Wednesday, June 17, 2009

ဘလောဂ့်ရေးခြင်း တနှစ်ပြည့်နှင့် ကရင်လက်နက်ကိုင်တော်လှန်ရေးနယ်မြေသို့ အလည်ရောက်ခြင်း အမှတ်တရ

မိမိ နိုင်ငံ၏ သမိုင်း အား ဘတ် ရှု လေ့လာရ စကောင်း မှန်း မသိသော လူမျိုးသည် အတိတ် က မိမိ ကျူးလွန် ခဲ့ပြီး သော အမှား အယွင်း များကို ထပ်မံ ကျူးလွန် ခြင်း ပြုရန် အတွက် ကြမ္မာ ငင်လျက် ရှိလိမ့် မည် ဟူ၍ အဘိ ဓမ္မာ ပညာ ရှိကြီး တဦး ဖြစ်သူ ဂျော့ စန္တာ ယနာ က ရည် ညွန်း ဘူးသည်။


ကျမ ဘလောဂ့် ရေးခဲ့သည်မှာ တစ်နှစ် ပြည့်ပြီ ဖြစ်သည်။ ဘလောဂ့် ရေးခြင်းသည် အနှောင်အဖွဲ့ မရှိပါ။ သို့ သော် မိမိ ကိုယ် မိမိ သတ်မှတ် ထားသည့် တန်ဖိုး တစ်ခုတော့ ရှိပါလိမ့်မည်။ မိမိ၏ ဒိုင်ယာရီ မှတ်တမ်း တစ်ခု လည်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ သမိုင်းနှင့် နိုင်ငံ အတွင်း မှီတင်း နေထိုင် ကြသည့် တိုင်းရင်းသား လူမျိုးစု များအား ကျမ အလွန် စိတ်ဝင်စားပြီး လေ့လာခြင်း။ မှတ်တမ်း တင်ခြင်း များ ပြုလုပ် ခဲ့ပါသည်။ ဘလောဂ့် တနှစ်ပြည့် တွင် ဒိုင်ယာရီ အနေ ဖြင့် ကျမ သွား ရောက် လေ့လာ ခဲ့သည့် ကေအင်ယူ တပ်မဟာ (၇) ဌာနချုပ် မှ ကရင် နှစ်သစ်ကူး ပွဲတော် သွား အမှတ်တရ ဓါတ်ပုံများ ဖေါ်ပြ လိုက်ပါသည်။

ဇန်နဝါရီ ၃ ရက် နေ့တွင် ကျင်းပ သော ကရင် နှစ်သစ်ကူး ပွဲတော် တွင် ( ယနေ့ စစ်အစိုးရ နှင့် ငြိမ်းချမ်းရေး ယူထား သည့်) ကေအင်ယူ အစည်း အရုံး တပ်မဟာ (၇) ဌာနချုပ် တပ်မဟာမှူး အဖိုး ထိန်မောင်မှ ကရင် တော်လှန်ရေး သမိုင်းကြောင်း အား ရှင်းလင်း ပြောကြားစဉ်။



ကရင် အမျိုးသား ခေါင်းဆောင်ကြီး ဝတ်လုံတော်ရ စော ဘ ဦးကြီး သည် ကရင် တကျပ်သား ဗမာ တကျပ် သား ဟူ၍ ကြွေးကြော် ခဲ့သည်။ ကရင် လူထု ကလည်း ဥက္ကဌ စောဘဦးကြီး ၏ မူ ကို ထောက်ခံ လျက် အမျိုးသားရေး စိတ်ဓါတ်ဖြင့် တဆင့်ပြီး တဆင့် တိုးတက် တောင်းဆို ခဲ့ကြ သည်။ ဝန်ကြီးချုပ် ဦးနု ဦး ဆောင်သည့် ဖဆပလ အစိုးရ ထံမှ ကျေနပ်ဖွယ်ရာ တုန့်ပြန် မှုများ မရ ရှိခြင်း ကြောင့် လက်နက် ကိုင် လမ်းစဉ်ကို လိုက်ခဲ့ကြသည်။ ကရင် လက်နက်ကိုင် တပ်သား များသည် ရရာ လက် နက် များဖြင့် နေရပ် ဒေသ သို့ ပြန်ကာ မိမိတို့ ဘဝ လုံခြုံရေး အတွက် ကာကွယ်ရေး အဖွဲ့ အစည်းများ ဖွဲ့စည်းရာမှ ကေ အင် ဒီ အို ခေါ် ကရင် အမျိုးသား ကာကွယ်ရေး အဖွဲ့ ကို ဖွဲ့စည်း သည်။ ကေ အင် ယူ သည် ကရင် အမျိုးသား နိုင်ငံရေးကို ဦးဆောင် ၍ ကေ အင် ဒီ အို သည် ကရင် အမျိုးသား တို့၏ ဘဝ လှုံခြုံရေး ကို ကာကွယ် စောင့်ရှောက်သည်။

ကရင် အမျိုးသား အလံတော် သည် တက်သစ်စ နေဝန်း ပါရှိသည့် အလံ တော် ဖြစ်ပြီး ကရင် အမျိုးသားနေ့ ( ကရင် နှစ်သစ်ကူးနေ့ ) အား နှစ်စဉ် ကျင်းပခဲ့ကြသည်။



ကရင် အမျိုးသား များသည် ရိုးသား ဖြောင့်မတ် ကြပြီး တာဝန် ကျေပြွန်ခြင်း အနစ်နာ ခံတတ်ခြင်း မိတ်ဆွေများ အား ချစ်ခင် ဖော်ရွေ တတ်ကြသူ များ ဖြစ်ကြသည်။







( အလံတော် စောင့် တာဝန်ကျ ကေ အင် ယူ ရဲဘော် နှစ်ဦး နှင့် လေ့လာရေး သွားရောက် သည့် စာရေး သူတို့ အမှတ်တရ)








(ဘလောဂ့် တနှစ်ပြည့်တွင် စာတမ်း ငယ်လေး တစောင်အ မှတ်တရ ဖေါ်ပြ လိုက်ပါသည်။)
လူတို့ သည် ဒေသ တခု အတွင်း အတည် တကျ စုဝေး နေထိုင်လျက် ရှိကြသော လူ့အဖွဲ့ အစည်း တရပ် ပေါ်တွင် အခြေခံ ၍ ထိုလူ့အဖွဲ့အစည်း ဘဝ များ ဖြစ်ပေါ် တိုးတက်မှု နှင့် ပြောင်းလဲခြင်း များသည် နိုင်ငံ တနိုင်ငံ၏ သမိုင်းပင်ဖြစ်သည်။
လူတို့ သည် စားဝတ် နေရေး အတွက် ပင်ပန်းစွာ ရှာဖွေ ကြရသည်။ သဘာဝ ပတ်ဝန်းကျင် ကြောင့် အခြား အရပ်တပါး သို့ ပြောင်း ရွေ့ကြ ရ သည် လည်း ရှိသည်။ ထို့ကြောင့် သဘာဝဓမ္မ ပညာရှင်ကြီး တဦးဖြစ်သူ ချာလ်စ်ဒါဝင် က စွမ်းပကား ထုတ်နိုင်သူသာ တည်တံ့ လိမ့်မည် ဟုဆိုခဲ့ သည်။


မြန်မာ နိုင်ငံတွင် ရှေး အကျဆုံး ရှေး လူဟောင်းများ အနက် နီဂရစ်တို နှင့် အင်ဒိုနီးရှင်း လူမျိုး များသည် လွန်ခဲ့ သည့် အနှစ် သုံးထောင် လောက်က မြန်မာ နိုင်ငံမှ အခြား အရပ်တပါး သို့ စွန့်ခွာ ပြောင်းရွှေ့ သွားခဲ့ကြ ပြီး ဖြစ်သည်။ တိဗက် ဗမာ အနွယ် များ ဖြစ်သည့် ပျူ ကမ်းယံ သက် တို့ အနက် ပျူ နှင့် ကမ်းယံ တို့သည် လွန်ခဲ့သော အနှစ် တစ်ထောင် ကျော်လောက်မှ စ၍ လုံးဝ တိမ်ကော ပျောက်ကွယ် သွားပြီ ဖြစ်သည်။

ယင်း တိဗက်ဗမာ အနွယ်ဦးများ နှင့် မရှေး မနှောင်း ဝင်လာသည့် ကရင် လူမျိုးများသည် သဘာဝ ပတ်ဝန်းကျင် အား ရာစု နှစ်ပေါင်း များစွာ ခုခံ တိုက်ခိုက် လာကြပြီး လူမျိုးစုကြီး တရပ် အနေဖြင့် ကြံ့ခိုင် တည်တံ့လျက် ရှိပြီဖြစ် သည်။

မြန်မာ နိုင်ငံတော် အတွင်းရှိ လူမျိုးစု အသီးသီး၌ မိမိတို့ လူမျိုး စုများ ၏ အမြင် နှင့်ရှုထောင့် အမျိုးမျိုး မှ မှတ်တမ်းတင် ရေးသား ထားခဲ့ကြ သည့် ရာဇ၀င် အစောင် စောင်များ ရှိပေ သည်။ အချို့ သော လူမျိုးစုများသည် တိမ်ကော ပျောက်ကွယ် သွားကြပြီး ဖြစ်သည့် တိုင် ၄င်းတို့ ၏ ရာဇဝင်နှင့် မှတ်တမ်း များ ကား ကြွင်းကျန်လျက် ရှိ သေး သည်။ (ဥပမာ ပျူ ၊ ကမ်း ယံ ၊ သက် လူမျိုးများဖြစ်သည်။)

နိုင်ငံ တနိုင်ငံ အတွင်းသို့ လူမျိုးစု တစု မက အခြေ ချနေ ထိုင်ရန် ကြိုးပမ်း အားထုတ်ခြင်း ပြုကြ သည့်အခါ များ တွင် ထို လူ မျိုး စု အသီးသီး ၏ နိုင်ငံရေး စီးပွားရေး ယဉ် ကျေးမှု တိုးတက် ဖြစ်ပေါ်မှု သည် မညီ မမျှ ရှိ ခြင်း ကြောင့် ထို မညီမျှ မှု ပေါ်တွင် အခြေခံ ၍ ပဋိပက္ခ တရား သည် မလွဲ မရှောင်သာ ပေါ် ပေါက် လာကြ ရ သည်။ နိုင်ငံ တနိုင်ငံ အတွင်း လူမျိုးစု အ ချင်း ချင်း တန်းတူ ညီမျှ သည့် ဆက်ဆံရေး ကို မတည် ဆောက်နိုင် သေးသ ၍ လူမျိုးစုတိုင်း ၏ မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့် ကို လက်ခံကျင့် သုံးခြင်း မပြုနိုင်သေးသ ၍ ထို ပဋိပက္ခ တရား သည် ထို နိုင်ငံ ၏ ကံကြမ္မာကို ဖန်တီးမြဲ ဖန်တီး နေလိမ့်မည် သာဖြစ်လေသည်။

182 comments:

ရဲရင့်နီ said...

