ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် အား အာရှ လူ့အခွင့် အရေးဆု ချီးမြှင့်ခဲ့သည့် အာရှ လူ့အခွင့်အရေး ဖေါင်ဒေးရှင်း ၏ ခေါင်းဆောင် ဂျပန် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် တာကာကို ဒိုးအိစံနှင့် စာ ရေးသူ တို့အမှတ် တရ
နေ့မြင် ညပျောက်
ညတွေ က လည်း ခဏခဏ ရောက်
ဒိုးအိစံ ပြောတာတွေ က လည်း မှတ်လောက် သားလောက်
အဘီကေလ် ကို လည်း မမေ့ မပျောက်
အမေရိကန် လွတ်လပ်ရေး ရကာစ
အခြေခံ မူကြမ်းရေးဆွဲ သူထဲမှာ ပါဝင်သည့်
ခင်ပွန်း အက်ဒါဆင် အား
ဇနီးဖြစ်သူ အဘီကေလ်က ပြောခဲ့သည်။
ဒီမှာ အက်ဒါဆင်
ရှင်တို့
ရေးဆွဲဖို့ လုပ်နေတဲ့ အခြေခံဥပဒေသစ် မှာ
အမျိုးသမီးတွေရဲ့
အခွင့်အရေး ကိုတော့ မမေ့စေနဲ့ရှင့်
ရှင်တို့
ခေါင်းဆောင်တွေ အကျိုး ဆိုတာထက်
အမျိုးသမီးတွေ အတွက် စိတ်ကောင်း စေတနာထားပြီး
ထည့်သွင်း ဆောင်ရွက်ဖို့တော့ လိုတယ်။
အချုပ်အခြာ အာဏာကို
ခင်ပွန်းဖြစ်သူထံ ပုံအပ်ထားတာမျိုး
လုံးဝ
မရေးဆွဲမိဖို့ အဓိကပဲ
ကျမတို့
အမျိုးသမီးတွေ အပ်နှင်းထားတဲ့
ခေါင်းဆောင် ကိုယ်စားလှယ်တွေ မပါပဲ
ရှင်တို့ရေးဆွဲထားတဲ့
အခြေခံဥပဒေသစ်ကြီးကို ကျမတို့ အမျိုးသမီးတွေ
နာခံ ဆောင်ရွက်လိမ့်မယ် မထင်ပါနဲ့
ကျမ လေးလေးနက်နက် ပြောချင်တယ်
ပုံ
ဇနီး အဘီကေလ်အက်ဒါဆင်
နိုင်ငံတော် တည်ဆောက်မှု အစ ပိုင်းကတည်းက ယုံကြည်မှု ရှိခဲ့သော အမေရိကန် အမျိုးသမီးများသည် ၁၈၄၈ ခုနှစ် နယူးယောက် ပြည်နယ် ဆေနက်ကာ ဖိုးလူးတွင် အမေရိကန် ပြည်ထောင်စု၏ လွတ်လပ်ရေး ကြေငြာစာတမ်း ကို ကြွေးကြော် ခဲ့ခြင်းနှင့် အတူ အမျိုးသမီး အခွင့်အရေး ကြေငြာစာတမ်း ကို လည်း ထုတ်ဖေါ် ပြောဆို ခဲ့ပေသည်။
53 comments:
အမျိုးသမီးထုရဲ့ အခွင့်အရေးရပိုင့်ခွင့် .. အမျိုးသမီးဆိုတာလည်း တကယ်တော့ လူသားတွေထဲက လူသားတစ်ယောက်ပါပဲ ... လူ့ဘောင်တစ်ခုထဲမှာ တူတူ နေထိုင်ကြပြီဆိုမှတော့ အမျိုးသမီးရယ် အမျိုးသားရယ်လို ဆိုပြီး နေရာတကာမှာ အခွင့်အရေးတွေကို ခွဲခြားနေလို့ မရတော့ပါဘူး .. သူ့နေရာနဲ့သူ သာတူညီမျှတဲ့ အခွင့်အရေး လုပ်ပိုင်ခွင့်၊ ရသင့်ရထိုက်တဲ့ ခံစားမှု၊ .. စတာတွေကို သူ့ရပိုင်ခွင့်နဲ့အတူ ပေးအပ်ထားသင့်ပါတယ် .. ရှိလည်း ရှိသင့်ပါတယ် .. ဒါမှလည်း လောကကြီးက ပိုပြီး သာယာလာမယ်လေ .. ကျေးဇူး အစ်မ
လာလည်သွားပါတယ် အစ်မ မတွေ့တာကြာပေမဲ့ အမြဲတမ်း သတိရတယ်ဗျ နေကောင်းပါစေဗျာ...
