Sunday, January 18, 2009

မြန်မာပြည်မှ လူမျိုးစုများ

မြန်မာပြည် သမိုင်း ဖြစ်ပေါ် တိုးတက်မှု နှင့် မြန်မာလူမျိုးစုများ အကြောင်း ကို ပြုစု လေ့လာ မိ သမျှ ဘလောဂ့် ရေး နေရာမှ Richard K Diran ပြု စု ထားသည့် The Vanishing Tribes of Burma ဓါတ်ပုံ စာ အုပ်အထူ ကြီး ကို သွား တွေ့ ရသည်။ ကျမ မမြင်ဘူး သေးသည့် လူမျိုး စု အတော် များ များ ကို စာအုပ် ထဲ တွင် တွေ့ရ ပါသည်။ လေ့ လာနိုင် ရန် အချို့ဖေါ် ပြ ပေးလိုက် ပါ သည် နောက်မှထပ် မံ တင် ပေးပါမည်။

ရှမ်း











ဂျိမ်းဖေါ ( ကချင်မျိုးနွယ်စု )


























ကရင်













ကရင် အဖိုး နှင့် ဆေးမှင်ထိုး
















သက် ခေါ် ရှကာ့မါ ( ရခိုင်ပြည်နယ် )

ခေတ်ဟောင်း မြန်မာ ရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံအရ အာသမ် မြန်မာ သက် မျိုးနွယ်စု ဖြစ် သည်။

















ခါမီ ခေါ် မရို ( ရခိုင်ပြည်နယ် )
တောင်ပိုင်း ချင်း

















ဒိုင်းနက် ( ရခိုင်ပြည်နယ် )
စစ်တွေ နယ်
















လရှီ ခေါ် လချိုကွော ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း
ကချင်မျိုးနွယ်စု














မရူ ခေါ် လောင်းဝေါ ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း
ကချင်မျိုးနွယ်စု















ခါ့ခူး ( ကချင်ပြည်နယ် )
ကချင်မျိုးနွယ်စု

















အဇီး ( ကချင်ပြည်နယ် )
နှင့် ရှမ်းပြည်မြောက်ပိုင်း

ခေတ် ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက်နှာ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ ကချင်မျိုးနွယ်စု ဖြစ်သည်။








ရဝမ် ( ကချင်ပြည်နယ် )
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ -လိုလို မျိုးနွယ်စု ဖြစ်သည်၊

















လီဆူး ( ကချင်ပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ လိုလို မျိုးနွယ်စု ဖြစ်သည်၊














ယအိုး ( ရှမ်းပြည်နယ် )














ပလောင်( ရှမ်းပြည်နယ် တောင်ပိုင်း အနောက်မြောက်
နှင့် အရှေ့ မြောက်ပိုင်း )
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရသြစထရိုအာရှ မွန်ခမာ မျိုးနွယ်စု ဖြစ်သည်။















ယင်းဗော်
( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။











ပအို့ ခေါ် တောင်သူ ( ရှမ်းပြည်နယ် ) နှင့်သထုံ
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စု ဖြစ်သည်။















တောင်ရိုး ခေါ် တိုရု
( ရှမ်းပြည်နယ် တောင်ပိုင်း အနောက်ဘက် မြေလတ်)
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုး နွယ်စု ဆင်းသက်ပုံ အရ တိဗက် မြန်မာ ( အာသံမြန်မာ ) မျိုးနွယ်စု ဖြစ် သည်။















မုံ ( ရှမ်းပြည်နယ် အရှေ့ပိုင်း )

















ယင်းနက် ခေါ် ရိန် ( ရှမ်းပြည်နယ် )


















အခါ ခေါ် ကော် ( ရှမ်းပြည်နယ် အရှေ့တောင်)


















( အနီ ) လားဟူ ရှမ်းပြည်နယ်




















ပရဲ အလှ နှင့် ချင်း
( ချင်းပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက် နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် အာသံမြန်မာ မျိုးနွယ်စု ဖြစ်သည်၊












