Wednesday, September 24, 2008

ဒဂုန်တာရာ သို့ ကန်တော့ပန်း

၂၀၀၆ ခုနှစ်မေလ ၁၀ ရက် နေ့ တွင် ကျရောက်ခဲ့သည့် ဆရာ ဒဂုန်တာရာ ၏ ၈၇ နှစ်ပြည့်မြောက်တွင် ပြည်ပ နိုင် ငံ အသီးသီး တွင် ရောက်နေကြ သော ကဗျာ စာပေချစ်သူ လူငယ် များ စုစည်း ချိတ်ဆက်ကာ ဆရာ ဒဂုန်တာရာ သို့ အသီးသီး ဂါရဝပြု နှုတ်ခွန်း ဆက် ကန်တော့ ကြသည်။ ကျမ တို့ အားလုံး မိမိတို့ ရောက်ရှိ နေ ကြ သော နိုင်ငံ မှ တလှည့် စီ အချိန်ညှိ ကာ ဆရာနေထိုင်လျက် ရှိ သည့် ကလောမြို့ သို့ အလှည့်ကျ ဖုံးဖြင့် နှုတ် ဆက်ကြပါသည်။

ကျမ အလှည့် တွင် ဆရာဒဂုန်တာရာ ၏ ဆုံးမသြဝါဒ ကို ခံယူပြီး နောက် စိတ်ထဲ မှ ဆရာ့ အား ရည်စူး ကန်တော့ လျက် ဆရာ့ မွေးနေ့ပွဲ အတွက် ကျမ စပ်ထားသော ကဗျာတပုဒ် နှင့် ကန်တော့ ချင်ကြောင်း ပြောပြပြီး ကဗျာရွတ် ပြ ပါသည်။ ကျမ ကဗျာရွတ်ဆိုနေသည့် အချိန်တွင် ဆရာသည်ငြိမ်သက် တိတ်ဆိတ်စွာ နားထောင်လျက်ရှိပြီး ကျမ ကဗျာရွတ်ခြင်း ဆုံးသွားသည့်တိုင် ဆရာ ငြိမ်သက်တိတ်ဆိတ်မြဲ ဖြစ်နေ သောကြောင့် ကျမ က ဆရာ ဆရာ ဆရာ ဟု သုံးကြိမ် တိတိ ဆက်တိုက် ခေါ်လိုက်သည့် အခါတွင် ဆရာ့တုန့် ပြန်ထူးသံကို ကျမ ကြားလိုက် ရပါသည်။

ဒါပေမဲ့ ဆရာ့ အသံ အား ကျမ ခံစားမိလိုက်သည်။ ဆရာ့ အသံလှိုင်းသည် ကြေကွဲ ဆို့နင့်နေသည့် အသံ လှိုင်း ပါ လား။ ဆရာ မျက်ရည် ကျ မကျတော့ ကျမ မသိနိုင်ပါ။ သို့သော် ဆရာ့ရင်ထဲဝယ် ဆို့နင့်နေ သည် ကို တော့ ကျမ သိလိုက်ပါသည်။ ကျမ ကန်တော့ လိုက်သည့် ဆရာဒဂုန်တာရာ၏ ၈၇ နှစ်ပြည့် မွေးနေ့အတွက် အမှတ်တရ ကဗျာလေး အား ခံစားရန် ကျမ မျှဝေ ပေးလိုက်ပါသည်။


ဒဂုန်တာရာ သို့ ကန်တော့ပန်း

စာပေအနုပညာဟာ
ပြည်သူ ဘက် က ပါ တဲ့
ဆရာ ဒဂုန်တာရာ သြဝါဒ စကား
ကျမ ရဲ့ အသဲနှလုံးကြား မှာ
ထာဝရ သိမ်းထားလျက်ပါ ဆရာ

ဆရာရေး တဲ့
ပန်းနုရောင်အို
သဇင်သင်းပြန်တော့
အလက်ာ ကဗျာ
ဧရာဝတီ ယန်စီ ဗော်လဂါ

တန်ဘိုးကြီး သမိုင်းမှတ်တိုင်တွေ
စာပေသစ်ရဲ့ ခေါင်းဆောင်
ဆရာ့ကလောင်ကို မြတ်နိုး
စောင်းကြိုး နှင့် ကတ္တီပါ ကားလိပ်
ဆိတ်ဖလူးရ နံ့ လေး သင်းသလိုထင်
ရင်သိမ့်ခုန် မှတ်ယူ ခဲ့ရပါတယ် ဆရာ

ငြိမ်းချမ်းရေး ပိသုကာ
ဆရာသခင်ကိုယ်တော်မှိုင်း
အောင်ဆန်း သို့ မဟုတ် အရိုင်း
နက် ရှိုင်းတိုးဝင်

