Saturday, September 27, 2008

မြန်မာနိုင်ငံ နှင့် နတ်ကိုးကွယ်မှု

လသာည များ တွင် ကျမ တို့ ကလေးဘဝ နှင့် ရွာအကြောင်း ကို ကျမ လွမ်းလွမ်း ဆွတ်ဆွတ် သတိရ တမ်းတမိ သည် ကျမ တို့ ရွာတရွာ သာ မဟုတ်ပါ ဘူး မြန်မာ နိုင်ငံ တဝန်းလုံး ရှိ ရွာတွေ က လည်း လသာ ည များ တွင် ခံစား မှု များ အတူတူ ဖြစ်ကြ မည်ဟု ကျမ ယုံကြည် ပါသည်။ သန့်ရှင်းကြည်လင်သည့် ကောင်းကင် တွင် လမင်းက ထိန်ထိန်သာ နေသည်။ ရွာထဲ မှ ကလေးများ က ပျော်ရွှင်စွာ ဆော့ ကစားကြသည် လူကြီး များက ကွပ်ပျစ် ပေါ်တွင် ထိုင်ပြီး ရေနွေးကြမ်း သောက် လိုက် ထန်းလျက် ခဲလေးမြုံ့လိုက် လဘက်လေး ဝါး လိုက် နှင့် ရှေးဟောင်း နှောင်းဖြစ် က အစ ရပ်ရေး ရွာရေး တွေ ပြောနေကြသည်။

နောက် ကောင်းကင်ကြီး ကို မော်ကြည့် ကြ မည် ကျမ တို့ ခေတ် သာမဟုတ် လူ့ အနွယ်ဝင်လူသား များ ဖြစ်သည့် ကျမတို့ ဘိုးဘေး ဘီဘင် အဆက်ဆက်က ရှိခဲ့ပါ လိမ့်မည်။ အမှတ် မထင် ကောင်းကင်ကြီး အား မော်ကြည့် ရင်း ထိန်ထိန်သာ နေ သည့် ဖိုး ရွေလမင်း ကို ငှင်း။ တလက် လက် တောက်ပ နေ ကြ သည့် ကြယ် စု များ စွာ ကို ငှင်း မှိတ်တုံ့ လင်းတုံ့ နှင့် အရောင် ထွက်နေကြသည့် ကြယ်ကလေး များ ကို ငှင်း ဘိုးဘွားဘီဘင် တို့က အမည်များ ပေးကြသည်။ ဟို ကြယ် စုစုလေး က မောင်ရင် ဆိုင်းထမ်းပေါ့။ ဟို က ဖြောက်ဆိတ်။ ဟို က သောကြာကြယ်။ နဂါး ငွေ့တန်းကြီး လည်း ချစ်သူတွေ လျှောက်ခဲ့ကြသည့် တံတား ကြီးပေါ့ကွယ်။ လွမ်းဆွတ်ဘွယ် ပုံပြင်တွေပြောကြသည်။

ကျမ တို့ ဘိုးဘေး ဘီဘင် များဖြစ်သည့် လူသားများသည် ကောင်းကင်ပြင် ကြည်လင်သန့်ရှင်းသည့် ညများတွင် ကောင်းကင်သို့ မော်ကြည့် မိပြီး ရင်တွင်းဝယ် လူးလွန့် လှုပ်ရှားသွားကြသည်။ ဘာ ဝေဒနာဟု ကိုယ့် ကိုယ်ခွဲခြား မသိကြ ထိုကြောင့် ထို ဝေဒနာကို ကင်ပွန်းတပ်လို့ မရ။ ထို ကင်ပွန်းတပ် မရခဲ့သော ဝေဒနာကို လူ့ အနွယ်ဝင် ဘိုးဘေးဘီဘင် တို့ သည် ခံစားခဲ့ကြရသည်။ ထို ဝေဒနာ ကို အံထုတ်ဖေါ်ပြရန် အတွက် လူ့ အနွယ်ကြီး အတွင်း ထူးထွေ ဆန်းပြား သော ပုံပြင်များ ရှိလာကြသည်။ ကဗျာ လက်ာ များ ဖွဲ့ခဲ့ကြသည် အထူးသဖြင့် မြေထဲ ပင်လယ်ဒေသနှင့် ဂင်္ဂါမြစ်ဝှမ်းတို့ တွင် ထို ပုံပြင်များသည် ကြီးကျယ် ခန်းနားပြီး ကြွယ်ဝကြသည်။

ရသ စာပေ ကိုမြတ်နိုး တတ်ကြ သည့် မြန်မာတို့ သည် မိမိ တို့ တွင် ရှိသည့် ပုံပြင်များ နှင့် တင်းတိမ် ရောင့်ရဲခြင်း မပြုနိုင်ကြ သဖြင့် ဂင်္ဂါယဉ်ကျေးမှု ၏ အသီးအပွင့်များ အား မိမိတို့ ၏ ယဉ်ကျေးမှု ဥယျာဉ်ခြံမြေ များတွင် တယု တယ စိုက်ပျိုးခဲ့ကြသည်။ နေနတ်သမီး နှင့် လ နတ်သား စသည့် ပုံပြင်များ ကို ကျမ တို့မြန်မာ လူမျိုးများသည် မိမိတို့ အမျိုးသားဝတ်ရုံများ ဆင်မြန်း ကာ အမြတ် တနိုး မွေးစားခဲ့ကြသည် မဟုတ်ပါလား။