ကယန်း ( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်၊















ဗရက် ( ကယားပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက် နှာ၂၈လူမျိုးနွယ်စု ဆင်းသက်ပုံအရ ကရင်မျိုးနွယ်စု ဖြစ် သည်။















ဗရက် ( ကယားပြည်နယ် )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စု ဖြစ်သည်၊













လာ့တ(ခေါ်) ဇယိန်
( ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် မြောက်ပိုင်း )

ခေတ်ဟောင်း မြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာ မျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်မျိုးနွယ် စု ဖြစ်သည်၊










(အနက် ) လားဟူ( ရှမ်းပြည်နယ် )

















နာဂ ( ချင်းပြည်နယ် ) ဆွမ်မရ တောင်တန်း ဒေသ
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် အာသံမြန်မာ မျိုးနွယ် စု ဖြစ်သည်၊















ဝ ( ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်းဒေသ )


















ပဒေါင် ( ကယားပြည်နယ် )

ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင်နီမျိုးနွယ်စု ဖြစ်သည်။

46 comments:

Nge Naing said...

မသက်ဇင်ရေ အခုတင်ထားတဲ့ ပို့စ်ထဲက လားဟူ၊ ၀၊ ကယား၊ ပဒေါင်တွေကိုတော့ အပြင်မှာတွေ့ဖူးပါတယ်။ တောဘက်က ကယားအမျိုးသမီးတွေက ငွေပြားတွေလည်ပင်းမှာဆွဲထားပြီး နားမှာလည်း ငွေနဲ့လုပ်ထားတဲ့ နားဆွဲသီး အကြီးကြီးတွေ ဆွဲထားတာ နားပြတ်ကျလုမတတ်ပဲ။ ဒီလို ၀တ်ဆင်ပြီး ကျောမှာ ပလိုင်း ဒါမှမဟုတ် ကလေးတွေ ကိုလွယ်ပြီး ဘာမှ ပြင်ဆင်ထားခြင်းမရှိပဲ တကယ် သဘာဝအတိုင်း သွားလာနေကြတဲ့ ကယားအမျိုးသမီးတွေရဲ့ပုံကို လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ကျွန်မကိုယ်တိုင် ဓါတ်ပုံ ရိုက်ထားတာ အခုထိ ရှိနေသေးတယ်။

လင်းဒီပ said...

အစ်မရေ
တိုင်းရင်းသား လူမျိုးစုပုံတွေ လေ့လာခွင့်ရတာ ကျေးဇူး..
ထပ်စောင့်နေပါဦးမယ်..

ရဲရင့်နီ said...

အစ်မရေ...
စိတ်၏ ချမ်းသာခြင်း...
ကိုယ်၏ ကျမ်းမာခြင်းနှင့်
ပြီးပြည့်စုံပါစေခင်ဗျာ...

Upasaka said...

ကျေးဇူးပါ မသက်ဇင် တိမ်မြုတ်နေတဲ့ လူမျိုးစုတွေရှိသေးတာကို ခန့်မန်းမိပေမဲ့ အခု လို အတိအကျ မသိသေးတဲ့ ကျနော့် အတွက် တန်ဖိုးရှိတဲ့ ပိုစ်ပါ ခင် ဗျား။

လေးစားစွာဖြင့်
ဥပသကာ

ခေါင်ခေါင် said...

မြန်မာပြည်မှာ လူမျိုးစု ဘယ်လောက်ရှိမှန်းတောင် သေသေချာချာ မသိဘူး အမရယ်...
စိတ်ဝင်းစားစရာ လူမျိုးစု တွေအကြောင်း.. ထပ်တင်ပေးပါဦးနော်...
အရမ်းကို တန်ဖိုးရှိတာပဲ..
မမကို တစ်ကယ်လေးစားတယ်...

WWKM said...

