Tuesday, February 17, 2009

ပုဂံ ခရီးသွားဆောင်းပါး စုစည်းမှု ပထမပိုင်း

အဖွား ပြောသော သမိုင်းပုံပြင် နှင့် ကျမ မသက်ဇင် လို ပိုစ့် တွေ ရေးပါ အုံး ဟု တောင်း ဆို လာ သူ များ အ တွက် ပုဂံခေတ် ပျက်သုဉ်း သွား ပြီး တဲ့ အကြောင်းရေး ပြီး နောက် ပိုင်း တင်ပါ့ မယ် ဟု ကတိ ပေး ခဲ့ သည့်အတိုင်း ကျမ ဒီ ပိုစ့် ကို တင် လိုက်ပါ သည်။ အားလုံး ကို ဂါရ၀ ပြု လေး စား လျက်။
မသက်ဇင်



ဒီဇင်ဘာလ ရောက် တိုင်း မန်းတလေးသား အဖိုးနှင့် ရေ စက် ဆုံ ခဲ့သည့် အဖွား မန်းတလေးက အဖိုး ဆွေ မျိုးတွေ ဆီ အ လည် သွား နေကြပါ အဖွား နှင့် အတူ ကျမ လည်း လိုက်ပါ မြဲ ပေါ့ မန်းတလေး ရောက်တိုင်း မဟာမြတ်မုနိ ဘုရားကြီး လိပ်ကန် ဘေးနား က မန်းတလေး မုန့် တီ တကူး တက သွားစား တယ်။ မြူရွက်သုတ် ညောင်ချဉ်သုတ် ခို တောင် မုန့် တီ လို ခေါင်းရွက် ဈေး သယ်တွေ လာတိုင်း လှမ်းခေါ် စားရတဲ့ အရသာ က လည်း ကမ္ဘာ အရပ် ရပ် က နာမည်ကြီး ဟိုတယ် တွေက အစားအစာတွေနဲ့ မလဲနိုင်ပါဘူး။ မန်းတလေး ရောက်တိုင်း သွားလည်တာ ကတော့ ပုဂံပါ။ ပထမဆုံး ပုဂံကို ရောက်စဉ်က အဖိုးဘက် က ဆွေ မျိုးတွေ လိုက်ပေမယ့် နောက်ပိုင်း မှာ တော့ အဖွားနှင့် မသက်ဇင် နှစ်ယောက် သာ သွားလည် ပါတော့ သည်။ ဘယ် နှစ်ကြိမ် ရောက် ရောက် ပုဂံ ဟာ မ သက် ဇင် အတွက် ရိုး မသွား ဘူးလေ။ မန်းတလေး က အမျိုး တွေ က တော့ ပုဂံသွားရတာ များလွန်း တော့ ငြီး ငွေ့ လာပုံ ရသည်။ မသက်ဇင်တို့ မြေးအဘွား သာ သွားကြ သည်။ ပုဂံရောက် တော့ အဖွား ကို ငဲ့ ပြီး သီရိ ပစ္စယာ ဟိုတယ် မှာ တည်းသည်။ ပုဂံရောက် သည့် ည ဘယ်မှ မလည်ဖြစ်ပါဘူး။

( ဓါတ်ပုံ-ညီလင်းဆက် )

ပထမမြောက်နေ့နံနက်
ပုဂံရောက်ပြီး နောက်တနေ့ နံနက်စောစော
အိပ်ရာ က စောနှိုးနေပြီး အဖွား ဘုရားရှိခိုး အပြီး ကို စောင့် ရင်း ပြူတင်း တံခါး ကို ဖွင့်လိုက် တော့ လေ အေးက စိမ့် ၀င် လာသည်။ သိပ်တော့ မအေးလှ ပါ။ သာယာသည့် ပတ်ဝန်းကျင်နှင့် အတူ နံနက်စောစော စီးစီး ချိုး ကူ သံ ကြား ရသည်။ ထနောင်း ပင်ပျို ထက် က ကူချွဲနေ သည့် ချိုးကူ သံဖြစ်သည်။ အဖွားနှင့် အတူလမ်း လျှောက် ထွက် လာတော့ နံနက် ၆ နာရီတိတိ ထိုး နေပြီ။ သီရိပစ္စယာ လမ်းမကြီး အတိုင်း လျှောက်လာ ကြ ရင်း ထ နောင်း ပင် ထက် က ကူချွဲ နေသည့် ချိုးကူသံ နှင့် ခါ တွန်သံ ကိုပါ ကြည်နူးဖွယ်ရာ ကြားနေရသည်။

အဖွား က သဗ္ဗညု စေတီ ဘက် လျှောက်ရအောင် ဟု ဆိုသည် နှင့် လမ်းမပေါ်မှ သဗ္ဗညုစေတီ ဘက် ချိုး ကွေ့ ဝင် လိုက် သည်။ သီရိပစ္စယာ လမ်းကြီးသည် အရှေ့ မြောက် ဆီ သို့ ဦးတည် နေ သည်။ ဆက်လျှောက် လိုက်လျှင် လောကထိပ်ပန်း နားက ရွေဆံတော် ကို လှမ်းမြင် နေရသည် လက်ဝဲဘက် တွင်မြင်းပြဂူ ကို တွေ့ ရသည်။ ဒီဇင် ဘာလ နံနက်စော စောဖြစ်သဖြင့် မြူ အနည်း ငယ် ဆိုင်းနေသည်။

