Monday, July 28, 2008

လွှတ်တော် အစ ပုဂံက

နာရပတိ စည်သူ မင်းသည် ဘိုးတော် အလောင်း စည်သူ။ ဘကြီး တော် မင်းရှင်စော။ ခမည်းတော် နရသူနှင့် နောင် တော် နရသိခ် တို့ ၏ ထီးနန်း စိုးစံ စဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်း ကွဲပြားမှု တို့ လုပ်ကြံသတ်ဖြတ်မှု များ ကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နာရပတိစည်သူမင်း မကွယ် လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော် သဖွယ် အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။

နရပတိစည်သူတွင် သားတော်၅ဦး ရှိသည့်အနက် မိဖုရားငယ် တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခ ကို ရွေးချယ်၍ ပုဂံထီးနန်းကို အမွေ ဆက်ခံခွင့်ပေးပြီး ဇေယျသိင်္ခ ကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာ ဏာ များ ကို တစ်ဦးတည်း သိမ်းပိုက် ချင်းမပြု ဘဲ နောင်တော်ကြီးလေးဦး နှင့် ခွဲဝေ ၍ အညီအညွတ် အုပ်ချုပ် ကြောင်း မြန်မာရာဇ၀င်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည်။

ပုဂံမင်းဆက် တစ်လျှောက်လုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာ ကို ဘုရင်တစ်ဦးတည်း ကသာလျှင် အုပ်ချုပ် သည် ကို ဖျက်သိမ်း ၍ု ဘုရင်နှင့် လွှတ်တော်တို့ကို အာဏာခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရသည်။ ဇေယျသိင်္ခ သည် ပုဂံထီးနန်းကိုသာ လျှင် ဆက်ခံရသော်လည်း နိုင်ငံရေး အုပ်ချုပ်ရေး ကာကွယ်ရေး အာ ဏာ များ ကိုမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင် သာရှိသည်။ နာရပတိစည်သူမင်း၏ အ စီ စဉ်မှာ အလွန်အမျှော်အမြင်နဲ့ ပြည့်စုံသော အစီစဉ်ဖြစ်သည်။

ထိုအချိန်မှစ၍ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိ မြန်မာရာဇ၀င် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်း ကြသည် ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါး ခန့် ၍ု အုပ်ချုပ်သော ပုဂံခေတ် နာရပတိစည်သူမင်း လက်ထက်မှ အစပြု၍ု အုပ်မြစ်ချခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်တော် အုပ်ချုပ်ရေး ရာဇ၀င်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သော အခါများ တွင် ဘုရင် ၏ တန်ခိုးအာဏာ ကိုပင် ထိမ်းသိမ်း ဟန့်တားခြင်း ပြုနိုင်ရုံမျှ မက ဘုရင် ကို ရွေး ချယ်နိုင်သည်အထိ လွှတ်တော် အာဏာရှိသည်ကိုတွေ့ရသည်။
တခါတရံ လွှတ်တော်အင်အားနည်းပါး သော အချိန်တွင် လွှတ်တော် သည် ဘုရင်၏ လက်ပါးစေကလေး သဖွယ် ဖြစ်လာခဲ့သည်။

ကျမ်းကိုး
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မဟာမြန်မာရာဇ၀င် တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ

27 comments:

စိုးထက် - Soe Htet ! said...

အစ်မရေ ... နည်းနည်း လျှာရှည် လိုက်ဦးမယ် ... ကိုးကားချင်တဲ့ လူတွေ ယုံယုံ ကြည်ကြည် မှီးလို့ ရအောင် ကျမ်းကိုး စာရင်း လေး တွဲ ထည့် ပေးထားပါလား ... :)

Welcome said...

အစ်မရေ
ဗဟုသုတအဖြစ် လာဖတ်သွားပါတယ်
ရှား၂ပါး၂ တွေ မျှဝေပေးတဲ့အတွက်
အတိုင်းထက်အလွန် ၀မ်းသာတယ်
တကူးတက ရှာမဖတ်နိုင်လို့လေ
လေးစားလျက်
ဝင်းဇော်

စိုင်းခမ်းထွန်း said...

အစ်မကြီး သိချင်တာရှိလို့ မေးထားတယ်ဗျ ..
လာကြည့်ပေးပါဦး ....

http://saingkhantun.blogspot.com/2008/07/blog-post_28.html

ညီအကိုများ said...

ဗဟုသုတတွေသိုမှီးသွားပါတယ်ခင်ဗျာ....

ခုလိုဝေမျှတဲ့အတွက်..ကျေးဇူးအထူးပါ။။။

ကိုနေ
www.ynp-net.info

ဖြိုးငယ် said...

အမက သမိုင်း အဓိက လား ... ဘာပဲဖြစ်ဖြစ်
လင်ခ့် ခွင့် ပြုပါလားဗျာ

ဖြိုးငယ် said...