လူအချင်းချင်း နှိပ်စက်ခြင်း..
ကင်းဝေးကြပါစေ..

နေသစ် said...

မိမိနိုင်ငံ၏ သမိုင်းအား ဘတ်ရှု လေ့လာရ စကောင်းမှန်း မသိသော လူမျိုးသည် အတိတ်က မိမိကျူးလွန်ခဲ့ပြီး သော အမှား အယွင်းများကို ထပ်မံ ကျူးလွန်ခြင်း ပြုရန်အတွက် ကြမ္မာငင်လျက် ရှိလိမ့်မည် ဆိုတဲ့ အဘိဓမ္မာ ပညာရှိ ကြီး တဦးဖြစ်သူ ဂျော့စန္တာယနာရဲ့ စကားက တော်တော် ကောင်းတယ်ဗျာ။ ကျေးဇူးတင်ပါတယ် အစ်မရေ။
ပြီးတော့ ကျွန်တော်တို့နိုင်ငံက လူငယ်တွေက ကိုယ်သမိုင်းကိုလည်း မသိ၊ လက်ရှိ ကိုယ်ဖြစ်နေတဲ့ နိုင်ငံအခြေအနေကိုလည်း မသိကြဘူးလေ။ ရင်နင့်စရာကောင်းတယ်ဗျာ။

ဗီလိန် said...

အားလုံးပဲ အဆင်ပြေကြပါစေဗျာ။

Dream said...

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ၊ တစ်ယောက်နှင့်တစ်ယောက်၊ လူမျိုးတစုနဲ့ တစု ၊ တစ်ဘာသာနဲ့ တစ်ဘာသာ
လူတိုင်းလူတိုင်း ပဋိပက္ခ တရား တွေ ကင်းဝေးပြီး ချစ်ခင်ညီညွတ်စွာနေနိုင်ကြပါစေ လို့

တီတီရဲ့ တစ်နှစ်ပြည့် ပို့စ်လေးမှာ အထူးမေတ္တာပို့ပေးပါတယ်။ တီတီလည်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ...

ဒီထက်မက သမိုင်းအကြောင်းတွေ လေ့လာရှာဖွေ ပြုစုပြီး ပညာအသိလေး ဖြန့်ဝေပေးနိုင်သော စာရေးဆရာမကောင်း တယောက် ဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ် တီတီရေ..

တနှစ်ပြည့်အတွက် အာာဝါးးးး အကြီးကြီး လက်ဆောင်ပေးခဲ့တယ်.... :)

မနောသား said...

မင်္ဂလာပါ အမ ..သမိုင်းကြောင်းတွေကို မှတ်သားဖွယ် ရေးသားပေးတဲ့ အမ ကိုယ်စိတ်နှလုံး ရွင်ပြုံးစွာဖြင့် ဘလော့ဂ် ( ၁ ) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက် ရေးသားနိုင်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ ....

ခင်မင်စွာဖြင့်

မနောသား

နွေးနွေးသဲမွန် said...

မမ ဘလော့တစ်နှစ်ပြည့်မှ နောက် နှစ်ပေါင်းများစွာအထိ...သမိုင်းကြောင်းတွေကို ဖေါ်ဆောင်သော ... အကြောင်းအရာ ဇာတ်လမ်းမျိုးစုံကို...
ဆက်လက် အကျိုးပြုရေးသားနိုင်ပါစေ...လို့ ဂုဏ်ယူလျှက် တောင်းဆုပြုပါတယ်...မမရေ...

Yan said...

မင်္ဂလာပါ မသက်ဇင်ရေ....

တစ်နှစ်ပြည့်လို့သာဆိုတယ်. ကျွန်တော်ကတော့ မသက်ဇင်ကို ဟိုးအရင်ကတည်းက ရေးနေတဲ့ ၀ါရင့် ဘလော့ဂါကြီးတစ်ယောက်လိုကို သတ်မှတ်ထားတာဗျ.

ဒါမှမဟုတ် ကျွန်တော်ပဲ မူးနေလို့ ဖြစ်ရမယ်. ဟတ်ဟတ်.

ရှေ့လျှောက် ဒီ့ထက်အောင်မြင်ပါစေ. တိုင်းကျိုးပြည်ပြု စာစဉ်ဆောင်းပါးတွေ ဆက်လက်ရေးသားပြုစုနိုင်ပါစေလို့ ဆုမွန်ကောင်းချွေလိုက်ပါတယ်ဗျာ.

ခင်မင်လေးစားလျက်

Y.

အောင်ခိုင်(မန်း) said...

လေးစားရပါသော .....မမကြီး

မမကြီးရဲ့ ဒိုင်ယာရီ မှတ်တမ်း လေးတွေဟာ
ကျွှန်တော်တို့လူငယ်တွေအတွက် ယူတတ်မယ်ဆိုရင်
အများကြီး အကျိုးပြုတဲ့ ဗဟုသုတစာတွေပါ။

မမကြီး ဘလော့တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာဖြင့် အကျိုးပြုစာပေများ ရေးသားနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ ....

လေးစားစွာဖြင့်
အောင်ခိုင်(မန်း)

mm thinker said...

တစ်နှစ်ပြည့်အတွက် ထူးထူးခြားခြားပို့စ်လေးပေါ့ဗျာ။

ဆက်ပြီးတော့ ဗဟုသုတတွေ ဖြန့်ဝေနိုင်ပါစေ။

ကိုရင်နော်ခင်လေးငယ် said...

တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာသို့.. အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

တောင်ပေါ်သား said...

မကြီးရေ

ပထမဆုံး တနှစ်ပြည့်လေးအတွက် ဂုဏ်ယူပါတယ်။
တိုင်းပြည်အတွက် အလွန်ကိုလိုအပ်ပြီးတန်ဖိုးကြီးမားတဲ့ စာကောင်းပေးကောင်းတွေကို တစိုက်မတ်မတ်ရေးသားခဲ့တဲ့ အတွက် ဂုဏ်ယူ ချီးကျူးပါတယ် အမရေ.. နောင်များမှာလဲ ဒီထက်မက ပညာတွေ ဖြန့်ဝေနိုင်ပါစေ.. ပျော်ရွှင်မူတွေ ရပါစေလို့ ဆုတောင်းပေးပါတယ် အမရေ..

လေးစားလျက်
တောင်ပေါ်သား

ထင်လင်းအောင် said...

အမဘလော့ဂ်တစ်နှစ်ပြည့်မှသည်...နှစ်ပေါင်းများစွာ....
ဘလော့ဂ်ရေးခြင်းဖြင့်..လောကအကျိုးကို ဆောင်ရွက်နိုင်ပါစေဟု...ဆုမွန်တောင်းလျက်...
......
မောင်လေး...

may16 said...

အမရေ တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ သမိုင်းစာတွေ ဆက်လက်ရေးသားဖော်ပြနိုင်ပါစေအမ..

လူလ said...

မင်္ဂလာပါ မသက်ဇင်

လာဖတ်သည်။
တနှစ်သည်မှ နှစ်ပေါင်းများစွာသို့ စာကောင်းပေကောင်းများ ရေးသားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ...

ဝသန်မိုး said...

အမရေ တစ်နှစ်ပြည့် မှသည် နောင် နှစ်များစွာတိုင်
အကျိုးပြု စာပေ များကို ရေးသားနိုင်ပါစေ ခင်ဗျာ။
လူသားတိုင်း။ နိုင်ငံတိုင်း စစ်မက် ကင်းဝေး၍
ချစ်ခြင်းများဖြင့်သာ တည်ဆောက်နိုင်ပါစေ
ခင်မင်စွာဖြင့်
ဝသန်မိုး

ခမ်းကီး said...

တစ်နှစ်ပြည့် သက်တမ်းမှသည် နှောင်နှစ်ပေါင်းများစွာ ဘလော့ဂ်ကောင်းများအား ပေးဝေနိုင်ပါစေ....။

ပျူ၊ ကမ်းယံ၊ သက် ဆိုတဲ့ လူမျိုးထဲမှာ ပျူလူမျိုးတော့ ရှိနေသေးတယ်လို့ ယုံကြည်တယ်။ ဒါပေမယ့် သမိုင်းအထောက်အထား အခိုင်လုံတော့ မရှင်းပြတတ်ဘူး။

လေးစားစွာဖြင့်

ကိုဖြိုးငြီမ်း said...

အမရေ တိမ်ကောပျောက်ကွယ်သွားတဲ့ လူမျိုးစုများ အ
ကြောင်းအချိန်ရရင် ရေးပေးပါဦးခင်ဗျား အလွန်စိတ်ဝင်စား
ကောင်းလှပါတယ် ဘလော့တစ်နှစ်ပြည့်မှသည် နောက်နှစ်
ပေါင်းများစွာ စာများရေးသားနိုင်ပါစေ အင်တာနက်စာမျက်
နှာပေါ်မှသည် ပုံနှိပ်စာအုပ်များဆီသို့ အမရဲ့ စာများရောက်
နိုင်ပါစေဗျာ ..

စိုင်းလိုင်ခမ်း said...

မင်္ဂလာပါ အစ်မ။ ဘလော့တစ်နှစ်ပြည့်မှာ ပျော်ရွှင်ပါစေ။ ဆုတောင်းပေးပါတယ်။ သည်ထက်လဲ များများရေးနိုင်ပါစေ။ ကျွန်တော့် ရဲ့ သမိုင်းစာများမှားရင် လဲ ထောက်ပြပေးပါ အစ်မ။ ရှင်ရာဟုလာထုံးကို နှလုံးမူပါတယ်။
လေးစားစွာဖြင့်

တားမြစ် ထားသော... said...

မသက်ဇင်။
တနှစ်ပြည့်သတဲ့လား
အနှစ်များစွာ ကျင်လည်နေသူလို
မိတ်ဆွေပေါလေရဲ့။

ကိုယ့်တန်ဖိုးနဲ့ကိုယ်တော့
သတ်မှတ်ချက်ရှိသတဲ့လား
ဒီမှတ်တမ်း ဒိုင်ယာရီမှာ
စေတနာတို့ မှိုင်းညို့နေတာ
အားလုံးအသိပါ။

ကျန်းမာပျော်ရွှင်စွာ စာကောင်းလေးများ ဆက်လက်ရေးနိုင်စေသားဗျာ။

ခင်မင်မှုဖြင့်
သုခမိန်(E-Journal)

မောင်ကောင်း said...

တစ်နှစ်ပြည့်အတွက် ပိုစ့်လေးကို ဖတ်မှတ်သွားပါတယ်...
အစ်မသက်ဇင်တစ်ယောက် တစ်နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာ အကျိုးရှိသော စာကောင်းပေမွန်များ ဆက်လက်ရေးသားဖြန့်ဝေနိုင်ပါစေ...
စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ အစ်မ...

