Saturday, June 28, 2008

အနာဂါတ်မြန်မာနိုင်ငံတော်အတွက်အရေးကြီးသည့်သမိုင်း

မြန်မာ နိုင်ငံတော် အတွင်း ရှိ လူမျိုးစု အသီးသီး၌ မိမိတို့ လူမျိုး စုများ ၏ အမြင် နှင့်ရှု ထောင့် အမျိုးမျိုး မှ မှတ် တမ်း တင် ရေးသား ထားခဲ့ဋ္ဌက သည့် ရာဇ၀င် အစောင် စောင်များ ရှိပေ သည်။ မြန်မာတို့ ၌ မြန်မာ ရာဇ၀င် တော်ကြီး မှ အစ ပြု လျက် ရာဇ၀င် လတ်။ ရာဇ၀င်ချုပ်။ မှန်နန်း ရာဇ၀င် တော်ကြီးနှင့် ကုန်းဘောင် ဆက် ရာဇ၀င် တော် အထိ အစောင် စောင် အများ အပြားရှိလေ သည်။

မြန်မာ များ နည်း တူ မြန်မာ နိုင်ငံ သမိုင်းဖြစ်ပေါ် တိုးတက်မှု တွင်ကြီး မား သည့် အခန်းမှနေ ၍ ပါဝင်ခဲ့ကြသော မွန်။ ရှမ်း။ ရခိုင်စ သည့် လူမျိုး များ၌ လည်း ငှင်းတို့ ၏ လူမျိုးနှင့် ရှုထောင့် အသီးသီး မှ နေ၍ မှတ်တမ်း တင်ခဲ့ကြ သည့် ရာဇ၀င် အ စောင်စောင်များရှိပေ သည်။

ကရင်။ ပအို့ ။ ကချင်။ ကယား။ ချင်း တို့ သည် လည်း မျိုးစဉ် မျိုး ဆက် မှတ်တမ်း ရာဇ၀င် များရှိကြ သည်။ ထို့ အ ပြင်လူ မျိုး စု တ စု က အခြား လူမျိုး စု များ ဒေသ များ အား တိုက် ခိုက် အောင်မြင် ခဲ့ သည့် တိုက်ပွဲအောင် ပွဲ များ အားဖွဲ့ နွဲ့ ရေး သား ထား သည့်မော်ကွန်း အရေး တော် ပုံများ လည်း ရှိကြသည်။

နိုင် ငံ တခု အတွင်း သို့ လူမျိုး များ စတင် အခြေ ချ နေထိုင် ခြင်း။ တိုးတက် ချဲ့ထွင်ခြင်း။ ပေါင်းရုံး စည်း လုံးခြင်း။ စ သည့် အ ထက် ပါ မှတ် တမ်း ရာဇ၀င် များ အရေး တော်ပုံ စသည့် သမိုင်း ၀င်စာပေ များ သည် မိမိ တို့  လူ မျိုး စုအသီး သီး ၏ အကြောင်း အရာ တွင် အဓိက ထား ရှိ ၍ ဦးစား ပေး ကာ ကွယ် ၍ ၎င်း ဖွဲ့ နွဲ့  ဂုဏ် တင်ရေး သားခြင်း ပြုကြ လျက် အခြား လူမျိုးစုများ အား တဘက်သတ် အဆိုးချ၍ ၎င်းပြစ် တင်၍ ၎င်း ရေးသားခြင်း ပြုကြ သည် ကို ယေဘူယျ တွေ့ ရသည်။

နိုင်ငံ တနိုင်ငံအတွင်းသို့ လူမျိုးစု တစုမက အခြေ ချနေ ထိုင်ရန်ကြိုးပမ်း အားထုတ်ခြင်းပြုကြ သည့်အခါ များ တွင် ထို လူမျိုး စု အသီးသီး ၏ နိုင်ငံရေး။ စီးပွားရေး။ ယဉ် ကျေးမှုတိုးတက်ဖြစ်ပေါ်မှု သည် မညီ မမျှ ရှိ ခြင်းကြောင့် ထို မညီမျှမှု ပေါ်တွင် အခြေခံ ၍ ပဋိပက္ခ တရား သည် မလွဲ မရှောင်သာ ပေါ်ပေါက် လာကြ ရသည်။