လာဖတ်ပါတယ်ခင်ဗျာ..
အမသက်ဇင်ရေ
စာလာဖတ်တယ်
နေကောင်းလား
အသစ်တင်တာနဲ့အလုပ်ပီးပြေးလာတာလေ
ပျောက်နေတာကြာပီးနော့
အမပျော်ရွှင်ကျမ်းမာပါစေဗျာ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်
-သူ့နေရာသူ့တာဝန်
ကိုယ့်နေရာကိုယ့်တာဝန်
နိုင်တဲ့ဝန် စွမ်းတဲ့အား။-
ကိုလေး အလှတရား ပြောသွားတာလေးကို နှစ်သက်မိတယ်
အမျိုးသမီးတွေအတွက် စိတ်ကောင်းစေတနာထားပြီး ထည့်သွင်းဆောင်ရွက်ဖို့...
အမသက်ဇင်ရဲ့ စာလေးလာဖတ်ပါတယ်။
မတွေ့တာကြာပြီမို့ ကျန်းမာစေကြောင်းပါ အမသက်ဇင်း)
မသက်ဇင်
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားလေးကိုတော့ မမေ့ နိုင်ပါဘူး။
မြန်မာအမျိုးသမီးထု တရပ်လုံးကို မှာကြား လို သည် မှာ သူတို့နဲ့အတူ ကျမရပ်တည်နေသည်ဟူသောစ
ကား ပင်ဖြစ်သည်။
မိမိ တို့အားသာချက်နဲ့အားနည်းချက်များကို မှန်ကန်စွာ အသုံးချပြီး သကာလ ကျမတို့အားလုံးအနေဖြင့် ပြည် သူ တရပ်လုံး၏ လုံခြုံ ပျော်ရွှင်စရာကောင်းသော အိမ် ဂေဟာဖြစ်သည့် အမိ မြန်မာပြည်ကြီးကို အတူ တကွ စုပေါင်းတည်ထောင်နိုင်ကြမည်ဖြစ်သည်။
စုပေါင်းအားဖြင့် ဆောင်ရွက်လျှင် ယနေ့ပြသနာများအား
လုံးကို ကျော်လွှားနိုင်မှာဖြစ်ပြီး လူတိုင်းအတွက် ပျော်
ရွှင်ချမ်းမြေ့ဖွယ်ရာ မနက်ဖြန်များကို တည် ထောင်နိုင်ပေ မည်။
( ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်ကျေတဲ့ခေါင်း
ဆောင်တယောက်ပါပဲ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ
ပါစေ )
အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ဘ၀ကိုနှိပ့်ကျအောင် ချိုးနှိမ်ထားတဲ့ လူမှု ပတ်ဝန်းကျင်ထက် အမျိုးသမီးအခွင့်အရေးကို ပိုပေးထားတဲ့ လူမှုပတ်ဝန်းကျင်က ပိုပြီးတိုးတက်နေတဲ့ သာဓကတွေကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေကို အခွင့်အရေးပေးခြင်းဟာ လူ့အဖွဲ့အစည်းကို ဘယ်လောက်တိုး တက်စေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ဘလော့ဂ် စာမျက်နှာတွေမှာ ရှားရှားပါးပါး တွေ့ရတဲ့ အမျိုးသမီးအခွင့်ရေးနဲ့ ပတ်သက်ပြီး အသားပေးထားတဲ့ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် မသက်ဇင်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွန်ခဲ့တဲ့ ၁၁ နှစ်က ပြောထားတဲ့ စကားလေးကို မှတ်ချက်မှာ ထည့်သွင်းပြောကြားပေးသွားတဲ့ ကဗျာဦးကိုလည်း ကျေးဇူးတင်ပါတယ်။
အမျိုးသမီး နှင့် အမျိုးသား သည်ခွဲခြားမရပေ..
