Saturday, September 27, 2008

မြန်မာနိုင်ငံ နှင့် နတ်ကိုးကွယ်မှု

လသာည များ တွင် ကျမ တို့ ကလေးဘဝ နှင့် ရွာအကြောင်း ကို ကျမ လွမ်းလွမ်း ဆွတ်ဆွတ် သတိရ တမ်းတမိ သည် ကျမ တို့ ရွာတရွာ သာ မဟုတ်ပါ ဘူး မြန်မာ နိုင်ငံ တဝန်းလုံး ရှိ ရွာတွေ က လည်း လသာ ည များ တွင် ခံစား မှု များ အတူတူ ဖြစ်ကြ မည်ဟု ကျမ ယုံကြည် ပါသည်။ သန့်ရှင်းကြည်လင်သည့် ကောင်းကင် တွင် လမင်းက ထိန်ထိန်သာ နေသည်။ ရွာထဲ မှ ကလေးများ က ပျော်ရွှင်စွာ ဆော့ ကစားကြသည် လူကြီး များက ကွပ်ပျစ် ပေါ်တွင် ထိုင်ပြီး ရေနွေးကြမ်း သောက် လိုက် ထန်းလျက် ခဲလေးမြုံ့လိုက် လဘက်လေး ဝါး လိုက် နှင့် ရှေးဟောင်း နှောင်းဖြစ် က အစ ရပ်ရေး ရွာရေး တွေ ပြောနေကြသည်။

နောက် ကောင်းကင်ကြီး ကို မော်ကြည့် ကြ မည် ကျမ တို့ ခေတ် သာမဟုတ် လူ့ အနွယ်ဝင်လူသား များ ဖြစ်သည့် ကျမတို့ ဘိုးဘေး ဘီဘင် အဆက်ဆက်က ရှိခဲ့ပါ လိမ့်မည်။ အမှတ် မထင် ကောင်းကင်ကြီး အား မော်ကြည့် ရင်း ထိန်ထိန်သာ နေ သည့် ဖိုး ရွေလမင်း ကို ငှင်း။ တလက် လက် တောက်ပ နေ ကြ သည့် ကြယ် စု များ စွာ ကို ငှင်း မှိတ်တုံ့ လင်းတုံ့ နှင့် အရောင် ထွက်နေကြသည့် ကြယ်ကလေး များ ကို ငှင်း ဘိုးဘွားဘီဘင် တို့က အမည်များ ပေးကြသည်။ ဟို ကြယ် စုစုလေး က မောင်ရင် ဆိုင်းထမ်းပေါ့။ ဟို က ဖြောက်ဆိတ်။ ဟို က သောကြာကြယ်။ နဂါး ငွေ့တန်းကြီး လည်း ချစ်သူတွေ လျှောက်ခဲ့ကြသည့် တံတား ကြီးပေါ့ကွယ်။ လွမ်းဆွတ်ဘွယ် ပုံပြင်တွေပြောကြသည်။

ကျမ တို့ ဘိုးဘေး ဘီဘင် များဖြစ်သည့် လူသားများသည် ကောင်းကင်ပြင် ကြည်လင်သန့်ရှင်းသည့် ညများတွင် ကောင်းကင်သို့ မော်ကြည့် မိပြီး ရင်တွင်းဝယ် လူးလွန့် လှုပ်ရှားသွားကြသည်။ ဘာ ဝေဒနာဟု ကိုယ့် ကိုယ်ခွဲခြား မသိကြ ထိုကြောင့် ထို ဝေဒနာကို ကင်ပွန်းတပ်လို့ မရ။ ထို ကင်ပွန်းတပ် မရခဲ့သော ဝေဒနာကို လူ့ အနွယ်ဝင် ဘိုးဘေးဘီဘင် တို့ သည် ခံစားခဲ့ကြရသည်။ ထို ဝေဒနာ ကို အံထုတ်ဖေါ်ပြရန် အတွက် လူ့ အနွယ်ကြီး အတွင်း ထူးထွေ ဆန်းပြား သော ပုံပြင်များ ရှိလာကြသည်။ ကဗျာ လက်ာ များ ဖွဲ့ခဲ့ကြသည် အထူးသဖြင့် မြေထဲ ပင်လယ်ဒေသနှင့် ဂင်္ဂါမြစ်ဝှမ်းတို့ တွင် ထို ပုံပြင်များသည် ကြီးကျယ် ခန်းနားပြီး ကြွယ်ဝကြသည်။

