ကျမ ဘလောဂ့် ရေးခဲ့သည်မှာ တစ်နှစ် ပြည့်ပြီ ဖြစ်သည်။ ဘလောဂ့် ရေးခြင်းသည် အနှောင်အဖွဲ့ မရှိပါ။ သို့ သော် မိမိ ကိုယ် မိမိ သတ်မှတ် ထားသည့် တန်ဖိုး တစ်ခုတော့ ရှိပါလိမ့်မည်။ မိမိ၏ ဒိုင်ယာရီ မှတ်တမ်း တစ်ခု လည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ သမိုင်းနှင့် နိုင်ငံ အတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသား လူမျိုးစု များအား ကျမ အလွန် စိတ်ဝင်စားပြီး လေ့လာခြင်း။ မှတ်တမ်း တင်ခြင်း များ ပြုလုပ် ခဲ့ပါသည်။ ဘလောဂ့် တနှစ်ပြည့် တွင် ဒိုင်ယာရီ အနေ ဖြင့် ကျမ သွား ရောက် လေ့လာ ခဲ့သည့် ကေအင်ယူ တပ်မဟာ (၇) ဌာနချုပ် မှ ကရင် နှစ်သစ်ကူး ပွဲတော် သွား အမှတ်တရ ဓါတ်ပုံများ ဖေါ်ပြ လိုက်ပါသည်။ကရင် အမျိုးသား ခေါင်းဆောင်ကြီး ဝတ်လုံတော်ရ စော ဘ ဦးကြီး သည် ကရင် တကျပ်သား ဗမာ တကျပ် သား ဟူ၍ ကြွေးကြော် ခဲ့သည်။ ကရင် လူထု ကလည်း ဥက္ကဌ စောဘဦးကြီး ၏ မူ ကို ထောက်ခံ လျက် အမျိုးသားရေး စိတ်ဓါတ်ဖြင့် တဆင့်ပြီး တဆင့် တိုးတက် တောင်းဆို ခဲ့ကြ သည်။ ဝန်ကြီးချုပ် ဦးနု ဦး ဆောင်သည့် ဖဆပလ အစိုးရ ထံမှ ကျေနပ်ဖွယ်ရာ တုန့်ပြန် မှုများ မရ ရှိခြင်း ကြောင့် လက်နက် ကိုင် လမ်းစဉ်ကို လိုက်ခဲ့ကြသည်။ ကရင် လက်နက်ကိုင် တပ်သား များသည် ရရာ လက် နက် များဖြင့် နေရပ် ဒေသ သို့ ပြန်ကာ မိမိတို့ ဘဝ လုံခြုံရေး အတွက် ကာကွယ်ရေး အဖွဲ့ အစည်းများ ဖွဲ့စည်းရာမှ ကေ အင် ဒီ အို ခေါ် ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ ကို ဖွဲ့စည်း သည်။ ကေ အင် ယူ သည် ကရင် အမျိုးသား နိုင်ငံရေးကို ဦးဆောင် ၍ ကေ အင် ဒီ အို သည် ကရင် အမျိုးသား တို့၏ ဘဝ လှုံခြုံရေး ကို ကာကွယ် စောင့်ရှောက်သည်။
ကရင် အမျိုးသား များသည် ရိုးသား ဖြောင့်မတ် ကြပြီး တာဝန် ကျေပြွန်ခြင်း အနစ်နာ ခံတတ်ခြင်း မိတ်ဆွေများ အား ချစ်ခင် ဖော်ရွေ တတ်ကြသူ များ ဖြစ်ကြသည်။

( အလံတော် စောင့် တာဝန်ကျ ကေ အင် ယူ ရဲဘော် နှစ်ဦး နှင့် လေ့လာရေး သွားရောက် သည့် စာရေး သူတို့ အမှတ်တရ)
( အလံတော် စောင့် တာဝန်ကျ ကေ အင် ယူ ရဲဘော် နှစ်ဦး နှင့် လေ့လာရေး သွားရောက် သည့် စာရေး သူတို့ အမှတ်တရ)
