Sunday, July 20, 2008

အာဏာ၊မတူညီသောအတွေးအခေါ်၊ လုပ်ကြံသတ်ဖြတ် ခြင်း( ၂ )

အာဏာဆုပ်ကိုင်လို မှု အတွက် အုပ်စိုးသူ ရှင်ဘုရင်များကြား အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ ဖခင် အရင်းနှင့် အကို အရင်းအား လုပ်ကြံ သတ်ဖြတ်လျက် ပုဂံထီးနန်းအား သိမ်းပိုက်ခဲ့ သည့် နရသူအားလည်း ၎င်း အား မုန်းတီးသူများက လုပ်ကြံ၍ ကွယ်လွန်ပြီး နောက် နရသူ၏ သားနှစ်ယောက်ဖြစ်သည့် နရသိခ် နှင့် ညီဖြစ် သူ နရပတိစည်သူ တို့ ကြား စိတ်ဝမ်းကွဲကြပြန်သည်။

မြန်မာရာဇ၀င်များတွင် ရေးသားထားချက် အရ ညီတော်နရပတိ စည်သူ၏ မိဖုရား ဝေဠုဝတီ အား နောင်တော် နရသိခ် မှ တပ်မက် ၍ အကောက်ကြံကာ သိမ်းပိုက်လိုမှုကြောင့် ညီတော်က မခံမရပ် နိုင်ဖြစ်ပြီး နောင်တော် အား လုပ်ကြံကာ ပုဂံထီးနန်းအား သိမ်းပိုက် သည်ဟုရေးသားဖေါ်ပြထားသည်။

နရပတိစည်သူသည် နောင်တော်အား လုပ်ကြံ၍ နန်းတက်သည် နှင့် ၎င်း မယုံကြည် သည့် နောင်တော် ၏ မင်း မှုထမ်း ကျေးကျွန် များကို ရက်ရက် စက်စက် သုတ်သင် ကွပ်မျက်သည်။ ယင်းကွပ် မျက်သည့်အထဲတွင် အပြစ်မဲ့ပြီး ရဲရင့် တည်ကြည် သည့် ပညာ ရှိ အမတ်ကြီး အနန္တသူရိယ လည်း ပါဝင်၍ ၎င်း မယုံကြည် သူ များ အား ထပ်မံ ကွပ်မျက်ရာတွင် ယင်း၏ သစ္စာတော်ခံ အမှ ထမ်းငယ် ကျွန်ရင်း အောင်စွာကိုပါ ကွပ်မျက်လေသည်။ နရပတိစည်သူ သည် အာဏာ တည်တန့် ခိုင်မြဲရေးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ကြမ်းကြမ်း တမ်းတမ်း ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားလေသည်။

နရပတိစည်သူမင်း လက်ထက် သုဝဏ္ဏဘုမ္မိတိုင်းမှ တဆင့်ပုဂံ သို့ ရောက်ရှိလာသည့် ကဉ္စပူရိ သာသနာကို သီ ဟိုရ်သာသနာ က လွှမ်းမိုးစ ပြုသည်ဟု ထေရ၀ါဒ သာသနာဆိုင်ရာ သုတေသီ တို့ က ယူဆကြသည်။ နရပတိ စည်သူ၏ ကောင်းမှုတော်များ ထဲတွင် ပုဂံမှ ဂေါ်တော်ပုလ္လင် နှင့် စူဠာမဏိ စေတီတော်သည် ထင်ရှား လေ သည်။ အနန္ဒသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ နှင့် ဓမ္မ၀ိလာသ ဓမ္မသတ် ကို အထောက်အထားပြု ၍၎င်း။ နရ ပတိစည်သူမင်း လက်ထက်တွင် ကျောက်စာများတွင် မြန်မာစာ နှင့် ရေးထိုးသည်ကို တစထက်တ စ တွေ့ လာရ ၍ ၎င်း။ မွန်နှင့် ပါဠိဘာသာများလွှမ်းမိုးမှု အောက်မှ မြန်မာစာပေသည် လွတ် မြောက်စပြုလာ သည် ဟု သမိုင်းသုတေသီများက ယူဆကြ လေသည်။

19 comments:

ကောင်းကင်ကို said...

သမိုင်းမှတ်တမ်းတွေ အဖိုးတန်တယ်ဗျာ

စိုးထက် - Soe Htet ! said...