( ဓါတ်ပုံ-ညီလင်းဆက် )

ဒီ နေရာ က ရှေးတုံး က ကျုံးကြီး လို့ အဖွား တို့ ကို လူကြီး တွေက ပြောဘူး တယ် ရန်သူ က ကျုံး အ ပြင်ဘက်က နေ ပုဂံမြို့ ရိုးထဲ ကို လောက်လွဲ တွေ ၊ မီးကျည် တွေ နဲ့ ပစ် တယ် ပုဂံ ခေတ်က ဓါး လှံ လေး ၊မြှားတွေနဲ့ စစ်တိုက်ကြ တာ ဘာရယ်လို့ မသိ ပုဂံ ပတ်ဝန်းကျင်ကို ငေးမောရင်း ကျမ ရင်ထဲဝယ် တလှိုက် လှိုက် ဖြစ်ပေါ်လာသည် လွမ်း လွမ်း ဆွေးဆွေး ခံစားနေမိသည်။ အဖွား က တော့ လမ်းလျှောက်ရင်း ပုဂံခေတ် သမိုင်းကို ဟို တစ သည် တစ ပြောနေသည်။ ကျမ တို့ မြေးအဖွား သဗ္ဗညု ဘုရား ပရ၀ုဏ်မှ ဖြတ်ကာ အနန္ဒာ ဆီ် လျှောက်သည်။ နံနက် စော စော ဖြစ်နေ ၍ လူသူ မရှိသလောက်ဖြစ် သည်။ ထို စဉ် မြင်းလှည်းလေး တစီး မောင်း လာ သည် ကို တွေ့ ရ ပြီး ဘယ် ဘက် လမ်းချိုး ချုံများ အကြား ပျောက် ကွယ်သွားသည်။ တိတ်ဆိတ် ငြိမ်သက် သည့် နံနက်ခင်း လေးတခု ပါပဲ။

ထီးလှိုင်ရှင် ၏ အရိမဒ္ဒနာပူရ သို့ ကျမတို့ မြေးအဖွား ရောက်နေ လေ သ လား။ နံနက်ခင်း လေ က အေးမြ လန်းဆန်း သည်။ အဖွားနှင့် ကျမ ပိုပြီး လမ်းလျှောက် သွက်လာကြသည်။ သရပါ တံခါးမှ ပုဂံမြို့ တွင်း သို့ ဝင်လာ ခဲ့ကြ သည်။ သည်မြို့ ရိုးနှင့် သည်တံခါးသည် ပျဉ်ပြားမင်း တည်ခဲ့ သည့် မြို့ ရိုးဟောင်းနှင့် တံခါး ဟောင်းဖြစ် သည်ဟု အဖွားက ရှင်းပြသည်။ တည်းခိုရာ နေရာသို့ ပြန်ရောက် သည်နှင့် ဒီ ည အဖွား ကို မေးရန် မေးခွန်းများ ပါလာ သည်။ နေ့ လည်စာ စားပြီးလျှင် တရေးတမော အိပ်တတ်သည့် အဖွားအား အနှောက် အယှက် မပေးလို၍ စာ အုပ် တ အုပ် အား လက်မှ ကိုင်ပြီး စာအုပ်ထဲ စိတ်ကို နှစ်မြုပ်ထား လိုက်သည်။


(ဓါတ်ပုံ-ညီလင်းဆက် )

ပုဂံ ရောက်ပြီး နောက် တနေ့ ညနေ
နံနက်ပိုင်း လမ်း လျှောက်တာ များသွား ၍ လား မသိပါ ကျမ စာဖတ် ရင်း အိပ်ပျော်သွား ပါသည်။ ဒီနေ့ တော့ မြေး အဖွား နှစ် ယောက် ဘယ်မှ မလည်ဖြစ်တော့ပါ။ ညနေ စာ စားပြီး အညောင်း အညာ ပြေ ဟိုတယ် ပန်းခြံ တွင်း သာ လမ်း လျှောက်ဖြစ်သည်။ နေ့ ခင်းက ကျမဖတ် ဖြစ်သော စာအုပ်ထဲ မှ အကြောင်းအရာများ ကို စကား စ မိသည်။ ဗုဒ္ဓသာသနာ ကျယ်ပြန့် စွာ ထွန်းကား လျက်နဲ့ ဗုဒ္ဓ စတင် ပေါက် ဖွားရာ အိန္ဒိယ နိုင်ငံကြီး မှာ ဗုဒ္ဓ သာ သနာ ဘာဖြစ် လို့ ပျောက် ကွယ်သွားရ တာလဲ ဖွားဖွား။ ကျမ၏ အမေးကို အင်မတန် ထက်မျက်ပြီး ဗဟုသု တ ကြွယ်ဝ သည့် ဖွားဖွား က ချက် ခြင်းရှင်းပြနိုင်ခဲ့သည်။ အိန္ဒိယပြည် က နေ ဗုဒ္ဓသာသနာ ဘာ ကြောင့် ကွယ် ပျောက် သွားရတယ် ဆိုတာ သမိုင်းပညာရှင် တွေ က အဖြေရှာ ခဲ့ကြတယ်။ ဗုဒ္ဓ ကိုယ်တော်မြတ်ကြီး ပရိ နိဗ္ဗာန်ပြုပြီး နှစ်ပေါင်း၁၁၀ လောက် အကြာ ဝေသာလီပြည်မှာ ဒုတိယ သံဂါယနာ တင်တယ် အချို့ သံဃာများက ဝိနည်း တော် များထဲက နေ အချက် ၁၀ချက် ကို တင်ပြကြတယ်လို့  ဆိုတယ်။ အဲဒီမှာပဲ ၀ိနည်းကို အပြောင်းအ လဲ လုံးဝ မလုပ်လိုတဲ့ သံဃာတော်ကြီးများက ခွင့်မပြုခဲ့ဘူး။ အဲဒီ အခါ ၀ိနည်းတော်ပြင်ဆင်လိုတဲ့ သံဃာ တော် များက ၊ မဟာသံဃိ က ဂိုဏ်းဆိုတာ တည်ထောင်ဖွဲ့ စည်းလိုက်ပြီး သံဃာတော်များ အတွင်း ပထမဆုံး အကြိမ် ဂိုဏ်းကွဲတယ် လို့ ဆိုတယ်။

