Thursday, March 19, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၈ )

ပုဂံ နေ့လည်ခင်း နှင့် တောင်တော်ရွှေပုပ္ပါး
သူ ကျမ အား ပုပ္ပါးသို့ လိုက်ပို့ သည် ပုပ္ပါး တောင် ကလပ် ပေါ် တက်ရင်း ဗဟုသုတ ဖြစ်စေ မည့် နတ် ကိုး ကွယ် မှု ဆိုင်ရာ မြန်မာ့ ယဉ်ကျေးမှု အစွဲ အလန်းများကို ရှင်းလင်း ပြောပြနေသည်။

မနုသဗေဒ ပညာရပ်မှာ တိုတမ် ဆိုတဲ့ စကား အသုံး အနှုန်း တခုရှိတယ် ဗြိတိသျှ လူမျိုးတဦး ဖြစ်တဲ့ မနုသ ဗေဒ ပညာရှင် ဂျေလောင်း ဆို သူ က အိန္ဒိယ က နေ ၁၈ ရာစုနှစ် လောက် ခန့်က မနုသ ဗေဒ ပညာရပ် အ တွင်း ကို တင်သွင်း ယူဆောင် လာခဲ့ တာ ဖြစ်တယ် အဲဒီ ဝေါဟာရ စကားလုံးဟာ မြန်မာ တို့ရဲ့ မိဆိုင် ဖဆိုင် သို့မဟုတ် ရိုးရာ ဆိုတဲ့ ဝေါဟာရ နဲ့ နီးစပ်လိမ့်မယ်ထင်တယ်
ရှေးဟောင်း လူမျိုးတိုင်းမှာ တိုတမ် ခေါ် ရိုးရာ အစွဲ အလန်း နဲ့ ယုံကြည်မှု တွေ ရှိကြတယ် ၊ သိပ္ပံပညာ ရပ်တွေနဲ့ ယဉ်ပါးခြင်း မရှိကြသေးတဲ့ ယနေ့ ခေတ် လူ့ အဖွဲ့အစည်း တွေမှာလည်း ရိုးရာ အစွဲ အလန်း တွေဟာ အမြစ်တွယ် အားကောင်းနေဆဲပါပဲ
အာရှ အရှေ့ဖျား က ဂျပန်လူမျိုး များထဲမှာ အချို့က သူတို့ ကိုယ် သူတို့ နေမျိုး နွယ် လို့ ယနေ့ထိ ယုံကြည် စွဲလန်း နေသူ တွေ ရှိတယ် ရှေးဟောင်း ရောမ လူမျိုးတွေ က တော့ သူတို့ ကိုယ် သူ တို့ ဝံပုလွေ က ဆင်းသက် လာ တယ် လို့ ယုံ ကြည် စွဲလန်း ခဲ့တာ။ ရိုးရာ စွဲလန်း မှုတွေ ဟာ မြန်မာနိုင်ငံ တောင်တန်း ဒေသ မှာ နေထိုင် ကြ တဲ့ တိုင်းရင်းသား လူမျိုးများ သာ မက ပါဘူး မြေပြန့် အရပ် ဒေသမှာ နေထိုဋ္ဌကတဲ့ သူတွေလည်း ရိုးရာ အစွဲ အလန်း ဓလေ့ တွေ ရှိကြတယ်။

ဒေါက်တာ သန်းထွန်း ပြောသလို ပေါ့ ဗုဒ္ဓသာသနာ အရိပ် ကို ခိုပြီး နတ် အယူကို အသက် ရှည် အောင်လုပ်ဖို့ ရည်ရွယ် ချက် ရှိသူ တွေက စတင် ရေးသား ရွတ်ဆိုခဲ့တယ် ဆိုရင် စတင်သူကို နီးနီး စပ်စပ် ဖေါ်ထုတ်နိုင်ပြီ လို့ ဆိုရမယ်။ မကောင်းသူကို ပယ် ကောင်းသူကို ကယ် ဆိုတဲ့ သဘောထား ကလည်း ခေတ် ကာလ မငြိမ် တဲ့ အခါ ကြောက် ရမယ့် သူတော့ ရှိဦးမှ ဆိုတဲ့ အချိန်ကာလ ကို ညွှန်းတယ် နတ်ချင်းတွေ စစ်ဆေးပြီး သမိုင်း မှာ ဘယ် လောက် သုံးနိုင် မလဲ လို့မေးရင် သုံးမရဘူး လို့ပဲ ဖြေရမယ် နတ် တချို့ ဟာ သမိုင်းမှာ တကယ်ရှိ ဘူး သလား လို့မေး ရင် မဖြေနိုင်ကြဘူးတဲ့။