မမရေ..
မမ ရေးပြမှပဲသိတော့တယ်။
စိတ်ဝင်စားစရာ ကောင်းပါတယ် မမ။
နေမကောင်းတဲ့ကြားကနေ တန်ဖိုးရှိတဲ့ ပို့စ်လေးတင်ပေး
တဲ့အတွက် ကျေးဇူးပါမမ ရေ။

မမ အမြန်ဆုံးနေကောင်းပါစေရှင်။
ညီမ
ဝါ၀ါ

winlatt said...

ဝါသနာပါတဲ့ အလုပ်လေးလဲလုပ်ပေါ့
ကိုယ့်ကျန်းမာရေးလဲ ဂရုစိုက်ပါအမရေ..
ကိုယ့်ကို ကိုယ်ပဲ ပိုင်ပါတယ်...။
ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်း ကျေနပ်နိုင်ပါစေ...။

Republic said...

စိတ်ဝင်စားစရာ မြန်မာ လူမျိုးစုပုံ တွေလာကြည့်ပါတယ် ၊၊ နေကောင်းကျန်မာပါစေ မသက်ဇင် ၊၊ သတိတရရှိပါတယ် ၊၊

ဒူကဘာ said...

ရောင်းရင်းကြီး နေကောင်းသွားပြီး ရှားပါး အတွေးတွေနဲ့ စာကောင်းသမိုင်း အမွေအနှစ် ထုတ်ဖေါ်ရေးသား နိုင်ပါစေ။

saiburma said...

Hello Ma Thet Zin,

I love this Photos and i can get so many people from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

Welcome said...

ဗဟုသုတအလို့ငှာ
စာတွေ မှတ်သားသွားပါတယ်။
ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဆိုတော့
မျက်စိပသာဒကျစရာပါ။
ဖော်ပြပေးလို့ ကျေးဇူးပါ။
ကျန်းမာရေးဂရုစိုက်ပါ။

အောင်မြေ said...

မကျေညက်ခဲ့တဲ့
သမိုင်းတွေ လာလာဖတ်ပါတယ်
ချမ်းမြေ့ပျော်ရွှင်ပါစေ

ပျံသန်းခြင်းရပ်ဝန်း said...

အမရေ...ပုံတွေလာရောက်ကြည့်ရှုလေ့လာသွားကြောင်းပါ။
ကျန်းမာရေးလည်းဂရုစိုက်ပါအမ...။
ပျော်ရွှင်ပါစေ....။

အလှတရား said...

သတိရဖို့ကောင်းတယ်..ဗျား
တစ်ချို့ကိုတွေ့တော့
ဒါနဲ့
ဒီတစ်ခါ ကျနော်ဖျားပြီ။:D

mgngal said...

ရိုးရာ ၀တ်စုံတွေနဲ့  လူမျိုးစုတွေ စုံစုံလင်လင် ကြည့်ရတာ
ကျေးဇူးတင်ပါတယ် ။ :)
ကျန်းမာရေး ဂရုစိုက်ပါ ။ :)
ခင်မင်စွာဖြင့်
မောင်ငယ်

chanye` said...

ဗဟုသုတရပါတယ်ဗျာ ။
လားဟူမလေးကချောတယ်ဗျ ဟီဟိ

မိုးသောက် said...

ဓါတ်ပုံတွေ အားလုံး ဒေါင်း သွားတယ် အစ်မရေ .
အခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ် ...
အစ်မလည်း ကျန်းမာရေး ဂရုစိုက်ပါဦး ...
အစ်မ ကို သတိရပါတယ် စာမေးပွဲ တွေ ရှိနေလို့ မလာဖြစ်တာ အခုတော့ အားလုံး ပြီးသွားပြီ အေးဆေးပဲ :)

အလင်းရောင် said...

မသက်ဇင် မလာတာလည်းကြာလို့ စားမေးပွဲနဲ့ဆိုတော့ မအားဘူးဗျ။ အခုမှရောက်လာတော့တယ်။ စားမေးပွဲတွေ ပြီးမှ နောက်ထပ်လာတော့မယ်။ ပို့စ်လေးကို ဖတ်သွားတယ်နော်။ အကျိုးရှိပါတယ်။

တောင်ပေါ်သား said...