MANORHARY said...

မသက်ဇင်
တစ်နှစ်ပြည့်မှသည်..နှစ်များစွာတိုင်
သမိုင်းကြောင်းများစွာကို မျှဝေနိုင်ပါစေ
ချစ်ခင်စွာ

ကိုတိုး said...

အမသက်ဇင် ဘလော့တစ်နှစ်ပြည့်မှာသည်။ နောင်နှစ်ပေါင်းများစွာတိုင်အောင် သမိုင်းကြောင်းလေးတွေမျှဝေပေးနိုင်ပါစေအမရေ။အဆင်ပြေပျော်ရွှင်ပါစေနော် အမရေ။


ခင်မင်တဲ့

ကိုတိုးလေး

မိုးတိမ်ညို said...

အစ်မသက်ဇင်ရဲ့ ဘလော့ တစ်နှစ်ပြည့်ပြီဆိုတော့ စာဖတ်သူတွေကို တစ်နှစ်စာ အကျိုးပြုပြီးပြီ။ တကယ်ချီးကျူးပါတယ်ဗျာ။ အစ်မရဲ့ ဘလော့က တစ်ကယ်ကို တန်ဖိုးရှိတဲ့ ဘလော့ပါ။ အစ်မရဲ့ သမိုင်း လေ့လာမှု့ကို လည်း တကယ်လေးစားပါတယ်။ သမိုင်းပညာရှင်ပါပဲ။

အောင်ဦး said...

အစ်မရေ..
တနှစ်ပြည့်အထိမ်းအမှတ်အတွက် အလည်လာရောက်ခဲ့ပါတယ်။

စိတ်၏အေးချမ်းမှုကို ထာဝရ ရရှိနိုင်ပါစေ...

နွေးနေခြည် said...

ဘလော့လေး တနှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာတိုင် ဆက်လက် ရေးသားမျှဝေနိုင်ပါစေရှင်။
သမိုင်း ဗဟုသုတလေးတွေ လည်း စုံစုံလင်လင်သိခွင့်ရလို့ ကျေးဇူးပါ အန်တီး)

kiki said...

တန်ဘိုးရှိသော စာကောင်းပေကောင်းများစွာ တို့ကို တနှစ်ပြည့် မှ သည် နှစ်ပေါင်းများစွာ ရေးသားဖြန့် ဖြူးပေးခြင်းဖြင့်  မြန်မာ့ သမိုင်းကြောင်းကို ယနေ့ ခေတ်လူငယ်များ အပါအဝင် မြန်မာ နိုင်ငံသား အားလုံး သိရှိ နားလည် နိုင်ပါစေ အမ သက်ဇင် ရေ.
မရောက်ဖူးသေးသော မြန်မာပြည်တွင်း နေရာများစွာ ကို ဒီဘလောဂ်လေး အတွင်း လေ့လာ နိုင်အောင် အားထုတ်ပေးသော အမသက်ဇင် တယောက် လည်း ချမ်းမြေ့ ပျော်ရွှင် ပါစေ .

ခင်မင်လေးစားစွာဖြင့်
ကိကီ

မိုးခါး said...

လေ့လာခွင့်ရပါတယ် အစ်မ
ကျေးဇူးတင်ပါတယ်နော်

ချစ်ခင်စွာဖြင့်

မာရေးသျှင် said...

ဂျော့စန္တာယနာရဲ့စကားကို ကြိုက်လွန်းလို့ ကူးယူပြီး E-Journal ရဲ့ ”သတင်းနှင့် အတွေးအမြင်“ မှာ ဆိုလိုရင်းမပျောက်စေဘဲ ချုံ့ ပြီးဖော်ပြလိုက်ပါတယ်။ ချစ်သော အစ်မသက်ဇင် ဘဝင်ကျလိမ့်မည်ဟု မျှော်လင့်ယုံကြည်လျက်ပေါ့ခင်မျာ။
အစ်မရေ ကြုံကြိုက်တိုက်ဆိုင်စွာပဲ ကျနော်လည်း E-Journal မှာစတင်ပြီး ပါဝင်ရေးသားတာ ဇွန်လ-၁၇-ရက်နေ့မှာ တစ်နှစ်ပြည့်ပါတယ်။ အစ်မနဲ့တစ်ရက်တည်း ဘလော့ဂ်လောကထဲကို ရောက်လာဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။
”ဘလောဂ့် ရေးခြင်းသည် အနှောင် အဖွဲ့ မရှိပါ။“ ဟုတ်ပါတယ်။ ကျနော်တို့ အဲဒီလိုပဲ ဖြစ်ရပါမယ်။ အဲဒီလိုဖြစ်အာင် ကြိုးစားရပါမယ်။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ပေါ့ခင်မျာ။
အစ်မရေ ဘလော့ဂ်တစ်နှစ်ပြည့်မှသည် သားစဉ်မြေးဆက် တည့်တံ့ခိုင်မာလျက် အမျိုးဘာသာ သာသနာအတွက် သယ်ပိုးထမ်းရွက်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်။

နေဒေးသစ် said...

နိုင်ငံတစ်နိုင်ငံမှာ အတူတကွ စုစည်းနေထိုင်နေကြတဲ့ လူမျိုးတိုင်းမှာ မတူညီတဲ့ ဘာသာရေးဆိုင်ရာ အယူအဆတွေ မတူညီတဲ့ သဘောတရားတွေ ရှိနေနိုင်တာ မို့လို့ လူမျိုးစုတွေကြားမှာ သာတူညီမျှတဲ့ ဆက်ဆံရေးရှိဖို့ တကယ်ကို လိုအပ်ပါတယ် ... နိုင်ငံရဲ့ လူမျိုးစု မိသားစုဝင်တိုင်း ကိုယ့်ကံကြမ္မာနဲ့ ကိုယ့်ရပ်တည်ပိုင်ခွင့်ကို ပိုင်ဆိုင်ဆုပ်ကိုင်နိုင်ကြပြီး သာယာအေးချမ်းတဲ့ အနာဂတ်နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဘလော့ တစ်နှစ်ပြည့်နဲ့ တူ ဆုမွန်ကောင်းတောင်းခဲ့ပါတယ် ...
နေဒေးသစ်။

ကိုကိုမောင်(ပန်းရနံ့) said...

အမက မြန်မာလိုဝတ်လဲ လှတယ်။
ကရင်လိုဝတ်လဲ ကြည့်ကောင်းတယ်။
အနောက်တိုင်းစတိုင်နဲ့နေလဲ မကလက်ဘူး။
တည်တည်တံ့တံ့ရှိတယ်။ အရမ်းလေးစားစရာကောင်းတာဘဲ။
အမက လူကြီးလူကောင်းမျက်နှာမျိုးရှိတယ်။
မြှောက်ပြောနေတာမဟုတ်ဘူးနော် အမ။
တကယ်စိတ်ထဲက ပြောနေတာ။

အမရဲ့  ဘလော့ဂ်တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ဗဟုသုတတွေကို ဖွင့်ဟနိုင်ပါစေလို့ ကျနော် ဆုတောင်းလိုက်ပါတယ်။

ပျော်ရွှင်ပါစေ အမ။

Nge Naing said...

မသက်ဇင်ရေ
Happy blog birth day! လို့ ပြောဖို့ နောက်ကျသွားတာ ဆောရီးပဲနော့်။ မသက်ဇင် တော်လှန်ရေးနယ်မြေကို ရောက်ဖူးတာ သိရလို့ သိပ်ကို အံ့သြသွားတယ်။ ကျွန်မလည်း ကရင်တော်လှန်ရေးအကြောင်းကို တော်လှန်ရေးထဲရောက်မှ သိတယ်။ သောင်ရင်းမြစ်ကို မသက်ဇင်ဘလော့ဂ်မှာ ပြန်တွေ့ရတာ ကျေးဇူးတင်ပါတယ်။ တနှစ်ပြည့်မွေးနေ့မှသည် စာကောင်းပေကောင်းတွေ ဆက်လက်ပြီး များများ မျှဝေနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Min Myat Soe said...

အစ်မသက်ဇင်စာရေးနေတာ တော်တော်ကြာပြီ ထင်နေတာ ဟီး

လင်းဒီပ said...

တန်ဖိုးရှိတဲ့စာတွေ
ပုဂ္ဂိုလ်စွဲမပါတဲ့ သမိုင်းမှတ်တမ်းတွေ
ရသဆန်ဆန်နဲ့ သမိုင်းမှတ်တမ်းတွေ
တခါတလေ ကဗျာလေးတွေနဲ့ အစ်မ မသက်ဇင်
တစ်နှစ်ပြည့်မှသည် နောင်နှစ်များစွာတိုင်
ဘလောဂ့်လေး သက်တော်ရာကျော်ရှည်ပါစေ...။

လင်းဒီပ said...

စည်းလုံးခြင်း ငြိမ်းချမ်းခြင်း သီချင်းတွေ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ အတူတူဆိုချင်လှပြီဗျာ...။

ဒူကဘာ said...

တို့ နယ်သား အမကြီး....၁ နှစ်မှသည် စိတ်တိုင်းကျ သလောက် ဘလော့ဂ်ဂင်းနိုင်ပါစေ၊ သမိုင်းများစွာ ဖေါ်ထုတ် နိုင်ပါစေသတည်း။ ၁နှစ်ပြည့် ခေါင်ရည် မတိုက်ဖူးလား ?

ourstream said...

ဘလောဂ် တနှစ်ပြည့် မှ နောင်နှစ်ပေါင်းများ
စွာ ဆက်လက်ရေးသားနိုင်ပါစေ...ဟု

ခင်မင်စွာဖြင့်
မိုးစက်

eaindraomtt said...

အမ blog က တစ်နှစ်ပဲရှိသေးတာလား..။
အောင်မြင်မှုက တကယ်အားကျစရာပါ..။
ဖတ်တဲ့သူတွေ နောက် စိတ်ပါလက်ပါရေးသွားကြတဲ့ ကွန်မန့်တွေ..

စေတနာကိုပါ မြင်သာထင်သာ နေတယ် ခံစားလို့ရနေတာကိုး..အမရယ်..။

ဘာလို့လဲမသိ ညီမဆီမှာ အမ အသစ်တင်တာမပေါ်ဘူးဖြစ်နေတယ်...
ပြန်စစ်ကြည့်ဦးမယ်..။

အရင်လွတ်သွားတဲ့ ပိုစ့်ရော...
အခုတင်တဲ့ ပိုစ့်ရော..ဖတ်သွားပါတယ်..အမ..။

ဘာမှပြောနေစရာမလိုလောက်အောင်သုတရသပေးနိုင်စွမ်းသူပါ..။

အိန္ဒြာ

Upasaka said...