ရွှေနပေ နတ် ကို မင်းတုန်း မြို့သူ လို့ပြောတယ် လင်ပစ် သွားလို့ စိတ် ဆင်းရဲပြီး သေတယ်လို့ပြောတယ် နတ်ဖြစ် တော့ လည်း စိတ်ဖေါက်ပြီး အဆုံး မသတ် တဲ့ မုန့်လုံး စက္ကူကပ် သီချင်း ကို ဆိုတယ် လို့ သိရတယ် နဂါး မ ယားလား ၊ တောတွင်း သား မယားလား ၊ မောင်တင့်တယ် မယားလား ၊ နတ်ချင်း က လည်း ရှင်း မပေး ဘူး။ သုံး ပန်လှ နတ်က မွန် အမျိုးသမီးတဲ့ သရေခေတ္တရာ ရောက်လာပြီး သေဆုံးတယ် သူက ရေနဲ့ ဖြန်းရင် စိတ် ရွှင်ကြ မယ်လို့ ဆိုတယ် မောင်တင့်တယ် နှမ ထွေးလှလား နတ်သံကို ဖတ် ကြည့်တော့ တကောင်းက ပြေးလာ ပြီး သ မိန်ထောနဲ့ အိမ်ထောင် ကျတယ် တဲ့ ဝတ္ထုတပုဒ် တိုးလာတယ်။

ဦးမင်းကျော်ခေါ် ကိုကြီးကျော် နတ် က တော့ မြင်းခေါင်း ဖြစ်ခဲ့ ဘူးသူ ဖြစ်ပြီး ကြက်ကင်နဲ့ ထန်းရည် အလွန် အ မင်း ကြိုက်တယ် တဲ့ ပခန်းမြောင်း တူးစဉ်က အသတ်ခံရသူလား ကိုးမြို့ရှင် ရှမ်းလား စည်သူမင်းရဲ့သား ပုပ္ပါး ဘို့မယ် လင်လား အင်းဝ မင်းခေါင်သား မင်းရဲကျော်စွာ လား ခွဲခြား မသိဘူး။ အောင်စွာနတ် လည်း မြင်းထိန်း ဖြစ်ခဲ့ ဘူးတယ်တဲ့ မြင်းတော်ခံ ငပြည့် နရသူ ကွပ်မျက်တယ်လို့ ပဲ ပြော တယ် သူလည်း အသောက် အစား များသူ။

မဟာဂီရိ နတ်သံမှာ ငါလာခဲ့တာ တကောင်း က ဓါးလှံ ပြီးတဲ့ လူစွမ်း ကောင်းကို မီးတိုက် သတ်ရင် သေ တယ် ဆိုတဲ့ ယုံကြည် ချက်ကို ပြောတယ်။နှမတော်က ပုပ္ပါးတောင်မှာ ပန်း မျိုးစုံ ပေါတယ် ကြ လို့ ဖိတ်ခေါ် တယ်။
မနဲလေး နတ် က ကလေး ငိုရင် မုန့်လုံး ကျွေး ကလေး အငိုတိတ် စေရမယ် လို့ အာမ ခံတယ်။ ထီးဖြူ ဆောင်း နတ် က ပုဂံအနော်ရထာ ဖခင်။ ထီးဖြူ ဆောင်း မယ်တော်နတ် က အနော်ရထာ မိခင်။ ပရိဗ္ဗ ရှင်မင်းခေါင် က ကျည်းစိုးမင်း ဖြစ်တယ်တဲ့ အမဲလိုက် မုဆိုး ပစ်တဲ့ မြှားမှန်ပြီး သေတယ်။ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ် နတ် ညီအစ် ကို က အမှုထမ်းပေါ့လို့ မင်းမိန့်နဲ့ အသတ်ခံရတယ် တောင်ပြုံး အရပ်က ကျော်စဉ်တိုက်ကို ညွှန်းတယ် သူတို့နှစ်ယောက်ရဲ့ အထိန်းတော် ပုဏ္ဏားလည်း အသတ်ခံရပြီး နတ်ဖြစ်တယ် မနဲလေး ဘိုးတော် နတ် လို့ခေါ် တယ်။

တောင်မကြီး ရှင်ညိုနဲ့ မြောက်မင်းရှင် ဖြူတို့က နပန်းသမား ညီအစ်ကို သရေခေတ္တရာ မင်းက အချင်းချင်း ထိုး သတ်ခိုင်းလို့ သေပြီး နတ်ဖြစ်တာတဲ့။မင်းစည်သူ နတ်က အလောင်းစည်သူ ငါးစီရှင်နတ် ၊ မင်းတရားနတ် ၊ တပင် ရွှေထီးနတ်။ မြန်မာ ရိုးရာ နတ်တွေက တော်တော် များတယ်။ နတ်ဖြစ် သွားကြ သူတွေ ဟာ မတရား အနှိပ်စက် ခံရတယ် ၊ နတ်ဖြစ်တော့ ကိုယ်ချင်းစာ စိတ်နဲ့ ခင်မင်တဲ့ လူတွေကို အခက်အခဲ က လွတ်မြောက်အောင် ကူညီ မယ် ဆိုတဲ့ သ ဘောပဲရှိတယ် ၊ ဘာမှတော့ သမိုင်းအသိ မဖြည့်ပေးနိုင်ဘူး။

