Tuesday, March 3, 2009

နှင်းဆီနီ ပွင့်ဖတ်ပေါ် က ပျားရည် တစက် နှင့် အရိမဒ္ဒန ( ၆ )

ပုဂံ၏ ဆည်းဆာ ချိန်များ
ပုဂံ ဆည်းဆာ ချိန်တွေ အလွန် လှပခဲ့သည်။ သူ ကျမ အား ပုဂံ ပုံပြင်တွေ ပြောပြ ခဲ့ သလို ပုရှကင်(Пушкин) ၊ မာယာကော့ဗ်စကီး (Мойковский) ၊ လာတီမာတီ ၊ ပယ် ရီရီပါဒီ ၊ ဒါစ်တိုယက်ဗ်စကီး (Достоевский)တို့ ၏ နာမည်ကျော် ကဗျာ များ ကို ရွတ်ပြ ခဲ့သည်။ ပုရှကင် ရဲ့ ဆိုက်ဗီးရီးယားသို့ ဆိုတဲ့ ကဗျာလေးကို ကျွန်တော် အတော် စွဲလန်းခဲ့တယ် လို့ သူပြောပြသည်။

ဆိုက်ဗီးရီးယားသို့
လေးလံလံ သံခြေကျင်းများ ပြုတ်ကျရမယ်
ထောင်တွေပြိုလဲကျရမယ် လွတ်လပ်ခြင်းဟာ
သင်တို့ ကို တံခါးဝက ဝမ်းပန်းတသာ ကြိုနေမယ်
ညီနောင်များက သင်တို့ ကို ဓါးတွေပြန်နှင်းကြမယ်

ကဗျာဆရာ ဘိုင်ရွန်၏ နာမည်ကျော် ကဗျာ ၂ပုဒ်ဖြစ်သည့် ဒေါန်ဟွန် နှင့် ဂရိတော်လှန်ရေး ကဗျာ ကိုလည်း ရွတ်ပြသည်။ ကဗျာဆရာ ဘိုင်ရွန် ရဲ့ ချစ်သူဟာ ပင်လယ် ကမ်းခြေ တခု မှာ မြင်းစီး ထွက်လာတယ် အမှတ် မထင်ပဲ အသုဘ တခု ဖြတ် သွားတယ် လေ ဘိုင်ရွန်ရဲ့ ချစ်သူ ဘစ်စမတ် က ပြောတယ် မနက် အစောကြီးကွယ် နှင်းတွေ ကလည်းကျ လို့ အသုဘ ကလည်း လူနည်းလိုက်တာ လို့ ညည်းရှာတယ် တဲ့ သူတို့ နဲ့ အသုဘ က တဖြေးဖြေး ဝေးသွားတော့ အထိန်းတော် လေးက ပြောရှာ တယ် အဲဒါ အညတရ အသုဘ မဟုတ်ဘူး သခင်မလေး ရဲ့ နာမည်ကျော် ကဗျာဆရာ ဘိုင်ရွန်ရဲ့ အသုဘ ပါ တဲ့။ ချစ်သူတွေ ရဲ့ ကြေကွဲဖွယ်ရာတွေ ကို ကျမ နားထောင်ရင်း နာနာကျဉ်ကျဉ် မျက်ရည်ဝဲ မိသည်။

