Monday, September 15, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမသက်ဇင်ရယ် ၅


လေးရက် မြောက်နေ့ နံနက်
မနေ့ ည က ဘွားဘွား နှင့် တိုင်ပင် ဆွေးနွေး ထား သည့် အတိုင်း ဥပါလိသိမ် သို့ ထွက်လာ ခဲ့ကြသည် ပြန် ခါ နီး ပြီ ဖြစ် သော ကြောင့် ကျမ ပုဂံ ရှုခင်း ကို ဓါတ်ပုံ များများ ရိုက်ချင် သည်။ ပုဂံရှုခင်း သည် တိမ် ဖြူ ဆိုင်း ဆိုင်း ကောင်း ကင် ပြာပြာ အောက် တွင် နံနက်ခင်း ၏ ဝင်းလက် နေ သည့် နေရောင်ခြည် နှင့် လှချင် တိုင်းလှ လို့ နေ ပါ ရောလား။

ဘွားဘွား က ဥပါလိ သိမ် အကြောင်း ရှင်း ပြ သည်။ နား တောင်း များ ခေါ် ထီး လို မင်းလို မင်း နှင့် ကျ စွာမင်း တို့လက် ထက် က ဥပါလိ မထေ က တည် ဆောက် ခဲ့တဲ့ သာသနိ က အ ဆောက် အ အုံပေါ့ မြေး ရဲ့ ။ အနော် ရ ထာ နန်း မတက် ခင် က ပုဂံ မှာ သိမ် တခု ရှိ ခဲ့တယ်။ တူရင်း တောင်ထိပ် မှာ စော ရဟန်း တည် ခဲ့ တဲ့ စော ရ ဟန်း သိမ် ပေါ့။ ဥပါလိ သိမ်ရဲ့ မူလ လက် ရာ က ပုဂံ ခေတ် လက်ရာ ဖြစ်တယ် ။
အောက်ခြေ မှာ အုတ် ခုံ ဖြစ်သည် အတွင်း နံရံ တွင် ၁၈ ရာစု ပန်းချီ လက်ရာများ ရေးခြယ် ထားသည်။ ပုဂံ နန်းတွင်း သူ နန်းတွင်း သား များ အပြည့် အစုံဖြင့် အ နော် ရထာမင်း သိမ်သမုတ်ပုံ ကို လည်း တွေ့နိုင်သည်။ ဆင်ယင် ထုံးဖွဲ့မှု မှာ ၁၈ ရာစုဖြစ်သည်။ ပုဂံ ခေတ် မှာ သိမ် များ ကို သစ်သား ဖြင့် ဆောက်လေ့ ရှိသည် ဟု အချို့ သုတေသီများ က ဆိုကြ သည်။

ဘွားဘွား ပြောပြ သည် ကို နားထောင် ရင်း ကျမ ရင်ထဲ ဝယ် ဟာတာတာ ဖြစ်လာသည်။ တမျှော်တခေါ် မြင် နေ ရသည့် ပြောင်းဖူးခင်း ထဲ ဖြတ် လျှောက်ချင်လာသည်။ ဥပါလိ သိမ် မှ ကျမ တို့ မြေး အဘွား ထီး လို မင်းလို ဘက် သို့ ကူး ခဲ့ကြသည် ယင်း တို့ မှာ ပုဂံ ညောင်ဦး ကား လမ်း တဖက် တချက် တွင် တည် ရှိ သည်။ ထီး လို မင်း လိုမှာ အာရုံခံ မုခ် အရှေ့ ဘက် သို့ လှည့် သည့် နှစ်ထပ် လိုဏ်ဂူဘုရားဖြစ်သည်။ အထပ်ထပ် ရင်ပြင်သည်လည်း အရှေ့ ဘက် သို့ ပင်လှည့် သည် ရင်ပြင် မှာ ကျယ်သည် အောက်ခြေ မှ ကွမ်းတောင် ထိပ် အထိ ဥာဏ်တော် ၁၅၀ ပေ ရှိ ပြီး မျက်နှာ အကျယ် ပေ၁၄၀ စီ ရှိသည် အထက် လှိုဏ်ဂူ မှာ ဘဒ္ဒကမ္ဘာ တွင် ပွင့်ပြီး သော ဘုရား လေး ဆူကိန်း အောင်း လေ သည်။