နိုင်ငံ တနိုင်ငံ အတွင်း လူမျိုးစု အချင်းချင်း တန်းတူ ညီမျှ သည့် ဆက်ဆံရေး ကို မတည် ဆောက်နိုင် သေးသ ၍ လူမျိုးစုတိုင်း ၏ မိမိကံကြမ္မာ မိမိဖန် တီးပိုင် ခွင့် ကို လက်ခံ ကျင့် သုံးခြင်း မပြုနိုင်သေးသ ၍ ထို ပဋိပက္ခ တရားသည် ထို နိုင်ငံ ၏ ကံကြမ္မာ အား ဖန်တီးမြဲ ဖန်တီး နေလိမ့် မည် သာဖြစ် လေသည်။

မြန်မာ နိုင်ငံ သမိုင်း တလျှောက်တွင် လူမျိုးစုများ အတွင်း မလွဲ သာ မရှောင်သာ ပေါ်ပေါက်ဖြစ်ပွား ခဲ့သည့် ပဋိ ပက္ခ များ အား လူမျိုးစု တစုက အခြား လူမျိုးစု တစု အား တဘက်သတ် အပြစ် ဖို့ ၍ မိမိ လူမျိုးစု ကို သာ ကာ ကွယ် မှတ်တမ်း တင်ခဲ့ကြသည့် ရာဇ၀င် သမိုင်းအစောင်စောင်တို့  သည် သူ့ခေတ်နှင့် သူ့ အခါ ပေါ် ပေါက်ခဲ့ ခြင်းဖြစ်သည်။

အနာဂါတ်မြန်မာ နိုင်ငံတော် တွင်ပြည်ထောင်စု သား အချင်းချင်း အ ထင် လွဲမှား စိတ်နာ ကျည်းစေ မည့် သ မိုင်းဝင် စာပေ များအား သုတေသီ တို့ အတွက် အမျိုးသား ယဉ်ကျေးမှုပြတိုက်တွင်သာ သိမ်း ဆည်းထား သင့်ပေသည် မျိုး ဆက် လူငယ် များနှင့် လူထု သည် ပိဋိကတ် အိုးကွဲများ မဟုတ်ကြသေး ဆိုသည့် အချက် သည် အနာ ဂါတ်မြန်မာ နိုင်ငံတော် အတွက် အလွန် အရေးကြီး သော ကြောင့် ဖြစ် ပေသည်။

Thursday, June 19, 2008

မွန်မြန်မာ သွေးစည်းညီညွတ်ရေးကို ဆောင်ရွက်ခဲ့သည့် ကျန်စစ်သား

အနော်ရထာ ဘုရင် ကွယ်လွန်ပြီး ၄င်း၏ သား စောလူးမင်း (၁၀၇၇ မှ ၁၀၈၄ အထိ ) နန်းတက်ပြီး နောက် မကြာ မှီ မြန်မာနိုင်ငံ တောင်ပိုင်း ရှိ မွန်လူမျိုး တို့ ၏ ပြင်းထန်ကြီးမား သည့် အုံကြွ မှုကြီး တရပ် ပေါ် ပေါက် ၍ လာ သည်။ ပဲခူးစား ငရမန်ကန်း ဦးဆောင် သည့် မွန် တို့  သည် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှားသို့  ချီတက် လာကြ ပြီး လျှင် အမျှော် အမြင် နည်းပါးသည့် စောလူးမင်း အား ဖမ်းဆီး ကွပ် မျက် နိုင်ခဲ့ကြ သည်။