အဘယ်ကြောင့် ဆိုသော် လူဟူသောခေါင်းစဉ် အောက်တွင်
အတူတကွပါဝင်နေသောကြောင့်ဖြစ်သည် ဟု ယူဆပါသည်။
ဟုတ်တာပေါ့.. အမျိုးသမီးတွေရဲ့ စွမ်းအားကိုလည်း မေ့ထားလို့ မရဘူးလေ.. အမျိုးသားတွေချည်းပဲ စွမ်းဆောင်ရှင်တွေ ဖြစ်နေတာမှ မဟုတ်တာ
မကြီး မင်္ဂလာပါ။ မတွေ့တာကြာပြီကော နေကောင်းနေလားဗျာ.... အမျိုးသမီးတွေရဲ့ စွမ်းအား မရှိပဲ ကမ္ဘာကြီးမှာ လူသားတွေ အပြည့်အ၀ မရပ်တည်နိုင်ပါဘူးအမရေ... စာလေးကို လေးလေးနက်နက် ဖတ်သွားပါတယ်ဗျာ..
လေးစားလျက်
တောင်ပေါ်သား
အမရေ လူသား အခြင်းခြင်း ခွဲခြားမှု ယောင်္ကျား မိန်းမ ခွဲခြားမှု ဘာတစ်ခုမှ ခွဲခြားမှုမရှိကြပဲ ကိုယ့်တာဝန်နဲ့ကိုယ် ကျေပွန်တဲ့ ကမ္ဘာမြေကြီးဆီသို့ ကျနော်တို့ မောင်နှမတစ်တွေ........
အမရေ .. အမရဲ့စာတွေကို စောင့်မျှော်နေပါတယ် ..
ခုရေးပေးတဲ့ပို့စ်လေးကိုလည်း သေချာဖတ်မှတ်သွားပါတယ် .. ခုလိုရေးပြပေးတာလည်းကျေးဇူးပါ ..
နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန အခန်းဆက်တွေကိုလည်း စောင့်နေပါသေးတယ်နော် .. ပရင့်ထုတ်ပြီးသေချာဖတ်မှာပါ ..း)
ပျော်ရွှင်ချမ်းမြေ့ပါစေ
"ရှင်တို့ရေးဆွဲဖို့ လုပ်နေတဲ့ အခြေခံဥပဒေသစ် မှာ
အမျိုးသမီးတွေရဲ့ အခွင့်အရေးကိုတော့ မမေ့စေနဲ့ရှင့်
ရှင်တို့ခေါင်းဆောင်တွေ အကျိုးဆိုတာထက်
အမျိုးသမီးတွေ အတွက် စိတ်ကောင်းစေတနာထားပြီး
ထည့်သွင်းဆောင်ရွက်ဖို့တော့ လိုတယ်။"
သေသေချာချာ ဖတ်ရင်း တွေးသွားပါတယ်...မရေ...
ပျောက်နေတာကြာပြီနော်
စွမ်းဆောင်နိုင်တဲ့ အခွင့်အရေးတွေ ပေးခြင်းဟာ အင်မတန်မှန်ကန်တဲ့ ဆုံးဖြတ်မှု တစ်ရပ်ပါပဲ မသက်ဇင်...ဒါတွေ ဘယ်သောအခါများမှ .......?????
ကျေးဇူးပါမသက်ဇင်...
အမရေ လေ့လာ မှတ်သွားပါတယ်ဗျာ
ရောက်တယ် ဗျာ ကွန်နဲရှင် ကဆိုး လွန်းနေတော့လည်း အခုမှ ရောက်နိုင်တယ် လေ။
အား လုံး မှာ တာဝန်ရှိတယ်၊ အမျိုးသားရော အမျိုး သမီးရော ပေါ့ နိုင်ရာ ကို ကိုယ်စီဆောင် ရ မှာ ပါ။
အဲ နေပြည်တော်က ဖတ်မှ မကျော်ပဲ Comment ပေးလို.ရတယ် ဟဲဟဲ
အစ်မရေ..
