Friday, September 19, 2008

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၂)

ကျမ တို့ မြေး အဘွား ကော်ဖီသောက် ပြီး ရွေစည်းခုံ သို့ ထွက်လာ ခဲ့ကြသည်။ ရွေစည်းခုံ တွင် ကြည့် စရာတွေ များ လွန်း လှပါ သည် တရက် နှင့်လည်း ကြည့် မကုန် တလ နှင့် လည်း ကြည့်မကုန် နိုင်ပါ။ ဒါ က ကြေး ဂူ တိုက် လို့ ခေါ် တယ် မြေးရဲ့ ဘုရား လေး ဘက် လေး တန် အလယ် တည့်တည့် မှာ ဘုရား ဆင်းတု တော် ကို ဖူး မျှော် ကြည်ညို နိုင် ဖို့ တ သီး တခြား တည် ဆောက် ထား တာ ကကုသန် ။ ကောဏဂုံ ။ ကသပ ။ ဂေါ တ မ ။ ဆို တဲ့ ပွင့်တော် မူပြီး ဘုရား လေးဆူ ရဲ့ မတ်ရပ် ပုံ ဆင်းတု တော်တွေပဲ။

ဆင်း တု တော် ကား ဆယ့် သုံး ပေ လောက် မြင့် သည်။ ဘယ်ဘက် လက် ဖဝါး အား အပြင် ဖြန့်ထား ပြီး လက် ချောင်း များ အား အောက် စိုက် ထားသည်။ ညာ ဘက် လက် ဖဝါး အား အပြင် ဖြန့်ထား ပြီး လက် ချောင်း များ အား အပေါ် ထောင် ထားသည်။ ဘယ်ဘက် လက် က သတ္တဝါ တို့ လိုအင် ဆန္ဒ ပြည့်ဝစေရန် ဆုပေး နေ ဟန်ဖြစ် သည်။ ညာဘက် လက် က ချစ်သား သမီး တို့ မစိုးရိမ်ကြ ကုန်လင့် ဟု အားပေး နေဟန်ပါပဲ။

ရွေစည်းခုံ စေတီ အား စတင် တည်ထား သူ မှာ အနော်ရထာ ဖြစ်သည်။ ကျန်စစ်သား မင်း က ဆက် လက် တည် ဆောက်ပြီး ပုဂံ ပိသုကာ လက်ရာ များ အား ကြွယ်ဝ စေခဲ့သည်။ရွေစည်းခုံကို အပြီးသပ်ခဲ့တဲ့ ကျန်စစ်သားမင်းက သူ တည် ခဲ့တဲ့ စေတီ ကို နိဗ္ဗာန် ၏ မူလ အရင်း ခံဖြစ်တဲ့ မြတ်သော မဟာစေတီ လို့ ခေါ်ဆို ခဲ့တယ်။ ကျန် စစ်သားမင်း ရေးထိုး တဲ့ ကျောက်စာတွေ မှာ နိရ်ဗာဏ ဆို တဲ့ ဝေါဟာရ ကို သုံးလာ တာ မြေး သတိ ထားမိ လာ သလား။ တခါ တရံ မဟာ နိဗ္ဗာန် ဆို တဲ့ ဝေါဟာရ ကိုသုံး ထားတယ်။ ဘွားဘွား က အရိမဒ္ဒန ပြည့် ရှင် ကျန် စစ်သားမင်း ၏ ကောင်းမှု များ အား တပိုင်း တစ ရှင်းလင်း ပြနေသည် ကို ကျမ နားထောင်ပြီး ကြည်နူး လို့ မဆုံနိုင် တော့ပါ။

ထို့ ကြောင့် သမိုင်း သုတေသီ အချို့ က ကျန်စစ်သား မင်း သည် ရွေစည်းခုံစေတီ အား တည်ပြီး နောက် ပိုင်း မဟာယာန မှ ထေရဝါဒ ဗုဒ္ဓဘာသာ သို့ လုံးလုံးလျားလျား သက်ဝင်ယုံကြည် လာပြီဟု ယူဆ ရန် အ ကြောင်း ရှိသည်။သို့ဆို လျှင် ရွေစည်းခုံ သည် မဟာယာနဂိုဏ်း မှ ခွဲထွက်လာ သည့် မှတ်တိုင် တခုဖြစ်သည် ဟု ပုဂံသမိုင်း သုတေသီ အချို့ က ယူဆကြသည်။ အရိမဒ္ဒန တွင် အနော်ရထာ စတည်ခဲ့ပြီး ကျန်စစ်သားမင်း အဆုံး သတ်ခဲ့သည့် ရွေစည်းခုံ စေတီတော် ကြီးသည် နေရောင် ခြည် အောက်တွင် ရွေရောင်တောက် ကာ ဖူး မျှော် လို့ မဝ နိုင်အောင် ပါပဲ။

