Wednesday, March 25, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၉ )

ပုဂံ နေ့ လည် ခင်း

နတ်သမီး ကမ်းပါး တနေရာ ၊ သူရှေ့ ကနေ အမြန်ပြေး သွားပြီး ကျမကို လိုက်ခဲ့ ပါ တဲ့သူရှိရာဆီ ကျမ လျှောက် သွား သော အခါ အဝေး က နေ ကျမအား ဓါတ်ပုံတွေ တဖြတ်ဖြတ် ရိုက်နေသည်မှာ သူ့ နား ရောက် လာသည် အထိ ၊ သူ ကျမ လျှောက်လာ သည်ကို ငေးမောစွာ ကြည့် ရင်းပြောသည်။

မ ရယ် အဖြူရောင် လက်ရှည်လေးနဲ့ ဆံပင်ရှည်တွေ လေ မှာ ဝဲနေပြီး မ လမ်းလျှောက် လာတဲ့ အမူအယာ လေးဟာ လေထဲမှာ လွင့်ပါးကြွေလျော လာတဲ့ နှင်းဆီ ပွင့်ဖတ်လေးလို ငေးနေ ရလောက် အောင် မြန်မာ ဆန်လွန်းတဲ့ အလှပါဗျာ လို့ ပြောတော့ ကျမ ရှက်သွေးဖြန်းသွားခဲ့ပါသည် မ ကို ကျွန်တော် အိပ်မက် နေတာကြာလှပါပြီ ဒါပေမယ့် မ ကတော့ မသိခဲ့ပါဘူး ရန်ကုန်မှာ မ နေတဲ့ ပြည်လမ်းက အ ဆောင် ရှေ့ကို ကျွန်တော် အမြဲလိုလို ရောက်နေခဲ့ တယ် အဆောင် ပြူတင်းပေါက်က မ အရိပ်လေး ကို ကျွန်တော်ငေးပြီး ပြန်လာခဲ့ရတာပါ မ အတန်းတက်နေရင် ကျွန် တော် လာငေးနေတတ်တာ မ မသိခဲ့ ပါဘူး မ မသိအောင် မ သွား လေ ရာ ခပ်လှမ်းလှမ်း က တကောက် ကောက် လိုက် နေခဲ့တာ အတော် များခဲ့ပါပြီ

အယ် ပေါ်ပြီ အဲဒီတုံးက ဘာလို့ လာနုတ်မဆက်တာလဲလို့ ကျမကမေးတော့ မ က ကျွန်တော့်ထက် ပညာရေး ကအစ သာတယ်လေ မ ကိုချစ်တဲ့သူတွေ လိုချင်တဲ့ သူတွေ လည်း များတယ် ကျွန်တော် အနား တောင် မကပ်ရဲ ပါ ဘူးတဲ့ ။

အဲလို မပြောစမ်းပါနဲ့လို့ ကျမက ပြောတော့ မ ကို ချစ်တဲ့သူတွေများတော့ မ က အချစ်ကို အထူး အဆန်းလို့ မထင်တော့ ဘူးပေါ့နော် ၊ ဘယ်သူ့ အချစ်က မ ရင်ထဲမှာ ပိုပြီး တန်ဖိုးရှိတယ်လို့ ၊ မထင် တော့ ဘူးလား။ ကျမ မျက်နှာ ညိုးသွားတော့ သူ စကားလွဲပြောင်း လိုက်သည်။

မ ပုဂံ ရှုခင်းတွေ သိပ်လှတယ်နော် ဧရာဝတီက တော့ ခေတ်တွေ အဆက်ဆက် ဖြတ်သန်း နေပေမယ့် သူက တော့ တည်ငြိမ်စွာ စီးဆင်းမြဲပါ ပုဂံ ခေတ်က စစ်သည် လေးသိန်းနဲ့ ညီမျှ တဲ့ သူရဲကောင်းလေးဦး ရှိခဲ့တယ် ကျန်စစ်သားရယ် အဲနောက်တယောက်ကတော့ ထန်းပင် တစ်ထောင် ကို တက်လိုက် ဆင်းလိုက် တနေ့ ထဲ လုပ်နိုင်တဲ့ မြင်းမူ အရပ်က ငထွေးရူးရယ် ၊ နောက်တယောက်က နွားအရှဉ်းသုံးဆယ်ကို တပြိုင် တည်း ထွန်နိုင်တဲ့ ပုပ္ပါးအရပ်က ငလုံးလက်ဖယ်ရယ် ၊ ညောင်ဦးကမ်းပါးကနေ ဧရာဝတီ မြစ်ထဲ ဆင်း ကူးပြီး ဟိုဘက်ကမ်း ရောက်တာနဲ့ ချက်ခြင်းပြန်ကူးလာပြီး ညောင်ဦးကမ်းပါးပေါ် ရောက်တာနဲ့ ပြေးတက် လာနိုင်တဲ့ ညောင်ဦးဘီး ရယ် ပေါ့ ၊ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ ရတဲ့ မြန်မာ့ သမိုင်းပုဂံ သူရဲ ကောင်း တွေ မှတ်မိတယ်မို့လား လို့ ပြောတော့ ကျမ ခေါင်းညိတ် မိသည်။
ဟိုတနေ့ က ရန်ကုန်က အသက်ခြောက်နှစ်ကျော် လောက်ရှိတဲ့ ကျွန်တော့် တူလေး နဲ့ ဖုံးဆက် ဖြစ်တယ်။ တူလေး ဘာလုပ် နေတာလဲ မေးတော့ သိုင်းသမား တရုတ် သူရဲကောင်း ကျန်ကျောင်း လုပ်တမ်း ကစား နေတာတဲ့။ ပုဂံခေတ် မြန်မာ သူရဲကောင်း ကျန်စစ်သား လုပ်တမ်း ကစား ပါလား ပြောတော့ ကျန်စစ်သားကို မသိဘူး တဲ့ သားတို့ က တရုတ်သိုင်းကားပဲ ကြည့် တော့ သိုင်းသူရဲကောင်း ကျန်ကျောင်းပဲ သိတာတဲ့ လေ