ကိုဗဟိန်း သို့ မဟုတ် ကဗျာ
ဆရာရေးတဲ့ ရုပ်ပုံလွှာ
ရင်မှာငြိတွယ် ခဲ့ရပါတယ် ဆရာ

ဆရာဒဂုန်တာရာ
အနာဂတ်တွေ လှမ်းကြည့် လို့
ထင်းရူးနံ့ သင်းတဲ့ ရှမ်းမြေမြင့်မှာ
စန္ဒယား တီးရင်း
ရွှေ ရောင် ညနေခင်းရဲ့ 
ထင်းရူးတောထဲ
လမ်းလျှောက် မြဲပဲပေါ့ နော် ဆရာ

ဆရာ ၈၇ နှစ်ပြည့်မှာ
ဆရာ့စာတွေကို ချစ်ကြတဲ့
ပြည်ပရောက် စာချစ်သူ တွေလေ

ဆရာ့ ထံ
အရောက် မလာနိုင်ပေမယ့်
မြန်မာပြည်သူတွေ နှင့်အတူ

ဆရာ လိုချင် တမ်းတ တဲ့
ငြိမ်းချမ်းရေး နှင့် ငြိမ်းချမ်းမှု
တွေလေ
မဝေးတော့သော ကာလမှာ
အမှန်တရားများနှင့်အတူ
သစ္စာ ရှိသူတွေ စုစည်းလို့ 
တနေ့  ဆရာ့ထံ
အသီးသီး ပြန် ရောက်လာ နိုင်မှာပါ ဆရာ။
မသက်ဇင်

20 comments:

လင်းဦး(စိတ်ပညာ) said...

ကျွန်တော်လည်း ဆရာ့ကို လေးစားအားကျရသူ တစ်ဦးပါပဲ။ အခုလို သတိတရ ရေးပေးတာ ကျေးဇူးပါခင်ဗျာ။

mgngal said...

လေးစားပါတယ် မသက်ဇင် ။ကဗျာကလည်း ကောင်းတယ်၊
အားလုံးကောင်းပါတယ် ။ချီးကျူးပါတယ်ဗျာ။

လင်းဒီပ said...

အစ်မရေ...ကဗျာလေးနှစ်ပုဒ်ပဲတင်ထားပေမယ့်...နှစ်ပုဒ်လုံးအရမ်းကောင်းတယ်ဗျ...

တန့် ကြည့် တောင်တန်းတွေ ကို ထိုးခွဲ လို့ 
ဧရာဝတီ က ကျမ ကို လက်ပြ နှုတ်ဆက် ရင်း
စီးဆင်းမြဲ စီးနေ တယ် လေ....
ထီးလှိုင်ရှင်ကဗျာလေးကို ကျွန်တော် အတော်ခိုက်တယ်ဗျ....

thihanyein said...

အမရေ ကဗျာရေးလည်းကောင်းတာပဲနော်
နှစ်ပုဒ်လုံးမိုက်တယ်ဗျ ကဗျာတွေက
လေးစားပါတယ်ခင်ဗျာ ချီးကျူးပါတယ်
နောက်လည်းရေးနိုင်ပါစေအမရေ
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ

saiburma said...

Hello Ma Thet Zin,

I love this POEMS and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

Republic said...

ယုံကြည်ချက် ရည်မှန်းချက်တွေ ပြည့်စုံပါစေ မသက်ဇင် ၊၊ အမြဲခင်မင်လေးစားနေလျက်ပါ ၊၊

Than Kyaw Htay said...

အစ်မ မသက်ဇင်
ဒဂုန်တာရာ ကန်တော့ ပန်းကို လာဖတ်ပါတယ်
ဒီကဗျာလေးဖတ်ရတော့လည်း ကောင်းတာပါပဲဗျာ
ကဗျာနှစ်ပုဒ်လုံးကို ဖတ်ပြီးရင် လွမ်းသလိုခံစားရပါတယ်အစ်မခင်မျာ
ပြန်ချင်ပါတယ် အစ်မရာ

တားမြစ် ထားသော... said...

ဆရာ ဒဂုန်တာရာ ခဏတာငေးငိုင်မိတယ်ဆိုတာ အတိတ်နဲ့ ပစ္စုပန် ဗျာများသွားလို့ထင်ပ။ ကျွန်တော်လည်း လေးစားအားကျရသူ ဆရာတစ်ယောက်ပါ။ အမှတ်တရ အခုလိုနှုတ်ဆက်တာကိုသိရတာ အားကျ၊ဂုဏ်ယူမိပါတယ်။
*******************
ဆရာ လိုချင် တမ်းတ တဲ့
ငြိမ်းချမ်းရေး နှင့် ငြိမ်းချမ်းမှု
တွေလေ---
မဝေးတော့သော ကာလမှာ
အမှန်တရားများနှင့်အတူ
သစ္စာ ရှိသူတွေ စုစည်းလို့ 
တနေ့  ဆရာ့ထံ
အသီးသီး ပြန် ရောက်လာနိုင်မှာပါ ဆရာ့ ။
******************
အဖိုးတန်ရတနာများ အမျိုးမှန်စွာနဲ့ အကျိုးအမြန်ပြုနိုင်ကြပါစေခင်ဗျာ။

သုခမိန်(E-Journal)

winlatt said...