ဒုတိယ သံဂါယနာ တင်ပွဲနဲ့  တတိယ သံဂါယနာတင် ပွဲကြား ဗုဒ္ဓရှင်တော် ဘုရားမရှိတော့တဲ့ နောက် နှစ်ပေါင်း ၂၃၆ နှစ် အကြာ ၀ိ နည်းမပြင် လိုတဲ့ ထေရ်ကြီးများကြား နှစ်ဂိုဏ်းထပ် ကွဲ ပြီး မဟာသံဃိက ဂိုဏ်းကလည်း နှစ် ဂိုဏ်းထပ် ကွဲပြန်တယ်။ ၀ိ နည်းမပြင် လိုတဲ့ ၂ဂိုဏ်း ကွဲ သွားတဲ့ ထေရ်ကြီးတွေ ကနေ နောက် ထပ် ဂိုဏ်းငယ် သုံး ဂိုဏ်းထပ်ကွဲပြီး အဲဒီထဲ က တဂိုဏ်း က ယခု သီရိလိင်္ကာလို့ ခေါ် တဲ့ သီဟိုရ်နိုင်ငံ မြန်မာနိုင်ငံ ထိုင်းနိုင်ငံ ကမ္ဘော ဒီးယား လော နိုင် ငံ တို့ ဆီ ရောက်ရှိလာတဲ့ ထေရ၀ါဒဂိုဏ်းဖြစ်တယ်။ ပြင်ပ ပယော ဂ တွေဝင် မလာ ခင် ကိုယ့် အချင်းချင်း သဘောထား ကွဲလွဲမှုတွေက နေ စတာ ပါပဲ။ အားနည်းချက်တွေ ပေါ်လာရင်ပဲ ဗုဒ္ဓ လက် ထက်က အ တော် ငုတ်လျှိုသွားတဲ့ ဗြာဟ္မဏ၀ါဒီများရဲ့ သပ်လျှိုမှုများ လာ တော့ အ သော က မင်းကြီးက တတိယ သံဂါ ယ နာ တင်ပြီး ပိဋိကတ် တော်များ ပြန်လည် ခိုင်မြဲ လာအောင်လုပ်ဖို့ ကြိုးစားခဲ့ရတာဖြစ် တယ်။ အသော ကမင်းကြီး နတ်ရွာစံပြီး သူ့ အင်ပါယာကြီး လည်းပြို ကွဲဖို့ ဖြစ်လာချိန်မှာ ဗြာဟ္မဏတွေဟာ သူတို့ အယူဝါဒ တွေ ကို ခြေ သွက်သွက်နဲ့ ဖြန့် ဖြူးကြတယ်။ ဗုဒ္ဓဘာသာ ဂိုဏ်းငယ် ကလေးတွေ မှာ ဗြာဟ္မဏ အယူဝါဒများ ပါဝင် လာကြပြီး အဲဒီ က မှ မဟာယာန ဂိုဏ်းတို့  လို မျိုးဖြစ်ဖို့  လမ်းခင်း ပေးလိုက်သလိုမျိုး ဖြစ်သွားတယ်။
ကျေးဇူးတင်လိုက်တာ ဖွား ဖွားရယ်။ ကျမ အလွန်သိချင်တဲ့ အချက်တွေ သိရလို့ ။



( ဓါတ်ပုံ-ညီလင်းဆက် )

ဒုတိယမြောက်နေ့နံနက်
နံနက် ငါးနာရီ လောက် တွင် အိပ်ရာက နိုးသည်။ ထုံး စံအတိုင်း ကျမ ပြတင်း ပေါက်ကို ဖွင့် လိုက်သည်။ ဆောင်း လေ အေး က ကျမ မျက်နှာ ကို နူးညံ့စွာ တိုးဝှေ့လာသည်။ ကျမ လန်း ဆန်း ကြည်နူး သွားမိ သည်။ ထ နောင်း ပင်ပျို ထက်က ကူချွဲ နေကြ ချိုးကူသံ လေး ကြား ရမည်လားဟု မျှော်လင့် ချက်ဖြင့် ကျမ ငေးမောကြည့် မိသည်။ ဒီနေ့ နံနက် စောလွန်းနေ၍ များလား မသိ ချိုးကူ ချသံလေး မကြားရသေးပါ။ နံနက်စောစော လမ်း လျောက်နေ ကြအတိုင်း မြေးအဘွားနှစ်ယောက် လမ်းလျောက်ကြသည်။ မြူဆိုင်းနေ သည့် ကြားမှ သွားနေကြ လမ်း အတိုင်း အဘွားနှင့် ဆက်လျောက်သည်။ ဘာမှ စား မလာ၍ ဝမ်းထဲက ဆာသလိုလို ရှိလာ သည်။ အာနန်ဒါ နှင့် မ လှမ်း မ ကမ်း ပုဂံမြို့ တံခါးဝ တွင် အကြော်ဖို တစ်ခု ကို လှမ်း မြင်ရသည်။


