Thursday, May 15, 2008

ရှေးဟောင်း ရှမ်းနှင့် ကရင် အခြား လူမျိုးစုများ

မြန်မာ နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ ဘက် တောင်ကုန်း အရပ်ဒေသ များ တ၀ိုက် တွင် ပုဂံ ပြည် မ တိုင်ခင်နှစ် ရာစု အတန်ကြာ လောက် က ပင် ရှမ်းလူမျိုး များ နှင့် အနွယ် တူ လူမျိုးစု များ သည် ၀င်ရောက် နေကြ ပြီး မိမိ တို့ နှင့် အနွယ်တူ လူမျိုး စုများ အ လိုက် မြို့ ပြပြည်ရွာများ ထူထောင်ပြီးစီး ကြောင်း သမိုင်းဝင်အ ထောက်အထား များတွေ့ ရသည်။

မြန်မာ နိုင်ငံ မြောက်ပိုင်း ရှိ မိုးညှင်း ၊ မိုးကောင်း ၊ မြန်မာ နိုင်ငံ အရှေ့  ပိုင်း ရွှေလီမြစ် ၀ှမ်း ပြည်နယ် များ သည် ပုဂံပြည် မတိုင်မှီ က ပင် ထင်ရှား သည့်ပြည်နယ် များ ဖြစ်သည်။ ပုဂံခေတ် မတိုင်မှီ အ ထိ အနောက်တိဗက် အနွယ်ဝင် များဖြစ် သည့် ဂျင်းဖေါ ခေါ် ကချင်လူမျိုးနွယ်များ သည် ၀င်ရောက်ခြင်း မပြုကြ သေးပေ၊ ချင်း လူမျိုး များ သည် လည်း အနောက် ရိုးမ တောင်တန်း ရှိ စုံမရ တောင်ရိုး တ၀ိုက် သို့ စတင် ဝင်ရောက်ခါ စ ဖြစ် လိမ့်မည် ဟု ခန့် မှန်းကြ သည်။ မြန်မာ နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ ပိုင်း အရပ်ဒေသ များ သို့ ပြန့် နှံ့ ဝင် ရောက် ပြီး မိမိ တို့ ဘာသာ ဘာဝ မြို့ ပြပြည်နယ် များ တည်ထောင် ၍ နေထိုင်ကြ သည့် ရှမ်း လူမျိုးစု များ သည် ပုဂံ ပြည် မတိုင်မှီ အထိ မြန်မာနိုင်ငံ သမိုင်းဖြစ်ပေါ် တိုးတက် မှု နှင့် ဆက်စပ်ခြင်း မရှိသေးပေ။

ထို အချိန် က တရုတ်ပြည်ယူနန်နယ် တွင် တန်ခိုး အင်အားကြီးမား လျက်ရှိ သည့် နန်ချို နိုင်ငံ နှင့်သာ ပထ၀ီ ဒေသ အ ရ ဆက်စပ်နေသည် တကြောင်း။ လူမျိုးရေး အရ ဆက်စပ်နေသည် ကြောင့်လည်း ဖြစ်သည်။ မြန်မာ နိုင်ငံ မြောက်ပိုင်း ယခုခေတ် ကချင် ပြည်နယ် နှင့် အရှေ့ ပိုင်း တောင်ကုန်း အရပ်ဒေသ များ ဘက် သို့ ပြန့် နှံ့ဝင်ရောက် လျက်ရှိ သည့် ရှမ်းလူမျိုးစုများ ကဲ့သို့ ကရင်လူမျိုးစုများ သည်လည်း ယခုခေတ် ကယား ပြည် နယ်နှင့် မိုးဗြဲနယ် များ တွင်ငှင်း ၊ တောင်ငူ နှင့် စစ်တောင်းမြစ် အရှေ့ ဘက် တောင်တန်းဒေသများ တွင်ငှင်း ၀င်ရောက် နေကြပြီ ဟု အထောက် အထား များ တွေ့ ရှိရသည်။

အချို့ သမိုင်း သုတေသီများ က ကရင်လူမျိုး များသည် မြန်မာနိုင်ငံအတွင်း သို့ ရှေးအကျ ဆုံး ၀င် ရောက်လာကြ သည့် မောင်းဂွတ် အနွယ်ဝင် များ ဖြစ်သည်ဟု ယုံကြည် ကြသည်။ မြန်မာ နိုင်ငံရှိ ကရင် အမျိုးသား များ အ ကြောင်း ရေးသား ခဲ့သည့် မာရှယ်ဆို သူက ကရင်လူမျိုးများ သည် နီဂရစ်တိုများ မြန်မာနိုင်ငံ၌ နေထိုင်စဉ် ရှေး ပဝေသဏီ အချိန်လောက် က ပင် ၀င်ရောက် နေထိုင် လျက်ရှိသည် ဟု ယူဆ ကြောင်း ငှင်း ၏စာ အုပ် တွင် ရေး သား ဖေါ် ပြထားသည်။
မွန် ရာဇ၀င်ဟောင်းများ ၌ လည်း သုဝဏ္ဏဘုမ္မိ သထုံ ကို မတည်ထောင်မှီ က က ရင် လူမျိုးနွယ်စု ဖြစ်သည့် ပအို့ တောင်သူ များ သည် သထုံ ဘက် သို့ ဝင်ရောက် လျက် ရှိပြီဟု ရေး သား ထား သည်။
ကျမ်းကိုး
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅

4 comments:

Than Kyaw Htay said...

အလွန်ရှည်လျားတဲ့မြန်မာ့သမိုင်းကို လိုရင်း
ရောက်ဖို့ ကောက်နုတ်စုစည်းပြီး ဘလောဂ်ရေး
ရတာမလွယ်ကူမှန်းသိပါတယ်၊ ကြိုးစားပြီး
စာဖတ်သူ ကိုသမိုင်းထဲ ဆွဲခေါ်ယူသွားနိုင်တဲ့
မသက်ဇင်ကို ချီးကျူးပါတယ်ဗျာ။
ဆက်ရေးပါ။ အားပေးနေပါတယ်။

နှင်းရည် said...

အခုမှ ပိုစ့်အဟောင်းတွေ လာဖတ်နိုင်တယ်
ရှေးဟောင်း မြန်မာတိုင်းရင်းသား လူမျိုးစုများ
အကြောင်းကို စိတ်ဝင်စားစရာလေ့လာဖတ်သွားပါတယ်

နန်း said...

မြန်မာနိုင်ငံရှမ်းပြည်ကရှမ်းတွေနဲ့ ယိုးဒယားလူမျိုး
( ရှမ်း ) တွေက အမျိုးနွယ်တူတွေပေါ့နော်။

မန်းကိုကို said...

ပို့စ် တစ်ချို့skim လုပ်ကြည့်ပြီး ယေဘုယျအားဖြင့် သမိုင်းကို တတ်နိုင်သမျှဘက်မလိုက်ပဲ ကြိုးစားရေးထားတယ်လို့ မြင်မိပါတယ်။ မျက်ကန်းမျိုးချစ်များအတွက် ညွှန်ပြဖို့ ဘလော့ကောင်းတစ်ခုလို့ ယူဆပါတယ်။ နောက်မှ လာထပ်ဖတ်ပါအုံးမယ်။