အလွန်မင်္ဂလာရှိပါပေတယ်..။
အလွန်ကျက်သရေရှိပါပေတယ်...။
အလွန်စိတ်ချမ်းမြေ့ရပါတယ်...။
ပူဇော်ထိုက်သူပူဖော်ခြင်း...။
ဦးညွှတ်ထိုက်သူဦးညွှတ်ခြင်းဖြင့်
ဂုဏ်အပေါင်းကူးစက်
ကျက်သရေတက်ပါစေ...။

အလှတရား said...

အမခင်ဗျား
မေတ္တာရနံ့ သင်းသင်းလေးမှာ
ရှိုက်သံသဲ့သဲ့လေးစွက်လို့ပါလား
ဆရာကြီးရဲ့ မိုးကုပ်ကုပ်ဝယ်...အိုရုတ်တရက်
ကို တဖွဖွရွတ်တတ်တဲ့ကျနော်...
ဒီကဗျာကိုဖတ်တာ
နောက်ကျခဲ့ရပါပကော...
ခွင့်လွှတ်ပါအမခင်ဗျား...

Than Kyaw Htay said...

နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ် မြောက် ရေး ပထမမျိုးဆက်မှာ ပါဝင်လာတဲ့ ဆရာကြီး ဒဂုန်တာရာကို ကျွန်တော်တို့ စတုတ္ထ မျိုးဆက် ရဲ.ကိုယ် စား အမ မသက်ဇင် ကဗျာနှင့် ပူ ဇော် ကန်တော့ခြင်းကို ကျွန် တော် တို.နှစ် လို အား ရကြည်နူးလို့ မဆုံးပါ။

သစ္စာ said...

ဆရာကြီးဒဂုန်တာရာကို ကဗျာဖြင့် ကန်တော့ ဂုဏ်ပြုထားသည့်-----
အစ်မ မသက်ဇင် ခင်များ---
ကျွန်တော်တို့ စာပေချစ်သူများမှ--
လေးစားစွာဂုဏ်ယူလျက်ပါ--

... said...

မသက်ဇင်...
ကဗျာလေးကကောင်းလိုက်တာ...

ကိုကိုမောင်(ပန်းရနံ့) said...

ကဗျာလေးတွေ ကောင်းတယ်။
ခံစားတင်ပြမှုတွေ ထိရောက်တယ်။

အဆင်ပြေပါစေ။

-----ဧဏီမင်း said...

မရေ... လာလည်တယ်နော်.. အသစ်လည်း တွေ့ဘူးလေ.. ဒါ့ကြောင့် ပြန်သွားတယ်..
စာတွေက ဗဟုသုတတွေ အများကြီးပေးလို့ သိပ်အကျိုးရှိပါတယ်..

Ogre said...

မင်္ဂလာပါဗျာ ..
လာရောက် ဖတ်ရှုသွားပါတယ်ဗျာ ..
ပျော်ရွှင်ပါစေ .. :-)

မေအောင် said...

မသက်ဇင်ရေ..ဆရာကို ကန်တော့တဲ့
ကဗျာပန်းပွင့်တွေက အရောင်စုံ ၊အနံ့သင်းပြီး
ရဲရင့်လှပပါတယ်။ အားပေးလျက်....

Dr. Tint Swe said...

ဆရာလုပ်တာ ၀ါသနာပါလို့။ (အနာဂတ်)မှာ ရေးချ မပါရဘူး။

နေဒေးသစ် said...

ဆရာ့ အတွက် ကန်တော့ပန်းလေးက ဆရာမဟုတ်တဲ့ စာဖတ်သူရဲ့ စိတ်ထဲကိုတောင် နက်နက်ရှိုင်းရှိုင်းတိုးဝင်ရိုက်ခတ် နိုင်စွမ်းရှိပါတယ် မဇင် ...
ဆရာ့ အတွက်ဆိုရင်တော့ စကားလုံးတွေနဲ့ ဖော်ပြနိုင်စွမ်း မရှိတော့ဘူးပေါ့ ...

နန်း said...

ဆရာကြီးကိုကျမတို့လည်းလေးစားပါတယ်