ယင်း သို့ မွန်လူမျိုးများ ၏ ပုန်ကန်ထကြွမှု ကို မြန်မာရာဇ၀င်များ ၌ ပြည်တော်သာကျွန်း စစ်ပွဲဟု ရေးသား ဖေါ်ပြ ကြသည်။ ငရမန်ကန်း ဦးဆောင်သည့် မွန်လူမျိုးတို့ သည် အထက် မြန်မာနိုင် ငံ အင်းဝ အထိ ချီ တက် တိုက်ခိုက် လျက်ရှိစဉ် အနော်ရထာမင်း နှင့် အတူ မြန်မာနိုင်ငံ အား စည်းလုံး သိမ်းသွင်းရာ တွင် ပါဝင်ခဲ့ သည့် မြန်မာ လူမျိုး အကြီး အကဲ တဦးဖြစ်သူ ကျန်စစ်သား သည် အခြား မြန်မာအကြီး အကဲ များနှင့် အတူ ပုဂံပြည် နှင့်အထက် မြန်မာနိုင်ငံတလွှား ၏ အခြေခံဒေသဖြစ်သည့် ကျောက်ဆည် ၊ လယ်တွင်းနယ် များ နှင့် မိတ္ထိ လာ နယ် များ တွင် လူသူအင်အား စုဆောင်းပြီး စားနပ်ရိက္ခာ အင်အားဖြည့်ကာ ငရမန် ကန်းအား တန်ပြန် တိုက်ခိုက်၍ နောက်ဆုံး ပုဂံအနီး မြင်းကပါ စစ်ပွဲ တွင် ငရမန်ကန်းတို့အား အောင်လိုက်နိုင်ပြီး စောလူးမင်း ၏ ဦး ခေါင်း မှ လွင့်စင် ကျ သွားသည့် ပုဂံမင်းဆက် ၏ မကိုဋ်သရဖူ အား ကျန်စစ်သားသည် ပြန်လည် ထိမ်း သိမ်း လိုက် နိုင်သည်။

ကျန်စစ်သား သည် ပုဂံထီးနန်း အား သိမ်းပိုက်ပြီး နောက် မွန်မြန်မာ စစ်ပွဲကြောင့် ဒုက္ခ ပင်လယ်ဝေလျက် မြို့ပျက် ရွာပျက် အိုးပျက် အိမ်ပျက် နှင့် လုပ်ငန်း ကိုင်ငန်း များပါ ပျက်စီးခြင်းများစွာဖြင့် အဘက်ဘက်တွင် ကစင့် ကလျား ဖြစ်နေသည့် ပြည်သူ ပြည်သားများ အတွက် အလေးထား၍ တိုင်းပြည်အား အရေးတကြီး ပြန်လည် ထူထောင် သည်။ မွန်ဘာသာဖြင့် ရေးထိုးထား သည့် ရွှေစည်းခုံ ကျောက်စာ အထောက်အထား အ ရ။

များစွာသောသူ ခပ်သိမ်းတို့ သည်
သား တကွဲ ၊ မယား တကွဲ ၊ မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။
ထို သူတို့ ၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်း ပါအံ့။
ထို သူ တို့ ၏ မျက်ရည် ကို ငါ သုတ် ပါအံ့။
ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။
ငါ ၏ ၀ဲဘက်လက်ဖြင့် ၀တ်စား တန်ဆာပေးအံ့။
အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့ ။
ငါ သည်လည်း တိုင်းသူပြည်သား တို့ ကို နှစ်သိမ့်စေ အံ့။

ဟု ရေးထိုး ထားသည့် ကျန် စစ် သား သည် မြန်မာ လူမျိုး အကြီးအကဲ တဦး အနေဖြင့်ငှင်း ၊ မြန်မာနိုင်ငံ တ နိုင်ငံ လုံး ၏ ခေါင်းဆောင်ကြီး တဦး အ နေဖြင့်ငှင်း ၊ စောလူးမင်း နန်းသက် အတွင်း ပြင်းထန်စွာ ပေါက်ကွဲ ခဲ့သည့် မွန် မြန်မာ အရေး တော်ပုံ ကို လေး လေး နက်နက် စဉ်းစားသုံးသပ် ခဲ့ပုံရသည်။