သမိုင်း ကို သမိုင်း လိုရေးတတ်တဲ့ မသက်ဇင်

နောင် လာမဲ့နှစ်တွေ အများ ကြီးမှာ လည်း သေနေတဲ့သမိုင်းရော ရှင်သန်နေသောသမိုင်းတွေပါ

ဖေါ် ထုတ် ပေး နိုင် ပါစေ ဗျာ။

ခင်မင်လျှက်

ဥပသကာ

ခိုင်စိုးလင်း said...

လာဖတ်ပါတယ် အစ်မ
ခင်မင်စွာဖြင့်

ဝေလေး said...

မမသက်ဇင်
တစ်နှစ်ပြည့်ဆိုလို့ယုံတောင်မယုံနိုင်ဘူး။ ဘလော့ရေးတာကြာနေပြီလို့ထင်နေမိတာ.... :)
မသိသေးတဲ့သမိုင်းကြောင်းတွေက အစ သိရလို့ ကျေးဇူးတင်မိပါတယ်။ နောက်လည်း ရှေ့ဆက်ပြီး သုတရသအဖုံဖုံကို မျှဝေတင်ဆက်နိုင်ပါစေမမ....

အလင်းရောင် said...

အစ်မရေ...လာလည်ပါတယ်..မရောက်တာလည်း ကြာပြီးဆိုတော့ အစ်မဘလော့လေးလည်း တစ်နှစ်ပြည့်ပြီးနော်... ကျွန်တော်ဘလော့လည်း 07 june 2008 မှာတစ်နှစ်ပြည့်ခဲ့ပါပြီး။ ဘာအထိမ်းအမှတ်မှ မလုပ်လိုက်ရဘူး... အစ်မလည်း စာတွေတော်တော်ရေး နိုင်တာပဲနော်... ဗဟုသုတတွေကို မျှဝေပေးတဲ့ အစ်မကို လေးစားမိပါတယ်။

NLS said...

မင်္ဂလာပါအမ။ တစ်နှစ်လုံး အလုပ်တွေနဲ့ကြားက ဒီလို အောင်မြင်စွာ ရေးနိုင်ခဲ့တာ ဂုဏ်ယူပါတယ်ခင်ဗျား။ GeoPolitic လေးတွေအကြောင်း ရေးပေးပါဦးလို့။

Ko Min Htet said...

အမရေ့----ကျနော်လဲ အမဆီ မရောက်ဖြစ်တာကြာပီ၊ နေကောင်းတယ်နော်၊ အမရဲ့ တစ်နှစ်ပြည့်စာတမ်းလေး ဖတ်ရှုသွားပါတယ်။ ကျမ်းကျမ်းမာမာနဲ့ စာများများ ရေးနိုင်ပါစေ။

စိုင်းခမ်းထွန်း said...

ရောက်လာတယ် မသက်ဇင်ရေ ....
ကျွန်တော် မလည်ဖြစ်တာကြာပြီ .....
ကမ္ဘာပတ်နေတယ်ပေါ့ မသက်ဇင်က ...
ပျော်စရာကြီးဗျာ ...

Banyarshein said...

တစ်နှစ်ပြည့် စာတမ်းလေးဖတ်သွားပါတယ် ကရင် အမျိုးသားတို့ရဲ့ ခံယူချက်ကိုလည်း လေ့လာသွားပါတယ် အမရေ

လင်းဦး(စိတ်ပညာ) said...

ဆက်လက်မျှဝေ ရေးသားနိုင်ပါစေ...

အားပေးလျက်ပါခင်ဗျာ.... နောက်ထပ်နှစ်များစွာ Blogging နိုင်ပါစေ...

ခင်မင်စွာဖြင့်

လင်းဦး(စိတ်ပညာ)

မောင်မောင် said...

တစ်နှစ်သာ ဆိုတယ်
အောင်မြင်မှုက မယုံနိုင်စရာဘဲ
ခင်မင်စွာဖြင့်
မောင်မောင်

မြစ်ကျိုးအင်း said...

တနှစ်ပြည့်တဲ့လားအမရေ...ကျွန်တော်က နှစ်ပေါင်းများစွာ ရှိပြီထင်ထားတာလေ...
တကယ်ကို ဂုဏ်ယူမိပါတယ်...။
အရေးအသားကောင်းကောင်းနဲ့ စာဖတ်တဲ့သူတွေကို
နှစ်ပေါင်းများစွာ ဆွဲဆောင်ထားနိင်အုံးမှာပါ...။
အမ အဆင်ပြေစွာနဲ့ တန်ဘိုးရှိတဲ့စာတွေ ထပ်ရေးနိင်ပါစေ ဗျာ..။

ညခင်း နှင့် လမင်း said...

အဆင်ပြေပါစေ အစ်မရေ တစ်နှစ်ပဲလား မသက်ဇင် ကျနော်တို့ ထက် အရင်ရေးတာလားလို့ ကျနော်က ကြာပီထင်နေတာ အခုမှ တစ်နှစ်ပဲရှိသေးတာကိုး

လာမဲ့နှစ်ပေါင်းများစွာ စာတွေရေးသားနိုင်ပါစေ

ဝေမျှနိုင်ပါစေ အစဉ်တိုးတက်ပါစေလို့ 

ဆုတောင်းပါတယ်

မိုးသွေးငယ် said...

ဘလောက်တစ်နှစ်ပြည့် ကို တက်ရောက်ခဲ့ ပါတယ် အမ။ အရင်က လာလည်ပေမယ့် ဘာမှမရေးခဲ့ရဘူး။ ဒီတိုင်းပြန်သွားတာပါ။ တစ်နှစ်ပြည့် မှသည် နောင်နှစ်ပေါင်းများစွာတိုင် အကောင်းဆုံးပေးစွမ်းနိုင်သော ဘလောက်ဂါ ကောင်းတစ်ယောက်ဖြစ်ပါစေဗျာ။
ခင်မင်မှုဖြင့်
အားလုံးကိုပျော်စေချင်သူ

Heartmuseum said...

ဟာ... အမ မိုက်တယ်။
မနေ့ကမှ တင်တယ်။
ဒီနေ့ comment (၅၀) ကျော် ရနေပြီ။
ငါ့အမကြီး ကြိုးစား ရကျိုးနပ်ပြီ။
ဆက်ချအမ...... အမဖောက်တဲ့ လမ်းလေး တော်တော်ဖြူးနေပြီ။ ဝမ်းသာပါ၏။
"ကရင် တကျပ်သား၊ဗမာ တကျပ်သား" တင်မက မြန်မာနိုင်ငံသားအားလုံး တကျပ်သားမူကို ရင်ထဲအသဲထဲက ထောက်ခံပါ၏။

Ðaywalker[Soul] said...

တစ်နှစ်ပြည့် အမှတ်တရ လာဖတ်သွားပါတယ်... အစ်မရေ...

အရုပ်ကလေး said...

အစ်မ .. တစ်နှစ်ပြည့်ခြင်း အမှတ်တရပို့စ်လေး ဖတ်သွားသလို ခင်မင်ခဲ့ရတဲ့ အစ်မတစ်ယောက်လည်း
ဘလော့ခ်ရေးသားခြင်း တစ်နှစ်ပြည့်ခြင်းမှ .. နောင်
အနာဂတ်ကို တက်လှမ်းချီလို့ အောင်မြင်မှု သရဖူဆောင်းနိုင်ပါစေလို့ ဆန္ဒဆုမွန်တောင်းဆုခြွေပါတယ်

အစ်မက ပြောက်ကျားလေးနဲ့ အမှတ်မှားရလောက်အောင်ပဲ .. ဟိဟိ

မအားသေးလို့ အစ်မရေ .. ပို့စ်တွေ မဖတ်ရတာလည်း ကြာပြီ ..။

ဆန်းဝင်း said...

အမရေ... တစ်နှေစ်ပြည့် လာလည်ပါတယ်... နောက် နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်စွာ ဘလော့နိုင်ပါစေ.....

mgngal said...

တန်ဖိုးရှိတဲ့ စာတွေ အများကြီး ဆက်လက်ရေးသားနိုင်ပါစေ အစ်မ ။

ကဗျာဦး said...

တနှစ်ပြည့်မှ့ သည် လူငယ်တွေကို
နောင်ထပ် ဗဟုသုတ များစွာပေးတဲ့
သမိုင်းစာပေများဆက်လက် ဘလောက်ဂင်းနိုင်ပါစေ

Pinkgold said...

တစ်နှစ်မှသည် နောင် ဘလောဂ့်ရေးချင်စိတ် ရှိသရွေ့ ဆက်လက်ဖြန့်ဝေနိုင်ပါစေရှင်

ဧရာဝတီသား said...

တစ်နှစ်ပြည့် မှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
ပညာများ ဆက်လက်ဖြန့်ဝေနိုင်ပါစေ သတည်း။

လေးစားလျှက်

နိုင်ကို said...

မြန်မာနိုင်ငံအတွင်းမှာ နှစ်ပေါင်းများစွာတိုင်အောင် ဖြစ်နေတဲ့ clash တွေအမြန်ဆုံးငြိမ်းချမ်းအောင်မြင်ပါစေ... မ ရဲ့ဘလော့တစ်နှစ်ပြည့်မှ မနက်ဖြန်များစွာတိုင်းမှာ ဆက်လက်ရေးသားနိုင်ပါစေ

နွယ်ရိုး said...

စာတွေပိုရေးနိုင်ပါစေဗျာ၊ မထင်မိဘူး၊ ခုတနှစ်ပြည့်တယ်ဆိုတာ၊ ကြာနေပြီ အောက်မေ့နေတား) ပို၍ ပို၍ ရေးနိုင်ပါစေ.........................

ဂျပန်ကောင်လေး said...

အစ်မရေ.. စာလေးတွေဖတ်ရတာ ကောင်းလိုက်တာ.. ဒီကရင်ဒေသကိုသွားခဲ့တဲ့ အကြောင်းလေးတွေ သမိုင်းကြောင်းလေးတွေကို ရေးပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်ဗျာ...

Shweyamin said...

မသက်ရေ... လာလည်သွားတယ် တစ်နှ်စ်ပြည့်ကို အမှီမနည်းလာခဲ့ရတာသိလား နေမကောင်းနေလို့ မရောက်ဖြစ်တာပါ နေကောင်းတယ်နော်... ဆကလက်အောင်မြင်မှုကို ယူဆောင်ရမယ်နော်...
http://goldmyanmar.myanmarbloggers.org

chocothazin said...

အမရေ တစ်နှစ်ပြည့်မှ နှစ်ပေါင်းများစွာတိုင်ပါစေ။
ခင်မင်စွာဖြင့်

MrDBA said...