ခေတ် တွေ စနစ် တွေ ပြောင်းလို့ မြန်မာ နိုင်ငံကြီး ချမ်းသာ ကြွယ်ဝပြီး ခေတ်မီ တိုးတက် လာရင် အမျိုးသား ရှေးဟောင်း ယဉ်ကျေးမှု အမွေ ဖြစ်တဲ့ ပုဂံမြေ မှာ သစ်တောတွေ များများ စိုက်လာ နိုင်တာနဲ့ အမျှ မိုးလေဝသ မှန်လာ မှာပါပဲ ပုဂံ ဘုရင်တွေ လက်ထက် က တည်းက ချွေးစီးစီး ကျအောင် လွန်ဆွဲ မိုးခေါ်လာ ခဲ့ကြတာဟာ မြန်မာ့ ယဉ်ကျေးမှုတရပ် အနေနဲ့ ပဲကျန်ခဲ့တော့မှာပါ။

ပုပ္ပါး တောင်ထိပ်က နတ်သိုင်းဆရာ မိုးခေါင်ကျော်စွာနတ်မင်း လည်း ခေတ်စနစ်တွေနဲ့အတူ အခြား အရပ်ကို ထွက်ပြေး သွား လောက်ပြီနဲ့ တူပါတယ် သူ ရယ်မော စွာ ပြော ရင်း ပုပ္ပား တောင်ပေါ် က ဆင်း လာတော့ တောင် ခြေ ပန်း အရောင်း ဆိုင်လေးမှာ စကားဝါပန်းတွေဝယ် ပေးတယ် စကားဝါ ပန်းဟာ ပုပ္ပားရဲ့အထိမ်း အမှတ် ပါပဲ မ တဲ့
နောက် သူ လွမ်းမောစွာ ပြောလာတယ် ပုဂံ ခေတ်က ဗျတ္တ ဆို တဲ့ ပန်းဆက် သမား လေးဟာ ပုပ္ပားမှာ ပန်း လာ ခူးရင်း ပုပ္ပား သူလေးနဲ့ ချစ်သူတွေ ဖြစ်သွားကြတယ် တဲ့ ပန်းဆက် နောက်ကျတဲ့ ဗျတ္တ တ ယောက် ရှင်ဘုရင် အမိန့် နဲ့ အသတ် ခံလိုက်ရ တယ်လို့ ပုဂံ ပုံပြင်တွေက ပြောတယ် ပုပ္ပားသူလေး လည်း ရင် ကွဲနာ ကျ ပြီး ဆုံး သွားရှာတယ် ၊ တကယ်တော့ မ အတွက် နေ့တိုင်း ပန်းဆက်နေတဲ့ ကျွန်တော်ဟာ ပုဂံက ဗျတ္တ လို ပန်း ဆက် သမား ပါဗျာ။

52 comments:

အိန္ဒြာ said...

အစ်မရေ..သိင်္ဂါရ ရသလေးပါ..ရောမွှေထားတဲ့..
ခရီးသွားဆောင်းပါးလေးပါ..လား........
ရသစုံအောင်...အစ်မပဲ ရေးတတ်လွန်းပါတယ်..

အပြုံးပန်း said...

အဆုံးပိုင်းမှာ အမြဲတခုခုကျန်ခဲ့လေအောင်
ရေးတတ်နိုင်လွန်းတယ်။
--မ--ရယ်၊ :) ။

နတ်တွေအကြောင်းတော့ အရင်က အနည်းငယ်ဖတ်ဖူးတယ်။
ဗျတ္တပန်းဆက်လမ်းကနေ ကားလေးနဲ့ ပုဂံကနေ
ပုပ္ပါးကို သွားဖူးတယ်၊ တော်ပေါ်မရောက်ခင် လမ်းမှာနားတော့ စကားဝါပန်းတွေ ရောင်းလို့
ဝယ်လိုက်သေးတယ်၊ ရာသီဥတုကလဲ နေလို့အတော်ကောင်းတယ်နော်။

ဘယ်ကိုပဲ ခရီးဆက်ဆက်လိုက်ခဲ့ပါအုံးမယ်၊ --မ--ရေ၊ ပုဂံမြေမှာ ကျန်ခဲ့ဖူးတဲ့ ခြေရာတွေ ပြန်ကောက်ချင်လို့ပါ။

ဖိုးစိန် said...

်နတ်တွေအကြောင်းတစေ့တစောင်းနဲ့ မှတ်သားသွားအောင်
ရေးနိုင်တဲ့အမရဲ့ ကလောင်အစွမ်း...
လေးစားပါတယ်..
ခင်မင်ပါတယ်..
နောက်လဲဗဟုသုတရမယ့်စာတွေကိုဖတ်ချင်ပါတယ်..
အခုဆိုရင် ကျနော် သူငယ်ချင်းတွေကို
ပြောပြနေကျအကြောင်းအရာတွေထဲက
အမ စာတွေကိုဖတ်တော့ပြောစရာ
ဆွေးနွေးစရာကျနော့်အတွက်တစ်ခုတိုးလာတဲ့အတွက်
ကျေးဇူးတင်ပါတယ်..
ကျနော့်ကိုလာအားပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်
ခင်မင်လေးစားစွာဖြင့်

winlatt said...

