Wednesday, April 16, 2008

ရှေးဟောင်းမွန်လူမျိုးများ ( ၂ )

၃ ရာစု ခန့် ဝန်းကျင် လောက် တွင် ဗီယက်နမ် နိုင်ငံတွင် ပေါ်ပေါက် ခဲ့သည့် စမ္ပပြည်နယ် နှင့် ငှင်း ၊ ၅ ရာစု လောက် တွင် စတင် တည်ထောင် ၍ ၁၃ ရာစု ခန့် လောက် အထိ အင်ဒိုချိုင်းနား ကျွန်း ဆွယ် နှင့် အ ရှေ့  အာ ရှတိုက် တောင်ပိုင်း တွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဇ နိုင်ငံ တော်ကြီး နှင့် ရှေး ဟောင်းမွန်လူမျိုး များ သည်ဆက်သွယ် မှု များရှိ ခဲ့ကြသည်။
ရှေးဟောင်း မွန်လူမျိုး များ သည် မဲနံ မြစ်ဝှမ်း ဒေ သ တ၀ိုက် တွင် နှစ်ကာလ များ စွာ နေထိုင်ပြီး မှ မြန်မာ နိုင်ငံတောင်ပိုင်း ဒေသ ဖြစ် သည့် တနသ်ာရီ ဘက်သို့ ပြန့် နှံ့ ဝင်ရောက်လာကြသည်။ ထို့ နောက် ဧရာဝတီမြစ် ၀ှမ်းများ နှင့် ၊ စစ်တောင်း ၊ မြစ်ဝကျွန်းပေါ် ပဲခူး ဘက် သို့ ပြန့် နှံ့လာပြီး ၉ ရာစုနှစ်ခန့် တွင် ဥသာပဲခူးပြည် နှင့် မာလ မင်းဆက် ကို ထူထောင်ကြသည်။
ထိုသို့ ထူထောင်စဉ် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဘက်ကို အခြေစိုက်ထူ ရန်ကြိုးပမ်း အား ထုတ်ကြ သည့် အိန္ဒိယ နိုင်ငံတောင်ပိုင်း ချိုလာ မင်းဆက်ဘုရင်များနှင့် တိုက်ခိုက်ကြရသည့် စစ်ပွဲများ အကြောင်း အား မွန် ရာဇဝင် များ ၌ ရေးသားထားသည်။ ၁၀ရာစုခန့်က အိန္ဒိယတောင်ပိုင်း ချိုလာမင်းဆက် ရာဂျန်ဒရာ မင်းသည်မြန်မာနိုင်ငံ ပင် လယ်ကမ်းရိုးတန်းကို တိုက်ခိုက် သိမ်းပိုက်ထားကြောင်း ဖေါ် ပြထားသည်။

ခမာ လူမျိုးတို့  ၏ ကမ္ဗောဒီးယား နိုင်ငံ တန်ခိုး ကြီးမား ခဲ့ စဉ် က မွန်လူမျိုး တို့ မြို့ ပြ ပြည်နယ်များ ကို ယင်း တို့ နိုင်ငံ ၏ အစိပ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက် တွင် ဥသာ ပဲ ခူး အား မဲနံမြစ်ဝှမ်း မှ ဂျွန်းစစ်သည်များ လာရောက် တိုက်ခိုက် ၍ အနော်ရထာဘုရင်၏ တပ်များ က သွား ရောက် ကူ ညီ ရ ကြောင်း ရာဇ၀င်သမိုင်းများ၏ ရေးသားထားချက်များကို လည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။