ဆက်လက် လေ့လာဖြန့်ဝေနိုင်ပါစေခင်ဗျား။ ကျမ်းမာ ချမ်းသာ လန်းဖြာပါစေ။

Republic said...

မင်္ဂလာပါ မသက်ဇင် ၊၊ ဘလော့နဲ့တော်တော်
်ဝေးသွားမိတယ် ၊၊ အမှတ်တရ ပို့စ်ကောင်း တစ်ပုဒ် ပါ ၊၊ ကိုယ့်ဘ၀ရဲ့ ကိုယ်ရေးမှတ်တမ်း တစ်ခုပေါ့ ၊၊

မေမေခင် said...

နိုင်ငံ တနိုင်ငံ အတွင်း လူမျိုးစု အ ချင်း ချင်း တန်းတူ ညီမျှ သည့် ဆက်ဆံရေး ကို မတည် ဆောက်နိုင် သေးသ ၍ လူမျိုးစု တိုင်း ၏ မိမိကံကြမ္မာ မိမိဖန် တီးပိုင် ခွင့် ကို လက်ခံ ကျင့် သုံးခြင်း မပြုနိုင်သေးသ ၍ ထို ပဋိပက္ခ တ ရား သည် ထို နိုင်ငံ ၏ ကံကြမ္မာ ကို ဖန်တီးမြဲ ဖန်တီး နေလိမ့် မည် သာဖြစ် လေသည်။

အရမ်းကောင်းတာပဲရှင်
ခင်မင်လေးစားစွာဖြင့်

puluque said...

တစ်နှစ်ပြည့်လေးကို လာရောက်ပါတယ်မမရေ..နောက်လဲ စာကောင်းပေမွန်လေးတွေ ဆက်လက်ရေးသားနိုင်ပါစ်ေဗျာ..ဆက်လက်အားပေးလျှက်...

Son Of Burma - မြန်မာပြည်သား said...

အင်မတန်ကောင်းမွန်တဲ့ ဘလောက်လေးပါ၊
ဂုဏ်ယူပါတယ်

phoe thu taw said...

ဆက်လက်အောင်မြင်ပါစေ မသက်ဇင်..

Acacia said...

တစ်နှစ်ပြည့်မွေးနေ့မှသည် ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း တွေနဲ့ ဆက်လက်အောင်မြင်သော blog တစ်ခုဖြစ်ပါစေရှင်


http://tutu-yay-war.blogspot.com/

ကိုကိုမောင်(ပန်းရနံ့) said...

ထပ်ရောက်ပါတယ် အမ။
အဆင်ပြေပါစေ။

ဖိုးစိန် said...

့တစ်နှစ်ပြည့်မှသည်
နှစ်တရာတိုင်သို့
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျမ်းမာခြင်းများဖြင့်
စာပေများ သမိုင်းကြောင်းများကို ဆက်လက်မျှဝေပေးနိုင်ပါစေလို့
မကြီးသက်ဇင်အတွက် ဆုတောင်းပေးခဲ့ပါတယ်ဗျာ

ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

win latt said...

“လေးစားရပါသော အမ မသက်ဇင်...”
ဘဝမှာ ပြီးပြည့်စုံခြင်း ဆိုတာတွေအတွက် ကျွန်တော်တို့ တစ်တွေ တစ်ကောက်ကောက် လိုက်ရှာ နေပေမဲ့ အခုချိန်ထိအောင် မတွေ့ကြသေးဘူးနော်။ ဒါပေမဲ့“ပဏ္ဍိတာနဉ္စ သေဝနာ” ဆိုတဲ့ မင်္ဂလာ တရားတော်နဲ့ အညီ ပညာဂုဏ်ကြီးမြတ်သူတို့နဲ့ ရင်နှီးခင်မင်ရခြင်း၊ပညာရှိများထံမှ ပညာဗဟုသုတ များ မှီဝဲဆည်းကပ်ရခြင်းတွေအတွက်တော့ လွန်စွာ တန်ဖိုး ရှိတဲ့ အချိန်တွေကို တန်ဖိုးရှိစွာ အသုံးချခွင့် ရလိုက်တယ်လို့ ထင်ပါတယ်။
ဲ“ပတိရူပ ဒေသ၀ါသောစ၊ ဧတံမင်္ဂလ မုတ္တမံ ” ဆိုသလို ပဲ ကျွန်တော်တို့ နေချင်တဲ့ မွေးရပ်မြေမှာ ရှင်သန်ခွင့် အခြေအနေမပေးပေမဲ့ လက်ရှိရောက်ရှိနေတဲ့ အရပ်ဒေသမှာ အများအကျိုးကိုလည်းထမ်းရွက်ရင်း မဟာလူသားစစ်စစ် ဖြစ်ဖို့ အတ္တဟိတ၊ပရဟိတ မျှတအောင်ကြိုးစားနေထိုင်သွားမယ်နော်...အမ...။
မှန်ကန်တဲ့ ယုံကြည်ချက်လမ်းပေါ်မှာ
ဖြူစင်တဲ့ စိတ်ထားတွေနဲ့
အမြဲတမ်းလှပနေမဲ့ ပန်းတစ်ပွင့်
“မသက်ဇင်” ဆိုတာ
သမိုင်းမှာ အလှဆုံးကမ္ပည်းတွင်စေကြောင်း
ဆုတောင်းပေးလိုက်ပါသည်။
ပုဂံမင်းသမီးလေးတစ်နှစ်ပြည့်အတွက်
သုခီအတ္တာနံ ပရိဟရန္တု

-----ဧဏီမင်း said...

ဆုတွေမပေးလိုဘူး
(နှမြောလို့ မဟုတ်ပါ)
ကိုယ်ရဲ့ ဇွဲလုံးလကို မမြင်တတ်မှာစိုးလို့၊

ကွန်မင့်တွေ မပေးရဲဘူး
(စာမရေးတတ်လို့ မဟုတ်ပါ)
ဆောင်းပါးရှင်က ကိုယ့်ထက်တော်နေလို့၊

မြှောက်ပင့်မပြောလိုဘူး
(မလုပ်တတ်လို့ မဟုတ်ပါ)
ကိုယ်ပိုင်အရည်းအချင်းတွေ တိမ်ကောသွားမှာစိုးလို့ ။

မကြီးအတွက် တစ်နှစ်ပြည့် အမှတ်တရ

Taungoo said...

တစ်နှစ်ပြည့်မှသည် ဆက်လက်အောင်မြင်ပါစေ အမရေ

phar said...

တစ်နှစ်ပြည့်မှသည် နောက်ထပ် နှစ်ပေါင်းများစွာတိုင်အောင် ဆက်လက်ရေးသားနိုင်ပါစေခင်ဗျာ..

ကျွန်တော်တို့ မသိသေးသော အကြောင်းအရာများစွာကို ရေးသားပေးသော အစ်မသက်ဇင်အား ကျေးဇူး... :)

GreenGirl said...

တစ်နှစ်မက နှစ်ပေါင်းများစွာ သမိုင်းကြောင်းလေးတွေကို ဆက်လက်ရေးသားနိုင်ပါစေ မမရေ။
ပုဂံအကြောင်းကိုတော့ အကြိုက်ဆုံးပဲ။
အရောက်နောက်ကျလို့ ခွင့်လွှတ်ပါနော်း)

pethein said...

မသက်ရေ-
တစ်ပြည့်မှသည် နှစ်ပေါင်းမြောက်မြားစွာတည်နိုင်ပါစေနော်၊
အားလုံးသောသူတို့ဟာ မျှော်လင့်ချက်၊ ယုံကြည့်ချက် တွေနဲ့ စွန့်စားနေကြရတာပဲမဟုတ်လား။

Phyo Evergreen said...

တစ်နှစ်ပြည့်သွားပြီ... အချိန်တွေကမြန်လိုက်တာ...။
ဆက်အားပေးနေမယ်..။

မဆုမွန် said...

အစ်မရေ
တစ်နေကုန် အလုပ်ရူပ်နေတာ ကိုယ့်ဘလော့ခ်တောင် မ၀င်ဖြစ်ဘူး ဒါပေမယ့် အစ်မပို့စ်ကို အစအဆုံး ဖတ်သွားတယ်..အစ်မ စစ်ဝတ်စုံနဲ့ မိုက်တယ် ကရင်ဝတ်စုံလေးနဲ့လှတယ်..

Ree Noe Mann said...

နောက်နှစ်စဉ် နှစ်တိုင်း ဒီလိုအမှတ်တရလေးနဲ့
အတူ မွေးနေ့ကို စောင့်မျော်နေပါတယ်နော်

ရီနိမာန်

Htet Yee Thitsar said...

ပြည်တွင်းစစ်မီးတွေငြှိမ်းသတ်နိုင်ပါစေလို့ ပထမဆုံးဆုတောင်းပေရမှာပဲ...နောက်ပြီး.. ဒို့အစ်မကြီးလဲ စာတွေဆက်လက်ရေးနိုင်ပါစေ... အသိပညာတွေ ဆက်လက်ဝေငှနိုင်ပါစေ....
လွတ်လပ်ပြီးရှင်သန်တက်ကြွတဲ့လူ့ဘောင်သစ်ပေါ်ထွန်းရေး ကိုဆက်လက် ဆောင်ရွက်နိုင်ပါစေ...
တစ်နှစ်မှ တစ်နှစ်ရှင်သန်တိုးတက်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်ဗျာ...

သစ်နက်ဆူး said...

လေးစားခင်မင်ရတဲ့  မသက်ရေ...
ဟိုနေ့ ထဲကရောက်တယ်..ကွန်မန့် ပေးလို့ မရဘူး...အခုအဆင်ပြေသွားတယ်...တနှစ်ပြည့်ဘလော့ဂ်ပို့ စ်မှာ ကွန်မန့် ရေးခွင့်ရတဲ့ အတွက်ဝမ်းသာမိပါတယ်..
သမိုင်းလေ့လာအားကောင်းသလောက် စာရေးကောင်းတဲ့ မသက်...
မပျောက်ပျက်သင့်သော သမိုင်းကို ကိုယ်ပိုင်အသိစိတ်နဲ့ တူးဆွဖော်ထုတ်သော မသက်...
ဗဟုသုတမှားစွာ အထောက်အကူများစွာပေးနိုင်သောမသက်...
ကျနော်လေးစားခင်မင်သော မသက်
စာတွေအများကြီးရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...။
ထာဝရပျော်ရွှင်ချမ်းမြေ့ပါစေ..။

ကိုကိုမောင်(ပန်းရနံ့) said...

ထပ်ရောက်ပြန်ပါတယ် အမ။
ပျော်ရွှင်ပါစေ။

နန်း said...