( ဓါတ်ပုံ-ညီလင်းဆက် )

ဗိုက်ဆာနေတာနဲ့ အတော်ပဲ ဘွားရေ အကြော်ဖိုသို့ ခပ်သုတ်သုတ် လျောက်လာခဲ့ကြသည်။ နံနက်ခင်းလေ က လန်းဆန်းသည်။ အေးမြသည်။ ကြည်နူးဖွယ်ရာ ပုဂံ နံနက်ခင်းလေး တစ်ခု ပါပဲ။ ဘွားဘွား နှင့် အတူ ဘယာကြော် ဝယ်စားကြသည်။ ပုဂံမြို့ကို စတုတ္ထ အကြိမ် တည်ခဲ့ စဉ်က ကျုံး၊ မြို့ရိုး အပြည့်အစုံနဲ့ပေါ့ မြေးရယ်၊ အခုတော့ ဧရာဝတီမြစ် ရေတိုက် စားမှုကြောင့် မြို့ ရိုးအပြည့်အစုံတော့ မရှိတော့ ဘူးပေါ့ ။ မူလ အစ က ပုဂံမြို့ ရိုးမှာ တံခါး ၁၂ ပေါက်၊ ရှိခဲ့တယ်လို့ ဆိုတယ်။ ခု ဘွားတို့ လမ်းလျောက်တိုင်း ဖြတ်ဝင်တဲ့သရပါ တံခါးပေါက်သာ ကျန်တော့တယ်။ သရပါ ဆိုတဲ့ အဓိပ္ပါယ်က မြား ကို ကာဆီး သော တံခါး လို့ ဆိုတယ်။


( ဓါတ်ပုံ-ညီလင်းဆက် )

ပျက်စီး နေသော တံခါး ကို ရှေးဟောင်း သုတေသန က အင်္ဂတေနဲ့ ဖာထေးပြီး နောက်ထပ် မပြိုပျက်အောင် မွမ်းမံ ထားသည်။ အပြင်နံရံ အထက်ပိုင်း တွင် ဘီလူး ပန်းဆွဲနှင့် ပုလဲကုံး ၊ အင်္ဂ တေ ၊ ပန်းလက်ယာတို့ ကို လှမ်း မြင်နေရသည်။ တံခါး တစ်ဖက် တစ်ချက် တွင် ပုပ္ပါး မယ်တော်၊ မဟာဂီရိ နတ်မောင်နှမ ၏ နတ်ကွန်း ကို တွေ့ ရသည် လက် ဝဲဘက် တွင် မောင်တော် နတ်ရုပ် နှင့် လက်ယာဘက်တွင် နှမတော် နတ်ရုပ် တို့ ရှိသည်။ နံရံထက် က ဘီလူးပန်းဆွဲနှင့် အင်္ဂ တေ ပန်းလက်ရာတို့ မှာ နဂါးရုံဘုရား တံတိုင်း လေးမျက်နှာရှိ မုခ်ဆောင် အင်္ဂတေ၊ ပန်း လက် ရာတို့ နှင့်တူသည်။ နဂါးရုံ ကို တည်သူမှာ ကျန်စစ်သား ဖြစ်သည်။ ငရမန် ၏ ရန်ကို နှိမ်နင်းပြီး ပုဂံနန်း ကို တက် သည်တွင် စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ ရသော မြို့ ရိုး တံ ခါးတို့ ကို ခိုင်ခံ့ အောင် ပြန်လည် ပြင်ဆင်သည်။


( ဓါတ်ပုံ-ညီလင်းဆက် )

ယခု တည်ရှိသော သရပါတံခါး ၏ အင်္ဂတေ ပန်းလက်ရာ နှင့် တံခါး တစ်ခုလုံး မှာ ကျန်စစ်သား ၏ လက်ရာဟု ယူ ဆ ရသည်။ ကျမတို့ မြေး အဘွား သရပါ တံခါးမှ ဝင်ကာ ဟို တယ်သို့ ပြန်လာခဲ့ ကြသည် နေ့ လည် ဘက် တွင် မ နေ့ က ဘွားဘွား ပြောပြ ခဲ့သည့် သံဃာ များ ဂိုဏ်းကွဲ သည့် အကြောင်းအရာ နှင့် ဆက်သွယ် ၍ မှတ်စုများ မှတ် နေ သည်။ ကျမ ဖတ်နေသော စာအုပ်များထဲ မှ မှတ်စု ထုတ် ကာ ရှေးတုံး က ဗုဒ္ဓဘာသာ ဆင့်ကဲပြန့် ပွား မှုတို့ ကို လေ့ လာကြည့်သည်။


