Thursday, August 21, 2008

အသိပေးကြေငြာခြင်း

ကျမ အသိက ပြောလို. သိရတယ်။ အမျိုးသမီး တယောက်ရဲ့ ဘလောခ့် တစ်ခုက စီပုံးမှာ မသက်ဇင် အမည်နဲ့ ဆုံးသွားတဲ့ NLD ပါတီက ဦးကြည်မောင်ကို ဝေဖန်ရေးထားတယ်တဲ့။
မသက်ဇင် ဘလောခ့် ရေးသည့် အချိန်က စပြီး ယခု အချိန်အထိ ဘယ်သူ့ ကို မှ ဝေဖန်ခြင်း။ ပုတ်ခတ်ခြင်း။ အပြစ်တင်ခြင်း မရေးခဲ့ဘူးပါဘူး။ နိုင်ငံရေး မပါဘဲ သူတပါးရဲ့ကိုယ်ရေးကိုယ်တာကို အလွန် အောက်တန်းကျ စွာနဲ့ လိုက်ရေးနေတဲ့ သူတွေကို လက်ခံထားတဲ့ဘလောခ့် ဆီပုံး တွေ့ရင်လည်း အဲဒီဘလောခ့်ကို ကျမဘလောခ့်ထဲမှာ လင့်ထားတာကို ဖြုတ်ချလိုက် ပါတယ်။ အကျိုးမရှိဘူးထင်လို့ပါ။
မသက်ဇင်က မြင်လည်း မမြင်ခဲ့ဖူးဘူး၊ သိလည်း မသိခဲ့ဖူးဘူး၊ ပက်သက်သူလည်း မဟုတ်တဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ဘလောခ့် ဆီဗုံးထဲမှာ မသက်ဇင် ဘယ်တုံး က မှ(လုံးဝ) စာမရေးခဲ့ပါကြောင်း။

12 comments:

kabrmakyay said...

ကျနော်လည်းတွေ့ တယ်။ အပြန်အလှန်ရေးတာကော။
စီဘောက်ပိုင်ရှင်မျိုးသမီးက ကျနော်နဲ့ လူခြင်း လဲရင်းနှီးသိကြွမ်းတယ်။
ကျနော်သူ့ ကို ပြောဖူးတယ် ဒါတယောက်စီဖြစ်မယ်လို့ ။
အစကသူလဲလက္ခံပါတယ်။ နောက်များလာတော့ကျနော့ကိုတောင်ရိသေးတယ်။
ဘယ်လိုလဲ တယောက်စီဆိုတဲ့
ပြန်မပြောဖြစ်ပေမဲ့ လူ့ အဆင့်အတန်းကိုလူလုပ်သမိုင်း
နဲ့ တိုင်းတာတာ ကျနော်ယုံကြည်ဆဲပါ။

Nge Naing said...

အသစ်တင်ထားလားလို့ လာကြည့်ရင်း C -Box ကို တွေ့ရတာ မင်္ဂလာပါပဲ။ ဒါပေမယ့် C-Box ထဲ မ၀င်လို့ ဒီမှာပဲ ထည့်ထားခဲ့ပါတယ်။ C-Box တော်တော်များများက ကန့်သတ်ထားတာ မရှိပဲ ဘယ်သူမဆို လာလည်တဲ့သူတွေကို ရေးခွင့်ပေးထားတာများတော့ ဘလော့ဂါနဲ့တော့ ဆိုင်မယ်မထင်ဘူး။ ၀င်ရေးတဲ့သူနဲ့ပဲ ဆိုင်လိမ့်မယ်ထင်တယ်။

ကိုရုပ်ဆိုး said...

ဟုတ်ပ မသက်ဇင်ရေ....
C-Box ကိစ္စနဲ့ လူတော်တော်များများ စိတ်ညစ်နေကြတယ်။ တချို့ဆို c-box ကို ဖြုတ်ကို ဖြုတ်ပစ်လိုက်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ ဒီကိစ္စကို ဖြေရှင်းနိုင်မယ့် နည်းလမ်း အမြန်ရှာတွေ့နိုင်ကြပါစေလို့ ဆုတောင်းရုံက လွဲလို့ ကိုယ်မတတ်နိုင်တဲ့ကိစ္စဆိုတော့ ခက်တယ်။

ကလူသစ် said...