ထို့ နောက် ကျမ တို့ မြေး အဘွား ဝက်ကြီး အင်း ဂူပြောက်ကြီး ဘုရား သို့ ဆက်သွား ကြသည်။ ဝက်ကြီးအင်း ဂူ ပြောက်ကြီး မှာ မြန်မာ ပုံစံ သန့်သန့်ဖြစ်သည်။ အာရုံခံ အမိုးတွင် ခြေတော်ရာပုံများ ကို ပန်း ခက် ပန်း နှယ် များ ဖြင့် တန်ဆာဆင်ထားသည်။ဂန္ဓကုဋိ ဘုရားဆောင် တွင်း ဆင်းတု ပုလ္လင် တစ်ဝိုက် တွင် မာရ်နတ် စစ်သည် ကို အဆန်း တကြယ် ရေးခြယ် ထားလေသည်။ ထို့နောက် ကျမ တို့ မြေး အဘွား ဂူပြောက်ကြီး တဝိုက် ရှိ ကျမ လျှောက် ချင်သည့် ပြောင်းဖူးခင်း ထဲ လမ်းလျှောက်ကြသည။် လေနုအေး က သွဲ့နွဲ့ နူးညံ့ စွာ တိုက် ခတ် နေ သည် ပြောင်းဖူးပင်လေး များသည်လည်း လေ နု အေး နှင့်အတူ ယိမ်း တနွဲ့နွဲ့။ အဘွားက သီချင်း စ ဆို တော့ ကျမ လည်း လိုက်ဆိုသည်။ ကျမတို့ မြေး အဘွား သီချင်းသံ က ပို ကျယ်လောင်လာသည်။ လေ ပြေ လေး တဖြူးဖြူး ၊ ပြောင်းခင်း လေးတွေ တငြိမ့်ငြိမ့် လူး ၊ ဧရာဝတီ မြစ်ရေ သင်ဖျူး။

ပုဂံမြေ နှင့် ပုဂံဘုရား များ ရှုခင်း သည် ဝင်းပ သည့် နေခြည်အောက် တွင် လှချင် တိုင်း လှနေ ပါရောလား။ ဘွားဘွား သီဆို နေ သည့် သီချင်း သံ ရုတ် တရက် ရပ်သွား သည် ကို ကျမ သတိ ထား လိုက်မိ သည်။ ဘွားဘွား က သွက် လက် ပေါ့ ပါး နေသည့် ကျမ အား ငေးမောစွာ စူးစိုက်ကြည့်နေသည် ကို တွေ့လိုက် ရသည်။ ဘွားဘွား မျက် လုံးများ ရွေ့ လျား သည့် ဘက် သို့ ကျမ ဖြတ် က နဲ ကြည့် မိသည့် အခါ ၊ ကင်မရာ တလုံး နှင့် ဓါတ်ပုံ လိုက် ရိုက် နေ သည့် လူငယ် တယောက် ကို တွေ့ ရသည်။ စောစော က ကျမ တို့ မြေး အဘွား မမြင် လိုက်ခြင်း မှာ ထို ကင်မရာ ဆရာ ပြောင်းဖူး ခင်း ထဲ တွင် ကွယ်နေသည် ဖြစ်မည်။ လူသူ မရှိဘူး ထင်ပြီး ဘွားဘွား နှင့် အ တူ အား ရ ပါးရ သီ ချင်း ဆိုလိုက်မိသည် ကို တွေးမိပြီး ကျမ မျက်နှာ တွင် ပန်းနု ရောင် ရှက်ပြုံး တချက် ပြုံး လိုက် မိ လေ သလား။ ထို လူငယ် အဝေး သို့ ထွက်ခွာ သွားသည် နှင့် ဘွားဘွား က ကျမ ကို တိုးတိုး လေး ပြောပြသည်။

မြေး ဆံပင်ရှည် တွေ လေထဲ မှာ လွင့်မျှော သွယ်နွဲ့ နေပုံ ဟာ ပန်းချီ ကား ရေး ချင်စရာ မြန်မာ ဆန် လှပ နေ တာ ကို ဘွားဘွား ငေးမော သွားရ သလို ဟို သူငယ် က မြေး ကို ဓါတ်ပုံ တွေ တဖြတ်ဖြတ် ရိုက် နေတာ ဘွား ဘွား မြင်လိုက်ရတယ် မြေးရဲ့ ။

14 comments:

Heartmuseum said...

ဟိုက်ရှားပါး......
princess & photographer ဇာတ်လမ်း စပြီမှတ်တယ်...... ဟီးးးးးး

thihanyein said...