( ဓါတ်ပုံ-ညီလင်းဆက် )

ခရစ်မပေါ်မှီ ဘီစီ ၂၇၀ခန့် တွင် အိန္ဒိယ သမိုင်းမှာ ဖေါ်ပြ ထား သော အသောက မောရိယ ဟု ခေါ် သည့် သီရိ ဓမ္မာ သော က မင်းကြီးသည် အိန္ဒိယပြည် အခြား နိုင်ငံရပ်ခြား အ နှံ့ အပြား ကိုး တိုင်းကိုး ဌာနသို့  သာသနာပြု မထေရ် များ ကို စေ လွတ် ၍ သာသနာပြု စေခဲ့သည်။ သာ သနာပြု သော ထို မ ထေရ် များ ထဲမှ မဇ္ဈ န္တိက မထေရ် သည် ယ ခု ခေတ် အာဖ ဂန် နစ္စတန် တ၀ိုက် သို့ ရောက်သွားသည်။ ယခု ရုရှား နှင့် အာဖဂန် နစ္စတန် နယ်စပ်၌ တာရာ တ ပေ့ အ မည်ရှိ မြို့ ဟောင်း နေရာ တနေရာရှိသည်။ တောင်ကုန်း မည်း ဟူ၍ အဓိပ္ပာယ် ရ သည်။





( ဓါတ်ပုံ-ညီလင်းဆက် )

တချိန်က ဗုဒ္ဓဘာသာ ထွန်းကားပြန့် ပွားခဲ့သည့် နေရာဖြစ် သည်။ ခရစ် ၂ ရာစုတွင် အာရှ အလယ်ပိုင်း နှင့် အိန္ဒိ ယမြောက်ပိုင်း နယ်မြေ များ ၌ ဗုဒ္ဓဘာသာဝင် ဘုရင် များကြီးစိုး ခဲ့သည် ဇာနိရှက ဘုရင် နှင့် ကနရှက ဘု ရင်တို့ သည် အသောက ဘုရင်ကဲ့သို့ ဗုဒ္ဓဘာသာ သမိုင်း ၌ ထင်ရှား ကျော်ဇောသည့် ဘုရင်များ ဖြစ်သည်။ ကနရှ က ဘုရင်သည် ထို နယ်မြေတွင် ကျောင်းကန် ဘုရား စေတီ ပုထိုးများ ကို အများ အပြား တည် ခဲ့သည်။ ကမ္ဘာ မှာ အကြီးဆုံးဖြစ် သည့်မတ် တပ်ရပ် ကိုယ်တော် ဗုဒ္ဓရုပ်ပွားတော် သည် အာဖဂန်နစ်စတန်တွင် တည်ရှိ ခဲ့သည်။

စကားချပ် (နောက်ပိုင်း တာလီဘန် အစိုးရလက်ထက် ဒိုင်းနမိုင်းနှင့် ဖေါက်ခွဲဖျက် ဆီး လိုက်သည်) သာသနာပြု မထေရ် များ သည်လည်း ဂရိနိုင်ငံ ဆီးရီး ယား အီဂျစ်သီဟိုရ် မြန်မာ တရုတ်ပြည် ဂျပန် အင် ဒို ချိုင်းနား မလေး ရှား ယိုး ဒယား စသည့် နေရာ အနှံ့ အပြားသို့ သာသနာ ပြုများ ရောက်လာ ခဲ့သည်။ ထို ခေတ် အခါ က ဗုဒ္ဓ ဘာ သာ သည်လည်း ကြီးကျယ် ထွန်းကားခဲ့ သည်။

တတိယမြောက်နေ့နံနက်
ပုဂံ ရောက်ပြီး တတိယ မြောက် နေ့ နံနက် တွင် ဟော်တယ် မှာ နံနက်စာ စားပြီး ဟော်တယ် က စီစဉ်ပေး သည့် ကြား နှင့် ရွေစည်းခုံ သို့ ထွက်လာခဲ့ ကြ သည်။ ကျန်စစ်သား ဝင်သည့် တောင် ဘက်မုခ် မှ ကျမတို့ မြေးအဘွား ဝင်ကြသည်။ ပုဂံမင်း များသည် ရွေစည်းခုံ ကို ဘုရားဖူး ရန် ထွက်လာ သည့် အခါ တောင်ဘက်မုခ် မှ ဝင် ကြ သည် ဟု ဆိုသည်။ ကျမ တို့ မြေးအဘွား လည်း ထို မုခ်ဘေး မှ ဖြတ်ကာ ဘုရား စောင်းတန်း အခြေ သို့ ရောက် လာခဲ့ ကြသည်။ မုခ်ဦး တွင် ထုံးရောင်ဖွေး နေ သည့် ခြင်္သေ့ကြီး နှစ်ကောင်သည် မားမားကြီး ရပ် နေ သည်။ ဒီ ခြင်္သေ့တွေ က ပုဂံခေတ်လက်ရာ တွေ မြေးရဲ့ အပိုင်းပိုင်းပြတ်နေတာ တွေ့ရလို့ ပြန်ဆက်ထား ရတာ အုတ်နဲ့ လုပ် ထား တဲ့ ခြင်္သေ့တွေ မဟုတ်ဘူး ကျောက်ခြင်္သေ့ သဲကျောက်ပေါ့ မြေးရယ်။ မုခ်ဝ အဝင် မှာ ကျောက် စာ တိုင် နှစ် တိုင် ကို တွေ့ရသည်။ ၄င်း ကျောက်တိုင်မှာ မွန်ဘာသာဖြင့် ရေးထိုးထား သော ကျန် စစ် သား၏ ကျောက်စာ များ ဖြစ် သည်။ အကြောင်းအရာ က တော့ မြတ်စွာဘုရား လက်ထက် ၌ ကျန်စစ်သားမင်း သည် ဗိသနိုးဖြစ်ခဲ့ ပြီး နောင်အခါ ထို သူမြတ်သည် အရိမဒ္ဒနပူရပြည်တွင် တရားစောင့်သောမင်း ဖြစ်လာမည်ဟု မြတ်စွာဘုရား၏ ဗျာဒိတ် စကားကို ရေးထားသည်ဟု ဆိုသည်။