သူက ပင့်သက် ရှိုက်ရင်းငြီးတွား စွာ ပြောပြ နေသည် မြန်မာပြည် ကို လာ သွား တဲ့ ဂျပန် လူမျိုး ဓါတ်ပုံ ဆရာ ယာမာမိုတို က နှိုက်ကလပ် တခုမှာ ရိုက် ခဲ့တဲ့ ဓါတ်ပုံ တွေ ကို ဂျပန်မှာ ဓါတ်ပုံ စာအုပ် ကြီး ထုတ် ထားတယ် ဒီ ခေတ် ဒီ စနစ်ကြီး ထဲက ဆယ်ကျော် သက် လူငယ် က လေး တွေ နဲ့ ဆယ်နှစ် ဝန်းကျင် ကလေး တွေ ဟာ အ နာဂတ် တိုင်း ပြည် အတွက် အမျိုး သား ရေး စိတ် ဓါတ် တွေ အမျိုးသား ယဉ်ကျေးမှု တွေကို ရှေး ဘိုးဘေး ဘီဘင် တွေ လို မျိုးချစ် စိတ် အပြည့် နဲ့ ဆက်လက် ထိမ်း သိမ်း နိုင်ပါ့ မလား ဗျာ။ ကျွန်တော်တို့ မြန်မာလူမျိုး ဘိုး ဘေးဘီဘင်တွေ ကိုလိုနီ ပေါ်တူဂီ ဆန့်ကျင်ရေးစစ်ပွဲဟာ နှစ်ပေါင်း ၃၅၀ တိတိ ရှေးကျခဲ့တယ် ၁၉၆၃ ခုနှစ်ကမှ အိန္ဒိယနိုင်ငံ မှာရှိတဲ့ ပေါ်တူဂီ ကိုလိုနီ အခြေခံ စခန်း တခုဖြစ်တဲ့ ဂိုဝါနယ်ကို အိန္ဒိယ အစိုးရက ရှင်းလင်း ဖျက်သိမ်းခြင်းပြုခဲ့ရတာပါ။ တကယ် ကတော့ မြန်မာနိုင်ငံရဲ့ တစိပ် တဒေသ ဟာ ၁၆၀၀ ခုနှစ် ကတည်းက ကိုလိုနီ နယ်ချဲ့ အောက်ကို ရောက်သွား ခဲ့ရပြီး ကျွန်တော်တို့ ဘိုးဘေး ဘီဘင်တွေက နယ်ချဲ့ ဆန့် ကျင် ရေး အဲဒီ ကတည်းက ဆင်နွှဲ ခဲ့ ရတာပါ ၊ ၁၅ ရာစု ခန့်လောက်က ၊ အာဖရိက တိုက်ကို ပတ်ပြီး အိန္ဒိယ သမုဒ္ဒရာ နဲ့ အာရှတိုက်ကို စ တင် တွေ့ရှိခဲ့ တဲ့ ပေါ်တူဂီ လူမျိုးတွေဟာ တရုတ် ၊ အိန္ဒိယ ၊ အာရှ အရှေ့ တောင်ပိုင်း ဒေသ ကျွန်းစုတွေ ဆီ ကုန်သည်တွေ အဖြစ် သာသနာပြုတွေ အဖြစ် ပင်လယ်ဓါးပြ တွေ အဖြစ် လှည့်လည် ကျက်စား ခဲ့ ကြတယ်
၁၆ ရာစု ဆန်းလောက်မှာ မြန်မာနိုင်ငံ တောင်ဘက် ပင် လယ် ကမ်းရိုး တန်း ဒေသ မွန်ကြီးအကဲများ ထံနဲ့ ရခိုင် ကမ်းရိုး တန်း ဒေသ ရခိုင် အကြီး အကဲ များ ထံမှာ ကြေး စား စစ်သား များ အဖြစ် အမှု ထမ်းခဲ့ကြတယ် ဖိလစ် ဒီဘရစ်တို ခေါ် ငဇင်ကာ ဟာ ၁၅၉၀ ခုနှစ် လောက် မှာ ရခိုင်အကြီးအကဲ မင်းဖလောင်း ထံမှာ ကြေးစား စစ်သား အဖြစ် အမှုထမ်း ခဲ့တယ။် ဟံသာဝတီကို တိုက်ခိုက် ဖျက် ဆီး တော့ ငဇင်ကာကို မြို့ စောင့် အဖြစ် ထား ခဲ့တယ် အခွင့် ကောင်းကို ချောင်း မြောင်း နေတဲ့ ငဇင်ကာ ဟာ အန္ဒိယနိုင်ငံ ဂိုဝါနယ် မှာရှိတဲ့ ပေါ်တူဂီ ဘုရင်ခံ ချုပ်နဲ့ အဆက် အသွယ်ပြုပြီး သံလျှင် နယ်ကို ကိုလိုနီနယ် အဖြစ် အတိအလင်း ကြေငြာ လိုက်တယ် သက်တန်း ၁၃ နှစ် ကြာတယ် ငဇင်ကာ ဟာ ဗုဒ္ဓ ဘာသာ ဝင်တွေရဲ့ ဘုရားပုထိုးတွေ ကို ဖျက် ဆီးပြီး ဌာပနာ တွေကို အတင်း အဓမ္မ ယူတယ် ၁၆၁၃ ခုနှစ် မှာ ညောင်ရမ်း ဒေသက မြန်မာ အကြီး အကဲ အနောက်ဘက်လွန် ကနေ သံလျှင် ကို အခြေခံ စခန်း ပြုလုပ်ပြီး မြန်မာနိုင်ငံကို စ တင်ခြိမ်းချောက် နေတဲ့ ငဇင်ကာ တို့ကို တိုက်ခိုက် ချေမှုန်း ပစ် လိုက်ရတယ် ဂိုဝါနယ်က စစ်ကူပို့ လိုက်တဲ့ စစ်သဘော် ၅ စင်း အနက်က ၄ စင်းကိုလည်း တိုက်ခိုက် ဖျက်ဆီး ခြင်းပြုလိုက်ရတယ် ဘိုးဘေး ဘီဘင် တို့ ရဲ့ အမျိုးသားရေး စိတ်ဓါတ်နှင့် သူရဲကောင်း စွမ်းရည်များ ကို ကြား သိ ရ သော အခါ ကျမ သွေးများ ပူနွေးဆူပွက် လာ သကဲ့ သို့ ခံစား လိုက်ရ ပါ တော့ သည်။