ရသ စာပေ ကိုမြတ်နိုး တတ်ကြ သည့် မြန်မာတို့ သည် မိမိ တို့ တွင် ရှိသည့် ပုံပြင်များ နှင့် တင်းတိမ် ရောင့်ရဲခြင်း မပြုနိုင်ကြ သဖြင့် ဂင်္ဂါယဉ်ကျေးမှု ၏ အသီးအပွင့်များ အား မိမိတို့ ၏ ယဉ်ကျေးမှု ဥယျာဉ်ခြံမြေ များတွင် တယု တယ စိုက်ပျိုးခဲ့ကြသည်။ နေနတ်သမီး နှင့် လ နတ်သား စသည့် ပုံပြင်များ ကို ကျမ တို့မြန်မာ လူမျိုးများသည် မိမိတို့ အမျိုးသားဝတ်ရုံများ ဆင်မြန်း ကာ အမြတ် တနိုး မွေးစားခဲ့ကြသည် မဟုတ်ပါလား။

ကျမ တို့ မြန်မာနိုင်ငံသည် တရုတ်ပြည် အိန္ဒိယပြည်နှင့် အရှေ့ အာရှ တောင်ပိုင်းဒေသများ ၏ ပတ်ဝန်း ကျင်တွင် တည်ရှိ ကာ ရေမြေ တောတောင်များ ဆက်စပ် နေ သည်။ အနောက်ဘက် တောင်တန်းကြီး များ သည် အိန္ဒိယ ပြည် အရှေ့မြောက် ဒေသ နှင့်ငှင်း အာသံ မဏိပူရ နယ်များ နှင့်ငှင်း ဆက် စပ်ပြီး ရခိုင်ကမ်းမြောင် ဒေသသည် ဘင်္ဂလားနယ် နှင့်ငှင်းဆက်စပ်သည်။ မြောက်ဘက် တောင်တန်းများသည် တရုတ်ပြည်တိဗက် နယ်နှင့်ငှင်း ဆက် စပ်ပြီး အရှေ့ဘက် ကချင် တောင်တန်း နှင့်ရှမ်းကုန်းမြေမြင့်သည် တရုတ်ပြည် ယူနန်နယ်နှင့်ငှင်း ။ တောင်ဘက် တွင် လင်းဇင်း ၊ မာလာယု များနှင့်ဆက်စပ်သည်။

ထို ပထဝီ အနေအထားများကြောင့် မြန်မာနိုင်ငံ သမိုင်း ဖြစ်ပေါ်တိုးတက် မှုသည် သီးခြား ကင်းလွတ်မနေပဲ ထို ဒေ သများ နှင့် ယဉ်ကျေး မှု နှင့်ဘာသာရေးများ ပါ ဆက်နွယ်လျက် ရှိကြပေသည်။ မြန်မာ ရာဇဝင်တော်ကြီး တွင်သာ ကီ ဝင် များဟု ရေးသား ဖေါ်ပြထားပြီး ခေတ်သစ် သမိုင်း ပညာရှင်များ က ပျူလူမျိုးများ ဟု ဖေါ်ပြထား သည့်လူမျိုးနွယ်များသည် ရှေး နှစ်ပေါင်း နှစ်ထောင်ကျော်လောက် မှ စပြီး မဏိပူရ အာသံနယ်များမှတဆင့် ကဘော်တောင်ကြားလမ်းအတိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြပြီးလျင် သူတို့ နှင့် အတူ ရှေးဟောင်း အိန္ဒိယ ပြည်ကြီး ၏ အင်ဒိုအာရိယန် ယဉ်ကျေးမှုများ ကို တင်သွင်းယူဆောင်လာခဲ့ကြသည်။ မြန်မာနိုင်ငံ တွင် ယနေ့ တိုင် လွမ်းမိုး လျက်ရှိ သည့် အင်ဒို အာရိယန်ယဉ်ကျေးမှုသည် ယင်းပျူလူမျိုးများ ခေတ်မှ အစပြုခဲ့သည် ဟု လက်ခံဖွယ်ရာ သမိုင်းဝင် အထောက်အထား အများအပြား တွေ့ရှိရလေသည်။

မြန်မာ့ ယဉ်ကျေးမှု နတ် ကိုး ကွယ်မှု စစ်စစ်မှာ ၃၇ မင်းနတ်သာရှိသည်ဟု လေ့လာတွေ့ရှိရသည်။


19 comments:

တားမြစ် ထားသော... said...