ကျမ တို့ မြေး အဘွား ရွေစည်းခုံ ၏ အံ့ချီးဖွယ်ရာ များ ကို လေ့လာနေရင်း ဘွားဘွား ထံမှ ကျမ မျှော် လင့် မ ထား သည့် အဘိဓမ္မာ ဆန်သော မေးခွန်း အချို့ ကြားလိုက် ရသည်။ လူ့ သမိုင်း တွေ ကို မသိသေး ဘူး ဆိုရင် အ ချစ် အကြာင်း လည်း မသိနိုင်ဘူးလို့ မြေးပြောခဲ့ဘူး တယ်နော်။
မိန်းကလေး အတွက် အရေး ပါ လွန်း တဲ့ နေ့ တနေ့ အဖြစ် မြေး ရဲ့ အချိန်ဇယား ခွက်ထဲ မှာ ထည့်ကြည့်ဘူးပြီလား။ ဘွားဘွား ၏ မေး ခွန်း အား ရုတ် တ ရက် ကျမ မှင်သက် မိ သွား သည်။ ဘွားဘွား မေးတချက် ဆတ် ပြရာ ဘက် သို့ ကျမလှည့် ကြည့် လိုက် သည့် အခါ ရွေစည်းခုံ အရှေ့ မြောက် ထောင့် တန်ဆောင်း တစ်ခု အထက် မှ ဓါတ်ပုံ လှမ်း ရိုက် နေသည့် နှင်းဆီနီ ပိုင် ရှင်လူငယ် အား တွေ့လိုက်ရပါသည်။

ရုတ် တရက် ကျမ လက်ချောင်းတွေ ဆံပင်တွေကြား က နှင်းဆီပွင့်ပေါ် ရောက်သွားသည် ကျမ အဖြေ ကို ဘွားဘွား စောင့် ဆိုင်း နေမှန်းလည်း ကျမ သိလိုက်ပါသည်။ ဘွားဘွား သိချင်သည့် အဖြေကို ပေးဖို့ ရန် ကျမ အ တွက် စောနေပါသေးသည်။ ဒါပေမဲ့ ကျမ ရင်ထဲက အ ဖြေ အမှန်တရား ဆိုတာ ဟုတ်ရဲ့လား။

20 comments:

ရင်ကွဲငှက် said...

မသက်ဇင်ရေစာတွေက လှတယ်ဗျာ အရေးအသားက ဆရာဂျူးလိုပဲ စကားလုံးတွေကလှပြီးထိတယ် အေ၇းအသားတွေကကျစ်လစ်တယ် အစ်မစာတွေကိုအရမ်း ကြိုပါတယ်ဗျာ စာတွေကိုဖတ်မှတ် လေ့လာနေသူတွေအတွက်တော့ အလေးထားစရာ ဘလော့ တစ်ခုဆိုတာပြောဝံ့တယ်

ဘလူးဖီးနစ် - bluephoenix said...

စိတ်ဝင်စားစရာပဲနော်

ဖြိုးငယ် said...

အမရေ .. အဆက်ရှိသေးတယ်မလား .. မြန်မြန်ရေးဗျာ ..
ဖတ်လို့တော်တော်ကောင်းတယ် .... အရှိန်ကို မသတ်နိုင်ဘူး ...

thihanyein said...

ကိုဖြိုးပြောသလိုပဲဗျို့ ဖတ်ရတာ ဇတ်လမ်းကကောင်းနေပြီ
အဟဲ မြန်မြန်ဆက်ရေးနော်

ဆန်းဝင်း said...

ကျန်စစ်သား ဟာ မဟာယန မှ ထေရ၀ါကို ပြောင်းလာတယ်ဆိုတာ မသိဘူးဗျ ..
ပုဂံအကြောင်း အိပ်ရာဝင်ပုံပြင် လောက်ပဲသိတာ. ပုဂံနဲ မိုင် ၃၀ အကွာမှာနေပြီး ပုဂံ အကြောင်းကို တိတိကျကျ မသိဘူး ရှက်စရာဖြစ်နေပြီ။ ဘယ်စာအုပ်ဖတ်ရမလဲ ညွန်းပါဦးနော်

Heartmuseum said...