တည်ငြိမ်စွာ စီးဆင်း နေသည့် ဧရာဝတီ က တော့ ခန့် ထည်နေလျက်ပါ ရာဇဝင် အဆက်ဆက် ကို ဧရာဝတီ က အ သိ ဆုံးပါ ဟု ပြောနေ သယောင်။ ရွှေစည်းခုံ သို့ ရောက် တော့ သူ ကျမ ကို ရှင်းပြသည်။ အနော် ရထာဘုရင်ဟာ ရွှေစည်းခုံကို စတင် တည်ဆောက်ရာ မှာ သီဟို ပုံဖြစ် တဲ့ ဟာမိကာ ခေါ် ဓါတ်တော်တိုက် ကို ပယ်တယ် ။ အဲဒီ ဓါတ်တော်တိုက် ကိုတော့ ဆပဒမ ထေရ် တည်တဲ့ ဆပဒစေတီ မှာပဲ တွေ့ရတယ်။ သီဟိုဘုရား တွေက ဟာမိကာ ကို မဖျောက် ဘူး ဆက်လက် ထိမ်းသိမ်း ထားကြတယ်။ အနော်ရထာ ကတော့ သူ့ ကောင်းမှု တော်တွေ မှာ ဟာမိကာ သီဟိုပုံ ကို ပယ်တယ် အနော်ရထာရဲ့ ကောင်းမှုတော်တွေ ကတော့ မောင်ဒီဘုရား ၊ မြင်းကပါ စေတီရှင် ပင်သာ လျောင်း ၊ ရွှေဆံတော် ၊ လောကနန္ဒာ ၊ ရွှေစည်းခုံ တို့ဖြစ်တယ်။ ပုဂံမှာ အနော် ရထာ ဘုရင် မ တိုင်ခင်က နဲ့ အနော် ရ ထာမင်း လက်ထက် တွေမှာ ပုဂံပြည်သား တို့ ဟာ စေတီပုထိုး ၊ ဂူဘုရား တွေ တည် ဆောက် ခဲ့ ကြတာ ပေါ့။

သရေခေတ္တရာ မှာ ၇ရာစုနှစ် က တည်ဆောက်ခဲ့ တဲ့ ဘောဘောကြီးဘုရား ၊ ပုဂံ ခေတ်ဦး ပျူစောထီး ပုံပြင်နဲ့ ဆက်စပ်နေ တဲ့ ဗူးဘုရား ၊ ငကျွဲနားတောင်း တို့ ဟာ ရှေးကျ တဲ့ ပုထိုးပုစံ တွေဖြစ်တယ် သူ ရှင်းပြနေသော ပုဂံ ဘုရား များ အကြောင်း ကျမ စိတ်ဝင် တစား နား ထောင် နေမိသလို ဒီနားလေး က အသိအိမ် မှာ ပတ္တလား ရှိ တယ် မ ကို ကျွန်တော် ပုဂံထိပ်ထား ဘုန်းတော် ဘွဲ့ပတ်ပျိုး တပုဒ် ပတ္တလားတီးပြီး ဆိုပြမယ် ဟုပြောသော အခါ ဂီတာတီး ပြီး သီချင်း ဆိုသူက မဟာဂီတ နှင့် ကျွမ်းဝင်နေသည် ကို ကျမ ထူးဆန်းနေသည် ကတော့ အမှန်ပါ ။ သူ့ မိတ်ဆွေ ၏ ပတ္တလား ကို ယူလာပြီး သူ ပတ္တလားတီးကာ သီချင်း ဆိုပြခဲ့သည်။

သိင်္ဂါ ရွှေရောင် ၊ ထိန်ဝါဝေပြောင်နန်း ၊ ဆောင်ဆောင်ခန်း ၊ မန်းဘုံဘွေ ၊ ဝင်းဝေလျှံ ၊ စံတည်ရာဖဲငယ်လို ၊ သဲ ငွေပြန့် ၊ ဖဲရွှေညံ့ပိန်း ၊ စိမ်းရောင်စို ၊ တောင်ညိုမြမှိုင်း ၊ သီတာခွေလို့ ၊ ရေပတ်လည်ဝိုင်း၊ တိုင်းသာဘုံခန်း ၊ ဆန်း ထွေလာ ၊ စိန်ကြောင်နီလာ ဖလ်ပြာခဲ ၊ သန္တာဆွဲတဲ့ ပုလဲသွယ် ၊ လနှယ်နေလို ၊ ဝင်းလို့ဆန်း ၊ နတ်ကယ်စံအိမ် တွေး ဘွယ့်ချိန်၊ ဝတိံ ဘုံစံ ၊ ဘုန်းရှင့်နန်း ၊ သနားဘွယ် ၊ ရွှေလည်သောင်းရံ ၊ သာလွန်ကျူးလို့ပျော်မြူးစံ ၊ ရွှေ ကံတိုး ၊ ဖြိုးဝေဝေ ၊ သပြေဒီပါ ၊ ဘုန်းဖြန့်မြန်း ၊ စုံလမ်း ၊ ငုံလျှမ်း ၊ ဒုမ္မာပန်း ၊ ဘုံကြာခန်းက ၊နန်းကြာသူ ၊ ပြာဖြူ ဝါရွှေ ၊ ဝင်းလို့ ညီး ၊ ထီးကျွန်တော်ခံ ၊ ညာစံရှင့်ဘိုး ၊ တိုင်းရွှေ ပြည်သာလှ ၊ ညာခ မိုး ၊ ဒီပါ သောင်း ယံ စံနန်းရိုး။