(ဘလောဂ့် တနှစ်ပြည့်တွင် စာတမ်း ငယ်လေး တစောင်အ မှတ်တရ ဖေါ်ပြ လိုက်ပါသည်။)
လူတို့ သည် ဒေသ တခု အတွင်း အတည် တကျ စုဝေး နေထိုင်လျက် ရှိကြသော လူ့အဖွဲ့ အစည်း တရပ် ပေါ်တွင် အခြေခံ ၍ ထိုလူ့အဖွဲ့အစည်း ဘဝ များ ဖြစ်ပေါ် တိုးတက်မှု နှင့် ပြောင်းလဲခြင်း များသည် နိုင်ငံ တနိုင်ငံ၏ သမိုင်းပင်ဖြစ်သည်။
လူတို့ သည် စားဝတ် နေရေး အတွက် ပင်ပန်းစွာ ရှာဖွေ ကြရသည်။ သဘာဝ ပတ်ဝန်းကျင် ကြောင့် အခြား အရပ်တပါး သို့ ပြောင်း ရွေ့ကြ ရ သည် လည်း ရှိသည်။ ထို့ကြောင့် သဘာဝဓမ္မ ပညာရှင်ကြီး တဦးဖြစ်သူ ချာလ်စ်ဒါဝင် က စွမ်းပကား ထုတ်နိုင်သူသာ တည်တံ့ လိမ့်မည် ဟုဆိုခဲ့ သည်။ယင်း တိဗက်ဗမာ အနွယ်ဦးများ နှင့် မရှေး မနှောင်း ဝင်လာသည့် ကရင် လူမျိုးများသည် သဘာဝ ပတ်ဝန်းကျင် အား ရာစု နှစ်ပေါင်း များစွာ ခုခံ တိုက်ခိုက် လာကြပြီး လူမျိုးစုကြီး တရပ် အနေဖြင့် ကြံ့ခိုင် တည်တံ့လျက် ရှိပြီဖြစ် သည်။
မြန်မာ နိုင်ငံတော် အတွင်းရှိ လူမျိုးစု အသီးသီး၌ မိမိတို့ လူမျိုး စုများ ၏ အမြင် နှင့်ရှုထောင့် အမျိုးမျိုး မှ မှတ်တမ်းတင် ရေးသား ထားခဲ့ကြ သည့် ရာဇ၀င် အစောင် စောင်များ ရှိပေ သည်။ အချို့ သော လူမျိုးစုများသည် တိမ်ကော ပျောက်ကွယ် သွားကြပြီး ဖြစ်သည့် တိုင် ၄င်းတို့ ၏ ရာဇဝင်နှင့် မှတ်တမ်း များ ကား ကြွင်းကျန်လျက် ရှိ သေး သည်။ (ဥပမာ ပျူ ၊ ကမ်း ယံ ၊ သက် လူမျိုးများဖြစ်သည်။)
နိုင်ငံ တနိုင်ငံ အတွင်းသို့ လူမျိုးစု တစု မက အခြေ ချနေ ထိုင်ရန် ကြိုးပမ်း အားထုတ်ခြင်း ပြုကြ သည့်အခါ များ တွင် ထို လူ မျိုး စု အသီးသီး ၏ နိုင်ငံရေး စီးပွားရေး ယဉ် ကျေးမှု တိုးတက် ဖြစ်ပေါ်မှု သည် မညီ မမျှ ရှိ ခြင်း ကြောင့် ထို မညီမျှ မှု ပေါ်တွင် အခြေခံ ၍ ပဋိပက္ခ တရား သည် မလွဲ မရှောင်သာ ပေါ် ပေါက် လာကြ ရ သည်။ နိုင်ငံ တနိုင်ငံ အတွင်း လူမျိုးစု အ ချင်း ချင်း တန်းတူ ညီမျှ သည့် ဆက်ဆံရေး ကို မတည် ဆောက်နိုင် သေးသ ၍ လူမျိုးစုတိုင်း ၏ မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့် ကို လက်ခံကျင့် သုံးခြင်း မပြုနိုင်သေးသ ၍ ထို ပဋိပက္ခ တရား သည် ထို နိုင်ငံ ၏ ကံကြမ္မာကို ဖန်တီးမြဲ ဖန်တီး နေလိမ့်မည် သာဖြစ်လေသည်။