ဒီပိုစ့်အတွက် ကဗျာတစ်ပုဒ်တောင်ရေးမိဦးမယ်ထင်ရဲ့..
အမျိုးသမီးတွေမှာ...
ကြီးကျယ်မြင့်မြတ်တဲ့ နှလုံးသားတွေ ရှိနေကြတယ်လေ..။
(စကားမစပ်အစ်မရေ..ကိုယ့်အစ်မက ဂျပန်မင်းသမီး...ချောချောသကိုး...)
အစ်မရေ အစ်မက ဂျပန်နဲ့ တူမှတူဗျ
အန်တီစု မုံရွာမှာပြောသွားတာလေးသတိရမိတယ်။
လွတ်လပ်ရေးခေတ်တုံးကဆိုရင်
သခင်ပေါက်စ ထောင်ခြောက်လ
ဆိုပြီးခြောက်ကြတယ်။
ကျမတို့ခေတ်မှာတော့ နိုင်ငံရေးလုပ်လို့
ထောင်ခြောက်လဆိုတာ
ရယ်တောင်ရယ်လိုက်ချင်သေးတယ် တဲ့။
သြော်...အမလဲနိုင်ငံရေးစိတ်ဝင်စားတယ်လား?
ဒေါ်ခင်ဝင်းရွှေ ရဲ့  အမျိုးသမီးရေးရာ အဖွဲ့အစည်းလို
စည်းကမ်းလေး တွေ ချထားစေချင်တယ်ပေါ့...
ကဲကဲ... ရှိစေတော့ ...ရှိစေတော့
ဆန္ဒ အတိုင်းပြည့်စေသတည်း....
“ခေါင်းဆောင် ကိုယ်စားလှယ်တွေ မပါပဲ ရှင်တို့ရေးဆွဲထားတဲ့
အခြေခံဥပဒေသစ်ကြီးကို ကျမတို့ အမျိုးသမီးတွေ
နာခံဆောင်ရွက်လိမ့်မယ် မထင်ပါနဲ့”
မြန်မာအမျိုးသမီးများလည်း ဤသို့ဤနှယ် ဖြစ်ကြပါစေ။
သုခမိန်(E-Journal)
မကြီးသက်ဇင် ရေးခဲ့တဲ့ . . .
ကျမတို့အမျိုးသမီးတွေ အပ်နှင်းထားတဲ့
ခေါင်းဆောင် ကိုယ်စားလှယ်တွေ မပါပဲ ရှင်တို့ရေးဆွဲထားတဲ့
အခြေခံဥပဒေသစ်ကြီးကို ကျမတို့ အမျိုးသမီးတွေ
နာခံဆောင်ရွက်လိမ့်မယ် မထင်ပါနဲ့
မှန်တဲ့စကားလုံးပေမဲ့ ယခုအချိန်မှာတော့ မြန်မာပြည်အခြေအနေအရ လွန်ဆန်လို့မရနိုင်သေးဘူး လို့ထင်တယ် ... ဖြစ်သင့်တာကတော့ ကြာနေပါပြီး . . .
ဖြစ်နိုင်ပါစေလို့ပဲ ဆုတောင်းနေတယ်ဗျာ ။
အမကိုတွေ့ဖူးသွားပီ...
.စာလာဖတ်တာ.... :D
အမျိုးသမီးတွေလည်း လူသားတွေထဲက လူသားတစ်ဦးပါပဲ၊ ဒီတော့ သူတို့ကို ခွဲခြားဆက်ဆံ နေစရာ မလိုပါဘူး။ တော်တဲ့သူကတော်မယ်၊ ညံ့တဲ့သူက ညံ့မယ်၊ ဒါပဲ ရှိမယ်လို့ ထင်ပါတယ်။
မိန်းမမို့.... ယောကျာ်းမို့ မရှိပါဘူး။ မိန်းမတွေလည်း တော်နိုင်တယ်၊ ညံ့နိုင်တယ်...
ယောက်ျားတွေလည်း တော်နိုင်တယ်၊ ညံ့နိုင်တယ်...
