Thursday, January 1, 2009

ဒုတိယ မြန်မာနိုင်ငံတော်


ရှေးခေတ်မြန်မာ့အင်ပါယာ ( စွယ်စုံကျမ်း အတွဲ ၁ - စာမျက်နှာ ၃၇၄ )


စာမြည်း
နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘုရင့်နောင်ရဲ့ အမျှော်အမြင် ကြီးမားသော ဆောင်ရွက်ချက်များမှာ မြန်မာ နိုင်ငံတော် အတွင်း ရှိ လူမျိုး တစ်မျိုးက အခြားသော လူမျိုးများကို လက်ဝါးကြီး အုပ်အနိုင်ကျင့်မှု မရှိရ အောင် ညီတူတန်:တူ အခွင့် အရေး ပေး ထားခြင်း ပင်ဖြစ်သည်။


မွန်မြန်မာရှမ်း လူမျိုးတို့ ဖိုခနောက်ဆိုင် ယှဉ်ပြိုင် အားထုတ် လျှက်ရှိစဉ် ကရင်နှင့် အနွယ်တူ လူမျိုးစု များသည်ယ ခုခေတ် ကယားပြည် မိုးဗြဲနယ် သထုံနယ် တောင်ငူနှင့် ပဲခူးနယ်များ စစ်တောင်းမြစ် အရှေ့ဘက်ကမ်း ဒေသ တ ၀ိုက် တွင် ပျံ့ နှံ့ လျက်၎င်း ချင်းလူမျိုးများသည် စုန်မရ တောင်ရိုးမှ အနောက်ရိုးမ တောင်တန်း တစ် လျှောက် သို့ ၀င်ရောက်လျှက်၎င်း ကချင်နှင့်အနွယ်တူ လူမျိုးစုများသည် ဟူးကောင်း တောင်ကြားလမ်း မှ မြန်မာနိုင်ငံ မြောက် ဘက်စွန်း အရပ်ဒေသ များကို ၀င်ရောက်ပျံ့နှံ့လျက်၎င်း ရှိနေကြသည်။

စစ်တောင်းမြစ်ဝှမ်း တစ်ဝိုက်တွင် တောင်ငူနယ်ကို အချက်အခြာ ပြုပြီး အင်အား စုဆောင်း ကြ သောမြန်မာ လူမျိုး အကြီး အကဲများနှင့် ခေါင်းဆောင်များသည် ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို စည်းလုံး သိမ်းသွင်းပြီး ပြန်လည် ထူထောင်ခြင်းပြုကြသည်ကို တွေ့ရသည်။ တောင်ငူနယ်သည် ၁၃ ရာစုခန့် လောက်မှ အစပြု ပြီး အခြေခံဒေသ တခုဖြစ်ကြောင်း တွေ့ရှိရသည် မူလ တည်ထောင်ကာစ ပုဂံမင်းဆက်ဘုရင်များ လက်အောက်ခံ နယ်ကလေး တစ်နယ် မျှသာဖြစ်သော်လည်း အင်းဝမင်းဆက် ဘုရင်များ လက်ထက်သို့ ရောက် ရှိ သောအခါ မြို့စား နယ်စား ဘုရင်ခံများ အုပ်ချုပ်ရသော နယ်ကြီးတစ်နယ်ဖြစ်လာပြီးလျှင် မင်းကြီးညို နန်း သက်တွင်ကား တောင်ငူ နယ်သည် အင်းဝနှင့်ဟံသာဝတီတို့ အကြားတွင် သီးခြား ကင်းလွတ် သော အာဏာ ပိုင် ပြည်နယ် ကြီး တနယ်ဖြစ် လာသည် ပျဉ်းမနား ညောင်ရမ်း ယင်းတော် မိထ္ထီလာနှင့်ရေလွဲ ငါးခရိုင်အစ ရှိ သည် တို့သည်လည်း မင်းကြီးညို လက်အောက်ခံမြန်မာဒေသများဖြစ်လာကြသည်။