အမက သမိုင်း အဓိက ကလား...
ဘာပဲဖြစ်ဖြစ် လင်ခ့်ခွင့်ပြုပါလားဗျာ

ညိမ်းညို said...

တန်ဖိုးရှိတဲ့ဆောင်းပါးကောင်းတပုဒ်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဆယ်တန်းတုန်းက မြန်မာစာဆရာကြီး ပို့ချတာတော့ မှတ်မိနေရဲ့ ငယ်သေးတော့ သေချာအမှတ်မထားမိဘူး။
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

ညိမ်းညို said...

တန်ဖိုးရှိတဲ့ဆောင်းပါးကောင်းတပုဒ်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဆယ်တန်းတုန်းက မြန်မာစာဆရာကြီး ပို့ချတာတော့ မှတ်မိနေရဲ့ ငယ်သေးတော့ သေချာအမှတ်မထားမိဘူး။
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

ညိမ်းညို said...

တန်ဖိုးရှိတဲ့ဆောင်းပါးကောင်းတပုဒ်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဆယ်တန်းတုန်းက မြန်မာစာဆရာကြီး ပို့ချတာတော့ မှတ်မိနေရဲ့ ငယ်သေးတော့ သေချာအမှတ်မထားမိဘူး။
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ

Republic said...

စာလာဖတ်တယ် မသက်ဇင် ၊၊ အမြဲတမ်း တန်ဖိုးရှိတဲံ ပို့စ်လေးတွေရေးတတ်လို့ နှစ်သက်မိပါတယ်၊၊

စီဘောက်မတွေ့လို့ ဒီမှာပဲနှုတ်ဆက်သွားတယ်ဗျာ၊၊
ငြိမ်းချမ်းပါစေနော် ၊၊

Canada Myanmar Group said...

ဝမ်းသာသွားတယ်၊ဆက်လက်ချီတက်နေတာပြန်တွေ့ ရလို့ 
တကယ်တော့ ကျွန်တော်တို့ အားလုံးဟာအချင်းချင်းတွေ
ပါတဦးကိုတဦးအပြန်အလှန်နားလည်မှူပေးကြရင်းဦးတည်
ချက်မပျက်ဆက်လက်တိုက်ပွဲဝင်ကြရအောင်ပါပုဂ္ဂိုလ်ရေး
ကိစ္စတွေလုံးဝစိတ်မ၀င်စားပါဘူး ဘယ်သူလဲ ဆိုတာထက်
ဘာတွေလုပ်နေလဲဆိုတာပဲစိတ်ဝင်စားတာပါ..
အားပေးလျှက်....

ကနေဒါမြန်မာ

winlatt said...

ကိုစိုးထက်အကြံဥာဏ်ပေးသလို သမိုင်းကို အရမ်း စိတ်ဝင်စားလေ့လာနေသူများ၊ မှတ်တမ်းပြုစုနေသူများ အတွက် ယခုတင်ပြမှုတွေ ပို၍အကျိုးရှိသထက် ရှိအောင်၊ ဆက်လက်မှီငြမ်းနိုင်အောင်၊ ရှာဖွေလေ့လာ နိုင်အောင် ကျမ်းကိုးစာရင်းလေးနဲ့တကွ (ဖြစ်နိုင်ရင်ပေါ့) ဖေါ်ပြပေးရင် ပိုကောင်းလိမ့်မယ်လို့ ထပ်ပြီး အကြံပေးလိုပါတယ်....။ကျေးဇူးပါ မိုနာလီဇာ (မသက်)ရေ.....။

လူလ said...

မင်္ဂလာပါ အမ
လွတ်တော်အစ..ကို ဖတ်သွားပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ...

မသက်ဇင် said...

ကျမ်းကိုး
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
မြန်မာရာဇ၀င်(ဟာဗေး ၁၉၂၅)
မဟာရာဇ၀င်ကြီး ( ဦးကုလား )

သင့်လူ said...

စာဖတ်သွားပါတယ်။ link လုပ်ထားတဲ့ အကြောင်းလဲ ပြောချင် လို့ပါ။

ရွှေရောင်ကောင်းကင် said...

အခုလို ဗဟုသုတ ရ စရာလေးတွေ တင်ပေးတဲ့ အတွက် ကျေးဇူးပဲ အစ်မရေ အဆင်ပြေပါစေဗျာ

စိုးထက် - Soe Htet ! said...

အစ်မ ရေ ပို့စ် တွေ တိုင်းရဲ့ အောက်မှာ တွဲ ထည့် ပေးထားဖို့ ပြောတာပါ ... သမိုင်း လေ့လာချင်သူတွေ ကို ဖတ်ဖို့ ညွှန်းတော့ သူတို့ က အကိုးအကားမပါ လို့ လို့ ပြန်ပြောကြလို့ပါ ခင် ဗျာ ... ကျေးဇူးတင်ပါတယ် ... ဖတ်ချင် လေ့လာချင်သူတိုင်းကိုလည်း ညွှန်းပါတယ် ...
နောက်တစ်ခါ ကျေးဇူးးးး ... :)

ဒီရေ said...

