Friday, November 28, 2008

မွန် မြန်မာ ရှမ်း လူမျိုးများ ၏ ဖိုခနောက်ဆိုင် ယှဉ်ပြိုင် အားထုတ်မှု

စကားချပ်
( တရုတ်ပြည် ယူနန်နယ်ရှိ နန်ချိုရှမ်းတို့ ၏ နန်ချို နိုင်ငံကြီး အား မောင်းဂွတ် ဧကရာဇ် ဘုရင် ကုဗလေခန် က ဝင် ရောက် တိုက်ခိုက် သိမ်းပိုက် လိုက် သဖြင့် နန်ချို နိုင်ငံကြီး ပျက်စီး ၍ နန်ချို ယိုးဒယားရှမ်း လူမျိုးများ အင်ဒိုချိုင်း နား ကျွန်းဆွယ်သို့ ဝင်ရောက်ကြသော သက္ကရာဇ် ၁၃၅၀ ခုနှစ် တွင် အာယုဒ္ဓိယမြို့တော်ကို ဗဟိုပြု ၍ မဲနန်မြစ် ဝှမ်း ဒေသ တဝိုက်တွင် ယိုးဒယား နိုင်ငံအား ထူထောင် လိုက်ကြသည့် အခါ မြန်မာ နိုင်ငံ အတွင်းရှိ မွန်နယ်များ အထူးသဖြင့် တနသ်ာရီ ကမ်းရိုးတန်း ဒေသတဝိုက်ရှိ မုတ္တမနှင့် မော်လမြိုင် တို့သည် ယိုးဒယားဘုရင် များအား မိမိတို့ ၏ အကြီးအကဲ များ အဖြစ်ဖြင့် နှစ်စဉ် နှစ် တိုင်း လက်ဆောင် ပဏာများ ဆက်သွင်းပုံ တနသ်ာရီသည် ယိုးဒယားနိုင်ငံ အတွင်း တွင် ပြည်နယ် တနယ် အဖြစ် ပါဝင်လျက် ရှိကြောင်း ယိုးဒယား ရာဇဝင် ဟောင်းများ တွင် ရေးသား ဖေါ်ပြ ချက်နှင့် ပတ်သက်၍ လေးလေး နက်နက် ထည့် သွင်း စဉ်းစားရန်ရှိသည်။ )

မြန်မာ နှင့် ယိုးဒယား တို့သည် မြန်မာဘုရင်များ နှင့် သမိုင်း တလျှောက်လုံးလိုလို စစ်မက် တိုက်ခိုက် ခဲ့ ဋ္ဌကသည်။ အဘယ့် ကြောင့် ဆိုသော် ကမ္ဘောဒီးယား (မွန်ခမာလူမျိုး ) များ၏ အရိုက်အရာကို ဆက်ခံခြင်း ပြုသည် ဟု မိမိတို့ ဘာသာ မိမိတို့ ယူဆဟန် ရှိ သော ယိုးဒယားရှမ်း များက တနသ်ာရီ ကမ်းရိုးတန်း အထူး သဖြင့် မုတ္တမ ၊ မော်လမြိုင် ၊ ရေး၊ မြိတ်၊ ထားဝယ် ဒေသ များ ကို မြန်မာနိုင်ငံမှ ပြန်လည် ဖဲ့ယူရန် ကြိုးပမ်း သော ကြောင့် ဖြစ်သည်။

မွန် ရာဇဝင် ဟောင်းများ တွင် ယိုးဒယား ဘက်ရှိ ယိုးဒယား လူမျိုး အကြီးအကဲ တဦး ဖြစ် သူ ဝါရီရူ သည် ပုဂံ မင်း ဆက် ဘုရင်များ တန်ခိုး အာဏာ လျော့ပါး မှေးမှိန်ကာ မြန်မာ နိုင်ငံ တောင်ဘက် တလွှားတွင် ကစင့် ကလျား ဖြစ်နေချိန် လောက် က ပင် မုတ္တမ ကို အချေပြု ၍ တနသ်ာရီ ကမ်းရိုးတန်း ဒေသ တဝိုက် ကို စတင် သိမ်း ပိုက်ခြင်း ပြုကြောင်း ဖြင့် ရေးသား ဖေါ် ပြ ကြသည်။ ဝါ ရီရူသည် မုတ္တမ ကို အချေပြုပြီး နောက် ပဲခူးတွင် သီးခြား မင်း ပြုလျက် ရှိသော မြန် မာ ဘုရင်ခံ တရဖျား ကို တိုက်ခိုက် အောင်နိုင် လိုက်ကြောင်း ရေး သား ဖေါ် ပြ ထား သည်။

ဆက်လက်၍ ယိုးဒယား နှင့် မွန်သွေး ရောသွားကြသည့် ဝါရီရူမင်း ခြောက်ဆက်မြောက် မျှ မုတ္တမတွင် စိုးစံ ကြ ပြီးနောက် ဗညားဦး လက်ထက် တွင် ဟံသာဝတီ ကို ဗဟိုပြုပြီး လျှင် မွန်လူမျိုးများ၏ ဒေသဖြစ်သော မြန်မာ နိုင်ငံ တောင်ဘက် တလွှား ကို သိမ်းသွင်း စည်းလုံးလျက် ထင်ရှားကြီး ကျယ်လှသည့် ရာမည တိုင်းကြီးကို ထူ ထောင် ကြောင်းဖြင့် မွန်ရာဇဝင် များတွင် တခမ်းတနား ရေးသား ဖေါ်ပြကြသည်။

ယင်း ကဲ့ သို့ မွန်ရာဇဝင်များ ၏ ရေးသား ဖေါ်ပြ ချက် တို့ ကို လေ့လာ သောအခါ ပုဂံ မင်း ဆက် တို့ အင်အားလျော့ ပါး ချိန်တွင် မွန်လူမျိုးများ နှင့် ၄င်းတို့ ၏ အကြီး အကဲများ သည် ယိုးဒယား ဘက် ရှိ သောက္ကတဲ ပြည်နယ် မှ ယိုးဒယားမင်းများ ၏ အကူ အညီ ဖြင့် မြန်မာဘုရင် များ တို့၏ လက်အောက်ခံ ဘဝမှ ရုန်းကန် လွတ် မြောက် ကြ ပြီးလျင် ဝါရီရူ မင်းဆက် ခုနှစ်ဆက် ရာဇဓိရာဇ် ဘုရင် လက် ထက် တွင် ဟံသာဝတီ ကို ဗဟိုပြုလျက် မြန်မာ နိုင်ငံ တောင် ဘက် တခု လုံး ကို ရာမည တိုင်း တလိုင်း သုံးရပ် ၃၂ မြို့ စသည်ဖြင့် ဖွဲ့စည်း ထူ ထောင် နိုင် ခဲ့ ကြောင်း တွေ့ရှိရ သည်။

