Friday, December 5, 2008

အသိပေးကြေ ငြာခြင်း နောက်ဆက်တွဲ

အနုက မ္ပက မိတ်ဆွေစစ်
( ၁ ) ထို မိတ်ဆွေ၏ ဆုတ်ယုတ် ပျက်စီးခြင်းကို မနှစ်သက်။
( ၂ ) ထို မိတ်ဆွေ၏ ဖြစ်ထွန်း တိုးတက်ခြင်းကို နှစ်သက်၏။
( ၃ ) ထို မိတ်ဆွေအား ကဲ့ ရဲ့ စကား ပြောကြားသူကို ကန့် ကွက် တားမြစ်တတ်၏။
( ၄ ) ထို မိတ်ဆွေအား ချီးမွမ်းစကား ပြောကြားသူကို ထောက်ခံချီးမွမ်းတတ်၏။


မသက်ဇင် ထံ သို့ လာလည် အားပေး နှစ်သိမ့် ကြသော အနုကမ္ပက မိတ်ဆွေ စစ် များကို ကျေး ဇူး တင် ကြောင်း ပြောကြားရင်း နောင် တွင် မည်သူ၏ စီဘောက်တွင်မှ မသက်ဇင် နှုတ်ဆက်ခြင်း စာရေးခြင်း လုပ်မည် မဟုတ်ပါ။ မသက်ဇင် ၏ အမည်နှင့် URL ကို သုံးပြီး စာလာရေးသူများ ရှိလျှင် လည်း မသက်ဇင် အစစ် မဟုတ်ကြောင်း မိတ်ဆွေ များ အား ကြိုတင် သတိ ပေးထားပြီး ဖြစ်ပါသည်။ မိတ်ဆွေ များထံ လာလည်လျှင် မသက်ဇင် ပါ့စ်ဝက် နှင့် ပေးလို့ ရသည့် ကွန်မန်းများ ကို သာ ပေးမည် ဖြစ်ပါကြောင်း။


ကျမ မသက်ဇင် ၏ ဘလောဂ့် တွင် လင့်ချိတ် ထားခြင်း မရှိသောအခြား ဘလောဂ့် တခု ၏ စီပုံးတွင် မသက်ဇင် အ မည်ဖြင့် ကျမ မရေးခဲ့ ပါ။ ကျမ နှင့် မည်သို့မျှ မပတ်သက်သော ဘလောဂ့် တွင် ကျမ အမည် နှင့် ကျမ ဘ လောဂ့် URL ကို အလွဲသုံးစား ပြုပြီး အောက်တန်းကျစွာ ရေးသား လုပ်ဆောင်နေကြောင်း စာဖတ်သူ အားလုံးကို အသိပေးအပ် ပါသည်။



41 comments:

စိုင်းစိုင်းလားရှိုး said...

မသက်ဇင်ရေ ဒီလိုတွေလည်း ဖြစ်တတ်တယ်နော် ခက်တယ် အဲလို လူတွေ...

Welcome said...

ကျွန်တော်လည်း ကြုံဖူးတယ်အစ်မ၊ ထပ်တောင် မသွားရဲဘူး ဖြစ်သွားတယ်။ ဘာကြောင့် ဒီလို လုပ်တယ် ဆိုတာတော့ မပြောတတ်ပါ။ စိတ်မကောင်းလည်း ဖြစ်မိပါတယ်။

http://winzaw-mdy.blogspot.com

winlatt said...

ဟုတ်ကဲ့ပါအမရေ..သိထားတော့ ပိုကောင်းပါတယ်..
ကျွန်တော်တော့မမြင်မိသေးပါ..။
ကျွန်တော်လဲ ဟက်ကာတယောက် အ၀င် ခံနေရတော့စိတ်ညစ်နေတယ်...။ လုပ်သမျှ ယူကြည့်နေမလားဘဲ...။သတိတော့ ထားကြမှ တော်မယ်အမရေ...။

အလှတရား said...

ကျနော် ထင်တာ မမှား၇င်
အဲဒီဘလော့ကို ရောက်ဖူးပါတယ်
အစ်မရေးတာမဟုတ်မှန်းလည်းသိတယ်အစ်မ။
စိတ်မပူပါနဲ့။
ဘလော့ပိုင်ရှင်က မသိလို့ လက်ခံထားတာဆိုရင်တော့
ရှင်းပြသင့်ပါရဲ့။
သိလျက်နဲ့ဆိုရင်တော့
အဲလိုလက်ခံထားခြင်းကော
ရေးသားခြင်းကော
ကန့်ကွက်ပါတယ်
မဖြစ်သင့်ပါလို့ ယူဆမိပါတယ်။

pethein said...