ကျမ တို့ မြန်မာနိုင်ငံသည် တရုတ်ပြည် အိန္ဒိယပြည်နှင့် အရှေ့ အာရှ တောင်ပိုင်းဒေသများ ၏ ပတ်ဝန်း ကျင်တွင် တည်ရှိ ကာ ရေမြေ တောတောင်များ ဆက်စပ် နေ သည်။ အနောက်ဘက် တောင်တန်းကြီး များ သည် အိန္ဒိယ ပြည် အရှေ့မြောက် ဒေသ နှင့်ငှင်း အာသံ မဏိပူရ နယ်များ နှင့်ငှင်း ဆက် စပ်ပြီး ရခိုင်ကမ်းမြောင် ဒေသသည် ဘင်္ဂလားနယ် နှင့်ငှင်းဆက်စပ်သည်။ မြောက်ဘက် တောင်တန်းများသည် တရုတ်ပြည်တိဗက် နယ်နှင့်ငှင်း ဆက် စပ်ပြီး အရှေ့ဘက် ကချင် တောင်တန်း နှင့်ရှမ်းကုန်းမြေမြင့်သည် တရုတ်ပြည် ယူနန်နယ်နှင့်ငှင်း ။ တောင်ဘက် တွင် လင်းဇင်း ၊ မာလာယု များနှင့်ဆက်စပ်သည်။

ထို ပထဝီ အနေအထားများကြောင့် မြန်မာနိုင်ငံ သမိုင်း ဖြစ်ပေါ်တိုးတက် မှုသည် သီးခြား ကင်းလွတ်မနေပဲ ထို ဒေ သများ နှင့် ယဉ်ကျေး မှု နှင့်ဘာသာရေးများ ပါ ဆက်နွယ်လျက် ရှိကြပေသည်။ မြန်မာ ရာဇဝင်တော်ကြီး တွင်သာ ကီ ဝင် များဟု ရေးသား ဖေါ်ပြထားပြီး ခေတ်သစ် သမိုင်း ပညာရှင်များ က ပျူလူမျိုးများ ဟု ဖေါ်ပြထား သည့်လူမျိုးနွယ်များသည် ရှေး နှစ်ပေါင်း နှစ်ထောင်ကျော်လောက် မှ စပြီး မဏိပူရ အာသံနယ်များမှတဆင့် ကဘော်တောင်ကြားလမ်းအတိုင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြပြီးလျင် သူတို့ နှင့် အတူ ရှေးဟောင်း အိန္ဒိယ ပြည်ကြီး ၏ အင်ဒိုအာရိယန် ယဉ်ကျေးမှုများ ကို တင်သွင်းယူဆောင်လာခဲ့ကြသည်။ မြန်မာနိုင်ငံ တွင် ယနေ့ တိုင် လွမ်းမိုး လျက်ရှိ သည့် အင်ဒို အာရိယန်ယဉ်ကျေးမှုသည် ယင်းပျူလူမျိုးများ ခေတ်မှ အစပြုခဲ့သည် ဟု လက်ခံဖွယ်ရာ သမိုင်းဝင် အထောက်အထား အများအပြား တွေ့ရှိရလေသည်။

မြန်မာ့ ယဉ်ကျေးမှု နတ် ကိုး ကွယ်မှု စစ်စစ်မှာ ၃၇ မင်းနတ်သာရှိသည်ဟု လေ့လာတွေ့ရှိရသည်။


Wednesday, September 24, 2008

ဒဂုန်တာရာ သို့ ကန်တော့ပန်း

၂၀၀၆ ခုနှစ်မေလ ၁၀ ရက် နေ့ တွင် ကျရောက်ခဲ့သည့် ဆရာ ဒဂုန်တာရာ ၏ ၈၇ နှစ်ပြည့်မြောက်တွင် ပြည်ပ နိုင် ငံ အသီးသီး တွင် ရောက်နေကြ သော ကဗျာ စာပေချစ်သူ လူငယ် များ စုစည်း ချိတ်ဆက်ကာ ဆရာ ဒဂုန်တာရာ သို့ အသီးသီး ဂါရဝပြု နှုတ်ခွန်း ဆက် ကန်တော့ ကြသည်။ ကျမ တို့ အားလုံး မိမိတို့ ရောက်ရှိ နေ ကြ သော နိုင်ငံ မှ တလှည့် စီ အချိန်ညှိ ကာ ဆရာနေထိုင်လျက် ရှိ သည့် ကလောမြို့ သို့ အလှည့်ကျ ဖုံးဖြင့် နှုတ် ဆက်ကြပါသည်။

ကျမ အလှည့် တွင် ဆရာဒဂုန်တာရာ ၏ ဆုံးမသြဝါဒ ကို ခံယူပြီး နောက် စိတ်ထဲ မှ ဆရာ့ အား ရည်စူး ကန်တော့ လျက် ဆရာ့ မွေးနေ့ပွဲ အတွက် ကျမ စပ်ထားသော ကဗျာတပုဒ် နှင့် ကန်တော့ ချင်ကြောင်း ပြောပြပြီး ကဗျာရွတ် ပြ ပါသည်။ ကျမ ကဗျာရွတ်ဆိုနေသည့် အချိန်တွင် ဆရာသည်ငြိမ်သက် တိတ်ဆိတ်စွာ နားထောင်လျက်ရှိပြီး ကျမ ကဗျာရွတ်ခြင်း ဆုံးသွားသည့်တိုင် ဆရာ ငြိမ်သက်တိတ်ဆိတ်မြဲ ဖြစ်နေ သောကြောင့် ကျမ က ဆရာ ဆရာ ဆရာ ဟု သုံးကြိမ် တိတိ ဆက်တိုက် ခေါ်လိုက်သည့် အခါတွင် ဆရာ့တုန့် ပြန်ထူးသံကို ကျမ ကြားလိုက် ရပါသည်။