ကျမ အတွက် ပုဂံ ဟာ လွမ်းမောစရာတွေ ချည်း ပါပဲလေ။

53 comments:

စိုင်းစိုင်းလားရှိုး said...

မသက်ဇင်ရေ လာဖတ်သွားပါတယ်။ အမြဲတမ်း တခုခုတော့ ရသွားပါတယ်။

ကိုတိုး said...

အစ်မသက်ဇင် စာတွေလာဖတ်သွားတယ်အစ်မရေ အမြဲတမ်းဗဟုသုတ တစ်ခုခုတော့ရသွားတာပဲအစ်မရေ အစ်မရဲ့စာတွေကိုဖတ်ရလို့လေ အဆင်ပြေပျော်ရွှင်ပါစေခင်ဗျာ။

အလှတရား said...

သုတကို ရသနှောပြီး
စေတနာလေးထည့်ရေးတာ
ဖတ်မငြီးပါပဲ
အမျိုးသားယဉ်ကျေးမှုနဲ့
ခေတ်ပညာရပ်ကို
အတုယူဖွယ် စိတ်သဘောထား ကိုယ်ကျင့်တရားလေးတွေနဲ့
စပ်ဟပ်ပြနိုင်ပါပေရဲ့.။

အလွန်ကျေးဇူးတင်ပါတယ်
အစ်မငယ်။

တားမြစ် ထားသော... said...

စာရေးသူကတော့ ပြောသွားတယ် ...
ကျွန်မအတွက် ပုဂံဟာ လွမ်းမောစရာတွေ ချည်းပါပဲလေ။ ...တဲ့။
ကျွန်တော့်အတွက် ပုဂံကတော့ ဒီဆောင်းပါးနဲ့အတူ လွမ်းမောစရာ ဖြစ်နေတော့တာပါ။

သုခမိန်(E-Journal)

စိုင်းစိုင်းလားရှိုး said...

အစ်မရေ စာတွေလာဖတ်ပါတယ်။ စာတွေများများ ရေးနိုင်ပါစေ။ အားပေးလျှက်ပါဗျာ။

မနောသား said...

ပုဂံ ကို ငယ်ငယ်တုန်းကပဲ ရောက်ဖူးတယ် ..အခုနောက်ပိုင်း တာဝန်နဲ့ဆိုတော့ မရောက်ဖြစ်တော့ဘူး..အမ အခုရေးထားတဲ့ ပုဂံ အကြောင်းတွေ ဖတ်ရတော့ ပိုတောင် သွားချင်နေတယ် ..ပုံဂံအကြောင်းတွေ များများရေးနိုင်ပါစေ အမရေ ..ပျော်ရွင်ပါစေ ....

Upasaka said...

ဒီစာလေး ကို ဖတ်ပြီတော့ ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ကိုတမ်းတမိတယ်
အထူးသဖြင့်ဆရာရေး ခဲ့တဲ့ ခပ်သိမ်းကလျှာရှုဘွယ်သာတည်းနဲ့ ကဗျာ အကြောင်း ကို ရေးထားတဲ့စာ အုပ် နှစ် အုပ် လုံပါ ဒီမှာ ဆရာက ကမ္ဘာကျော် က၀ိတွေနဲ့ မြန်မာကဗျာ က၀ိတွေကို နိုင်းပြထားတာ ကို ဖတ်ရတယ် အခု မသက် ဇင် လည်းပုဂံကိုဒီဘက် ခေတ်ရောက် အောင် ခေါ် လာနေပြီ လို့ ခံစားရတယ်လေ။

Photograph said...

လာဖတ်သွားတယ် သမိုင်းအကြောင်းတွေတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

လင်းဒီပ said...

