Thursday, October 16, 2008

နိုင်ငံတကာ အခြေအနေ ( အမေရိကန်)

ကမ္ဘာ့ သမိုင်း နှင့်ပတ်သက်ပြီး ပိုစ့်လေးတော့ တင်အုံးမည် ဟု စိတ်ကူးထားသည့် အတိုင်း ရေး မည် ကြံတော့ ရှေးပဝေသဏီ က ကမ္ဘာ့ သမိုင်း များ ထက် ဒုတိယ ကမ္ဘာစစ် ပြီး စ စစ်အေးခေတ် ကမ္ဘာ့ နိုင်ငံရေး အခြေ အ နေများ နှင့် ဆက်နွယ် သည့် ယနေ့ နိုင်ငံ တကာ စီးပွား ရေး အခြေ အနေ များအား ဦးစွာ ရေး သား ချင် စိတ် များပေါ်ပေါက် လာခဲ့ ပါသည်။

ဂျီ (၈) ဟု ခေါ် သည့် စက်မှု နိုင်ငံကြီး ရှစ်နိုင်ငံ အကြောင်း အား ရေးသွားမည်ဟု လည်း စိတ်ကူး ထား သဖြင့် အာစီယံ နိုင်ငံများ နှင့် နိုင်ငံရေး ဆက်နွယ် ပတ်သက်ခဲ့သည့် အမေရိ ကန်နိုင်ငံ ၏ စစ်အေး ခေတ် နိုင်ငံရေး အ ခြေအနေ နှင့် ယနေ့ အမေရိကန် ၏ စီးပွားရေး အခြေ အနေ ယေဘူယျ အား ပထမ ဦးစွာ ရေး သား လိုက် ပါ သည်။

ဒုတိယ ကမ္ဘာ စစ် အပြီး စစ်အေး တိုက်ပွဲ ကာလ တွင် အမေရိကန် က ဆိုဗီယက် ရုရှား အင်အားကြီး နိုင်ငံအား စိုးရိမ် စိတ်ဖြင့် ဂျပန်နိုင်ငံ မှ လက်ျာ အစွန်း ရောက် စစ်ဝါဒီ မြေအောက် ရာဇာ များအား အသုံးချပြီး နိုင်ငံ ရေး အ ရ ဂျပန် နိုင်ငံ အား ကျောထောက် နောက်ခံ ပေးခဲ့သည်။
အမေရိကန် ဈေးကွက်ကြီး အား ရက်ရောစွာဖွင့်ပေး ခဲ့ ခြင်းဖြင့်ငှင်း ကိုးရီးယား စစ်ပွဲ အားဖြင့်ငှင်း ဂျပန်နိုင်ငံ အား တဟုန်ထိုး တိုးတက် စေခဲ့ သည်။ အမေရိကန် ၏ ပုံ အော ထောက် ပံ့ ခြင်း ခံရသည့် အာရှ အာဏာရှင် နိုင်ငံ များ သည်လည်း အ ရည် အ သွေး ကောင်းလာပြီး ဈေး ပေါသည့် ဂျပန်လုပ် ပစ္စည်းများ၏ အဓိက ဈေး ကွက် များဖြစ် လာကြသည်။

အမေရိကန်နှင့် အနောက် အုပ်စု ၏ မျက်နှာသာ ပေးခြင်းကြောင့် အာရှ အာ ဏာ ရှင် နိုင်ငံ များ သည် အာရှ၏ ကျား များ နဂါး များဖြစ်လာကြပြီး ရွှေထီး ဆောင်းခဲ့ကြပါသည်။ ယနေ့ ကာလ တွင် အာဏာရှင်နိုင်ငံများ မှ ပြည် သူလူထုများ သည် ဒီမိုကရေစီရေး ရင့်ကျက်လာခြင်း အခြေခံ လူတန်း စားများ ၏ ဒီမိုကရေစီ မျက်နှာ စာ ကျယ်ပြန့် လာခြင်းတို့ကြောင့် ယနေ့ အမေရိကန်နှင့် အနောက် အုပ်စုတို့ သည် မိမိတို့ အားပေး အား မြှောက် ပြု ခဲ့ သည့် အာ ဏာ ရှင် နိုင်ငံများ၏ ဒီမိုကရေစီရေး ကို မျက်ကွယ်ပြု လို့ မရတော့။