ဒုတိယ မြန်မာနိုင်ငံတော်ကို ပြန်လည်စည်းရုံး သိမ်းသွင်းခြင်းပြုကြသော မြန်မာလူမျိုး ခေါင်း ဆောင် များ သည် ကား မင်းကြီးညိုသားတော် တပင်ရွေထီး ၁၅၃၁ မှ ၁၅၅၀ နှစ်ထိ သမက်တော် ဘုရင့်နောင်ကျော်ထင်နော်ရထာ ၁၅၅၁ မှ ၁၅၈၈ ဖြစ်ကြသည် မြန်မာရာဇ၀င်များတွင် ရေးသား ဖော်ပြချက်အရ တပင်ရွေထီးနှင့် ဘုရင့် နောင် တို့သည် ရှေးဦးစွာ မွန်ဒေသဖြစ်သော ရာမညတိုင်းကို စတင် သိမ်းသွင်းခြင်းပြုကြောင်း ဟံသာဝတီနှင့် မုတ္တမ စသော အချက်အခြာ မြို့ကြီးများတွင် မွန်ုဘုရင်နှင့် မြို့စား နယ်စားများဘက်မှ ပေါ်တူဂီ ကြေး စား စစ်သား များသည် ခေတ်မီ လက်နက်များ စိန်ပြောင်းများနှင့် ခုခံတိုက်ခိုက် ခြင်းပြုသဖြင့် တပင်ရွေထီးနှင့် ဘုရင့်နောင် တို့သည် ခဲခဲယဉ်းယဉ်း တိုက်ခိုက်ကြရသည် ထို့ နောက် ၄င်းရဲ့ယောက်ဖတော် ပြည်ဘုရင် နရပတိ ရှိရာ သို့ ဆုတ်ခွာ ထွက်ပြေးသွားသော ဟံသာဝတီဘုရင် သုရှင်ဒကာရွတ်ပိကို လိုက်လံ တိုက်ခိုက် ကြရာတွင် တပင် ရွေထီး နှင့် ဘုရင့်နောင်တို့သည် ဟံသာဝတီဘုရင် အင်းဝဘုရင် ရခိုင်ဘုရင်နှင့် မောရှမ်းစောဘွားတို့ရဲ့ စုပေါင်း ခုခံမှုကို နှိမ်နှင်းအောင်နိုင်လိုက်ပြီးနောက် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်သော မင်းဘူး နှင့်မြင်းခြံ နယ်များအထိ ချီတက်သိမ်းသွင်းကြောင်း တပင်ရွေထီးသည် ပုဂံမြို့တော်ဟောင်းတွင် မြန်မာဘုရင်ဟူသော အထိမ်းအမှတ်ဖြင့် နယ်စား ဘိသိက်ခံကြောင်း ထို့နောက် အင်းနှင့် အထက်မြန်မာ တစ်လွားကို ဆက်လက် သိမ်း သွင်းခြင်း မပြု သေးပဲ အောက်မြန်မာနိုင်ငံ ဒေသများကို စနစ် တကျ အုပ်ချုပ်ရန်အတွက် တောင်ငူမှ ဟံသာ ၀တီသို့ မြို့တော် ကို ပြောင်းရွှေ့ပြီးလျှင် တပင်ရွေထီးသည် မွန်ဘုရင် အထိမ်းအမှတ်ဖြင့် မွန်တို့ ဓလေ့ ထုံးစံနှင့် အညီ ရာဇဘိသိက် ခံကြောင်း စသည်ဖြင့် ရေး သား ထားကြသည်။

မြန်မာ ရာဇ၀င်များရဲ့ ရေးသား ချက်များကို လေ့လာသောအခါ ဒုတိယ မြန်မာနိုင်ငံတော်ကို စတင် တည်ထောင် သော အချိန်တွင် ဥရောပတိုက်သား ပေါ်တူဂီ ကြေးစား စစ်သားများသည် မြန်မာနိုင်ငံ တောင်ဘက် အရပ် ဒေ သ များ သို့ စတင် ၀င်ရောက်လျှက် ရှိနေပြီ ဆိုသော အချက် တစ် ချက်ကို သတိပြု တွေ့ရှိရသည် ဖွံ့ဖြိုးတိုးတက် လျက်ရှိသော မွန်လူမျိုးများနှင့် ၄င်းတို့ရဲ့ အခြေခံဒေသများကို စည်းလုံးခြင်း ပြုရာတွင် သူ့ခေတ်နှင့် သူ့ အခါ စစ် တိုက်ခိုက်ခြင်းကို အခြေခံ ၀ါဒအဖြစ် လက်ကိုင်ပြုထားသော် ငြားလည်း သိမ်းသွင်းခြင်းပြုရာတွင် တပင်ရွေထီး နှင့်ဘုရင့်နောင်တို့သည် ယခင် ပုဂံ မင်းဆက် ဘုရင် ကျန်စစ်သားရဲ့ ၀ါဒအား ဆက်ခံ ကျင့် သုံးခြင်းပြု သည် ကို တွေ့ ရှိရသည် မြန်မာနိုင်ငံရဲ့ အချက်အခြာမြို့တော်ကို ဟံသာဝတီသို့ ပြောင်းရွှေ့ခြင်း မွန်လူမျိုးတို့ရဲ့ ယဉ်ကျေး မှုနှင့်ဓလေ့ထုံးစံတို့ကို များစွာ လေးစားခြင်း မွန်လူမျိုး အကြီး အကဲများ ခေါင်း ဆောင်များကို အသိ အမှတ်ပြု ချီး မြှင့်ခြင်း စသည်များကို တွေ့ရှိရလေသည်။

နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနှင့် သက်ဆိုင်သော လွတ်တော်တို့တွင် ရှမ်း မွန် နှင့် မြန်မာ အမှူထမ်းများကို မျှမျှ တ တ ခန့်အပ်လျှက် ဒေသနေ လူမျိုးများ အလိုက် မိမိတို့အကြီးအကဲများကို ခန့်အပ်အုပ်ချုပ်စေခြင်း စသည်များ ကို တွေ့ရှိရလေသည် တပင်ရွေထီး နန်းသက်အတွင်း မောရှမ်းဘုရင် အင်းဝနှင့် အထက် မြန်မာ တစ်လွား ကို စည်း ရုံးသိမ်းသွင်းခြင်း မပြုနိုင်။ အဘယ့်ကြောင့်ဆိုသော် အထက်ပိုင်းနှင့် ယိုးဒယားအရေးတို့ ဖြေရှင်းနေခိုက် မွန်လူမျိုး အကြီးအကဲတစ်ချို့က ထကြွပုန်ကန်ကြပြီးလျင် တပင်ရွေထီးကို လုပ်ကြံ သတ်ဖြတ် လိုက်သော ကြောင့်ဖြစ်သည် တပင်ရွေထီး လုပ်ကြံခံ ရပြီးသည့် နောက် မြန်မာနိုင်ငံတော်ကို ဆက်လက်ထူထောင်ရန် တာဝန် သည် ဘုရင့် နောင် ပုခုံးထက်သို့ ကျရောက်ခဲ့သည် ။ ဘုရင့်နောင်သည် အံ့သြဖွယ်ရာ ကောင်းလောက်အောင် စွမ်းစွမ်း တမန်စွမ်းဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

နိုင်ငံရေးနှင့် ပတ်သက်ပြီး ဘုရင့်နောင်ရဲ့ အမြော် အမြင် ကြီးမားသော ဆောင်ရွက်ချက် များမှာ မြန်မာနိုင်ငံတော် အတွင်း ရှိ လူမျိုး တစ်မျိုးက အခြားသောလူမျိုးများကို လက်ဝါးကြီး အုပ် အနိုင်ကျင့်မှု မရှိရအောင် ညီတူ တန်းတူ အခွင့် အရေး ပေး ထားခြင်း ပင်ဖြစ်သည်။

မြန်မာရာဇ၀င်များတွင် တပင်ရွေထီး လုပ်ကြံခံရပြီးနောက် မွန်လူမျိုး အကြီးအကဲများသည် ပုန်ကန်ထကြွပြီး ဟံ သာဝတီ မုတ္တမ ပုသိမ် မြို့ကြီးများကို သိမ်းယူထား ကြသော မြန်မာ လူမျိုး အကြီး အကဲ တစ်ချို့ ကလည်း အလားတူ ပုန် ကန်ခြား နားကာ ပြည် တောင်ငူ စသောမြို့ကြီးများကို သိမ်းယူ ထားကြ သည့် အဖြစ် အပျက်များကို ရေးသားဖော်ပြကြသည် မြန်မာနှင့် မွန်လူမျိုးများကို စည်း ရုံး သိမ်းသွင်း ၍ နေသား တကျဖြစ်အောင် မစီမံရသေးမှီ ကစင့်ကလျားနှင့် တနယ်တမင်း တတပ်တဗိုလ် ဖြစ်တော့အံ့ ဆဲဆဲ အခြေအနေမှ ဘုရင့်နောင်သည် အချိန် မှီပြန် လည် ထိန်း သိမ်း လိုက် ရ သည့်အဖြစ်အပျက်များကို တခမ်း တနားနှင့် ဖွဲ့နွဲ့ရေး သားဖော်ပြကြသည်ကို တွေ့ရှိရသည် ဘုရင့်နောင်သည် တောင်ငူ ဟံသာဝတီ ပြည် စသည့် မွန်မြန်မာ ဒေသ များ ကို စနစ် တကျ စည်းရုံး သိမ်းသွင်း စီမံ အုပ် ချုပ် ပြီးနောက် မြန်မာ နိုင်ငံ အလယ် ပိုင်းဖြစ် သော ဧရာဝတီ မြစ် ၀ှမ်းဒေသများမှ စလေ ပခန်း ပုဂံမြို့ များကို ချီတက်သိမ်းယူခြင်းပြုသည်။