သမိုင်းနောက်ခံ ပုဂံနောက်ခံ ဆွတ်ပျံ့ဖွယ် ဇာတ်လမ်းရှည်လေးတွေ ပြန်အသက်ဝင်လာလို့ ပျော်မိတယ် အစ်မ..

kabrmakyay said...

အရင်၂ခေါက်က ဘလော့ဝင်ဖတ်ဖို့ဟာ မှတ်ပုံတင်စစ်နေလို့ ခုမှဘဲ ပွင့်လွာထက်က ပျားရည်စက်ကို မြည်းစမ်းခွင့်ရတော့တယ်။ ရွှင်လန်းချမ်းမြေ့ပါစေ။

နေ့အိပ်မက် said...

ပုဂံသွားချင်စိတ်ပေါက်နေတာ.. ဒီဟာဖတ်ပြီး ချက်ချင်းထသွားချင်လာပြီ... တစ်ကမ္ဘာလုံးမှာ နေ့အိပ်မက်က ပုဂံကိုအကြိုက်ဆုံး

Phyo Evergreen said...

ဟုတ်တယ်အစ်မ ပုဂံကစိတ်ဝင်စားစရာတွေပေါသလို လွမ်းမောဖွယ်ရာတွေလည်း အပြည့်ပါဘဲ..။ ပုဂံနေ့ရက်တွေကို ပြန်သတိရတယ်..။ မြင်းလှည်းစီးတဲ့ ညနေခင်းကို အကြိုက်ဆုံး....။

အမရာ said...

အမရေ..တနေ့တော့ပုဂံကို
ရောက်အောင်သွားမယ်....
အမရဲ့ Banner ပုံလေးကအရမ်းလှတယ်။

ရိုးမြင့်အောင် said...

သုတ ရသ စုံတဲ့ လက်ရာပါပဲအစ်မ...။ စာတွေ ဒီထက်ပို ရေးနိုင်ပါစေ...။

ရဲရင့်နီ said...

အမရေ...
လွမ်းပြီး ပြန်သွားပါတယ် ခင်ဗျာ...
အမ ကျမ်းမာရေးဂရုစိုက်ပါ ခင်ဗျာ...

winlatt said...

အမှန်ပြောရရင် ပုဂံကို ရုပ်ရှင်တွေ...ဓါတ်ပုံတွေ..စာတွေလောက်နဲ့ တင်းတိမ်နေခဲ့ရတယ်..။ အမရဲ့ ပုဂံရာဇဝင်ထဲမှာ စီးမျောနေခဲ့တော့ မြန်မာပြည်ပြန်ရင် သွားရဦးတော့မယ်။ ခက်တာ... မသိတာတွေမေးဖို့ က........

ချစ်ခြင်း ခြေရာ said...

ဖတ်သွားပြီအမရေ အထူးပြောစရာမလိုတော့ပါဘူးနော် အမ ။

ဖိုးဂျယ် said...

ကျမ အတွက် ပုဂံ ဟာ လွမ်းမောစရာတွေ ချည်း ပါပဲလေ--------။
ကျွန်တော်လဲ လွမ်းမောသွားပါတယ်။

အလှတရား said...

MY SOLY WISH

In this very country
I wish to be reborn
loving and serving it

I breathe its air
I eat its food
and grow up as a tree

I care not storms
I fear not winds
come whatever for

Happy am I
to live and die
on this beloved soil
and to be its citizen
once again, to love and serve.

BY; MOE HEIN( SON JOURNAL KYAW)

ွှပိုစ့်ကိုဖတ်ပြီး အဲသလိုခံစားရတယ်.. ကိုယ်တိုင်မရေးတတ်လို့ ဆရာမိုးဟိန်း ရေးတဲ့ ကဗျာလေး တကူးတကပြန်ရှာပြီး လက်ဆောင်ထားခဲ့ တယ်နော်..

အလင်းရောင် said...