ယနေ့ အမေရိကန်၏ စီးပွားရေး အခြေအနေ အား ယေဘူယျ ကြည့်လျှင် အမေရိကန် နိုင်ငံတွင် လူသန်းပေါင်း ၅၀ ကျော်သည် ဆင်းရဲ မွဲတေ နေသည် ဟု လေ့လာသူများ က ဆိုပါသည်။ အိုးအိမ်မဲ့ ပြည်သူများ ၏ ပြဿနာ ကို အမေရိကန် လူမှုဗေဒ ပညာရှင်များနှင့် တက္ကသိုလ် ကျောင်းသူ ကျောင်းသား သုတေသီများ က အသေ အ ချာ လေ့လာ ဆန်း စစ်နေ ကြ ပါသည်။

သုံး မကုန် ဖြုံး မကုန် နိုင်အောင် ချမ်းသာကြွယ်ဝသူ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးများနှင့် အလွန်ဆင်းရဲမွဲတေပြီး အဟာရချို့တဲ့ ငတ်မွတ်သေဆုံးရသည် အထိ လူသားချင်းတူ သော်လည်း မျှတမှု မရှိသည့် အလွန် ကွာဟ နေသည့် အခြေအနေများအား တွေ့နေရသည်။

ကုလသမဂ္ဂ က ထုတ်ပြန်သည့် ကြေညာချက် တခုတွင် ကမ္ဘာ့ အချမ်းသာဆုံး သန်းကြွယ် သူဌေး သုံးယောက်၏ ချမ်းသာကြွယ်ဝ ခြင်းသည် ဆင်းရဲသည့် နိုင်ငံ လေးဆယ့် ရှစ် နိုင်ငံ၏ ပြည်တွင်း အသား တင် ထုတ်လုပ်မှု တန် ဘိုးထက် ပိုပြီး များပြားနေသည်ဟု ဖေါ်ပြထား ပါသည်။ ထို့ အပြင် ကမ္ဘာ့လူဦးရေ နှစ် ဒသမ ငါး ဗီလီယံ သည် တရက် ဝင်ငွေ မလောက်မငှ နှင့် အသက်ရှင် ရပ်တည်နေရပြီး အဟာရ ချို့တဲ့မှု နှင့် သောက်ရေသန့် မရရှိ သူ များ ဖြစ်ကြသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်က ဖေါ်ပြထားသည်။

