Wednesday, September 17, 2008

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၁)


ငါးရက်မြောက်နေ့ နံနက်
ဒီနေ့ နံနက် ထူးထူး ခြားခြား ကျမ တို့ မြေး အဘွား ပြိုင်တူ နိုးနေကြသည်။ ရေ မိုး ချိုးပြီး အပြင် ထွက်ရန် ကျမ တို့ မြေး အဘွား ပြင်ဆင် ပြီး ချိန် လောက် တွင် အခန်း တံခါး လာခေါက် သောကြောင့် ကျမ တံခါး ထ ဖွင့် ပေး လိုက် သည့် အခါ နံနက် စာ ကော်ဖီ လာပို့ သည့် ဟိုတယ် ဝန်ထမ်း တဦး ဖြစ်နေပါသည်။ ဟိုတယ် ဝန်ထမ်း က စား စ ရာ များနှင့် အတူ စာအိတ် တအိတ် နှင့် ပလပ်စတစ် ပတ်ထားသည့် အနီရောင် ရဲရဲ နှင်းဆီ တပွင့်ကို ပါ ထားခဲ့ သည်။
ဘွား ဘွားက စူးစမ်း သည့် အကြည့်ဖြင့် လှမ်း ကြည့်သည်။ စာအိတ် လေး ကို ကျမ ဖေါက်ကြည့် မိတော့ အ ပြာနု ရောင် စာရွက် တရွက် က ထွက် ကျ လာသည် လက် ရေး စောင်း စောင်း လေး ဖြင့် ရေး ထား သည့် စာ ကြောင်း ရေ အ နည်း ငယ် အား ဘွား ဘွား ပါကြား စေချင် သဖြင့် အသံ ထွက် ဖတ်လိုက်ပါသည်။

လှပ နက် ရှိုင်း သည့် စကားလုံး တွေ ကို ကွယ် ဝှက် ထား တတ် ကြ တဲ့ ယောင်္ကျား တယောက်ရဲ့ ပုံစံ ဟာ အ သုံး မကျ ရာ ဖြစ်နေ တတ်ပြီး လူတွေ က အထီးကျန်လို့ မြင်နေ ကြတာပါ။ တကယ် တော့ သူတို့ မှ မသိ ပဲ ကိုး။ အထီးကျန် သူ တယောက် ရဲ့ အနား မှာ ဖတ်စရာ စာအုပ်တွေ ရယ် မြန်မာဆန်လွန်း သည့် ဆံပင် ရှည် ရှည် အရပ် မြင့်မြင့် နဲ့ မိန်းခလေး တယောက် ရဲ့ ဓါတ်ပုံတွေ ရယ် ရှိနေ ကြတာ ကို သူတို့ မသိ ကြ ဘူး လေ။

ဒါပါပဲ။ ဘွားဘွားကို ကျမ လှမ်းကြည့် လိုက်တော့ ဘွားဘွားက ကျမအား ငေးစိုက်ကြည့်နေသည်။ မေး ခွန်း တွေ မထုတ် သလို ကျမ ဘာလုပ် မှာလဲ ဒါမှ မဟုတ် ဘာပြောမှာလဲ ဟူသည့် ဘွားဘွား၏ အကြည့် အား ကျမ နား လည်လိုက် သည်။ နှင်းဆီနီ ပေါ် မှာ ပတ်ထား သည့် ပလတ် စတစ် လေး ကို ကျမ အသာ အယာ ခွာ လိုက် ပြီး ကျမ ၏ ဆံပင်ရှည်တွေ ပေါ် ကလစ် တခု နှင့် ပန်ဆင် လိုက် ခြင်း သည် ကျမ ဘွားဘွားအား အဖြေ ပေး လိုက်ခြင်းပါပဲ။

8 comments:

သက်ထွန်းညိမ်း said...

အဖွားကိုအဖြေပေးတဲ့ပုံစံလေး
မိုက်တယ်ဗျို့ စာပါအရေးအသားကောင်းတာမဟုတ်ဘူးနော် ကဗျာလည်းအရေးအသားကောင်းတယ်
အားပေးလျှက်ပါအမရေ

ဘလူးဖီးနစ် - bluephoenix said...

မသက်ဇင်ရေ ဝေးနေပေမယ့်လည်း နီးနေတတ်တယ်ဆိုတာကို လက်တွေ့မို့ ယုံပါတယ်ဗျာ။ နုလုံးသားနုတဲ့ ဓါတ်ပုံဆရာလေးနဲ့ မြန်မာဆန်တဲ့ မသက်ဇင်တို့ အင်မတန်လိုက်ဖက်ညီပါပေတယ်ဗျာ။

တားမြစ် ထားသော... said...

အနီရဲရဲ နှင်းဆီတပွင့်
အပြာနုရောင် စာရွက်တရွက်
....ဒါ အချစ်အတွက်ပေါ့။

**************

ဇာတ်လမ်းကို ပေးသိတာ နည်းလွန်းတယ်။ နောက်တစ်ခါဆို အခုနှစ်စလောက်တော့ လုပ်။း)

သုခမိန်(E-Journal)

Nu said...

ဓာတ်ပုံ ခိုးရိုက်တာ ရန်မတွေ့ဘူးလားဗျို့။ နှလုံးသားတွေ အရည်ပျော်ကုန်လို့ အသံ မထွက်နိုင်တော့ဘူး ထင်ပါရဲ့ ဟိဟိ။

Republic said...

မသက်ဇင် ရဲ့ အရေးတွေ တော်တော်ကျစ်လစ် တယ်ဗျာ ၊၊ ဖော်ပြပုံလေး ကောင်းမွန်လှပါတယ် ၊၊

ဖြိုးငယ် said...

ဟေးဟေး ..ဟုတ်လာပြီဟေ့ ..ကောင်းခန်းရောက်နေပြီ

သစ္စာ said...

နှင်းဆီနီ နဲ့ ပုဂံ ကို စိတ်ဝင်စားလို့
နှင်းဆီနီ ( ၁ ) ကို လာဖတ်ပါတယ်---

မေမေခင် said...

နှင်းဆီနီ ၁ ကို လာဖတ်သွားပါတယ်