Sunday, April 6, 2008

ပုဂံပြည်မတိုင်ခင် မြန်မာနိုင်ငံနှင့် ထေရ၀ါဒသာသနာ

ရှေး နှစ် ပေါင်း ငါး ထောင် လောက် က အင်ဒို အာရိယန် လူမျိုး များ ဂင်္ဂါ ၊ အိန္ဒိယ နိုင်ငံ အိန္ဒု မြစ်ဝှမ်း များ သို့ မ
ဝင် ရောက် မပြန့် နှံ့ မီနှင့် မောင်းဂွတ် အနွယ်ဝင် များ အာရှ တိုက် အရှေ့ ပိုင်း အရှေ့ တောင်ပိုင်း များ သို့ မ၀င် ရောက် မပြန့် နှံ့သေး မီ က ပင် မြန်မာနိုင်ငံ တွင် ကျောက် လက်နက် များ အသုံး ပြု ခဲ့ သည့် ရှေး ဟောင်း လူမျိုးများ နေထိုင်ခဲ့ကြသည့် အ ထောက်အထား များ တွေ့ ရှိခဲ့ရသည်။

အထက် မြန်မာနိုင်ငံ ဒေသများ နှင့် ပဲခူးခရိုင် ၊ မြင်းခြံ ၊ ပခုတ္ကူ ၊ သရက် ၊ မကွေးခရိုင် နှင့် ရခိုင် တနသ်ါရီ ကမ်း ရိုးဒေသ များ တွင်အနှံ့အပြား ရှာဖွေတူးဖေါ်ရရှိခဲ့သည်၊ ကျောက် ခေတ် လူမျိုး များ နောက်ပိုင်း ၊ အာရှတိုက် အ ရှေ့ တောင်ပိုင်း သို့ ဝင်ရောက် လာကြသည့် အင်ဒိုနီး ရှင်း များသည် မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်း တွင် နှစ်အတန်ကြာ နေထိုင် သွားကြ သည် ဟု ယူဆရသည်။

မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တ၀ိုက်တွင် နှစ်ပေါင်း နှစ်ထောင်ကျော် က နေထိုင်သွားခဲ့ကြသည့် အင်ဒို နီး ရှင်း များအား ရှေးခေတ် ပထ၀ီ ပညာရှင်ကြီး တိုလေမီ က လူသားစား အရိုင်းအစိုင်းများ ဟုဖေါ်ပြခဲ့သည်။ မြိတ် ကျွန်းစုတ၀ိုက် ရှိ ဆလုံ လူမျိုးများသည် အင်ဒိုနီးရှင်း အကျွင်းအကျန်များ ဟု သမိုင်းပညာရှင် များက ယူဆ ကြ သည်။ နောက်ပိုင်း အင်ဒိုအာရိယန်လူမျိုးများသည် အိန္ဒိယပြည် သို့ ငှင်း။ မောင်းဂွတ်အနွယ်ဝင် များ သည် အာ ရှတိုက် အရှေ့ ပိုင်း ၊ တောင်ပိုင်း များ သို့ ဝင်ရောက် လာ ကြသည်။ ယင်း လူမျိုး ကြီး နှစ်မျိုး သည် အာရှတိုက် သို့ 
ဝင် ရောက်လာကြပြီုး တွေ့  ဆုံခဲ့ ကြ သည် ကို အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ က လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ငါးရာ နှင့် သုံးထောင်ခန့် အကြား ဟုခန့် မှန်းကြသည်။

မောင်းဂွတ် အနွယ် များ အား အိန္ဒိယ ပြည် တွင် အင်ဒို အာရိယန်များ က ဖိ သဖြင့် အ ရှေ့ တိဗက် နှင့် အနောက်တိဗက် ဟူ၍ အုပ်စုနှစ်စု ကွဲသွားသည်။ အရှေ့တိဗက်အုပ် စု က တရုတ်ပြည် ယူနန် နယ် ဘက် သို့ဝင် ရောက် သွားပြီး အနောက် တိဗက်အုပ်စု က အိန္ဒိယပြည် တွင်း သို့ ဝင်ရောက်သွားသည်။ အနောက် တိဗက်အုပ်စု ကို အင်ဒိုအာရိယန်များ က ဖိသဖြင့် မဏိပူရ ၊ အာသံနယ်များ မှ တဆင့်မြန်မာနိုင်ငံတွင်း သို့ဝင်ရောက် လာ ကြ သည်။ တရုတ်ပြည် ယူနန်နယ်ဘက် သို့ ဝင်ရောက်သွား ကြသည့် အရှေ့ တိဗက်အုပ်စု သည် တရုတ်က ဖိ သဖြင့် မြန်မာနိုင်ငံ တွင်းသို့ အစုစု ကွဲပြီး ၀င်ရောက် လာကြပြန်သည်။ သို့ ရာတွင် မောင်းဂွတ်အနွယ်ဝင် မွန်ခမာ လူ မျိုး စုများ သည် အင်ဒို ချိုင်း နား ကျွန်းဆွယ်ဒေသ များ သို့ သမိုင်း ၏ ခပ်စောစော အချိန် ပိုင်း လောက် က ပင် ဝင်ရောက် နေ ကြပြီဖြစ်သည်။
လွန်ခဲ့ သည့် နှစ်ပေါင်း၂၀၀၀ နှင့် ၂၅၀၀ကြား တွင် တရုတ်ပြည် ချင်မင်း ဆက် ဘုရင်များ သည် ယခင်က လူမျိုးစု အလိုက် အကွဲကွဲ အပြားပြား ပေါ်ပေါက်လျက် ရှိသည့်ပြည်နယ် များ အား တ ရုတ်ပြည်ကြီး တပြည် ဖြစ်လာရန် စည်းလုံးနိုင်ခဲ့ကြသည်။