“မ”
မောင်ဗျတ္တ လိုလူ...သူက
ဒို့မမကို....ဘယ်လို.ဘယ်လို...
အလွမ်းမမ...ပန်းမမအတွက်....ပန်းဆက်သမားတဲ့လား....
ကကျိုးဂဂျောင်မလုပ်နဲ့ ကိုယ့်ဆရာ...
ဦးမင်းကျော်လို ထန်းရည်မူးပြီး
ခင်ဗျားကို ယစ်မှာဗျ...
ကိုယ့်အမ စိတ်ချမ်းသာရင်တော့
လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်....

Republic said...

ဖတ်ရတာ စုံလင်နေတာပဲ ၊၊ မင်္ဂလာပါ ..စာတွေအများကြီးဖတ်တဲ့ (မ)သက်ဇင် ၊၊

လင်းဒီပ said...

ပုပ္ပါးတောင်ရယ်
နတ်တချို့ရဲ့ သမိုင်းရယ်ကို ခေတ်သစ်ပန်းဆက်သမားလေးနဲ့
ရောမွှေပြီး ရေးထားလိုက်တာ...
ကောင်းပါတယ် အစ်မ..

တားမြစ် ထားသော... said...

ဆက်ရန်ကို ချန်တတ်တဲ့
သဇင်ခေါ်ပန်းမမ၊
မနွမ်းမလျှ ပုဂံအလှတို့ကို
ဆက်လက်ချယ်သပါအုံးဗျာ။...။

သုခမိန်(E-Jornal)

Pinkgold said...

ကောင်းမြဲ ကောင်းဆဲ ပါပဲ မမရယ်

မနောသား said...

တကယ့်ကို တန်ဖိုးရှိတဲ့ စာတွေပါပဲ အမရေ ..အားပေးလျက်ပါ ..ဆက်လက်ရေးသားပေးပါဦး ...

ခင်မင်စွာဖြင့်

မနောသား

Nyi Nyi Myanmar said...

လာလည်သွားတယ် အစ်မရေ http://www.nyinyimyanmar.co.cc/

Nge Naing said...

နတ်တို့ သူရဲတို့ ရှိတယ်ဆိုတာကို ကျွန်မလည်း အရင်ကတော့ မယုံဘူး၊ နောက်တော့ ဘာသာရေးစာအုပ်တွေ ဖတ်ရင်းနဲ့ ဒါတွေဟာ တကယ်ရှိတယ် ဒါပေမယ့် သူတို့က ကံအကျိုးပေးကြောင့် ၀ဋ်ကြွေးခံရတဲ့ အပယ်လေးပုံထဲက ဖြစ်လို့ လူတွေထက် နိမ့်ပြီး လူတွေက သူတို့ကို ကိုးကွယ်စရာမလိုဘူး ဆိုတာ သိရတယ်။ မြန်မာပြည်မှာ နတ်ကိုးကွယ်လေ့ရှိတဲ့ ဒေသက နယ်ခံလူတော်တော်များများဟာ ဘွဲ့ရပညာတတ်တွေတောင် နတ်ကို ယုံပြီးအုန်းပွဲ ငှက်ပျောပွဲတွေနဲ့ ကိုးကွယ်ကြ၊ တနှစ်တခါ ပူဇော်ပသကြတာတွေ လုပ်တာများတယ်။ မသက်ဇင်တွေ့တဲ့ ကောင်လေးက နတ်ကို မယုံသူ ဖြစ်နေတော့ တော်တော်လေး ခေတ်မီပုံရတယ်နော်။ ပုဂံခရီးအဆုံးမှာ ဘယ်လိုခွဲခွာခဲ့လဲဆိုတဲ့ ဆက်ရန်ကိုလည်း မျှော်နေပါတယ်နော့်။

Min Myat Soe said...

ဘယ်လိုလဲ အစ်မတော်ရဲ.ခုတစ်လော နတ်အကြောင်းတွေပါလား၊ ဖတ်လို.တော့ကောင်းသား၊

အလှတရား said...

ဥပါဒါန် အစွဲအလန်းဟာ တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှား သလိုပါပဲ..

အယူတိမ်းလို့ နတ်စိမ်းဖြစ်ရှာရသတဲ့.. သီလဖြူတဲ့ လူသူတော်ကောင်းက အယူတိမ်းသူကို.. ပူဇော်ပသ ကြရမတဲ့..

ဘယ်ဘက်က ကြည့်ကြည့် ယုတ္တိမတန် မဟုတ်မှန် တာ သေချာလှပေမဲ့ ဥပါဒါန်မစင်သေးသူ လောကီသားစစ်စစ် အနေနဲ့ အများလုပ်ရာကို ယောင်ဝါးဝါးနဲ့ ဖောက်ထွက်ဖို့ ခပ်ခက်ခက်.. မှားလျက်သာ မှားလျက်နှင့်သာ..