ဒါပေမဲ့ ဆရာ့ အသံ အား ကျမ ခံစားမိလိုက်သည်။ ဆရာ့ အသံလှိုင်းသည် ကြေကွဲ ဆို့နင့်နေသည့် အသံ လှိုင်း ပါ လား။ ဆရာ မျက်ရည် ကျ မကျတော့ ကျမ မသိနိုင်ပါ။ သို့သော် ဆရာ့ရင်ထဲဝယ် ဆို့နင့်နေ သည် ကို တော့ ကျမ သိလိုက်ပါသည်။ ကျမ ကန်တော့ လိုက်သည့် ဆရာဒဂုန်တာရာ၏ ၈၇ နှစ်ပြည့် မွေးနေ့အတွက် အမှတ်တရ ကဗျာလေး အား ခံစားရန် ကျမ မျှဝေ ပေးလိုက်ပါသည်။


ဒဂုန်တာရာ သို့ ကန်တော့ပန်း

စာပေအနုပညာဟာ
ပြည်သူ ဘက် က ပါ တဲ့
ဆရာ ဒဂုန်တာရာ သြဝါဒ စကား
ကျမ ရဲ့ အသဲနှလုံးကြား မှာ
ထာဝရ သိမ်းထားလျက်ပါ ဆရာ

ဆရာရေး တဲ့
ပန်းနုရောင်အို
သဇင်သင်းပြန်တော့
အလက်ာ ကဗျာ
ဧရာဝတီ ယန်စီ ဗော်လဂါ

တန်ဘိုးကြီး သမိုင်းမှတ်တိုင်တွေ
စာပေသစ်ရဲ့ ခေါင်းဆောင်
ဆရာ့ကလောင်ကို မြတ်နိုး
စောင်းကြိုး နှင့် ကတ္တီပါ ကားလိပ်
ဆိတ်ဖလူးရ နံ့ လေး သင်းသလိုထင်
ရင်သိမ့်ခုန် မှတ်ယူ ခဲ့ရပါတယ် ဆရာ

ငြိမ်းချမ်းရေး ပိသုကာ
ဆရာသခင်ကိုယ်တော်မှိုင်း
အောင်ဆန်း သို့ မဟုတ် အရိုင်း
နက် ရှိုင်းတိုးဝင်

ကိုဗဟိန်း သို့ မဟုတ် ကဗျာ
ဆရာရေးတဲ့ ရုပ်ပုံလွှာ
ရင်မှာငြိတွယ် ခဲ့ရပါတယ် ဆရာ

ဆရာဒဂုန်တာရာ
အနာဂတ်တွေ လှမ်းကြည့် လို့
ထင်းရူးနံ့ သင်းတဲ့ ရှမ်းမြေမြင့်မှာ
စန္ဒယား တီးရင်း
ရွှေ ရောင် ညနေခင်းရဲ့ 
ထင်းရူးတောထဲ
လမ်းလျှောက် မြဲပဲပေါ့ နော် ဆရာ

ဆရာ ၈၇ နှစ်ပြည့်မှာ
ဆရာ့စာတွေကို ချစ်ကြတဲ့
ပြည်ပရောက် စာချစ်သူ တွေလေ

ဆရာ့ ထံ
အရောက် မလာနိုင်ပေမယ့်
မြန်မာပြည်သူတွေ နှင့်အတူ

ဆရာ လိုချင် တမ်းတ တဲ့
ငြိမ်းချမ်းရေး နှင့် ငြိမ်းချမ်းမှု
တွေလေ
မဝေးတော့သော ကာလမှာ
အမှန်တရားများနှင့်အတူ
သစ္စာ ရှိသူတွေ စုစည်းလို့ 
တနေ့  ဆရာ့ထံ
အသီးသီး ပြန် ရောက်လာ နိုင်မှာပါ ဆရာ။
မသက်ဇင်

Friday, September 19, 2008

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၂)

ကျမ တို့ မြေး အဘွား ကော်ဖီသောက် ပြီး ရွေစည်းခုံ သို့ ထွက်လာ ခဲ့ကြသည်။ ရွေစည်းခုံ တွင် ကြည့် စရာတွေ များ လွန်း လှပါ သည် တရက် နှင့်လည်း ကြည့် မကုန် တလ နှင့် လည်း ကြည့်မကုန် နိုင်ပါ။ ဒါ က ကြေး ဂူ တိုက် လို့ ခေါ် တယ် မြေးရဲ့ ဘုရား လေး ဘက် လေး တန် အလယ် တည့်တည့် မှာ ဘုရား ဆင်းတု တော် ကို ဖူး မျှော် ကြည်ညို နိုင် ဖို့ တ သီး တခြား တည် ဆောက် ထား တာ ကကုသန် ။ ကောဏဂုံ ။ ကသပ ။ ဂေါ တ မ ။ ဆို တဲ့ ပွင့်တော် မူပြီး ဘုရား လေးဆူ ရဲ့ မတ်ရပ် ပုံ ဆင်းတု တော်တွေပဲ။

ဆင်း တု တော် ကား ဆယ့် သုံး ပေ လောက် မြင့် သည်။ ဘယ်ဘက် လက် ဖဝါး အား အပြင် ဖြန့်ထား ပြီး လက် ချောင်း များ အား အောက် စိုက် ထားသည်။ ညာ ဘက် လက် ဖဝါး အား အပြင် ဖြန့်ထား ပြီး လက် ချောင်း များ အား အပေါ် ထောင် ထားသည်။ ဘယ်ဘက် လက် က သတ္တဝါ တို့ လိုအင် ဆန္ဒ ပြည့်ဝစေရန် ဆုပေး နေ ဟန်ဖြစ် သည်။ ညာဘက် လက် က ချစ်သား သမီး တို့ မစိုးရိမ်ကြ ကုန်လင့် ဟု အားပေး နေဟန်ပါပဲ။