အမသက်ဇင်။
စာကဖတ်ကောင်းတယ်။ တဖြည်းဖြည်းနဲ့ လသာနေတဲ့ကောင်းကင်ကြီးကနေ သမိုင်းပုံရိပ်တွေထင်နေတုန်း ရပ်သွားတယ်။ လူကတော့ ဆက်ဖတ်ချင်နေတုန်းပဲ။

ကိုလင်းဦှးဆီကနေ ကွန်မန့်တွေဖတ်ပြီး အမဆီကို ရောက်လာတာပါ။ ဘာသာရေးနှင့်သမိုင်း ဆက်စပ်မှုတွေကလည်း စိတ်ဝင်စားစရာပါ။ နောင်ကိုလည်း ဝေမျှပါအုံးခင်ဗျာ။

သုခမိန်(E-Journal)

Phyo Evergreen said...

အစ်မရေ ဖတ်ရှုလေ့လာသွားပါတယ်......။ နတ်ကိုးကွယ်မှုတွေဆိုတာကတော့....ယနေ့ထိတိုင်မျက်မြင်တွေ့နေရဆဲဘဲ..။

ခွန်း said...

ဖတ်ရတာ အရမ်းကောင်းပါတယ်။ နတ်ကိုးကွယ်မှုနဲ့ အရည်းကြီးသာသနာ ပုဂံကို ဘယ်လို ရောက်လာသလဲ ဆိုတာလေးလဲ ဖတ်ချင်ပါတယ်။

ဇင်ယော် said...

အစ်မရေ ဖတ်နေရင်းက ငယ်ငယ်တုန်းက ကလေးဘ၀ လသာညတွေကို လွမ်းမိတယ်ဗျာ။ အခုခေတ်မှာတော့ ၃၇မင်းသာမက အခြားသော နတ်အသစ်တွေပါ သန်းကောင်စာရင်းတိုးပြီး ပေါ်နေလေရဲ.။

Than Kyaw Htay said...

အစ်မ မသက်ဇင် ခင်မျာ
ရွာက လသာညတွေကနေ သမိုင်းထဲခေါ်သွားပြီး အစ်မ
ကထားခဲ့ပြန်တယ် ။
သုံးလေးကြိမ် ထပ်ဖတ်တယ် အစ်မရေ
ရသ လေး နဲ့ ဆွဲခေါ်သွားပြီး နောက်ဆုံးမှာ
စာဖတ်သူတွေ အတွက် အစ်မ တခုခု ချန်ထားတတ်တယ်နော်
ဆက်ဖတ်ချင်နေသေးတယ်အစ်မရေ
လေးစားလျက်ပါဗျာ

ဒူကဘာ said...

မြန်မာပြည် တဝှမ်းလုံး လသာတဲ့ည တူရတာက မီးမလာလို့ပဲ အမရေ ..... အဟတ် ....ဟတ် ....ဟတ်!

မိုးသောက် said...