အစ်မရေ!... ဆီပုံးပျောက်နေလို့ ဒီမှာပဲရေးဥါားတော့မယ်... စာတွေ လာဖတ်သွားတယ်... သမိုင်းတွေ ရှားရှားပါးပါး သိရတဲ့ ကျေးဇူးတင်ပါတယ်...

ပါဂနာ said...


ဟုတ်သေးဘူးဗျ.

“လွှတ်တော်” အစ လင်မယား ရန်ဖြစ် တာက ဗျ. :P


မှတ်သားသွားပါတယ်.“မသက်ဇင်” ရေ.

taw said...

အဖွားနေကောင်လားလို့ လာကြည့်တာ
ပုံပြင်တွေကို အမြဲတမ်းရေးပေးရမယ်နော်:D

ကိုရင်နော်ခင်လေးငယ် said...

မကြီးသက်ရေ...

လွှတ်တော်အစ ကိုလာဖတ်တာပါ..။
ဆီဗုံး မရှိတော့လည်း Ment ထဲမှာဘဲ
သတိရကြောင်းထားခဲ့ပီနော်

pandora said...

သမိုင်းမှတ်တမ်းတွေ တူးဆွရင်း ရောက်လာခဲ့ပြန်ပါတယ်။ ဝေမျှပေးတာ ကျေးဇူးး

စိုင်းစိုင်းလားရှိုး said...

အနှီ ကချင်မလေးလော ရှမ်းမလေးလော
လွှတ်တော်အမြန်ခေါ်ပါလော့

တည်ညိမ်းကို ( သို့မဟုတ် ) said...

အစ်မရေ ... ဒီလို ဘလော့မျိုးရှိသင့်တာကြာပါပြီ ... မြန်မာ့သမိုင်းကို မြန်မာပဲပြုစုနိုင်မှာပါ ... ဒီထက်ပို ပြီး ကျယ်ကျယ်ပြန့်ပြန့်လေ့လာနိုင်ပြီး အားလုံးကို ခိုင်ခိုင်မာမာ သက်သေပြနိုင်ပါစေ အစ်မရေ ...

အိမ်လွမ်းသူ(မှန်နီကုန်း) said...

အစ်မရေ.... "လွတ်တော် အစ ပုဂံက" ကိုလာဖတ်တယ်ဗျို့..။
ကျနော်လဲ သမိုင်းစာပေတွေ ကို စိတ်ဝင်စားတယ်ဗျ..။
အစ်မရဲ့ posts တွေ ကို လာရောက်အားပေးနေမယ်နော်..။
အစ်မရဲ့ စာတွေ ဖတ်ပြီး...
"သမိုင်း" ဘာကြောင့်သင်ရတာလဲ....?ဆိုတော့..."မ အ"အောင်လို့ ...လို့ ပြောတဲ့
ဆရာကြီး ဒေါက်တာသန်းထွန်း ကို လွမ်းမိတယ်ဗျာ..။
ရွှင်လန်းချမ်းမြေ့ပါစေဗျာ..။

အိမ်လွမ်းသူ(မှန်နီကုန်း) said...

အစ်မရေ.... "လွတ်တော် အစ ပုဂံက" ကိုလာဖတ်တယ်ဗျို့..။
ကျနော်လဲ သမိုင်းစာပေတွေ ကို စိတ်ဝင်စားတယ်ဗျ..။
အစ်မရဲ့ posts တွေ ကို လာရောက်အားပေးနေမယ်နော်..။
အစ်မရဲ့ စာတွေ ဖတ်ပြီး...
"သမိုင်း" ဘာကြောင့်သင်ရတာလဲ....?ဆိုတော့..."မ အ"အောင်လို့ ...လို့ ပြောခဲ့တဲ့...
ဆရာကြီး ဒေါက်တာသန်းထွန်း ကို လွမ်းမိတယ်ဗျာ..။

HAPPY CLOUD said...

အမရေ... လွှတ်တော်အစလေးက ကြည်နူးစရာလေးကောင်းတယ်ဗျာ... အဲလိုမျိုးလေးတွေဖတ်ရတော့လည်း ကျေနပ်မိပါတယ်တယ် ကျနော်တို့မြန်မာတွေ ညီညွတ်ချိန်လေးတွေ ရှိပါသေးလားလို့တွေးပီး ပီတိဖြာမိပါရဲ့... အမစာတွေဖတ်ရင်း ရသတွေမျိုးစုံခံစားနေရတယ်... အမစေတနာရော အရေးအသားရောကောင်းတာကြောင့်ပါပဲဗျာ..
အစဉ်လေးစားလျှက်
ဖိုမောင်