Monday, July 28, 2008

လွှတ်တော် အစ ပုဂံက

နာရပတိ စည်သူ မင်းသည် ဘိုးတော် အလောင်း စည်သူ။ ဘကြီး တော် မင်းရှင်စော။ ခမည်းတော် နရသူနှင့် နောင် တော် နရသိခ် တို့ ၏ ထီးနန်း စိုးစံ စဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်း ကွဲပြားမှု တို့ လုပ်ကြံသတ်ဖြတ်မှု များ ကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နာရပတိစည်သူမင်း မကွယ် လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော် သဖွယ် အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။

နရပတိစည်သူတွင် သားတော်၅ဦး ရှိသည့်အနက် မိဖုရားငယ် တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခ ကို ရွေးချယ်၍ ပုဂံထီးနန်းကို အမွေ ဆက်ခံခွင့်ပေးပြီး ဇေယျသိင်္ခ ကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာ ဏာ များ ကို တစ်ဦးတည်း သိမ်းပိုက် ချင်းမပြု ဘဲ နောင်တော်ကြီးလေးဦး နှင့် ခွဲဝေ ၍ အညီအညွတ် အုပ်ချုပ် ကြောင်း မြန်မာရာဇ၀င်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည်။

ပုဂံမင်းဆက် တစ်လျှောက်လုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာ ကို ဘုရင်တစ်ဦးတည်း ကသာလျှင် အုပ်ချုပ် သည် ကို ဖျက်သိမ်း ၍ု ဘုရင်နှင့် လွှတ်တော်တို့ကို အာဏာခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရသည်။ ဇေယျသိင်္ခ သည် ပုဂံထီးနန်းကိုသာ လျှင် ဆက်ခံရသော်လည်း နိုင်ငံရေး အုပ်ချုပ်ရေး ကာကွယ်ရေး အာ ဏာ များ ကိုမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင် သာရှိသည်။ နာရပတိစည်သူမင်း၏ အ စီ စဉ်မှာ အလွန်အမျှော်အမြင်နဲ့ ပြည့်စုံသော အစီစဉ်ဖြစ်သည်။

ထိုအချိန်မှစ၍ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိ မြန်မာရာဇ၀င် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်း ကြသည် ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါး ခန့် ၍ု အုပ်ချုပ်သော ပုဂံခေတ် နာရပတိစည်သူမင်း လက်ထက်မှ အစပြု၍ု အုပ်မြစ်ချခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်တော် အုပ်ချုပ်ရေး ရာဇ၀င်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သော အခါများ တွင် ဘုရင် ၏ တန်ခိုးအာဏာ ကိုပင် ထိမ်းသိမ်း ဟန့်တားခြင်း ပြုနိုင်ရုံမျှ မက ဘုရင် ကို ရွေး ချယ်နိုင်သည်အထိ လွှတ်တော် အာဏာရှိသည်ကိုတွေ့ရသည်။
တခါတရံ လွှတ်တော်အင်အားနည်းပါး သော အချိန်တွင် လွှတ်တော် သည် ဘုရင်၏ လက်ပါးစေကလေး သဖွယ် ဖြစ်လာခဲ့သည်။

ကျမ်းကိုး
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မဟာမြန်မာရာဇ၀င် တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ

Sunday, July 20, 2008

အာဏာ၊မတူညီသောအတွေးအခေါ်၊ လုပ်ကြံသတ်ဖြတ် ခြင်း( ၂ )

အာဏာဆုပ်ကိုင်လို မှု အတွက် အုပ်စိုးသူ ရှင်ဘုရင်များကြား အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ ဖခင် အရင်းနှင့် အကို အရင်းအား လုပ်ကြံ သတ်ဖြတ်လျက် ပုဂံထီးနန်းအား သိမ်းပိုက်ခဲ့ သည့် နရသူအားလည်း ၎င်း အား မုန်းတီးသူများက လုပ်ကြံ၍ ကွယ်လွန်ပြီး နောက် နရသူ၏ သားနှစ်ယောက်ဖြစ်သည့် နရသိခ် နှင့် ညီဖြစ် သူ နရပတိစည်သူ တို့ ကြား စိတ်ဝမ်းကွဲကြပြန်သည်။

မြန်မာရာဇ၀င်များတွင် ရေးသားထားချက် အရ ညီတော်နရပတိ စည်သူ၏ မိဖုရား ဝေဠုဝတီ အား နောင်တော် နရသိခ် မှ တပ်မက် ၍ အကောက်ကြံကာ သိမ်းပိုက်လိုမှုကြောင့် ညီတော်က မခံမရပ် နိုင်ဖြစ်ပြီး နောင်တော် အား လုပ်ကြံကာ ပုဂံထီးနန်းအား သိမ်းပိုက် သည်ဟုရေးသားဖေါ်ပြထားသည်။