အစ်မရေ ရွာကိုတောင် လွမ်းသွားသလိုပဲ
နတ်ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး ဆရာတော်ကြီး တစ်ပါး
ဟောထားတာ ရှိပါတယ် ..
ဗုဒ္ဓသရဏံ ဂစ္စာမိ ဆိုပြီး အိမ်ထောင့်ကွေးက အုန်းသီးလေးက ဘာလုပ်တာတုန်းတဲ့ ...
ယခု မြန်မာနိုင်ငံမှာ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း အပြင် နောက်တိုးတဲ့ နတ်တွေ ဒေသဆိုင်ရာ နတ်တွေ
အများကြီး ကိုးကွယ်နေတာ တွေ့ရပါတယ် ..
ဦးဖိုးကျားရေးထားတဲ့ နတ်သမိုင်း အလိုရ ဆိုရင်တော့ အတွင်း ၃၇ မင်း သာလျှင် ဗုဒ္ဓဘာသာ ဆိုင်ရာ နတ်တွေ ဖြစ်ပြီး တစ်ခြားနတ်တွေကတော့ မကိုးကွယ်ထိုက်ပါဘူးလို့ ပြောထားပါတယ် ...
ယခု ခေတ်မှာ နာမည်ကြီးနေတဲ့ ဦးရှင်ကြီးတို့ ကိုကြီးကျော်တို့ မနှဲလေးတို့ နန်ကရိုဏ်း မယ်တော် တို့ တောင်ပြုန်းမင်းညီနောင် တို့ အစရှိတဲ့ နတ်တွေဟာ ဆိုရင် အပြင် ၃၇ မင်းမှာ တောင် မပါတဲ့ နတ်တွေပါ .. လူ့ဘ၀ မှာတုန်းက လုပ်ချင်တာ လုပ် ဖြစ်ချင်ရာဖြစ်သွားပြီး နတ်စိမ်းဖြစ်နေကြတဲ့ သူတွေကို ကိုးကွယ်မယ်ဆိုရင်တော့ ဗုဒ္ဓဘာသာ စစ်စစ်လား နာမည်ခံလား စဉ်းစားစရာပါပဲခင်ဗျာ ....
ယခုလို အကျိုးပြုပို့စ်လေးကို တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်အစ်မရေ ပျော်ရွှင်ပါစေဗျာ :)

ကိုရုပ်ဆိုး said...

မသက်ဇင်ရေ .. အမှန်စစ်စစ် ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ နတ်ကိုးကွယ်မှု လုံးဝမရှိပါ။ အင်ဒို အာရိယန်ယဉ်ကျေးမှုက ဆင်းသက်လာတာတွေကို ယနေ့တိုင် လူတွေ လက်ခံယုံကြည်နေတာကို အပြစ်မပြောလိုပါဘူး။ အိမ်တွင်းရိုးရာ ပန်းပဲမောင့်တင့်တယ်တို့ မောင်နှမကို အုန်းသီး တင်တယ်။ မိုးချုပ်လို့ မီးထွန်းရင် လိုက်ကာပိတ်ပေးရတယ်။ ဘာကြောင့်လည်းဆိုတော့ အုန်းရည်ဆိုတာ မီးလောင်ခံရတဲ့လူတွေကို တိုက်ရတာ။ မီးကြောင့်သေရတဲ့လူတွေဖြစ်တဲ့အတွက် မီးမမြင်ရအောင် လိုက်ကာနဲ့ ကာပေးတာ။ နတ်ကို ယုံကြည်တဲ့လူရှိသလို၊ မယုံကြည်တဲ့လူလည်း ရှိကြပါတယ်။ ကိုလင်းဦး (စိတ်ပညာ)ရေးထားတာက ရှင်လောင်းကို နတ်ပြရတဲ့ကိစ္စ၊ အဲဒါကို ကျနော်လည်း ဘ၀င်မကြပါဘူး။ သာသနာ့ဘောင်ဝင်မယ့် လူတစ်ယောက်၊ နတ်ထက် အဆင့်မြင့်တဲ့ လူတစ်ယောက်ကို နတ်ကိုပြပြီးမှ ဘုန်းကြီးဖြစ်ရမယ်ဆိုတာ သဘာဝမကြပါဘူး။ ဒါပေမယ့် ယနေ့လောကကြီးမှာ လူတွေရဲ့ မသိစိတ်က အကြောက်တရားကြောင့် ဖြစ်ပေါ်လာတဲ့ ဘာသာရေးအယူအဆတွေကို ပယ်ဖျက်ဖို့ တော်တော်ခက်ပါတယ်။ စာလည်းရှည်ပြီ မသက်ဇင်ရေ ....

thihanyein said...

