Friday, July 18, 2008

အာဏာ ၊ မတူညီသောအတွေးအခေါ် ၊ လုပ်ကြံသတ်ဖြတ် ခြင်း ( ၁ )

အာဏာ ရလိုမှု တနည်း အားဖြင့် အာဏာ ကို ဆုတ် ကိုင် လိုမှု နှင့် မတူ ညီသော အတွေ အခေါ်နှင့် အငြင်း ပွား မှု များ သည် လုပ်ကြံ သတ်ဖြတ်မှု အထိ မြန်မာ့ သမိုင်း တလျှောက် လုံးရှိ ခဲ့ကြ၏ ။ အထူး သဖြင့် မြန်မာ ရာဇ၀င် များ ၌ စည်း လုံး ရေး ကွဲပြား မှုများ သည် ထီး မွေ နန်း မွေ ဆက် ခံ ရေး အာဏာ ဆုပ်ကိုင် လို မှုပြသနာ နှင့် ပတ် သက် ၍ သား အဖ ၊ တူ ၀ ရီး နှင့် ညီ အစ်ကို ချင်း စိတ်ဝမ်း ကွဲပြား လုပ်ကြံ သတ်ဖြတ်ခြင်း တို့ သည် ပုဂံခေတ် စ ၍ အုတ်မြစ် ချ ခဲ့သည် ဟု ဆို ရ မည်ဖြစ် သည်။
အ လောင်း စည်သူ ဘုရင် ၏ သား တော် ငယ် နရသူ သည် ဖခင် အ ရင်းဖြစ် သူ အလောင်း စည်သူ အား လုပ်ကြံ သတ်ဖြတ်သည် သာ မက ပုဂံပြည် ၏ သာသနာ ဂိုဏ်းချုပ်ကြီး အရှင် ပံ့သကူမထေရ် အား လိမ်လည် လှည့်ဖြား အကာအကွယ်ယူပြီး လျှင် နောင် တော်ကြီး မင်းရှင်စော ကို လုပ်ကြံ သတ်ဖြတ် ကာ ပုဂံ ပြည်ထီးနန်း အား အဓမ္မ သိမ်းပိုက်ခြင်းပြုခဲ့သည်။

သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမ ထေရ်သည် ယင်းအပြု အမူ အား ကန့် ကွက်ရှုံ့ချသည့် အနေဖြင့် ပုဂံပြည်တွင် ဆက်လက် မ နေ တော့ပဲ သီဟိုရ် သို့ ထွက်ခွာ သွားလေသည်။ ရဟန်းရှင်လူ ပုဂံပြည် သူများ သည် နရသူ အား မုန်းတီးရွံရှာကြလေ သည် ပုဂံ သူ ပုဂံသား များသည် ဤမျှ ရက်စက် ကြမ်းကြုတ်ပြီး ကောက်ကျစ် စဉ်း လဲ သည့် နရသူ ဘုရင်အားမနှစ်မြို့ ၍ ရှောင်ကွင်းကြသည်။ နရသူ သည် မိမိအား တိုင်းသူပြည်သားများက မလို မုန်းထား သည် ကို သိရှိရ ၍ ပိုမိုပြီး ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ပြန်သည်။

မြန်မာ ရာဇ၀င် သမိုင်းများ ၏ ရေးသား ဖေါ်ပြချက်များ အရ နရသူ သည် အရိုင်းစိုင်း အယုတ်မာဆုံး မင်းတပါးဖြစ်မှန်း ပေါ်လွင်ထင် ရှားပေသည်။

နိုင်ငံခြား သမိုင်း သုတေသီ တဦးဖြစ်သည့် ဂျီအီးဟာဗီက ၎င်းစာ အုပ် တွင်ထင်မြင်ချက် ပေး၍ ရေးသား ထား သည် မှာ နရသူတည် ခဲ့သည့် ဓမ္မရံ စေတီ တော်ကြီး သည်ပင် ကြက်သရေ ကင်းမဲ့ပြီးအ ရောင် အဆင်း မရှိဟု ဆိုသည်။ နရသူ ကို လည်း ၎င်းအား မုန်းတီးသူ များက လုပ်ကြံ သတ်ဖြတ် လိုက်ကြ လေသ ည်။

7 comments:

ကိုရင်ညိန်း said...