နရပတိစည်သူသည် နောင်တော်အား လုပ်ကြံ၍ နန်းတက်သည် နှင့် ၎င်း မယုံကြည် သည့် နောင်တော် ၏ မင်း မှုထမ်း ကျေးကျွန် များကို ရက်ရက် စက်စက် သုတ်သင် ကွပ်မျက်သည်။ ယင်းကွပ် မျက်သည့်အထဲတွင် အပြစ်မဲ့ပြီး ရဲရင့် တည်ကြည် သည့် ပညာ ရှိ အမတ်ကြီး အနန္တသူရိယ လည်း ပါဝင်၍ ၎င်း မယုံကြည် သူ များ အား ထပ်မံ ကွပ်မျက်ရာတွင် ယင်း၏ သစ္စာတော်ခံ အမှ ထမ်းငယ် ကျွန်ရင်း အောင်စွာကိုပါ ကွပ်မျက်လေသည်။ နရပတိစည်သူ သည် အာဏာ တည်တန့် ခိုင်မြဲရေးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး ကို ကြမ်းကြမ်း တမ်းတမ်း ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားလေသည်။

နရပတိစည်သူမင်း လက်ထက် သုဝဏ္ဏဘုမ္မိတိုင်းမှ တဆင့်ပုဂံ သို့ ရောက်ရှိလာသည့် ကဉ္စပူရိ သာသနာကို သီ ဟိုရ်သာသနာ က လွှမ်းမိုးစ ပြုသည်ဟု ထေရ၀ါဒ သာသနာဆိုင်ရာ သုတေသီ တို့ က ယူဆကြသည်။ နရပတိ စည်သူ၏ ကောင်းမှုတော်များ ထဲတွင် ပုဂံမှ ဂေါ်တော်ပုလ္လင် နှင့် စူဠာမဏိ စေတီတော်သည် ထင်ရှား လေ သည်။ အနန္ဒသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာ နှင့် ဓမ္မ၀ိလာသ ဓမ္မသတ် ကို အထောက်အထားပြု ၍၎င်း။ နရ ပတိစည်သူမင်း လက်ထက်တွင် ကျောက်စာများတွင် မြန်မာစာ နှင့် ရေးထိုးသည်ကို တစထက်တ စ တွေ့ လာရ ၍ ၎င်း။ မွန်နှင့် ပါဠိဘာသာများလွှမ်းမိုးမှု အောက်မှ မြန်မာစာပေသည် လွတ် မြောက်စပြုလာ သည် ဟု သမိုင်းသုတေသီများက ယူဆကြ လေသည်။

Friday, July 18, 2008

အာဏာ ၊ မတူညီသောအတွေးအခေါ် ၊ လုပ်ကြံသတ်ဖြတ် ခြင်း ( ၁ )

အာဏာ ရလိုမှု တနည်း အားဖြင့် အာဏာ ကို ဆုတ် ကိုင် လိုမှု နှင့် မတူ ညီသော အတွေ အခေါ်နှင့် အငြင်း ပွား မှု များ သည် လုပ်ကြံ သတ်ဖြတ်မှု အထိ မြန်မာ့ သမိုင်း တလျှောက် လုံးရှိ ခဲ့ကြ၏ ။ အထူး သဖြင့် မြန်မာ ရာဇ၀င် များ ၌ စည်း လုံး ရေး ကွဲပြား မှုများ သည် ထီး မွေ နန်း မွေ ဆက် ခံ ရေး အာဏာ ဆုပ်ကိုင် လို မှုပြသနာ နှင့် ပတ် သက် ၍ သား အဖ ၊ တူ ၀ ရီး နှင့် ညီ အစ်ကို ချင်း စိတ်ဝမ်း ကွဲပြား လုပ်ကြံ သတ်ဖြတ်ခြင်း တို့ သည် ပုဂံခေတ် စ ၍ အုတ်မြစ် ချ ခဲ့သည် ဟု ဆို ရ မည်ဖြစ် သည်။
အ လောင်း စည်သူ ဘုရင် ၏ သား တော် ငယ် နရသူ သည် ဖခင် အ ရင်းဖြစ် သူ အလောင်း စည်သူ အား လုပ်ကြံ သတ်ဖြတ်သည် သာ မက ပုဂံပြည် ၏ သာသနာ ဂိုဏ်းချုပ်ကြီး အရှင် ပံ့သကူမထေရ် အား လိမ်လည် လှည့်ဖြား အကာအကွယ်ယူပြီး လျှင် နောင် တော်ကြီး မင်းရှင်စော ကို လုပ်ကြံ သတ်ဖြတ် ကာ ပုဂံ ပြည်ထီးနန်း အား အဓမ္မ သိမ်းပိုက်ခြင်းပြုခဲ့သည်။

သာသနာ ဂိုဏ်းချုပ်ကြီး အရှင်ပံ့သကူမ ထေရ်သည် ယင်းအပြု အမူ အား ကန့် ကွက်ရှုံ့ချသည့် အနေဖြင့် ပုဂံပြည်တွင် ဆက်လက် မ နေ တော့ပဲ သီဟိုရ် သို့ ထွက်ခွာ သွားလေသည်။ ရဟန်းရှင်လူ ပုဂံပြည် သူများ သည် နရသူ အား မုန်းတီးရွံရှာကြလေ သည် ပုဂံ သူ ပုဂံသား များသည် ဤမျှ ရက်စက် ကြမ်းကြုတ်ပြီး ကောက်ကျစ် စဉ်း လဲ သည့် နရသူ ဘုရင်အားမနှစ်မြို့ ၍ ရှောင်ကွင်းကြသည်။ နရသူ သည် မိမိအား တိုင်းသူပြည်သားများက မလို မုန်းထား သည် ကို သိရှိရ ၍ ပိုမိုပြီး ရက်စက်ကြမ်းကြုတ်စွာ အုပ်ချုပ်ပြန်သည်။