ထို့ နောက် အင်းဝနှင့် အထက်မြန်မာနိုင်ငံ တလွားကို၎င်း တရုတ် မြန်မာ နယ်စပ်ရှိ ရှမ်းပြည်နယ်များ အားလုံး ကို ၄င်း ချီတက်သိမ်းပိုက်သည် သက္ကရာဇ် ၁၅၅၁ ခုနှစ်တွင် နန်းတက်သောဘုရင့်နောင်သည် ၁၅၅၉ ခု နှစ် မတိုင်မီ ၈ နှစ်တာ ကာလအတွင်း ရခိုင်ကမ်းရိုးတန်း ဒေသမှအပ မြန်မာတစ်နိုင်ငံလုံးကို ပြန်လည် သိမ်းသွင်း မိရုံမျှ သာ မက မြန်မာနိုင်ငံ ပြင်ပ မဏိပူရ ကိုးရှမ်းပြည် ဇင်းမယ်နှင့် လင်းဇင်း စသောပြည်နယ်များကို ချီ တက် သိမ်း ပိုက် ကြောင်းမြန်မာရာဇ၀င်များတွင် တွေ့ရသည် ဘုရင့် နောင်နန်းသက်အတွင်း ယိုးဒယား နိုင်ငံသို့ နှစ် ကြိမ် တိုင်မျှ ချီတက် တိုက်ခိုက်ကြောင်း ပထမ တစ်ကြိမ်တွင် ယိုးဒယားဘုရင်ရဲ့ ဆင်ဖြူတော်များကို ရလို သောကြောင့် ဖြစ် ကြောင်း ဒုတိယ အကြိမ်တွင် ယိုးဒယားဘုရင်က ထကြွ ပုန်ကန် သောကြောင့် ဟူပြီး ရေးသားဖော်ပြကြသည်။

သို့ ရာတွင် ထိုရေးသား ဖော်ပြချက်များကို လေ့လာ ကြည့်သောအခါ ယိုးဒယား မြန်မာ စစ်ပွဲများသည် ဆင်ဖြူ တော်ပြဿနာ အတွက် အဓိက မဟုတ်ပဲ မြန်မာနိုင်ငံ တောင်ဘက်တစ်လွားရှိ တနသ်ာရီ ကမ်းရိုး တန်း ဒေသ များကို အမြဲတစ်စေ ခြိမ်းခြောက် လျက်ရှိသော ယိုးဒယား နိုင်ငံကို မြန်မာ ဘုရင်ရဲ့သြဇာခံ အဖြစ် သိမ်း သွင်းထား ရှိလိုခြင်းသာဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

ကျမ်းကိုး
မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကထိကဦးစိန်လွင်လေး
ရာဇဓိရာဇ်အရေးတော်ပုံ။ဗညားဒလ
မြန်မာမင်းများအရေးတော်ပုံ-အရေးတော်ပုံ ( ၆ ) စောင်တွဲ
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
အရှေ့တောင်အာရှရာဇ၀င်၊ဟော-၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)

38 comments:

အလှတရား said...

သေချာဖတ်သွားတယ် အစ်မ
တစ်နေ့က ဒေါက်တာသန်းထွန်းရဲ့ ငါပြောချင်သမျှ င့ါအကြောင်း ကိုဖတ်မိသေးတယ်..။
ထူးခြားတဲ့ စာအုပ်ပဲ..။

thihanyein said...

မှတ်သားစရာရှိသည်များမှတ်သားသွားပါတယ်အမသက်ဇင်
I have no devine power, but i make my honesty
my devine power ...ဆရာမကြီး ဒေါက်တာမတင်ဝင်းစာအုပ်မှ.....
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေခင်ဗျာ ....
အမက်သဇင်စာတွေဖတ်တော့ ဆရာမကြီးစာကိုဖတ်
နေတာနဲ့ တိုက်ဆိုင်နေတယ်....နှစ်သစ်နဲ့အတူ
စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် အောင်မြင်မှုပန်း
တိုင်ကို အရောက်လှမ်းနိုင်ပါစေခင်ဗျာ....

သီဟညိမ်း

ခေါင်ခေါင် said...

ဗဟုသုတ တွေ အများကြီးရပါတယ် မမ
မှတ်သားသွားပါတယ်

Republic said...

သမိုင်းရာဇ၀င် အမြဲရေးတတ်တဲ့ မသက်ဇင် ရေ၊၊
အားထုတ်ကြိုးစားပြီး ခုလိုဝေမျှပေးတာ ကျေးဇူးပါ၊၊
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ၊၊ သတိတရရှိလျှက်ပါ ၊၊

မိုးတိမ်ညို said...

ဗဟုသုတွေအများကြီးရလိုက်ပါတယ်။ ချီးကျူးပါတယ်ဗျ။ ဒီလိုမျိုးရေးနိုင်တာကို။
မသိတာတစ်ခုလောက်မေးချင်လို့။
ဆရာချစ်ဦးညို ၀တ္ထုတစ်အုပ်ထဲမှာ ကသည်း လူမျိုးဆို တာပါတယ်။
ကသည်း လူမျိုးဆို တာ အခုဘယ်နေရာမှာ နေတဲ့လူမျိုးကို ခေါ်တာလည်း မသိလို့ပါ။
နှစ်သစ်မှာ ပျော်ရွင်နိုင်ပါစေ

မိုးတိမ်ညို said...