( ထို အချိန် လောက်မှ အ စပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှား ၊ အထူး သဖြင့်တ နသ်ာရီကမ်း ရိုး တန်း ဒေသ ရှိ မွန်လူမျိုးများ နှင့် အကြီး အကဲများ ပေါ်တွင် ယိုးဒယား ဘက်ရှိ ယိုး ဒယား ပဒေသရာဇ်ဘုရင်များ၏ သြဇာ နှင့် နိုင်ငံရေး လွှမ်းမိုးမှုသည် အစပြိုးခဲ့ သည်ဟု ယူ ဆ ရန်ရှိသည်။ )

ဗညားဦး ၁၃၅၄ မှ ၁၃၈၅ ထိ ဟံသာ ၀တီ ကို အချက်အခြာပြုပြီး မြန်မာနိုင်ငံ တောင်ဘက် တစ်လွှားရှိ မွန်ဒေသများ ကို စတင် စည်းလုံး သိမ်းသွင်းခြင်း ပြုသော အချိန်နှင့် သတိုးမင်းဖျား ၁၃၆၅ မှ ၁၃၆၈ ထိ အင်းဝကို အချက် အခြာပြုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မြန်မာ ဒေ သ များကို စည်းလုံး သိမ်းသွင်းသော အချိန်များသည် တစ်ချိန်တည်း တစ်ခေတ်တည်း ခေတ်ပြိုင် ဖြစ် သည်။

ဗညားဦး သည် ဟံသာဝတီကို သက္ကရာဇ် ၁၃၅၃ ခုနှစ်တွင် တည်ထောင်ပြီး သတိုး မင်း ဖျား သည် သက္ကရာဇ် ၁၃၆၅ ခုနှစ်ခန့် တွင် တည်ထောင်သည်။ ဟံသာဝတီကို တည်ထောင်ပြီး မွန်ဒေသများကို ဗညားဦး စည်းလုံး သိမ်းသွင်းခြင်း မပြုမီ ယိုးဒယား နှင့် မွန် သွေး ရောသည်ဟု ယုံကြည်ရသော ၀ါရီရူမင်း ခြောက် ဆက် မုတ္တမ တွင် နှစ်ပေါင်း ၇၀ သာသာမျှ စိုးစံခဲ့ကြသည့် နည်းတူ အင်းဝ ကို တည်ထောင်ပြီး မြန်မာဒေသများကို သတိုး မင်း ဖျား စည်းလုံး သိမ်းသွင်းခြင်း မပြုမီ ရှမ်းမြန်မာ သွေးနှောသော မင်းဆက်များသည် ပင်းယနှင့် စစ်ကိုင်းတို့ တွင် နှစ်ပေါင်း ၇၀ နီးပါးမျှ ခန့် စိုးစံခဲ့ကြသည်။
ဟံသာဝတီကို တည်ထောင်သော ဗညားဦးမှ စပြီး ဆက်လက် စိုးစံကြ သော မင်းဆက် များသည် ယိုးဒယား ရှမ်းသွေး ကင်းစင် သည်ဟု မဆိုနိုင်သည့် တိုင်အောင် မွန်ဘွဲ့ မွန်အ မည်နှင့် မွန်အခမ်းအနား အဆောင် အယောင်များ ကို ခံယူကာ မွန်မင်းများ ဖြစ်လာ ကြသည်ကို တွေ့ရှိရသည်။ ထို့ အတူ အင်းဝကို တည်ထောင်သော သတိုးမင်းဖျား မှ စပြီး ဆက်လက် စိုးစံကြသော မင်းဆက်များသည် ရှမ်းသွေး မ ကင်း စင်သည့်တိုင်အောင် မြန်မာဘွဲ့  မြန်မာအမည်နှင့် မြန်မာ အဆောင်အယောင် များ ခံယူ ကာ မြန်မာမင်းများ ဖြစ်လာကြသည်ကို လည်း တွေ့ရှိရသည်။

အင်းဝတွင် သတိုးမင်းဖျားမှ အစပြုပြီး မွန် ရှမ်းများ အပါအ၀င် စစ်ကိုင်းစည်သူကျော်ထင် နရ ပတိ အထိ မင်း ၁ရ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါး ခန့်မျှ စိုးစံခဲ့ကြ သကဲ့သို့ ဟံသာဝတီ တွင်လည်း ဗညားဦးမှ အစပြုပြီး သုရှင် ဒ ကာ ရွတ်ပိ အထိမင်းဆက် ၁၁ ဆက်သည် နှစ်ပေါင်း ၂၀၀ နီးပါးခန့်မျှ ထီးပြိုင်နန်းပြိုင် စိုးစံခဲ့ကြသည်။ အင်းဝမင်း ဆက်ဘုရင်များသည် မြောက်ဘက်တွင် မုံ ရွာနှင့် ရွှေဘိုခရိုင်များမှ ဧရာဝတီ မြစ်ဝှမ်းတစ်လျှောက် ပြည်ခရိုင်ထိ စည်းလုံးသိမ်းသွင်းခြင်း ပြု နိုင်ခဲ့ကြသည်။ အင်အား ကြီးမားသော မင်းဆက် များ လက်ထက်တွင် မောရှမ်းများ နှင့်ရခိုင် ကမ်းရိုးတန်း ဒေသများ အပေါ်တွင် သြဇာ ညောင်းခဲ့သည်ကို လည်း တွေ့ရှိ ရသည် ထို့ အတူ ဟံသာဝတီ မင်းဆက် ဘုရင် များသည် ပြည်နှင့် တောင်ငူ တောင် ဘက် ဒေသ တစ်လွှားကို စည်းလုံး သိမ်းသွင်း နိုင်ခဲ့ကြ သည်။

အင်အား ကြီးမားသော ရာဇဓိရာဇ် လက်ထက်တွင် ရခိုင် ကမ်းရိုးတန်း ဒေသအပေါ်တွင် သြဇာ ညောင်း ခဲ့သည် ကို လည်း တွေ့ရသည် ၁၄ ရာစု ကျော်ခန့်မှအစပြုပြီး ၁၆ ရာစု ကျော် ခန့် ထိ နှစ်ပေါင်း၂၀၀ နီးပါးခန့်မျှ အင်းဝ နှင့် ဟံသာဝတီမင်း ဆက်ဘုရင်များသည် မြန်မာနိုင်ငံ တွင်ထီးပြိုင် နန်းပြိုင် စိုးစံခဲ့ကြသည်။ ယင်းဘုရင်များ အနက် အင်းဝတွင် မင်းကြီးစွာ စော်ကဲ ၊ မင်းခေါင် နှင့် သိုဟန်ဘွား တို့သည်၎င်း ၊ ဟံသာဝတီတွင် ရာဇဓိရာဇ် ၊ ရှင်စောပု နှင့် ဓမ္မစေတီမင်း တို့သည် အထင်ရှားဆုံးသော ဘုရင်များဖြစ်ကြသည်။