ကျန်စစ်သား သည် မွန်တို့ အား မြန်မာတို့ နှင့် တူညီမျှတသော အခွင့်အရေးကို ပေးအပ် ဆက်ဆံခဲ့သည်။ မွန် လူမျိုး အကြီးအကဲ များအား မြန်မာနိုင်ငံ ၏ အထွေထွေ ကုန်ထုတ် လုပ်ငန်း ၊ အုပ်ချုပ် ရေး ၊ ကာကွယ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းများတွင် ဦးစီးခေါင်းဆောင် များအဖြစ် ပါဝင်စေခဲ့သည်။ မွန်လူမျိုး များ ၏ ယဉ် ကျေး မှု နှင့် အစဉ်အလာ ကို လည်း လေးစား မှု ပြခဲ့သည်။

မြန်မာနိုင်ငံ ကမ္ဗည်းကျောက်စာ များ မှ စုဆောင်း ရှာဖွေ စာရင်း ပြုလုပ်ထား သည့် ကျန်စစ်သား နှင့် သက် ဆိုင် သည့် ရှေးဟောင်း ကျောက်စာ များ သည် များသော အားဖြင့် မွန်စာ မွန်အက္ခရာ များဖြင့် ရေးထိုး ထား သည် ကိုသာ တွေ့ ရှိရသည်။ မွန် မြန်မာ သွေးစည်းညီညွတ်ရေး ကို အမြှော်အမြင် ကြီးမားစွာဖြင့် ကျန် စစ် သား သည် ဆောင်ရွက် လိုက်သည့် အတွက် မြန်မာနိုင်ငံ ၏ စည်းလုံးမှုသည် ပိုမိုသိပ်သည်း ခိုင်မြဲလာသည်။

တနိုင်ငံလုံး စစ်မက် ကင်းရှင်းကာငြိမ်းချမ်း သာယာလာသည်။ ပုဂံခေတ် မြန်မာနိုင်ငံ ၏ ရွေရောင်လွှမ်းသော ကာလ ဟု ခေါ်ဆို ရလိမ့်မည်။ အထွေထွေ ကုန်ထုတ်လုပ် ငန်းတိုးချဲ့ခြင်း ၊ နိုင်ငံခြားတိုင်းပြည်များ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း အထူးသဖြင့် တရုတ်ပြည် နှင့် အိန္ဒိယ နိုင်ငံတောင်ပိုင်း တို့ နှင့် ရောင်းဝယ် ဖေါက်ကားခြင်း များပြုလုပ်ခဲ့ သည် ကို တွေ့ ရှိရသည်။

အနော်ရထာ လက်ထက် မှ စတင် ပျိုးထောင်ခဲ့သည့် ထေရ၀ါဒ ဗုဒ္ဓသာသနာ နှင့် ယဉ်ကျေးမှုများ ကို ဖွံ့ ဖြိုး တိုးတက်အောင် ဆောင်ရွက်ခဲ့သည်။ အံ့မခန်းလောက်သော ဗိသုကာ အတတ်ဖြင့် အနန္ဒာ လှိုင်ဂူတော် နှင့် သာသနာ့ အဆောက်အဦး များစွာကို တည်ဆောက်ခဲ့သည်။ အနော်ရထာ လက်ထက် က အစ မသတ်နိုင်ခဲ့ သည့် ရွှေစည်းခုံစေတီ တော်ကို အပြီးသတ် တည်ဆောက်ခဲ့သည်။

အိန္ဒိယ နိုင်ငံ ဗုဒ္ဓဂါယာ တွင် ပျက်စီး လျက် ရှိသည့် သာသနာ အဆောက်အဦးများအား စေလွှတ်ပြင်ဆင်ခြင်းပြု သည့်အပြင် အိန္ဒိယ သီဟိုဠ် နိုင်ငံများနှင့်လည်း သာသနာ ရေး ဆက်သွယ်မှု ရှိခဲ့သည်။ ကျန်စစ်သား ၏ အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ် သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလ ဟု ဆိုရလိမ့် မည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံကြီးငယ် အားလုံး က အသိ အမှတ်ပြု ခန့် ငြား လာကြသည် သက္ကရာဇ် ၁၁၀၆ ခုနှစ် တွင် မြန်မာနိုင်ငံ မှ သံအဖွဲ့ ဝင် များ တရုတ် ဧကရာဇ် နန်းတော်သို့ ဆိုက် ရောက်သော အခါ အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံကြီး တနိုင်ငံ ၏ ကိုယ်စားလှယ်တော် အဖြစ် တ ရုတ် တို့ က တ ခမ်း တနား တဆောင်တယောင် ဧည့်ခံ ဆက်ဆံ ခြင်းပြု ကြောင်း တရုတ်နန်းတွင်း မှတ်တမ်းများ ၌ ဖေါ်ပြ ရေးသား ထားသည်။ ထေရ၀ါဒ သာသနာတော် စည်ပင် ထွန်းကားရာ နိုင်ငံအဖြစ်လည်း အိန္ဒိယ နှင့် သီဟိုဠ် နိုင်ငံများ က လေးလေးစားစား နှင့်ခန့် ခန့် ငြား ငြား ဆက်ဆံကြ သည် ဟု မှတ်တမ်းတင်ခဲ့ကြပါသည်။