အားလုံးက လူထဲက လူတွေမို့လို့ပါပဲ....
အင်း စာရေးဆရာမ ဂျူးရဲ့ စကားတစ်ခွန်း မှတ်တာပဲ၊ အဲဒါလေးကိုပဲ ခုချိန်မှာ ခံစားမိတယ်....
"ကျွန်မ ငယ်ငယ်က ခပ်ညံ့ညံ့လူတွေဆိုရင် မုန်းတယ်...
အခု အသက်ကလေး နည်းနည်းရလာတော့
ခပ်ညံ့ညံ့လူတွေကို ကျွန်မ ကြောက်လာတယ်..."
ကျွန်တော်တို့ရဲ့ မြန်မာပြည်က အမိမြန်မာပြည်လေဗျာ.... လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံတော်တည်ဆောက်မှု အပိုင်းမှာလည်း....... ဟော...ကြည့်ပါလား.... ဘုရားသွားယတြာချေရတာနဲ့ ၊ ဓါတ်ရိုက်ဓါတ်ဆင်လုပ်ရတာနဲ့ အောင်မြေနင်းအစီအရင် ဆောင်ရွက်နဲ့၊ ရှုပ်နေရတာပါ၊
ဒါပေမယ့် ... နိုင်ငံတကာအသိုင်းအဝိုင်းမျက်နှာစာမှာ ထင်ရှားတဲ့ ပညာဥာဏ်ရင့်သန်သော...၊ တွေးခေါ်မှုစွမ်းအားပြည့်ဝသော၊ နိုင်ငံတော်တစ်ခုကို ဖန်တီး တည်ဆောက်ရာမှာ လိုအပ်တဲ့ စွမ်းအားစုတွေကို စုစည်းမောင်းနှင်နိုင်သော နိုင်ငံသားဆိုတာ ကျားရယ်/မရယ် မဟူ ဘယ်နေရာကဘယ်သူဖြစ်စေ ကျွန်တော်တို့ချစ်တဲ့ အမိမြေအတွက် အမြဲတမ်းလိုအပ်ပါတယ်။ ဒါပေမယ့် ရွှေပြည်ကြီးသီချင်းလိုပါပဲ....သြော် ရွှေပြည်ကြီး...ကွာဝေးသကို...
အမရေ ..မင်္ဂလာပါ ..အလည်ရောက်ပါတယ် ..ရွှင်လန်းချမ်းမြေ့ပါစေ ..
ခင်မင်စွာဖြင့်
မနောသား
အမလဲ နာမည်ကြီးဦးမှာ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမရဲ့  ဥပဓိရုပ်က နာမည်ကြီးနေတဲ့သူထက် သာနေလို့။
ဗဟုသုတအဖြစ်ဖော်ပြပေးတဲ့အတွက် ကျေးဇူးပါ အမ။
ဥဇူစ သုဟုဇူ အရေးကြီးတယ်တဲ့
ခရီးထွက်သွားတဲ့
အကိုက လှမ်းပြောတယ်။
ဘာလုပ်လုပ် သူမပါရင်
ဘယ်လိုလုပ်မလဲတဲ့...
အကောင်းဆုံးတွေမျှော်လင့်ထားတယ်...
အဆိုးဆုံးတွေရောက်ရောက်လာတယ်....။
ပျော်စရာတွေဖန်တီးချင်တယ်....
စိတ်ညစ်စရာတွေ လက်ဆောင်ရတယ်....။
အမေ့အေးရိပ်မှာခိုနားချင်တယ်
ဒေဝဒတ်လက်သစ်တွေ လမ်းသလားနေတယ်...