မွန် ရာဇ၀င် နှင့် မြန်မာရာဇ၀င်ဟောင်း များတွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲနှင့် မင်းခေါင် တို့ သည် ဟံသာ ၀တီ ရာဇဓိရာဇ်နှင့် နှစ်ပေါင်း ၄၀ ကြာမျှ စစ်မက် တိုက်ခိုက် ခဲ့ကြသည်။ အင်းဝ မှ မောရှမ်းသိုဟန်ဘွားမူကား ဗုဒ္ဓသာသနာ နှင့် ပြည်သူတို့ ကို များစွာ ညှင်းပန်း နှိပ်စက်သော မင်းဆိုး မင်းညစ် အဖြစ်ဖြင့်မြန်မာ ရာဇ၀င်များ တွင် ရေးသား ဖော်ပြကြသည်။ ရာဇဓိရာဇ် နောက် ဟံသာဝတီတွင် ဆက်လက်စိုးစံကြသော ဘုရင်မကြီး ရှင် စောပုနှင့် ဓမ္မစေတီမင်းတို့ နန်းသက်များအတွင်း ရာမညတိုင်းကြီး တစ်ခုလုံးသည် ငြိမ်းချမ်းသာယာလျှက် နိုင်ငံ ရေး စီးပွားရေး အုပ်ချုပ်ရေးနှင့် ယဉ်ကျေးမှုများ အဖက်ဖက်တို့ တွင် များစွာ တိုးတက်လျှက် ရှိကြောင်းဖြင့် မွန် ရာဇ၀င်များတွင် လွမ်းဆွတ်ဖွယ်ရာ ဖွဲ့နွဲ့ ရေးသား ဖော်ပြကြသည်။

ပထမ မြန်မာနိုင်ငံ ၁၀၅၀ မှ ၁၃၀၀ ခန့်အထိ ပျက်စီး သွားခဲ့ပြီး နောက် ဒုတိယ မြန်မာနိုင်ငံ အားပြန်လည် ထူ ထောင် ခြင်း မပြုနိုင်မီ ကြားကာလ မြန်မာနိုင်ငံ ၏ သမိုင်း ကို စူးစမ်း လေ့လာသော အခါ ၊ ထိုကာလ တွင် မြန်မာ နိုင်ငံတွင် အင်အား ကြီးမားသော ဟံသာဝတီ နှင့် အင်းဝ မင်းဆက် ဘုရင်များ ၏ ပဋိပက္ခ ပေါ် တွင် အခြေခံ ကြောင်း အထင်အရှား တွေ့ရှိရသည်။

ထိုကြား ကာလ အတွင်း မွန်နှင့် ရခိုင် ၊ မြန်မာနှင့် ရခိုင် ၊ မြန်မာနှင့် ရှမ်း ၊ မွန် နှင့် ရှမ်းတို့ ၏ အကြားတွင် ဖြစ်ပွား ပေါ်ပေါက်ခဲ့ကြသော ပဋိပက္ခ များသည် အင်းဝ နှင့် ဟံသာဝတီ တို့အကြား တွင် ဖြစ်ပွားသည့် ပဋိပက္ခ ဖြစ်ကြောင်း ကို လည်း တွေ့ရှိရ သည်။

ဟံသာဝတီ နှင့် အင်းဝဘုရင် မင်းဆက် များ သည် တစ်ဦး ကို တစ်ဦး က လွှမ်းမိုး အောင် နိုင်ရေး အတွက် ထိုအချိန်က တသီး တခြား တည်ရှိ နေခဲ့ သည့် ရခိုင် ကမ်းရိုးတန်းဒေ သ နှင့် မြောက်ဘက် မောရှမ်းဒေသများကို နှစ်ဦး နှစ်ဘက်စလုံး က မိမိတို့ ဘက်သို့ ပါဝင် လာ အောင် အနုနည်း အကြမ်းနည်း နှစ်မျိုးစလုံးဖြင့် ၀င်ရောက် စွက်ဖက်ခြင်းများ ပြုခဲ့ကြသည်။
မြန်မာရာဇ၀င် များ တွင် အင်းဝဘုရင် မင်းကြီးစွာစော်ကဲ နှင့် သားတော် မင်းခေါင်တို့ နန်းသက်များ အတွင်း ရခိုင်နှင့် မောရှမ်း ပြည် နယ် များ အရေး တွင် အကြိမ်ကြိမ် ၀င်ရောက် စွက်ဖက်သော အရေးအခင်းနှင့် အဖြစ်အပျက်များကို ရေး သား ဖော်ပြကြသည်။

ထို့ အတူ ဟံသာဝတီဘုရင် ရာဇဓိရာဇ်၏ နန်းသက်အတွင်း ရခိုင်နှင့် သိန္နီပြည်နယ်များ အရေး အခင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း များကိုလည်းတွေ့ရှိရသည်။ သို့ ရာတွင် အင်းဝနှင့်ဟံသာဝတီမင်း ဆက် ဘုရင် များသည် ယင်းဒေသများ၏ အရေး တွင် ၀င်ရောက် စွက်ဖက်ခြင်း ပြုနိုင်ရုံမှ တပါး စည်းလုံး သိမ်း သွင်း ခြင်း မပြုနိုင်ခဲ့ကြချေ။ ရခိုင်သည်၎င်း မောရှမ်းပြည်နယ်များသည်၎င်း အင်းဝနှင့် ဟံသာဝတီ မင်းဆက် ဘုရင် များ ၏ လွှမ်းမိုးမှု အောက်မှ သီးခြား ကင်းလွတ် လျက်ရှိ နေခဲ့ကြသည်။

အင်းဝနှင့် ဟံသာဝတီတို့ သည် တစ်ဦး ကို တစ်ဦး လွှမ်းမိုး အောင်နိုင်ရေးအတွက် ကြိုးပမ်းအား ထုတ်လျက် ရှိကြ စဉ် မြောက် ဘက် တစ် လွှား ရှိ မောရှမ်းများသည် အခါအခွင့်သင့်သော အခါတိုင်း တရုတ်ပြည် ယူနန် နယ် ကို ၄င်း။ အင်းဝကို ဗဟို ပြု သော မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ကို၎င်း။ မကြာ ခဏ ၀င် ရောက် တိုက်ခိုက်ရန် စမ်းသပ် ကြိုးပမ်းခြင်း များပြုလုပ် ခဲ့ကြသည်။
မြန်မာရာဇ၀င်များတွင် အင်းဝ မင်းဆက် ဘုရင် မင်းကြီးစွာ စော် ကဲ နှင့် သားတော်မင်းခေါင် ဘုရင်တို့ နန်း သက် များ အတွင်း မိုးညှင်း ကုန်းဘောင် နှင့် သိန္နီစော်ဘွား တို့သည် ကြိမ်ဖန် များ စွာ ၀င် ရောက် တိုက် ခိုက်ကြ သဖြင့် အင်အားကြီးမားသော ရှမ်းတပ်ကြီးများကို ရမည်း သင်းစား သီလ၀နှင့် ငယ်ရွယ် ရဲ့ရင့်သော မင်းရဲကျော်စွာတို့က ရွပ်ရွပ် ချွန်ချွန် တွန်းလှန် တိုက်ခိုက်ပြီး အောင် နိုင် ကြောင်း ဖြင့် တခမ်းတနား ရေးသား ဖော်ပြကြသည်။

