Saturday, June 28, 2008

အနာဂါတ်မြန်မာနိုင်ငံတော်အတွက်အရေးကြီးသည့်သမိုင်း

မြန်မာ နိုင်ငံတော် အတွင်း ရှိ လူမျိုးစု အသီးသီး၌ မိမိတို့ လူမျိုး စုများ ၏ အမြင် နှင့်ရှု ထောင့် အမျိုးမျိုး မှ မှတ် တမ်း တင် ရေးသား ထားခဲ့ဋ္ဌက သည့် ရာဇ၀င် အစောင် စောင်များ ရှိပေ သည်။ မြန်မာတို့ ၌ မြန်မာ ရာဇ၀င် တော်ကြီး မှ အစ ပြု လျက် ရာဇ၀င် လတ်။ ရာဇ၀င်ချုပ်။ မှန်နန်း ရာဇ၀င် တော်ကြီးနှင့် ကုန်းဘောင် ဆက် ရာဇ၀င် တော် အထိ အစောင် စောင် အများ အပြားရှိလေ သည်။

မြန်မာ များ နည်း တူ မြန်မာ နိုင်ငံ သမိုင်းဖြစ်ပေါ် တိုးတက်မှု တွင်ကြီး မား သည့် အခန်းမှနေ ၍ ပါဝင်ခဲ့ကြသော မွန်။ ရှမ်း။ ရခိုင်စ သည့် လူမျိုး များ၌ လည်း ငှင်းတို့ ၏ လူမျိုးနှင့် ရှုထောင့် အသီးသီး မှ နေ၍ မှတ်တမ်း တင်ခဲ့ကြ သည့် ရာဇ၀င် အ စောင်စောင်များရှိပေ သည်။

ကရင်။ ပအို့ ။ ကချင်။ ကယား။ ချင်း တို့ သည် လည်း မျိုးစဉ် မျိုး ဆက် မှတ်တမ်း ရာဇ၀င် များရှိကြ သည်။ ထို့ အ ပြင်လူ မျိုး စု တ စု က အခြား လူမျိုး စု များ ဒေသ များ အား တိုက် ခိုက် အောင်မြင် ခဲ့ သည့် တိုက်ပွဲအောင် ပွဲ များ အားဖွဲ့ နွဲ့ ရေး သား ထား သည့်မော်ကွန်း အရေး တော် ပုံများ လည်း ရှိကြသည်။

နိုင် ငံ တခု အတွင်း သို့ လူမျိုး များ စတင် အခြေ ချ နေထိုင် ခြင်း။ တိုးတက် ချဲ့ထွင်ခြင်း။ ပေါင်းရုံး စည်း လုံးခြင်း။ စ သည့် အ ထက် ပါ မှတ် တမ်း ရာဇ၀င် များ အရေး တော်ပုံ စသည့် သမိုင်း ၀င်စာပေ များ သည် မိမိ တို့  လူ မျိုး စုအသီး သီး ၏ အကြောင်း အရာ တွင် အဓိက ထား ရှိ ၍ ဦးစား ပေး ကာ ကွယ် ၍ ၎င်း ဖွဲ့ နွဲ့  ဂုဏ် တင်ရေး သားခြင်း ပြုကြ လျက် အခြား လူမျိုးစုများ အား တဘက်သတ် အဆိုးချ၍ ၎င်းပြစ် တင်၍ ၎င်း ရေးသားခြင်း ပြုကြ သည် ကို ယေဘူယျ တွေ့ ရသည်။

နိုင်ငံ တနိုင်ငံအတွင်းသို့ လူမျိုးစု တစုမက အခြေ ချနေ ထိုင်ရန်ကြိုးပမ်း အားထုတ်ခြင်းပြုကြ သည့်အခါ များ တွင် ထို လူမျိုး စု အသီးသီး ၏ နိုင်ငံရေး။ စီးပွားရေး။ ယဉ် ကျေးမှုတိုးတက်ဖြစ်ပေါ်မှု သည် မညီ မမျှ ရှိ ခြင်းကြောင့် ထို မညီမျှမှု ပေါ်တွင် အခြေခံ ၍ ပဋိပက္ခ တရား သည် မလွဲ မရှောင်သာ ပေါ်ပေါက် လာကြ ရသည်။