ပြောင်းပြန်တွေဖြစ်မဲ့တစ်နေ့အတွက်
သန်းငါးဆယ်လူသားအားလုံး
အမေဆိုတာရှိဖို့ အလိုအပ်ဆုံး.....။
အစ်မ မသက်ဇင်
ကျွန်တော့် အဖိုးက ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားကို
ခဏခဏ ပြောလို့ အလွတ်ရနေတယ်။
အဲဒါကတော့
ဒီတပ်မတော်ဟာ
ဒီနိုင်ငံ ဒီလူမျိုးအတွက်
ဒီလူမျိုးတွေရဲ့ကိုးကွယ်ရာ
လဲလျောင်းရာ
ဆည်းကပ်ရာ
ဆိုတဲ့
အနေမျိုး ဖြစ်ရမယ်
ဒီလိုမဟုတ်ပဲ
ဒီတပ်မတော်ဟာ
နိုင်ငံသူ နိုင်ငံသားတွေရဲ့ စိတ်ထဲမှာ
အော့နှလုံးနာစရာ ဖြစ်မယ်ဆိုလို့ရှိရင်
ဒီတပ်မတော်ကို တည်ထောင်ထားတဲ့
ရည်ရွယ်ချက်ဟာ အလကားပဲ ဖြစ်မယ်။
ပုံ-ဗိုလ်ချုပ်အောင်ဆန်း
စာလာဖတ်တယ် မသက်ဇင်ရေ မေးစရာလေးတွေခေါင်းထဲပေါ် လာတယ်။
ကဗျာဆရာကြီးမောင်ချောနွယ်ပြောသလိုပေါ့လေ။
“ လမ်းတူရင်လူချင်းတွေ့ကြတာပေါ့တဲ့”
ပရဟိတ ဆိုတဲ့စကားကို အား လုံးနား လည်ကြရင်ကောင်းမယ်ဗျာ။
မသက်ဇင်
လာဖတ်သွားပါတယ်။
ဒါထက် စကားမစပ်
သမိုင်းဆရာမကို မြင်ဖူးသွားပြီ..း)
MANORHARY ပြောချင်နေပုံရတယ် သားအမိလားလို့...
မျက်နှာဆင်တော့..
အစ်မသက်ဇင်ရေ လာဖတ်သွားတယ်နော် အခုမှပဲပြန်ရောက်လို့ အခုပဲ လာဖတ်ပါတယ် အစ်မ အဆင်ပြေပျော်ရွှင်ပါစေ အစ်မရေ။
အစ်မရေ
လာဖတ်တယ်
အစ်မ ...
ခုတလော အလုပ်တွေကများ ခရီးက ထွက်ရတာနဲ့တင်
စာတွေ ဖတ်ဖို့ များသွားပြီ .. ခုလည်း ခရီးက ပြန်ရောက်ပေမယ့် အလုပ်မအားသေးဘူး အစ်မရေ ..
နောက်မှ မဖတ်ရသေးတဲ့ ပို့စ်တွေ လာဖတ်ဦးမည် ..
ခုတစ်ပုဒ်တော့ သေချာဖတ်သွားတယ် ..
လူမှုရေးနယ်ပယ်မှာ အလျင်းသင့်စွာနဲ့ ပါဝင်ဆင်နွှဲလို့
အရှိန်တောက်တဲ့ ကြားမှာလည်း မိန်းမသားတွေ ပါဝင်သလို
ဘယ်နေရာ ဘယ်မှာပဲဖြစ်ဖြစ် မိန်းမသားတွေအတွက် အခွင့်အရေးတော့လည်း ရသင့်ပါတယ် .. ရသင့်ရထိုက်ခြင်း မရခြင်းဆိုတာ
လူ့စိတ်ကိုယ်စီက ဖြစ်ထွန်းပေမယ့် တစ်ကယ့်လက်တွေ့မှာ လူရယ်လို့ ဖြစ်လာရင်
သူ့အတွက် ကြမ္မာက အကွက်ငယ်အတွင်းမှာ
ရွက်ဖျင်ထိုးသလိုပဲ .. အချိန်တန်ရင် ဖြစ်တည်ရာမှာ
အနှစ်ချီမပါတတ်သလို အစသက်သက်မှာပဲ အဆုံးသတ်က ပေါ်လာတတ်တယ်လို့ထင်မိတယ် ..
တစ်ခါတစ်ရံကျတော့လည်း မိန်းမသားတစ်ချို့ကြောင့်ပဲ ဘာဆိုတာ ညွှန်ပြလို့မရတဲ့ အရာက ခပ်မွဲမွဲဖြစ်နေတာလည်း ဖြစ်တတ်တယ် ထင်တယ် ..
