လသာည များ တွင် ကျမ တို့ ကလေးဘဝ နှင့် ရွာအကြောင်း ကို ကျမ လွမ်းလွမ်း ဆွတ်ဆွတ် သတိရ တမ်းတမိ သည် ကျမ တို့ ရွာတရွာ သာ မဟုတ်ပါ ဘူး မြန်မာ နိုင်ငံ တဝန်းလုံး ရှိ ရွာတွေ က လည်း လသာ ည များ တွင် ခံစား မှု များ အတူတူ ဖြစ်ကြ မည်ဟု ကျမ ယုံကြည် ပါသည်။ သန့်ရှင်းကြည်လင်သည့် ကောင်းကင် တွင် လမင်းက ထိန်ထိန်သာ နေသည်။ ရွာထဲ မှ ကလေးများ က ပျော်ရွှင်စွာ ဆော့ ကစားကြသည် လူကြီး များက ကွပ်ပျစ် ပေါ်တွင် ထိုင်ပြီး ရေနွေးကြမ်း သောက် လိုက် ထန်းလျက် ခဲလေးမြုံ့လိုက် လဘက်လေး ဝါး လိုက် နှင့် ရှေးဟောင်း နှောင်းဖြစ် က အစ ရပ်ရေး ရွာရေး တွေ ပြောနေကြသည်။
နောက် ကောင်းကင်ကြီး ကို မော်ကြည့် ကြ မည် ကျမ တို့ ခေတ် သာမဟုတ် လူ့ အနွယ်ဝင်လူသား များ ဖြစ်သည့် ကျမတို့ ဘိုးဘေး ဘီဘင် အဆက်ဆက်က ရှိခဲ့ပါ လိမ့်မည်။ အမှတ် မထင် ကောင်းကင်ကြီး အား မော်ကြည့် ရင်း ထိန်ထိန်သာ နေ သည့် ဖိုး ရွေလမင်း ကို ငှင်း။ တလက် လက် တောက်ပ နေ ကြ သည့် ကြယ် စု များ စွာ ကို ငှင်း မှိတ်တုံ့ လင်းတုံ့ နှင့် အရောင် ထွက်နေကြသည့် ကြယ်ကလေး များ ကို ငှင်း ဘိုးဘွားဘီဘင် တို့က အမည်များ ပေးကြသည်။ ဟို ကြယ် စုစုလေး က မောင်ရင် ဆိုင်းထမ်းပေါ့။ ဟို က ဖြောက်ဆိတ်။ ဟို က သောကြာကြယ်။ နဂါး ငွေ့တန်းကြီး လည်း ချစ်သူတွေ လျှောက်ခဲ့ကြသည့် တံတား ကြီးပေါ့ကွယ်။ လွမ်းဆွတ်ဘွယ် ပုံပြင်တွေပြောကြသည်။
ကျမ တို့ ဘိုးဘေး ဘီဘင် များဖြစ်သည့် လူသားများသည် ကောင်းကင်ပြင် ကြည်လင်သန့်ရှင်းသည့် ညများတွင် ကောင်းကင်သို့ မော်ကြည့် မိပြီး ရင်တွင်းဝယ် လူးလွန့် လှုပ်ရှားသွားကြသည်။ ဘာ ဝေဒနာဟု ကိုယ့် ကိုယ်ခွဲခြား မသိကြ ထိုကြောင့် ထို ဝေဒနာကို ကင်ပွန်းတပ်လို့ မရ။ ထို ကင်ပွန်းတပ် မရခဲ့သော ဝေဒနာကို လူ့ အနွယ်ဝင် ဘိုးဘေးဘီဘင် တို့ သည် ခံစားခဲ့ကြရသည်။ ထို ဝေဒနာ ကို အံထုတ်ဖေါ်ပြရန် အတွက် လူ့ အနွယ်ကြီး အတွင်း ထူးထွေ ဆန်းပြား သော ပုံပြင်များ ရှိလာကြသည်။ ကဗျာ လက်ာ များ ဖွဲ့ခဲ့ကြသည် အထူးသဖြင့် မြေထဲ ပင်လယ်ဒေသနှင့် ဂင်္ဂါမြစ်ဝှမ်းတို့ တွင် ထို ပုံပြင်များသည် ကြီးကျယ် ခန်းနားပြီး ကြွယ်ဝကြသည်။