လာဖတ်သွားပါတယ်ခင်ဗျာ
ကို heartmuseum ပြောသလိုတော့
ဖြစ်တော့မယ်ထင်တယ်ဗျို့
အားပေးလျှက်ပါခင်ဗျာ
ရွှင်လန်းချမ်းမြေ့ပါစေ

ဘလူးဖီးနစ် said...

အင်း ပုဂံ ဆောင်းပါးတွေ ဖတ်တာများသွားလို့လားမဘူးဗျ။ ညက အိပ်မက်ထဲမှာ ပုဂံ မှာ တစ်ယောက်တည်း ပျားတုတ်နေတယ်လို့ အိပ်မက်မက်တယ်။ :P

တားမြစ် ထားသော... said...

ပုဂံကိုခေါ်သွားတတ်တဲ့ ဆောင်းပါးလေး။ ပုဂံကို စာပန်းချီခြယ်တတ်တဲ့ ဆောင်းပါးလေး။ ခရမ်းရောင်နဲ့ ပန်းနုရောင်တွေ စတင်လို့ ရောယှက်တော့မယ်ကိုး။
ဒီနှစ်ယောက် ဘယ်နေရာမှာ ပြန်တွေ့မှာလည်း...
သုခမိန်(E-Journal)

******************

အမရေ။
နာမည်၊ Nick Name၊ ကလောင်။ ဘယ်လိုပဲပြောပြော E-Journal မှာတော့ စာရေးရင် “သုခမိန်”ဆိုပြီး ခံယူသဗျ။ သူငယ်ချင်းတွေကတော့ ပြောတယ် သူ့ထမိန်တဲ့။ ဒါတောင် “လှိုင်” မပါလို့။ လှိုင်ပါရင် သူတို့က ဆက်ပြောစရာရှိသေးသတဲ့။ တားမြစ်ထားသောကတော့ ဘလော့ဂ်လေးအပေါ်မှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ခံစားချက်ကို ခပ်ရေးရေးပြထားတာပါ။ ရှုပ်ကုန်ပြီလားမသိ။
သုခမိန်ပါအမရေ။း)

ဇင်ယော် said...

ဟေဟေ. စပြီကွ။ ပုဂံနောက်ခံ ရှုခင်းလှလှလေး
တွေနဲ့ ဇာတ်လမ်း ကောင်းလေး လာတော့မယ်။ ကိုပြတိုက်ကြီး ပြောသလို princess & photographer ဇာတ်လမ်းလေးကို စောင့်ဖတ် နေမယ်ဗျို.။

ကိုစွမ်း said...

အဟားဟား..မသက်ကို ဘယ်သူရိုက်သွားတာလဲ။ သိရင်
လိုက်တောင်းပြီး ကြည့်တယ်။ မသက်မှာ အဲလို အဘွား
ရှိတာ အရမ်းကောင်းတာပဲ။

စိုင်းစိုင်းလားရှိုး said...

ဓါတ်ပုံရိုက်သွားတာ ဘယ်သူမှတ်လည်း
ကျနော်ဗျ calendar လုပ်ရောင်းစားတာ
ရောင်းလို့မလောက်ဘူးဗျ...
ဝယ်ကြဦးမလားဗျို့.......................

မသက်ဇင် said...

E-journal ကို ----
စ ဖတ် တဲ့ နေ့ထဲက စပြီး ရင်ထဲ အသဲနှလုံး ထဲက လှိုက်လှိုက်လှဲလှဲ မှတ်ချက် ပေးမိခဲ့ တာကတော့---------
ယနေ့ ခေတ် ကာလ မှာ ရသ စာပေ အား နည်း နေ ချိန် ။ ရသ စာပေ ဖန်တီးမှု အား ကောင်းတဲ့ မျိုးဆက်သစ် လူငယ်တွေ စုစည်း ထားသည့် ဂျာနယ်တစ်စောင် ဖြစ် တယ်ဆို
တာကိုပါ။
အမိမြန်မာပြည်ရဲ့ မြန်မာစာပေယဉ်ကျေးမှု
အတွက် အလားအလာ ရှိသည့် မျိုးဆက်သစ်
များ ကို ဝမ်းမြောက်ဝမ်းသာ အားကိုး မျှော် လင့် မိခဲ့ကြောင်းလည်းဝန်ခံ ပါတယ်။