နိုင်ငံ တနိုင်ငံ အတွင်း လူမျိုးစု အချင်းချင်း တန်းတူ ညီမျှ သည့် ဆက်ဆံရေး ကို မတည် ဆောက်နိုင် သေးသ ၍ လူမျိုးစုတိုင်း ၏ မိမိကံကြမ္မာ မိမိဖန် တီးပိုင် ခွင့် ကို လက်ခံ ကျင့် သုံးခြင်း မပြုနိုင်သေးသ ၍ ထို ပဋိပက္ခ တရားသည် ထို နိုင်ငံ ၏ ကံကြမ္မာ အား ဖန်တီးမြဲ ဖန်တီး နေလိမ့် မည် သာဖြစ် လေသည်။

မြန်မာ နိုင်ငံ သမိုင်း တလျှောက်တွင် လူမျိုးစုများ အတွင်း မလွဲ သာ မရှောင်သာ ပေါ်ပေါက်ဖြစ်ပွား ခဲ့သည့် ပဋိ ပက္ခ များ အား လူမျိုးစု တစုက အခြား လူမျိုးစု တစု အား တဘက်သတ် အပြစ် ဖို့ ၍ မိမိ လူမျိုးစု ကို သာ ကာ ကွယ် မှတ်တမ်း တင်ခဲ့ကြသည့် ရာဇ၀င် သမိုင်းအစောင်စောင်တို့  သည် သူ့ခေတ်နှင့် သူ့ အခါ ပေါ် ပေါက်ခဲ့ ခြင်းဖြစ်သည်။

အနာဂါတ်မြန်မာ နိုင်ငံတော် တွင်ပြည်ထောင်စု သား အချင်းချင်း အ ထင် လွဲမှား စိတ်နာ ကျည်းစေ မည့် သ မိုင်းဝင် စာပေ များအား သုတေသီ တို့ အတွက် အမျိုးသား ယဉ်ကျေးမှုပြတိုက်တွင်သာ သိမ်း ဆည်းထား သင့်ပေသည် မျိုး ဆက် လူငယ် များနှင့် လူထု သည် ပိဋိကတ် အိုးကွဲများ မဟုတ်ကြသေး ဆိုသည့် အချက် သည် အနာ ဂါတ်မြန်မာ နိုင်ငံတော် အတွက် အလွန် အရေးကြီး သော ကြောင့် ဖြစ် ပေသည်။

2 comments:

အလှတရား said...

လွတ်လပ်ခွင့်နဲ့တန်းတူညီမျှခွင့်ဟာ
ဖြောင့်ဖြောင့်ဆန့်ကျင်နေတယ် မသက်ဇင်
သူတို့နှစ်ခုထိပ်တိုက်ရင်ဆိုင်ရရင်
ဘာကိုရွေးချယ်ကြမလဲ
..................။

နန်း said...

အနာဂါတ်မြန်မာ နိုင်ငံတော် တွင်ပြည်ထောင်စု သား အချင်းချင်း အ ထင် လွဲမှား စိတ်နာ ကျည်းစေ မည့် သ မိုင်းဝင် စာပေ များအား သုတေသီ တို့ အတွက် အမျိုးသား ယဉ်ကျေးမှုပြတိုက်တွင်သာ သိမ်း ဆည်းထား သင့်ပေသည် မျိုး ဆက် လူငယ် များနှင့် လူထု သည် ပိဋိကတ် အိုးကွဲများ မဟုတ်ကြသေး ဆိုသည့် အချက် သည် အနာ ဂါတ်မြန်မာ နိုင်ငံတော် အတွက် အလွန် အရေးကြီး သော ကြောင့် ဖြစ် ပေသည်။

မှန်ပါတယ်ရှင်