အင်းးးးးးး ကျန်စစ်သားက မဟာယနကနေ ထေရ၀ါဒပြောင်းကိုးကွယ်တယ်ဆိုတာ လုံးဝမသိခဲ့ဘူးဗျာ။စောင့်ဖတ်မယ်.....

Soe Mya Nandar Thet Lwin (Borros Roxo) said...

အနော်ရထာရယ်၊ ကျန်စစ်သားမင်းရယ် ကို သိပ်စိတ်ဝင်စားတယ်။

Post ဖတ်ပြီး ပုဂံကို ရောက်နေသလို ခံစားသွားရတယ်။

အမြဲလာဖတ်ပါ့မယ်။ ပုဂံကို ချစ်တယ်။

SMNTL

ဇင်ယော် said...

သမိုင်းဆိုင်ရာ ဗဟုသုတ နဲ့  ရသလေးတွေ ရောစပ်ထားတဲ့  ပို့ စ်လေးတွေကို ဖတ်ရတာ အရသာတမျိုးပါပဲ။ အစ်မရေ ဇာတ်ရှိန်ကတော့ တဖြည်းဖြည်းနဲ့  တက်လာပြီနော်။ စောင့်ဖတ်နေမယ်ဗျ။

Than Kyaw Htay said...

အစ်မ မသက်ဇင် ခင်မျာ
စာအရေးအသားက အရမ်းလှတယ်ဗျာ
ကျစ်လစ်တဲ့ စကားလုံးတွေနဲ့ ဖွဲ့ထားပြီး။
ရသ နဲ့ သုတ ကို ပေးစွမ်းနိုင်ပြီး ဒဿန
အတွက်ပါ စုံလင်တဲ့ အရေးအသားတွေပါခင်မျာ။

မိုးသောက် said...

အစ်မရေ လာလည်သွားပါတယ်ဗျာ.. နောက်ဆုံးက ရေးထားတာလေး အရမ်းကြိုက်တယ် ..
စာဖတ်သူ စိတ်ကို ဇတ်ကနဲ ဆွဲယူလိုက်သလိုပဲ ..

Ja Tawng Naw said...

အမရေ စာလာဖတ်တယ် ပုဂံက ကျနော်တို့ သမိုင်းအစပါ။ ဒီတော့ ဒီလိုပညာရှင်ဘလော့ဂ်မျိုးများစွာပေါ်ထွက်ပါစေ ၊

Republic said...

ပုဂံသမိုင်းရာဇ၀င် တွေကို အမြဲ တစ်စိုက်မတ်မတ်ရေးတတ်တဲ့ မသက်ဇင်ရေ ၊၊ပြည့်စုံကောင်းမွန်လှပါတယ်တယ် ဆိုတာထက် ဘယ်လိုရေးပေးရမှန်းကိုမသိတာ ၊၊ မသက်ဇင် ပြောပြသလို ပေါ့သွားမှာလည်းစိုးပါတယ် ၊၊ အမြဲလေးစားလျက်ပါဗျာ ၊၊

ခင်မင်စွာဖြင့်..

saiburma said...

Hello Ma ThetZin,
THis site is super cool.. Especially.. I can always keep in touch with all storys.I m crazy about this site.Thanks amillion for your hardworks dear.I'll come next time when i have free time.

Sai...

တားမြစ် ထားသော... said...

အချစ်တစ်ခုဟာ မြန်မာတို့ရဲ့ ပုဂံမှာသာ ပေါက်ဖွားလို့ကတော့၊ အင်း.. အခုလိုပဲ ဂန္တဝင်ဇာတ်လမ်းလေး ဖြစ်လာမှာပဲ။

ဆက်ရန်တွေကို မုန်းတယ်။း)
အချက်အလက်တွေကိုတော့ အားကျမိကြောင်းပါ။
ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

Nge Naing said...