မသက်ရေ-
ဘာမှမသိပေမဲ့
စိတ်မကောင်းပါဘူးဗျာ၊
သူနဲ့ထိုက်တဲ့အပြစ် သူရွေးလုပ်တာနေမှာပါ။
အဆင်ပြေပါစေမသက်ရေ။

Than Kyaw Htay said...

အမ မသက်ဇင်ေ၇
အမှန်တ၇ား ဆိုတာ ၇ှိတယ်
စိတ်မညစ်ပါနဲ့

အလင်းစေတမန် said...

အင်း လူတွေ လူတွေ ခက်လိုက်တာ မသက်ဇင်ရေ၊ ဒီတစ်ခါ မှားမခေါ်ဘူးနော်။

ဒူကဘာ said...

အမရေ.... ဘယ်လိုဖြစ်တာလဲဗျာ ! ဒီလိုပဲ ကျနော်တို့ လူမှုဝန်းကျင်မှာ aggressive အတော်များနေသလားဗျာ...ကျနော်လဲ အလားသဏ္ဍာန်တူ ခံရဖူးတယ်၊ ကိုယ်လုပ်စရာ ရှိတာလုပ်ပါ၊ အမှန်တရားကို အချိန်က သက်သေပြပါတယ်။

eaindraomtt said...

အစ်မရေ...

မသက်ဇင်..လာလည်တာ..အစစ်ပါနော်...
((ဟားဟား....))

လေးစားခင်မခြင်းတို့ဖြင့်

အိန္ဒြာ

ညခင်းနဲ့ လမင်း said...

အစ်မ ဘယ်သူဆီမှသွားဖြစ်တာလဲ

နယ်သားကိုပြောပြအုံး

အခုတော့အိပ်မပျော်သေးလို့ 

ကွန်မန့်လာပို့တယ်

အစ်မ နာမည်အလွဲသုံးလုပ်တဲ့သူ

အစ်မ ဘယ်လိုဖြစ်တာလဲ

အမှန်တရားပေါ်လာမှာပါ


ဒီလို မျိုးတွေဖြစ်လာတာမကောင်းပါဘူး

အစ်မ အမြန်ဆုံးအဆင်ပြေပါစေ

WWKM said...

မမ ရေ အဆင်ပြေပါစေနော်.

ကိုတိုး said...

အမရေ အဆင်ပြေပါစေဗျာအမ............တစ်နေ့တော့အမှန်တရားအတိုင်းဖြစ်လာမှာပါအမ.............. အဆင်ပြေပါစေအစ်မသက်ဇင်

စိုင်းခမ်းထွန်း said...

ဘာတွေဖြစ်ကုန်ပြန်တာလဲအစ်မ ပွဲဆူပြန်ပြီလားမသိဘူး ...

ပျံသန်းခြင်းရပ်ဝန်း said...

ကျွန်တော်တော့ဘာမှနားမလည်နိုင်ဘူးအမရေ...
ဘယ်လိုဖြစ်တာလဲ....
ဘာပဲဖြစ်ဖြစ်...
အစ်မတစ်ယောက်အဆင်ပြေပါစေ...

myooo.nyan said...

မသက်ဇင်မှာလဲ ခလုတ်ကသင်းတွေကလည်းများပါလားဗျာ.. ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ဗျာ.. မှန်သောသူ ခေါင်းဖော်ဝံ့၏ ပေါ့ဗျာ

ဖြိုးငယ် said...

အမရေ .. တိုက်ဆိုင်တယ်ဗျာ .. ကျွန်တော်လည်း အခု ဖြစ်နေတယ် .. သေချာမသိသေးလို့ .. မအားသေးတာနဲ့
မစုံစမ်းရသေးဘူး .. ဘာရည်ရွယ်ချက်တွေများလဲ မသိဘူးဗျာ

December Cinderella said...

အစ်မ ....
ဒီလိုပါပဲ ..
အမှန်တရားအတွက် အချိန်ပဲလိုတာပါ ...