ထေရ၀ါဒမှာ နတ်မရှိဘူး ပုတီးမရှိဘူး ရှင်ဥပဂုတ္တမထေရ်မရှိဘူး ဦးရှင်ကြီးလည်းမရှိဘူး မနှဲလေးလည်းမရှိဘူး မောင့်တင့်တယ်လည်းမရှိဘူး အပြင်၃၇ အတွင်း၃၇ အရံ၃၇ လည်းမရှိဘူး နန်းကရိုဏ်းလည်းမရှိဘူး တောင်ပြုမြောက်ပြုမင်းတွေလည်းမရှိဘူး ကိုကြီးကျော်လည်းမရှိဘူး ထေရ၀ါဒမှာ ရှိတယ်ဆိုရင် ပိဋကတ် ဘယ်နေရာမှာပါလဲ ပါရင်လက်ခံမယ် ပိဋကတ်ထဲမှာမပါတဲ့အရာဆိုရင်ပယ်မယ်..၀ိနည်း ပိဋကတ် သုတ္တန်ပိဋကတ် အဘိဓမ္မာပိဋကတ် လာသမျှ အဲဒီ ၃ ခုထဲထည့် မကိုက်ညီရင်ပယ် ထေရ၀ါဒဆိုပြီး နတ်ကိုးကွယ်နေတဲ့သူတွေ ကိုယ့်ကိုယ်ကို ထေရ၀ါဒလို့ ခံယူလို့ရတယ် ..ဒါပေမယ့် ဘယ်သူပယ်ပယ်မပယ်ပယ် ကျနော်ပယ်တယ်.. နတ်ကိုကိုးကွယ်တာ မကောင်းဘူးမဟုတ်ဘူး ကောင်းတယ် ဒါပေမယ့် ထေရ၀ါဒမှာ မရှိဘူးလို့ပဲပြောတာ ..ဖြစ်နိုင်ရင် ဘိုးဘိုးအောင် ဘိုးမင်းခေါင်တို့ကိုပါ အိမ်ပေါ်တင်ပြီးကိုးကွယ်ထား ကောင်းတာပဲ
ထေရ၀ါဒနဲ့တော့ လာမရောနဲ့...ဒီထက်ကိုးကွယ်ချင်သေးတယ်ဆိုရင်
ဒေးဖစ်ကော်ဖာဖီးဟုတ်လား သူ့လည်း ကိုးကွယ်
ဘုရားစင်ပေါ်တင်ပြီးတော့ပေါ့ နောက်ရှိပါသေးတယ် ဘာတဲ့ ရေပေါ်လမ်းလျှောက်တာတဲ့ နတ်ကိုးကွယ်နေတဲ့သူတွေ ဘုရားစင်ပေါ်တင်ပြီးကိုးကွယ်ထားကြ ကောင်းတာပဲ
ဘိုးဘိုးအောင်နဲ့ပတ်သက်လို့ မြန်မာသက္ကရာဇ် ၁၀၀၀ ၀န်းကျင်မှာဖြစ်ခဲ့တာ သက်တမ်း ၁၀၀၀ ပြီးမှ ၀ိဇ္ဖာ ၁ ပုံပြီးတာ ဘိုးတော်ကဘာသိဒ္ဒိလိုချင်လို့လေ့လာနေတာမှန်းကိုမသိ
ပဲနဲ့ သူ့ကိုကိုးကွယ်နေကြတာ ဥဒကသိဒ္ဒိလား အာကာသသိဒ္ဒိလား ပထ၀ီသိဒ္ဒိလား လာဘသိဒ္ဒိလား
ဓနသိဒ္ဒိလား ဝေနသိဒ္ဒိလား ပီယသိဒ္ဒိလား ဘာလေ့ကျင့်နေမှန်းကိုမသိပဲနဲ့ ကိုးကွယ်နေကြတာ
ဘိုးဘိုးအောင်က စတုမဟာရာဇ်နတ်ထဲမှာပါတယ် ဒါပေမယ့် သမာပတ် ၈ ပါးမရဘူး (သာသနာပမှာ သမာပတ် ၈ ပါးရပေမယ့် ၀ဠ်ဆင်းရဲအခြေခံ)လို့ မူပဏ်ဠ အဋကထာ
ပထမအုပ်စာမျက်နှာ ၁၉၀ မှာ သွားကြည့် ကြည့်မယ်လည်းမထင်ပါဘူး ရှိကောရှိရဲ့လားမသိဘူး
ဒါပါပဲအမသက်ဇင်ရေ မကြိုက်ရင် ဒလိလုပ်လိုက်ဗျာ

မိုးသောက် said...