အချို့ကတော့ လည်း စိတ်ကူးယဉ်ခြင်းကိုပဲ အဖော်လုပ် .ကြည်နူးခွင့်ရရှာတဲ့ အတွက် ဗျတ္တ ဒဏ္ဍာရီကို သမိုင်းလုပ်လို့ ဗျတ္တပန်းဆက်သမားကို အချစ်သူရဲကောင်း အဖြစ်ကိုးကွယ်လိုကြလိမ့်မယ်..

"သွယ်သွယ်ညွှတ်ကိုင်း...ငွေကြိုင်းတံခွန်ထူသာ..
သဲဖြူငယ် ..ရာဇမတ်ကာ.. မင်းဘဏ္ဍာတော်မှတ် ခြူရေးကွာလှမ်း ဒီပန်းမြတ်ကိုသာ.."

ဆိုတဲ့ ဂီတနက်သန်ရဲ့ စာသားထဲကလို ချစ်ကြင်သူကို မင်းဘဏ္ဍာအမှတ်ထား ခြူရေးငယ်ကွာလှမ်း စကားဝါပန်းကို ခပ်လှမ်းလှမ်းက ဆက်သခွင့်ရရုံနဲ့.. ၀မ်းသာတတ်သူလည်း ရှိမယ်.. သြော် ရှိပေလိမ့်မယ်...။

ခေတ်တွေ စနစ်တွေ ပြောင်းလို့ ကောင်းသထက်ကောင်း လာရင် ဆိုခဲ့သလို မိုးခေါင်ကျော်စွာကိုလည်း မေ့ကြကုန်ပါလိမ့်မယ်.. ဗျတ္တကိုလည်း မေ့ကြပါလိမ့်မယ်...

စကားဝါနဲ့ဆက်စပ်တဲ့ နှစ်ဦးသောသူကတော့ ပန်းဆက်သမား ထိုးဇာတ်လေးကို မမေ့..မမေ့လောက်..

အသက်ကယ် ဟိုက်ဟိုက် ပင့်သက်မော ကိုယ်စီရှိုက်ရင်း .. နှင်းဆီနီပွင့်ချပ်ပေါ် တစ်စက်တည်းသော မေတ္တာပျားရည်ကို တဒင်္ဂဖြစ်ဖြစ် ချဖူးခဲ့မယ်ထင်ပါရဲ့..။


ကျေးဇူးတင် စိတ်ချမ်းသာလျက် လာရောက် ခံစား သွားပါတယ် ခင်ဗျာ။

ဖြိုးငယ် said...

အိမ်း .. အမ စာတွေ ဖတ်ရတာ ..
ဗဟုသုတလည်းရတယ် .. ရသလည်းရှိတယ် ..
သုတ ရသ ပေးစွမ်းနိုင်ပါတယ်ဗျာ ..
နောက်တစ်ပိုင်းကို ဆက်မျှော်နေပါတယ်ဗျာ

Phyo Evergreen said...

နတ်တွေအကြောင်းတစေ့တထောင်း သလိုက်ရတယ်..။
ပန်းဆက်သမားလေး ကံကောင်းနိုင်ပါစေ.......။

စိုင်းစိုင်းလားရှိုး said...

ပန်းဆက်မယ့်သူကို ကျွန်တော် ဆိုင်ကယ် တစ်စီးဝယ်ပေးမယ်! ဒါမှ အချိန်မှီမှာ ! တော်ကြာ ထိပ်ထား စိတ်တော်ညိုမှာ စိုးရတယ်! နတ်သံလေးနှောပါလို့ အဟေဟေး...

Upasaka said...

ရောက် ပါတယ် အရင် လလို ပဲ ရိုးရိုးလေးနဲ့ ခေါ် သွားတယ် အဲ လို ရိုးရိုးလေးနဲ့ ခေါ်သွား နိုင် အောင် ရေးတတ် ဖို့ က ကျနော်ဆို စိတ် တောင် မကူးရဲ ဘူး ကျနော့် အထင် ပြောရရင် ဟို ဘက် ခေတ်မှာ သိပ္ပံ မောင် ၀ နဲ့ ကျနော် တို့ ခေတ်မှာ ကိုငြိမ်းကျော် တို့ ပါ အခု ကျနော် တွေ့ ပြန်ပြီ ..မကွန့်ဘူး ရိုးရိုးလေး ပါ..ကောင်းတယ် ဗျာ...တကယ်

ညိမ်းညို said...

အစ်မရေ
ခရီးသွားဆောင်းပါးသာဆိုတယ်
သုတအစုံ ရသအစုံနဲ့ ဖတ်လို့ကောင်းလိုက်တာ

နောက်အပိုင်းတွေကိုလည်း စောင့်မျှော်လျှက်ပါခင်ဗျာ

ကဗျာမလေး said...