58 comments:

ဖိုးစိန် said...

အမရေ..လာဖတ်သွားတယ်..အရမ်းဖတ်လို့ ကောင်းတာပဲနော်

ဖိုးစိန် said...

နံပတ်မှာ (၁) ..
ဗဟုသုတတွေအများကြီး ရလိုက်တဲ့အတွက်
ကျေးဇူးတင်ပါတယ်အမရေ..

megumi said...

စာထဲမှာ မျှောပါသွားတယ်သိလား။ စာရေးအရမ်းကောင်းတာပဲ။ အမြဲလာဖတ်ဖြစ်ပါတယ်။ ကွန်မန့်သာ မရေးဖြစ်တာ။ ဟိ ဟိ၊ စိတ်ဆိုးနဲ့နော်။

အလင်းရောင် said...

အလည်ရောက်ပါတယ်မမရေ ကျန်မာတော်မှုပါရဲ့လား စာမေးပွဲလည်း ဖြေနိုင်ပါစေဗျာ... စာတွေလည်း အများကြီး ရေးနိုင်ပါစေ။ သုံးရက်ပြည့်သွားပြီးလား..ဟဲဟဲ

အပြုံးပန်း said...

ကျန်ကျောင်းကိုသိ
ကျန်စစ်သားကိုမသိ
ဒီလိုကလေးတွေဟာ
သူရဲကောင်းအစစ်အမှန်ဆိုတာကို
သိနိုင်နားလည်နိုင်ခွင့်ရှိရင်၊

နိုက်ကလပ်မှာ
ပျော်ပါးသူ
လူငယ်လူရွယ်များဟာ
ကိုယ့်ကိုယ်ကို ဘာလုပ်နေတာလဲဆိုတာကို
အမှန်အတိုင်းသိတယ်ဆိုရင်

အားလုံးကောင်းသွားမှာပါ။

တွေးမိသလိုရေးကြည့်တာပါ....မ။

လင်းဒီပ said...

“ဒီခေတ် ဒီစနစ်ကြီး ထဲက ဆယ်ကျော် သက် လူငယ် ကလေးတွေ နဲ့--ဆယ်နှစ် ဝန်းကျင် ကလေး တွေဟာ အနာဂတ် တိုင်းပြည် အတွက် အမျိုး သား ရေး စိတ်ဓါတ်တွေ---အမျိုးသား ယဉ်ကျေးမှု တွေ--ကို--ရှေး ဘိုးဘေးဘီဘင် တွေ လို မျိုးချစ်စိတ် အပြည့်နဲ့ ဆက်လက် ထိမ်းသိမ်း နိုင်ပါ့မလား--ဗျာ”

ကျွန်တော့်ရင်ထဲမှာလည်း အမြဲတွေးပူနေမိတယ်အစ်မ..
ကလေးတွေက ကျန်စစ်သားထက် ကျန်ကျောင်းကို ပိုသိနေတာမျိုးတွေက ကောင်းတော့မကောင်းဘူး...
အားလုံး ဝိုင်းပြီး ကာကွယ်ထိန်းသိမ်းကြရမယ်လို့ ထင်ပါတယ်.။

လင်းဒီပ said...

အစ်မစာတွေက အတက်နှေးပေမယ့် တင်လိုက်ရင် အနှစ်တွေချည့်ပဲ..

အလှတရား said...

သီအိုရီထဲမှာ တဖွဖွ ဂလိုဘယ်လိုက်ဇ် နေလွန်းလို့ ..
(စာကိုးစာကားကလည်း ရှိနေလေတော့) ခေတ်ပညာတတ်ပီပီ ယောင်ခဲ့ဖူးတယ်ဗျာ..