ကျမ်းကိုး
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။
ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်မဟာ
မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )
မှန်နန်းရာဇ၀င် သုံးတွဲ

Wednesday, June 4, 2008

အနော်ရထာ ကျိုးပမ်းခြင်းဖြင့်ရှေ့ တန်းရောက်လာသည့် ထေရ၀ါဒသာသနာ

အနော် ရထာ ဘုရင် သည် မြောက် ဘက် နှင့် အရှေ့ ဘက် ရှမ်း နယ် များ နှင့် ရှမ်း လူမျိုး များ အား စည်း လုံး သိမ်း သွင်းပြီး နောက် တောင်ဘက် ရှိ မွန်နယ်များ နှင့် မွန်လူမျိုးများ အား ဆက်လက် သိမ်းသွင်းခြင်းပြုသည်။ ထို့ နောက် အင်ဒို ချိုင်း နား ကျွန်း ဆွယ် နှင့် မာလာယု ကျွန်း ဆွယ်ကြီး များ အား စိုးပိုင်သည့် ကမ္ဗောဇ နိုင်ငံ သို့ သွား ရောက် ခဲ့ သည်။
အ ဘယ့် ကြောင့်ဆိုသော် ထို အချိန် က ကမ္ဗောဇနိုင်ငံ အကြားရှိ မွန်ပြည်နယ် နှင့် မွန် လူ မျိုး များ ၊ အ ထူး သဖြင့် တနသ်ာရီ ကမ်း ရိုး တန်း ဒေသ အား ကမ္ဗောဇ ဘုရင် များ က ငှင်း တို့ ၏ လက် အောက် ခံ ပဏာဆက်ပြည်နယ် များ အဖြစ် သဘောထား ကာ ဆက် သွယ်နေ သော ကြောင့် ဖြစ် သည်၊ အ နော်ရထာ ဘုရင် ကမ္ဗောဇ နိုင်ငံ သို့ သွား ရောက် ခဲ့ သည်မှာ အောင် အောင်မြင်မြင်ရှိခဲ့ ကြောင်း သိရသည်။ အ ဘယ့်ကြောင့်ဆိုသော် ပုဂံခေတ် တလျှောက်လုံး ကမ္ဗောဇ ဘုရင် များ မှ ၀င်ရောက် စွက်ဖက်ခြင်း မတွေ့ ရှိ ရ သောကြောင့်ဖြစ်သည်။

သို့ သော် ၁၃ ရာစုခန့် တွင် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ ပျက်စီး၍ ထိုင်းရှမ်း လူမျိုးများ သည် အင် ဒို ချိုင်းနား ကျွန်းဆွယ် သို့  ၀င်ရောက်၍ ယိုးဒယား နိုင်ငံ ထူထောင် ပြီး နောက် ယိုးဒယား ရှမ်း များ သည် သူ တို့ ကိုယ် သူတို့  မွန်ခမာလူမျိုး တို့ ၏ အရိုက်အရာ ကို ဆက်ခံသည် ဟုယူဆပြီး တနသ်ာရီ ကမ်းရိုးတန်း အထူး သဖြင့် ၊ ရေး ၊ မြိတ် ၊ ထားဝယ် ဒေသများ အား ပြန်လည် ဖဲ့ယူ ရန်ကြိုးပမ်း သော ကြောင့် ၊ ပုဂံခေတ် နောက် ပိုင်း ယိုးဒယား နှင့်မြန်မာ တို့ သည် သမိုင်း တလျှောက်လုံး စစ်မက် တိုက်ခိုက်ခဲ့ကြသည်။