ထို့ အတူ အိန္ဒိယပြည် ( တောင်ပိုင်း မှလွဲ၍ ) စန္ဒဂုတ်မင်း ဆက်ဘုရင် များ သည် လူမျိုး စု အလိုက် အကွဲကွဲအ ပြား ပြား ဖြစ်နေပေါ်နေကြသည့် ၊ မာဂဓ ၊ ၀ိဒေဟ ၊ ကောသလ ၊ ပဉ္စလာစသည့် ပြည်နယ်များကို သိမ်း သွင်းပြီး အိန္ဒိယပြည်ကြီး ကို စည်းလုံးနိုင်ခဲ့သည်၊ ထိုသမိုင်းများသည် အထောက်အထား ခိုင်လုံသည့် အိန္ဒိယ နှင့် တ ရုတ် ပြည် တို့ ၏သမိုင်းဝင်အဖြစ် အပျက်များဖြစ်သည်၊

ကျမ်းကိုး
မိတ်ဆိနာခေတ်ဦးဖုနန်ဖန် ၊ ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
အရှေ့တောင်အာရှရာဇ၀င်၊ ဟော-၁၉၅၅
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ ၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇ၀င်၊ ဟော ၁၉၅၅
မြန်မာရာဇ၀င် (ဟာဗေး ၁၉၂၅)
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်

4 comments:

စိုးထက် - Soe Htet ! said...

စိတ်ဝင်စားပါတယ် ဆက်ရေးပါ ခင်ဗျ ... ကိုအက္ခရ ဆီကိုလည်း သွားရောက် လေ့လာ ကြည့်ပါ လို့ အကြံပြုပါတယ် ... :)

Than Kyaw Htay said...

အလွန်ရှည်လျားတဲ့မြန်မာ့သမိုင်းကို လိုရင်း
ရောက်ဖို့ ကောက်နုတ်စုစည်းပြီး ဘလောဂ်ရေး
ရတာမလွယ်ကူမှန်းသိပါတယ်၊ ကြိုးစားပြီး
စာဖတ်သူ ကိုသမိုင်းထဲ ဆွဲခေါ်ယူသွားနိုင်တဲ့
မသက်ဇင်ကို ချီးကျူးပါတယ်ဗျာ။
ဆက်ရေးပါ။ အားပေးနေပါတယ်။

နေဒေးသစ် said...

ဒီနေ့တော့ စာလိုက်ဖတ်ဦးမယ် ဆိုပြီး စာအဟောင်းလေးတွေ ပြန်ဖတ်သွားတယ် အစ်မရေ ... သမိုင်း အကြောင်းကို စိတ်ဝင်စားတယ် .. ဒါပေမယ့် အမှတ်အတိုင်း ပြောရရင် ဖတ်ပြီးရင် ဘာတစ်ခုမှ ကောင်း ကောင်း မမှတ်မိဘူး ... ခေါင်းစဉ်လောက်ပဲ ကျန်ခဲ့တယ်။ ခုနှစ်တွေက ဖတ်ပြီးပြီးချင်းမေ့တယ် .... အကြောင်းအရာတွေက တစ်ပတ်လောက်နေရင် မေ့တယ်။ သမိုင်းကို အဆက်အစပ်ရှိအောင် လေ့လာရတဲ့ အလုပ်က တော်တော်ကို မလွယ်ပါဘူး ... သမိုင်းပါမောက္ခ တစ်ယောက် ဖြစ်ဖို့အားထုတ်ရမယ်ဆိုရင်တော့ ပြောဖို့တောင် လိုမယ် မထင်တော့ပါဘူး .. Congratulations ပါ အစ်မရေ ..

နန်း said...

ကျမ်းကိုးတွေနဲ့အတူဖတ်ရတဲ့အတွက်
နှစ်ထောင်းအားရမိပါတယ်