ရွေစည်းခုံ စေတီ အား စတင် တည်ထား သူ မှာ အနော်ရထာ ဖြစ်သည်။ ကျန်စစ်သား မင်း က ဆက် လက် တည် ဆောက်ပြီး ပုဂံ ပိသုကာ လက်ရာ များ အား ကြွယ်ဝ စေခဲ့သည်။ရွေစည်းခုံကို အပြီးသပ်ခဲ့တဲ့ ကျန်စစ်သားမင်းက သူ တည် ခဲ့တဲ့ စေတီ ကို နိဗ္ဗာန် ၏ မူလ အရင်း ခံဖြစ်တဲ့ မြတ်သော မဟာစေတီ လို့ ခေါ်ဆို ခဲ့တယ်။ ကျန် စစ်သားမင်း ရေးထိုး တဲ့ ကျောက်စာတွေ မှာ နိရ်ဗာဏ ဆို တဲ့ ဝေါဟာရ ကို သုံးလာ တာ မြေး သတိ ထားမိ လာ သလား။ တခါ တရံ မဟာ နိဗ္ဗာန် ဆို တဲ့ ဝေါဟာရ ကိုသုံး ထားတယ်။ ဘွားဘွား က အရိမဒ္ဒန ပြည့် ရှင် ကျန် စစ်သားမင်း ၏ ကောင်းမှု များ အား တပိုင်း တစ ရှင်းလင်း ပြနေသည် ကို ကျမ နားထောင်ပြီး ကြည်နူး လို့ မဆုံနိုင် တော့ပါ။

ထို့ ကြောင့် သမိုင်း သုတေသီ အချို့ က ကျန်စစ်သား မင်း သည် ရွေစည်းခုံစေတီ အား တည်ပြီး နောက် ပိုင်း မဟာယာန မှ ထေရဝါဒ ဗုဒ္ဓဘာသာ သို့ လုံးလုံးလျားလျား သက်ဝင်ယုံကြည် လာပြီဟု ယူဆ ရန် အ ကြောင်း ရှိသည်။သို့ဆို လျှင် ရွေစည်းခုံ သည် မဟာယာနဂိုဏ်း မှ ခွဲထွက်လာ သည့် မှတ်တိုင် တခုဖြစ်သည် ဟု ပုဂံသမိုင်း သုတေသီ အချို့ က ယူဆကြသည်။ အရိမဒ္ဒန တွင် အနော်ရထာ စတည်ခဲ့ပြီး ကျန်စစ်သားမင်း အဆုံး သတ်ခဲ့သည့် ရွေစည်းခုံ စေတီတော် ကြီးသည် နေရောင် ခြည် အောက်တွင် ရွေရောင်တောက် ကာ ဖူး မျှော် လို့ မဝ နိုင်အောင် ပါပဲ။

ကျမ တို့ မြေး အဘွား ရွေစည်းခုံ ၏ အံ့ချီးဖွယ်ရာ များ ကို လေ့လာနေရင်း ဘွားဘွား ထံမှ ကျမ မျှော် လင့် မ ထား သည့် အဘိဓမ္မာ ဆန်သော မေးခွန်း အချို့ ကြားလိုက် ရသည်။ လူ့ သမိုင်း တွေ ကို မသိသေး ဘူး ဆိုရင် အ ချစ် အကြာင်း လည်း မသိနိုင်ဘူးလို့ မြေးပြောခဲ့ဘူး တယ်နော်။
မိန်းကလေး အတွက် အရေး ပါ လွန်း တဲ့ နေ့ တနေ့ အဖြစ် မြေး ရဲ့ အချိန်ဇယား ခွက်ထဲ မှာ ထည့်ကြည့်ဘူးပြီလား။ ဘွားဘွား ၏ မေး ခွန်း အား ရုတ် တ ရက် ကျမ မှင်သက် မိ သွား သည်။ ဘွားဘွား မေးတချက် ဆတ် ပြရာ ဘက် သို့ ကျမလှည့် ကြည့် လိုက် သည့် အခါ ရွေစည်းခုံ အရှေ့ မြောက် ထောင့် တန်ဆောင်း တစ်ခု အထက် မှ ဓါတ်ပုံ လှမ်း ရိုက် နေသည့် နှင်းဆီနီ ပိုင် ရှင်လူငယ် အား တွေ့လိုက်ရပါသည်။

ရုတ် တရက် ကျမ လက်ချောင်းတွေ ဆံပင်တွေကြား က နှင်းဆီပွင့်ပေါ် ရောက်သွားသည် ကျမ အဖြေ ကို ဘွားဘွား စောင့် ဆိုင်း နေမှန်းလည်း ကျမ သိလိုက်ပါသည်။ ဘွားဘွား သိချင်သည့် အဖြေကို ပေးဖို့ ရန် ကျမ အ တွက် စောနေပါသေးသည်။ ဒါပေမဲ့ ကျမ ရင်ထဲက အ ဖြေ အမှန်တရား ဆိုတာ ဟုတ်ရဲ့လား။

Wednesday, September 17, 2008

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန (၁)