နတ်တွေအကြောင်း အတိအကျ ပြောရေးပြနိုင်သူရှိရင် သိပ်ကောင်းမှာပဲ .... တချို့ဇာတ်လမ်းတွေက ယုံရခက် မယုံရခက်နဲ့လေ...။
“မ” က စာရေးကောင်းတယ်နော်...။

Mr.Zaw Min Aung said...

နတ်တွေကို စုံလိုပဲအမရယ် ။ မူလီတွေတော့မတွေ့ရဘူးနော် ။ ဒါပေမယ်တကယ်တော့ သူတို့က သနားစရာအပယ်ဘုံ ကသူတွေပါပဲလေ ...
နတ်တွေအကြောင်းကိုဒီလောက မှာ ယုံအောင် လုပ်ဇတ်တွေ ပြောနိုင်ရင်တော့ အဲ့ဒါ နတ်ကတော်တွေ ပဲဆိုတာ ဒေါ်ကဗျာမလေး သာသိခဲ့ရင်....

Ogre said...

ရောက်ရှိ ဖတ်ရှုသွားကြောင်းပါဗျာ :-)

မြတ်သွယ် said...

မှတ်သားစရာတွေ အပြည့်ပါပဲ အစ်မသက်ဇင်
ဗဟုသုတလည်း ရတယ်
ရသကိုလည်း နှစ်သက်အားကျမိတယ်
အားပေးလျက်ပါ အစ်မသက်ဇင်
ကျေးဇူးတင်ပါတယ် :)

WWKM said...

မမရေ.. လာဖတ်သွားပါတယ်နော်.. မမရဲ့ပို့စ်တွေ ၀ါဝါ့
Blog list ထဲမှာ တက်မလာဘူး..ဘာများဖြစ်လဲမသိ.
မမ ရဲ့လင့်ခ်အသစ်ကို ၀ါဝါမထည့်ရသေးဘူးဖြစ်မယ်..
ပျော်ရွှင်ပါစေ မမရေ.

ရဲရင့်နီ said...

မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေခင်ဗျာ...
ဗုဒ္ဓဘာသာဝင်စစ်တွေဖြစ်စေဖို့အတွက်...
နတ်ကိုးကွယ်မှု့ ကိုလုံးဝစွန့်ပယ်သင့်ပါတယ်ခင်ဗျာ...

knight said...

တိုတိုနဲ့  အကြောင်းအရာတွေ အများကြီးကို အကျုံးဝင်အောင်ရေနိုင်တာ ချီးကျူးပါတယ် ။ သုတ ရသတွေ အမြဲ မျှဝေပေးတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ပါတယ် ။ ဆက်ရန် မျှော်မိ ။း)

နှင်းဆီနက် said...

စာရေးကောင်းတယ်

PHONE Shop Project said...

စာအကြွေးတွေ တစ်ဝကြီးလာဖတ်ပါတယ် အမရေ
အမပို့စ်လေးတွေ ဖတ်ပြီးတိုင်း အမြဲတမ်း တွေးတော့စရာ
တွေ စဉ်းစားဆင်ခြင်စရာတွေဖြစ်ရပါတယ် ခရီးသွားအခန်း
ဆက်ဆောင်းပါးလေးတွေအတွက် ကျေးဇူးအထူးပါဗျာ :)

sandar said...

အကြိုက်ဆုံး စကားတစ်ခွန်းကို ပြန်ဖတ်လိုက်ရတယ် အစ်မရယ် ဘုရား တရား သာသနာ အရိပ်ကို ခိုးပြီး နတ်အယူကို အသက်ရှည်အောင် လုပ်နေကြသူတွေ လို ခပ်ကြမ်းကြမ်းနားနားလေး ထိထိလေး စကားတစ်ခွန်းကို ကျမသိပ်ကြိုက်တယ်။ ကျမမွေး၇ပ်မှာ ဘာနတ်မှမ၇ှီဘူး အစ်မ၇ယ် ၇န်ကုန်ေ၇ာက်မှ နတ်ပေါင်းစုံကိုတွေတာ ပုပါးလည်းရောက်ေ၇ာ ဘု၇ားထက် နတ်က ပိုးစွမ်းနေတာ ကျမက နတ်နန်းကို ၀င်ပြီး ပန်းမဆက်လို စိတ်ဆိုးကြလိုက်တာ ဘိုးဘိုးကြီးကိုမကန်တော့လို မျက်စောင်းတွေ ထိုးကြတယ် အစ်မ၇ယ် ကျမကပြောလိုက်တယ် ကျမအပေါ်ေ၇ာက် သူတို့အားလုံးအတွက် မေတ္တာပိုးပေးခဲ့ပါမယ်လို ပြောပြီးတတ်သွားတော့ ပန်းမေ၇ာင်း၇လို စိတ်ဆိုးတာလား နတ်ကို မယုံကြည့်လို စိတ်ဆိုးတာလားတော့မသိဘူး စိတ်ဆိုကျန်ကြတယ်လေ ။ ကျမတို့အိမ်က နတ်စင်ေ၇ှ့ ဒူးမထောက်၇ဘူး နတ်မုန့်ကို နတ်ကို မတင်းခင်ဆို စားလို၇တယ် နတ်ကို မတင်ခင်ဘယ်သူမမကျွေးလို မစား၇ဘူး အစ်မ၇ယ်။

Dream said...