ဗဟုသုတွေအများကြီးရလိုက်ပါတယ်။ ချီးကျူးပါတယ်ဗျ။ ဒီလိုမျိုးရေးနိုင်တာကို။
မသိတာတစ်ခုလောက်မေးချင်လို့။
ဆရာချစ်ဦးညို ၀တ္ထုတစ်အုပ်ထဲမှာ ကသည်း လူမျိုးဆို တာပါတယ်။
ကသည်း လူမျိုးဆို တာ အခုဘယ်နေရာမှာ နေတဲ့လူမျိုးကို ခေါ်တာလည်း မသိလို့ပါ။
နှစ်သစ်မှာ ပျော်ရွင်နိုင်ပါစေ

Upasaka said...

မသက်ဇင် သမိုင်းကိုချစ်တဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့ သမိုင်းအမှန်ကို သိ ချင်တဲ့ စာ ဖတ်ပရိတ်သတ်တစ်ဦးအနေနဲ့ အမြဲရောက်ပါတယ် ။မျှော်ရတာ လည်း မော တယ် ပေါ့ ဗျာ။

ကိုတိုး said...

အစ်မရေ သေချာမှတ်သားသွားတယ်ဗျာအမ ကျွန်တော်ဆိုရင်အဲ့နားမှာနေတာပဲလေ ဘာမှာမသိဘူးအစ်မ။ အစ်မလိုသမိုင်းကြောင်းတွေကိုလေ့လာပြီး မျှဝေပေးတဲ့အတွက်ကျေးဇူးပါပဲနော်အစ်မသက်ဇင်။ နှစ်သစ်မှာပျော်ရွှင် အဆင်ပြေပါစေအစ်မရေ။

စိုင်းစိုင်းလားရှိုး said...

မသက်ဇင်ရေ ဘယ်ပျောက်နေတာလည်း ခုမှပေါ်လာတော့တယ်။ ဖတ်ရမှတ်ရတာ အားရတယ်ဗျို့

ညီအကိုများ said...

အစ်မရေ ရာဇ၀င်ထဲမှာ ပျော်ဝင် သွားကြောင်း....

လေးစားခင်မင်လျက်
မိုးကြယ်

အံ့မင်းညို said...

့မြန်မာပြည်ကို ပေါ်တူဂီတွေရောက်လာပုံလေးသိချင် ပါတယ်အစ်မ။ တကယ်ဆိုတော့ ပေါ်တူဂီနဲ့မြန်မာနဲ့
က အဝေးကြီး။ အဲဒီသမိုင်းလေးသိရင် ရေးပေးပါအစ်မ။

အိပ်မက်နိဒါန်း said...

အစ်မရေ..

ရာဇင်ဝင်တွေကိုသေချာဖတ်ပြီးသိမ်းသွားပါတယ်..နှစ်သစ်မှာ ပျော်ရွှင်ပါစေ..

winlatt said...

ကျွန်တော် ပျော်တယ်...
ကျေနပ်သွားပြီ....
ရာဇ၀င်ထဲကသတို့သမီးတယောက်ကိုပေါ့...။

ချစ်ခြင်း ခြေရာ said...

ပို့စ်အသစ်မြင်ရလို့ အရမ်းဝမ်းသာပါတယ် အမရေ ။ အမပျော်ရွင်စွာ ပို့စ်တွေဆက်ရေးနိုင်ပါစေ ။

မင်္ဂလာနှစ်သစ်ပါ ။

စိုင်းစိုင်းလားရှိုး said...

မသက်ဇင် စာလာဖတ်ပါတယ်

အလင်းစေတမန် said...

ရာဇဓိရာဇ်အရေးတော်ပုံ ကို ကိုးကားထားတယ်နော်၊ ကျွန်တော် အဲဒီကျမ်းကို အရမ်းကြိုက်တယ်။

mgngal said...

မျှဝေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ် အစ်မ မသက်ဇင်။

PHONE Shop Project said...

အလုပ်တွေရှုပ်နေလို့ နောက်ဆုံးမှ လာဖတ်ဖြစ်တယ် အမရေ ကျန်းမာပျော်ရွှင်ပါစေ

ဟိန်းညီ said...