( ဓါတ်ပုံ-ညီလင်းဆက် )

ဘွားဘွား က လက်အုပ်ချီ ရင်း ရွေစည်းခုံသမိုင်း ကို ဟို တစ်စ ဒီတစ်စ ပြောပြနေသည်။ အနော် ရထာမင်း သည် သရေခေတ္တရာ မှ နဖူးသင်းကျစ် ဓါတ်တော် ကို ပုဂံသို့ ပင့် ဆောင်ခဲ့ပြီးဆင်ဖြူ ၌ တင်ကာ ဓါတ်တော် မွေ တော်ကိန်း ဝပ် လိုသော အရပ်တွင် ဆင်ဖြူ ဝပ်စေ ဟု ဓိဌာန် ၍ လွတ် လိုက်သည်။ ဆင်ဖြူ ဝပ်ရာ သဲစည်းခုံ ၌ ရွေစည်း ခုံစေတီ ကို တည်သည်ဟု ဆိုကြတယ် မြေးရဲ့ အနော်ရ ထာမင်း လက် ထက် ၌ပစ္စယာ သုံး ဆင့် အထိသာ ပြီးစီး သည်ကို ကျန်စစ်သားက ဆက်၍ တည်ရ သည်။

ကျောက် အုတ် တို့ ကို ပုဂံ အ ရှေ့ ဘက် ခြောက်မိုင် အကွာ ရှိ တူရွင်း တောင်မှ စေတီ အရောက် ပုဂံပြည် သူ ပြည် သား များ စီတန်း ၍ လက် ဆင့် ကမ်းယူကြသည်ဟု ပုဂံ ရာဇဝင်များ က ဆိုသည်။ ရွှေစည်းခုံမှာ မြေ စိုက် စေ တီဖြစ်သည်။ ပစ္စယံသုံးဆင့် ရှိသည်။ ပစ္စယံ သုံးဆင့် စလုံး တွင် စဥ့်စိမ်းသုတ် ရုပ်ကြွ အုတ်ချပ်များဖြင့် ငါး ရာ့ ငါး ဆယ်ဇာတ်များ ကို သရုပ် ဖေါ် ထား သည်။ ပစ္စယံ သုံးဆင့်ပြီးလျင် ရှစ်ထောင့် ကြာပန်း၊ ကြည်းပန်း၊ ခေါင်း လောင်းပုံ၊ ရင်ဖွဲ့ ခါးပတ်၊ သပိတ်မှောက်၊ ဖေါင်းရစ်၊ ကြာမှောက်၊ ရွဲ၊ ကြာလန်၊ ထို့ နောက် ပဉ္စလောဟာ၊ ခြရား သီး၊ ထီးတော် စသည်ဖြင့် တန်ဆာဆင် ထားသည်။

လေးဘက်လေးတန် မျက်နှာတိုင်း ၌ အုတ်လှေကား သုံး ဆင့် ခပ်ပြေပြေ တက်သွားသည်။ ပစ္စယာ ထောင့် စေ တီ များ၌ ကြည်ညိုဖွယ်ရာ ဖူးမြင်နိုင်သည်။စေတီတစ်ခုလုံးမှာ သဲစည်းခုံထက် ရွေတောင်ကြီး တစ်ခု ပေါက် နေ သည့် အလား နေခြည်တွင် ရွေရည် ဝင်းနေလေသည်။ ဒါ က ကြေးဂူတိုက်လို့ ခေါ်တယ် မြေး ရဲ့ ။ ဘုရား လေး ဘက် လေးတန် အလယ်တည့်တည့် ဘုရားဆင်းတုတော်ကို ဖူးမြှော်ကြည်ညိုဖို့ တသီးတခြားစီ တည် ဆောက်ထားတာ။ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဆို တဲ့ ပွင့်တော်မူပြီး ဘုရားလေးဆူရဲ့ မတ်ရပ်ပုံ ဆင်းတု တွေ ပဲ။ နောက်ရက်မှာ ထပ်လာတာပေါ့ မြေး ရယ်။ ရွေ စည်း ခုံ စေတီအားဖူးမြှော်ရင်း ကြည့်ရှု လေ့ လာစရာ တွေ တရက်နှင့် မကုန်နိုင် မှန်းသိသည်။ ဘွားဘွား ပင် ပမ်း နေ ပြီဖြစ် သည့်အတွက် ကျမတို့ ဟိုတယ်သို့ ပြန် လာခဲ့ ကြသည်။