ခင်မင်ရတဲ့ မြန်မာ အမျိုးသမီးလေးက ပယင်းယောင် ယမကာ ခွက်လေး ကို ခပ်ရွရွလေးကိုင်ထားလို့ ယမကာ လုလင်မလေး လုပ်နေတာ မြင်လိုက်ရတော့ မှ ကျနော် ရေလိုက်လွဲနေတယ်လို့ စတွေးမိတာ။

အမိမြေနဲ့ ဝေးလာမှ မြင်သထက် မြင်မိလာတယ်

အင်းခုတော့.. ဆူဝေနေတဲ့ စိတ် ခံစားချက်တွေ ကနေ တည်ငြိမ်တဲ့ ဘ၀အတွေးတွေ ရောက်ရှိသင့်ရောက်ရှိထိုက်တဲ့ အရွယ်လည်း ရောက်လာပါပြီ..။ ငယ်သူတွေဟာ မရိုင်းကြပါဘူး ..
တစ်ခါတစ်လေတော့ ရေလိုက်နည်းနည်း လွဲတတ်တာ သဘာဝပါပဲ။

ဆန်းသစ်တီထွင်တတ် တဲ့ လူငယ့်အရည်အချင်း
တွေကို မြတ်စွာဘုရားရဲ့ မင်္ဂလာတရားတော်နဲ့ အားပြု ပံ့ပိုးပေးလိုက်ရလို့ကတော့ဗျာ..

..ခုထိလည်း မြန်မာနိုင်ငံဟာ မင်္ဂလာတရားတော်နဲ့ အညီဆုံးနိုင်ငံလို့ ယုံကြည်ပါသေးတယ် ..

chocothazin said...

စာတွေလာဖတ်တယ် မသက်ဇင်

အိန္ဒြာ said...

အစ်မရေ...

အကြံလေးပေးချင်တာက..
အစ်မ..လုံးချင်းပုံစံမျိုးလေး..စာအုပ်ထုတ်ပါလားဟင်..
သမိုင်းကြောင်းတွေလဲ..သိရ..
ဖတ်လို့ကောင်း..မှတ်ဖို့ကောင်းပြီး..
သမိုင်းကို..သမိုင်းလိုဖတ်နေစရာမလိုပဲ..
ပေါ့ပေါ့ပါးပါး...စိတ်ထဲရောက်အောင်ထည့်ပေးတဲ့စညအုပ်လေးမို့
သိမ်းကို သိမ်းထားသင့်တာပါ..။

စာအုပ်လေးစီစဉ်ပြီးဖြန့်ပေးမယ်ဆိုရင်...
အားပေးဖို့စောင့်နေပါတယ်..နော....

မနောသား said...

အမရေ ..စာလာဖတ်သွားပါတယ် ခင်ဗျာ စာအရေးအသားတွေ နဲ့ စာသားတွေက တကယ့်ကို မှတ်သား အတုယူစရာတွေပါပဲ ခင်ဗျာ....

ခင်မင်စွာဖြင့်

မနောသား

မိုးခါး said...

မရေ .. အမဆီရောက်ရင် ပုဂံပုံရိပ်တွေ မြင်ယောင်လာတယ် .. စောင့်မျှော်ဖတ်ရှုနေပါတယ်နော် ..း)

နွေးနွေးသဲမွန် said...

မ ရေ...မျောသွားတယ်... ဆက်ရေးနော်...
ပျော်ရွှင်ချမ်းမြေ့ပါစေ...

Nge Naing said...

မသက်ဇင်ရေ လာဖတ်သွားပါတယ်။ C-Box မရှိလို့ နှုတ်မဆက်ဖြစ်ပေမယ့် အမြဲရောက်ပါတယ်။ အခြေခံပညာ ကျောင်းသားအရွယ် ကလေးတွေက ကျန်စစ်သားကို မသိဘူးဆိုတာ ၀မ်းနည်းစရာပဲ။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ သူငယ်တန်းကနေ ၁၀ တန်းအထိ ကျန်စစ်သားကို မသိသူတယောက်မှ မရှိဘူး။ ကျောင်းအသင်းနာမည်မှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားနဲ့ ဗန္ဓုလဆိုပြီး ကျန်စစ်သားက ထိပ်ဆုံးမှာ ရှိနေတော့ ကျန်စစ်သားအသင်းမှာ မဲကျတဲ့သူက တခြားအသင်းတွေမှာ ကျတာထက် ပိုပြီး ဂုဏ်ရှိသလို ခံစားရတယ်။ သသက်ဇင် ပို့စ်ကို ဖတ်ရတော့ သံလျင်မြို့က ကျေးသွန်းခေါင်းလောင်းကြီးကို အရည်ကျိုပြီး အမြှောက်သွန်းလုပ်နေသော ငဇင်္ကာ ဆိုတဲ့ ငယ်ငယ်တုန်းက သင်ရတဲ့ သမိုင်းဖတ်စာအုပ်ထဲက ပုံကို ပြန်မြင်ယောင် မှတ်မိနေသေးတယ်။ ဆက်လက် စောင့်မျှော်ဖတ်ရှု အားပေးနေပါတယ်။

ss said...

အစ်မ လာလည်သွားပါတယ်။ပျော်ရွှင်ပါစေ။

Phyo Evergreen said...

ကျွန်တော်ဒီအတိုင်းဘဲပေးလိုက်တာဘဲ..။ ကျွန်တော်ပေးပြီးနောက် ခဏနေပြန်ကြည့်တော့ errorဖြစ်နေတယ်.။ ကျွန်တော်ရောက်တုန်းက ပို့စ်ကစာတွေမညီဘူး.. အပေါ်ပိုင်းတ၀က်ကစာလုံးတွေ ကကြီးနေတယ်..။

Dr. Win Thein said...