ဘလောဂ့် ရေးခြင်းသည် အနှောင် အဖွဲ့ မရှိပါ။ သို့သော် မိမိ ကိုယ် မိမိ သတ် မှတ် ထားသော တန်ဖိုးတစ်ခု တော့ ရှိပါ လိမ့်မည်။ မိမိ၏ ဒိုင်ယာရီ မှတ်တမ်း တစ်ခုလည်း ဖြစ်ပါသည်။

ဟုတ်ပါတယ်။အနှောင့်အဖွဲ့မရှိပါဘူး။ ဘလောဂ့်ရေးတာဟာလည်း မီဒီယာတခုပါပဲ။
သတ် မှတ် ထားသော တန်ဖိုးတစ်ခု တော့ ရှိရမယ်ဆိုတာလည်း ထောက်ခံပါတယ်။
တနှစ်မြောက်မှ ပိုစ့်လေးကို လည်း အရမ်းကြိုက်ပါတယ်။
လေးစားစွာဖြင့်

သက်ပိုင်သူ said...

အမရေ
တစ်နှစ်ပြည့်မှသည် နောက်နှစ်ပေါင်းများစွာတိုင် စာတွေ အများကြီး ရေးနိုင်ပါစေ..

သက်ပိုင်သူ

Dr. Win Thein said...

အရင်နေ့ကတည်းက ရောက်ပါတယ် မသက်ဇင် မန့်လို့မရလို့ ပြန်သွားခဲ့ရတယ်.. ဘလော့ဂ်တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပြည်သူ့အကျိုးပြု စာပေများကို ကျန်းမာရွှင်လန်းစွာနဲ့ ဆက်လက်ရေးသားနိုင်ပါစေ မသက်ဇင်....

မြတ်သွယ် said...

မမသက်ဇင် ဘလော့တစ်နှစ်ပြည့်မှစ ဗဟုသုတတွေ ပိုမိုမျှဝေနိုငါပါစေ...
ဝတ်စုံနဲ့ပုံလေးမှာ အပြုံးလေးလှသလို
ပြောက်ကျားလေးနဲ့ကလဲ မိုက်တယ်နော်

မမသက်ဇင် ကျန်းမာပျော်ရွှင်ပါစေးD

WWKM said...

မမသက်ဇင်ရေ..
ဘလော့ဂ်လေး ၁နှစ်ပြည့်မှသည် တန်ဖိုးရှိလှစွာသော သမိုင်းစာပေလေးတွေကို ပျော်ရွှင်စွာဆက်လက်ရေးသားနိုင်ပါစေ မမရေ...

အခုမှရောက်တယ် မမရေ..
ဝါ၀ါ့ဘလော့ဂ် ဖွင့်လို့မရနေလို့ စိတ်လေနေတာလေ.
အခုတော့အဆင်ပြေသွားပါပြီ.


မမကျန်းမာပါစေရှင်.

ဝါ၀ါ

HAPPY CLOUD said...

အမရေ... တစ်နှစ်ပြည့် အမှတ်တရရောက်လာပါတယ်.... အမဆက်လက်ပီး သမိုင်းကြောင်းအသိပညာတွေ ဝေမျှနိုင်ပါစေခင်ဗျာ... ခင်မင်လေးစားစွာဖြင့်....
ဖိုးမောင်

Nyi Nyi Myanmar said...

လာလည်သွားတယ် အစ်မ
လူသားအကျိုးပြူ သမိုင်းစာပေများ ဆထက်ထမ်းပိုးရေးသားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် :)

ကိုကိုမောင်(ပန်းရနံ့) said...

အမက စာဖတ်ဝါသနာပါတယ် ထင်တယ်နော်။
ဘလော့ဂ်တွေ လျောက်လည်တဲ့အခါမှာ အမရဲ့  ကွန်မင့်တွေကို ဖတ်ဖြစ်တယ်။ အမက ဗဟုသုတ အရမ်းရှိတာဘဲ။
သမိုင်းနဲ့ပတ်သက်ရင် အမက အကုန်လုံးသိနေသလိုဘဲ။

တကယ်လေးစားပါတယ် အမ။

Myo Win Zaw said...

မင်္ဂလာပါအမရေ အမရောက်ခဲ့တဲ့ ကရင့် တပ်မဟာ (၇) နယ်လည်း ဒီရက်ပိုင်းအတွင်း ကရင်ခြင်းတိုက်လို့ ကုန်သလောက်ဖြစ်သွားပြီ ၀မ်းနည်းစရာပါဘဲ အမရေ

ဂျပန်ကောင်လေး said...

အမရေ.. အလည်လာတာ အသစ်မတွေ့တာနဲ့ ဒါလေးကို ပဲ ထပ်ဖတ်ဖြစ်သွားပါတယ်.. ဆက်ရေးပါဦးနော်..

saiburma said...

Hello Ma Thet Zin,

I love this page and i can get so many news from myanmar.Thanks amillion for your hardworks dear. You are the best and I will always be in your website.

Sincerely
Sai Laung Main Thet

ခိုင်စိုးလင်း said...

နှင်းဆီပွင့်ဖတ်ပေါ်က ပျားရည်ကို ဆက်ဖတ်ချင်ပါတယ်

မိုးသောက် said...

မမသက်ဇင်
တစ်နှစ် ပြည့် ကို ၉၉ ယောက် မြောက်မှ လာရေးရတာ တောင်းပန်ပါတယ် ...
မမသက်ဇင် အခုဆို အရမ်း တန်ဖိုးရှိတဲ့ ဘလော့ဂါ သူ တစ်ယောက် ဖြစ်နေပါပြီ ..
ဂုဏ်ယူပါတယ်ဗျာ ...
ဒီထက် မက တန်ဖိုးရှိတဲ့ အသိ အမြင် အတွေးအခေါ်တွေ အများကြီး ရေးနိုင်ပါစေဗျာ ...
ခင်မင်တဲ့
မောင်လေး မိုးသောက်

ကိုကိုမောင်(ပန်းရနံ့) said...

၉၉ နှင့် ကွန်မင့်က ရပ်နေတာဆိုတော့ ကျနော်က ၁၀၀ မြောက်ပေါ့။

အမ ငြိမ်လှချည်လား။ ဘာလုပ်နေပါလိမ့်။
အလုပ်ရှုပ်ဆဲဘဲလား။

အဆင်ပြေပါစေ အမ။

Khinmarlaraung said...

:)...အစ်မသက်မွန်...
Blog သက်တန်း ၁နှစ်ပြည့်မှသည် နောင်ရတုပေါင်း
များစွာတိုင် အောင်မြင်သော Blogger ဘဝကိုထာဝရပိုင်
ဆိုင်နိုင်ပါစေ။
မ..အေးချမ်းပျော်ရွှင်ပါစေ။:)

thungechinmyar said...

အစ်မက သမိုင်းကို တော်တော် စိတ်ဝင်စားတယ် နော်။ အတော်လည်း ၀ါသနာပါတယ်။ ကောင်းပါတယ်။ ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုကို ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ရတော့ အမြဲတမ်းစိတ်ချမ်းသာ ပြီး အောင်မြင်ပါစေ လို့ ဆုတောင်းလျက် ...

ATH said...

အမသက်ဇင်ရေ ပျော်ရွင်ပါစေ !

နှင်းဆီနက် said...

အမရဲ့ဘလော့တစ်နှစ်ပြည့်မှာနောက်ကျမှရောက်လာရတယ် အမရေလူချင်းမတွေ့ဖူးပေမဲ့အမကိုစိတ်ထဲကနေ အရမ်းခင်ပါတယ် လေးလဲလေးစားပါတယ် အမဒီထက်မကရေးနိုင်ပါစေနော်
ခင်မင်စွာဖြင့်
နှင်းဆီနက်

thawzin said...

မန့်ထားတာများတော့ မန့်ရမှာတောင် အားမပါတော့ဘူး အစ်မရယ်, ဒါပေမယ့် စီဘောက်လို့ မက်စေ့ထားခဲ့ရမှာက မသိတော့ ဒီမှာပဲ ဖတ်မှတ်ပါတယ်နော် , မရောက်တာကြာပြီး မှတ်မိလောက်ဘူးထင်ပါ့နော်, ကျွန်တော်လဲ ဘလော့ မရေးတာ ကြာပြီး , အခုမှပြန်လုပ်ဖြစ်တော့တယ် , အားရင် လာလည်ပါအုံးဗျာ...... အစ်မရဲ့ ဆိုက်ကတော့ တကယ့်ကို လူတွေစိတ်ဝင်စားစရာ ကောင်းသော ဆိုက်လေး ဖြစ်နေပြီးနော်
ခင်မင်လျှက်

Army Soul said...

အစ်မဘလော့တစ်နှစ်ပြည့်ကို ဒေါက်တာလွမ်းဝေလက်ဆင့်ကမ်းလိုက်လို့ရောက်ရှိခဲ့ပါသည်။ အစ်မ၏ ပုဂံအကြောင်းတွေ ဖတ်ရတာ မပျင်းဘူး။ သမိုင်းကြောင်းကြီးပဲ မဟုတ်ပဲ လူနှစ်ဦး၏ ခံစားချက်လေးတွေ emotional လေးများကိုပါ ဖတ်ရတော့ ဖတ်လိုက်ရတာလေးက တော်တော်ကို မင်သက်နေစေမိတာ။ mmgenius မှာပဲ ဖတ်ဖြစ်တော့ ဒီရောက်မှပဲ အစ်မ ပုံလေးတွေကို တွေ့ရတာ။ ဆက်လက်ရေးသားပါအုံး.. အားပေးလျက်ပါ။

Myo Win Zaw said...

အမရေ ရောက်တယ်ဗျာ

ကိုစွမ်း said...

မသက်ရေ...ဘလော့တစ်နှစ်ပြည့်လေး လာလည်သွားပါတယ်.စာတွေလည်း ဖတ်သွားပါတယ်.

Heartmuseum said...

အမရေ.... ရောက်တယ်ဗျ.... နေကောင်းတယ်ဟုတ်...

စိုင်းစိုင်းလားရှိုး said...

အမ သက်ဇင်.....
တစ်နှစ်ပြည့်ကို ခုမှရောက်လာရတာ တောင်းပန်ပါတယ်။
စာရေးခြင်းအမှုကို ပြုနိုင်ရန် ခက်ခဲတဲ့ နေရာကို ရောက်နေလို့ပါ။ မသက်ဇင် တစ်နှစ်ပြည့်မှသည် အမြဲတမ်း အဆင်ပြေစွာ စာရေးသားခြင်းကို ပြုလုပ်နိုင်ပါစေ။ မဖတ်ရသေးတဲ့ စာကြွေးများကိုလည်း ဖတ်ရှုသွားပါတယ်။
တစ်နှစ်သား ဘလော့လေးဟာ ထိုက်တန်တာထက် ပိုပြီး အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့လို့ ၀မ်းသာ ဂုဏ်ယူမိပါတယ်။

HAPPY CLOUD said...