အိမ် said...

မဇင်ရေ သူ့မေး(သို့)၀က်စာမတွေ့ဘူးလားဗျ
နောင်ဆို မဇင်ဘယ်ဘလော့သွားသွား မဇင်ရဲ့
မေး(သို့)၀က်စာထည့်ပေါ့ ပြီးတော့ အားလုံး
ကိုလဲ အသိပေးထားပေါ့ဗျာ။
တမင်နှောက်ယှက်တာလား၊ ဒါမှမဟုတ် နာမည်တူနေလို့များလားဗျာ။

အိပ်မက်နိဒါန်း said...

အစ်မရေ..

အမှန်တရားက ကိုယ့်ဘက်မှာပါ.နေကောင်းအောင်နေနော်.

thihanyein said...

အမသက်ဇင် လည်း တိုက်ခိုက်ခံနေရပါလားဗျာ***
အဲဒီလူတွေကလည်း ဘာလို့များ မနာလိုဖြစ်နေကြတာ
လဲမသိဘူးနော်***ခက်ပါတယ်ဗျာ***အမသက်ဇင်ရေ***
အပ္ပာမာဒေန သမ္ပာဒေထ ***ပါ အမရေ****

ဇင်ယော် said...

အစ်မရေ နံမည်လေးဆင်တူအောင်ရေးပေမယ့် အတွင်းအနှစ်သာရက ကွဲပြားပါတယ်ဗျာ။ ဘယ်မှာ ဘယ်လိုဖြစ်မှန်းမသိပေမယ့် အမှန်တရားဆိုတာ ဖုံးကွယ်လို့ မရသလို ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ.ပါဘူး အစ်မရေ။ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေဗျာ။

တားမြစ် ထားသော... said...

မရောက်တာကြာလို့ လှည့်လာတယ်။ အသိပေးကြေငြာခြင်းနဲ့ တွေ့နေတယ်။ သေချာတော့သိဘူးအမ။ အလွဲသုံးစားလုပ်နေတာ ကျွန်တော့်ဆီမှာ လာလည်တဲ့ မသက်ဇင်မဟုတ်ရင် ကျေနပ်နေမယ်။ ပြဿနာကတော့ အင်း... ပြောရရင် အတွင်းကျကျ အမလိုတူအောင် ရေးနိုင်ဖို့ကတော့ မလွယ်တာအမှန်ပါ။ အဆင်ပြေလာမှာပါ။ အသိပေးထားတော့ သတိထားမိတာပေါ့။ ဘယ်မှာရေးတယ်သိရင်တော့လည်း ကောင်းသား။

စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ။

သုခမိန်(E-Journal)

flowerworld said...

မမအားလာပေးတာ...အဆင်ပြေပျော်ရွှင်ပါစေနော်
အမှန်တရားအတွက်အချိန်ပဲလိုတာပါ

megumi said...

မမရေ၊
မမလုပ်တာမဟုတ်မှန်း လူတိုင်းသိပါတယ်။
စိတ်မကောင်းမဖြစ်နဲ့နော်။
သူ့ထိုက်နဲ့ သူ့ကံသွားပလေ့စေသိလား။

စကားမစပ်၊ ပို့စ်အသစ်ရေးပါအုန်း။

TTK said...

ကောင်းကင်ကိုနံရံလုပ်ပြီး ပန်းချီးဆွဲလို့မရသလို ကောင်းကင်ကိုတံထွေးထွေးတဲ့သူဟာလည်း ထွေးလိုက်တဲ့သူကိုသာ ပြန်ပြီးပေကျံပါတယ်၊ သူတော်ကောင်းမြတ် အအေးဓာတ် လွှမ်းပတ်ကမ္ဘာတည်စေသော်-

နေ့အိပ်မက် said...

မမရယ်၊ အိပ်မက်ကဘလော့ဂါအသစ်ဆိုပေမယ့် ဒါမျိုးကြားရတော့ စိတ်မကောင်းဘူး၊ ဟိုနေ့ကပဲ အိပ်မက်ဘလော့မှာဆီပုံးထည့်ရင် တွေးနေမိတာ... အဲလိုလာလုပ်ကြရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့လေ၊ အဆင်ပြေသွားမှာပါ၊ အဲဒါမျိုးတွေအတွက် စိတ်ရှုပ်ခံမနေနဲ့သိလား

မိုးသောက် said...