အစ်မရေ
ခုမှပြန်တင်တာတွေ့ရတယ်အစ်မရေ..
ဟိုတစ်ခါကဟာကြောင့်များအစ်မစိတ်ရှုပ်သွားပြီလားလို့...
အစ်မ
မသိလို့မေးမယ်နော်
မသိရကောင်းလားဆိုပြီးစိတ်မဆိုးပါနဲ့ခင်ဗျာ...
အစ်မကသမိုင်းကြောင်းတွေချည်းရေးနေလို့လေ...
အစ်မကဒီလိုပဲစိတ်ဝင်စားလို့လား။ဒါမှမဟုတ် သမိုင်းနဲ့ကျောင်းပြီးထားတာလားအစ်မ။
heinthuraaung@gmail.com က ကျွန်တော် gmail ပါအစ်မခင်ဗျာ။ အစ်မနဲ့ခင်မင်ချင်ပါတယ်ခင်ဗျာ။
ဟိန်းညီ ( Radar-myanmar.co.cc)

Welcome said...

တန်းဖိုးရှိတဲ့ သမိုင်းအကြောင်းအရာ တွေကို နက်နက်နဲနဲ ဖတ်သွားပါတယ်။
ပျော်ရွှင်ချမ်းမြေ့တဲ့ နှစ်သစ်ဖြစ်ပါစေ။
ကျန်မာရေး အမြန်ကောင်းမွန်ပါစေ။
ဘ၀နဲ့ ဆန္ဒထပ်တူဖြစ်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။
လေးစားလျက်

http://winzaw-mdy.blogspot.com

တားမြစ် ထားသော... said...

စာကောင်းတစ်ပုဒ်ကို ဖတ်သွားပါတယ်။ ဖတ်ခွင့်ရတာ ဗဟုသုတ တိုးစေပါတယ်။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

ATH said...

အမရေ နေမကောင်းဘူးဆိုလို့ခုပဲေ၇ာက်လာပါတယ်...
အခုေ၇ာနေကောင်းသွားပြီလား ...အမ အမြန်နေကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါ
တယ် ...

Phyo Evergreen said...

အစ်မရေ နေကောင်းသွားပြီဆိုလို့ ၀မ်းသာပါတယ်...။
ဗဟုသုတတိုးစေတဲ့ စာတစ်ပုဒ်ပါ...။

မိုးပြေး said...

အစ်မရေ မင်္ဂလာပါ။နှစ်သစ်မှာ မင်္ဂလာအပေါငါးနဲ့ ပြည့်စုံပါစေ။

အလင်းရောင် said...

မသက်ဇင်ကျွန်တော့်ဆီ လာလည်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ မသက်ဇင်က ဘယ်ကလဲဗျ။ ကျွန်တော့်ကို ဂျီမေးလိပ်စာပေးနိုင်မလား။ ကျွန်တော်က ဘလော့ဂါပါတနာ လုပ်ချင်လို့ပါ။ ကျွန်တော့် ထဲမှာ ကွန်မန်းပေးနိုင်ပါတယ်။ ကျွန်တော်တစ်ယောက်ထဲကြည့် ပါတယ်။ ကွန်မန်းကို ဖော်ပြခြင်းမရှိပါဘူး။ မသက်ဇင်ကွန်းမန်းလည်း ဖတ်ရပါတယ်။ လာမယ်လို့ မထင်ပါဘူး။ ၀မ်းသာပါတယ် တွေ့ရတာကို ပြောတာနော် အရာအားလုံး အဆင်ပြေပြီး ပြုံးပျော်ရွင်ပါစေဗျာ။

Ðaywalker[Soul] said...

အစ်မရေ... နေကောင်းသွားပြီလား မသိဘူး၊ ဒီနေ့မှ လာဖြစ်လို့ သိရတာ.... အမြန်နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်....

Nge Naing said...

မသက်ဇင်ရေ
စာလာဖတ်သွားပါတယ်။ ကျန်းမာရေး မြန်မြန်ကောင်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အခုမှလာဖတ်ဖြစ်တာက အိမ်မှာ ကျေးဇူးရှင်နှစ်ယောက်ရှိတာ ကျေးဇူးရှင် အကြီးက ဘလော့ဂ်ဖတ်တာ အချိန်ဖြုန်းတယ်ဆိုပြီး သိပ်မကြိုက်တာရယ် ကျေးဇူးရှင်အသေးလေးကလည်း ကျောင်းပိတ်တဲ့ရာသီဆိုတော့ အမေကိုကွန်ပြူတာ သုံးဖို့ အလှည့်မပေးတာနဲ့ ကွန်ပြူတာရှေ့ သိပ်မရောက်ဖြစ်တော့တာပါ။ ဘုရင့်နောင် စုစည်းခဲ့တဲ့ ၁၆ ရာစု မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံးသော ပြိုင်ဘက်ကင်းတဲ့ နိုင်ငံတခု ဖြစ်ခဲ့တယ်ဆိုတာတော့ အလယ်တန်းတုန်းက သမိုင်းမှာ သင်ခဲ့ရတာ အခုထိမှတ်မိနေပါတယ်။ အခုမသက်ဇင်ပို့စ်ကို ဖတ်လိုက်ရတော့ ပိုပြီးပြည့်စုံသွားပါတယ်။ ကျန်းမာရေးကောင်းပြီး အစစအရာရာ အဆင်ပြေပါစေ။

မသက်ဇင် said...