ရသ စာပေ ကိုမြတ်နိုး တတ်ကြ သည့် မြန်မာတို့ သည် မိမိ တို့ တွင် ရှိသည့် ပုံပြင်များ နှင့် တင်းတိမ် ရောင့်ရဲခြင်း မပြုနိုင်ကြ သဖြင့် ဂင်္ဂါယဉ်ကျေးမှု ၏ အသီးအပွင့်များ အား မိမိတို့ ၏ ယဉ်ကျေးမှု ဥယျာဉ်ခြံမြေ များတွင် တယု တယ စိုက်ပျိုးခဲ့ကြသည်။ နေနတ်သမီး နှင့် လ နတ်သား စသည့် ပုံပြင်များ ကို ကျမ တို့မြန်မာ လူမျိုးများသည် မိမိတို့ အမျိုးသားဝတ်ရုံများ ဆင်မြန်း ကာ အမြတ် တနိုး မွေးစားခဲ့ကြသည် မဟုတ်ပါလား။
ကျမ တို့ မြန်မာနိုင်ငံသည် တရုတ်ပြည် အိန္ဒိယပြည်နှင့် အရှေ့ အာရှ တောင်ပိုင်းဒေသများ ၏ ပတ်ဝန်း ကျင်တွင် တည်ရှိ ကာ ရေမြေ တောတောင်များ ဆက်စပ် နေ သည်။ အနောက်ဘက် တောင်တန်းကြီး များ သည် အိန္ဒိယ ပြည် အရှေ့မြောက် ဒေသ နှင့်ငှင်း အာသံ မဏိပူရ နယ်များ နှင့်ငှင်း ဆက် စပ်ပြီး ရခိုင်ကမ်းမြောင် ဒေသသည် ဘင်္ဂလားနယ် နှင့်ငှင်းဆက်စပ်သည်။ မြောက်ဘက် တောင်တန်းများသည် တရုတ်ပြည်တိဗက် နယ်နှင့်ငှင်း ဆက် စပ်ပြီး အရှေ့ဘက် ကချင် တောင်တန်း နှင့်ရှမ်းကုန်းမြေမြင့်သည် တရုတ်ပြည် ယူနန်နယ်နှင့်ငှင်း ။ တောင်ဘက် တွင် လင်းဇင်း ၊ မာလာယု များနှင့်ဆက်စပ်သည်။
ထို ပထဝီ အနေအထားများကြောင့် မြန်မာနိုင်ငံ သမိုင်း ဖြစ်ပေါ်တိုးတက် မှုသည် သီးခြား ကင်းလွတ်မနေပဲ ထို ဒေ သများ နှင့် ယဉ်ကျေး မှု နှင့်ဘာသာရေးများ ပါ ဆက်နွယ်လျက် ရှိကြပေသည်။ မြန်မာ ရာဇဝင်တော်ကြီး တွင်သာ ကီ ဝင် များဟု ရေးသား ဖေါ်ပြထားပြီး ခေတ်သစ် သမိုင်း ပညာရှင်များ က ပျူလူမျိုးများ ဟု ဖေါ်ပြထား သည့်လူမျိုးနွယ်များသည် ရှေး နှစ်ပေါင်း နှစ်ထောင်ကျော်လောက် မှ စပြီး မဏိပူရ အာသံနယ်များမှတဆင့် ကဘော်တောင်ကြားလမ်းအတိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြပြီးလျင် သူတို့ နှင့် အတူ ရှေးဟောင်း အိန္ဒိယ ပြည်ကြီး ၏ အင်ဒိုအာရိယန် ယဉ်ကျေးမှုများ ကို တင်သွင်းယူဆောင်လာခဲ့ကြသည်။ မြန်မာနိုင်ငံ တွင် ယနေ့ တိုင် လွမ်းမိုး လျက်ရှိ သည့် အင်ဒို အာရိယန်ယဉ်ကျေးမှုသည် ယင်းပျူလူမျိုးများ ခေတ်မှ အစပြုခဲ့သည် ဟု လက်ခံဖွယ်ရာ သမိုင်းဝင် အထောက်အထား အများအပြား တွေ့ရှိရလေသည်။
မြန်မာ့ ယဉ်ကျေးမှု နတ် ကိုး ကွယ်မှု စစ်စစ်မှာ ၃၇ မင်းနတ်သာရှိသည်ဟု လေ့လာတွေ့ရှိရသည်။
မြန်မာ့ ယဉ်ကျေးမှု နတ် ကိုး ကွယ်မှု စစ်စစ်မှာ ၃၇ မင်းနတ်သာရှိသည်ဟု လေ့လာတွေ့ရှိရသည်။