စီဘောက်က ရေးတဲ့နေရာလေး ပျောက်နေလို့ ဒီထဲပဲ ရေးသွားပြီနော် အစ်မ ..
လာလည်ပါတယ် ကွန်မန့်လေးတွေ ဖတ်သွားပါတယ် အစ်မရေ ..
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ :)

မာရေးသျှင် said...

အစ်မရေ… အစ်မရဲ့ အရေးအသားကတော့ မြန်မာမလေးပါးကသနပ်ခါးလိုပဲ ညက်နေတာပါပဲဗျာ

Republic said...

မင်္ဂလာပါ ..မသက်ဇင် ၊၊ ကိုယ်ယုံကြည်ရာ ကို တစ်စိုက်မတ်မတ် ရေးတတ်တတ် သူတစ်ယောက်အဖြစ် လေးစားမိပါတယ် ၊၊

ခင်မင်လေးစားလျက်..

ဖြိုးငယ် said...

အမရေ .. အဲဒီ နတ်ကိုးကွယ်မှုကြီးကို မြန်မာနိုင်ငံမှာ
ဖျောက်နိုင်မယ် ထင်မိလား .. ဗုဒ္ဓဘာသာ အတွက်တော့
တက်နိုင်သမျှ အားလုံးကြိုးစားသင့်တယ်ဗျာ

puluque said...

မမရေ.. နတ်အကြောင်းဆို ကွန်မန့် မပွတ် တော့ဘူးလို့နေတာပဲ။ ဒါပေမဲ့ ဗျာ.. အာရကန်လူမျိုးဖြစ်တဲ့ ကျတော်တို့ ရခိုင်ဘက်(ကျတော့ အမျိုးတွေရှိတဲ့ဘက်မှာ)မှာတော့ နတ်ကို တချို့သာ ကိုးကွယ်ကြတယ်။ ဒါပေမဲ့ အိမ်မှာနတ်စင်မရှိဘူး။ နတ်စင်က ရွာစွန်မှာပဲရှိတယ်။ အိမ်တွေမှာတော့ ဘုရားစဉ်ပဲ၇ှိတယ်။ နတ်. နတ်ကတော်တို့ကို သာမန်လူထက် တဆင့်နိမ့်တယ်လို့ အများက သတ်မှတ်ကြတယ်။

saiburma said...

Hello Ma Thet Zin,
I m crazy about this site. coz when i miss my people,this remember for me.. nice.I can get so many stories from myanmar,I miss so much.This is the first time I visited in my life to this web site, Its amaizing to
read.Thanks a lot.

Sai...

လူလ said...

မင်္ဂလာပါ အမရေ..

အမက ကျွန်တော်မျိုးကို စိတ်တော်ကောက်နေတယ်လို့ ထင်ပါတယ်။ အရင်ကတော့ ဝေဖန်ချက်တွေ ပေးတယ်။ အခုတော့ မပေးဘူး ထင်ပြီးတော့လေ။ ဒီလိုလဲ မဟုတ်ပါဘူး။ ပြောစရာမရှိလောက်အောင် ကောင်းနေတယ်ဆိုတော့လဲ ဘာရေးချရမှာလဲ။ မပူပါနဲ့ သိထားတဲ့ဟာတွေကိုတော့ ယှဉ်ပြီး ပြောမှာပါ။ သေချာတာ တခုက အမ ဘလော့င်္ဂကို အမြဲရောက်ဖြစ်တယ်။ အမမှာ မိတ်ဆွေဘဘော့င်္ဂ မိတ်ဆွေတွေ များတယ် မဟုတ်လား။ ဒါကြောင့် အမဆီ အမြဲလာပြီး တခြားဘလော့င်္ဂတွေကို လျှောက်သွားဖြစ်တယ်။ ဒါအတွက်လဲ အမကို ကျေးဇူးတင်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ...

သစ္စာ said...

နတ်ကိုးကွယ်မှုကို လာဖတ်သွားပါတယ်ခင်များ

မေမေခင် said...

နတ်ကိုးကွယ်မှုကိုစိတ်ဝင်တစားဖတ်သွားပါတယ်
ဗဟုသုတတွေပေးလို့ကျေးဇူးပါရှင်

နန်း said...

မြန်မာနိုင်ငံ နှင့် နတ်ကိုးကွယ်မှု ကို
ဖတ်မှတ် လလော့ခွင့်ရတာကျေးဇူးပါ။