အင်းဝမင်း ဆက် ဘုရင်များ ၏ အင်အား လျော့ပါး သည့် သက္ကရာဇ် ၁၅၂၇ ခုနှစ်တွင် မိုးညှင်းစလုံ နှင့် သားတော် သို ဟန် ဘွား တို့ ခေါင်းဆောင်သော မောရှမ်းများသည် အင်းဝကို ၀င်ရောက် တိုက်ခိုက်ခြင်း ပြုသည်။ မြန်မာ ရာဇ၀င်များတွင် အင်းဝ ဘုရင်ရွှေနန်းကြော့ရှင် နရပတိသည် ယင်း တိုက်ပွဲတွင် အမြောက်ဆံ ထိပြီး ကျဆုံး ကြောင်း ဖေါ်ပြကြသည်။
မိုးညှင်းစလုံသည် ရွှေနန်းကြော့ရှင်၏ တူတော် မင်းဋ္ဌကီးရန်နောင်၏ အကူအညီဖြင့် ၄င်း၏ သား တော် သိုဟန်ဘွားကို အင်းဝတွင် နန်းတင်ပြီး မိုးညှင်းသို့ပြန် သွား ဋ္ဌေကာင်းဖြင့်ရေးသား ဖော်ပြ ဋ္ဌက သည်။ အင်းဝကို သိမ်းပိုက် စိုး စံ သောမောရှမ်းများသည် ယခင် အင်းဝမင်းဆက် ဘုရင်များကဲ့သို့ မဟုတ်ပဲ ဗုဒ္ဓ ဘာ သာ နှင့် ပြည်သူ လူထုများကို ညှင်းပန်းနှိပ်စက်ခြင်းပြုသဖြင့် သိုဟန်ဘွား၏ ဒဏ်ကို မခံနိုင်သော
မြန်မာ လူမျိုး အမြောက်အမြားသည် စစ်တောင်း မြစ်ဝှမ်းဘက်ရှိ တောင်ငူနယ်သို့ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ ထွက်ပြေး ဋ္ဌက ဋ္ဌေကာင်း ရေးသား ဖော်ပြ ဋ္ဌကသည်။

တောင်ငူနယ်သည် ဟံသာဝတီနှင့် အင်းဝတို့၏ အကြားတွင်
မြန်မာလူမျိုးများ၏ ခိုလှုံစုဝေးရာခြေခံဒေသ ကြီး ဖြစ်မှန်းမသိဖြစ်လာသည်။ အင်းဝနှင့် ဟံသာဝတီ မင်းဆက်များ၏ ပဋိပက္ခ အကြားတွင် နှစ် ပေါင်း ၂၀၀ နီးပါး ခန့်မျှ ကင်းလွတ်ပြီး ငြိမ်းချမ်းနေခဲ့သော တောင်ငူနယ်ရှိ မြန်မာ လူမျိုးများသည် တဖြည်းဖြည်း နှင့်အင်အား ကြီး မားလာကာ ၁၅ ရာစုကုန်ပြီး ၁၆ ရာစု လောက်တွင် တောင်ငူနယ်သည် မောရှမ်းများ စိုးစံလျက်ရှိသော အင်းဝ နှင့် မွန်မင်းဆက်များ စိုးစံလျက်ရှိသော ဟံသာဝတီတို့၏ အကြားတွင် အင်အားကြီးမားကာ သီးခြား ကင်း လွတ် သော မြန်မာဒေသကြီး တစ်ခု ဖြစ်လာ သည်ကို တွေ့ရှိရသည်။
တောင်ငူနယ်၏ အကြီးအကဲများသည် အင်းဝ မင်း ဆက်ဘုရင်များ၏ သစ္စာတော်ခံမြို့စား နယ်စားများ သာဖြစ်ခဲ့ကြသော်လည်း တောင်ငူနယ်၏ အကြီး အကဲ ဖြစ် သူ မင်းကြီးညို ၁၄၆၈ မှ ၁၅၃၀ လက် ထက် ကျ ရောက် သော အခါ တွင် တောင်ငူနယ်နှင့် မင်းကြီးညို အား အင်း ၀ဘုရင် ရွှေနန်းကြော့ရှင် ကိုယ်တိုင်က သီးခြား အာဏာပိုင်ပြည်နယ် မင်း အဖြစ်ဖြင့် အသိအမှတ် ပြု ကာ မင်း မြောက် တန်ဆာ ငါးပါး နှင့် တူမတော်မင်းလတ် တို့ကို ပေးအပ်ကြောင်းဖြင့် မြန်မာရာဇ၀င်များ တွင် ရေး သား ဖော်ပြ ကြသည်။

ထို့ နောက် ဟံသာဝတီနှင့် တကွ ဇင်းမယ် နှင့်လင်းဇင်းတို့ကပင် အသိ အမှတ်ပြု ခန့်ညား လာရကြောင်းဖြင့် ဆက် လက် ရေးသားဖော်ပြသည် ကိုလည်း တွေ့ရှိရ သည်။ ယင်း သို့ဖြင့် ပထမ မြန်မာနိုင်ငံတော်ကြီး ပျက်စီး သွားခဲ့ ရ ပြီးနောက် ဒုတိယ မြန်မာ နိုင်ငံတော်ကြီး ကို ထူထောင်ခြင်း ပြုအံ့ဆဲဆဲ အချိန်တွင်မြန်မာနိုင်ငံ မြောက် ဘက် တစ် လွှားနှင့် ဧရာဝတီမြစ်ဝှမ်း အလယ်ပိုင်းဒေသများတွင် အင်းဝ ကို ဗဟိုပြုပြီး စိုးစံနေကြသော မောရှမ်း ဘုရင် နှင့် အကြီးအကဲများ။
ပြည် နှင့် တောင်ငူ တောင်ဘက် မြန်မာ နိုင်ငံ တလွှား တွင် ဟံသာဝတီကို ဗဟိုပြုပြီး စိုးစံ နေ ကြသော မွန်မင်းဆက် ဘုရင်နှင့် အကြီးအကဲများ။
မြန်မာ နိုင်ငံအလယ်ပိုင်း စစ်တောင်းမြစ်ဝှမ်း ဒေသ တစ် လျောက် တွင် တောင်ငူကို အချက် အခြာ ပြုပြီး အင်အား စုဆောင်း နေကြသော မြန်မာလူမျိုး အကြီး အကဲ များ နှင့် ခေါင်း ဆောင် များ သည် မြန်မာနိုင်ငံတွင် လူမျိုးကြီးသုံးမျိုး အင်အားစုကြီး သုံးစုအဖြစ် ဖိုခနောက်ဆိုင် တည် ရှိ နေ ကြ သည်ကို တွေ့ရှိရပေသည်။


