Thursday, May 15, 2008

ရှေးဟောင်းမြန်မာလူမျိုးများ

အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက်ဘာသာ ဝေါဟာရ အုပ်စု ၀င်လူမျိုး တမျိုးဖြစ် သည် ဟု အတည် ပြု ထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူနယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက်ကုန်းမြင့် ဒေသ တ၀ိုက် သို့ ပြောင်းသွားကြသည်။

တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇ၀င် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ငှင်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည်။

ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက် ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့ သွားသည် ဟု ဆိုသည်။

မြန်မာ တို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေစိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထိုအချိန် ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက်ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည်ထောင်လေသည်။

ကျမ်းကိုး
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )

တရုတ်မှတ်တမ်းဟောင်း

ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်

6 comments:

သစ္စာ said...

ရှေးဟောင်းမြန်မာလူမျိုးများကို
အခုမှ လာဖတ်ဖြစ်ပါတယ်ခင်မျာ---

အလှတရား said...

အစ်မသက်ဇင်ကိုရော ကွန်မန့်ရှင်များကိုရော လေးစားကျေးဇူးတင်မိကြောင်းပါ။ ဆွေးနွေးခန်းလေးကို ဖတ်ပြီး အတွေးတွေ ပွားမိတယ်။
မိတ်ဆွေများကိုလည်း ဒီဆွေးနွေးခန်းလေးပြပေးပါမယ်။

ချမ်းမြေ့ကြပါစေ။

မေမေခင် said...

မသက်ဇင်ရဲ့ပိုစ့်ရောကွန်မန်းရေးသူကိုပါ
ကျေးဇူးတင်ပါတယ်
ဗဟုသုတရပါတယ်

မသက်ဇင် said...

မှတ်ချက်။ ။ ( ပျူလူမျိုးများနှင့်ပတ်သက်၍ သမိုင်းပညာရှင်များအတွင်း မတူကွဲပြား ရှုတ်ထွေးလျက်ရှိသော ပြသနာ တရပ်ကို အကျဉ်းသင့်၍ ဖေါ်ပြလိုပေသည်။ ယင်းမှာ အချို့ သမိုင်းပညာရှင်များက ပျူလူမျိုးတို့သည် တိဗက်အနွယ်ဖြစ်သည်။ သို့မဟုတ် ထိုင်ရှမ်းအနွယ်ဖြစ်သည်။ ပျူလူမျိုးများသည် တရုတ်ပြည် ယူနန်နယ်နှင့် စုချန်နယ်များမှ လာသည်။ သို့မဟုတ် အိန္ဒိယမှလာသည်။ စသည်ဖြင့် ကွဲပြားကြသည်။ ယင်းပြသနာမှာ မနုသဗေဒ ဘာသာ ဝေါဟာရ နှင့်လူမျိုးရေးဆိုင်ရာ ပညာရပ်များနှင့် အများဆုံး သက်ဆိုင်လိမ့်မည် ဖြစ်လျက် သမိုင်းရေးရာ ပြသနာ အနေနှင့်ကား ယေဘူယျ အနေမျှ လောက်သာ အကြုံးဝင် လိမ့်မည်ထင်ပါသည်။ မြန်မာနိုင်ငံသမိုင်းကို လေ့လာရာတွင် စဉ်းစားရုံမျှသာ ထည့်သွင်းဖေါ်ပြ လိုက်ခြင်းဖြစ်ပါသည်။ )

မေမေခင် said...

ရှေးရာဇဝင်ဟောင်းတွေက အချို့ ပုံပြင်ဆန်ဆန် ပါးစပ်ပြော
တွေများတာတွေ့ရပါတယ်။
လက်ဆုပ်လက်ကိုင် ရရှိထားတဲ့ သမိုင်းဝင် ပစ္စည်းကတော့ ပုဂံခေတ် လောက်မှာပဲ တွေ့ရတယ်။

နန်း said...

မှတ်ချက်။ ။ ( ပျူလူမျိုးများနှင့်ပတ်သက်၍ သမိုင်းပညာရှင်များအတွင်း မတူကွဲပြား ရှုတ်ထွေးလျက်ရှိသော ပြသနာ တရပ်ကို အကျဉ်းသင့်၍ ဖေါ်ပြလိုပေသည်။ ယင်းမှာ အချို့ သမိုင်းပညာရှင်များက ပျူလူမျိုးတို့သည် တိဗက်အနွယ်ဖြစ်သည်။ သို့မဟုတ် ထိုင်ရှမ်းအနွယ်ဖြစ်သည်။ ပျူလူမျိုးများသည် တရုတ်ပြည် ယူနန်နယ်နှင့် စုချန်နယ်များမှ လာသည်။ သို့မဟုတ် အိန္ဒိယမှလာသည်။ စသည်ဖြင့် ကွဲပြားကြသည်။ ယင်းပြသနာမှာ မနုသဗေဒ ဘာသာ ဝေါဟာရ နှင့်လူမျိုးရေးဆိုင်ရာ ပညာရပ်များနှင့် အများဆုံး သက်ဆိုင်လိမ့်မည် ဖြစ်လျက် သမိုင်းရေးရာ ပြသနာ အနေနှင့်ကား ယေဘူယျ အနေမျှ လောက်သာ အကြုံးဝင် လိမ့်မည်ထင်ပါသည်။ မြန်မာနိုင်ငံသမိုင်းကို လေ့လာရာတွင် စဉ်းစားရုံမျှသာ ထည့်သွင်းဖေါ်ပြ လိုက်ခြင်းဖြစ်ပါသည်။ )

အဲဒီမှတ်ချက် ဖတ် ရတော့ ပိုရှင်းသွားပါတယ်