အစ်မကတော်တော်ဗဟုသုတစုံလင်တာပဲဗျာ....
စာတွေ တော်တော်ဖတ်တယ်ထင်တယ်နော်...
ကာရံလေးတွေကလည်း ကောင်းတယ် အစ်မရာ
တစ်ချို့အရာတွေဆို ချက်ချင်းအဓိပ္ပာယ်မပေါက်ဘူး..
သေချာစဉ်းစားပြီး ဖတ်ရတယ် အဲဒီခါမှ အနှစ်သာရကို တွေ့ရတယ်အစ်မရာ.. ကောင်းပါတယ်... အားပေးလျှက်ပါပဲ...

ဖိုးစိန် said...

ပုဂံကိုတော့မရောက်ဖူးဘူးအမရယ်..
ပုဂံအကြောင်းကို အဖေကပြောရင်တော့
အရမ်းကြိုက်တယ်..
အခုပုဂံအကြောင်းဖတ်တော့
အဖေပြောတဲ့ တစ်ဝဂူ ပုံပြင်ကိုလွမ်းသွားတယ်..
အလည်ရောက်ပါတယ်အမ..
ခင်တဲ့
ဖိုးစိန်

အံ့မင်းညို said...

အစ်မ.. ရုရှနာမည်တွေနဲ့ အတည်ကြီးစာလုံးတွေ
ပေါင်းလို့..။ Да,Да.. Правильно!
:D :)

Welcome said...

အစ်မ
ခရီးသွားဆောင်းပါးလေးကို
တလေးတစားနဲ့ ဖတ်သွားပါတယ် ..

လေးစားစွာနဲ့

ညိမ်းညို said...

အမရေ သုတရသ စုံလှပါတယ်ခင်ဗျာ
နောက်အပိုင်းတွေကို စောင့်မျှော်လျက်

Nge Naing said...

မသက်ဇင်ရေ
မြန်မာစာ မရလို့လာပေမယ့် ဖတ်လို့မရပဲ ပြန်ပြန်သွားရတာ အခုမှ ပြန်ရလို့ ဖတ်ဖြစ်တယ်။ ချို့ဘလော့ဂ်တွေက ဇော်ဂျီ font မရှိတဲ့ ကွန်ပြူတာမှာလည်း မြန်မာစာပေါ်တယ်။ မသက်ဇင်ဘလော့ကိုလည်း ဒီလိုဖတ်လို့ရအောင် လုပ်ထားလိုက်ပါလား။ ပုဂံကို တခါမှမရောက်ဖူးပေမယ့် မြန်မာပြည်ပြန်ရောက်ရင်တော့ ပုဂံကိုသွားလည်ဖို့ အစီစဉ်ရှိပါတယ်။ ပုဂံဘုရားတွေအကြောင်း တင်ထားတဲ့ အောင်မြေနဲ့ မသက်ဇင်ဘလော့ဂ်က ခရီးသွားဆောင်းပါးတွေကို တခေါက်စီလာဖတ်သွားရလိမ့်မယ်။ စာဖတ်ရတာ ပိုပြီး စာအရေးသားတွေက အနုပိုစိတ်လာသလိုပဲ ခရီးလမ်းဆုံးဖို့ ဘယ်လောက်လိုသေးလဲ။ ဇာတ်သိမ်းပိုင်းကို မျှော်နေပါတယ်။

ထင်လင်းအောင် said...

အမရဲ့ ပိုစ့်လေးဖတ်ရတာ
ပုံဂံတောင်သွားချင်စိတ်ပေါက်သွားတယ်

ဖိုးစံ said...

သမိုင်းနောက်ခံကို မြင်သားအောင် ရေးပေးတဲ့ အတွက် ကျေးဇူးပါပဲဗျာ.......

အပြုံးပန်း said...

ပုဂံဟာ လွမ်းစရာဖြစ်စေတဲ့
အငွေ့အသက် တွေရှိနေတာ အမှန်ပဲနော်။
မှတ်တမ်းတင်စရာရယ်လို့
ကုန်မသွားနိုင်တာ ပုဂံမြေပဲ ဖြစ်လိမ့်မယ်။

Dream said...