မ`အ´ ချင်လို့ သမိုင်းလာဖတ်ပါတယ်ခင်ဗျာ ။ နရသူ ဘုရင်ရဲ့ အဆက်ကိုမျှော်နေပါတယ်ခင်ဗျာ ။

Welcome said...

အစ်မရေ
သမိုင်းအနှစ်တွေကို ဖတ်သွားပါတယ်။
အားပေးလျက်ပါ...
ဝင်းဇော်

Han Thit Nyeim said...

ကောင်းတယ်ဗျာ... ဗဟုသုတလည်းရတယ်။ အဆင်ပြေရင် Reference လေးတွေရှိရင်ဖော်ပြပေးပါလား။ ပိုပြီးလည်း ခိုင်လုံသွားသလို Research သဘောလည်း ပိုသက်ရောက်သွားမယ် ထင်တယ်။

အကြံပေးတာပါနော်...။

လူလ said...

မင်္ဂလာပါ အမ
စီပုံးတောင် ဖြုတ်လိုက်ရတာပေါ့.. ဖြစ်တတ်ပါတယ်။ ဒါဗေမဲ့ လောကဓံတရား ရှစ်ပါးထဲမှာ ပြထားတယ်လေ၊ သူများလာပြီး ချီးမွမ်းတာ ခံနိုင်ရမှာပေါ့ ဟုတ်၊ အင်း.. အဓီကက စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်။ ဒါဗေမဲ့ ပြောင်းလဲခြင်းနဲ့ မူမမှန်ခြင်းက ဆင်သလို နေတတ်ပါတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ...

kabrmakyay said...

အမဖတ်ရရင်တော်ဘီ moderat မလုပ်ဘဲရသည်။

ကျနော်ခရီးလွန်နေလို့ အခြေအနေတွေနဲ့ မျက် ခြေပြတ်နေပါသည်။
အယင်တခေါက်လမ်းကဘဲဝင်ကြည့်သေးတယ် မိုနာပြုံးနဲ့ မတွေ့ 
ပရဲ”အပြုံးကိုတော့ညွန်းဟန်မတူလို့ တော့တွေးပါတယ်။
စီပုံးလဲမှောက်ထားတော့ လျာမချောင်ဘဲပြန်သွားရတာ အခု
ကိုလူလဆီမှာနဲ့ မအိကသူ့ စီပုံးပါဝဲလိုက်ရတယ်ဆိုမှ
ရိပ်စားမိတော့တယ်။ဒို့ အမတော့စိတ်ညစ်ရှာမှာဘဲလို့ ..
ဘာဘဲဖြစ်ဖြစ် ရွှင်လန်ချမ်မြေ့စွာလှိုင်ဒဏ်လေဒဏ်ခံနိုင်ပါစေလို့ 
့ရည်ညွှန်ဆုတောင်းတဲ့ အနေနဲ့ ကျနော့ဘလော့ ဟက်ဒါမှာ
အမအတွက်ရည်စူးလို့ ပုံတပုံတင်ပေးထားပါတယ်။

မေမေခင် said...

မြန်မာ ဘုရင်တွေက အချင်းချင်းပဲသတ်နေကြတယ်နော်

နန်း said...

အာဏာ ရလိုမှု တနည်း အားဖြင့် အာဏာ ကို ဆုတ် ကိုင် လိုမှု နှင့် မတူ ညီသော အတွေ အခေါ်နှင့် အငြင်း ပွား မှု များ သည်လုပ်ကြံ သတ်ဖြတ်မှု အထိ မြန်မာ့ သမိုင်း တလျှောက် လုံးရှိ ခဲ့ကြ၏ ။

အဲဒါကတော့ ယနေ့ခေတ် အထိပါပဲ