အမရေ တော်တော်ကို တန်ဖိုးကြီးတဲ့ ပိုစ့်လေးပါ
ကျနော်တို့ မြန်မာ နိုင်ငံမှာ ဒီလို လူမျိုးစုတွေ ရှိသေးပါ့လားဆိုတာ အခုမှ သိရတယ် ။ တချို့ဆို လုံးဝ မသိဘူးအမရေ ကျေးဇူးအထူးတင်ပါတယ်

လေးစားလျက်
တောင်ပေါ်သား

ဖိုးဂျယ် said...

ဟုတ်တယ်နော် တစ်ချို့ လူမျိုးတွေဆို
ကျနော်တို့ ရှိမှန်းတောင်မသိဘူး အမသက်ဇင်ရ

ချစ်ခြင်း ခြေရာ said...

ကြားတောင်မကြားဖူးတဲ့ လူမျိုးစုတွေပါတယ်အမရေ ။ ကျေးဇူးပါနော် ဝေမျှပေးတာ ။

Nge Naing said...

မသက်ဇင်
တိုင်းရင်းသားတွေပုံကို ထပ်ပြီးလာကြည့်သွားပါတယ်။ အရင်တင်ထားတဲ့ တိုင်းရင်းသားတွေကို အကုန်လုံးသိပေမယ့် နောက်တင်ထားတာတွေထဲမှာ မသိတာတွေ ရှိနေတယ်။ ဥပမာ ၀ တို့ ပလောင်တို့ကို ရှမ်းတိုင်းရင်းသားတွေ၊ ပဒေါင်တို့ ကာယားတို့ဆိုတာ ကရင်နီ တိုင်းရင်းသားတွေဆိုတာ သိပေမယ့် လာ့ထတို့ ဗရယ်တို့ဆိုတာ အခုမှပဲ ကြားဖူးပြီး ဘယ်တိုင်းရင်းသား အနွယ်ထဲကဆိုတာလည်း မသိရဘူး။ ကောင်းတာက နောက်ထပ်တင်ရင် ကွင်းထဲမှာ ရှမ်း၊ ကချင်၊ ချင်း စတဲ့မျိုးစုကြီး အနွယ်ဝင် တခုခု ထည့်ထားပေးရင် ပထ၀ီဝင် အနေအထားကိုပါ ခန့်မှန်းလို့ရနိုင်လို့ ပိုကောင်းလိမ့်မယ်လို့ အကြံပြုချင်ပါတယ်။

မသက်ဇင် said...

မငယ်နိုင်ရေ--
အကြံပြုတာကျေးဇူးတင်ပါတယ်--

Phyo Evergreen said...

အစ်မရေ တိုင်းရင်းသားတွေကြည့်သွားပါတယ်..။ ကျွန်တော်မသိသေးတဲ့ တိုင်းရင်းသားတွေအများကြီးဘဲ။
တစ်ချို့ဆိုရင် အစ်မမပြောရင် မြန်မာပြည်ကဆိုတာတောင် သိမှာမဟုတ်ဘူး..။ ဝေမျှပေးလို့ကျေးဇူးတင်ပါတယ်..။ အစ်မနေလုံးဝကောင်းသွားပြီလား... ကျွန်တော်တောင်ခုရက်ပိုင်းမှ recover ပြန်ဖြစ်လာတာ။
ခင်မင်လျက်...

ကိုတိုး said...

အမရေ တိုင်းရင်းသားလူမျိုးစုတွေကို အမတင်ပြမှာပဲသိတော့တယ် နောက်လည်းထပ်ပြီးတော့ မျှဝေပေးပါအုံးအမရေ။ အဆင်ပြေပျော်ရွှင်ပါစေအစ်မသက်ဇင်

Ðaywalker[Soul] said...

အစ်မရဲ့ ပိုစ့်အသစ်မြင်ရလို့ ဝမ်းသာတယ်ဗျာ၊ နို့ . . . ဒါပေမယ့် ကျွန်တော့်ဆီမှာ ပုံတွေပါမလာဘူး။ ဘယ်လိုဖြစ်တာလဲ မသိဘူး၊ အခြားသူတွေတော့ မြင်ရမယ်ထင်တာပဲ

အိပ်မက်နိဒါန်း said...