အံ့မင်းညိုရေ---
ပေါ်တူဂီတွေရောက်လာပုံအကြောင်းမေးထားတာတွေ့လို့ပါ---ပိုစ့်မျှော်နေရမှာစိုးလို့ ပြောပြတာ---
၅ ရာစုလောက်မှာ ရောမ အင်ပါယာကြီး ပျက်သွားပြီးတဲ့နောက်---ဥရောပဟာအမှောက်တိုက်ထဲမှာနစ်မွန်း
နေခဲ့တယ်--၁၄ ရာစုလောက်မှ လွှတ်မြောက်စ ပြုလာတယ်--ဥရောပတိုက်သားများဟာ အာရှတိုက် --
အိန္ဒိယသမုဒ္ဒရာရေပြင် နဲ့ မြန်မာနိုင်ငံ ကို ၁၆ ရာစု ဆန်းလောက်မှာတစတစ ကျူးကျော် ဝင်ရောက်လာကြ
ခြင်းဖြစ်တယ်---စပိန်ဘုရင်အုပ်ချုပ်သော--ပေါ်တူဂီနိုင်ငံသားတို့ဟာ--ပဆီးဖိတ်-အတ္တလန်တိတ်-အိန္ဒိယသမုဒ္ဒရာရေပြင်တွေကို စွန့်စားဖြတ်ကျော်ပြီး တိုင်းသစ်ပြည်သစ်တွေကိုရှာဖွေခဲ့ကြတယ်---

အီတလီနိုင်ငံဗင်းနစ်စ်မြို့သား မာကိုပိုလို ( ၁၃ ရာစု ) အီတလီနိုင်ငံသားနီကိုလိုဒီ--ကွန်တီ ( ၁၄ ရာစု ) ဆံတိုစတက်ပင်နို( ၁၄ ရာစု ) ရုရှားနိုင်ငံသားနီတီကင် ( ၁၄ ရာစု ) တို့ဟာ မြန်မာနိုင်ငံကိုရောက်ဘူးပြီးသူတို့ရဲ့ ခရီးသွားမှတ် တမ်းတွေမှာ ရေးသား ဖေါ်ပြထား ကြတယ်--

မသက်ဇင် said...

မိုးတိမ်ညိုရေ---
ကသည်းလူမျိုးအကြောင်းမေးထားတာတွေ့လို့ပါ--
အရေးတော်ပုံ၆ စောင်တွဲ စာမျက်နှာ ၅၁၇-အလောင်း
မင်းတရားကြီးအရေးတော်ပုံမှာ ---
မဏိပူရ ကသည်းမြို့ ကို သိမ်းယူတော်မူသည်လို့ ရေးထား
ပါတယ်--ချင်းတို့နေသည့်တောင်ကြီးနှစ်လုံးကြားတွင်--
ကသည်းတို့ အစုအရုံးကြီးလှသည်---
ကသည်းဆိုတာ အိန္ဒိယနွယ်ဘွားတွေဖြစ်ဖို့များတယ်--
သိချင်တာကို ပိုစ့် စောင့်နေရမှာစိုးလို့ပါ----

မိုးသောက် said...

အစ်မရေ တစ်ကယ့် မှတ်သားစရာတွေပါပဲ
သေသေချာချာ ဖတ်ပြီး ကော်ပီ လုပ်သွားပါတယ် အစ်မရေ
တစ်စုတစ်စည်းတည်း သိရအောင်မို့လို့ပါ ..
ကျေးဇူးနော် အစ်မ ..
အစ်မ နေကောင်းပါစေ :)

megumi said...

ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။

မမကို သတိရလို့လာလည်ရင်း ဗဟုသုတရတဲ့ ပို့စ်ကောင်းလေး ဖတ်သွားပါတယ်။

ဒူကဘာ said...

မြန်မာရာဇဝင်မှာ ဘုရင်တွေ တချိန်လုံး စစ်ငင်နေတာပဲ တွေ့ရပြီး ဖြစ်စရာမရှိယင် ပြည်သူနဲ့ဖြစ် နောက်ဆုံး ဘုန်းတော်ကြီးတွေနဲ့ပါ ဖြစ်နေတော့ သမိုင်းဖတ်ယင် ဗဟုသုတ အပြင် သံဝေဂ ပါရမိသဗျိုးးးးး ရောင်းရင်းကြီးရယ်....။ ။

အိန္ဒြာ said...