ငါးရက်မြောက်နေ့ နံနက်
ဒီနေ့ နံနက် ထူးထူး ခြားခြား ကျမ တို့ မြေး အဘွား ပြိုင်တူ နိုးနေကြသည်။ ရေ မိုး ချိုးပြီး အပြင် ထွက်ရန် ကျမ တို့ မြေး အဘွား ပြင်ဆင် ပြီး ချိန် လောက် တွင် အခန်း တံခါး လာခေါက် သောကြောင့် ကျမ တံခါး ထ ဖွင့် ပေး လိုက် သည့် အခါ နံနက် စာ ကော်ဖီ လာပို့ သည့် ဟိုတယ် ဝန်ထမ်း တဦး ဖြစ်နေပါသည်။ ဟိုတယ် ဝန်ထမ်း က စား စ ရာ များနှင့် အတူ စာအိတ် တအိတ် နှင့် ပလပ်စတစ် ပတ်ထားသည့် အနီရောင် ရဲရဲ နှင်းဆီ တပွင့်ကို ပါ ထားခဲ့ သည်။
ဘွား ဘွားက စူးစမ်း သည့် အကြည့်ဖြင့် လှမ်း ကြည့်သည်။ စာအိတ် လေး ကို ကျမ ဖေါက်ကြည့် မိတော့ အ ပြာနု ရောင် စာရွက် တရွက် က ထွက် ကျ လာသည် လက် ရေး စောင်း စောင်း လေး ဖြင့် ရေး ထား သည့် စာ ကြောင်း ရေ အ နည်း ငယ် အား ဘွား ဘွား ပါကြား စေချင် သဖြင့် အသံ ထွက် ဖတ်လိုက်ပါသည်။

လှပ နက် ရှိုင်း သည့် စကားလုံး တွေ ကို ကွယ် ဝှက် ထား တတ် ကြ တဲ့ ယောင်္ကျား တယောက်ရဲ့ ပုံစံ ဟာ အ သုံး မကျ ရာ ဖြစ်နေ တတ်ပြီး လူတွေ က အထီးကျန်လို့ မြင်နေ ကြတာပါ။ တကယ် တော့ သူတို့ မှ မသိ ပဲ ကိုး။ အထီးကျန် သူ တယောက် ရဲ့ အနား မှာ ဖတ်စရာ စာအုပ်တွေ ရယ် မြန်မာဆန်လွန်း သည့် ဆံပင် ရှည် ရှည် အရပ် မြင့်မြင့် နဲ့ မိန်းခလေး တယောက် ရဲ့ ဓါတ်ပုံတွေ ရယ် ရှိနေ ကြတာ ကို သူတို့ မသိ ကြ ဘူး လေ။

ဒါပါပဲ။ ဘွားဘွားကို ကျမ လှမ်းကြည့် လိုက်တော့ ဘွားဘွားက ကျမအား ငေးစိုက်ကြည့်နေသည်။ မေး ခွန်း တွေ မထုတ် သလို ကျမ ဘာလုပ် မှာလဲ ဒါမှ မဟုတ် ဘာပြောမှာလဲ ဟူသည့် ဘွားဘွား၏ အကြည့် အား ကျမ နား လည်လိုက် သည်။ နှင်းဆီနီ ပေါ် မှာ ပတ်ထား သည့် ပလတ် စတစ် လေး ကို ကျမ အသာ အယာ ခွာ လိုက် ပြီး ကျမ ၏ ဆံပင်ရှည်တွေ ပေါ် ကလစ် တခု နှင့် ပန်ဆင် လိုက် ခြင်း သည် ကျမ ဘွားဘွားအား အဖြေ ပေး လိုက်ခြင်းပါပဲ။

Monday, September 15, 2008

ပုဂံရယ် ဒီဇင်ဘာရယ် အဖွားရယ် ကျမသက်ဇင်ရယ် ၅


လေးရက် မြောက်နေ့ နံနက်
မနေ့ ည က ဘွားဘွား နှင့် တိုင်ပင် ဆွေးနွေး ထား သည့် အတိုင်း ဥပါလိသိမ် သို့ ထွက်လာ ခဲ့ကြသည် ပြန် ခါ နီး ပြီ ဖြစ် သော ကြောင့် ကျမ ပုဂံ ရှုခင်း ကို ဓါတ်ပုံ များများ ရိုက်ချင် သည်။ ပုဂံရှုခင်း သည် တိမ် ဖြူ ဆိုင်း ဆိုင်း ကောင်း ကင် ပြာပြာ အောက် တွင် နံနက်ခင်း ၏ ဝင်းလက် နေ သည့် နေရောင်ခြည် နှင့် လှချင် တိုင်းလှ လို့ နေ ပါ ရောလား။

ဘွားဘွား က ဥပါလိ သိမ် အကြောင်း ရှင်း ပြ သည်။ နား တောင်း များ ခေါ် ထီး လို မင်းလို မင်း နှင့် ကျ စွာမင်း တို့လက် ထက် က ဥပါလိ မထေ က တည် ဆောက် ခဲ့တဲ့ သာသနိ က အ ဆောက် အ အုံပေါ့ မြေး ရဲ့ ။ အနော် ရ ထာ နန်း မတက် ခင် က ပုဂံ မှာ သိမ် တခု ရှိ ခဲ့တယ်။ တူရင်း တောင်ထိပ် မှာ စော ရဟန်း တည် ခဲ့ တဲ့ စော ရ ဟန်း သိမ် ပေါ့။ ဥပါလိ သိမ်ရဲ့ မူလ လက် ရာ က ပုဂံ ခေတ် လက်ရာ ဖြစ်တယ် ။
အောက်ခြေ မှာ အုတ် ခုံ ဖြစ်သည် အတွင်း နံရံ တွင် ၁၈ ရာစု ပန်းချီ လက်ရာများ ရေးခြယ် ထားသည်။ ပုဂံ နန်းတွင်း သူ နန်းတွင်း သား များ အပြည့် အစုံဖြင့် အ နော် ရထာမင်း သိမ်သမုတ်ပုံ ကို လည်း တွေ့နိုင်သည်။ ဆင်ယင် ထုံးဖွဲ့မှု မှာ ၁၈ ရာစုဖြစ်သည်။ ပုဂံ ခေတ် မှာ သိမ် များ ကို သစ်သား ဖြင့် ဆောက်လေ့ ရှိသည် ဟု အချို့ သုတေသီများ က ဆိုကြ သည်။