အ နော် ရထာ ဘုရင်သည် မွန်ပြည် နယ် နှင့် မွန်လူမျိုး တို့ အား စည်းလုံး သိမ်း သွင်းပြီး နောက် ရ ခိုင်ပြည် မြောက် ပိုင်း သို့ ဆက် လက် ချီ တက် သိမ်းသွင်း သည် ၊ ထို့ နောက် နိုင်ငံရေး အရ ၊ အိန္ဒိယ နိုင်ငံ အာသံနှင့် ဘဂ်လားနယ် ရှိ ပဋိက္ကရား ပြည် အထိ အနော်ရထာ ဆက် လက်ချီ တက်သည်။ အဘယ့် ကြောင့် ဆိုသော် ရ ခိုင် မြောက်ပိုင်း ဒေသ များ အား အိန္ဒိယ နိုင်ငံ အရှေ့ ဘက် တလွှား မှ မကြာ ခဏ ၀င်ရောက် တိုက်ခိုက် နေသော ကြောင့်ဖြစ်သည်။
အနော်ရထာ သည် ရခိုင် ကမ်းရိုးတန်း ဒေသများ အား နိုင်ငံရေး အ ရ လောက် သာ စည်း လုံးသိမ်း သွင်း ခြင်းဖြစ်သည် ပုဂံခေတ်လ တလျှောက်လုံးတွင် ရခိုင်ပြည် သည် မိမိတို့ ကိုယ်ပိုင် အုပ် ချုပ်ရေး ဖြင့် သီး ခြား လွတ်လပ်စွာ ရှိ နေကြပြီး ရခိုင် လူမျိုး တို့  ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှ တို့ အား အ နော်ရထာ သည် ၀င်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။
အနော်ရထာ သည် အဖက်ဖက် မှ စနစ်တကျ စုစည်း တည် ထောင် နေ စဉ် ကြီး မား သည့် အနှောင့် အယှက် တခု နှင့်ကြုံ ရလေသည်။ အဘယ်ကြောင့် ဆိုသော် ပုဂံပြည် ၏ သမထီး ဟူ သော အ ရပ်ဒေသ တွင် တန်ခိုးသြဇာ ကြီးမားလျက် ရှိ သည့် အရည်းကြီး သုံးကျိပ် နှင့် နောက် လိုက် တပည့် ခြောက်သောင်း ကျော် တို့  ၏ ပြဿနာ ဖြစ်သည်။
ယင်း အရည်းကြီး တို့ ၏ ပုဂံပြည်သူပြည်သား များ အပေါ် ၌ ဘာသာ ရေး တန်ခိုး အာဏာ လွှမ်းမိုး မှု သည် အနော်ရထာ ၏ နိုင်ငံ ရေး တန်ခိုး အာဏာ အား ခြိမ်းချောက် လျက်ရှိသည်။ ပုဂံပြည် တွင် အနော်ရထာ နှင့် အရည်းကြီး တို့ သည် မင်းပြိုင် ကဲ့ သို့ ဖြစ်နေသည်။ ထို့ ကြောင့် အနော်ရထာ သည် ပုဂံပြည်သူပြည်သား များ အပေါ်၌ တန်ခိုး အာ ဏာကြီးမားလျက် ရှိ သော အရည်းကြီး တို့  ၏ သြဇာအား ဖြိုဖျက် နိုင်ရန် အတွက် မွန် ရဟန်း တော် အရှင် ဓမ္မ ဒဿီ ဘွဲ့ခံ ရှင်အ ရဟံ အမှူးပြုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ရဟန်း တော်များ ကို မဟာမိတ်ပြုခဲ့သည်။