လာရေးတဲ့သူနဲ့ပဲဆိုင်ပါတယ်ဗျာ။ ဘလော့ဂ်ပိုင်ရှင်နဲ့မဆိုင်ပါဘူး။ ဘလော့ဂ်ပိုင်ရှင်နဲ့သာဆိုင်ကြေးဆိုရင် ဘယ်သူ့ကိုမှ လင့်ခ်ရမှာမဟုတ်တော့ဘူး။ စီဗောက်တကာမှာ ပေါက်ကရလိုက်ရေးနေတဲ့သူတွေ အများကြီးဟာကို။

Win Myint Oo said...

ကိုလူသစ်ခင်ဗျား... ဘလောက်ပိုင်ရှင်တိုင်းတော့ မဆိုလိုပါဘူး။ အချို့ဘလောက်ပိုင်ရှင်တွေက သူတို့ ဖျက်ချင်တာတွေကိုတော့ ဖျက်ပစ်လိုက်ကြပြီး တစ်ချို့ အကြောင်းအရာတွေကို တမင်ချန်ထားခဲ့တာကိုရော ကိုလူသစ် ဘယ်လိုပြောမလဲ ခင်ဗျာ။
စိုင်းဝင်းမြင့်

စိုင်းစိုင်းလားရှိုး said...

မသက်ဇင်
အမှန်တရား တစ်ခုဆိုတာ
မှတ်ကျောက်တင်နိုင်ရတယ်

ဂျေ said...

ကဲမသက်ဇင် လာဗျာ စိတ်ညစ်တာတွေ အရည်ပျော်ဝင် သွားအောင် ၅ခွက် ၅ဂါလံ မော့ကြကြေး
http://joyful4all.blogspot.com/2008/08/blog-post.html

ဒါနဲဗျာ ခင်များ ဆီက သမိုင်းတွေအများကြီး ဖတ်နေရပြီး ကျနော့်သမိုင်းကြောင်းကို တော့ ခင်များ မရှင်းပေးသေးဘူး ရှင်းပေးဗျာ အကြွေးတွေသိပ်များနေပြီ ပေး ပေး ပေး ကျုပ်အိမ်လခပေး
http://joyful4all.blogspot.com/2008/08/true-story-eye-test.html

Hoe Hoe Hoeeee ! :-)

ဒီရေ said...

အမှန်ပါပဲ မသက်ဇင်...ကျွန်တော် ဆီပုံး မှာလည်း လာကြည့်ပါဦး. ရေးထာပြီး လင့်တွေပေးထားတာ.. ဘယ်လိုမှ လည်းတားဆီးလို့ မရဘူး... ဒီနံမည်နဲ့ ရေးတာ ပိတ်လိုက်လို့ နောက်နံမည် တစ်မျိုး... IP တစ်ခု နဲ့ ရေးပြန်ရော..ဗျ... လူတွေ က လည်းခက်ပါတယ်ဗျာ.. စိတ်ဓါတ်မကျ နဲ့ ... လုပ်စရာရှိတာ သာ ဆက်ပြီး ကြိုးစားလုပ်သွားတာပေါ့...

Canada Myanmar Group said...