တီတီဇင်ရေ...ပုဂံအကြောင်း ဖတ်ရတာ တကယ် စိတ်ထဲမှာ တစ်မျိုးလေးပဲ သိလား။

ပုဂံလမ်းက စောင့်နေမယ်နော် တီတိဇင်... :)


ပုဂံအကြောင်းတွေ ဖတ်ရတော့ ပုဂံကို ထပ်သွားချင်သေးတယ် တီတီရာ
ထေရ၀ါဒ အစ ပုဂံကနေ ပြန့်ပွားလာတာဆို တော့ အခွင့်အရေးရရင် ပုဂံရာဇ၀င်လေးတွေ နဲ့ အလည်တခေါက်လေ့လာရေး ထွက်ချင်သေးတယ်.. ဟင့်.. တီတီဇင် လိုက်ပို့ပေးနော်... :)

အာဝါးးးးးးးးးးးးးးးးးးးးးးးးး တီတီဇင်

တီတီဆီကို မက်မက်လာလည်ပါတယ်.. စီဘောက်မရှိတော့ နှုတ်ဆက် လို့မရလို့.. အမြဲ တမ်း စိတ်ထဲမှာ တီတီဇင် ရှိပါတယ်...း)

ဖိုးစိန် said...

အလည်တစ်ခေါက်ထပ်ရောက်..
စာတွေဖတ်..
ဓာတ်ပုံတွေကိုကြည့်..
လွမ်းမောစွာနဲ့ ဗဟုသုတ လဲ
တိုးသွားပါတယ်..
စကားမစပ်..
ကျနော်တို့ ဆီမှာ မြန်မာတွေ့ ဆုံပွဲအတွက်
မြန်မာမလေးတွေ
တိုင်းရင်းသားဝတ်စုံဝတ်ကမယ်လုပ်တော့
ကျနော်မသက်ဇင်ရဲ့ မြန်မာလူမျိုးစုများ
ဓာတ်ပုံလေးတွေကိုပြပြီး (ရှမ်းပြည်အရှေ့ပိုင်း)ရှမ်းမလေးတွေပုံကိုပြပြီး ဒါမှ ရိုးရာဝတ်စုံအစစ်..ဒါမျိုးချုပ်ဝတ်ကပါလားပြောတာ
ဝိုင်းသမလို့ ထွက်ပြေးရသေးတယ်ဗျ..
ဘယ်မှမရောက်ဖူးတဲ့ကျနော်အဖို့ 
ဗဟုသုတတိုးပါတယ်အမရယ်
ကျေးဇူးလဲတင်ပါတယ်..
ခင်တဲ့
ဖိုးစိန်

အိန္ဒြာ said...

မြန်မာစာပေလောကအတွက် မရှိမဖြစ်
အဖိုးတန်ကလောင်ရှင်တစ်ဦးပါ အစ်မရယ်..
လေးလေးစားစားမှတ်မှတ်သားသား..
ဖတ် မှတ် လေ့ လာ သွားပါတယ်..။

megumi said...

မမဆီရောက်တိုင်း ပုဂံကို အရမ်းသတိရတယ်သိလား။

စကားမစပ်၊ Cboxမတွေ့လို့ ဒီမှာပဲနှုတ်ဆက်သွားပါတယ်။ လည်လည်လာပါတယ်။နေမကောင်းလို့ ဘယ်မှရောက်ဖြစ်ဘူး။ စိတ်မကောင်းမဖြစ်နဲ့နော်။

မိုးသောက် said...

အစ်မ
သုတတွေရော ရသတွေရော အစုံပဲနော်
အစ်မကတော့ ပါရမီရှင်ပါပဲ
ရေးလည်း ရေးတတ်ပါတယ်

ရှေးမြန်မာ said...

ပုဂံအကြောင်း လိုက်ရှာရင် ရောက်ခဲ့တာပါ။ ဖတ်သွားပါတယ်။

Republic said...

ပို့စ် နဲ့ ကော်မန့်တွေပါ တစ်ဝကြီးဖတ်ပြီး ဘာရေးပေးရမှန်းတောင်မသိတော့ဘူး ၊၊ အတော်ပြည့်စုံနေပီ လေ ၊၊ ဗဟုသုတရဖွယ် တွေ အမြဲပေးလို့ ကျေးဇူးတင်ပါတယ် မသက်ဇင် ၊၊

mgngal said...