အစ်မရေ ... နရသိင်္ခ က ငဆောင်ချမ်း အရပ် က သူပုန်တွေ နှိမ်နင်းဖို့ ဆိုပြီး နရပတိစည်သူု လွှတ်လိုက် တော့ ငယ်ကျွန် ငအောင်စွာ ကို နန်းတော် မှာ အစောင့် ထားခဲ ပြီး စစ်ထွက်ခဲ့ ပါတယ် ... ဝေဠု ၀တီ ကို သိမ်းပိုက် ကြောင်း သိလျှင် သိချင်း ငအောင်စွာ က သတင်း ပို့ ထွက် ခဲ့ တာ ရောက် ဖို့ တစ်မိုင်လောက် အလိုမှာ ညမိုးချုပ်နေပြီ မြင်းပန်းလို့ နားပါတယ် ... မြင်းက သခင် အနံ့ ရလို့ ဟီတော့ မနက် ငအောင်စွာ အရောက် မှာ မေးပြီး ... မင်းရေး ကို မထောက် မြင်းရေးကို ထောက်တယ် ဆိုပြီ
နရပတိစည်သူရဲ့ တပည့် ငအောင်စွာ ကို သုတ်သင် ခဲ့တဲ့ အောင်စွာကုန်း ဆိုတာ ရွှေဘိုမြို့ အရှေ့ ဖက် ၉ မိုင်လောက် အကွာမှာ ရှိပါတယ် ...

ဒါနဲ့ နောက် သမိုင်း ဘလော့ တစ်ခု သွား ကြည့်ပါဦး ...
ဟီရိသြတပ္ပ
တဲ့ ...

Welcome said...

ဒုတိယပိုင်းကို နှစ်သက်စွာဖတ်ရှုသွားပါတယ်။ ဝေမျှပေးတဲ့အတွက် ကျေးဇူးအနန္တပါ
လေးစားလျက်
ဝင်းဇော်

ကိုအောင် said...

cbox မတွေ့တော့ဘူး ဘာဖြစ်လို့လဲ..
အမ က ကျွန်တော့ အမာခံ ပရိတ်သတ် ပဲ
ဘယ်သူ မှမလာ တောင် အမ ရှိတယ်
ကျေးဇူးပဲ အမ ရေ..

Republic said...

ရှမ်းမလေး မသက်ဇင်ရေ .. သမိုင်းတွေလာဖတ်ပါတယ် ၊၊ မင်္ဂလာပါနော် ၊၊

Canada Myanmar Group said...

သမိုင်းဆရာမလေးမသက်ဇင်ရေ အမြဲတမ်းအားပေး ချီးကျူးလျှက်ပါနော့် .

myooo.nyan said...

ကျေးဇူးပဲမသက်ဇင်ရေ.. သမိုင်းကိုဖတ်ရရင် ရင်ထဲမှာ တမျိုးတော့ခံစားမိသား... နာကျင်မှုတွေလားတော့မသိဘူး...

99 said...

အမရေ ..
လာဖတ်တယ် ..
နောက်ဆုံး ၂ ခုဖတ်သွားတယ် ..
ရှေ့ကဟာတွေ တဖြည်းဖြည်း ပြန်ဖတ်မယ် ..
ကျေးဇူးတင်တယ် .. လေ့လာသင့်တာတွေကို စုစည်း ဖော်ပြလို့ ..

ဆောင်း said...

ပြန်စဉ်းစားကြည့်ရင် ဘုရင်က ငအောင်စွာကို သုတ်သင် တာ လူ့ အခွင့်အရေး ချိုးဖောက်တာဘဲ။ မြင်းကို အနားမပေးရင် မြင်းပန်းပြီးခွေလဲခဲ့ရင် ခရီးမတွင်တဲ့ အပြင် ပိုဆိုးအုန်းမယ်။ ဘုရင် က စဉ်းစားဆင်ခြင်မှု့ ၊ အမျှော်အမြင် မရှိဘူး။ တကယ်ဆို သတိပေးသင့်တယ်။ တခါတည်း သတ်လိုက်တော့ နောက် သူရဲကောင်းတွေ ဘယ်ပေါ်တော့ မလဲနော်။

တားမြစ် ထားသော... said...