အဲဒီ ကိစ္စတွေကို ကျွန်တော်စီဘောက်မှာလည်းဝင်ရေးကြ
ပါတယ် ကျွန်တော် နှစ်ဖက်စလုံးနဲ့  အပြင်မှာလူခြင်းမမြင်
ဘူးအသိဘူးပေမဲ့ တခုခုတော့ မှားနေပြီလို့ ချက်ချင်းခံစား
မိရာက တပ်နိုင်သလောက်အဲဒီ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှူတွေ
ကိုချက်ခြင်းလိုက်ဖြက်ပြစ်ရင်း တိုက်ရှိက်ဆက်သွယ်ကြဖို့ 
နဲ့ နောင်ကို ကျွန်တော်စီဘောက်မှာလာမရေးကြဖို့ အကြိယ်
ကြိမ်မေတ္တာရပ်ခံတဲ့ အပြင် အချို့ ကိုလည်း အတော်လေး
ဝင်ရောက်တားမြစ်ပါသေးတယ်..အချို့ ကလည်း ကျွန်
တော်ကိုတောင် ရိတိတိ မသက်ဇင်ဖက်က ကာပေးနေ ဖျက်
ပေးနေသလိုမျိုးပြောပါသေးတယ်.ထူးခြားစွာ တိုက်ဆိုင်မှူ
ကအဲဒီအချိန်မှာ မသက်ဇင် ရဲ့ စီဗုံးလည်း ဖြုတ်ထားတယ်ဒါပေမဲ့ ကျွန်တော် ကွန့် မန့် တွေမှာ အ
ရိပ်အမွက် ရေးထားခဲ့ ပါတယ်..အရမ်းလည်းစိတ်မ
ကောင်းပါဘူး တော်လှန်ရေးအတွက်ရော ကိုယ်ချင်းစာ
စိတ်အတွက် ရောပါ ကျွန်တော်တို့ အနေနဲ့တော့ နိုင်ငံ
အသီးသီးခြားနေပေမဲ့ လက်လှမ်းမမှီလောက်စရာ မရှိ
ပါဘူး ဒါ ပေမဲ့ ဒီလို ပုဂ္ဂိုလ်ရေးကိစ္စတွေ အတွက်လုံးဝ
စွက်ဖက်အချိန်မကုန်ချင်ပါဘူး အထူးသဖြင့် တကယ်
ပတိပက္ခဖြစ်ကြရင်တောင် အတွင်း ပတိပက္ခနဲ့ အပြင်
ပတိပက္ခကို ခွဲခြား နိုင်စွမ်းမရှိတာကို အထူးစိတ်ပျက်
ဝမ်းနည်းမိပါတယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်ပြောချင်
တာကတော့ အဲဒီအချိန်တုန်းက မသက်ဇင်ရဲ့ စီဘောက်
မရှိတဲ့ ဆောင်းပါးတွေမှာ ကွန့် မန့် ဝင်ရေးနေသလို မျိုး
ပဲ အားပေးလျှက်ပါ ..ဆက်လှုပ်ပါ တော်လှန်ရေးတရပ်
အတွက် သမိုင်းဆ၇ာမလေး မသက်ဇင် ရယ်လို့ ပဲ
စာပေတွေနဲ့ အတူဆက်လက်မြင်ချင်ပါတယ်..
အောင်မြင်ပါစေ..

♥ Acacia ♥ said...

အဆင်ပြေပါစေ မမရေ ဒီလိုပဲ ဖြစ်တတ်ပါတယ် ဒီလိုအကျိုးမရှိတာတွေအတွက် စိတ်မရှုတ်နဲ့ဗျို့

နေဒေးသစ် said...

C box ကနေပဲ ကျွန်တော်လည်း စိတ်ညစ်ခဲ့ရတယ် ... စိတ်ကူးတွေ ဝိုးတဝါး ဖြစ်ခဲ့ရတယ် ... ကျွန်တော် ဘာကောင်မှ မဟုတ်သေးပါဘူး ... ဒါပေမယ့် ကျွန်တော်လည်း Cbox ဖြုတ်လိုက်ပါပြီ .... ကျွန်တော် စာဖတ်သူကိုပဲ လိုလားပါတယ် .. စာရှု့သူကို မလိုလားပါ ဘူး ... ကိုယ်ကိုယ်တိုင် အစွမ်းရှိသလောက် ရေးမယ် ... ကိုယ့်ရဲ့ အရည်အချင်း အစစ်အမှန်ကို အားပေးမယ့် သူကိုပဲ ကျွန်တော်လည်း မျှော်တော့မယ် မဇင် ... လူဝင်ဖို့ မလိုပါဘူး .... လူသိဖို့ မလိုပါဘူး ... ကျွန်တော် စာရေးနေရရင် .. သူများစာလေးတွေ ဖတ်ခွင့်ရနေရင် ကျွန်တော် ကျေနပ်ပါပြီ ...

နေဒေးသစ် said...

ကျွန်တော့် စိတ်နဲ့ အလိုက်ဖတ်ဆုံးဖြစ်မယ့်အရာ ... ကျွန်တော် ဘာလုပ်ရမယ် ဆိုတာကို ဒီ အသိပေးစကား ဆိုတဲ့ အစ်မရေးတဲ့ ပို့စ်လေးက ပြောပြခဲ့ပါတယ် ... အစ်မရေးထားတဲ့ စာသားထဲက တစ်ချို့ကို နဲနဲ အသွင်ပြောင်းပြီး ကျွန်တော့် Blog က အသိပေးကြေငြာချက်မှာ ယူသုံးခဲ့ပါတယ် ခွင့်ပြုဖို့ ခွင့်တောင်းခဲ့ပါတယ် လေးစားစွာဖြင့်