အရောက်နောက်ကျတယ် အမရေ.. အခုမှပဲဖတ်ဖြစ်တော့တယ်။ တစ်နှစ်ပြည့်ဆိုပေမယ့် စိတ်ထဲမှာတော့ အဲလိုမထင်ဘူး.. အမက ဟိုးတုန်းတည်းက ရေးနေတဲ့ စာရေးဆရာတစ်ယောက်လို့ မြင်တယ်..။ မှန်မှန်ပြောနော်...း)

မိုးမောင်

အမရာ said...

မရေ...နေကောင်းရဲ့လား....
မရဲ့ဘလော့ဂ်လေးတနှစ်ပြည့်သွားတဲ့
အတွက်ဂုဏ်ယူပါတယ်....သမိုင်းကြောင်း
တွေဆက်လက်ဝေမျှနိုင်ပါစေ....။။။

myooo.nyan said...

အချိန်တွေတောင် တော်တော်နောက်ကျနေပီဗျာ.. ကျနော်လည်း စိတ်မအားလူမအားဖြစ်နေတာနဲ့.. ဘလော့တစ်နှစ်ပြည့်မှာ မသက်ဇင်က လူပါတ်ဝန်းကျင် သမိုင်းလေးကို အစချီလို့... မသက်ဇင်ရဲ့ ကျိုးပန်းမှုလေးနဲ့ အမှတ်တရရေးနိုင်ခဲ့တာ ချီးကျုးပါတယ်ဗျာ... ခက်ခဲတဲ့ခရီးကြမ်းတွေထိရောက်အောင်သွားနိုင်တဲ့ မသက်ဇင်ရဲ့ ဇွဲတွေဟာလည်း အင်မတန်မှ လေးစားစရာကောင်းပါတယ်.... ကြိုးစားမှုတိုင်းအရာထင်ပါစေလို့ ဆန္ဒပြုရင်း ဟောဒီတစ်နှစ်ပြည့်လေးမှ နောင် အနာဂတ်သွေးသစ်တို့ဆိထိတိုင်အောင် တည်တံ့မြဲမြန်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျှက်ပါ

ရွှန်းမီ said...

မသက်ဇင်ဘလော့လေးတောင် တစ်နှစ်ပြည့်သွားပြီကိုး ..
လာနှုတ်ဆက်ပါတယ်.. ပျော်ရွှင်ပါစေအစ်မ..

Ģя∆и₣Δяج said...

ခုမှ ရောက်တာခွင့်လွတ်ပါအမ ..
လူတိုင်းမပေးနိုင်တဲ့ရသ၊ ဗဟုသုတ စာပေတွေကို အမရေးပေးလို့ဖတ်ရပါတယ်... အရာရာအဆင်ပြေပြီး စာများများရေးနိုင်ပါစေ ဆုမွန်ကောင်းတောင်းပါတယ်.. ..

Yu Ya said...

ပထမဦးဆုံးအကြိမ်အဖြစ် အလည်ရောက်ဖြစ်ပါတယ်ခင်ဗျာ။ ဗဟုသုတတွေ တစ်ပုံတစ်ပင်နဲ့ ပြန်သွားပါတယ်။ နောက်ကို အမြဲ လာရောက် လည်ပတ်ခွင့်ပြုပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

မျှော်လင့်ခြင်း said...

မမရေ...လာပြီးဂုဏ်ပြုသွားပါတယ်နော် ...
မမရဲ့တစ်နှစ်ပြည့်Blogအထိမ်းအမှတ်လေးသည်
နောင်နှစ်ပေါင်းတစ်ရာတိုင်းအောင် အခွန့်ရှည်ပါစေနော်... မမBlogလေးအစဉ်တည်တံ့ပါစေ...

ကိုကိုမောင်(ပန်းရနံ့) said...

အမ
စာမရေးတော့ဘူးလား။
စာမရေးဘဲ စာတွေဘဲ ဖတ်နေတာထင်တယ်။
စာလေးရေးပါဦးအမ။ စောင့်ဖတ်နေမယ်။

ခင်တဲ့
ကိုကိုမောင်(ပန်းရနံ့)

ခိုင်စိုးလင်း said...

အသစ်ဖတ်ရဖို့ မျှော်လင့်နေပါ၏
ချစ်ခင်စွာဖြင့်

rose of sharon said...

စာလာဖတ်သွားပါတယ်

chocothazin said...

မသက်ဇင်ရေ
သဇင့်ဘလော့ဂ်လေး ပြန်ကောင်းသွားပြီနော်။ လာလည်ပါဦး။ ချစ်ခင်လျက်

မသက်ဇင် said...

E-journal မှ ဆရာသုခမိန်ု
မအားသော်လည်းစာလာဖတ်ပါတယ်မြန်မာ့သမိုင်း ကိုပဲ အရင်ဆုံးဆွေးနွေးရရင်။
( က ) နိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုတစုတည်းရဲ့ အမြင်နဲ့ ရှုထောင့်က ရေးသား ပြုစုခဲ့ကြတဲ့ မော်ကွန်။မှတ်တမ်း။အရေးတော်ပုံတွေရယ်။
( ခ ) လက်တဆုပ်စာ လူတန်းစား ရှုထောင့် အမြင်နဲ့ ကျဉ်းမြောင်းစွာ ရေးဖွဲ့ထားတဲ့ အုပ်ချုပ်ပုံ စာပေတွေနဲ့။ ဘုန်းတော်ဘွဲ့ ကျောက်စာတိုင်တွေရယ်။
( ဂ ) နိုင်ငံခြားသားတွေရဲ့ ခရီးသွားမှတ်တမ်းတွေရယ်။
တိုင်းတပါးလူမျိုးခြားတွေရဲ့အမြင်တွေရယ်လောက်ပဲ
သမိုင်းစာပေ အဖြစ် တွေ့ရှိရပါတယ်။

လက်လှမ်းမှီသလောက် သမိုင်းဝင်စာပေတွေကို လေ့ လာ တဲ့အခါ။ သူ့ခေတ်နဲ့သူ့အခါ မှတ်တမ်းတင် ရေး
သားခဲ့ခြင်းဆိုတဲ့ အချက်တွေကို လေးလေးနက်နက်
သတိပြုရမှာဖြစ်တယ်။

မာရေးသျှင် ပြောသလို ယနေ့ခေတ်ပြိုင် အမြင်နဲ့ တ ဘက် သတ် လေ့လာကြည့်မယ်ဆိုရင် တဘက်စွန်းကို
ကျရောက်သွားမှာဖြစ်ပါတယ်။
မှန်ကန်တဲ့ ဝေဖန်သုံးသတ်ခြင်းမရှိနိုင်တော့ပါဘူး။
ယနေ့ အိုင်တီခေတ်။ညူကလီးယားခေတ်ကြီးကို ကျော
ခိုင်းပြီးလွန်လေပြီးသော ခေတ်သမိုင်းကို လွမ်းဆွတ်
တသ နေအုံးမယ်ဆိုရင်လည်း ဘေးအန္တရာယ်တွေဟာ
စိုးရိမ်ဘွယ်ရာ အလွန်ကြီးမားနေပါလိမ့်မယ်။

အထက်က ပြောခဲ့တဲ့အချက်ကြီးသုံးချက်ကို မှန်မှန် ကန်ကန်လေ့လာသုံးသတ်နိုင်ကြပြီး ဆရာကြီး ဒေါက်တာသန်းထွန်းပြောခဲ့တဲ့ ''မ အ '' ရန် သမိုင်း သင်ပါဆိုတာ။ နိုင်ငံအနာဂတ်လှပဖို့အတွက် လူထုကို မှန်ကန်တဲ့ သမိုင်း ''အသိ'' ပေးဖို့ ရန်ပဲဖြစ်ပါတယ်။

နိုင်ကို said...

လည်လည်လာပါတယ် မ

Dr. Tint Swe said...

မသက်ဇင်
ဗိုလ်ထိန်မောင် ပုံကို ထိပ်ဆုံးနားက ဖေါ်ပြတာ နဲနဲ တမျိုးဖြစ်သွားတယ်ထင်တယ်။ အခုလိုအချိန်မျိုးမှာ ပြောတာ။ အခုချိန်အထိနဲ့ နောင်အမျိုးသားရေး ရည်မှန်းချက်တွေရတဲ့အထိ ဆောင်ရွက်ကြတဲ့ ကရင်အမျိုးသားတွေအနေနဲ့ မေခွန်းထုတ်စရာများ ဖြစ်နေမလား။

ခိုင်စိုးလင်း said...

ဟုတ်တယ် အစ်မ မအားဘူး ပျင်းတာလည်း ပါတယ် ခုတော့ အသစ်တင်ထားတယ်
ချစ်ခင်လျက်

ကိုလူထွေး said...

ဗိုလ်ချုပ်မြကို သတိရခြင်းနှင့်အတူ ကရင်အမျိုးသားတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်စွာ ချုပ်ငြိမ်းနိုင်ပါစေ...

ဘလော့သက် ရာကျော်ရှည်နိုင်ပါစေ...

းဝ)

ထင်လင်းအောင် said...

အလည်လာတယ်အမရေ....
...နေကောင်းတယ်နော်....

နှင်းဆီနက် said...

မရေ ရောက်တယ်နော် မအားဘူးဖြစ်နေတာ အိမ်ရှင်မကြီးဖြစ်တော့မယ်ဆိုတော့ အဟဲ နေကောင်းပါစရှင် မွေးနေ့အကြိုလေးပို့စ်တင်ထားတယ်မဇင် အနီးကပ်ရင်ဖိတ်လိုက်မယ်နော် အဟဲ ချစ်မမို့လို့း)
ခင်မင်စွာဖြင့်
နှင်းဆီနက်

ကိုကိုမောင်(ပန်းရနံ့) said...

အမ
တစ်လရှိပြီ စာလဲ မရေးဘူး။
နေလို့တော့ ကောင်းပါတယ်နော်။

Steve Evergreen said...

ဂါရဝပြုပါတယ်

Mydiary said...

မမရေ
မအားလို့ မရောက်ဖြစ်ဘူး
မမရဲ့ အရေးအသားနဲ့ မမရဲ့အတွေးအခေါ်အားလုံးကို
အားကျတယ်။
မမ ထထ က ပါတော့ ။

မျှော်လင့်ခြင်း said...

မမရေ မောင်လေးအလည်လာသွားတယ်
အခုမျှဆေးရုံကဆင်းလာတယ်ဆိုပါတော့
13 ရက်နေ့ကအရေးပေါ်တက်လိုက်ရသေးတယ်
အခုတော့သက်သာသွားပါပြီး... မမမောင်လေးမရှိတုန်း
မောင်လေးဆီကိုသတင်းလာမေးတဲ့အတွက် အရမ်းကျေး
ဇူးတင်ပါတယ်... မမစာရေးတာကအစ သွားရေလာရေအစ စအရာအရာအဆင်ပြေပါစေနော်......... ကံကောင်းခြင်းများစွာနဲ့ ပြည့်စုံပါစေဗျာ .......