အမေရိကန်စာရေးဆရာ သတင်းစာဆရာတဦးဖြစ်သူ ဒေးဗစ်ကေရှစ် ပလာသည် ( The working poor - Invisible in America ) ဟူသည့် ငှင်း စာအုပ်တွင် အမေရိကန်နိုင်ငံမှ လူအချို့ ဆင်းရဲတွင်း နက်ပုံ ကို ဖေါ်ပြ ထား ပုံမှာ ပျက်စီး ဟောင်းနွမ်း နေသော လူနေ တိုက်ခန်း တခု မှ ကလေးငယ် တဦးသည် ရင်ကြပ်ရောဂါ ကို ဆိုးဆိုး ဝါးဝါး ခံစားနေရသည်။ ဆေးရုံ သို့ အရေးပေါ် ဆေးကုသ ရန်သွားရသည် မိခင်က တရိပ် ရိပ် တက် နေ သည့် ဆေးဘိုးဝါးခ ကို မပေးနိုင်ပါ။ ထို့ ကြောင့် မိခင်သည် နာမည်ပျက် စာရင်းဝင်သွားသည်။ အကြွေး ဝယ် ထား သည့် မော်တော်ကား အတွက် အတိုးနှုန်း ကို တက်စေသည်။
ကား ဟောင်း ကို ဝယ်စီးရသည်။ ထို မိခင်သည် ကားဟောင်း စီးပြီး ကား မကြာခဏ ပျက်သဖြင့် အလုပ်ခွင် သို့ မကြာခဏ နောက်ကျမှ ရောက်လာသည်။ ရာထူးတိုးရန် ၊ လစာ ကောင်း ရရန် အခွင့်အလမ်း နည်း ပါးသွားသည်။ ထို့ကြောင့် ပျက်စီးဟောင်းနွမ်းနေသည့် လူနေ တိုက်ခန်းထဲမှ ရုန်းမထွက် နိုင်တော့ပေ။
ထို ကလေးငယ်နှင့် မိခင်သည် ကမ္ဘာ့ အချမ်းသာဆုံး နိုင်ငံမှာ နေလျက် သူတို့ အပေါ် ဘေး ဆိုး ကပ် ဆိုး အုပ် စိုးနေသလို အမြဲထိတ်လန့် ကြောက်ရွံ့ နေရရှာသည်ဟု ရေး သား ထား ပါ သည်။

30 comments:

mgngal said...

ဗဟုသုတရစေတဲ့ ဆောင်းပါးကောင်းတစ်ပုဒ် အတွက်
ကျေးဇူးတင်ပါတယ် အစ်မ ။ :)
ခင်မင်လေးစားလျက်
မောင်ငယ်

thihanyein said...

ဗဟုသုတရစေတဲ့ဆောင်းပါးကောင်းတစ်ပုဒ်ပါပဲခင်ဗျာ
အတွေးအမြင်တွေပါပေးစွမ်းနိုင်တဲ့ပို့စ်ပါ
အမြဲတမ်းအားပေးနေလျှက်ပါအမသက်ဇင်
ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ

မိုးသောက် said...

မျှဝေတဲ့ အတွက် ကျေးဇူးတင်ပါတယ်အစ်မ ...
တစ်ကယ့် သိသင့်သိထိုက်တာတွေပါပဲဗျာ ..
ဆင်ခြင်နိုင်စရာ သံဝေဂ ရစရာပါ ....

လူလ said...

မင်္ဂလာပါ မသက်ဇင်

ဒု- ကမ္ဘာစစ်အပြီး အမေရိကန်၏ ပစိဖိတ်-အာရှ ရေးရာ မူဝါဒအရ။ ဂျပန်ကို ထောက်ပံခဲ့တော့ ကျွန်နော်တို့ မြန်မာနိုင်ငံက စစ်လျှော်ကြေး အသေတောင်းတယ်တယ်။
စဉ်းစားကြည့်လေ စစ်ပြီးတဲ့နောက် ဂျပန် သိပ်မချမ်းသာသေးပါဘူး။
သူဌေးဝါဒကို လက်ခံလို့ စစ်အေးတိုက်ပွဲအတွင်း ကွန်မြူနစ်တွေ ရှုံးခဲ့တယ်လေ။
သေချာတာက သူဌေးဝါဒမှာ ဆင်းရဲချမ်းသာ ကွဟမှုများတယ်လေ.။
အကောင်းဆုံးက ကမ္ဘာ့မြောက်ဖက်ပိုင်းဒေသ တချို့မှာ ကျင့်သုံးတဲ့ ဆိုရှယ်ဒီမိုကရေစီ စနစ်က လောလောဆယ်မှာတော့ အကောင်းဆုံးပေါ့။ ကျန်းမာရေးစရိတ် မပူရဘူး။

ရွှင်လန်းချမ်းမြေ့ပါစေ...

Apprenticeship said...

