Thursday, July 3, 2008

အဖွားပြောသောသမိုင်းပုံပြင်နှင့် ကျမ မသက်ဇင် ( ၂ )

ပုဂံခေတ် မတိုင် မှီ ရှေး ပဝေသဏီ ရာစုနှစ် ပေါင်း များစွာ ထဲ က ပင် ရှမ်း လူမျိုးများ ဟာ မြန်မာ နိုင်ငံထဲ ကို စ တင် အ ခြေ ချ ခဲ့ပြီး ဖြစ် တယ်။ ယနေ့ ခေတ် ကချင်ပြည် နယ် လို့ သတ် မှတ် ခေါ်ဝေါ် နေတဲ့ မိုးညှင်း ၊ မိုး ကောင်း စ တဲ့ ထင်ရှား သော မြို့ ကြီး များ ဟာ ရှမ်း အခေါ် အဝေါ် များ ဖြစ် တယ် ဗန်းမော် ၊ ကသာနယ် များ နဲ့ ကချင် ပြည်နယ် က မီးရထား သံလမ်း ရိုး လွင်ပြင် မြို့ လေး များ ဟာ ရှမ်းလူမျိုးတွေရဲ့ သမိုင်း ၀င် အထောက် အထား နဲ့ အ ချက် အ လက် များစွာ ရှိ ခဲ့တယ်။ ပုဂံ ခေတ် မတိုင်မှီ အထိ အ နောက် တိဗက် အနွယ်ဝင် များဖြစ် တဲ့ ဂျိန်းဖေါ ခေါ် ကချင် လူမျိုးများ ဟာ မြန်မာနိုင်ငံ ထဲကို ၀င် ရောက် ခြင်း မပြုကြ သေးဘူး။

အချို့  သမိုင်းပညာ ရှင်များ က ရှမ်းလူမျိုးစုများဟာ ပုဂံ ခေတ် မတိုင်မှီ က ပင် ရွှေဘို နှင့် မုံရွာ အထိ ပင် ပြန့့် နှံ့ဝင် ရောက် နေကြပြီ ဟု ယူဆကြတယ်။ မြန်မာနိုင်ငံ သမိုင်း စာအုပ်တအုပ် ကို ရေးသား ခဲ့တဲ့ ဂျီ အီး ဟာဗီက မြန်မာ ရာဇ၀င် ဟောင်း များ ၌ တခန်း တနား ရေး သား ဖေါ်ပြကြ သည့် တ ကောင်း ပြည်ကြီး ဟာ ရှမ်းလူမျိုးများ နှင့် သာလျှင် သက်ဆိုင်ဘွယ်ရာ ရှိတယ်လို့ သူ့ စာအုပ်မှာ ဖေါ်ပြ ထားတယ်။

မွန် ၊ ရှမ်း ၊ ရခိုင် လူမျိုး များ ရာစုနှစ် များစွာ က ပင် အခြေချ နေ ထိုင် ကာ ယဉ်ကျေးမှု ထွန်းကားပြီး မှ မြန်မာ လူမျိုး များ ဟာ မြန်မာ နိုင်ငံ အတွင်း ကို ၀င် ရောက် လာ ကြ ခြင်း ဖြစ်တယ်။ မြန်မာ လူမျိုး များမြန်မာ နိုင်ငံ အ တွင်းသို့  ၀င်ရောက် နေထိုင် ခြင်း မပြု မီ က တရုတ်ပြည် ယူနန်နယ် မှာ နန်ချိုရှမ်း လူမျိုး များ နဲ့ နှစ်အ တန်ကြာ အတူ တကွ နေထိုင် လာခဲ့ကြ တယ်။
သူ့ ခေတ် နှင့် သူ့ အခါ ဖွံ့ ဖြိုး ထွန်းကား နေ ပြီဖြစ် သည့် ရှမ်းတို့ ထံ က မြန်မာတို့  ဟာ စိုက် ပျိုး ရေး ၊ ကုန်ထုတ်လုပ်ငန်း အတွေ့ အကြုံများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ် ကျေးမှု ဆိုင်ရာ အတွေ့ အကြုံများ ကို ဆက်ခံ ရရှိ ထားခဲ့ကြတယ်။