ထင်မြင်တာလေး ချရေးသွားတယ် အစ်မရေ ...
အစ်မတစ်ယောက် သာယာလန်းပါစေ ..။
ကိုယ်ရေးတဲ့ ကွန်းမန့်လေးကိုပဲ တစ်ချို့စကားလုံးနဲ့ အတွေးလေးတွေကို ကဗျာ ပြန်ရေးဖြစ်ဦးမယ် ထင်တယ် အစ်မ .. ဟိဟိ
အစ်မရေ
ပထမဆုံး လာလည်ပါတယ်။အလုပ် လုပ်ရင်းဝင်လာတာမို့
ဘာစာမှဖတ်ချိန်မရခဲ့ပါ။အတော်ကောင်းမဲ့ စာတွေထင်ပါတယ်။ဘာစာမှကောင်းကောင်းမဖတ်ရ
သေးပင်မဲ့ homepage ကိုကြည့်ပြီးလေးစားမိပါတယ်
အမ....ဆုတက်ယူတဲ့ပွဲမှာ ရိုက်ထားတာလား
ပန်းစည်းနဲ့ လက်မှတ်နဲ့
အောင်မြင်ပါစေ
အလည်လာတာကျေးဇူးပါ
အလည်ရောက်ပါတယ် အစ်မ။ အစ်မပုံကို မြင်ဖူးပါပြီ။
စိတ်ချမ်းသာပါစေ...
အမျိုးသမီးအခွင့်အရေးနဲ့ပက်သတ်ပြီး အမှန်တကယ်အကျိုးရှိလာစေချင်တယ်
အမရေ ပို့စ်လေးအတွက်ကျေးဇူးနော်
အမပုံလေးပါရောကြည့်သွားတယ်း)
ခင်တဲ့
နှင်းဆီနက်
ပြောတဲ့အတိုင်းရောက်လာပါတယ်။ တစ်ချိန်က နိုင်ငံလို့သမုတ်နိုင်ဖို့ ရင်ကွဲမတတ် ကြိုးပမ်းခဲ့ရတဲ့ ဒေသကို ကျနော်အခု ရောက်နေတယ်။ သူတို့အတွက်တော့ ကျားရယ်မရယ် ဆိုတာမရှိပါဘူး။ ခလုတ်မောင်းဆွဲနိုင်တဲ့ အတတ်တတ်တဲ့လူဟာ လက်နက်ကိုင် ကာကွယ်သူပဲ။
ပိုစ့်မှာပါဝင်တဲ့ အားလုံးကို တွေ့ရှိပါတယ်။ ဂုဏ်ယူကြောင်းပြောပါရစေ အစ်မငယ်။
ကြားရတဲ့ အချက်အလက်တွေက စိမ်းတဲ့မြေကလာတဲ့ ကျနော့်လို လူကို ပြုံးဖို့မေ့လျော့နေစေတယ်။ ကျနော် အောက်ကစကား တွေကို သတိတရ ရေးချခဲ့တယ်။ ဦးလည်းညွှတ်ခဲ့ပါတယ်။ အဲဒါစကားတွေဟာ စံပြ လူထုခေါင်းဆောင်တွေရဲ့ "မူ"ပေပဲ အစ်မငယ်..ရေ
"တချို့က ဒီမှာ တမျိုးပြော၊ ဟိုမှာ တမျိုးပြော၊ ဒီမှာ ဒီဟာလုပ်မယ်ပြော၊ခု ဒီမှာ ဟိုဟာ လုပ်မယ်ပြော၊ စိတ်တွေက ပြောင်းလိုက်၊အပြောတွေက ပြောင်းလိုက်၊ ဒါတွေကို သူတို့က ဒါ နိုင်ငံရေးပဲလို့ပြောတယ်။ ကျမကတော့ ဒါ နိုင်ငံရေးပဲလို့ နားမလည်ဘူး။
ဒါ ကလိမ်ကကျစ်လုပ်တာပဲလို့ နားလည်တယ်။
ဒီလိုနိုင်ငံရေးတွေကို ကျမတို့ လက်ခံလို့ မဖြစ်ဘူး"