အင်း Denmark တို့ Noway တို့ရဲ့ လူ့အခွင့်အရေးမှတ်တမ်းက အမေရိကန်ထက် အများကြီးသာပါတယ်။ (according to US record)
တစ်ကယ်တော့ အမေရိကန်ငွေကြေးနဲ့ ကမ္ဘာ့ငွေကြေးဟာ အများကြီးဆက်စပ်နေပါတယ်.. အမေရိကန် ငွေကြေးထိုးကျသွားပီး မကြာပါဘူး Europe နဲ့ အာရှ stock ရှယ်ရာတွေလဲ ထိုးကျသွားတာပဲ.. အဲဒီတော့
အမေရိကန်ရဲ့ စီးပွားရေးမှ မဟုတ်ဘူး globalization ရဲ့စီးပွားရေးလည့်ကွက်လိုပြော ရင်ပိုမှန်မယ်.. Thomas L. Friedman ရဲ့ သူ့စာအုပ်အတွက် သတင်းစာရှင်းလင်းပွဲမှာ Globalization and American Globalization ကို ပြောသွားတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ် မသက်ဇင် နားထောင်ပီးသွားပီလာ.. ကောင်းတယ်ကွားးး ဒီလိုမျိုးတွေ များများရေးနော်...
ဘယ်သူတွေ ငွေကြေးကို ခန့်မန်းလို့ရတာပေါ့..
ဆင်းရဲချမ်းသာ ကွာဟမှုတော့ ပြောမနေနဲ့တော့ capitalism ရဲ့ဆိုးကျိုးတွေပေါ့

Apprenticeship said...

sorry according to UN record နဲ့ Globalization and American economy လို့ပြောချင်တာပါ။ ဆောရီနော်...

Than Kyaw Htay said...

အစ်မ မသက်ဇင်ခင်များ---
ကျွန်တော်တို့ မသိသော ဗဟုသုတများကို
ဖေါ်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
G8 လို့ခေါ်တဲ့ စက်မှု ရှစ်နိုင်ငံအကြောင်း
တွေကိုလည်း မျှော်နေပါတယ်ခင်များ
လေးစားလျက်

ကိုတိုး said...

အစ်မသက်ဇင်ခင်ဗျာ ကျွန်တော်တို့မသိသေးတဲ့ ဗဟုသုတများကို ဖော်ပြပေးတဲ့အတွက်ကျေးဇူးနော်။ အဆင်ပြေပျော်ရွှင်ပါစေ အစ်မရေ လေးစားလျှက်ပါအစ်မ။

လင်းဒီပ said...

အစ်မရေ ကောင်းပါတယ်...မသိသေးတာတွေ..မတွေးမိသေးတာတွေ..
ပေးသိလို့ ဝမ်းသာပါတယ်...ရေးပါဦးဗျာ

အလှတရား said...

အစ်မ မသက်ဇင်ခင်ဗျား
ကျွန်တော်တို့ကတော့ ကမ္ဘာ့သမိုင်းဆိုတာကို ရတဲ့ အချိန်နဲ့ လေ့လာနေရတာ..ဒေါက်တာသန်းထွန်း
ပြောသလို
မအအောင်ပေါ့နော်..
ဒါပေမဲ့ လက်လှမ်းမီဖို့ဝေးနေသေးတယ်
အစ်မတို့ များများရေးမှ ကျွန်တော်တို့ မျက်စိပွင့်မှာခင်ဗျ
အစ်မ မအားရင်concept လေးတွေ key point လေးတွေအဓိကထားရေးပါလားခင်ဗျ..နောက်ဆက်
လေ့လာဖို့လွယ်သွားအောင်..
.ကျေးဇူးတင်ပါတယ်

ဘလူးဖီးနစ် said...

အမေရိကန် ပညာရေး ဆောင်းပါးလေးတွေ ဖတ်ချင်ပါတယ်။ ရေးပေးပါ မသက်ဇင်ရေ။

puluque said...

မမရေ..
ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးဆောင်းပါးလေးတွေ ဖက်ချင်ပါတယ်။ နောင်လဲ အလျဉ်းသင့်သလိုရေးပါအုံး။

ဖြိုးငယ် said...