ဘွားဘွား ပြောပြ သည် ကို နားထောင် ရင်း ကျမ ရင်ထဲ ဝယ် ဟာတာတာ ဖြစ်လာသည်။ တမျှော်တခေါ် မြင် နေ ရသည့် ပြောင်းဖူးခင်း ထဲ ဖြတ် လျှောက်ချင်လာသည်။ ဥပါလိ သိမ် မှ ကျမ တို့ မြေး အဘွား ထီး လို မင်းလို ဘက် သို့ ကူး ခဲ့ကြသည် ယင်း တို့ မှာ ပုဂံ ညောင်ဦး ကား လမ်း တဖက် တချက် တွင် တည် ရှိ သည်။ ထီး လို မင်း လိုမှာ အာရုံခံ မုခ် အရှေ့ ဘက် သို့ လှည့် သည့် နှစ်ထပ် လိုဏ်ဂူဘုရားဖြစ်သည်။ အထပ်ထပ် ရင်ပြင်သည်လည်း အရှေ့ ဘက် သို့ ပင်လှည့် သည် ရင်ပြင် မှာ ကျယ်သည် အောက်ခြေ မှ ကွမ်းတောင် ထိပ် အထိ ဥာဏ်တော် ၁၅၀ ပေ ရှိ ပြီး မျက်နှာ အကျယ် ပေ၁၄၀ စီ ရှိသည် အထက် လှိုဏ်ဂူ မှာ ဘဒ္ဒကမ္ဘာ တွင် ပွင့်ပြီး သော ဘုရား လေး ဆူကိန်း အောင်း လေ သည်။

ထို့ နောက် ကျမ တို့ မြေး အဘွား ဝက်ကြီး အင်း ဂူပြောက်ကြီး ဘုရား သို့ ဆက်သွား ကြသည်။ ဝက်ကြီးအင်း ဂူ ပြောက်ကြီး မှာ မြန်မာ ပုံစံ သန့်သန့်ဖြစ်သည်။ အာရုံခံ အမိုးတွင် ခြေတော်ရာပုံများ ကို ပန်း ခက် ပန်း နှယ် များ ဖြင့် တန်ဆာဆင်ထားသည်။ဂန္ဓကုဋိ ဘုရားဆောင် တွင်း ဆင်းတု ပုလ္လင် တစ်ဝိုက် တွင် မာရ်နတ် စစ်သည် ကို အဆန်း တကြယ် ရေးခြယ် ထားလေသည်။ ထို့နောက် ကျမ တို့ မြေး အဘွား ဂူပြောက်ကြီး တဝိုက် ရှိ ကျမ လျှောက် ချင်သည့် ပြောင်းဖူးခင်း ထဲ လမ်းလျှောက်ကြသည။် လေနုအေး က သွဲ့နွဲ့ နူးညံ့ စွာ တိုက် ခတ် နေ သည် ပြောင်းဖူးပင်လေး များသည်လည်း လေ နု အေး နှင့်အတူ ယိမ်း တနွဲ့နွဲ့။ အဘွားက သီချင်း စ ဆို တော့ ကျမ လည်း လိုက်ဆိုသည်။ ကျမတို့ မြေး အဘွား သီချင်းသံ က ပို ကျယ်လောင်လာသည်။ လေ ပြေ လေး တဖြူးဖြူး ၊ ပြောင်းခင်း လေးတွေ တငြိမ့်ငြိမ့် လူး ၊ ဧရာဝတီ မြစ်ရေ သင်ဖျူး။

ပုဂံမြေ နှင့် ပုဂံဘုရား များ ရှုခင်း သည် ဝင်းပ သည့် နေခြည်အောက် တွင် လှချင် တိုင်း လှနေ ပါရောလား။ ဘွားဘွား သီဆို နေ သည့် သီချင်း သံ ရုတ် တရက် ရပ်သွား သည် ကို ကျမ သတိ ထား လိုက်မိ သည်။ ဘွားဘွား က သွက် လက် ပေါ့ ပါး နေသည့် ကျမ အား ငေးမောစွာ စူးစိုက်ကြည့်နေသည် ကို တွေ့လိုက် ရသည်။ ဘွားဘွား မျက် လုံးများ ရွေ့ လျား သည့် ဘက် သို့ ကျမ ဖြတ် က နဲ ကြည့် မိသည့် အခါ ၊ ကင်မရာ တလုံး နှင့် ဓါတ်ပုံ လိုက် ရိုက် နေ သည့် လူငယ် တယောက် ကို တွေ့ ရသည်။ စောစော က ကျမ တို့ မြေး အဘွား မမြင် လိုက်ခြင်း မှာ ထို ကင်မရာ ဆရာ ပြောင်းဖူး ခင်း ထဲ တွင် ကွယ်နေသည် ဖြစ်မည်။ လူသူ မရှိဘူး ထင်ပြီး ဘွားဘွား နှင့် အ တူ အား ရ ပါးရ သီ ချင်း ဆိုလိုက်မိသည် ကို တွေးမိပြီး ကျမ မျက်နှာ တွင် ပန်းနု ရောင် ရှက်ပြုံး တချက် ပြုံး လိုက် မိ လေ သလား။ ထို လူငယ် အဝေး သို့ ထွက်ခွာ သွားသည် နှင့် ဘွားဘွား က ကျမ ကို တိုးတိုး လေး ပြောပြသည်။