အစ်မရေ အခု မှ သိလို့ ပြေးလာတာ
အခုလို လုပ်တာကတော့ တစ်ကယ် အောက်တမ်းကျပါတယ်
ဘာပဲ ပြောပြော အစ်မရာ ကိုဇင်ယော်ပြောသလိုပဲ
နာမည်ဆင်တူရုံနဲ့တော့ အနှစ်သာရချင်း မတူပါဘူး
အစ်မ သက်ဇင်ကို ကျနော်တို့ အားလုံး သိပြီးသားတွေပဲ
သူ့မိုက်လမ်းကို သူဖောက်နေတာပါဗျာ ...

winlatt said...

အမရေ...
စိတ်ညစ်ပျောက်ပြီလား....
စိတ်ကျန်းမာရေးလဲ ဂရုစိုက်ပါဦး....
ငါ့အမကို စိုးရိမ်လို့ပါ....

ချစ်ခြင်း ခြေရာ said...

အမရေ..တကယ်ကြားရတာ စိတ်မကောင်းပါဘူးဗျာ..။
ဘာပဲဖြစ်ဖြစ် အမကို ခင်မင် လေးစားတဲ့ မိတ်ဆွေတွေ ရှိနေပါသေးတယ် ။
အမ အမြန် စာပြန်ရေးနိုင်ပါစေ..။
အမ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာပါစေဗျာ.။

သန့်ယဉ်ကို said...

ဖြစ်မှဖြစ်ရလေ ဗျာ မိတ်ဆွေတွေထဲက ဒီလို ဖြစ်တော့
စိတ်မကောင်းပါဘူး ... ။ ကိုယ်လုပ်စရာ ရှိတာ
ဆက်လုပ်ပါ အမ ။ ဘယ်သူ ဘယ်လိုလူ ဆိုတာ
လူတစ်ယောက်ရဲ့ အပြုအမူ အနေအထိုင်ကို ကြည့်ပြီး
အကြမ်းဖျင်း သုံးသပ်လို့ ရပါတယ် ။
အမှန်တရားဆိုတာ ရှိပါတယ် အဆင်ပြေသွားမှာပါ .. ။
စိတ်ဆင်းရဲ ခံမနေပါနဲ့ ..။



အားပေးလျှက်
သန့်ယဉ်ကို

တက်လူငယ် said...

ဘလော့ဂ်တစ်ခုမှာ အရင်ဆုံး တွေ့ဖူးပါတယ်။ နောက်တစ်ခုထပ်တွေ့တော့ ဒီလူတစ်ယောက်တည်းဆိုတာ သဘောပေါက်သွားတယ်။ သူ့ရဲ့IP နံပါတ်ကို မှတ်ထားပြီး အကယ်လို့ အစ်မနာမည်နဲ့ လာရေးတာမျိုးရှိလာခဲ့ရင် ဘလော့ပိုင်ရှင်တွေအနေနဲ့ ပြန်ပြီးဖော်ထုတ်ပေးကြဖို့တော့ ကောင်းတယ်လို့ အကြံပြုပါတယ်။ IP နံပါတ်ကို ပိတ်သင့်ပိတ်ရမှာပဲ။ ဒါမှ တိုက်ဆိုင်စစ်ဆေးလို့ရမှာပါ။

ဘာပဲဖြစ်ဖြစ်...
'' အများအကျိုးရွက်သယ်ပိုးက ခနိုးခနဲ့ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့... ''

ဆရာတော်ကြီးတစ်ပါးရဲ့အဆုံးအမအတိုင်း လိုက်နာသွားကြပါစို့ဗျာ။

ပျော်ရွှင်နိုင်ပါစေ...
ခင်မင်လျက်..
တက်လူငယ်..

မဆုမွန် said...