မသိသေးတဲ့လူမျိုးစုနဲ့ပုံတွေကိုပါမြင်ရတဲ့အတွက် ကျေးဇူးပါ အမရေ.နောက်ထပ်ရှိမယ်ဆိုရင်လဲ ကြည့်ချင်ပါတယ်.

အမ အစစအရာရာအဆင်ပြေပါစေ.

eaindraomtt said...

အစ်မရေ...

ရန်ကုန်ဗဆွေရဲ့ နန်းဟာဗီး ၀တ္ထုကို ဖတ်ပြီးကတည်းက
ဗမာပြည်အစွန်အဖျားက သိပ်ကိုထူးဆန်းတဲ့ဓလေ့စရိုက်တွေနဲ့ တိုင်းရင်းသားတွေကို..
ပိုပြီးစိတ်ဝင်စားတတ်ခဲ့တာ..
ကျေးဇူးတင်လိုက်တာအစ်မရယ်..
နောက်တင်မှာကိုလည်း..စောင့်မျှော်နေပါတယ်

ခင်မင်လေးစားစွာ

ဒီရေ said...

အစ်မရေ!... လူမျိုးစုတွေရဲ့ ပုံတွေ နဲ့ သူတို့အကြောင်းတွေ လာကြည့်သွားပါတယ်... ဗဟုသုတတွေ အတွက် များစွာကျေးဇူးတင်ပါတယ်...

အမရာ said...

အမ....တိုင်းရင်းသားတွေကြည့်သွားတယ်.....

ရိုးမြင့်အောင် said...

လာတယ်သွားပါတယ် အစ်မ... မရောက်တာလည်းကြာပြီ...ရောက်ပြန်တော့လည်း တိုင်းရင်းသားတွေစုံစုံညီညီနဲ့... လက်ဆုံကြသွားတယ်... အဟတ်ဟတ်... ပျော်ရွှင် အဆင်ပြေပါစေ အစ်မရေ...

လင်းဦး(စိတ်ပညာ) said...

လူမျိုစုတွေ လာဖတ်ပါကြောင်း :)

Myo Win Zaw said...

လူမျိုးစုပုံတွေကြည့်သွားတယ်။

Ģя∆и₣Δяج said...

အမရေ.. အမျိုးတွေဒီလောက်များမှန်းတိတိကျကျမသိခဲ့ ဘူးဗျ .. ကျေးဇူးတင်ပါတယ်.. သိခွင့်ရလို့ ..

စိုင်းစိုင်းလားရှိုး said...

မသက်ဇင်ရေ တစ်ကယ့် ရှာရှာဖွေဖွေ တင်ပြပေးတာ ကျေးဇူးအထူးတင်တယ်ဗျာ။

Dr. Win Thein said...

တိုင်းရင်းသားလူမျိုးစုတွေအကြောင်းပြည့်ပြည့်စုံစုံ ရေးထားပေးတာကျေးဇူးပါ မသက်ဇင်.. ကျွန်တော် ရခိုင်ပြည်နယ်မှာ တာဝန်ကျခဲ့တုန်းက မသက်ဇင်ရဲ့ စာထဲကအတိုင်း ခါမီ(ဒေသအခေါ်-ခမီး)၊ ဒိုင်းနက်၊ သက် လူမျိုးစုတွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ တွေ့ဖူးခဲ့ပါတယ်.. ခမီးကိုတော့ ပလက်ဝမှာတော်တော် တွေ့ခဲ့ပါတယ်.. ဒီလိုပဲ အခြားလူမျိုးစုတွေကိုလည်း အခြားဒေသတွေမှာ တွေ့ဖူးကြမှာပါ.. အခုလို အားလုံး စုစည်းရေးသားပေးတဲ့အတွက် အားလုံးအတွက် ဗဟုသုတ ရရှိစေပါတယ် မသက်ဇင်...