ထို ထေရ၀ါဒ ဗုဒ္ဓဘာသာ ဟန်းတော် များ ၏ အကူ အညီဖြင့် ပုဂံပြည်သူပြည်သား များ အား သာသနာပြုစေ ခဲ့သည်။ ပုဂံပြည် သူပြည်သား များ အ တွင်း ၌ အရည်းကြီး တို့ ၏ သြဇာ ကျဆင်းသည် နှင့် တပြိုင် နက် အ တင်း အကြပ် လူဝတ် လဲလှယ်စေခဲ့သည်။ ထို့ နောက် ထို အ ရည်းကြီး လူထွက်များ အား ပုဂံပြည် ၏ အ ထွေ ထွေ ကုန် ထုတ် လုပ်ငန်းများနှင့် ကာကွယ်ရေး လုပ်ငန်းများ တွင် နေရာချထား ကြောင်းမြန်မာ ရာ ဇ ၀င် များ ၌ ရေး သား ဖေါ်ပြကြ သည်။ အနော်ရထာ ၏ လုပ်ဆောင် မှု သည် အနာဂတ်မြန်မာ နိုင်ငံ၏ ယဉ် ကျေးမှု ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အတွက် အခြေခံ အုတ်မြစ် ကို ချခဲ့ခြင်း လည်းဖြစ်သည်။

ထို အရည်းကြီး တို့ ဦးဆောင် လျက် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှား တွင် ရာစုနှစ် အတန်ကြာ အ မြစ် တွယ်နေခဲ့ သည့် ၊ ဗြဟ္မဏ သာသနာ ၊ မဟာယန သာသနာ နှင့် ထန်တရစ်ဝါဒ စသည် တို့ ကို နောက် တန်း သို့ ပို့ လျက် ထေရ၀ါဒ သာသနာ က ရှေ့ တန်း သို့  တက် လာ ခဲ့ သည်။ သို့ ရာ တွင် ထို အရည်း ကြီး တို့ ၏ သြဇာ အ ရှိန် အ၀ါ သည် လုံးဝ ပျောက် ကွယ် ချုပ်ငြိမ်း သွား သည် ကား မဟုတ်ပေ ၊ နောက် တန်း သို့ လျှော ကျ သွားခြင်း လောက် သာဖြစ်သည်။

မြန်မာ နိုင်ငံ မျက်မှောက် ခေတ် အထိ ဗြဟ္မဏ ၊ မဟာယန ၊ မာန် တရစ် တန်တရစ် စ ၊ စသည့် ၀ါဒ များ သည် ရော ထွေး လျက်ရှိ နေတုန်းဖြစ်သည် ကို စူးစမ်း လေ့လာ တွေ့ ရှိ နေရဆဲဖြစ်သည်။
သို့ သော် ထင်ရှားသည့် မြစေတီ ကျောက်စာ အထောက်အထားဖြင့် အနော်ရထာ ဘုရင်၏ နန်းသက် အား ၁၀၄၄ ခုနှစ် မှ ၁၀၇၇ ခုနှစ် အထိ ၃၃ နှစ် ဟု သတ်မှတ် သည် ၊ နိုင်ငံတနိုင်ငံ ၏ သမိုင်းဖြစ် ပေါ်တိုးတက်မှု အတွက် ၃၃ နှစ် ဟူသည့် အချိန် ကာလသည် တိုတောင်း သည်ဟု ဆိုရမည်ဖြစ်သည်။
သို့ သော် လည်း မြန်မာ တနိုင်ငံလုံး နှင့် မွန် ၊ ရှမ်း ၊ ရခိုင် စသည့် တို့ အား သူ့  ခေတ် နှင့် သူ့ နည်း နှင့် သူ စည်းလုံး သိမ်းသွင်း ၍ မြန်မာနိုင်ငံသမိုင်း အခြေခံ အုတ်မြစ်အား စိုက် ထူခဲ့ သော အနော် ရထာ ဘု ရင် နှင့် မြန်မာ လူမျိုး အကြီးအကဲ များ အား အံ့သြကြ ရပြီး အမျှော်အမြင် ကြီးမားမှု အား မော် ကွန်း တင် မှတ်တမ်းပြုကြရ မည်ဖြစ်ပါသည်။


ကျမ်းကိုးမြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ ၁၉၆၉ လုစ်
မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