အစ်မရေ ဘလော့ဆိုတာ မလုပ်ဘူးခင်တုန်းက အဲ့လိုပဲ ဘလော့ကာနှစ်ယောက်ကို ကျွန်မ မေးလ်လိပ်စာနဲ့ ဆဲသွားတယ်တဲ့ နောက် အဲ့ထဲက တစ်ယောက်က ပြန်မေးမှ သွားပြေးကြည့်ရတယ်..
ဘယ်လို ရည်ရွယ်ချက်လဲဆိုတာ မသိပေမယ့်...
အားနေတုန်း ထိုင်နေတုန်းလေး ခြေလေးတော့ ထိုးခံဖို့ ခြေထောက်လေး ထုတ်ထားမှ ဆိုတဲ့ စိတ်ရှိတဲ့ သူတွေပဲ ဖြစ်မှာပါ.. အစ်မလာလည်နေကျ မရောက်လာလို့ အခုမှ သိတယ်..စိတ်မကောင်းဘူး အစ်မရေ..ဘာပဲဖြစ်ဖြစ် ပို့စ်လေးတွေ များများဖတ်ချင်ပါတယ် အစ်မ အေးချမ်းပါစေ

saiburma said...

Hello Ma Thet Zin,
I m crazy about this site. coz when i miss my SHAN people,this remember for me.. nice.I can get so many stories from SHAN,I miss so much.This is the first time I visited in my life to this web site, Its amaizing to
read.Thanks a lot.

Sai...

Ðaywalker[Soul] said...

အစ်မရေ ... ပိုစ် အသစ်တင်ဖို့ စိတ်ပျက်သွားပြီလားဗျာ ... ကျွန်တော်တို့ မျှော်နေပါတယ်

HAPPY CLOUD said...

အဲလိုကြားရတာ စိတ်မကောင်းပါဘူးအမရေ...
သမိုင်းလေးတွေပြန်ရေးဖို့ မျှော်နေတယ်နော် အမ..
အဲ...ဆရာသက်... :P
ဖိုးမောင်

ကောင်းကင်ကို said...

အစ်မရေ။ စိတ်မညစ်နဲ့ နော်။ လာအားပေးသွားတယ်။

အလှတရား said...

ပတ်စ်ဝါ့ဒ်ရိုက်ထည့်ရတဲ့ နေရာတွေမှာလည်း ယုံကြည်ရတဲ့ နေရာတွေမှာပဲ သုံးသင့်တယ် အစ်မ....

ရဲရင့်နီ said...

အဓိကတော့.. မနာလိုတာပေါ့အမရယ်..
စိတ်မညစ်ပါနဲ့ အမရယ်..
ကိုယ်လုပ်စရာ ရှိတာ
ဆက်လုပ်ပါ အမရယ်..

M.Y. said...

အခုမှတွေ့  လို့ လာဖြစ်တယ်။ ကျွန်တော်ဖတ် ချင်နေခဲ့တဲ့ ပုဂံအကြောင်းတွေ၊ တန်ဖိုးရှိလိုက်တာ။ ဖြေးဖြေးပြန်လာဖတ်ရမယ်။

Than Kyaw Htay said...

အစ်မ မသက်ဇင်ရေ လာလည်ပါတယ်ခင်ဗျာ။

မုတ်ဆိုး .. said...

မသက်ဇင်.. အခုမှပဲ လာဖြစ်ပါတယ်.. သမိုင်းအကြောင်းကို သိပ်စိတ်မ၀င်စားပေမယ်. သေသေချာချာလေ့လာပြီးရေးသားထားတဲ့ မသက်ဇင် ရဲ့ Post တွေကို လေးစားသောအားဖြင့် လာလာကြည့်တာပါ.. ၀ီရိယရှင်တစ်ယောက်ဖြစ်မယ်လို့ လည်းထင်ပါတယ်.. တော်တော်များများကလည်း လေးလေးစားစားရှိပါတယ်.. မိမိရဲ့စာဖတ်ပရိသတ်တွေအတွက်လိုင်းတစ်မျိုးတည်းကို သေသေချာချာပြုစုတင်ပြနေတဲ့ သစ္စာရှိမှုကိုလည်းချီးကျူးပါတယ်.. သစ္စာဆိုတာ သတ္တိပဲ.. သစ္စာဆိုတာ သတ္တိပဲ.. ကိုယ်လုပ်စရာရှိတာသာ ဆက်လုပ်ပါ..
The tallest trees are the most of the wiind.
လုပ်ချင်တဲ့သူကတော့ ဆက်လုပ်နေမှာပဲ.. ကိုယ့်လုပ်ရိုး၊ လုပ်စဉ်အတိုင်းပဲလုပ်စေချင်ပါတယ်.. သူတို့ကိုလည်း ဘာမှတုန့်ပြန်စရာမလိုဘူးလို့ထင်ပါတယ်..