မြေး ဆံပင်ရှည် တွေ လေထဲ မှာ လွင့်မျှော သွယ်နွဲ့ နေပုံ ဟာ ပန်းချီ ကား ရေး ချင်စရာ မြန်မာ ဆန် လှပ နေ တာ ကို ဘွားဘွား ငေးမော သွားရ သလို ဟို သူငယ် က မြေး ကို ဓါတ်ပုံ တွေ တဖြတ်ဖြတ် ရိုက် နေတာ ဘွား ဘွား မြင်လိုက်ရတယ် မြေးရဲ့ ။

Thursday, September 11, 2008

မြန်မာစာပေ ခရီး အစ



ပထမဆုံးမြန်မာစာပေကိုရေးသား ကြသော စာရေးဆရာ များသည် ပုဂံပြည်သူပြည်သားများဖြစ်သည် ဗုဒ္ဓ ဘုရား ရှင်ကို ကြည်ညိုခြင်း သည်းထန်နေ သဖြင့် စေ တီ ဘု ရား တည်ခြင်း ရေစက် သွန်း လှူ ဒါန်းခြင်း တို့ တွင် စာ ရေး ချင် စိတ် အဖြစ် ပုဂံ သား စာရေး ဆရာများ သည်ကျောက် စာအဖြစ်ရေးသားကြကုန်သည်။ ကျောက် စာ များသည် ပုဂံသား တို့၏ သဒ္ဓါ စေ တ နာ တို့ကို ငှင်း ထို ခေတ်က အလေ့အထ များ ကို ငှင်း ဖေါ်ပြ သည့် စာ များဖြစ်ကြသည်။
မြန်မာ စာပေ သမိုင်းကို လေ့လာ သူ တိုင်းသည် ပုဂံေ ခတ် ကျောက်စာ များ နှင့် ခရစ် နှစ် ရှစ် ရာစု မှ ကိုး ရာစု ကျော် ခေတ် က စာ တို့ ၏ သိမ်မွေ့ ခန့်ညား မှု များ အား သိကြ ပေ လိမ့်မည်။ အိန္ဒိယနိုင်ငံတွင် ဂေါတမ ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်ပြီး မှ ကျန် ရစ် သော ဓါတ်တော်အချို့ ကို ထည့်သည့်အိုး တွင် စာ စ တင် တွေ့ဖူြး ပီး။ ပီပြဝ အိုးဟု ခေါ် သည် ခရစ် မ ပေါ်မီ လေးရာစုက ပီပြဝ အိုး စာမျိုးမှ ယနေ့ မြန်မာနိုင်ငံ သုံး အက္ခရာ ဆင်း သက် လာသည်။ရန်ကုန်မြို့ ယဉ်ကျေးမှု ဗိမာန် ညွှန်ကြား ရေး ဝန် ဟောင်းဦးသာမြတ် နှင့် မန္တလေး ရှေးဟောင်း သုတေသန ဌာန အထူးအရာရှိ ဦးမြက။ မြန်မာနိုင်ငံ ရောက် အက္ခရာ ပုံစံ ရွေ့ လျော ပြောင်းလဲပုံကို ဇယား နှင့် တကွ ရှင်းလင်း ပြသကြသည်။ ဗြဟ္မီ ၊ ကဒံဗ ၊ ပျူ ၊ ရှေးနှင့် ယခုမြန်မာစာဟူ ၍ ငါး မျိုး ပါရှိသည်။
စာကိုး
ရသစာပေ အဖွင့်နှင့်နိဒါန်း ဆရာဇော်ဂျီ စာမျက်နှာ ၉ မှ ၁၃ အထိ
ခေတ်ဟောင်းမြန်မာရာဇဝင် ဒေါက်တာသန်းထွန်း စာမျက်နှာ ၁၂၇ မှ ၁၃၃ ထိ
ဆက်လက်လေ့လာရန် ကျမ်းညွှန်း
မြ၊ ရှေးဟောင်း မြန်မာအက္ခရာစာတမ်း ( ပဏမခန်း )
သာမြတ်၊ မွန်-မြန်မာအက္ခရာသမိုင်း၊ ရန်ကုန်၊ ၁၉၅၅-၆




Saturday, September 6, 2008

ပုဂံခေတ် ပျက်သုဉ်းပြီး နောက် မြန်မာနိုင်ငံ

ပုဂံ ခေတ် ပျက်သုဉ်း ပြီး နောက် မြန်မာနိုင်ငံ ဘေးပတ်ဝန်းကျင် အနေအထား များ ကို သမိုင်းဝင် အ ထောက် အ ထား များ အရ လေ့လာ ကြည့် လျှင် တရုတ် ပြည် ယူနန်နယ် ရှိ ရှမ်း ထိုင်း များ ၏ နန်ချို နိုင်ငံအား တာတာ ဘုရင် ကုဗလေခန် က ၀င်ရောက် တိုက်ခိုက် သိမ်းပိုက် လိုက်သဖြင့် နန်ချို ထိုင်း ရှမ်းများ သည် အရှေ့ တောင် ပိုင်း ဒေ သများ ဖြစ် သည့် အာသံ မြန်မာ နှင့် အင်ဒို ချိုင်းနား ဒေသများဆီ သို့ တိုးဝှေ့ ပြန့် နှံ့ လျက် မြန် မာ နိုင် ငံဘေး ပတ်ဝန်း ကျင် တွင် အဟုံး ဇင်းမယ် လင်းဇင်း သောက္ကတဲ ယိုးဒယား နိုင် ငံ များ ကို ထူထောင် လျက်ရှိ သည်။
မြန်မာနိုင်ငံ အရှေ့ ဘက် တလွား တွင် အင်အားကြီးမား သည့် တရုတ်နိုင်ငံ ကြီးကို ဥ ရောပ တိုက် အရှေ့  ပိုင်း နှင့် အာရှ တိုက် အလယ်ပိုင်း တခုလုံး ကို အောင်နိုင် ခဲ့သည့် တာတာ တို့ သည် သိမ်း ပိုက် အုပ် ချုပ် လျက် ရှိသည်။အိ န္ဒိယနိုင်ငံမြောက်ဘက်တလွှားနှင့်ဘင်္ဂလားနယ်များတွင် မူဆလင်နိုင်ငံများ ထူထောင်လျက်ရှိသည်။