ရှေး ဟောင်း မွန်လူမျိုးများ သည် တနသ်ာရီ မှ ပဲခူး အထိပြန့်  နှံ့ လာပြီး ရာစုနှစ် အနည်းငယ် အတွင်း မြစ်ဝ ကျွန်းပေါ် ဒေသတခုလုံး သို့ ပြန့် နှံ့သွားကြသည်။ ရန်ကုန် မြောင်းမြ ပုသိမ် ဖျာပုံ ကျိုက်လတ် တွံတေး ဒေး ဒရဲ လ ပွတ္ကာဓနုဖြူ ကျုံပျော် မြို့ များသည် မွန်လူမျိုးများ တည်ထောင် ခဲ့ကြ သည့်မြို့ ပြများ ဖြစ်ပြီး အ ခေါ် အဝေါ် များ သည် လည်း မွန်လူမျိုး တို့ ဝေါဟာရများ ဖြစ်သည်။

၁၄ ရာစုခန့် လောက်တွင် ရှေးဟောင်း မွန်လူမျိုး တို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ် နေ ခြင်း အား ရာမညတိုင်း ကို စတင်ထူထောင် သည့် ၀ါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင် က ပထမ ဦးဆုံး အကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ ရှေးဟောင်း မွန်လူမျိုးတို့  ၏ မြို့ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာ နှင့် ယဉ်ကျေးမှု များ အား လေ့လာ တွေ့ရှိချက် တွင် ရှေးဟောင်း ပျူလူမျိုးများ ကဲ့သို့ ဗြဟ္မဏ နှင့် မဟာယန များ ကို မတွေ့ ရှိရ ပဲ ထေရ၀ါဒ ဆိုင်ရာ ယဉ်ကျေးမှုများ ကို သာ တွေ့ရှိရသည်။ ပိသုကာ နည်းမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်း သို့နွယ် ကာ ပါဠိစာပေ ကို သာသုံးစွဲပြီး အက္ခရာ အရေးအသား မှာ အိန္ဒိယ နိုင်ငံအရှေ့ တောင် ဘက် ကမ်းရိုးတန်းဒေသသုံး ပါလ၀ အက္ခရာမျိုးနှင့် ဆင်တူလေသည်။

ကျမ်းကိုး
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
အရှေ့တောင်အာရှ ရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။

3 comments:

မေမေခင် said...

မြန်မာနိုင်ငံမှာ မွန်တွေက စောစောရောက်တာပေါ့နော်

နန်း said...

ရန်ကုန် မြောင်းမြ ပုသိမ် ဖျာပုံ ကျိုက်လတ် တွံတေး ဒေး ဒရဲ လ ပွတ္ကာဓနုဖြူ ကျုံပျော် မြို့ များသည် မွန်လူမျိုးများ တည်ထောင် ခဲ့ကြ သည့်မြို့ ပြများ ဖြစ်ပြီး အ ခေါ် အဝေါ် များ သည် လည်း မွန်လူမျိုး တို့ ဝေါဟာရများ ဖြစ်သည်။

အော် ဧရာဝတီတိုင်းက မြို့တွေဟာ မွန်အမည်တွေကိုး။

မောင်ဥက္ကာငယ် said...

မြန်မာစာဆိုတာ...မွန်စာကိုအခြေခံပြီးဖြစ်ပေါ်လာခဲ့တာကိုစာဖတ်တဲ့သူတိုင်းသိနိုင်ပါတယ်..။မွန်အက္ခရာဗျည်း
တွေကိုလေ့လာကြည့်ပါ..မြန်မာဗျည်းများထက်ပိုမိုများ
ပြားပြီး...မြန်မာနိုင်ငံအနှံ့မှာရှိတဲ့..အခေါ်အဝေါ်တော်
တော်များများဟာ...မွန်မူပိုင်အခေါ်အဝေါ်များသာဖြစ်
ကြပါတယ်ခင်ဗျာ...မွန်ဆိုတာ..တကယ်တော့..တိုင်း
ရင်းသားလူမျိုးတွေအားလုံးထဲမှာ..ရှေးအကျဆုံးနဲ့သမိုင်း
မှာအကြီးကျယ်ဆုံးသောလူမျိုးတွေပါ