ဟို တယ်သို့ ပြန်ရောက် ၍ နေ့လည် စာစားပြီးသည် နှင့် ကျမ သိလိုသည့် အချက်အလက် များ ကိုဘွား ဘွား အား မေးသည်။ ဗုဒ္ဓဘာသာ မဟာယာန ဂိုဏ်းဖြစ်ပေါ်လာ မှု နှင့် ဘယ်နေရာ မှာ ထွန်းကားတယ် ဆိုတာရယ် မဟာယာန နဲ့ ထေရဝါဒ ဘယ်လို ကွာခြားတယ်ဆိုတာကို ရှင်းပြ ပေးပါလား ဘွား ဘွား။ အသောက မင်း ကြီး နတ်ရွာစံပြီး သူ့ အင်ပါယာကြီး လည်း ပြိုကွဲဖို့ ဖြစ်လာချိန်မှာ ဗြာဟ္မဏတွေဟာ သူတို့ အယူဝါဒ တွေ ကို ခြေ သွက်သွက်နဲ့ ဖြန့် ဖြူးကြ တယ်။ ဗုဒ္ဓဘာသာ အရှိန် မှေးမှိန်သွား သော်လည်း တိုးတက်မှုရှိ တဲ့ အပိုင်း များ က ဥပ မာ ငါးရာစုနှစ် များအလယ်ပိုင်းလောက်မှာ နိုင်ငံတကာက သံဃာတော်များ ပညာသင်ကြားရ တဲ့ နာ လန္ဒ တ က္က သိုလ် ဆိုတာ စတင် တည် ထောင်တယ် ဂုပတားမင်းဆက် ၊ ပါလာမင်းဆက် တွေက တိုးချဲ့ ဆောက် လုပ် လှူဒါန်း ကြတယ်။

အဲဒီ တက္ကသိုလ်ကြီးမှာ လည်း နောက်တော့ မဟာယာနကြီးစိုးလာ ပြီး အဲဒီ ကျောင်းဆင်းဖြစ်တဲ့ ပဒ်မာဆမ် ဘာ ဝါ ကနေပြီး တိဘက် ဗုဒ္ဓဘာသာ လာမား ဂိုဏ်း ကို တည် ထောင်ခဲ့သူဖြစ်တယ်။ မဟာယာနဂိုဏ်း ကတော့ မေတ္တာ ဂရုဏာ။ တရားက ရှေ့ ဆောင်ဖြစ် တယ်။ သတ္တဝါအပေါင်း ကိုကယ်တင် ရန် မိမိ ကိုယ်တိုင်ဗောဓိ သတ္တ တည်း ဟူတဲ့ ဘုရားလောင်းကျင့်စဉ် ကို လိုက်နာခြင်း အမှုလည်းရှိတယ်။ သတ္တဝါ အပေါင်း ကို ဆင်းရဲဒုက္ခ မှ ကယ် တင် ရန်အတွက် နိဗ္ဗာန်မဝင်သေးပဲ စောင့်ရှောက်ကြသော ဗောဓိသတ္တများ တနည်းပြောရရင် ဘုရား လောင်းများ ကို လူတို့ ကိုးကွယ်ဆည်းကပ်ခြင်းအမှု လည်းရှိတယ်။

ထေရဝါဒ ဂိုဏ်း ကတော့ ဒါန ၊ သီလ ၊ ဘာဝနာ ပွား များ ၍ မဂ်ဖိုလ် နိဗ္ဗ္ဗာန် ဆိုက်ရောက်ရေး သည် အဓိက အ ချက် ဖြစ်တယ်။ ကျေးဇူးတင်ပါတယ် ဘွားဘွားရယ်။

12 comments:

ကဗျာဦး said...

ပုဂံခရီးသွားဆောင်းပါးတွေကိုအခုလို တစုတစည်းထဲ
ဖတ်လိုက်ရတာကောင်းတယ်
ဗဟုသုတတွေရလို့ ကျေးဇူးပါ
ကဗျာဦး

Dream said...

တီတီဇင်ရေ.. အခုလို တန်ဖိုး ရှိတဲ့ ဆောင်းပါးလေး တစုတစည်းတည်း အခုလို ဖော်ပြပေးလို့ ဖတ်ခွင့်ရတာ အင်မတန်ကျေးဇူးတင်ပါတယ်... မက်မက်အရှေ့တုန်းက တီတီအိမ်ကို ၀င်မရဖြစ်နေတာ.. အခုလို ဖတ်ခွင့်ရအောင် အင်ဗိုက်ပေးတာ ကျေးဇူးတင်ပါတယ်နော်.... မြန်မာပြည် ပြန်တုန်း ကြည့်လို့ မရတဲ့တီတီဘလော့က လူမျိုးစု ဓာတ်ပုံလေးတွေ ပါ အခုမှ ပြန်ကြည့်ရတော့တယ်။ ကိုယ်မသိတဲ့လူမျိုးစုတွေကို ရှာရှာဖွေဖွေ တင်ဆက်ပေးတာ ကျေးဇူးတီဇင်ရေ

အာဝါးးးးးးးးးးးးးးးး နော်..... အမြှောက်တစ်သိန်း..... .. အဟီး... ပါးကြီးချိုင့်ကုန်ပြီနဲ့တူတယ်.... :P

Pinkgold said...

