Saturday, July 5, 2008

အဖွားပြောသောသမိုင်းပုံပြင်နှင့် ကျမ မသက်ဇင် ( ၃ )

အဖွား က ပြောတယ် အဖွား ပုံ ပြောတဲ့ အချိန်မှာ မျက်လုံးမှိတ် ထားပြီး မိမိကိုယ် ကို ငှက် ကလေး တ ကောင် လို သဘောထား ကာ ဟိုး အဝေး မှာ မြင်နေရတဲ့ တောင်ပြာ တန်းကြီး တွေပေါ်ပျံ သန်း သလို ခံစားပြီး နားထောင်နော်တဲ့။ အဖွား ပြော တဲ့ အတိုင်း ကျမ မျက်လုံးမှိတ်ပြီး နားထောင်ကြည့် ပါတယ်။ မ ယုံ ရင် မျက် လုံးမှိတ်ပြီး ပုံပြော ကောင်းသူဆီ မှာနားထောင်ကြည့်ပါလား။ ကဲ မျက်လုံးမှိတ်တော့နော် စ ပြောပြီ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော်လောက် က မိုးကောင်းနယ်ကြီး ကို အုပ်ချုပ် တဲ့ မိုးကောင်း စော်ဘွားကြီး မှာ အင်မတန် ချောမောလှပ တဲ့ စောမွန်လှလို့ ခေါ်တဲ့ သမီး တော်လေး တပါးရှိ တယ်။ စောမွန်လှ ရှမ်း မင်း သမီး လေး ဟာ ဘယ်လောက်များ လှသလဲ ဆိုရင် ဆင်စွယ် ရောင်လို အ သား အရည်ဖြူဖွေးပြီး နက်မှောင်သန်စွမ်း တဲ့ ဆံပင်ရှည်တွေ ဟာ ခေါင်းလျှော်ပြီးဖြန့် ချထား ရင် မြေကြီး ကို တောင် ထိတယ် လို့  ဖွားဖွားရဲ့ အဘွား တွေ က ပြောပြတယ်။

မိုးကောင်း စော်ဘွားကြီး က လည်း မင်းသမီး လေး စောမွန်လှ ကို အသဲတုံ အူတုံ ချစ်ရှာ တော်မူတယ်။ လယ်ယာ စိုက်ပျိုးရေး နဲ့ ရိုးသားစွာ လုပ်ကိုင် စား သောက်ကြ တဲ့ ရှမ်းနယ်သူ နယ်သားများ ဟာ လည်း စောမွန်လှ လေး ကို သိပ်ချစ်ကြ တာ ပေါ့။ တနေ့ မှာ ပုဂံပြည် က အနော်ရထာ ဘုရင်ဟာ စစ်သည် မြောက်များ စွာနဲ့ ရှမ်းနယ်ကို ချီတက်လာကြတယ်။ ချပ်ဝတ် တံဆာ တွေ ၀တ်ဆင်ထား တဲ့ အလွန်များပြား တဲ့ ပုဂံစစ် သည် တွေ ကို တွေ့ တော့ ရှမ်းနယ်သူ နယ်သားတွေ ဟာ အလွန် စိုးရိမ် ထိတ်လန့် နေဋ္ဌကတယ်။ ပုဂံ စစ်သည်တော်တွေ ဟာ မျက်နှာ တည်တည်ကြီးတွေ နဲ့ ဒါးတွေ လှံတွေ ကိုင် ထားပြီး ညိုမှောင် တဲ့ အသား အရည်နဲ့မြင့်မား တဲ့ အရပ်ကြီး တွေ ဟာ ၆ ပေ နီးပါး လောက် ရှိကြ တယ်။

မိုးကောင်း စော်ဘွားကြီး ဟာ စိုးရိမ်ထိတ်လန့် နေကြ တဲ့ ပြည် သူပြည်သား တွေ ကိုကြည့်ပြီး ကျောက်သံ ပတ္တမြားလောက် နဲ့ ကျေနပ် နှစ်သိမ့် မှာ မဟုတ် တဲ့ အနော်ရထာဘုရင် ကို သမီးတော် စောမွန်လှလေး ဆက် သလိုက် ရတယ်။

4 comments:

စိုင်းလောင်မိန်းသက် said...

Hello Ma Zin,

I love this webside and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

နေဒေးသစ် said...

ကျွန်တော် တစ်ခါတစ်လေ ကျရင် အဲဒီ့ ရှေးမြန်မာ ဘုရင်တွေ လက်ထက်က ကိုယ့်သမီးကို ချစ်ကြည်ရေးအတွက် ဘုရင်ဆီ ဆက်သရတယ် ဆိုတာမျိုးကို လုံးဝ သဘောမကျဘူး အစ်မရေ ... သူတို့က မိဘတွေ ဖြစ်နေရက်နဲ့ ကိုယ့်သမီး ( လူ )တစ်ယောက်ရဲ့ နှလုံးသားကို ကျောက်သံပတ္တမြားလို သဘောထားကြတာလား ... ဆက်သခံရတဲ့ စောမွန်လှရဲ့ စိတ်ထဲမှာရော .. အဲလိုဆက်သခံရတာကို ကျေကျေနပ်နပ် လက်ခံတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား ... တစ်ယောက်ကလည်း သဘောကျသလို တစ်ယောက်ကလည်း ကြည်ဖြူလို့ ဆက်သတယ်ဆိုလို့ရှိရင်တော့ တစ်မျိုးပေါ့လေ .. ချစ်ကြည်ရေး အတွက် ဆိုတာကြီးတော့ လူတစ်ယောက် ရဲ့ စိတ်ခံစားချက်ကို လျစ်လျှူ ရှုလွန်းရာ ကျပါတယ် အစ်မရယ် ... ကျွန်တော်သာ စောမွန်လှရဲ့ အဖေဖြစ်ကြည့် ... သမီးမကြိုက်ဘူး ဆိုရင် အသက်အသေခံပြီး ပြန်တိုက်ပစ်လိုက်မယ် ... သမီးကိုတော့ လုံးဝမပေးဘူး ... :D ခံစားမိတာလေး ပြောခဲ့တာပါ :D

HAPPY CLOUD said...

အမရေ အမပြောသလိုမျက်စိမှိတ်လိုက်တော့ ဘာမှ မမြင်ရတော့ဘူး အမရေးထားတွေ ဖတ်နေတာလေ အမရဲ့...
နောက်ပို့တွေမှာ အသံဖိုင်လေးနဲ့ပါလုပ်ပါ့လား .. ဒါဆိုစာဖတ်ပျင်းတဲ့ ကျနော်လိုလူတွေအတွက် အမပြောသလိုမျက်လုံးလေးမှိတ်ပီး နားထောင်လို့ရတာပေါ့...
အမရေ အစကနေပြန်ဖတ်နေတာ...
ခင်မင်လေးစားစွာဖြင့်
ဖိုးမောင်

မေမေခင် said...

အစကနေပြန်ဖတ်နေပါတယ်
မိုးကောင်းသူ အစ်မ မသက်ဇင်