မြန်မာ ရာဇ၀င် သမိုင်းများ ၏ ရေးသား ဖေါ်ပြချက်များ အရ နရသူ သည် အရိုင်းစိုင်း အယုတ်မာဆုံး မင်းတပါးဖြစ်မှန်း ပေါ်လွင်ထင် ရှားပေသည်။

နိုင်ငံခြား သမိုင်း သုတေသီ တဦးဖြစ်သည့် ဂျီအီးဟာဗီက ၎င်းစာ အုပ် တွင်ထင်မြင်ချက် ပေး၍ ရေးသား ထား သည် မှာ နရသူတည် ခဲ့သည့် ဓမ္မရံ စေတီ တော်ကြီး သည်ပင် ကြက်သရေ ကင်းမဲ့ပြီးအ ရောင် အဆင်း မရှိဟု ဆိုသည်။ နရသူ ကို လည်း ၎င်းအား မုန်းတီးသူ များက လုပ်ကြံ သတ်ဖြတ် လိုက်ကြ လေသ ည်။

မြန်မာရာဇ၀င်များထဲ မှ နန်းသက်အရှည်ဆုံးဘုရင်

ပုဂံပြည် ဘုရင် ကျန်စစ်သားမင်း ကွယ်လွန်သည့် အခါ အကြောင်း အမျိုးမျိုး ဖြင့် ၎င်း၏ သားတော် ရာဇကုမာရ မင်းသား နန်းမရပဲ မြေးတော် အလောင်းစည်သူ က ပုဂံထီးနန်းအား ဆက်ခံခြင်းပြု လေသည်။ အလောင်း စည် သူ သည် သက္ကရာဇ် ၁၁၁၂ ခုနှစ် မှ ၁၁၆၇ ခုနနစ် အ ထိ နန်းသက် ၅၅ နစ် ဟုမြန်မာ ရာဇ၀င်များ ၌ ရေးသား ဖေါ်ပြ ကြ သည်။ အလောင်းစည်သူ မင်း သည် အနော်ရထာ ၊ ကျန်စစ် သားတို့ ကဲ့သို့  ဆောင်ရွက်ခဲ့သည်။

အ လောင်း စည်သူဖြတ်ထုံး များ ဟု ဓမ္မသတ် ကျမ်း တစောင်ပေါ်ခဲ့ပြီးပြည် တွင်း ကုန်သွယ် မှု စနစ် တကျဖြစ် စေ ရန် ကျပ် ၊ မတ် ၊ မူး ၊ ပဲ စသည့် အ လေး ချိန် များ အား၎င်း ၊ တင်း ၊ ခွဲ ၊ စိတ် ၊ ပြည် ၊ ခွက် စသည်တို့ အား ၎င်း တ နိုင်ငံလုံး တညီ တညွတ် တည်းဖြစ်စေရန်ဆောင်ရွက်ခဲ့ သည် ဟု မြန်မာ ရာဇ၀င်များ ၌ ရေးသား ထားသည် နိုင်ငံတော် ၏ ဆည် မြောင်း ကန်များ အားပြုပြင် ချဲ့ ထွင်၍ စိုက်ပျိုး နိုင်သည့် မြေ များ အား လယ် များ ဖွဲ့စေ ခဲ့ သည်။ မြန်မာရာဇ၀င် များ ၏ ရေးသား ထား ချက် အရ မြန်မာ ဂီတ နှင့် ဒူရိယာများ သည် အလောင်း စည်သူ မင်း လက် ထက် တွင်ဖြစ် ထွန်း ကြောင်း ယူဆ ရသည်။

ထေရ၀ါဒ ဗုဒ္ဓ သာသနာ ထွန်းကားရန် အတွက် လည်း စွမ်းစွမ်း တ မန်ဆောင်ရွက် ခဲ့ပြီး မင်းဘူး ၊ သရက် ၊ ရွှေဘို ၊ မန္တလေး ၊ မုံရွာ ၊ မိုးကုတ် အရပ် ဒေသများ တွင် စေတီ ပုထိုး ၊ ကျောင်း ကန် များ တည် ထား ခဲ့ ကြောင်း သမိုင်း အထောက် အထား များ တွေ့ ရှိရ သည်။ အလောင်း စည်သူ ဆောင်ရွက်ခဲ့ သည့် သာသနာ ကောင်း မှု တော်များ ထဲတွင် ပုဂံ မှ သဗ္ဗ ညုပုထိုးတော်ကြီး သည် ကြီး ကျယ် ထင်ရှားပေ သည်။

အလောင်း စည်သူမင်း သည်မြန်မာနိုင်ငံတော် တိုးတက်ရန် အခြား နိုင်ငံများ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း ၊ တ နိုင်ငံ နှင့် တနိုင်ငံ မိတ် ဆွေဖြစ် ရေး အတွက် အိမ် နီး ချင်းနိုင်ငံ များဖြစ် သည့် သီဟိုရ် ၊ မာလာယု ၊ အိန္ဒိယ နိုင်ငံ မှ ဘင်္ဂလားနှင့် ပဋိက္ကရားနယ် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ များ သို့ ခရီးသွား လည်ပတ်ခဲ့သည်။