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံအတွက် မိခင်သူရဲကောင်းတစ်ယောက်ရဲ့ အနှစ်သာရကို အဓိပ္ပါယ်ရှိစွာ ဖတ်သွားပါတယ်ဗျာ.. ရေးသားတင်ပြခြင်းအတွက် လေးစာလျှက်ပါ...အလုပ်တွေသိပ်များပြီး အွန်လိုင်းနဲ့ ကင်းကွာနေလို့ မလာရောက်နိုင်ခဲ့ခြင်းအတွက် တောင်းပန်ပါတယ်ဗျာ
ခေါင်းဆောင် ကိုယ်စားလှယ်တွေ မပါပဲ ရှင်တို့ရေးဆွဲထားတဲ့
အခြေခံဥပဒေသစ်ကြီးကို ကျမတို့ အမျိုးသမီးတွေ
နာခံဆောင်ရွက်လိမ့်မယ် မထင်ပါနဲ့
အဲဒီအချက် က ကျမတို့ ယနေ့မြန်မာနိုင်ငံအတွက်
အရေးအကြီးဆုံးလို့ပြောချင်ပါတယ်ရှင့်
comment မရေးဖြစ်ပေမယ့် ရောက်ပါတယ် အမရေ.....
အမလဲ မအားလို့ထင်တယ် ပို့စ်တွေ အရေးကြဲသွားပြီ။
လူ့အခွင့်အရေး မရှိတဲ့၊ မလေးစားတဲ့ နိုင်ငံမှာ အမျိုးသမီး အခွင့်အရေး.... ဆိုတာ.....အမရယ်..... ဒီပြည် ဒီခရီးကိုဖြင့် ဒီနိုင်ငံ ရောက်မယ်မထင်..... သဘောပေါက်တယ်နော်...အမ....:D
ခံစားသွားပါတယ်
ရသစာပေမဟုတ်ပေမဲ့ ဒါကမှတကယ်ခံစားရတာ
လေးစားလျှက်
စာလာဖတ်ပါတယ်အစ်မ..
အစ်မပုံကိုလဲ မြင်ဖူးသွားပြီ.....
မင်္ဂလာပါ မသက်ဇင်
ကျန်းခမ်းသာ မာပါစ...
ပိုစ့်အသစ်တင်တိုင်း ရောက်ဖြစ်ပါ၏။
ငယ်နိုင်.. ပြောသလို စီဘောက် ပြန်လုပ်ပါလား၊ ကျွန်နော်က ရောက်ကြောင်း၊ ဖတ်ခဲ့ကြောင်းဆိုပဲ ပြောတတ်တယ်ဆိုတော့ မှတ်ချက်တွေ မပေးဖြစ်ပါ။
ဘာဖြစ်ဖြစ် အဆင်ပြေသလိုပေါ့၊ ကျွန်နော်က အမြဲလာဖတ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ..
အမတစ်ယောက် ဘယ်ဆီရောက်။
မြင်ဘူးသွားပြီ လမ်းမှာတွေ့ရင် ခေါ်မယ်နော် အစ်မ :P
ဆီဘောက်စ် မတွေ.လို. ဒီမှာပဲရေးသွားပြီနော်..
သမိုင်းပုံပြင်တွေကို သိပ်စိတ်ဝင်စားတာ...အခုလို သမိုင်းပုံပြင်တွေရေးတဲ့သူနဲ. ခင်ခွင့်ရတာ ကျေးဇူးပါနော်..ပျို ဆီကို မမဇင် လာလည်ဖူးပါတယ်
မသက်ဇင် ကို လာကြည့်သွားတယ် ၊၊ မရောက်ဖြစ်တာ ဘယ်ကိုမှ ၊၊ သတိတရပါ ၊၊
မမရေ ... ဒီပိုစ့်လေးကို ဖတ်ပြီး လွတ်လပ်မှုကင်းတဲ့ ကိုယ့်တိုင်းပြည်အတွက် စိတ်မကောင်းခြင်း များစွာ ဖြစ်ရပါတယ်။
ခင်မင်လေးစားလျှက်
Post a Comment