တီတီရေ.. နတ်တွေရဲ့ ရာဇ၀င်လေးတွေ ဖတ်၇တယ်..

အခုလို ပညာဗဟုသုတလေးတွေ ဖြန့်ဝေပေးတာ .. ကျေးဇူးနော်တီတီဇင်..

အာဝါးးးးးးးးးးးးးးးးးးးးးးးး

ကွန်နက်ရှင်ကကျ ကွန်ပြူတာက ပိုးကိုက်နဲ့ မို့မရောက်ဖြစ်တာ တီတီဇင်ရေ.. အမြဲ သတိရနေပါတယ်... စာကြွေးတွေလည်း ဖတ်သွားပါတယ်..နော်...

အာဝါးးးးးးးးးးးးးးးးးးးး

အံ့မင်းညို said...

အစ်မရေ...
နတ်က သမိုင်းအသိမပေးနိုင်ဘူးဆိုတာကို အစ်မရှင်းတာ
နဲ့လက်ခံတယ်ဗျ။ မိုးခေါင်ကျော်စွာနတ်မင်းကတော့
အခြားအရပ်ထွက်ပြေးဆို ဘယ်ပြေးမှာတုန်း..။ နတ်ကိုး
ကွယ်မှုကတော့ ထေရ၀ါဒမှာ မရှိပါဘူး။ ဘုရားဟောအရ
၃၁ ဖုံမှာ နတ်ဆိုတာတော့ရှိတယ်ဗျ။ ဒီတော့ မိုးခေါင်
ကျော်စွာ ဘယ်ရောက်သွားတာတုန်း..အစ်မပြန်ရှာပေး။
:P

မိုးသောက်(ရှမ်းလေး) said...

လာလည်သွားတဲ့အတွက်နဲ့ မန့်သွားတဲ့အတွက်ရော အများကြီး ကျေးဇူးတင်ပါတယ်အစ်မရေ... သူငယ်ချင်းတစ်ယောက်က ပုဂံအကြောင်း ဖတ်ချင်တယ်ဆိုလို့ အစ်မ ဘလောက်ခ်ကို လမ်းညွန်လိုက်ပါတယ်... :D

ကောင်းကင်ကို said...

ဖတ်လို့ အရမ်းကောင်းတယ် အစ်မ။

နိုင်ကို said...

လာလည်ပါတယ် မ ...နောက်ဆုံး Sentence လေးက မိုက်တယ် :)

kabrmakyay said...

ခရီးများနေသည့်အတွက် ခရီးသွား ဆောင်းပါးများ ကနေ့ မှလာဖတ်ဖြစ်ပါသည်။ ရွှင်လန်းချမ်းမြေ့ပါစေ။

panna Ramsi Vihara said...

လာရောက်ဖတ်သွားပါတယ် မသက်ဇင်
ကိုပြေအေး

ပြည့်စုံ said...

မသက်ဇင်ရေ...

လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီ....

saiburma said...

အစ်မရေးထားတာ တအားဖတ်လို့ကောင်းပါတယ်။ ... ဒီထက်များတဲ့စာတွေ ဆက်လက်ရေးသားနိုင်ပါစေ...

မဆုမွန် said...

အစ်မရေ လာဖတ်သွားပါတယ် အစ်မပေးတဲ့ အကြံအတွက် ကျေးဇူးတင်ပါတယ် ညီမလေးလဲ အခန်းပြောင်းဖို့ စဉ်းစားနေတာ အဲ့က ထိုင်းတွေက ဘယ်လိုကြီးတွေလည်း မသိဘူး...

သစ္စာ said...

နတ် ကန္နားပွဲတွေ ရောက်ဖူးပါတယ်
နတ်နဲ့ လက်ထပ်လို့ လင်မယားကွဲတာလည်းကြားဘူးတယ်
ဗဟုသုတတွေရပါတယ်
ကျေးဇူးပါရှင့်

မိုးတိမ်ညို said...

အရမ်းကို ကောင်းလွန်းပါတယ်။
တိုတမ် ဆိုတာ အင်္ဂလိပ်လိုရှိလား ခင်ဗျ။

နေ့အိပ်မက် said...

နေ့အိပ်မက်တော့ တော်တော်သဘောကျတယ်.. ဘာလို့ဆိုတော့ နတ်တွေ.. အဲဒီ အစိမ်းနတ်တွေကို လုံးဝသဘောမကျလို့လေ.. မမက အရေးအသားကောင်းတော့ ပိုမိုက်တာပေါ့....
ဒါနဲ့ စီပုံးမရှိလို့ ဒီကပဲပြောခဲ့မယ်နော်...
နေ့အိပ်မက်အိမ်အသစ်လေးကို လာလည်ပေးတာ အများကြီးကျေးဇူးတင်တယ်နော်.... :)
မမစာနောက်တစ်ခေါက်သွားပြန်ဖတ်လိုက်ဦးမယ်..
အားလုံးပြီးရင်လည်း အစအဆုံးတစ်ခေါက်ဖတ်ဦးမယ်.. ကြိုက်လို့..