မြန်မာ ရာဇ၀င် များ ၌ ရေးသား ထား သည့် အလောင်း စည်သူမင်း တိုင်း တပါး သို့  ခရီး ထွက် လှည့်လည်ရာ နောက် ဆုံး ဇမ္ဗ့သပြေ ပင် ရင်း သို့ ပင် ရောက်ခဲ့ သည် ဟု ရေး သား ထားကြ သည် မှာ အိမ်နီး ချင်း နိုင်ငံများ သို့ သွားရောက်ခဲ့ သည် ကို တင်စားရေးသား ထားပုံ ဖြစ် လိမ့်မည်ဟု ခန့် မှန်းရသည်။

မြန်မာနိုင်ငံသမိုင်းဆက်ဆံရေးနှင့် အခြားနိုင်ငံ

ကမ္ဘာ ပေါ်ရှိ နိုင်ငံ အသီးသီး ၌ အခြား နိုင်ငံများ နှင့် ဆက်ဆံရေး သမိုင်း များ တွင် ပဋိပက္ခများ ပေါ် ပေါက် ခဲ့ ကြ သ ကဲ့ သို့ မြန်မာ နိုင်ငံ နှင့်အိမ်နီးချင်း နိုင်ငံများ ဆက်ဆံရေး သမိုင်းတွင် လည်း ပဋိပက္ခများ ပေါ်ပေါက် ခဲ့ကြ သည်မှာ ယေဘူယျ တရားမျှသာ ဖြစ် သည်။

မြန်မာပြည် နှင့် အိမ်နီး ချင်းနိုင်ငံ များဖြစ် သည့် ယိုးဒယား ခေါ် ထိုင်း ၊ လောပြည်ခေါ် လင်ဇင်း ၊ တရုတ်နိုင်ငံ ၊ အိန္ဒိယနိုင်ငံ သီဟို နိုင်ငံ တို့ သည် ရှေးပဝေသဏီ မှ စ၍ နိုင်ငံအချင်း ချင်း ဆက်ဆံရေး များ ရှိခဲ့ကြသည်။ တ နိုင် ငံ နှင့် တနိုင်ငံ သံတမန်များ စေလွှတ်၍ နှစ်နိုင်ငံ ဆက် ဆံရေး တွင် သာယာ ပြေပြစ်ခြင်းများ ရှိခဲ့ကြ သ ကဲ့ သို့  နှစ် နိုင်ငံ ပဋိပက္ခ များ လည်းရှိခဲ့ကြသည်။

နှစ်နိုင်ငံဆက်ဆံရေး တွင် သာယာပြေပြစ်ခြင်း မရှိပဲ တနိုင်ငံနှင့် တနိုင်ငံ စစ်မက်ဖြစ်ပွားစဉ် ကာလတွင် ထို ပဋိပက္ခဖြစ်ကြ သည့် နိုင်ငံနှစ်နိုင်ငံ မှ ရေးသာခဲ့ ကြသည့် နန်းတွင်း သမိုင်း မှတ်တမ်း များ တွင် အခြားနိုင်ငံအား အပြစ်ဖို့ အဆိုးမြင် များဖြင့် ရေးသား၍ မိမိနိုင်ငံအား ဂုဏ်တင်၍ ကာကွယ် ရေး သားကြသည် ကို ယေဘူ ယျ တွေ့ ရှိရသည်။

အိမ်နီးချင်း နိုင်ငံ များနှင့်ဖြစ် ပွားခဲ့သည့် ပဋိပက္ခများတွင် ယိုးဒယားနိုင်ငံ တရုတ်နိုင်ငံ တို့ နှင့်ဖြစ်ပွား ခဲ့ရသည့် ပဋိပက္ခကား အကြီးမားဆုံးဖြစ်လေ သည်။ထို ပဋိပက္ခများ အား ရေးသားထား သည့် ယိုးဒယား ရာဇ၀င်များနှင့် တရုတ် ဧကရာဇ် ဘုရင်တို့ ၏ နန်းတွင်း မှတ်တမ်းများ တွင် မြန်မာနိုင်ငံအား ဆိုး ဆိုးဝါးဝါး အပြစ်ဖို့ ရေးသား ထားသည်ကို တွေ့ ရှိရသကဲ့ သို့ မြန်မာ ရာဇ ၀င်များ၌ လည်း တဘက်သတ် ရေးသားထားသည် ကို အနည်း နှင့်အများ တွေ့ ရှိရသည်။

သမိုင်းရေး ပဋိပက္ခများ ပေါ်ပေါက်ခြင်းသည် ယေဘူယျ တရားမျှသာ ဖြစ်သော်လည်း နိုင်ငံတနိုင်ငံ၏ အချုပ် အချာအာဏာ ကို အခြားနိုင်ငံ တနိုင်ငံက အသိအမှတ်ပြုခြင်း လေးစားခြင်းမရှိသမျှ ပဋိပက္ခများသည် ပေါ် ပေါက် လျက် ရှိနေအုံးမည်သာ ဖြစ်သည်။