စာအကြွေးတွေအားလုံးကို လာဖတ်သွားပါတယ်။ မသက်ဇင်ပို့စ်တွေကို ဖတ်ရတာ မြန်မာနိုင်ငံသမိုင်းအပြင် ဗုဒ္ဓဘာသာသမိုင်း၊ ပတ်ဝန်းကျင်အိမ်နီးနားချင်းနိုင်ငံ သမိုင်းတွေပါ သိရတော့ ပိုပြီးဗဟုသုတ ရသွားတာပေါ့။ အယုဒ္ဒယ၊ ဇင်းမယ်၊ လင်းဇင်းတို့အကြောင်း ပြန်ဖတ်ရတာ ငယ်ငယ်က သမိုင်းမှာ သင်ခဲ့ရတာတွေကို ပြန်သတိရမိတယ်။ မသက်ဇင်ဘလော့ဂ်ကို လာလည်တာ သမိုင်းပဲ သိရမယ်ထင်ခဲ့တာ အခုတော့ ဇာတ်လမ်းလေးပါ ပါနေတယ်ဆိုတော့ သုတအပြင် ရသာပါ ပါလာပြီမို့ ပိုပြီးစိတ်ဝင်စားသွားပြီ။ နောက်ဆို ဘယ်လောက်ပဲ အလုပ်များများ ဆက်ရန်ကို မျှော်ပြီး အကြွေးမထားပဲ လာဖတ်ဖြစ်ဖို့ သေချာသွားပြီ။

Phyo Evergreen said...

ွှအစ်မရေလာလည်ပါတယ်။ ဆွဲဆောင်မှုကောင်းတဲ့ အရေးအသားကြောင့်..ကျွန်တော့်မှာတော့ ရုပ်ရှင်တစ်ခုကြည့်နေရသလို..ဓာတ်ပုံရိုက်နေတဲ့လူငယ်၊
အစ်မတို့ မြေးအဘွားနဲ့ ပုဂံ ရှုခင်းတွေကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာတယ်..။

ဘလူးဖီးနစ် said...

နောက်တစ်ခေါက် လာဖတ်သွားတယ်။

မုတ်ဆိုး .. said...

“လူ့ သမိုင်း တွေ ကို မသိသေး ဘူး ဆိုရင် ---- အ ချစ် အကြောင်း လည်း မသိနိုင်ဘူးလို့ မြေးပြောခဲ့ဘူး တယ်နော် --- မိန်းကလေး အတွက် အရေး ပါ လွန်း တဲ့ နေ့ တနေ့ အဖြစ် မြေး ရဲ့ အချိန်ဇယား ခွက်ထဲ မှာ ထည့်ကြည့်ဘူးပြီလား-----” ဇာတ်လမ်းထဲက ဘွားဘွား ကိုမြင်ယောင်ထားမိတာကအင်မတန်ကို မြန်မာဆန်ပြီး သနပ်ခါးအမြဲတမ်းဖွေးနေတဲ့၊ စကားပြောရင်ခပ်ပြုံးပြုံးလေးပြောတတ်တဲ့၊ ပြေတဲ့အခါမှာလည်း ရှေးမြန်မာအသုံးအနှုန်းများနဲ့ ရိုးရိုးသားသားပွင့်ပွင့်လင်းလင်းပြောတဲ့ ဘွားဘွားအဖြစ်မြင်ယောင်ထားမိတာပါ .. ဒါပေမယ့် အဲဒီဘွားဘွားက ဒဿနဆန်ဆန်၊ လွန်းထားထားလိုလို၊ ဂျူးလိုလို စကားကိုကောက်ပြောလိုက်တော့ စောင်းကောက်ကြီးနဲ့ hip hop သီချင်းဆိုသလိုခံစားလိုက်ရတယ်ဗျာ .. ဟား .. ဟား ...

Honey said...

လူ့သမိုင်းကို မသိသေးဘူးဆိုရင် အချစ်အကြောင်းကိုလည်း မသိနိုင်ဘူးတဲ့လား???
လုံးဝကို မဖြစ်နိုင်ဘူးလို့ထင်တယ်။
လူ့သမိုင်းကို မသိဘဲနဲ့ အချစ်အကြောင်းကိုသိလို့ အိမ်ထောင်ပြုသွားကြသူတွေလဲ မနည်းပါဘူး။
လူ့သမိုင်းကို မသိဘဲနဲ့ တိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ်နဲ့ နိုင်ငံအတွက် အသက်စွန့်သွားတဲ့ သူတွေလဲ မနည်းပါဘူး။
လူ့သမိုင်းကို မသိဘဲနဲ့လည်း တစ်စုံတစ်ယောက်ကို ချစ်မိလို့ရပါတယ်။
ဝေဖန်ချက်အပေါ် အမရဲ့အမြင်ကိုလည်း သိချင်ပါသေးတယ်...။

မေမေခင် said...

ကျမ ရင်ထဲက အ ဖြေ ----အမှန်တရား ဆိုတာ ဟုတ်ရဲ့လား------။

အဲဒါ ကို တွေးသွားတယ်