မမရေ

ဖတ်ရတာ ဗဟုသုတတွေ အများကြီးရပါတယ်ရှင်။ ဓါတ်ပုံလေးတွေပါ ပါရင် ပိုပီပြင်မှာနော်။

ဝေလေး said...

ပြန်စုစည်းပေးတာ ကျေးဇူးနော်မမ.......
ဗဟုသုတရတယ်။ ပုဂံကို တစ်ခါပဲရောက်ဖူးတယ်။ ငယ်ငယ်တုန်းက။ တစ်ရက်နဲ့အပြီးပဲ။
ဘုရားဖူးတယ်ဆိုရုံပေါ့။ အခုတော့ ပြန်သွားချင်လိုက်တာ။

Republic said...

ကျနော်လည်း ဘလော့ဂ် ဘက်မလှည့်ဖြစ်တာ ကြာသွားတယ် (မ)သက်ဇင် ၊၊ နေကောင်းကျန်းမာပြီး ခုလို အဖိုးတန်တဲ့စာပေတွေကို ဆထက်တပိုး ဝေမျှ ပေးနိုင်ပါစေ ၊၊
သတိတရရှိပါတယ် ၊၊

Nge Naing said...

အရင်ဖတ်ခဲ့ဖူးတဲ့ စာတွေ ပြန်လာဖတ်သွားပါတယ်။ သမိုင်းက ဘယ်တော့မှ ဖတ်လို့ ရိုးမသွားဘူး။ ဗုဒ္ဓဘာသာကလည်း မသိရင် ထေရ၀ါဒနဲ့ မဟာယာန နှစ်ခုပဲ ရှိတယ်ထင်ရပေမယ့် ဂိုဏ်းတွေ ကွဲလိုက်တာ အများကြီးပဲနော်။ ပြန်လည်တင်ပြပေးတာ ကျေးဇူးပဲ။ ကျန်းမာ အဆင်ပြေပါစေ။

ဖိုးဂျယ် said...

အမရေ မောင်ငယ်လေးလဲ ဖတ်သွားတယ်။
အမရေးရင် အထောက်အထားတွေနဲ့
အရမ်းဖတ်လို့ကောင်းတယ်။

လွမ်းလုင် said...

မဟာယနနဲ့ ထေရဝါဒ ကွဲလာတဲ့ အကြောင်းတော့ သိတယ်... အစ်မ။ ကျန်တာတွေလည်း ဖတ်ဖူးသလိုလိုနဲ့ ဝေဝါးဝါးပါပဲ။ နာလန္ဒတက္ကသိုလ်ကတော့ တစ်ချိန်က တကယ့်ကို ကြီးမြတ်ခဲ့တဲ့ ကျောင်းတော်ကြီးပါ။

ဗဟုသုတလေးတွေ မျှဝေပေးတဲ့ အတွက် ကျေးဇူးပါ အစ်မရေ...။

အလှတရား said...

ဟိုတစ်လောက ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ အာဖဂန် နစ်စတန်က ကမ္ဘာ့ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ ဖြစ်ဟန်တူတယ်။

အမရေ တည်ကြည် က္ကနြေ္ဒလွှမ်းတဲ့ ပုဂံကို အစ်မ ရေးတာဟာ လိုက်ဖက်ပါတယ်။

အကျိုးရှိတဲ့ စာပေများပါပဲ။

မိုးတိမ်ညို said...

ဖတ်လို့ အရမ်းကို ကောင်းပါတယ်ဗျာ။
သိချင်တာလေး တစ်ခုမေးပါရစေ။ ပုဂံခေတ်မှာ ဗိသုကာ ပညာ ဒီလောက် ထွန်းကားတာ ဘာကြောင့် ဘုရင့် နန်းတော် တွေ၊ မူးကြီးမတ်ကြီးတွေရဲ့ အိမ်တွေ၊ ရဲတိုက်တွေ ကျတော့ တစ်လုံးမှ မရှိပဲနဲ့ စေတီပုထိုးတွေ ပဲ ကျန်ခဲ့ရတာလဲသိချင်လို့ပါ။ အဲဒီ ဗိသုကာ ပညာနဲ့ လူနေအိမ်တွေ ကို မဆောက်ခဲ့တာလား။ ပျက်စီးသွားတာလား။

အပြုံးပန်း said...

အာဖဂန် နစ်စတန်က ကမ္ဘာ့ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော် ကို နှမြောမိတယ်။
အပြုံးပန်းလဲ ပုဂံမြေမှာ ခြေရာ အထပ်ထပ်ကျန်ရစ်ခဲ့ဖူးပါတယ်၊ မသက်ဇင်။
ပေးချင်တဲ့သုတလေးကို နွယ်ပြီးရေးသွားတဲ့ ရသလေးဟာ အရသာ တစုံတရာရစေတယ်။
အဲဒီထဲက ဘွားဘွားရဲ့မြေးလေးဖြစ်တည်နေတဲ့ ဖြူစင်ရှင်းသန့်မူမျိုးနဲ့ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေ လို့
ဆန္ဒပြုလိုက်ပါတယ်နော်။

မေမေခင် said...

ဗဟုသုတတွေ ရပါတယ်
ဖြေးဖြေးချင်းလာဖတ်နေပါတယ်