ကျမ်းကိုး
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
မွန်ရာဇဝင်။ မာဂဒူ အရေးတော်ပုံ
အရေးတော်ပုံ ကျမ်းများ ပြဿနာ။ ရီရီ
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
မိတ်ဆိနာခေတ်ဦးဖုနန်ဖန် ပျူနှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
အရှေ့တောင်အာရှ ရာဇ၀င်၊ ဟော၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)

Friday, November 14, 2008

ရှမ်းလူမျိုးများ လွှမ်း မိုး ကြီး စိုး သော ခေတ်


ပုဂံခေတ် ပထမ မြန်မာနိုင်ငံတော် ပျက်သုဉ်းပြီး နောက် တစ်နယ် တစ်မင်း တစ်တပ် တစ်ဗိုလ် အကွဲ ကွဲ အပြား ပြားဖြစ် ကာ နိုင်ငံရေး စီးပွားရေး အုပ်ချုပ်ရေး ကာကွယ်ရေး နှင့် ယဉ်ကျေးမှု တို့ အဖက်ဖက် တွင် ဆုတ် ယုတ်ပျက်ပြားနေခဲ့ရသည်။ ယင်း ကာလ ကို ဂျီးအီး ဟာဗီနှင့် ပန်း ဟောလ် အစ ရှိသည့် သမိုင်း ပညာရှင်များ က ရှမ်း လူမျိုး များ လွှမ်း မိုး ကြီး စိုး သော ခေတ် ဟု မြန်မာနိုင်ငံ၏ သမိုင်းကို ပိုင်းခြား သတ် မှတ် ခြင်း ပြုကြ သည်။

ရှမ်းလူမျိုး များသည် မြန်မာနိုင်ငံ မြောက်ဘက်နှင့် အရှေ့ဘက် တောင်ကုန်း ဒေသ များ တစ်ဝိုက် တွင် အင်အား တိုးတက် ကြီးမား လာ ရုံမျှ မက မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ များ သို့ ထိုးဖောက် ၀င် ရောက်ကာ ကျောက် ဆည် လယ်တွင်း နယ် များ ကို အခိုင် အမာ အုပ်စီး ထားမိကြသည်။ ပုဂံပြည် ၏ စီးပွားရေး အုပ်ချုပ် ရေး နှင့် ကာ ကွယ် ရေး အင်အား များ ဆုတ်ယုတ် လျက် ပုဂံမင်း ဆက် ဘုရင်များ ၏ တန်ခိုးအာဏာများ လျော့ ပါးစ ပြု နေ သော အ ချိန် လောက် က ပင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ အထူး သဖြင့် ပုဂံမင်းဆက် များ က စဥ့် ကလျား ဖြစ် သွား သည်နှင့် တပြိုက် နက် ကျောက်ဆည်နယ် မှ ရှမ်းလူမျိုး များ သည် မြန်မာနိုင်ငံ တွင် ၄င်းတို့၏ တန်ခိုး အာဏာ နှင့် မင်းဆက် ကို ထူထောင်ခြင်း ပြု ရန်ကြိုးပမ်း အားထုတ်ကြသည်။

ပုဂံမင်း ဆက် ဘုရင် နရသီဟပတေ့ ၏ ကျောက်ဆည် လယ် တွင်း နယ်စား မြို့ စား များ ဖြစ်ကြ သည့် သီဟသူ အသခ်ယာ နှင့် ရာဇသက်ြန် အစရှိ သော ရှမ်း လူမျိုး အကြီးအကဲ ခေါင်းဆောင် ၃ ဦးတို့ သည် အင် အား မရှိ တော့ သော ပုဂံမင်း ဆက် နောက်ဆုံး ဘုရင် ကျော်စွာ ကို နန်းချပြီး နောက် ထင်ရှား ကျော်ကြား သည့် မိဖုရား ကြီး ဖွားစော ကို ပင့်ဆောင် ကာ ပုဂံမင်း ဆက် ဘုရင်များ ၏ နေရာသို့ ၄င်းတို့ ကိုယ် ကို အစား ထိုး ရန် ကြိုး ပမ်း အား ထုတ် ကြောင်းတွေ့ ရှိရသည်။

အင်းဝ ကို မြို့  တော်ပြု ပြီး မုံရွာ နှင့် ရွှေဘို ခရိုင် ထိ လွှမ်းမိုး ကြီးစိုး ခဲ့ ကြ သော ရှမ်း ပဒေသရာဇ် ဘုရင် များ သည် ပုဂံခေတ် မြန်မာ့ ယဉ်ကျေး မှု အစဉ် အလာ နှင့် အ ဆောင် အယောင်များ ကို ဆက်လက် ထိန်းသိမ်း ခြင်းပြုရုံ မျှ သာ မက ၄င်း တို့ ကိုယ် ကို လည်း အင်းဝ ရွှေနန်း ရှင် အဖြစ် ဖြင့် ခံယူ ထင်မြင် စေခဲ့ ကြောင်း ဂျီအီး ဟာ ဗီ ၏ စာအုပ် တွင် ရေးသား ဖော်ပြ ထား သည်။ ပုဂံမင်း ဆက် ဘုရင် များ ၏ မိဖု ရား ဟောင်း များ နှင့် မောင်းမ မိဿသံ များ ကို ရှမ်း ပဒေသရာဇ် ဘုရင် များ နှင့် အကြီး အကဲ များ က သိမ်းပိုက် ယူ ငင်လိုက်ကြ သဖြင့် ၄င်းတို့မှ ဆင်းသက် ပေါက်ဖွားလာ သော ရှမ်း မြန်မာ သွေးနှော သူများ သည် အင်းဝ ကို ဗဟိုပြုပြီး မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ ကို နှစ်ပေါင်း ၂၀၀ ကျော် မျှ စိုးစံခဲ့ကြသည်။

၎င်း အ ပြင် ရှမ်းမြန်မာ သွေးနှော သော အင်းဝ ဘုရင် များ စိုးစံ ခဲ့ကြ သည့် ကာလ သမိုင်း တစ် လျှောက် တွင် မြန် မာ စာပေ သည် သိသိ သာသာ ကြီး ထွန်းကား ဖွံ့ ဖြိုး ပြီး ပင်းယ ငါးစီးရှင် ကျော်စွာ နှင့် အင်းဝ ဒုတိယ မင်း ခေါင် စသော ရွှေနန်း ရှင်ကြီး များ ကိုယ်တိုင် မြန်မာ စာဆိုတော်ကြီး များဖြစ်နေသည် ကို တွေ့ရှိ ရ သည်။