မြန်မာနိုင်ငံထဲကို မြန်မာများ ၀င်ရောက်ပြီး သက္ကရာဇ် ၈၄၉ ခုနှစ် တွင် ပုဂံမြို့  အား စတင် တည် ထောင် တဲ့ ပျဉ်ပြားမင်း လက်ထက် မတိုင်မှီ နှစ် အတန်ကြာ က မြန်မာ လူမျိုးများ ဟာ ကျောက်ဆည် မိတ္တိ လာ ရမည်းသင်း စစ်ကိုင်း မင်းဘူး နှင့်မြင်းခြံနယ် များ တွင် ရေ သွင်း စိုက် ပျိုးရေး များ အတော်အခြေ ချ စိုက်ပြီးခဲ့ကြောင်း တွေ ရှိရ တယ်။
မင်းဘူးနယ် က မုံးနှင့် မန်း ဆည် ၊ ကျောက်ဆည်နယ် မှ အချို့  သော ဆည် များ မိတ္တီလာကန်နှင့် ရမည်းသင်း ၊ သာစည်မှ မင်းလှကန် စသည့် ရေသွင်း စိုက်ပျိုးရေး အတွက် ကုန်လုပ် ကရိယာများ ဟာ အနော်ရ ထာမင်း လက်ထက် မတိုင်မီ က ပင် ရှိနှင့် ခဲ့ကြောင်း သမိုင်း ပညာရှင် များ က လက်ခံ အ တည်ပြု ထားကြတယ်။ မြန်မာတို့  ထက် အ ရင် ဦး စွာ ကျသည့် ပျူလူမျိုးများ ဟာ ရေသွင်း စိုက် ပျိုး ရေး ကုန် ထုတ်လုပ်ငန်း များ ၊ ထူထောင်ကြောင်း သမိုင်းဝင် အထောက်အထား များ မတွေ့ ရှိ ရဘူး။

5 comments:

စိုင်းခမ်းထွန်း said...

မသက်ဇင် ...
ကိုယ့်မျိုးရိုး ကိုယ်သိပြီး၊ ဘလော့ဂ်မှာ ဖော်ပြပေးတာကို ချီကျူးဂုဏ်ပြုလိုက်ပါတယ်။ ကျွန်တော်က အဲဒီ ဒေသတွေ အကြောင်း ကောင်းကောင်းသိတဲ့ အဲဒီဒေသပေါက် ရှမ်းနီ လူမျိုတစ်ဦးဖြစ်ပြီး။ ချန်လှပ်ထားတဲ့ သမိုင်းနဲ့ ကိုယ်လိုရာဆွဲ ရေးတဲ့ သမိုင်းကို မုန်းသူပါ။ ဒါပေမယ့်ဗျာ ... လောကကြီးက သူ့သစ္စာ အတိုင်းပဲသွားမှာပါ .... ဖြူဖြူ၊ ၀ါဝါ၊ ညိုညို၊ မည်းမည်း လူဟာ လူပါပဲနော် ...

ပျံသန်းခြင်းရပ်ဝန်း said...

ဒီသမိုင်းလေးတွေက မြန်မာတိုင်းရင်းသာုးတိုင်းသိထားသင့်ပါတယ်..

ကျေးဇူးပဲမသက်ရေ...

နွယ်ရိုး said...

ရမည်းသင်းက မင်းလှကန်ဆိုတာ နဲနဲလောက် ပြင်ပေးလို့ရမလား အစ်မရေ... မင်းလှကန်က သာစည်မှာပါ။ ရမည်းသင်းမှာက ကျီးနီကန်ပဲ ရှိပါတယ်။ လာလည်သွားပါတယ် အစ်မတော်...း)

မသက်ဇင် said...

နွယ်ရိုးရေ
ပြင်လိုက်ပါပြီ
ကျေးဇူးပါ

မေမေခင် said...

ဗဟုသုတတွေရပါတယ်အစ်မ