အိမ် said...

တချို့လူမျိုးတွေ တခါမှကို မမြင်ဖူးတာဗျ ကျေး
ဇူးပါဗျာ။ ခုမှပဲ ကိုယ့်တိုင်းရင်းသားဆွေမျိုးတွေ များမှန်း အဟီး

မောင်မျိုး said...

တစ်ခါမှ မကြားဖူးတဲ့ လူမျိုးစု ပုံတွေလာကြည့်သွားတယ် ကျေးဇုးဗျး)

BLACK DREAM said...

ပြည်ထောင်စုနေ့ကြီးတောင် နီးပြီကော အစ်မရေ :)

P.S- စကားမစပ်..။ ကျွန်တော်လည်း ရှမ်းပြည်မှာ တာဝန်ကျခဲ့တာပဲ ဒါပေမယ့် "ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်းဒေသ" ယဉ်ကျေးမှုမျိုးတော့ မတွေ့ခဲ့မိဘူး အစ်မရဲ့ ..။ ဟီး ဟီး :D

Apprenticeship said...

မန်မာနိုင်ငံမှာ နေထိုင်တဲ့လူမျိုးစုတွေလို့ ပြောရင်တော့ ဗမာကိုလဲ ထည့်ရင် ကောင်းမယ်။ လူများစု ဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် နေထိုင်တဲ့ လူမျိုးစုမှာ ဗမာလဲ ပါတယ်လို့ ကျွန်မထင်လို့ပါ။ အဆင်ပြေပါစေနော်..... :) :D :P

phoethutaw said...

မတွေ့ဘူး မကြားဘူး တဲ့လူမျိုးစုတွေကို တွေ့ဘူးမြင်ဘူး သွားပါတယ်.. '၀' အမျိုးသမီးတွေက အပေါ်အင်္ကျီမ၀တ်ကြဘူးလား.. အခုတော့ ၀တ်တယ်ထင်ပါတယ်

ခမ်းကီး said...

မင်္ဂလာပါ။
ကျနော်က ပအိုဝ်းလူမျိုးပါ။
၁၃၅ လူမျိုးတွေထဲက အကုန်လုံးကို မသိခဲ့ပါဘူး။ အခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ်။

ပအိုဝ်းလူမျိုးအကြောင်းကတော့ လိုအပ်သေးတယ်လို့ ထင်ပါတယ်။ အကယ်၍ ပြည့်စုံသော သမိုင်းများတွေ့ရင် တင်ပေးပါဦး။

လေးစားလျှက်
ခမ်းကီး။

အောင်ဒင် said...

မိုက်တယ်ဗျာ ခုမှတွေ့တယ်။
ကျွန်တော်ကတော့ မြန်မာပါပဲ ဒါပေမယ့် သွေးတွေတော့ရောနေတယ်။
ှဗမာ၊ အဂ်လိပ်၊၊ တရုတ် :P

အန်တီချမ်း said...

အစ်မရေ လီရှော မပါသေးဘူးနော်
လီဆူးမဟုတ်ဘူးလေ
သူကရှမ်းကခွဲတာ
အဖွားက လီရှောလေ
အရင် ခင်ညွန့်ရှိတုံးက တောင် သူကတိုင်းရင်းသားထဲပါလိုက်မပါလိုက်နဲ့
ကျွန်တော်တို့တွေ မှတ်ပုံတင်လုပ်တုံးကတော်တော်ခက်လိုက်သေးတယ်
ကျိုင်းတုံဘက်မှာအများကြီးရှိတယ်
လ၀က တွေပိုက်ဆံတောင်းကောင်းတာပေါ့
ပုံရရင်ထဲ့ပေးပါအုံးနော်

မေမေခင် said...

အချို့တိုင်းရင်းသားတွေကို မမြင်ဘူးသေးဘူး

နန်း said...

ကျမတို့တိုင်းရင်းသားလူမျိုးစုတွေများမှများ
ပျော်စရာကြီး