မြန်မာ ရာဇ၀င် ဟောင်း များ တွင် ကျောက်ဆည် လယ်တွင်းနယ် များ ကို အုပ်စီး ထားမိ ကြ သော အသခ်ယာ ရာဇသက်ြန် သီဟသူ ညီနောင် အကြီး အကဲ ၃ ဦးတို့ သည် ပုဂံမင်း ကျော်စွာ ကို သုတ်သင် ရှင်းလင်းပြီး နောက် ပင်လယ် မက္ခရာမြင်စိုင်း အရပ်တို့ တွင် မင်းပြိုင် ပြုခဲ့ ကြသည်။ အငယ်ဆုံး သီဟသူ သည် နောင် တော် များ ကို လုပ်ကြံ ကာ ၁၃၁၂ ခုနှစ် တွင် ပင်းယမြို့ ကို တည်ထောင် ပြီး လျှင် ၃ နှစ်ခန့်အကြာတွင် ၄င်း ၏ သား တော် အငယ် အသခ်ယာ စောယွန်း အား စစ်ကိုင်မြု့ကို တည်ထောင်ပေးပြီး နောက် မင်းပြိုင် ပြု စေ သည်။

သို့ ရာ တွင် ပင်းယ မြင်းစိုင်း မက္ခရာ နှင့် ပင်လယ် အစ ရှိ သော မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ များ ကို စိုးစံ လျက် ရှိကြ သည့် ရှမ်းမြန်မာ ပဒေသရာဇ်မင်း များ သည် မိမိတို့ အချင်းချင်း တိုက်ခိုက် လျက် မည် သည့် အခါ မျှ စည်းလုံး ညီညွတ်ခြင်း မရှိပေ။ ပင်းယ တွင် မင်း ၆ ဆက် စစ်ကိုင်း တွင် မင်း ၇ ဆက် စိုးစံ ကြ ရာ မြန်မာနိုင်ငံ မြောက် ဘက် တလွှား ရှိ မောရှမ်း များ ၏ အကြီး အကဲ သိုချီဘွား က ပင်းယ နှင့် စစ် ကိုင်း ကို ၀င် ရောက် တိုက် ခိုက်ပြီး လူသူ အမြောက်အများ ကို ကျွန်ပြု ဖမ်းဆီး ယူဆောင်သွား သဖြင့် ပင်း ယ နှင့် စစ်ကိုင်း မင်း ဆက် များ ပျက်စီး သွား ရပြီး လျှင် ယင်း ဒေသ တစ်ဝိုက် တွင်ရှိကြ သော မြန်မာလူမျိုး အမြောက် အများ သည် တောင်ငူဘက် သို့ ပြောင်းရွှေ့ ထွက်ပြေးကြသည်။

ယင်းသို့ မြန်မာ ရာဇ၀င်များ ရေး သား ဖော်ပြ ချက် ကို လေ့လာ ကြည့် လျှင် ပင်းယ နှင့် စစ်ကိုင်း မင်း ဆက် များ ပျက်စီး သွားကြ သည့် သက္ကရာဇ် ၁၃၆၄ ခုနှစ် ထိ ကျောက်ဆည် လယ်တွင်း နယ် များ ကို အုပ်စီး ထား ကြ သော ရှမ်း မြန်မာ ပဒေသ ရာဇ် မင်း များ နှင့် အကြီး အကဲ များ သည် မြန်မာ နိုင်ငံ တစ်နိုင်ငံ လုံး ကို စည်း လုံး သိမ်း သွင်း နိုင်ဖို့ ဝေးစွ မြန်မာ နိုင်ငံ အလယ်ပိုင်း ဒေသ တစ်ဝိုက် ကို ပင် စည်းလုံး သိမ်းသွင်း ခြင်း မပြုနိုင် ပဲ မိမိတို့ အချင်းချင်း တိုက်ခိုက် လုယက် နေကြ သည် ကိုသာ တွေ့ရ သည်။

ဆက်လက် ပြီး မြန်မာရာဇ၀င် များ တွင် မောရှမ်းများ ၀င်ရောက်တိုက်ခိုက်သဖြင့် စစ်ကိုင်းနှင့် ပင်းယ မင်း ဆက် များ ပျက်စီး သွား သော အခါ ရှမ်းမြန်မာ အကြီးအကဲ တစ် ဦးဖြစ်သူ သတိုးမင်းဖျား သည် ကျောက် ဆည် လယ် တွင်းနယ် များ ကို ဖြတ်သန်း စီးဆင်း သည့် ဇော်ဂျီ စမုံမြစ် ပန်းလောင်းမြစ်နှင့် မြစ်ငယ်မြစ် ဧရာဝတီမြစ် တို့ ဆုံ ဆည်းမိသည့် အကွက်အကွင်း ကျသောဒေသတွင် အင်းဝမြို့ ကို စတင် တည် ထောင်သည်။

တစ်နယ် တစ်မင်း ဖြစ်နေ သည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသ ကို တဖြည်းဖြည်း စည်း လုံး သိမ်းသွင်း ကာ အင်း ၀ မင်းဆက် ကို ထူထောင်ပြီး မြန်မာ နိုင်ငံ ကို စည်းလုံး သိမ်းသွင်း ဖိုကြိုးပမ်းရာ တွင် သတိုးမင်းဖျား သည် အ ရည်း ကြီး ရှင်ယောင် များ အား သုတ်သင် ပုံ သူခိုးကြီး ငတက်ပြား အား ဖမ်းဆီး ပုံနှင့် ဓါးပြ တစ်ဦး အား သတ် ဖြတ်ပြီး နောက် အလောင်း ၏ ရင်ဘတ်ပေါ် တွင် ထမင်းစားပြပုံ များ ကို မြန်မာ ရာဇ၀င် များ တွင် ဖွဲ့နွဲ့ ရေးသား ဖော် ပြကြသည်။
သို့ ရာ တွင် မြန်မာနိုင်ငံ မြောက်ဘက် တစ်လွှား ရှိ မောရှမ်း များ ကို ကား စည်းလုံး သိမ်းသွင်း နိုင်ခြင်း မရှိ သေး ချေ။ ယင်းသို့ မြန်မာနိုင်ငံ မြောက်ဘက် တစ် လွှား တွင် မောရှမ်း များ သည် တန်ခိုး အင်အားကြီးမား လျက် ၄င်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေ သ တ ၀ိုက် တွင် အင်းဝ ကို ဗဟိုပြုသည့် ရှမ်းမြန်မာ ပဒေသရာဇ် မင်းဆက် သည် တစ်စ ထက် တစ်စ တန်ခိုး အင် အားကြီး မား လျှက်ရှိ နေကြချိန် တွင် မြန်မာနိုင်ငံ တောင်ဘက် တစ်လွား ၊ အ ထူး သဖြင့် တနသ်ာရီ ကမ်းရိုး တန်း တစ်ဝိုက် တွင် တောင်ပိုင်း ယိုးဒယားရှမ်းများ ၏ တန်ခိုး အာဏာ သည် လည်း တစ်ဖြည်းဖြည်း လွှမ်းမိုးစ ပြုလာ သည်ကို တွေ့ရှိရသည်။



