Friday, July 18, 2008

မြန်မာနိုင်ငံသမိုင်းဆက်ဆံရေးနှင့် အခြားနိုင်ငံ

ကမ္ဘာ ပေါ်ရှိ နိုင်ငံ အသီးသီး ၌ အခြား နိုင်ငံများ နှင့် ဆက်ဆံရေး သမိုင်း များ တွင် ပဋိပက္ခများ ပေါ် ပေါက် ခဲ့ ကြ သ ကဲ့ သို့ မြန်မာ နိုင်ငံ နှင့်အိမ်နီးချင်း နိုင်ငံများ ဆက်ဆံရေး သမိုင်းတွင် လည်း ပဋိပက္ခများ ပေါ်ပေါက် ခဲ့ကြ သည်မှာ ယေဘူယျ တရားမျှသာ ဖြစ် သည်။

မြန်မာပြည် နှင့် အိမ်နီး ချင်းနိုင်ငံ များဖြစ် သည့် ယိုးဒယား ခေါ် ထိုင်း ၊ လောပြည်ခေါ် လင်ဇင်း ၊ တရုတ်နိုင်ငံ ၊ အိန္ဒိယနိုင်ငံ သီဟို နိုင်ငံ တို့ သည် ရှေးပဝေသဏီ မှ စ၍ နိုင်ငံအချင်း ချင်း ဆက်ဆံရေး များ ရှိခဲ့ကြသည်။ တ နိုင် ငံ နှင့် တနိုင်ငံ သံတမန်များ စေလွှတ်၍ နှစ်နိုင်ငံ ဆက် ဆံရေး တွင် သာယာ ပြေပြစ်ခြင်းများ ရှိခဲ့ကြ သ ကဲ့ သို့  နှစ် နိုင်ငံ ပဋိပက္ခ များ လည်းရှိခဲ့ကြသည်။

နှစ်နိုင်ငံဆက်ဆံရေး တွင် သာယာပြေပြစ်ခြင်း မရှိပဲ တနိုင်ငံနှင့် တနိုင်ငံ စစ်မက်ဖြစ်ပွားစဉ် ကာလတွင် ထို ပဋိပက္ခဖြစ်ကြ သည့် နိုင်ငံနှစ်နိုင်ငံ မှ ရေးသာခဲ့ ကြသည့် နန်းတွင်း သမိုင်း မှတ်တမ်း များ တွင် အခြားနိုင်ငံအား အပြစ်ဖို့ အဆိုးမြင် များဖြင့် ရေးသား၍ မိမိနိုင်ငံအား ဂုဏ်တင်၍ ကာကွယ် ရေး သားကြသည် ကို ယေဘူ ယျ တွေ့ ရှိရသည်။

အိမ်နီးချင်း နိုင်ငံ များနှင့်ဖြစ် ပွားခဲ့သည့် ပဋိပက္ခများတွင် ယိုးဒယားနိုင်ငံ တရုတ်နိုင်ငံ တို့ နှင့်ဖြစ်ပွား ခဲ့ရသည့် ပဋိပက္ခကား အကြီးမားဆုံးဖြစ်လေ သည်။ထို ပဋိပက္ခများ အား ရေးသားထား သည့် ယိုးဒယား ရာဇ၀င်များနှင့် တရုတ် ဧကရာဇ် ဘုရင်တို့ ၏ နန်းတွင်း မှတ်တမ်းများ တွင် မြန်မာနိုင်ငံအား ဆိုး ဆိုးဝါးဝါး အပြစ်ဖို့ ရေးသား ထားသည်ကို တွေ့ ရှိရသကဲ့ သို့ မြန်မာ ရာဇ ၀င်များ၌ လည်း တဘက်သတ် ရေးသားထားသည် ကို အနည်း နှင့်အများ တွေ့ ရှိရသည်။

သမိုင်းရေး ပဋိပက္ခများ ပေါ်ပေါက်ခြင်းသည် ယေဘူယျ တရားမျှသာ ဖြစ်သော်လည်း နိုင်ငံတနိုင်ငံ၏ အချုပ် အချာအာဏာ ကို အခြားနိုင်ငံ တနိုင်ငံက အသိအမှတ်ပြုခြင်း လေးစားခြင်းမရှိသမျှ ပဋိပက္ခများသည် ပေါ် ပေါက် လျက် ရှိနေအုံးမည်သာ ဖြစ်သည်။

2 comments:

စိုင်းလောင်မိန်းသက် said...

သမိုင်းတွေလာဖတ်ပါတယ်ခင်မျာ
အလုပ်များနေလို့ အခုမှ လာဖြစ်တယ်
အဆင်ပြေပါစေ

စိုင်းလောင်မိန်းသက်

နန်း said...

သမိုင်းရေး ပဋိပက္ခများ ပေါ်ပေါက်ခြင်းသည် ယေဘူယျ တရားမျှသာ ဖြစ်သော်လည်း နိုင်ငံတနိုင်ငံ၏ အချုပ် အချာအာဏာ ကို အခြားနိုင်ငံ တနိုင်ငံက အသိအမှတ်ပြုခြင်းလေးစားခြင်းမရှိသမျှ ပဋိပက္ခများသည် ပေါ် ပေါက် လျက် ရှိနေအုံးမည်သာ ဖြစ်သည်။

အမှန်ကန်ဆုံးပါပဲရှင်