အဖွားပြောသောသမိုင်းပုံပြင်နှင့် ကျမ မသက်ဇင် (၄)

ရှမ်း မင်းသမီး လေး စောမွန်လှ ဟာ အနော်ရထာ ဘုရင် ရဲ့ပုဂံ ပြည် ကို လိုက်ပါ သွားရ ရှာတာ ပေါ့ကွယ်။ မိုး ကောင်း စော်ဘွား ကြီး ဟာ စောမွန်လှ နဲ့ အတူ ကျောက်သံ ပတ္တမြားတွေ နဲ့ ရံရွေ တော်များ စွာ ကို လည်း တပါ တည်း ထည့်ပေးလိုက် ပါတယ်။ အဲဒီ ကာလ ထဲ က ဧရာဝတီမြစ်ဖျားဖြစ် တဲ့ မေခ ချောင်း မှာ ရွေ ကျင် တဲ့ လုပ်ငန်းရှိပြီး ရွေ က လည်း သိပ် ထွက် တယ်။ အဲဒီ တော့ စောမွန်လှ နဲ့ အ တူ အလွန် အဖိုး တန် တဲ့ ရတနာ တွေ လည်းပါ သွား တာပေါ့။ အ နော်ရထာဘုရင်ဟာ အလွန်ချောမောတဲ့ မိဖုရားစောမွန်လှ ကို အင် မ တန် ချစ်ရှာပါတယ်။ ဒါပေမဲ့ အနော်ရထာ ဘုရင်မှာ မိဖုရား များပြားစွာ ရှိနေ တယ်။ ချောမောလှပတဲ့ စော မွန်လှ ကို အနော် ရထာ ဘုရင်ရဲ့ အခြား မိဖုရားတွေ က မနာလိုဝန်တို ဖြစ်ကြတယ်။

အဲဒီတော့ ပုဂံဘုရင် အနော်ရထာ ကို အခြား မိဖုရားတွေ က ဂုံး ချောကြတာပေါ့။ ရှမ်း မင်းသမီးလေး စော မွန်လှ ဟာ စုန်းပညာ တတ်ကြောင်း ညအချိန် တွေ မှာ စုန်းတောက် ကြောင်းစသည်ဖြင့် မိဖုရား အများ က ပြောလာတာ ကြောင့် ညအချိန်တွေမှာ လူလွတ် စုံစမ်းခိုင်းတယ်။ အနော်ရထာ ရဲ့ လူယုံ က ညအချိန်မှာ စော မွန်လ ကို ချောင်းကြည့် တဲ့ အခါ၊ ဖခင် မိုးကောင်း စော်ဘွားကြီး ပေးလိုက်တဲ့ အလွန်အဖိုး တန် လှ တဲ့ နား ဋောင်း နဲ့ အခြား ကျောက် မျက် တွေ က အမှောင် ထဲမှာ ဖြိုးဖြိုး ပျက်ပျက် လက်နေတာပေါ့။ အနော်ရထာ ဘုရင် ရဲ့ လူယုံတော် က လည်း တွေ့ မြင် တဲ့ အတိုင်း ဘုရင်ကိုလျှောက်တော့ အနော်ရထာဘုရင်ဟာ ချက်ခြင်းပဲ စော မွန် လှ လေး ကို ပြုစား တတ် တဲ့ ကဝေမ ဆိုပြီး ပုဂံနန်းတော် က နေ နှင်ချလိုက်တယ်။ ရှမ်း မင်းသ မီး လေး စော မွန်လှ ဟာ နှလုံး ကြကွဲ မတတ်ပူ ဆွေး ရပြီး အရှက် ကွဲစွာ နဲ့ ဖခင် မိုးကောင်း စော် ဘွားကြီး ထံပြန်လာ ခဲ့ ရ ရှာ ပါတယ်။

အဖွားပြောသည့် နောက်ဆက်တွဲ

မြန်မာဘုရင် တွေ အချော အလှမြင်တိုင်း တော်ကောက် သိမ်းပိုက်တတ်ပြီး မွေးရင်ပန် နံရင်ပစ်တတ်လို့ တောင် ပေါ် သူ အချော အလှတွေဟာ သူမတို့ မျက်နှာတွေကို ပရဲထိုးပြီး ဖျက်ဆီးပစ် လိုက်ကြတာ မြန်မာ ဘုရင် တွေ လက် ထက် ကတည်း က ဆိုပါတော့ကွယ်။











Saturday, July 5, 2008

အဖွားပြောသောသမိုင်းပုံပြင်နှင့် ကျမ မသက်ဇင် ( ၃ )