အသိပညာပေး ဆောင်းပါးတွေ ရေးပေးနေတဲ့အတွက် ကျေးဇူးပါ မသက်ဇင်.. အမြဲ ကျန်းမာပျော်ရွှင်နိုင်ပါစေ..

kiki said...

မမသက်ဇင်ရေ ..သမိုင်းကြောင်းအဆီအနှစ်တွေတဝကြီးနဲ့ နှင်းဆီပွင့်ဖတ်ပေါ်ကပျားရည်စက်လေးတွေကို နေ့ စဉ်လို လာဝဲသောက်သုံးပါတယ်နော်။
အင်း..ဟုတ်ပ ..ရေးစရာ စီဗုံးရှာမတွေ့ လို့  မမရေ..

Dream said...

တီတီဇင်ရေ.. တခေါက်လာ အသိတရား တခုတိုးလို့ ပိုကျေးဇူးတင်မိပါတယ်...

အာဝါးးးး တီဇင်

ss said...

ဟုတ်ကဲ့ပါ အစ်မ link ပြီးသွားပါပြီ။ စာလေးတွေကို လည်းထပ်ဖတ်သွားပါတယ်။

စိုင်းစိုင်းလားရှိုး said...

အမရေ လာဖတ်ပါတယ်။ မသိတာလေးတွေ သိခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ...

TTK said...

စာတွေဖတ်ဖြစ်ပါတယ်၊ တစ်ချို့စာလုံးတွေတိုက်ရိုက်ဖတ်မရတာနဲ့ ကော်ဖီလုပ်ပြီးမှ ပြန်ဖတ်ပါတယ်၊ ကျနော်စက်ကြောင့်ထင်ပါတယ်၊ စာတွေများများရေးနိုင်ပါစေ

ဆန်းဝင်း said...

အစ်မ မသက်ဇင်ရေ…
ကျနော် စာတွေ လာဖတ်ပါတယ်။ အစ်မစာတွေ ဖတ်ရတာ ကောင်းပါတယ်။
ပြောခြင်တာလေး တစ်ခုရှိတယ်။ သီတဂူဆရာတော် မိန့်ခဲတဲ့ စကားလေးတွေပါ။
လွန်ခဲ့တဲ့ ၄ နှစ်လောက်ကပေါ့။ အာနန္ဒာဘုရားမှာ မထင်မှတ်ပဲ ဆရာတော် ကြီးကိုဖူးတွေ့ရတယ်။ ဆရာတော် နဲ့အတူ ဂျပန်ဘုန်းတော်ကြီးတွေ လည်းပါတယ်။
ဆရာတော်ကိုဖူးခြင်တဲ့စိတ်နဲ့ ကျနော် ဘေးနား ခပ်လှမ်းလှမ်းက လိုက်နေခဲ့တယ်။
ဆရာတော်ကြီးက မိန့်တယ်..
ပုဂံမှာ ဘုရားတွေ အများကြီး ။ ဘုရားနံပါတ်တွေပေးပြီး ဘုရားအမှတ်(၁၊၂၊၃) ပေးတာ ကောင်းပါတယ်။ ဒါပေမယ့်
အစားထိုး ပြင်ဆင်မှု (Restoration)
ထန်းသိမ်းမှု (Maintenance) ဆိုတာကို နားလည်သဘောပေါက်သင့်တယ်။
ရှေးဟောင်းအမွေနှစ် ကို ထိန်းသိမ်းတာ ကောင်းတယ်။ ဘုရာ ငုတ်တို ကို အမိုးအကာ နဲ့ ထိမ်းသိမ်းသင့်တာ။ ရှေးကာလ အတန်ကြာက အုတ် ပတ်ကျားအတ် နှစ်ခုကြား သရိုးသစ်ဖြည့်ပြီး ပြန်စေ့တဲ့ အလုပ်ဟာ ထိန်းသိမ်းရာမရောက်ပဲ ဖျက်စီးရာ ရောက်တယ်။

အဲဒီလို လုပ်နေတဲ့ အခြေနေအပေါ်မှာ ဘယ်လိုမြင်လည်းဗျ။ ကျနော်တော့ ပုဂံက ဘုရား ကန်ထရိုက်တွေ အကြောင်းသိထားတော့ ရင်နာတယ်ဗျာ..

GreenGirl said...

အဲ့ဒီလို ကလေးတွေ များနေပြီ အစ်မရေ...
ကျန်စစ်သားကို မဆိုနဲ့ ဦးအောင်ဇေယျဆိုတာ ဘယ်သူလဲလို့ မေးလာတဲ့ ရှစ်တန်းကျောင်းသားကိုတောင် စာသင်ခဲ့ရဖူးပါတယ် :(

win latt said...

အမရေ...
ငဇင်ကာ နဲ့လာတွေ့သွားတယ်...။မေ့နေတာလေးတွေ အစပြန်ဖေါ်ပေးလိုက်သလိုပါပဲ..ကျေးဇူးပါ အမရေ...ကျန်းမာပါစေ...။

မောင်ကောင်း said...

အမရေ.. အခုလို အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုး ကာကွယ်တတ်တဲ့သူတွေ အများကြီးလိုအပ်ပါတယ်.. အရေးအသားတွေလည်း ကောင်းပါတယ်..အားပေးလျက်ပါ.. လာလည်ပါဦး.. www.dhammametta.co.cc

ဖိုးဂျယ် said...