စာလာဖတ်ပါတယ်။ အရင်ကလည်းရောက်တယ်။ ဒါပေမဲ့ မရောက်တာကြာတော့ ဖတ်စရာတွေကို များမှများပဲ။
သမိုင်းကို မချစ်တတ်သူရဲ့ အတွေးအခေါ်တွေဟာ စားမပါတဲ့ဟင်းလိုပဲ ဖြစ်နေမှာပါ။ ကျွန်တော့်အမြင်ကို ပြောတာပါ။
နောက်လာဖတ်စရာတွေ အများကြီးတွေ့တယ်။

Apprenticeship said...

အမရေ.. လာလည်ဖတ်ရှုသွားပါတယ်..

Synchro 305 ~ said...

ဖတ်စရာတွေအများကြီးပဲ
တဖြည်းဖြည်းနဲ့ ဖတ်သွားပါမယ်ခင်ဗျာ
:)

winlatt said...

မိမိအာဏာတည်မြဲရေးအတွက် အရာရာကို သတ်ဖြတ်ရဲသော..ထိုထို အာဏာရှင်တို့သည် ရှေးယခင်ကပင် ရှိခဲ့သလို ယခုမျက်မှောက်ခေတ်ကာလရှိသည်မှာ မဆန်း..ဘုရားရှင် လက်ထက်ကပင် အဖသတ်သောဘုရင်အဇာတသတ် မင်းရှိခဲ့သလို ထိုမင်းကို မြှောက်ပင့်ပေါင်းသော ဘုရင်အလိုကျ ရဟန်း၊အမတ် ရံရွေတော်များစွာ ရှိခဲ့လေတော့ ထို အဖြစ်များသည် လောကဖြစ်စဉ်တစ်ခု ဖြစ်ပေတော့သည် ငါ့ရှင်....
(ကိုဝငိးလတ်)

winlatt said...

မိမိအာဏာတည်မြဲရေးအတွက် အရာရာကို အဆင်အချင်မဲ့ သတ်ဖြတ်နှိမ်နှင်းရဲသော အုတ်ချုပ်သူအာဏာရှင်များသည် ယခုမှ ရှိသည်မဟုတ်၊ရှေးကပင်ရှိခဲ့လေသည်..။ ဘုရားရှင်လက်ထက်ကပင် အဇာတသတ်မင်းသည် အဖကို သတ် နန်းလု။ညီနောင်သားချင်းများကို သတ်ခဲ့သည်မဟုတ်ပါလား..။ထို မင်းများတွင်လည်း မင်းအလိုကျ မြှောက်ပင့် ပေါင်းစား အကုသိုလ် အဖေါ် ရဟန်း။ပုဏ္ဏား။အမတ်များနှင့် ရံရွေတော်များ ရှိခဲ့ကြောင်းကို နိပါတ်တော်လာ စာပေများမှာ ထင်ရှားရှိပေပြီကော နှမငယ်....။

ညီအကိုများ said...

အားပေးလျက်ပါ..အမရေ....
မင်္ဂလာပါဗျာ...

မသက်ဇင် said...

Dr. Soe Htet
The titles of the articles on Burmese History are given by me,
the author herself, as to how appropriate they are. It is known
to most people since the historical backbone is about the Burmese
monarchs. Later, as time permits, the references on ethnic nationalities
and the Burmese dynasties will be presented.

Sincerely,
Ma Thet Zin

သန်းစိန် said...

မသက်ဇင်က သမိုင်းအချက်အလက်တွေရှိနေတဲ့ပုဂ္ဂိုလ်တစ်ယောက်ဆိုတော့--http://www.myanmarwikipedia.org---
မှာဝင်ရေးဘို့တိုက်တွန်းချင်ပါတယ်။

မသက်ဇင် said...

--ကျမ်းကိုး
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်

HAPPY CLOUD said...

အမရေ လုပ်ကြံသတ်ဖြတ်တာတွေဖတ်ရင်း ရင်တွေမောသွားတယ်ဗျာ...
စိတ်ထဲမှာတော့ တင်းကျပ်သွားတာပဲ.. သမိုင်းကို သမိုင်းလို မဖတ်ပဲ အရသာခံဖတ်ရင် စိတ်ညစ်စရာတွေ အတော်များမယ်နော်အမ..
ကျနော်ကတော့ အမကိုလေးစားပီးရင်းလေးစားလာပါတယ်ခင်ဗျာ...
ဖိုးမောင်