Friday, July 18, 2008

အဖွားပြောသောသမိုင်းပုံပြင်နှင့် ကျမ မသက်ဇင် (၄)

ရှမ်း မင်းသမီး လေး စောမွန်လှ ဟာ အနော်ရထာ ဘုရင် ရဲ့ပုဂံ ပြည် ကို လိုက်ပါ သွားရ ရှာတာ ပေါ့ကွယ်။ မိုး ကောင်း စော်ဘွား ကြီး ဟာ စောမွန်လှ နဲ့ အတူ ကျောက်သံ ပတ္တမြားတွေ နဲ့ ရံရွေ တော်များ စွာ ကို လည်း တပါ တည်း ထည့်ပေးလိုက် ပါတယ်။ အဲဒီ ကာလ ထဲ က ဧရာဝတီမြစ်ဖျားဖြစ် တဲ့ မေခ ချောင်း မှာ ရွေ ကျင် တဲ့ လုပ်ငန်းရှိပြီး ရွေ က လည်း သိပ် ထွက် တယ်။ အဲဒီ တော့ စောမွန်လှ နဲ့ အ တူ အလွန် အဖိုး တန် တဲ့ ရတနာ တွေ လည်းပါ သွား တာပေါ့။ အ နော်ရထာဘုရင်ဟာ အလွန်ချောမောတဲ့ မိဖုရားစောမွန်လှ ကို အင် မ တန် ချစ်ရှာပါတယ်။ ဒါပေမဲ့ အနော်ရထာ ဘုရင်မှာ မိဖုရား များပြားစွာ ရှိနေ တယ်။ ချောမောလှပတဲ့ စော မွန်လှ ကို အနော် ရထာ ဘုရင်ရဲ့ အခြား မိဖုရားတွေ က မနာလိုဝန်တို ဖြစ်ကြတယ်။

အဲဒီတော့ ပုဂံဘုရင် အနော်ရထာ ကို အခြား မိဖုရားတွေ က ဂုံး ချောကြတာပေါ့။ ရှမ်း မင်းသမီးလေး စော မွန်လှ ဟာ စုန်းပညာ တတ်ကြောင်း ညအချိန် တွေ မှာ စုန်းတောက် ကြောင်းစသည်ဖြင့် မိဖုရား အများ က ပြောလာတာ ကြောင့် ညအချိန်တွေမှာ လူလွတ် စုံစမ်းခိုင်းတယ်။ အနော်ရထာ ရဲ့ လူယုံ က ညအချိန်မှာ စော မွန်လ ကို ချောင်းကြည့် တဲ့ အခါ၊ ဖခင် မိုးကောင်း စော်ဘွားကြီး ပေးလိုက်တဲ့ အလွန်အဖိုး တန် လှ တဲ့ နား ဋောင်း နဲ့ အခြား ကျောက် မျက် တွေ က အမှောင် ထဲမှာ ဖြိုးဖြိုး ပျက်ပျက် လက်နေတာပေါ့။ အနော်ရထာ ဘုရင် ရဲ့ လူယုံတော် က လည်း တွေ့ မြင် တဲ့ အတိုင်း ဘုရင်ကိုလျှောက်တော့ အနော်ရထာဘုရင်ဟာ ချက်ခြင်းပဲ စော မွန် လှ လေး ကို ပြုစား တတ် တဲ့ ကဝေမ ဆိုပြီး ပုဂံနန်းတော် က နေ နှင်ချလိုက်တယ်။ ရှမ်း မင်းသ မီး လေး စော မွန်လှ ဟာ နှလုံး ကြကွဲ မတတ်ပူ ဆွေး ရပြီး အရှက် ကွဲစွာ နဲ့ ဖခင် မိုးကောင်း စော် ဘွားကြီး ထံပြန်လာ ခဲ့ ရ ရှာ ပါတယ်။

အဖွားပြောသည့် နောက်ဆက်တွဲ

မြန်မာဘုရင် တွေ အချော အလှမြင်တိုင်း တော်ကောက် သိမ်းပိုက်တတ်ပြီး မွေးရင်ပန် နံရင်ပစ်တတ်လို့ တောင် ပေါ် သူ အချော အလှတွေဟာ သူမတို့ မျက်နှာတွေကို ပရဲထိုးပြီး ဖျက်ဆီးပစ် လိုက်ကြတာ မြန်မာ ဘုရင် တွေ လက် ထက် ကတည်း က ဆိုပါတော့ကွယ်။











5 comments:

စိုင်းလောင်မိန်းသက် said...