အမရေ ခရီးသွား မှတ်တမ်းလေး လာလာဖတ်တယ်ဗျ

aung oo said...

မင်္ဂလာပါ အစ်မ...
ကျန်းမာသုခပြည့်ဝနိုင်ပါစေ...
အခုမှ ပထမဆုံးအကြိမ် Comments ရေးဖူးတယ်။ အရင်က တော့ စီဘောက်မှာပဲ ရေးဖြစ်တာများတယ်လေ။
မြန်မာနိုင်ငံသား တယောက်အနေနဲ့ သိသင့် သိထိုက်တဲ့ စာတွေကို ကြိုးစားပြီး ရေးသားပေးတာ ကျေးဇူးတင်ပါတယ်။

Upasaka said...

ရောက် လာ ပါတယ် မသက် ဇင်...
အခြေနေဆိုး လွန်းနေတဲ့connection တွေကြောင့် မလာ နိုင် ပေမဲ့ စိတ် ထဲကတော့ နေ့တိုင်းရောက် ဖြစ် ပါတယ်..ပျက်သုံးစပြုနေပြီဖြစ်တဲ့ အမျိုးသားယဉ်
ကျေးမှုကို ပြန် ပြီး ထိန်းသိန်းစေ ချင်တဲ့ ဆန္ဒ နဲ့ရှေးမြန်တွေရဲ့ သစ္စာကြီးမှုတွေ ရိုးသား မြင့်မြတ်မှုတွေကို ပုဂံမှာ ပြန် မြင်နေရ ပါ ပကော မသက် ဇင် ရေ။

တားမြစ် ထားသော... said...

ကျန်ကျောင်းနှင့်ကလေးငယ်။
ဘိုးဘေးဘီဘင်နှင့် အမျိုးသားရေးသူရဲကောင်းများ။
လူလတ်တန်းအရွယ် (အားအင် အပြည့်ဖြိုးဆုံးအရွယ်) ချစ်သူနှစ်ဦး။

ဆက်လက်လို့ ရှုစားချင်သေးပါကြောင်း။

သုခမိန်(E-Journal)

MrDBA said...

သမိုင်းနဲ့ပါတ်သက်သော ဗဟုသုတများ အမြဲလာဖတ်နေပါကြောင်း။ ကောင်း၍ ကြိုက်သောကြောင့် အထွေအထူး မပြောတော့ပါကြောင်း။ နှုတ်မဆက်မိသော်လည်း အမြဲဖတ်ကြောင်း။

အလှတရား said...

ထပ်ရောက်ပါတယ်။
ကိုယ်ရောစိတ်ပါချမ်းမြေ့ပါစေ။

မြတ်သွယ် said...

စာလာဖတ်သွားပါတယ် အစ်မသက်ဇင်း)

kabrmakyay said...

ကမ္ဘာမကြေ “မဲဆွယ်ခြင်း”
ခုတလော လုံ့လကောင်းနေလို့ အမရေ

သစ္စာ said...

ဒီ ခေတ် ဒီ စနစ်ကြီး ထဲက ဆယ်ကျော် သက် လူငယ် က လေး တွေ နဲ့--ဆယ်နှစ် ဝန်းကျင် ကလေး တွေ ဟာ အ နာဂတ် တိုင်း ပြည် အတွက် အမျိုး သား ရေး စိတ် ဓါတ် တွေ--အမျိုးသား ယဉ်ကျေးမှု တွေကို--ရှေး ဘိုးဘေး ဘီဘင် တွေ လို မျိုးချစ် စိတ် အပြည့် နဲ့ ဆက်လက် ထိမ်း သိမ်း နိုင်ပါ့ မလား ဗျာ-

ကောင်းလိုက်တာ
အမှန်တွေ

ss said...

လာရောက် ဖတ်ရူသွားပါတယ် အစ်မ။

မဆုမွန် said...

အစ်မ မသက်ဇင်ရေ စာလာဖတ်ပါတယ်..ကျွန်မသွေးများ ပူနွေး ဆူပွက်လာသကဲ့သို့ ခံစားရတယ်ဆိုတဲ့ အဆုံးပိုင်းမှာ ကြက်သီးထမိတယ်...

ဖိုးစိန် said...

နောက်တစ်ခေါက်လာမွှေဖတ်ပါတယ်အမရေ..
နေကောင်းတယ်ဟုတ်လားဗျ..
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ
ခင်မင်လေးစားတဲ့
ဖိုးစိန်

julyblog@gmail.com said...

nay Kaung Lar....
good tal

kiki said...

ချိုမြိန်ဖွယ်ရာ နောက်ထပ် ပျားရည်စက်များကို သောက်သုံးရန် စောင့်မျှော်နေပါတယ် မမသက်ဇင်ရေ....

ထင်လင်းအောင် said...

အဆက်လေးတွေလာဖတ်ပါတယ်....အမ

မိုးတိမ်ညို said...

အစ်မသက်ဇင်ရေ ဆက်ပါဦးဗျ။

ကလူသစ် said...

ခဏခဏ လာလည်တာကျေးဇူးပါဗျာ။ ကလူသစ်ဘလော့ဂ်က ပထမဆုံးပို့စ်ကတော့ ဘယ်တော့မှ ပြောင်းမှာမဟုတ်ပါဘူး။ ပို့အသစ်က ဒုတိယမြောက်ပို့စ်ကနေ စပါတယ်ဗျာ။ :)

နေ့အိပ်မက် said...