သစ်နက်ဆူး said...

မသက်...
လာလည်ပြီး စာတွေဖတ်တယ် ခံစားတယ် အတွေးနယ်ချဲ့ ပြီး လွမ်းသွားတယ်...။
ကျနော် အလုပ်များနေလို့ မရောက်တာကြာနေပြီ..။
မသက်ရော...နေကောင်းပါရဲ့ လား
အစစအရာရာ အဆင်ပြေပါစေ...မသက်ရေ။

ဒူကဘာ said...

င်္ကြုတုံး ဂျောက်တွန်း သွားဦးမှ ....သမိုင်းမှာ နတ်ဖြစ်သူတွေတင် အသောက်အစားများတာ မကဖူး ... ဒီဖက်ခေတ်မှာ အသောက်အစားများတာ ကတော့ ချင်ကပူက ကလူသစ် တို့ နော်ဝေက မင်းသားကြီး ( TNS ) တို့ လဲပါသတဲ့ .... Peace of mind to u မသက်ဇင်။

kiki said...

မမသက်ဇင်ရဲ့ ဗျတ္တ ပန်းဆက်သူ နဲ့ မ ရယ် ။ အသောက်ကြိုက်တဲ့ နတ်တွေရယ် ။ မရောက်တာ ကြာလှတဲ့ ပုဂံအလွမ်းတွေရယ် ။။ ဆွဲဆောင်ရာ လိုက်သွားမိတာ ... အဟဲ ..ဒီမနက် အိပ်ယာထ နောက်ကျပြီး ဆူခံထိပြီ ။ အလုပ်ကြွေးတွေ တပုံကြီးလဲ ဆပ်လို့ မကုန် နိုင်ဘူး ။။ ဒါပေမဲ့  မ ၊ ရဲ့ ဇာတ်လမ်းလေး သိနေချင်မိလေတော့ ရှေ့ ဆက်၍ သာ ဖတ်ပါအုံးမည် မမဇင်ရေ ။

ATH said...

အမရေ လာရောက်ဖတ်ရှုသွားပါတယ်...အဆင်ပြေပါစေ

Khinmarlaraung said...

အစ်မသက်ဇင်....ညီမဆီကို လာလည်သွားတဲ့အတွက်ဆိုတာထက်...အစ်မရဲ့
Blog ကိုဖတ်ဖို့ အခွင့်ကြုံရတာကို ပိုဝမ်းသာမိပါတယ်။
သမိုင်းကို စိတ်ဝင်စားတဲ့ ကျွန်မ၊ ပုဂံကို တခါမှ
မရောက်ဖူးတဲ့ ကျွန်မအတွက် အစ်မရဲ့ post တွေဟာ
အရမ်းကို တန်ဖိုးရှိလှပါတယ်။:)
ကျေးဇူးတင်ပါတယ်မ။ အေးချမ်းပါစေနော်။ :)

အလှတရား said...

စိတ်လက်ချမ်းသာ ကျန်းမာပါစေကွယ်။

နေဒေးသစ် said...

အပိုင်း ( ၈ ) မှာ ဖတ်တာ နဲနဲ ကြာသွားတယ် နတ်အကြောင်းတွေ လိုက်မှတ်နေတာလေ .... အကုန်သေသေချာချာလိုက်မှတ်ကြည့်တယ် ... အခု အကုန်မှတ်ပြီးသွားပြီ .. ဒါပေမယ့် တစ်ခုမှ မှတ်မိတော့ဘူး .. နတ်ရာဇဝင်တွေကလည်း တော်တော်ရှုပ်တာပဲနော် အမ ... :D

puluque said...

မမရေ
နတ်တွေ အကြောင်းနဲနဲ မြည်းသွားတယ်။ တော်တော်စုံတာပဲနော်။ ကျတော်သိတာက နဲနဲလေးရယ်။ နောက်ဆုံး အပိုဒ်လေးက ရင်ကိုထိတယ်ဗျာ...

KyiYin said...

after reading this,i was so so happy,this is the frist time to read Sayama Thetzin,i wanna write down in Myanmar font,but i don't do how to type it,I wish u to write more and more. :)

မသက်ဇင် said...

Ko Kyi Yin
လာလည်တာကျေးဇူးပါ။နောက်ကလိုက်လာဖို့
ပရိုဖိုင်းမပြထားတော့ ဘယ်ကိုလိုက်ရမှန်းမသိပါ။
မြန်မာဖောင့် သွင်းဖို့ကို http://www.manawthar.com/ ကိုမနောသားလင့်ကို သွားလေ့လာပါရှင်။
ပျော်ရွှင်ပါစေ

မေမေခင် said...

ပန်းဆက်သူလေးသနားပါတယ်