ကျနော့် အတွက်ရောပါဗျာ ။ ပုဂံကိုတော့ လွမ်းမိတယ် ။
ညောင်ဦးကိုရောပေါ့ ။ :D

ATH said...

အမသက်ဇင်ရေစာတွေဖတ်သွားပါတယ်

မိုးခါး said...

လွမ်းနေတယ်လား အမရေး)

မိုးခါး said...

အမြဲလာလည်ပါတယ် .. စီပုံးမရှိလို့ ဒီမှာပဲ နှုတ်ဆက်လိုက်ပါတယ်နော်း)

ဖိုးစိန် said...

အမရေ...အလည်ရောက်ပါတယ်..
နေကောင်းတယ်ဟုတ်..
ပျော်ရွင်ပါစေဗျာ

Yellow said...

မသက်ဇင်

ပုဂံနှင့်ပတ်သတ်ပြီး တင်ပြထားတာလေးကို အထူးပင်လေးစားမိပါသည်။ ကိုအလှတရား၏ စာမျက်နှာမှ ဆောင်းပါးတစ်ပုဒ်နှင့် မသက်ဇင်၏ စာမျက်နှာမှ ဆောင်းပါးတို့ကို ဖတ်ပြီးသောအခါ မြန်မာတို့၏ ယဉ်ကျေးမှုဂီတ သရုပ်ကို ဖော်ကျူးထားတာကို တွေ့ရတော့ ကြည်နူးဖွယ်ခံစားမိပါသည်။

မသက်ဇင် စာများကို ဆက်လက်ရေးသားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

testing said...

ကောင်းလိုက်တာ ဗဟုသုတပြည့်စုံသူနဲ့ နေရတာ :P
ပုဂံအကြောင်း အမြဲတမ်းစိတ်ဝင်စားတယ် ပျော်ရွှင်ပါစေမမရေ

Pinkgold said...

ပုဂံကို နောက်တစ်ခေါက်လောက် ပြန်သွားချင်စိတ် ပေါက်လာပြီ

မြတ်သွယ် said...

အစ်မသက်ဇင် ...
ပုဂံလွမ်းမောဖွယ်ရာလေး ဖတ်သွားပါတယ်
ဦးဦးလှလှ လက်ဆောင်ထားခဲ့တယ် ကဗျာလေးကို ဖတ်သွားပါတယ်
း)

ဒူကဘာ said...

အမရေ...နေကောင်းပီလား...လာဖတ်သွားတယ် ...အသစ်တွေလုပ် ပါဦး။

GreenGirl said...

ဖိုရမ်မှာလည်း ဖတ်ပြီးပြီ။ ဒီမှာလည်း ထပ်ဖတ်သွားတယ်အစ်မ။ အသစ်လည်း ရှိပါပြီ :)

Andy said...

လာဖတ်သွားပါတယ် အစ်မရေ။ အချိန်မရတော့ ကူးသွားလိုက်တယ်

အန်တီချမ်း said...

လာလည် ပုဂံလွမ်း ကျေးဇူးတင်
နောက်မှထပ်လာ
ကြိုက်

saiburma said...

Hello Ma Thet Zin,

I love this STORY and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

ဖိုးစိန် said...

အမရေ...အလည်ရောက်ပါတယ်နော်..
အမနေကောင်းတယ်နော်
ပျော်ရွှင်ပါစေ
ဆုတောင်းပေးနေပါတယ်
လေးစားခင်မင်စွာဖြင့်
ဖိုးစိန်

Than Kyaw Htay said...

အစ်မရေ စာလာဖတ်သွားပါတယ်! အင်မတန်ဖတ်ရှု့ မှတ်သားထားဖို့ကောင်းပါတယ်!

နေဒေးသစ် said...

ဒီအပိုင်း ( ၆ ) လည်း ဖတ်ပြီး သွားပြီ

may16 said...

အမရေ စာစုလေးတွေလာဖတ်သွားပါတယ် သမိုင်းနဲ့ပတ်သက်ပြီးရေးထားတာတွေ ပြည့်၂စုံ၂ဖတ်ရပါတယ်ရှင်.. အမြဲလာဖတ်ပါမယ် ရောက်ဖူးပေမယ့် ခုမှပဲရေးဖြစ်ပါတယ်ရှင်..