အစ်မ ရေ......

သေသေချာချာ့ကို..ဖတ်သွားပါတယ်..။
တွေ..စရာတွေ..
တွေး..စရာတွေနဲ့ချည်းပဲနော်..
စစ်ဆိုတာတွေမှာ...
"အမှန်တရား.ဆိုတာက.."
မျက်နှာများနေ..သလိုပဲ...

လေးစားခင်မင်တဲ့...

အိန္ဒြာ

nai said...

ကျွန်တော့် အမ နေမကောင်းဘူးကြားလို့.....
အခုပို့အသစ်တွေ့မှ အားရပါးရ ဖတ်သွားတယ်...
ဒါကြောင့် nini ကပြောတာ .. မိန်းမတွေကမျက်စိပိုကောင်းတယ်ဆိုပဲ....
ယုံသွားပြီဗျိုး... စေ့စေ့စပ်စပ် ရေးထားတာပဲ

ပျံသန်းခြင်းရပ်ဝန်း said...

မှတ်သားစရာတွေပါပဲအမရေ..
ဆုရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။
အောင်မြင်မှုတွေဆက်တိုက်ရရှိပြီး
ပြည်သူ့အကျိုးပြုစာပေတွေကိုလည်း
ဒီထက်မကဆက်လက်ရေးသားနိုင်ပါစေဗျာ
ကျန်းမာရေးလည်းဂရုစိုက်ပါဦးအမ...

ပျော်ရွှင်ပါစေ
ခင်တဲ့
နွေသူရ

maung said...

အကယ်ဒမီ မသက်ဇင်ခင်ဗျား

ကျနော် တခုလောက်နားမလည်လို့မေးချင်ပါတယ်။
မသက်ဇင်က ပညာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ အကယ်ဒမီ ရခဲ့တာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မရှင်းလင်းလို့ပါ။ မသက်ဇင်ဘလော့ဂ်က သမိုင်းနဲ့ ခရီးသွားဆောင်းပါးလိုလို၊ ကဗျာလိုလိုပို့စ်တွေက ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မရှိသင့်ဘူးလို့ ယူဆမိပါတယ်။ ဒါကြောင့် ပညာရေးဘလော့ဂ်မှာ သွားရောက်ယှဉ်ပြိုင်မဲ့အစား တခြားခေါင်းစဉ်အောက်မှာ သွားပီးယှဉ်ပြိုင်သင့်တယ်လို့ထင်မိပါတယ်။

ပညာရေး ဘလော့ဆိုတော့ကာ ကျနော့်အနေနဲ့ ဘယ်နေရာတွေကို ပညာပေးထားသလဲဆိုတဲ့ စူးစမ်းချင်စိတ်နဲ့ မသက်ဇင်ရဲ့ဘလော့ကို လာရောက်လည်ပတ်ရာမှာ အများစုက သမိုင်းကြောင်းတွေတင်ပြထားတာကို တွေ့ရှိရပါတယ်။ အဲဒီအတွက်တော့ သမိုင်းတွေကိုစိတ်ဝင်စားတဲ့ ကျနော်က ကျေးဇူးတင်မိပါတယ်။ သမိုင်းက ပညာရေး မဟုတ်ဘူးလို့ ဆိုလိုချင်တာ မဟုတ်ပေမဲ့ မသက်ဇင် ဘလော့ဂ်မှာတော့ ပညာရေးနဲ့ဆိုင်တဲ့ ရေးသားချက်တွေကို မတွေ့မိတော့ စိတ်ထဲမယ် ဇဝေဇဝါ ဖြစ်မိပါသဖြင့် ယခုလိုလာရောက်၍ မေးမြန်းမိခြင်း ဖြစ်ပါတယ်။ သမိုင်းနှင့် ပညာရေးအဓိပ္ပါယ်ကို ဂဃနဏ မသိတဲ့ ကျနော့်ကို အကယ်ဒမီ မသက်ဇင်မှ ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ။

saiburma said...

Hello Ma Thet Zin,

I love this STORY and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

ကိုရင်နော်ခင်လေးငယ် said...

မသက်ရေ...
သင်တန်းလေးတစ်ခု တက်ခဲ့တုန်းက
ကိုယ့်နိုင်ငံအကြောင်း Presentation
ပြောဖို့ကျမကိုယ်တိုင် ရွေးမိလိုက်တာလေးက...
ဒုတိယ မြန်မာနိုင်ငံတော် ပါ...
သတိလေးရမိသွားတယ်။

အဲ့တုန်းက ပြောသာပြောဖြစ်လိုက်တာပါ.
သိပ်မစုံ သလို ကိုယ်တိုင်ခံစားခဲ့ရတယ်
မ ရေးထားတာ အရမ်းစုံတယ်
ကျေးဇူးပါ အမရေ...