အဖွား က ပြောတယ် အဖွား ပုံ ပြောတဲ့ အချိန်မှာ မျက်လုံးမှိတ် ထားပြီး မိမိကိုယ် ကို ငှက် ကလေး တ ကောင် လို သဘောထား ကာ ဟိုး အဝေး မှာ မြင်နေရတဲ့ တောင်ပြာ တန်းကြီး တွေပေါ်ပျံ သန်း သလို ခံစားပြီး နားထောင်နော်တဲ့။ အဖွား ပြော တဲ့ အတိုင်း ကျမ မျက်လုံးမှိတ်ပြီး နားထောင်ကြည့် ပါတယ်။ မ ယုံ ရင် မျက် လုံးမှိတ်ပြီး ပုံပြော ကောင်းသူဆီ မှာနားထောင်ကြည့်ပါလား။ ကဲ မျက်လုံးမှိတ်တော့နော် စ ပြောပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်လောက် က မိုးကောင်းနယ်ကြီး ကို အုပ်ချုပ် တဲ့ မိုးကောင်း စော်ဘွားကြီး မှာ အင်မတန် ချောမောလှပ တဲ့ စောမွန်လှလို့ ခေါ်တဲ့ သမီး တော်လေး တပါးရှိ တယ်။ စောမွန်လှ ရှမ်း မင်း သမီး လေး ဟာ ဘယ်လောက်များ လှသလဲ ဆိုရင် ဆင်စွယ် ရောင်လို အ သား အရည်ဖြူဖွေးပြီး နက်မှောင်သန်စွမ်း တဲ့ ဆံပင်ရှည်တွေ ဟာ ခေါင်းလျှော်ပြီးဖြန့် ချထား ရင် မြေကြီး ကို တောင် ထိတယ် လို့  ဖွားဖွားရဲ့ အဘွား တွေ က ပြောပြတယ်။

မိုးကောင်း စော်ဘွားကြီး က လည်း မင်းသမီး လေး စောမွန်လှ ကို အသဲတုံ အူတုံ ချစ်ရှာ တော်မူတယ်။ လယ်ယာ စိုက်ပျိုးရေး နဲ့ ရိုးသားစွာ လုပ်ကိုင် စား သောက်ကြ တဲ့ ရှမ်းနယ်သူ နယ်သားများ ဟာ လည်း စောမွန်လှ လေး ကို သိပ်ချစ်ကြ တာ ပေါ့။ တနေ့ မှာ ပုဂံပြည် က အနော်ရထာ ဘုရင်ဟာ စစ်သည် မြောက်များ စွာနဲ့ ရှမ်းနယ်ကို ချီတက်လာကြတယ်။ ချပ်ဝတ် တံဆာ တွေ ၀တ်ဆင်ထား တဲ့ အလွန်များပြား တဲ့ ပုဂံစစ် သည် တွေ ကို တွေ့ တော့ ရှမ်းနယ်သူ နယ်သားတွေ ဟာ အလွန် စိုးရိမ် ထိတ်လန့် နေဋ္ဌကတယ်။ ပုဂံ စစ်သည်တော်တွေ ဟာ မျက်နှာ တည်တည်ကြီးတွေ နဲ့ ဒါးတွေ လှံတွေ ကိုင် ထားပြီး ညိုမှောင် တဲ့ အသား အရည်နဲ့မြင့်မား တဲ့ အရပ်ကြီး တွေ ဟာ ၆ ပေ နီးပါး လောက် ရှိကြ တယ်။

မိုးကောင်း စော်ဘွားကြီး ဟာ စိုးရိမ်ထိတ်လန့် နေကြ တဲ့ ပြည် သူပြည်သား တွေ ကိုကြည့်ပြီး ကျောက်သံ ပတ္တမြားလောက် နဲ့ ကျေနပ် နှစ်သိမ့် မှာ မဟုတ် တဲ့ အနော်ရထာဘုရင် ကို သမီးတော် စောမွန်လှလေး ဆက် သလိုက် ရတယ်။

Thursday, July 3, 2008

အဖွားပြောသောသမိုင်းပုံပြင်နှင့် ကျမ မသက်ဇင် ( ၂ )

ပုဂံခေတ် မတိုင် မှီ ရှေး ပဝေသဏီ ရာစုနှစ် ပေါင်း များစွာ ထဲ က ပင် ရှမ်း လူမျိုးများ ဟာ မြန်မာ နိုင်ငံထဲ ကို စ တင် အ ခြေ ချ ခဲ့ပြီး ဖြစ် တယ်။ ယနေ့ ခေတ် ကချင်ပြည် နယ် လို့ သတ် မှတ် ခေါ်ဝေါ် နေတဲ့ မိုးညှင်း ၊ မိုး ကောင်း စ တဲ့ ထင်ရှား သော မြို့ ကြီး များ ဟာ ရှမ်း အခေါ် အဝေါ် များ ဖြစ် တယ် ဗန်းမော် ၊ ကသာနယ် များ နဲ့ ကချင် ပြည်နယ် က မီးရထား သံလမ်း ရိုး လွင်ပြင် မြို့ လေး များ ဟာ ရှမ်းလူမျိုးတွေရဲ့ သမိုင်း ၀င် အထောက် အထား နဲ့ အ ချက် အ လက် များစွာ ရှိ ခဲ့တယ်။ ပုဂံ ခေတ် မတိုင်မှီ အထိ အ နောက် တိဗက် အနွယ်ဝင် များဖြစ် တဲ့ ဂျိန်းဖေါ ခေါ် ကချင် လူမျိုးများ ဟာ မြန်မာနိုင်ငံ ထဲကို ၀င် ရောက် ခြင်း မပြုကြ သေးဘူး။

