိုများ said...

အားပေးလျက်ပါ..မသက်ဇင်ရေ...
ဝေမျှပေးတဲ့အတွက်...ကျေးဇူးပါ

Dr. Win Thein said...

အရေးအသားကော အကြောင်းအရာပါ အားလုံးကောင်းပါတယ်..မကြာမကြာလာဖတ်ပါ့မယ်..

winlatt said...

ဥပါလိဆေတ္တာသည်ကို အကြောင်းပြု၍ မင်းသား ခြောက်ယောက် သမာနသံဝါသက သိမ် ၌ ရဟန်းပြုရာ က သံဃဘေဒကပုဂ္ဂိုလ် ဖြစ်ခဲ့သောရဟန်းတစ်ပါး မှသည် ယနေ့ခေတ်တိုင် သာသနာတော်၌ အယူဝါဒ ကွဲပျားမှုများ အကျိုးဆက်ကို ရောက်လုနီးပါပြီ..။ ဆက်ပါဦး အမရေ...။ အမရဲ့ လာမယ့်အပတ် မထေရ်များဂိုဏ်းကွဲခြင်းပိုစ့်ကိုတင်မယ် ဆိုတဲ့စကားအတွက် ကြိုဆိုလျှက်ပါ...။ အဖွား လည်း ကျန်းမာပါစေ..။အဖွား ဘာပြောဦးမလဲ စောင့်နေလျှက်....။

Heartmuseum said...

အမရေ..... ဆက်စပ်ပြီး ရေးထားတာလေးတွေ
ကောင်းတယ်ဗျာ.....
တချက်ခုတ် ၃ ချက်ပြတ်ပေါ့.......

ဘလူးဖီးနစ် said...

လာလည်သွားတယ် မသက်ဇင်ရေ။ မသက်ဇင်ခေါ်သွားသို့ ပုဂံမှာ ကျန်နေခဲ့ပြီဗျ

ဘလူးဖီးနစ် said...

ပုဂံကို တစ်ခေါက်တော့ ထပ်သွားချင်စိတ်တွေ အရမ်းကို ဖြစ်လာတယ် မသက်ဇင်ရေ။ ပုဂံကို မြန်မာတိုင်း ချစ်ကြမယ်ထင်ပါတယ်နော်။