မမရေ... ကျန်စစ်သားမသိတာ.. ကလေးတွေရဲ့အလွန်လည်းဖြစ်သလို.. မြန်မာပြည်ရဲ့ ရုပ်သံဖျော်ဖြေမှုအားနည်းတာကြောင့်လည်း ပါမယ်ထင်ပါတယ်.... သူများနိုင်ငံတွေက ရုပ်မြင်သံကြားနဲ့ နိုင်ငံ့အကြောင်းအလှချည်းပဲ ပြနိုင်တယ်လေ.... နေ့အိပ်မက်လည်း ဒီကိစ္စကိုစိတ်ပူပါတယ်... ဒါပေမဲ့ ကျန်စစ်သားမသိတဲ့ ကလေးတွေထက်... ကျန်စစ်သားဘာတွေလုပ်ပေးခဲ့လဲမသိတဲ့ လူကြီးတချို့ကို မြင်ရတာ ပိုစိတ်မောပါတယ်....

ဒီကိစ္စမျိုးကိုဖြေရှင်းဖို့က လူငယ်တွေရော၊ ကလေးတွေရော၊ သူတို့တွေကို အသိလက်ဆင့်ကမ်းပေးတဲ့ လူကြီးတွေရော အားလုံးမှာတာဝန်ရှိတယ်ထင်ပါတယ်... ခုခေတ်လူကြီးတွေက ကလေးတွေကို ကျန်စစ်သားအကြောင်းပြောပြရမှာထက် ကိုရီးယားကားတူတူကြည့်ဖို့ပဲ စိတ်ဝင်စားနေကြတာကိုး... :(

kabrmakyay said...

မင်္ဂလာပါအမ
မြိတ်ကျွန်းစုနှင့်ပါတ်သက်လို့ ဆလုံလူမျိုးအကြောင်း ရေးရာမှာပါခဲ့တဲ့ “သံပချုပ်”ဟုခေါ်သော ရေအောက်ကျမ်းပြင်မှ သက်ရှိသတ္တ၀ါတမျိုးအကြောင်း ပါသည်ကို စာဖတ်သူအချို့က စိတ်ဝင်စား ပြီး
မေးမြန်းသည်များရှိပါသည်။
မေးလာသည်များကိုဖြေကြားလက်စ နှင့် သံပခြုပ် အကြောင်း မှတ်စုများပြန်ရှာထုတ်ကာ ပို့စ်တခုအဖြစ်သီးခြား
ထပ်တင် ပေးထားပါသည်။
အမစိတ်ဝင်စားမယ်ထင်လို့ ရီပို့လာလုပ်ကြောင်းပါ။

kbk

ရွှင်လန်းချမ်းမြေ့ပါစေ

may said...

မမရေ..

ပြန်ခါနီးမှာစာတွေ အားပါးတရဖတ်သွားတယ်.
စာရေးကောင်းပြီး ဗဟုသုတတွေအများကြီးပေးတဲ့
အတွက်မေ့နိုင်မယ်မထင်တော့ဘူး.
အဝေးတစ်နေရာကနေ စာကောင်းလေးတွေဖတ်ရင်း သတိရနေမယ်နော်.

အိပ်မက်နိဒါန်း

mm thinker said...

Context ကို အထက်မှာ တော်တော် ဆွေးနွေးထားကြတဲ့အတွက် ဆက် မဆွေးနွေးတော့ပါ။

ရေးဟန်မှာ ဆိုဖီရဲ့ကမ္ဘာဆိုတဲ့ ဂျို့စတိန်း ဂါဒါရဲ့ စာအုပ်ကို သတိရပါတယ်။

ကောင်းပါတယ်။ အားပေးနေတယ်။

သင်ကာ

ဆန်းဝင်း said...

အစ်မ မသက်ဇင်..
ဆွယ်တော်လေးဆူး လိုက်မပို့ဘူးလား..
ဆွယ်တော်လေးဆူ မနက်ပိုင်း အတွင် ဖူးရင် ဆုတောင်းပြည့်တယ်။
ရွှေစည်းခုံ
တူရွှင်းတောင်.
လောကနန္ဒာ
တန့်ကြည့်တောင် - ဖူးဖြစ်အောင်ဖူးနော် .. ကင်မရာမင်း ကို လိုက်ပို့ခိုင်းပေါ့။

ကိုရင်နော်ခင်လေးငယ် said...

အစ်မရေ...
မကြီးအိန္ဒြာ ပြောသလို သမိုင်းကို..သမိုင်းလိုဖတ်နေစရာမလိုပဲ..
ပေါ့ပေါ့ပါးပါး... စိတ်ထဲရောက်အောင် ထည့်ပေးတဲ့ စာအုပ်လိုမျိုးလေး သိမ်းထားချင်တယ်..

လုံးချင်းစာအုပ် ထုတ်နော်.. အားပေးမယ်..

စကားမစပ်.. ချစ်ခင်ရင်းနှီးစွာ Tag ထားသေးတယ်.. အားရင်ရေးပေးပါနော်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်

ကိုရင်နော်ခင်လေးငယ်

Mr.Zaw Min Aung said...

လူငယ်ယဉ်ကျေးမှူ နေနဲ့ကတော့ နိုက်ကလပ်မှာ အဲ့ဒီလိုဖြစ်နေတာ တော့ကြာပါပြီ။ ဒါပေမယ့် ခေတ်နောက်ကြတယ်ခေါ်မလားပဲ အဲ့ဒီကိုတခါမှမရောပ်ဖူးဘူး ။ဒါလဲ ပဲမျိုးရိုး အမွေ အနှစ် နဲ့ လူမျိုး ဂုဏ်ကိုထိမ်းသိမ်းတယ်လို့ခေါ် နိုင်မလားအမ ။

စဉ်းစားရင်း ဖြင့်
မောင်ဇော်မင်းအောင်

အရုပ်ကလေး said...