အချို့  သမိုင်းပညာ ရှင်များ က ရှမ်းလူမျိုးစုများဟာ ပုဂံ ခေတ် မတိုင်မှီ က ပင် ရွှေဘို နှင့် မုံရွာ အထိ ပင် ပြန့့် နှံ့ဝင် ရောက် နေကြပြီ ဟု ယူဆကြတယ်။ မြန်မာနိုင်ငံ သမိုင်း စာအုပ်တအုပ် ကို ရေးသား ခဲ့တဲ့ ဂျီ အီး ဟာဗီက မြန်မာ ရာဇ၀င် ဟောင်း များ ၌ တခန်း တနား ရေး သား ဖေါ်ပြကြ သည့် တ ကောင်း ပြည်ကြီး ဟာ ရှမ်းလူမျိုးများ နှင့် သာလျှင် သက်ဆိုင်ဘွယ်ရာ ရှိတယ်လို့ သူ့ စာအုပ်မှာ ဖေါ်ပြ ထားတယ်။

မွန် ၊ ရှမ်း ၊ ရခိုင် လူမျိုး များ ရာစုနှစ် များစွာ က ပင် အခြေချ နေ ထိုင် ကာ ယဉ်ကျေးမှု ထွန်းကားပြီး မှ မြန်မာ လူမျိုး များ ဟာ မြန်မာ နိုင်ငံ အတွင်း ကို ၀င် ရောက် လာ ကြ ခြင်း ဖြစ်တယ်။ မြန်မာ လူမျိုး များမြန်မာ နိုင်ငံ အ တွင်းသို့  ၀င်ရောက် နေထိုင် ခြင်း မပြု မီ က တရုတ်ပြည် ယူနန်နယ် မှာ နန်ချိုရှမ်း လူမျိုး များ နဲ့ နှစ်အ တန်ကြာ အတူ တကွ နေထိုင် လာခဲ့ကြ တယ်။
သူ့ ခေတ် နှင့် သူ့ အခါ ဖွံ့ ဖြိုး ထွန်းကား နေ ပြီဖြစ် သည့် ရှမ်းတို့ ထံ က မြန်မာတို့  ဟာ စိုက် ပျိုး ရေး ၊ ကုန်ထုတ်လုပ်ငန်း အတွေ့ အကြုံများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး ၊ ယဉ် ကျေးမှု ဆိုင်ရာ အတွေ့ အကြုံများ ကို ဆက်ခံ ရရှိ ထားခဲ့ကြတယ်။

မြန်မာနိုင်ငံထဲကို မြန်မာများ ၀င်ရောက်ပြီး သက္ကရာဇ် ၈၄၉ ခုနှစ် တွင် ပုဂံမြို့  အား စတင် တည် ထောင် တဲ့ ပျဉ်ပြားမင်း လက်ထက် မတိုင်မှီ နှစ် အတန်ကြာ က မြန်မာ လူမျိုးများ ဟာ ကျောက်ဆည် မိတ္တိ လာ ရမည်းသင်း စစ်ကိုင်း မင်းဘူး နှင့်မြင်းခြံနယ် များ တွင် ရေ သွင်း စိုက် ပျိုးရေး များ အတော်အခြေ ချ စိုက်ပြီးခဲ့ကြောင်း တွေ ရှိရ တယ်။
မင်းဘူးနယ် က မုံးနှင့် မန်း ဆည် ၊ ကျောက်ဆည်နယ် မှ အချို့  သော ဆည် များ မိတ္တီလာကန်နှင့် ရမည်းသင်း ၊ သာစည်မှ မင်းလှကန် စသည့် ရေသွင်း စိုက်ပျိုးရေး အတွက် ကုန်လုပ် ကရိယာများ ဟာ အနော်ရ ထာမင်း လက်ထက် မတိုင်မီ က ပင် ရှိနှင့် ခဲ့ကြောင်း သမိုင်း ပညာရှင် များ က လက်ခံ အ တည်ပြု ထားကြတယ်။ မြန်မာတို့  ထက် အ ရင် ဦး စွာ ကျသည့် ပျူလူမျိုးများ ဟာ ရေသွင်း စိုက် ပျိုး ရေး ကုန် ထုတ်လုပ်ငန်း များ ၊ ထူထောင်ကြောင်း သမိုင်းဝင် အထောက်အထား များ မတွေ့ ရှိ ရဘူး။

Wednesday, July 2, 2008

အဖွားပြောသောသမိုင်းပုံပြင်နှင့် ကျမ မသက်ဇင် (၁)

ကျမ ရဲ့ မွေးရပ် ဇာတိ က ကချင်ပြည်နယ် မိုးညှင်း နန်းမား။ ကျမ ရဲ့ အဖွား အဖေ့ရဲ့ မိခင်က နန်းမားသူ ရှမ်း ဗမာ။ အသက်၉၀ နီးပါး အထိ အသက်ရှည်ရှည် နေခဲ့ရသည်။ နောက် အဖွားတယောက် အမေ့ ရဲ့ မိခင် က တော့ ကချင်ပြည်နယ် မိုးကောင်း မှာ နေပါသည်။ အဖွားနှစ်ယောက်လုံး က ရှမ်းဗမာတွေ။ ကျမ အလွန်ငယ် စဉ် က အဖွား တွေ ထံ တယောက် တလှည့်စီ သွားနေရင်း ညတိုင်း ပုံပြော ကောင်းတဲ့ အဖွားတို့ နှင့်နေခဲ့ ရသည့် ငယ် စဉ် ကလေးဘ၀တွေ ကို ယခု အချိန် ထိ တ သသ နဲ လွမ်း မော မဆုံး နိုင်ပါ။