သမိုင်းတွေလာဖတ်ပါတယ်ခင်မျာ
အလုပ်များနေလို့ အခုမှ လာဖြစ်တယ်
အဆင်ပြေပါစေ

စိုင်းလောင်မိန်းသက်

သစ္စာ said...

မ့  အ့  အောင်
သမိုင်းတွေလာဖတ်ပါတယ်အမ
မောင်မျိုးဦး

တက်လူငယ် said...

အမသက်ဇင်ရေ...ကျနော် အခုတစ်ခေါက်ရောက်လာတော့ အဖွားပြောသောသမိုင်းပုံပြင်လေးကို စိတ်အေးလက်အေး အသေအချာဖတ်ဖြစ်လိုက်တယ်။ သမိုင်းထဲကအဖြစ်အပျက်တွေကို ကျနော်အပါအဝင်လူငယ်တွေအားလုံး သိနိုင်ဖို့မျှဝေပေးတဲ့ သင်ခန်းစာတစ်ခုလိုပါပဲ။ အနာဂါတ်လူငယ်တွေအတွက် သိသင့်တဲ့သမိုင်းကြောင်းတွေကို အမသက်ဇင်က နှစ်ကာလ၊ ရက်ပေါင်းများစွာ အချိန်ပေးလေ့လာခဲ့..၊ ပြီးတော့ လူငယ်တွေကို ဝေငှလို့ ကျနော်တို့တွေ သမိုင်းထဲက သင်ခန်းစာယူစရာတွေနဲ့၊ ရှောင်ကြဉ်စရာတွေကို ရရှိရပါတယ်။ သိရပါတယ်။ ဒါတွေက ကျနော်တို့အတွက် မသိမဖြစ်တွေလေ..။ သမိုင်းကိုမသိရင် ကျနော်တို့ သူများလိမ်တာခံရမယ်။ လူအတွေဖြစ်မယ်။ လူငယ်အားလုံးကိုယ်စား ဒီစာလေးဖြင့်ပဲ ဒီနေရာကနေ အမသက်ဇင်ကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ ပြောပါရစေ...။
ခင်မင်လျက်
တက်လူငယ်...

နေဒေးသစ် said...

စောမွန်လှ အကြောင်း က ဒီမှာ ပြီးသွားတာလား အစ်မ ... ကြားဖူးတာတော့ ကြာပြီ စောမွန်လှ စောမွန်လှနဲ့ ... ဘာမှန်းတော့ ကောင်းကောင်း မသိဘူး ... ခုမှ အနော်ရထာရဲ့ မိဖုရားမှန်း သေသေချာချာ သိတာ ... စာနာစိတ်လည်း မရှိကြဘူးဗျာ ... သူများသားသမီးကို ယူပြီး မလိုလည်း မလိုချင်ရော ချက်ချင်း စွန့်ပစ်တယ်။ သူများပြောတာနဲ့ ယုံစရာလား .. သူပဲ အရမ်းချစ်တယ်လည်း ဆိုသေးတယ် ... တကယ်တမ်း သူမယုံကြည်ဘူးဆိုရင်လည်း သေသေချာချာ မျက်နှာချင်းဆိုင်တွေ့ပြီး အကျိုးသင့် အကြောင်းသင့်တော့ မေးမြန်းသင့်တာပေါ့ .. ထားပါတော့လေ ... မိန်းမတွေ ဒီလောက် သူ့မှာများနေမှတော့ ဒီ အချောအလှလေး တစ်ယောက် လောက် အတွက် သူ ဘယ်စဉ်းစားပါတော့မလဲ ... တစ်ခုပဲ .. အဲဒီ့ခေတ်က ချောချောမောမော လှလှပပလေး မွေးဖွားလာခဲ့ကြတဲ့ မိန်းကလေးတွေအတွက် စိတ်မကောင်းဖြစ်မိတယ် ...

မေမေခင် said...

ရှမ်းမင်းသမီးလေးကို သနားလိုက်တာ