ရေးသားထားတာလေးကို ဖတ်ရင်း အသိပညာတိုးသလို
စကားလုံး သုံးထားတဲ့ တစ်ချို့နေရာလေးတွေမှာ
စကားလုံး သိပ်သည်းမှုလေးတွေ လှတယ် ..။

စာဖတ်ရတဲ့ အနှစ်သာရအတွက် ရရှိခံစားရတဲ့ ဗဟုသုတလေးက တန်ဘိုးရှိလှပါတယ် ..။

ဆက်လက်လို့ ဖေါ်ဆောင်မယ့် ပို့စ်လေးတွေကို အားပေးနေမယ် အစ်မ ..။

December Cinderella said...

မသက်

လုံးချင်းဖတ်ချင်တယ် .. (အားမရလို့)

ခင်တဲ့
မဆင့်

နေဒေးသစ် said...

တကယ်ပဲ ခုခေတ်လူငယ်တွေ ကျန်စစ်သားကို မသိကြတော့ဘူးလား .... အနော်ရထာကို မေ့နေကြပြီလား အလောင်းမင်းတရားကို သတိမရကြတော့ဘူးလား ... မပြောတော့ပါဘူးလေ ... ပြောရင် နိုင်ငံရေးတွေ နွယ်ကုန်ပါ့မယ် :D ဓာတ်ပုံတွေကို ကြည့်ပြီး ရင်လေး မိပါတယ် တကယ် ...

-----ဧဏီမင်း said...

မရေ...လာလည်တယ်ဗျနော်.. ဂျပန်ဓာတ်ပုံဆရာက ဘာရည်ရွယ်ချက်နဲ့ရိုက်တယ်ဆိုတာ မသိရပေမဲ့ ပုံတွေကိုကြည့်ရတာ အနည်းဆုံး ၇.နှစ် ၈.နှစ်လောက်ရှိပြီထင်တယ်နော်.. အဲဒီအချိန်တုန်းကတောင် ဒီလိုဖြစ်နေယင် ခုနေများ ဘယ်လိုနေမလဲ..ကျနော်တော့ မတွေးရပေါင်ဗျာ...
ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ..လို့ပဲ မေးချင်တော့တယ်..

Canada Myanmar Group said...

သင်္ကြန်မှာ ဘာ အထူး လေးတွေရးဦးမလဲ လို့ လာ ရင်း ဓါတ်ပုံ လေးတွေ စိတ်ဝင်စားတာ နဲ့ ...ဟီး....

Nyi Nyi Myanmar said...

ဓာတ်ပုံလဲတာ တော်တော်ကြာတာပဲနော် :(

Nyi Nyi Aung said...

ပေါ်တူဂီ လူမျိုး ဖိလစ် ဒီဘရစ်တို ခေါ် ငဇင်ကာ ဟာ ၁၅၉၀ ခုနှစ် --- Please correct the Year as 1509. Thanks

TTT said...

ငဇင်ကာ
ငဇင်ကာ ဟူသည်၊ ဒီဘရီတို (Filip de Brito Nicote) ပင် ဖြစ်သည်ဟူသော အများ အယူအဆ မှားလေဟန်၊ မန္တလေး ပိဋကတ်တော် ပြန့်ပွားရေး ပုံနှိပ်တိုက်မှ၊ (၁၉၅၃ တွင်) မန္တလေး တက္ကသိုလ် သုတေသန အဖွဲ့ စာစဉ် (၂) အဖြစ်ဖြင့် ပုံနှိပ် ထုတ်ဝေသော၊ ပါမောက္ခ ဦးချမ်းမြ တည်းဖြတ်သည့် တောင်ငူဘုရင် နတ်ရှင်နောင်ဆိုရတုများ စာအုပ်၊ နိဒါန်း စာမျက်နှာ ၂၆ မှ ၂၈ ထိ 'ကုလား ငဇင်ကာ' ဟူသော စာပိုဒ်၌၊ ရေးသား ပါရှိသည်။ ဦးချမ်းမြပင်၊ ၁၉၃၉ ခုနှစ်က မြန်မာနိုင်ငံ သုတေသန အသင်း အတွက်၊ အဆိုပါ ရတုများကို တည်းဖြတ် ပေးခဲ့စဉ် ကလည်း၊ အထက်ပါ အယူအဆကို နိဒါန်း၌ တင်ပြ ခဲ့သည်ဟု ထင်ပါသည်။ ဦးချမ်းမြသည် ရန်ကုန် သူရိယတိုက်မှ ၁၉၁၈ ခု ပုံနှိပ်သည့်၊ ဘုရင်ဂျီ ဘုန်းတော်ကြီး ဒေါင်ဘီနာရှူနှင့် အခွန်ဝန် သီရိဇေတရတ်ကျော်တို့ ဘာသာပြန်သော ပေါတုဂီ ရာဇဝင်ကို ကိုးကားလျက်၊ ငဇင်ကာ ဟူသော အမည်သည် မူရင်း ဇွင်ကာကူမှ ဖြစ်ပေါ်လာသော အမည်ဖြစ်၍၊ ဒီဘရီတို ဆိုသူနှင့် မဆိုင်ဟု ရေးသားခြင်း ဖြစ်သည်။