ကျမ်းကိုး
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
ရှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)

Tuesday, November 4, 2008

နိုင်ငံတကာ အခြေအနေ ( ရုရှား )


၁၉၁၇ ခုနှစ် မဟာအောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးကြီး အောင်ပွဲခံပြီးခဲ့သည့် အချိန်မှ စပြီး အုတ် မြစ် ချ တည်ဆောက်လာခဲ့ သည့် ဆိုဗီယက်ယူနီယံ သည် ၇၅ နှစ်နီးပါးမျှ စစ်ရေး နိုင်ငံရေး စီးပွားရေး အင်အား ကြီး မားလှသော ကမ္ဘာ့ နိုင်ငံကြီး တနိုင်ငံအဖြစ် ခိုင်မာစွာ ရပ်တည်ခဲ့သည်။
အမေရိကန်နယ်ချဲ့ စနစ် နှင့် ကိုလိုနီ စ နစ်ဆန့်ကျင် သော ကမ္ဘာ့ နိုင်ငံငယ်လေးများ ၏ အားကိုး အားထားပြုရာ လည်းဖြစ်ခဲ့သည်။ အာရှတိုက် မှ ကိုး ရီးယား ၊ ဗီယက်နမ် ၊ လော ၊ ကမ္ဘောဒီးယား နိုင်ငံ များ အာဖရိက မှ ကွန်ဂို ၊ အင်ဂိုလာ ၊ မိုဇမ်းဘစ် ၊ တန်ဇန်နီးယား ၊ ဇမ်ဘီယာနိုင်ငံများ အာရပ်ကမ္ဘာ မှ အီဂျစ် ၊ ဆီးရီးယား ၊ အီရတ် ၊ ယီမင် ၊ အယ်လ်ဂျီးရီးယား နှင့် အာရာဖတ် ၏ ပီအယ်အိုအဖွဲ့များ လက်တင်အမေရိကား မှ ကျူးဘား ၊ ချီလီ ၊ ဂရင်နာဒါ နိုင်ငံများနှင့် အရှေ့ ဥရောပ နိုင်ငံများမှ ခေါင်းဆောင်များသည် မော်စကိုမြို့တော် သို့ ဝင်ထွက်သွားလာ ကာ ငွေကြေး လက်နက် အကူအညီများ တောင်း ခံရယူခဲ့ ကြသည်။

ဆိုရှယ်လစ် စီးပွားရေး မူဝါဒ အရ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းမှန်သမျှ ကို လုံးဝခွင့်မပြုပဲ ကုန်ထုတ် စွမ်း အားစု များ နှင့် ကုန်ထုတ်လုပ်မှု အားလုံး ကို နိုင်ငံပိုင်အဖြစ်သိမ်းယူကာ ဗဟိုမှ ချုပ်ကိုင်သည့် စီးပွားရေးစနစ် ကို ကျင့် သုံးလာခဲ့ ရာ တပါတီ စနစ်၏ ကြီးမားလှသော ချို့ယွင်းမှုများနှင့် ညံ့ဖျင်းလှသည့် စီမံ ခန့်ခွဲမှု များကြောင့် ပြည် သူပိုင် စက်ရုံ အလုပ်ရုံများနှင့် နိုင်ငံပိုင် သိုလှောင်ဖြန့်ဖြူးရေး ဌာန အားလုံးတို့ မှာ ဖရိုဖရဲဖြစ်ကာ တ ဖြည်း ဖြည်း လုံးပါးပါး သွားခဲ့ရသည်။

စီးပွားရေး ချွတ်ခြုံ ကျ မှု ကို ပြန်လည် အဖတ် ဆယ် နိုင် ရန် အတွက် ဗဟို မှ ချုပ်ကိုင်သည့် စီးပွားရေးစနစ် ကို ပုဂ္ဂလိ က စီးပွားရေး လုပ်ကိုင်ခွင့်များ အပါအဝင် ဈေးကွက် စီးပွားရေးစနစ်သို့ ပြောင်းလဲ ရန် ဂေါ်ဘာချောဗ့် ၏ ပယ် ရယ်စ် ထရွိုက်ကာ ခေါ် ပြန်လည်ပြုပြင် ပြောင်းလဲရေး မူဝါဒ နှင့် ပွင့်လင်း လွတ်လပ် ရန် ပြောဆို နိုင်ရန် အ တွက် ( ဂလပ်စနော့ဝါဒ ) ကို ကျင့်သုံး ရန် လှုံ့ဆော် လှုပ်ရှားမှု အပေါ် စနစ်ဟောင်း ကို အရိုးစွဲနေသူ ကွန် မြူနစ် ပါတီ အတွင်း မှ အယူသီးဝါဒ သမား များ ရုရှားပြည်သူလူထု တွင်း မှ ရှေးဟောင်း အယူ အဆ ပြင်း ထန် သူ များ ၏ ခုခံ ဆန့် ကျင်မှု များ ကြောင့်ဂေါ်ဘာချော့ဗ် ၏ ပြန်လည်ပြုပြင် ပြောင်းလဲရေး လုပ်ငန်း စဉ်များ က စင့်ကလျားဖြစ် ကာ စီးပွားရေး အကျပ်အတည်း များ အကြီးအကျယ် ဖြစ်ပွားလာပြီး နောက်ဆုံး ၁၉၉၁ ခုနှစ်သြဂုတ်လတွင် သ မ တ ဂေါ်ဘာချော့ဗ် အား ဖြုတ်ချ ၍ အာဏာသိမ်းရန် ကျြိုပမ်းမှုကြီး ပေါ် ပေါက် လာသည် အထိ ဖြစ်ခဲ့သည် ဂေါ်ဘာချော့ဗ် ကိုယ်တိုင်လည်း နိုင်ငံ ခေါင်းဆောင်အဖြစ်မှနုတ်ထွက်ပေးခဲ့ရသည်။

၁၉၉၁ ခုနှစ် သြ ဂုတ်လ ၁၉ ရက် နေ့ က ဂေါ်ဘာချော့ဗ် ထံမှ အာဏာ သိမ်း ရန် မော်စကိုမြို့ တွင်း သို့ အ လုံး အ ရင်း ဖြင့် ဝင်ရောက် လာကြ သည့် ကေဂျီဘီ အထူး တပ်ဖွဲ့ များ နှင့် သံချပ်ကာ ကား တပ် များ အား လုံး ကို မော်စကို မြို့ တွင်း မှ ပြန်လည် ဆုတ်ခွာ သွားကြ ရန် ဘောရစ္စယဲ့ဆင်သည် သံချပ်ကာ ကားတစီးပေါ် သို့တက် ၍ ရဲရဲ တောက် မိန့်ခွန်း ပြော ကြား ကာ ပြတ်ပြတ်သားသား အမိန့်ပေးခဲ့သည်။