ဖတ်လို့လည်းကောင်းတယ် ..
ဗဟုသုတလည်း ရတယ် အမရေ

winlatt said...

ဗဟုသုတတွေ နဲ့ ပြည့်စုံနေတဲ့ ဘလော့ကလေးပါဘဲ..
ကျေးဇူးတင်ပါတယ်...။ချမ်းသာမှုရှိရင် ဆင်းရဲမှုရှိမှာပါဘဲ...ဒါပေမဲ့ တကမ္ဘာလုံးကစိတ်ဝင် စားနေတဲ့ အမေရိကန်အကြောင်းကို အခုလို သိရတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ငွေကြေးပြဿနာကိုပါ ဆက်စပ်မိရတာပေါ့....ဆက်ရေးပါဦးနော်...မျှော်လင့်နေမယ်...အမရေ...

ပျံသန်းခြင်းရပ်ဝန်း said...

ဗဟုသုတတိုးပါတယ်..မသက်ဇင်ရေ..
.ကောင်းကောင်းအားပေးနေပါတယ်။
နောက်လည်းဆက်လက်အားပေးလျက်ပါ။ဆက်လက်ပြီးရေးပါဦး....။

***လမင်း*** said...

ကောင်းတယ်အစ်မရေ .
အင်မတန်ဗဟုသုတရပါပေတယ်.တခါတခေါက်ကြုံရင်ဖြင့်
မွေးရပ်မြေလေးကိုပြန်လာပါအုံး..မမ၀ါကမိုးညှင်း၊လမင်းလဲ မိုးညှင်းမှာပါ..မမတို့ နမ္မားနားကအနီးဆုံးပေါ့

... said...

အမရေ နိုင်ငံတကာ အခြေအနေ ကိုလာဖတ်သွားပါတယ်...
နှင်းဆီနီ ပွင့်ဖတ်ကိုစောင့်နေကြောင်းပါ လာပြောတာပါ
:P

တားမြစ် ထားသော... said...

အသိ။
ဒါ ကျေးဇူးတင်စရာ စာတစ်ပုဒ်ပါ။ ဆောင်းပါးကောင်း တစ်ပုဒ်လည်းဖြစ်တယ်။ ဆက်လက်မျှော်လင့်နေမယ်။

သုခမိန်(E-Journal)

သစ္စာ said...

အစ်မ မသက်ဇင်ခင်မျာ
အခုလို နိုင်ငံတကာ ဗဟုသုတတွေ ဝေငှ
ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်--
ဆက်လက်မျှော်နေပါတယ်။

Taungoo said...

အား...
မမသက် အမေရိကန်အလည်ရောက်သွားပြီ။
ဒီလိုမျိုးလေးလည်း တစ်ခါတစ်လေရေးပါမမသက်ရ။

Republic said...

မင်္ဂလာပါ မသက်ဇင် ၊၊ခင်မင်ရင်းစွဲ ကတစ်ကြောင်း ဗဟုသုတ ရတာက တစ်ကြောင်း တင်တဲ့ပို့စ်တိုင်း ကိုလာဖတ်ဖြစ်ပါတယ် ၊၊ သမိုင်းရာဇ၀င်အားနည်းတဲ့ ကျနော့်အတွက် တော်တော်လေးသိရပါတယ် ၊၊ ဝေဖန်အကြံဥာဏ် ကောင်းကောင်းတွေတော့ မပေးတတ်ဖူးဖြစ်ရပါတယ်၊၊ ဒါပေမယ့် အမြဲအားပေး လေးစားလျက်ပါ မသက်ဇင်၊၊

ခင်မင်စွာဖြင့်

Nge Naing said...

ကျွန်မ ကွန်ပြူတာက မရတချက်ရတချက်ဖြစ်နေတာကြောင့် မရာက်ဖြစ်ခဲ့ဘူး။ ကွန်ပြူတာ ရလို့ ၀င်လာရင်း အသစ်တင်ထားတာ တွေ့လို့ ဖတ်သွားပါတယ်။ သမိုင်းအပြင် မျက်မှောက်ရေးရာတွေပါ ပါလာတယ်ဆိုတော့ ပိုလို့ စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ဆက်ရန်ရှိနေတဲ့ ရသပို့စ်လေးကိုလည်း ဆက်တင်ဖို့ မမေ့ပါနဲ့နော့်။ အမေရိကန်ဆိုရင် ဘာမဆို အစစအရာရာ ကောင်းတယ်လို့ထင်နေတဲ့သူတွေနဲ့ အမေရိကန်ဆိုတာ လုံးဝမကောင်းဆိုးဝါးကြီးအဖြစ် ၀ါဒဖြန့်မှိုင်းတိုက်ခံထားရသူတွေ နှစ်ဘက်စလုံးအတွက် မသက်ဇင်ရဲ့ ဒီပို့စ်လေးက မှတ်သားစရာကောင်းပါလိမ့်မယ်။ Universal Declaration of Human Rights (UDHR) ကို မူအားဖြင့်သာ လက်ခံထားပေမယ့် အဲဒီအခွင့်အရေးတွေထဲက အစိတ်အပိုင်းတွေ ဖြစ်ပြီး နော်ဝေး၊ ဆွိဒင်၊ ဖင်လန်၊ ဒိန်းမတ် တို့လို စကင်ဒီနေဗီးယား ကျွန်းဆွယ်နိုင်ငံတွေမှာ အောင်မြင်စွာ လက်ခံကျင့်သုံးနေတဲ့ Economic Social and Cultural rights တွေကို အမေရိကန်က လူ့အခွင့်အရေးအဖြစ် အသိအမှတ်မပြုပဲ အဲဒီ Protocol ကို လက်မှတ်မထိုးထားတာ အတော်များများက သတိမထားမိကြပဲ အမေရိကန်ကို လူ့အခွင့်ရေး အပြည့်အ၀ရှိတဲ့ နိုင်ငံလို့ ထင်နေကြပါတယ်။ တကယ်တော့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး (Civil and political rights ) ဘယ်လောက်ပဲ ရှိရှိ လူမှုရေး လုံခြုံမှုကို အစိုးရက တာဝန်ယူရတဲ့ Economic Social and Cultural Rights တွေကို လက်မခံရင် အဲဒီနိုင်ငံဟာ လုံလောက်တဲ့ လူ့အခွင့်ရေး ရှိတယ်လို့ ပြောလို့မရနိုင်ပါဘူး။ အဲဒီအချက်က UN လူ့အခွင့်ရေး ကော်မရှင် အစည်းအဝေးတိုင်းမှာ အမေရိကန်က နိုင်ငံတကာရဲ့ ရှုပ်ချ ခံနေရတဲ့ အချက်ဖြစ်ပါတယ်။ သူလက်မခံတဲ့ လူမှုဖူလုံရေး အခွင့်အရေးတွေကို လစ်လျူရှုထားပေမယ့် သူလက်ခံတဲ့ နိုင်ငံရေးအခွင့်အရေးကို အပြည့်အ၀ကျင့်သုံးနေသေးတော့ အကုန်လုံးကို ဘာတခုမှ မငြင်းပဲ လက်ခံထားပြီး ဘာတခုမှ လက်တွေ့ မကျင့်သုံးတဲ့ ကျွန်မတို့နိုင်ငံနဲ့ စာရင်တော့ အများကြီးတော်တာပေါ့။

ယုန်ကလေး said...

မသက်ဇင်ေ၇ အခုလို ဗဟုသုတတွေမျှဝေပေးတဲ့ အတွက် ကျေူးဇူးတင်ပါတယ်နော် ။ ချမ်းသာတဲ့ နိုင်ငံလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံရတာပါပဲနော်။ အင်း ကမာကြီးက တဖြည်းဖည်းနဲ့ ပျက်လာပါပြီး

ဟိန်းညီ said...

ဗဟုသုတတွေရလိုက်လို့
ကျေးဇူးပဲအစ်မရေ...
စိတ်ဝင်စားပေမယ့်သေချာမလေ့လာဖြစ်ဘူး
ခုလိုဖတ်ရတော့ လွယ်လွယ်ကူကူနဲ့ ဗဟုသုတရလို့
ကျေးဇူးပါပဲဗျာ...

စိုင်းစိုင်းလားရှိုး said...

မသက်ဇင်ရေ မြန်မာ့ သမိုင်းသာမက ကမ္ဘာ့ သမိုင်းကိုပါ တီးခေါက်မိတဲ့ အစ်မရဲ့ လေ့လာလိုက်စားမှုအားကို ချီးကျုးပါတယ်ဗျာ...

ကိုစွမ်း said...

ဟုတ်တယ် မသက်ရေ..အခုလို ကမ္ဘာ့သတင်းလေးတွေ ရေးပေးတော့ ပိုပြည့်စုံသွားစေပါတယ်။ အမေရိကန်မှာဆိုရင် ..ဆိုပြီး လူတွေက ကိုယ်ဖြစ်ချင်တာတွေ၊ ကောင်းတာတွေပဲ မြင်ကြတယ်။ သူတို့ ဆီမှာ ဆိုးဆိုးဝါးဝါး ဖြစ်နေတာတွေတော့ မသိချင်ယောင် ဆောင်တတ်ကြတယ်။ ဘာပဲ ပြောပြော လေ့လာအားကောင်းတဲ့ မသက်ကိုတော့ လေးစားပါတယ်

ဇင်ယော် said...

အစ်မရေ ခုလို သိသင်သိထိုက်တဲ့ ဗဟုသုတလေးတွေ ဖြန့် ဝေပေးတာ အင်မတန် ဖတ်လို့ ကောင်းပါတယ်။ အင်အားကြီး နိုင်ငံတွေရဲ့ စီးပွားရေး ချွတ်ခြုံကျမှုက အာရှကိုလည်း အနည်းနဲ့ အများ ရိုက်ခတ်တာမို့  ဒီအကြောင်းတွေကို သိအောင် လေ့လာထား သင့်တယ်လေ။ ရှာဖတ်ရမှာ ပျင်းတဲ့ကျနော့်အဖို့ တော့ အစ်မပို့ စ်လေးတွေပဲ စောင့်ဖတ်နေတော့မယ်ဗျာ။

saiburma said...

Hello Ma Thet Zin,

i can get so many world news .Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

HAPPY CLOUD said...

ဗဟုသုတတွေ တလှေချည်းပါလား...
ကျေးဇူးပါအမ...




လေးစားလျက်
(မိုးမောင်)

Koolstar said...

သမိုင်းဘာသာနဲ့ Ph.D ယူထားတာလား အမ (အသက်မသိ၍ လေးစားမှုနဲ့ အမခေါ်တာပါ)။ နိုင်ငံတကာရေးရာကတော့ တကယ် ရေးနိုင်တာပဲ။

နောက်ဆုံးအပိုဒ်ကတော့ စာရေးဆရာရဲ့ အာဘော်လည်း ဖြစ်နိုင်ပါတယ် အမ။ တိုးတက်တဲ့ နိုင်ငံတွေကတော့ ပြိုင်ဆိုင်မှု များတာပဲလေ။ အင်း ... မပြိုင်ဘဲ အရှုံးပေးနေရတာထက် စာရင်တော့ သူတို့က မဆိုးလောက်ပါဘူးနော်။ သူကမှ အကြွေးနဲ့ ကားစီးလို့ရသေးတယ်။ ဒီမှာက ကိုယ့်စရိတ်မှ ကိုယ်မရှိရင် ... ဘာမှ အကြွေး မရဘူးလေ။