Sunday, April 13, 2008

ရှေးဟောင်းမွန်လူမျိုးများ ( ၁ )

ရှေး ဟောင်း ပျူ လူမျိုး များ နည်း တူမြန်မာ နိုင်ငံ သ မိုင်း နှင့် ထေရ ၀ါရ ဗုဒ္ဓ ဘာသာ သာသနာ ကို အခြေခံအုတ် မြစ် ချပေး ခဲ့သူ လူမျိုး ကြီး တမျိုး မှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုး များဖြစ်သည်။ အရှေ့ အာရှ တိုက် ဆိုင်ရာ သမိုင်း ပညာရှင် များဖြစ်ကြ သည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက် တို့ က အာ ရှတိုက် တောင် ပိုင်း ဒေသများ သို့ ဦးစွာ ၀င်ရောက်လာ သည့် မောင်းဂွတ် အနွယ်ဝင်များ ဟု ဆိုကြသည် သို့ သော် တိဗက် တ ရုတ် နှင့် ထိုင်း တရုတ် အနွယ်ဝင် များ နှင့်မ ဆိုင်ပဲ သြစထရို အေရှတစ် အုပ်စုဝင် လူမျိုးနွယ် များ အ ဖြစ် မွန် ခမာလူမျိုး များအား သတ်မှတ်ကြသည်။

အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေ တ၀ိုက် ရှိ မွန်းဒတ်စ် လူမျိုး များ ၊ ဘင်္ဂလား နယ်ရှိ ဆန်သာလ် လူမျိုး များ ၊ အာ သံနယ် ရှိ ခါဆီး လူမျိုးများ ၊ မြန်မာနိုင်ငံ ရှိ ပလောင် ။ ၀ ။ မွန်လူမျိုး များသည် မူလ က လူမျိုး တမျိုး တည်းဖြစ် လိမ့်မည်ဟု ယူဆကြသည်။ သို့ သော် အာရှ တိုက်တောင်ပိုင်း သို့ ဝင်ရောက် လာကြ ရင်း အိန္ဒိယ ၊ မြန်မာ ၊ အင်ဒို ချိုင်းနား ကျွန်းဆွယ် ဒေသများ သို့ ပြန့် နှံ့ သွားကြ သည်ဟု သမိုင်း သုတေ သီများ က ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်း သို့  ၀င်ရောက် မလာခင် က ငှင်း တို့ နှင့် အ နွယ်တူ ခမာလူမျိုးများ နှင့် အတူ အင်ဒိုချိုင်းနား တ၀ိုက် တွင် နေထိုင် ခဲ့ကြကြောင်းသ မိုင်း ၀င် အ ထောက် အ ထားများ တွေ့ ရှိ ရ သည်။ ၁၃ ရာစု လောက် က မှ ယိုးဒယား ( ထိုင်းလင်း ) များ ဝင် ရောက် နေထိုင်ကြ သည်။

အင်ဒို ချိုင်းနား ကျွန်းဆွယ် မဲနံမြစ် ၀ှမ်းဒေသ တ၀ိုက် တွင် ရှေးဟောင်း မွန်လူမျိုး များ နှင့် သက်ဆိုင်သည့် မြို့ ဟောင်းမြို့ ပျက် များ ၊ ဘာသာ ကိုးကွယ် မှု ဆိုင်ရာ ၊ ရှေးဟောင်း ကျောက်စာ များ ကို တွေ့ ရှိရသည်။ မွန်ရာဇ၀င် ဟောင်း များ ၌ မဲနှံမြစ်ဝှမ်း မြောက်ပိုင်း ဒေသ ကို ယောနက တိုင်း ဟရိပုဉ္စပြည်နယ် ၊ တောင် ပိုင်းဒေသကို အယ ဇ္ဈယ တိုင်း ဒွါရ၀တီပြည်နယ် ဟု ရေးသား ဖေါ်ပြ ကြပြီး အာရပ် ခရီးသွား မှတ်တမ်း များ တွင် လည်း သုဝဏ္ဏဘုမ္ဓိ တိုင်း ၏ ကြီး ကျယ် ခန်းနား ပုံ ကို ရေးသား ထားကြသည်။ ရှေးဟောင်း မွန်လူမျိုး များ သည် အိန္ဒိယ တောင်ပိုင်း ဒေသများ နှင့်ကူးလူး ဆက်ဆံခဲ့ကြပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှု များ ကိုမြန်မာ နိုင်ငံတွင်းသို့ တင်သွင်းခဲ့ကြသည်။

ကျမ်းကိုး
ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
အရှေ့တောင်အာရှ ရာဇ၀င်၊ ဟော-၁၉၅၅
မြန်မာ ရာဇ၀င် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။






3 comments:

Than Kyaw Htay said...

အလွန်ရှည်လျားတဲ့မြန်မာ့သမိုင်းကို လိုရင်း
ရောက်ဖို့ ကောက်နုတ်စုစည်းပြီး ဘလောဂ်ရေး
ရတာမလွယ်ကူမှန်းသိပါတယ်၊ ကြိုးစားပြီး
စာဖတ်သူ ကိုသမိုင်းထဲ ဆွဲခေါ်ယူသွားနိုင်တဲ့
မသက်ဇင်ကို ချီးကျူးပါတယ်ဗျာ။
ဆက်ရေးပါ။ အားပေးနေပါတယ်။

နန်း said...

အင်ဒို ချိုင်းနား ကျွန်းဆွယ် မဲနံမြစ် ၀ှမ်းဒေသ တ၀ိုက် တွင် ရှေးဟောင်း မွန်လူမျိုး များ နှင့် သက်ဆိုင်သည့် မြို့ ဟောင်းမြို့ ပျက် များ ၊ ဘာသာ ကိုးကွယ် မှု ဆိုင်ရာ ၊ ရှေးဟောင်း ကျောက်စာ များ ကို တွေ့ ရှိရသည်။ မွန်ရာဇ၀င်ဟောင်း များ ၌ မဲနှံမြစ်ဝှမ်း မြောက်ပိုင်း ဒေသ ကို ယောနက တိုင်း ဟရိပုဉ္စပြည်နယ် ၊ တောင် ပိုင်းဒေသကို အယ ဇ္ဈယ တိုင်း ဒွါရ၀တီပြည်နယ်ဟု ရေးသား ဖေါ်ပြ ကြပြီး အာရပ် ခရီးသွား မှတ်တမ်း များ တွင် လည်း သုဝဏ္ဏဘုမ္ဓိ တိုင်း ၏ ကြီး ကျယ် ခန်းနား ပုံ ကို ရေးသား ထားကြသည်။

အရင်က သုဝဏ္ဏဘုမ္ဓိ (သထုံ ) ပဲထင်နေမိတာ
အခုမှ မဟုတ်မှန်းသိတော့တယ်။

နှင်းရည် said...

အဟောင်းတွေပဲ ပြန်ဖတ်နေရတယ်။
အသစ်ရေးပါအုံး။