ဘောရစ္စယဲ့ဆင်သည် ရုရှားသမတ နိုင်ငံ ၏ ပထမဆုံး သော ဒီမိုကရေစီ ရွေးကောက်ပွဲ တွင် လူထု ၏ အ ကြီး အ ကျယ် ထောက်ခံမှု ရရှိ ကာ ရုရှားသမတ နိုင်ငံ၏ ပထမဆုံးသော သမတ ဖြစ်လာ ခဲ့သည်။

ပြိုကွဲ ပျက်စီးသွားခဲ့ပြီဖြစ်သည့် ဆိုဗီယက်ပြည်ထောင်စုကြီး ကို ပြန်လည် စုစည်း တည်ဆောက် ရန် အတွက် ယဲ့ဆင်သည် ၁၉၉၂ ခုနှစ်-ဇန်နဝါရီလ ပထမပတ် အတွင်း မှာပင် ဘိုင်လိုရုရှားသမတ နိုင်ငံ မင့်စ်ခ်မြို့တော် တွင် ယခင်ဆိုဗီယက် ပြည်ထောင်စုကြီး တွင် ပါဝင်ခဲ့ကြသည့် သမတ နိုင်ငံ ၁၁ နိုင်ငံမှ သမတများ နှင့် ဝန်ကြီးချုပ် များ ကို ခေါ်ယူ တွေ့ဆုံ ၍ အကြိတ်အနယ် ဆွေးနွေးကာ ( လွတ်လပ်သော ဓနသဟာယ နိုင်ငံ များ အဖွဲ့ ) ကို ဖွဲ့ စည်းတည်ထောင်လိုက်သည်။

ကမ္ဘာကြီး ၏ ခြောက်ပုံ တစ်ပုံ မျှ ကျယ်ဝန်းကြီးမား ၍ ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံမျှ နေ ထိုင် လျက်ရှိကြ သော ဆိုဗီယက်ယူနီယံ နိုင်ငံကြီးပြိုကွဲပြီးသည့် တိုင် မဟာဗျူဟာ ညူကလီးယား လက်နက်ကြီး များ အင် အားကြီး မား လှသည့် လက်နက်ကိုင် တပ်ဖွဲ့များ အံ့မခန်းတိုးတက်လျက်ရှိသည့် သိပံပညာရပ်များ စစ်အေးတိုက်ပွဲကို အ ကြောင်းပြု၍ နှစ်စဉ်တိုးချဲ့ ဖွဲ့စည်းလာခဲ့ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်သားဦးရေ သုံးသန်း ခုနှစ်သိန်း တိုက်လေယာဉ် အစင်းပေါင်း တစ်သောင်း သံချပ်ကာကား ငါးသောင်းခြောက်ထောင် မြေပြင်နှင့် လေယာဉ်ပစ် အမြောက် လက်နက် ကိုးသောင်း စစ်သဘော အစင်းရေ ရှစ်ရာတိတိ ရှိနေခဲ့သည်။
အရေအတွက် များပြား သည့် စစ်ဝန်ဆောင်စားရိတ်များ အား ဓန သဟာယ အဖွဲ့ က စုပေါင်း ၍ ဗဟိုချုပ်ကိုင် မှုဖြင့် တာဝန်ယူသွား ရန်သမတ ယဲ့ ဆင်က အကြံပြု တင်ပြခဲ့သော်လည်း ယူကရိန်း ၊ မော်လဒေးဗီယား နှင့် အဇာဘိုင်ဂျန်နိုင်ငံတို့က မိမိတို့ နိုင်ငံများအတွက် ကိုယ်ပိုင်သီးခြား လက်နက်ကိုင် တပ်ဖွဲ့များ ဖွဲ့စည်းရန် စီစဉ်ထားပြီဖြစ်ကြောင်း ယဲ့ဆင်၏ အကြံပြုချက်အား ကန့်ကွက် ပယ်ချခဲ့သည်။

နောက်ဆုံး ယဲ့ဆင် သည် ဓနသဟာယ နိုင်ငံများ အားလုံး ကျေနပ်စေရန် အတွက် မိမိတို့ နိုင်ငံမှ ပြဌာန်း ထား သည့် တရားဥပဒေ အရ မိမိတို့တစ်နိုင်ငံခြင်း တပ်မတော် များထူထောင်နိုင်ခွင့် ရှိကြောင်း အသိ အမှတ်ပြုခဲ့ ရ သည်။ ကျန် ဓနသဟာယ အဖွဲ့ဝင် ရှစ်နိုင်ငံတို့သည် ရုရှားနိုင်ငံ၏ ကွပ်ကဲမှုဖြင့် ဖွဲ့စည်းထားသည့် ဓနသဟာယ စစ်ဦးစီးမှု တခုတည်း ၏ အမိန့် ကိုနာခံရန် သဘောတူခဲ့ ကြသည်။

ဒီမိုကရေစီနိုင်ငံတနိုင်ငံ ကို တည်ထောင်နေရသည့် ယဲ့ဆင်သည် ပြည်တွင်း အတိုက်အခံများ၏ အုံကြွ ဆန့်ကျင် မှု ကို အလူး အလဲ ခံခဲ့ရသည်။ ယဲ့ဆင်သည် စစ်တပ် မှ အာဏာသိမ်းပွဲ ကို ဖြိုခွင်းခဲ့ပြီး နောက် ကွန်မြူနစ် ပါတီ အားလုံး ကို ဖျက်သိမ်းပစ်ခဲ့ပြီး ပါတီ အဆောက်အအုံ နှင့် ရန်ပုံငွေများ ကို ပြည်သူပိုင် အဖြစ် သိမ်းခဲ့သည်။ ယဲ့ဆင် သည် ပူတင် အား မော်စကို သို့ ခေါ်ပြီး တာဝန်အဆင့်ဆင့်ပေးကာ နောက်ဆုံး သူ့ရာထူး ဆက်ခံရန် တင် မြှောက် လိုက်သည်။

သမတပူတင်သည် ရုရှားပြည်သူလူထု ၏ ထောက်ခံ မှု ၇၀ ရာခိုနှုန်း ကျော်ရှိပြီး သမတ သက်တန်း၈ နှစ် အ တွင်း သူ ၏ လုပ်ဆောင်ခဲ့မှု များအား ၂၀၀၈ နှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ကရင်မလင် တွင် နောက်ဆုံး သ တင်းစာရှင်းလင်းပွဲ ပြုလုပ်သွားခဲ့ပြီး ပူတင် စိတ်ကြိက် ရွေးချယ်ပေးခဲ့သည့် ယခု ရုရှား သမတ ဒီမီထရီ မက် ဒက် ဖ် သည် သမတ ရွေးကောက်ပွဲ တွင် အပြတ်အသတ် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။