အင်ဒို ချိုင်းနား ဒေသ ဘက် တွင် အင်အား ကြီးမား သည့် ကမ္ဗောဒီးယား နိုင်ငံတော် ကြီး သည် ထိုင်း ရှမ်း များ ၏ဝင်ရောက် တိုက်ခိုက်ခြင်း ကို ခံရသဖြင့် အင်အား ဆုတ်ယုတ်လျက်ရှိသည်။ သီဟိုနိုင်ငံသည် အိန္ဒိယနိုင်ငံ တောင် ပိုင်း ချိုလာ မင်းဆက်များ ၏ လက်အောက်ခံဘ၀ မှ လွတ် မြောက် လျက် ရှိ သည။် ပုဂံခေတ်မတိုင်မှီ က ထက် အထူးခြားဆုံး ဖြစ်ရပ်မှာ ယူနန်နယ် ရှိ ထိုင်းရှမ်း တို့ ၏ နန်ချိုနိုင်ငံ ပျက်စီး သွားပြီး နောက် အရှေ့ တောင် ပိုင်း ဒေသ များ သို့ အလုံးအရင်းနှင့် ၀င်ရောက်လာကြခြင်းဖြစ်သည်။

ငှင်းတို့ အနက် အင်ဒို ချိုင်းနား ဒေသဘက် တွင် ကမ္ဗောဒီးယားနိုင်ငံ ပျက်စီးပြီး နောက် သက္ကရာဇ် ၁၃၅၀ ခု နှစ် တွင် အာယုဒ္ဓယမြို့တော်ကို ဗဟိုပြု၍ မဲနန်မြစ် ဝှမ်းဒေသ တဝိုက်တွင် အင်အား ကြီးမားသည့် ယိုးဒယား နိုင်ငံ အား ထူ ထောင်လိုက်ခြင်းသည် အထူးခြားဆုံး သမိုင်းဝင် အဖြစ်အပျက်ကြီး တရပ်ပင်ဖြစ်သည်။

တဖန် သမိုင်းဝင် အထောက်အထား များဖြင့် ပုဂံခေတ် ပျက်သုဉ်းသွားပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင်း သို့ လေ့လာကြည့်လျှင် မြောက်ပိုင်း မောရှမ်းများ သည် သီပေါ သိန္နီ မိုးမိတ် ဗန်းမော် မိုးကောင်း မိုးညှင်း ကလေး သောင် သွပ် ခန်းတီး အရပ်ဒေသများ တွင် ရှမ်းစော်ဘွားများ ၏ အာဏာပိုင်ထူထောင်လျက်ငှင်း။
မြန်မာနိုင်ငံ တောင် ဘက် တလွားတွင် ငှင်း မြန်မာနိုင်ငံအလယ်ပိုင်းအရပ်ဒေသရှိ ရှမ်းများသည် ငှင်း ပြည် နယ် အ ကြီး အ ကဲ များ ဖြင့် စည်းလုံး ညီညွတ်ခြင်းမရှိပဲ တနယ်တမင်း စိုးစံအုပ်ချုပ် လျက်ရှိသည်။မြန်မာနိုင်ငံ အလယ်ပိုင်း ဧရာဝတီနှင့် စစ်တောင်းမြစ်ဝှမ်း အရပ်ဒေသများတွင် မြန်မာလူမျိုး များသည် တနယ်တမင်း တဗိုလ်နှင့်တဗိုလ် တိုက် ခိုက် လျက်ရှိသည်။

ရခိုင် ကမ်းရိုး တန်း ဒေသတဝိုက် တွင် ရခိုင်လူမျိုး အကြီးအကဲများ နှင့်မင်းများသည် မြန်မာနိုင်ငံပြည်မ နှင့်လုံးဝ အဆက်အသွယ်ပြတ် လျက် မိမိတို့ဘာသာ မိမိတို့ သီးခြား ကင်းလွတ်နေထိုင်လျက် ရှိသည်။ မြန်မာနိုင်ငံ တောင် ဘက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နှင့် တနသ်ာရီ ကမ်းရိုးတန်းဒေသများ တွင် မွန် လူ မျိုးများ နှင့်အကြီး အကဲ များသည် ပုဂံ မင်း ဆက် များ အား ထောင် ထားခြားနား ကာ တနယ် တမင်း ထူ ထောင် လျက် ရှိသည် ကို ယေ ဘူယျတွေ့ရသည်။
ကျန် အချက် တချက်သည် ကား ပျူလူမျိုး များသည် လူမျိုး တမျိုးအဖြစ် မှ လုံး ဝ ပျောက် ကွယ် သွားခြင်း ပင်ဖြစ်သည်။

ကျမ်းကိုး
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
ရှမ်းခေတ်။ ဂျီအီးဟာဗီ ။ပန်း။ ဟောလ်။
ရခိုင်ရာဇ၀င် ။ အောင်သာဦး
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ ခေတ်ဦးဖုနန် ဖန် ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
မဟာ မြန်မာရာဇ၀င်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇ၀င် သုံးတွဲ