မြန်မာ လူငယ်တွေ စာများများ ဖတ်သင့်ပါ
တယ်။ ဖြစ်နိုင်ရင် သုခမိန် တို့ ရေးသားခဲ့ပြီး
သော ပိုစ့်လေးများကို စုစည်းပြီး အမှတ်တရ
စာအုပ်လေးတအုပ်ထုတ် စေချင်ပါတယ်။
သုခမိန်ရေ---------
ဘဝ မှာ ကိုယ်ရေးကိုယ်တာ အခက်အခဲကို
သီးသန့်ဖယ်ထုတ်ထား ပြီး မြန်မာ စာပေ ယဉ်ကျေး နှင့် လူငယ် မျိုးဆက်သစ် များ အတွက် မျှဝေ ပေးနိုင်ကြပါစေ။
ရသ နှင့် သုတ များ ကို ဆက်လက်ပြီး
သုခမိန် တို့ ကလောင်ရှင်လူငယ်များ
ဖြန့်ဝေပေးခြင်းဖြင့် မြန်မာစာပေ ယဉ်ကျေး
မှု အမွေ ကို ဆက်လက် ထိမ်းသိမ်းနိုင်ကြ
ပါစေ။

မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှု ကို လေးစား
တန်ဘိုးထားပြီး။ စာပေချစ်သော မျိုးဆက်သစ် လူငယ်များအားလည်း
လေးစားတန်ဘိုးထားသည့်
မသက်ဇင်

မသက်ဇင် said...

E-journal
ကို ဖတ်နေတာ ကြာပြီ သုခမိန် ကိုရေးခဲ့သလို
ရသနဲ့သုတ ကို ဖန်တီး နိုင်စွမ်းရှိပြီး အနာဂါတ် မြန်မာစာပေယဉ်ကျေးမှုအတွက်
အားထားလောက်တဲ့ ကလောင်ရှင် လူငယ်
တွေပါပဲ ခုတော့ သိရပြီ။
ကလောင်ရှင်တွေကတော့ -----
မယ် (Asterisk)
Rhyme
ကိုနယုန်မိုး
ကိုဗာဘို (ကို သုခမိန်)
အိမ်လွမ်းသူ (မှန်နီကုန်း)
ကိုကေဇက်
ကို မာရေးသျှင်
ကိုတောကြောင်
ကိုတာတူး။
အားလုံးကို လေးစားတန်ဘိုးထားပါတယ်။

မြန်မာလူငယ်များ စာများများဖတ်ကြပါ။

မြန်မာစာနှင့်မြန်မာ့ယဉ်ကျေးမှုကို
တန်ဘိုးထား ချစ်သူ
မသက်ဇင်

Than Kyaw Htay said...

ပုဂံမြေကို စာဖတ်သူအား
ဆွဲခေါ် သွားတတ်တဲ့ အမ သက်ဇင်ခင်မျာ---
အမရဲ့စာရေးနည်းဟာ မိမိတင်ပြချင်သော
အကြောင်းအရာတခုကို ရသ လေးနဲ့ တင်ပြတတ်လို့ စာဖတ်သူကို ဆွဲခေါ်သွားနိုင်တာပဲလို့ ယုံကြည်မိပါတယ်။
ဆက်ရန်ကို မျှော်နေတယ် အမသက်ဇင်ခင်များ။

Phyo Evergreen said...

အစ်မရေ လာလည်သွားပါတယ်။ ပို့စ်လေးတွေကဆွဲဆောင်မှုရှိတယ်..။
အခန်းဆက်များကိုမျှော်နေပါတယ်..။

ဖြိုးငယ် said...

အမရေ ..အခုမှအားလို့ရောက်လာတယ်ဗျာ ...
ဖတ်ရတာ ရင်ခုန်ချင်စရာကြီး .. နေဦး ..ဆက်ဖတ်လိုက်ဦးမယ်

အလင်းစေတမန် said...

အစ်မစာတွေဖတ်ပြီး ပုဂံသွားချင်စိတ်တွေ ပေါ်လာပြီ လိုက်ပို.။

မြတ် said...

အစ်မ..မသက်ဇင်ခင်ဗျား....စာရေးဆရာမမဟူရာရဲ့
စာအုပ်လေးများကိုဖတ်ချင်ပါတယ်....အစ်မမသက်ဇင်
အချိန်ရရင်...သူ့စာအုပ်လေးများကိုတင်ပေးပါလား...
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ..