Friday, May 23, 2008

ပထမမြန်မာနိုင်ငံတော်နှင့်အနော်ရထာ (၁)

၁၁ ရာ စု ကျော်ခန့် အနော်ရထာ မင်း နန်းတက် ချိန် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘေးပတ်ဝန်း ကျင် အား လေ့ လော ကြည့် လျှင် အ ရှေ့ ဘက် တွင် အင်အားကြီး မား သည့် တရုတ် နိုင်ငံကြီး အား စည်း လုံး သိမ်းသွင်း ခဲ့ သည့် တန်မင်း ဆက်ပြတ်သွားပြီး ၊ ကင်း နှင့် ဆွန်မင်း ဆက်များ သည် တရုတ်ပြည် အား တောင်ပိုင်း နှင့် မြောက် ပိုင်း တပိုင်း စီ အုပ်ချုပ် နေ ပြီး ၊ ယူနန်နယ် ရှိ ထိုင်းရှမ်း တို့ ၏ နန်ချို နိုင်ငံတော် သည် တ ရုတ် ပြည်တောင်ပိုင်း ၊ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့်အာသံနယ်များအထိ တန်ခိုး သြဇာ ပြန့် နှံ့ လျက် ရှိသည်။

အင်ဒိုချိုင်းနား ကျွန်းဆွယ် ဘက် တွင် ခမာလူမျိုး များ ၏ ကျော် ကြား ထင်ရှား သည့် ကမ္ဗောဇ နိုင်ငံ တော်ကြီး
ရှိပြီး မြန်မာနိုင်ငံမှ တနသ်ာရီ ကမ်းရိုးတန်း နှင့် မာလာယု ကျွန်းဆွယ် များ အထိ တန်ခိုး သြဇာ ပြန့် နှံ့လျက် ရှိ သည်။
အင်ဒိုနီးရှင်း ကျွန်း စု ဘက် တွင် အိန္ဒိယ သမုဒ္ဒရာ အား လွှမ်း မိုး လု မတတ် တန်ခိုး သြဇာ ကြီး မား သည့် သီရိ
ဝိ ဇယ နိုင်ငံတော် ကြီး ရှိသည်။ အိန္ဒိယ နိုင်ငံ တောင်ဘက် ဒေသများ နှင့် သီဟိုဠ်ကျွန်း အပါ အဝင် ဘဂ်လား အော် နှင့် အာရပ် ပင်လယ် များ အထိ တန်ခိုးသြဇာကြီး မားသည့် ချိုလာ နိုင်ငံတော်ကြီး စည်းလုံးမှု ပျက်ပြား စ ပြု လျက် ရှိသည်။

အိန္ဒိယ နိုင်ငံ မြောက်ဘက် တွင် မူစလင် များ ၀င်ရောက် ကာ လွှမ်းမိုး စ ပြုလျက် ရှိသည် ကို မြန်မာနိုင်ငံဘေး ပတ်ဝန်းကျင်တွင် တွေ့ ရှိရ သည်။ မြန်မာနိုင်ငံ တွင်း၌ လည်း အလယ်ပိုင်း ဒေသတ၀ိုက် တွင် ပျူ နှင့် မြန်မာ ရောထွေး လျက် ငှင်း။ တောင်ပိုင်း ဒေသ တ၀ိုက် တွင် မွန်လူမျိုး များ သည် မြို့ ပြပြည် နယ် များ ထူ ထောင် လျက် လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အရ ကမ္ဗောဇ နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက် ရှိ သည်။

ရခိုင် ကမ်းရိုးတန်း ဒေသ တွင် ရခိုင်လူမျိုးစု များ သည် ကိုယ်ပိုင် အုပ် ချုပ်ရေး နှင့်ပြည်နယ် ကလေးများ ထူ ထောင်လျက် ရှိပြီး ၊ အိန္ဒိယ နိုင်ငံ ဘဂ်လား နယ် ၏ လွှမ်းမိုး တိုက်ခိုက် မှု ကို တွန်းလှန် ခု ခံ နေ ရ သော အ ချိန်ဖြစ်သည်။
မြောက်ဘက်နှင့် အရှေ့ ဘက် တောင်ကုန်း ဒေသ များ တွင် ရှမ်း လူမျိုး များ သည် စော်ဘွား များ အုပ်ချုပ် သည့်မြို့ ပြ ပြည်နယ် များ ထူထောင်လျက်ရှိသော် လည်း လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အား ဖြင့် ထိုင်းရှမ်းတို့ ၏ နန်ချို နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက်ရှိသည်။

ကယား ပြည်နယ် ၊ မိုးဗြဲနယ် နှင့် သံလွင် တ၀ိုက် တွင် ကရင်လူမျိုးစု များ သည် မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေး များဖြင့် တသီးတခြား နေထိုင် လျက်ရှိကြသည်။

တောင်ဘက် တလွှား တွင် အင်အားကြီးမား လာသည့် မွန်လူမျိုးများ သည်ငှင်း မြန်မာ နိုင်ငံမြောက်ဘက် နှင့် အရှေ့ ဘက် တလွှားရှိ ရှမ်း လူမျိုး များ သည် ငှင်း မြန်မာ နိုင်ငံ အပြင် အပ မှ တန်ခိုးကြီး နိုင်ငံ နှစ်နိုင်ငံ တို့  ၏ ကျော ထောက်နောက်ခံမှု ကို ရရှိ ထားကြ သဖြင့်။ အနော်ရထာမင်းနန်း တက်ချိန်ပုဂံပြည် တ၀ိုက် တွင် နေ ထိုင် လျက်ရှိကြ သည့်မြန်မာလူမျိုး များသည် ကြား တွင် အညှပ်ခံ နေရ သကဲ့ သို့ ရှိပြီး များ စွာ စိုးရိမ်ထိပ်လန့်  ဖွယ် ရာ အခြေသို့  ဆိုက် ရောက်လျက်ရှိသည်။

ထို ကဲ့သို့ ရင်ဆိုင် နေရ သည့်ပြည်တွင်း ပြည်ပ အခြေအနေ အရပ်ရပ် များကြောင့် ကိုးရာစုခန့် တွင် နန်ချို ထိုင်း ရှမ်း များ က ပျူလူမျိုးများ အား တိုက်ခိုက် ဖျက်ဆီးခြင်း ခံလိုက်ရ သောကြမ္မာမျိုး ပုဂံပြည်တွင် နောက် ထပ်တဖန် ဆိုက်ရောက် ခြင်း မရှိစေရန် အတွက် အနော်ရထာ ဘုရင် နှင့်မြန်မာလူမျိုး အကြီးအကဲ များ သည် မိမိတို့  ၏ ရပ်တည်မှု နှင့် လုံခြုံမှု တို့ အတွက် ရှေးဦးစွာ မိမိတို့ အင်အားကို တိုးချဲ့ခြင်း ဖြည့်တင်းခြင်းနှင့် စည်း လုံးခြင်း များပြုကြသည်။

ကျမ်းကိုး
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်မဟာ
မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )
မှန်နန်းရာဇ၀င် သုံးတွဲ

2 comments:

မေမေခင် said...

အခုမှ အေးအေးဆေးဆေး စာတွေလာဖတ်ပါတယ်

နန်း said...

ထို ကဲ့သို့ ရင်ဆိုင် နေရ သည့်ပြည်တွင်း ပြည်ပ အခြေအနေ အရပ်ရပ် များကြောင့် ကိုးရာစုခန့် တွင် နန်ချို ထိုင်း ရှမ်း များ က ပျူလူမျိုးများ အား တိုက်ခိုက် ဖျက်ဆီးခြင်း ခံလိုက်ရ သောကြမ္မာမျိုး ပုဂံပြည်တွင် နောက် ထပ်တဖန် ဆိုက်ရောက် ခြင်း မရှိစေရန် အတွက် အနော်ရထာ ဘုရင် နှင့်မြန်မာလူမျိုး အကြီးအကဲ များ သည် မိမိတို့  ၏ ရပ်တည်မှု နှင့် လုံခြုံမှု တို့ အတွက် ရှေးဦးစွာ မိမိတို့ အင်အားကိုတိုးချဲ့ခြင်း ဖြည့်တင်းခြင်းနှင့် စည်း လုံးခြင်း များပြုကြသည်။

အလွန်တန်ဘိုးရှိတဲ့သမိုင်းသင်ခန်းစာတွေပါပဲ