ပုဂံခေတ် မတိုင်ခင် က ယခု ကချင်ပြည်နယ် လို့ ခေါ်တဲ့ မိုးညှင်း ၊ မိုးကောင်းမြို့ တွေဟာ ရှေးခေတ် ရှမ်း စော်ဘွား များအုပ်ချုပ်ခဲ့ တဲ့ ရှမ်းနယ်တွေပေါ့ လို့ အဖွားက လွမ်းလွမ်း ဆွတ် ဆွတ်နှင့် ဘိုးဘေး ဘီဘင်တွေ အကြောင်း။ ချစ်ခြင်း မေတ္တာ တွေ အကြောင်း။ ကြေ ကွဲ လွမ်းဆွတ် ဖွယ်ရာ ချစ်သူတို့  အကြောင်း ပုံပြင်တွေ ကို ညအိပ်ရာ ၀င်တိုင်း အဖွားတွေ ဆီ က ကျမ မရိုး နိုင် အောင်ကြားခဲ့ရပါသည်။

မိုးကောင်း က အဖွားရဲ့ ခင်ပွန်း ကျမ အဖိုး က မန်းတလေးသား စစ်စစ်၊ အရပ် အမောင်းမြင့်မားပြီး ပေါင်မှာ ထိုးကွင်း မှင်ကြောင်တွေ နှင့် ဗမာ စစ်စစ်၊ မိုးကောင်း က ရှမ်းဗမာ အဖွားနှင့် ရေစက်ဆုံတော့ အဖိုးအဖွား တို့ ရဲ့ မျိုးဆက် ကျမတို့  တတွေ ဟာ ရှမ်းဗမာ ကပြားတွေဖြစ်လာ ခဲ့ကြပါသည်။ အဖေ့ မိခင် မိုးညှင်းနန်းမားသူ အဖွား က လည်း ရှမ်းဗမာ အဖိုးနှင့် ရေ စက်ဆုံခဲ့ပြီး ၊ မသက်ဇင် တို့ ဖခင် ကို မွေးဖွား ကာ ဆွေစဉ် မျိုးဆက် မိရိုး ဖလာ ထေ ရ ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ် တွေဖြစ်ပါသည်။

ကချင်ပြည်နယ် အဖြစ် သတ်မှတ်တာ ကတော့ မန်းတလေး က နေ မြစ်ကြီးနားဘက် ကို ရထားစီး လာရင် နန့် စီး အောင် ဘူတာနား ချောင်း တဘက် ကနေစ ပြီး ကချင်ပြည်နယ် လို့ သတ်မှတ် ခေါ်ဝေါ်ပါသည်။ မီးရထား သံ လမ်းရိုး တလျှောက်လုံး မှာ ရှိတဲ့ မြို့  တွေ အားလုံး နီးပါးဟာ မသက်ဇင် တို့ ဘိုးဘွား ဘီဘင်တွေ ဖြစ်တဲ့ ရှမ်းနီ ၊ ရှမ်း ဗမာတွေ ပဲ နေထိုင်ဋ္ဌကပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ စစ်စစ်ထွန်း ကား ရာ နယ်မြေနှင့် စိုက်ပျိုးရေး ကို အခြေခံ ရိုးသားစွာ လုပ်ကိုင် စားသောက် ပါသည်။
ကချင်ပြည် နယ် က မသက်ဇင် တို့  ဇာတိမြေ အကြောင်း ကို နောက်များ မှ ဆက် ရေး ပါ့မယ်။ မသက်ဇင် ရေ ၊ ဘယ်ဇာတိလဲ လို့ မေး လာရင် ကချင်ပြည် နယ် က ပါ လို့ ဖြေမှာ ပေါ့နော်။ အဲဒီ တော့ မေး သူ က ကချင်ပြည် က ကချင်မလေး ဒါမှ မဟုတ် ဂျိန်းဖော သူ လို့ မသက်ဇင် ကို သတ်မှတ် မှာ လား။

ဘယ် လို တိုင်းရင်းသူ လေးပဲ ဖြစ်ပါစေ။ ကျမတို့ ရဲ့ မြန်မာပြည် ဖြစ်တဲ့ အိမ်ကြီးတလုံး ထဲ မှာ ကျမတို့ အား လုံး ချစ် ချစ် ခင် ခင်နှင့်မိမိ ယုံကြည် ရာ ကို လွတ် လပ်စွာ ကိုးကွယ်ပြီး ခိုင်မာ တောင့်တင်း သည့် ဒီမိုကရေစီ အိမ် ကြီး တလုံး ကို ညီ ညွတ်စွာ တည် ဆောက် နိုင် လိမ့် မယ် လို့ မျှော်လင့်မိ ပါသည်။ အဖွား ပြော သော သမိုင်း ပုံပြင်တွေ ကို နောက်များ မှ ဆက်ရေးပါ့မယ်။
အားလုံး ကို ဂါရ၀ ပြုလေးစားလျက်
မသက်ဇင်