ခိုင်စိုးလင်း said...

အစ်မရယ် မအားဘူးမှတ်တယ်

အရုပ်ကလေး said...

အစ်မတော် ..
အလည်တစ်ခေါက် ထပ်ရောက်လာတယ် ..
ပျောက်နေတယ် ..

အဆင်ပြေခြင်းများစွာ ပိုင်ဆိုင်ပါစေ ..။

PhotoVigor said...

I am really keen in history, thus, really interested your post.

အိုးဝေအောင် said...

လာရောက်ကြည့်ရှုခဲ့ပါတယ်။

Nyi Nyi Myanmar said...

ဘယ်ပျောက်နေလဲ အစ်မရေ

မင်းအိမ်ဖြူ said...

ပိုစ့်က အသစ်တက်လာလို့ အသစ်ရေးပြီဆိုပြေားလာတာပါ အစ်မရေ...

အဆင်ပြေပါစေဗျာ ၊၊

news for hunter said...

အခုလဲ အိမ်ကြက်ချင်း အိုးမဲသုပ်ပြီးပေးခွပ်နေသလို တိုက်နေကြတာကြားလို့ ၀မ်းနည်းမိပါရဲ့အစ်မရယ် ပြန်ကြည့်တော့ ကရင်လဲ မြန်မာနိုင်ငံသားဘဲ စစ်သားလဲ မြန်မာနိုင်ငံသားပေဘဲလေ လက်တစ်ဆုပ်စားလူတန်းစားတွေ ကောင်းစားဖို့ အာဏာ လေး နှစ်ပဲတစ်ံပြားလောက်ပေးပြီး အချင်းချင်းတောင် ပြန်တိုက်ခိုက်နေကြပြီလေ...ကျွန်တော် လာပါတယ် အစ်မ မှာက ဆီပုန်း မရှိတော့ မရေးသွားတာပါ

ATH said...

အမသက်ဇင်ရေ ပျောက်နေပါလားဗျ လာလည်တယ်နော အဆင်ပြေပါစေ

-----ဧဏီမင်း said...

မကြီးရေ..
ပျောက်နေပါလားနော်..ဘာတွေဖြစ်နေလဲ.. ကျန်းမာရေးကော ကောင်းရဲ့လား..ဘာ့ကြောင့်အဲလောက်ကြီးပျောက်နေရတာလဲ
ပရိတ်သတ်တွေက မျှော်နေကြပြီ မကြီးရေ..

မကြီး ကျန်းမာ ပျော်ရွှင်ပါစေ.. အမြန်လည်း ပြန်ပေါ်လာပါစေ..

mosquito said...

အမရေ....
တိုက်တိုက်ဆိုင်ဆိုင် အမှတ်တရရောက်လာပါတယ်.. နောင်လဲ အမြဲေ၇ာက်တော့မှာဖြစ်ပါတယ်... ကျမက ကရင်လူမျိုးတွေကို အလွန်လေးစားပါတယ်...

မနောသား said...

အလည်ရောက်ပါတယ် အမ .. မတွေ့တာ ကြာပြီ .. နေကောင်းတယ်နော် ..ပျော်ရွင်ပါစေ ..

ခင်မင်စွာဖြင့်

မနောသား

Mee Mee Lay said...

မမ....
ဘလော့တစ်နှစ်ပြည့်အတွက် ဝမ်းသာပါတယ်
မမဆီလာလည်ပေမယ့် စီဘောက်မတွေ့တော့
မအော်ဖြစ်ခဲ့တာပါ....
မမ နောင်နှစ်များစွာ ဘလော့လောကမှာ ရှင်သန်
နေပါစေလို့....
ချစ်ခင်စွာဖြင့်
နီနီ
Happy Birthday Sis! :P

မိုးခါး said...

မမရေ
ပျောက်နေတယ်နော် .. အလုပ်တွေများနေလား

ကိုကိုမောင်(ပန်းရနံ့) said...

အမ
ပျောက်နေတာ ကြာပြီ။ နေကောင်းလား။
အလုပ်တွေ အရမ်းရှုပ်နေတယ်ထင်တယ်။

ကျန်းမာပျော်ရွှင်ပါစေ အမ။

chocothazin said...

အစ်မရေ အလုပ်တွေအရမ်းများနေလား။ စာတွေမျှော်နေပါတယ်။

ထင်လင်းအောင် said...

အမအလုပ်များနေတုန်းပဲလား...
နေကောင်းလား........ :D

ဧရာဝတီသား said...

အစ်မရေ သတိရမိလို့ လှည့်ဝင်ကြည့်မိတာ အခေါက်ခေါက်ပါ ခင်ဗျာ။ စာ အသစ်တွေလည်း မျှော်နေပါတယ်၊ မအားလပ်လို့ ဆိုတာလည်း နားလည်ကိုယ်ချင်းစာပါတယ်။

အများကြီးဆက်လက်ရေးသားနိုင်ပါစေနော်
ခင်မင်လျက်
ဧရာဝတီသား

Ko Min Htet said...

အမသက်ဇင်ရေ့၊ ဘယ်ဆီရောက်လို့ ဘယ်တွေပျောက်နေလဲဗျာ့၊ တစ်နှစ်ပြည့်ဘလောဂ်ရေးပြီးကတည်းက အခုထိမတွေ့ရပါလား။ ကျမ်းခန့်သာလို့မာပါစ၊ အလုပ်တွေ များနေတယ်ထင်တယ်နော်။

ကိုရင်နော်ခင်လေးငယ် said...

အစ်မရေ..
သတိရနေတယ်..
ပျောက်နေတာကြာပြီနော်..
နေကောင်းရဲ့လား..

ပျော်ရွှင်အဆင်ပြေစွာဖြင့် အရင်လို စာတွေ အများကြီးရေးနိုင်ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

Rebel said...

လာရောက်ကြည့်ရှု့သွားပါတယ်ခင်ဗျ

Pablo (yo) said...

Great blog!!!
If you like, come back and visit mine: http://albumdeestampillas.blogspot.com

Thanks,
Pablo from Argentina

Lynn Nay Ko said...

မင်္ဂလာပါ..နောက်ထပ် စာတွေ အများကြီး ထပ်ရေးနိုင်ပါစေ ခင်ဗျာ

Shweyamin said...

မသက်ဇင်ရေ...
နေကောင်းလား မတွေ့တာအတော်ကြာပြီနော်။
သတိရနေတယ်။ ဂုဏ်ယူပါတယ် ခုလို တင်ပြတော့ လေ့လာခွင့်ရတာဟာ ပိုပြီး ကျေးဇူးတင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် မသက်က ပင်ပန်းကြီးစွာ ရှာထားတာကို အလွယ်တကူလာဖတ်ခွင့်ရခဲ့တာကို ပြောတာပါ။ သတိရနေတယ်နော်။ ကျန်းမာရေးကောင်းအောင်နေ.. ယမင်းကတော့ ကောင်းဘူးသိလား။

nai said...

အသစ်လေးတွေကို မျှော်နေပါကြောင်း

နေ့အိပ်မက် said...

သီတင်းကျွတ်လပြည့်ညမှာ ပျော်ရွှင်နိုင်ပါစေ....မမရေ

နေ့အိပ်မက် said...

ပျောက်လိုက်တာမမရယ်

ARO GERALDES said...

Great blog, nice pictures... I can't read burmesse, but I enjoy visiting this site.
Best regars from Buenos Aires...
Pablo
International football journalism

မျှော်လင့်ခြင်း said...

မမရေမောင်လေးလာလည်သွားတယ် မမဘယ်ပျောက်နေတာလဲ ....

news for hunter said...

အစ်မ တစ်နှစ်ပြည့်လာလည်သွားပါတယ် ကိုယ့်သမိုင်း ကိုရေး ဆိုတဲ့စကားက......ဘယ်လိုဘဲ ဖုံးကွယ်ထားပါစေ တစ်နေ့ကျရင်တော့ အစ်မတို့လို ဘလော့ဂါတွေက ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် ညီငယ် ညီမငယ်တွေကို အခုချိန် မြန့်မာ့အသံ မြ၀တီ မြန့်မာ့အလင်း ကြေးမုံတွေမှာ မပါတဲ့ သမိုင်းအမှန်တွေ ချပြပေးနိုင်သွားပါစေလို့ ဆုတောင်းပါတယ်.....

nai said...

ကျွန်တော့် ဘလော့လေးလဲ တစ်နှစ်ပြည့်ခဲ့ပြီးပါပြီ ။ အမ မတွေ့တာကြာလို့ လာရောက်နှုတ်ဆက်ပါတယ် ။ နောင်ကိုလည်း ကျွန်တော်မသိသေးတာတွေအတွက်လာရောက်ဖတ်ရှု့လေ့လာပါဦးမယ် ။ ကျေးဇူးတင်လျှက် ( နိင် )

Army Soul said...

မသက်ဇင်

ပျောက်နေတယ် မမ။
မသက်ဇင် စာလေးများကို စောင့်မျှော်နေပါတယ်။

အချိန်လေးများရရင် စာမျက်နှာလေးကို ပြန်ပြီး အသက်သွင်းပါဦး.. မမ

မမသက်ဇင် ပျော်ရွှင်နိုင်ပါစေ

ဖိုးဂျယ် said...

အမရေ နေကောင်းပါစဗျာ

Phyo Evergreen said...

စာတွေရေးပါအုန်း.. မျှော်နေပါတယ်..။

Saya NgaSaw Gyi said...

I vistied this blog. It's nice.

နေ့အိပ်မက် said...

နေ့အိပ်မက်လည်း တစ်နှစ်ပြည့်ပြီမမရေ

ဆန်းဝင်း said...

သတိရလို့ လှည့်ဝင်လာတ အစ်မရေ...

အစစ အရာရာ....

ကျန်းမာပျော်ရွှင်.....အဆင်ပြေပါစေ။

မေခင် said...

မေခင် ဆိုက်ထဲဝင်တဲ့ ပါ့စ်ဝှက် ပျောက်သွားလို့
မမရေ့ 
အခုမှ လာလည်နိုင်တယ် အသစ်ပြန်လုပ်နေရတယ်
မမရောအသစ်မရေးဘူးလား
ပုဂံ ဇာတ်လမ်းကမပြီးသေးဘူးနော်

-----ဧဏီမင်း said...

မကြီး...ဘယ်ရောက်.. သတိရနေတယ်...
ကျန်းမာပျော်ရွှင်ပါစေ..

ဒဏ္ဍာရီ said...

ဘလောဂ့်သက်တမ်း တနှစ်ပြည့်မှသည် နောင်နှစ်ပေါင်းမျာစွာ အခုလို ညီမတို့ လူငယ်တွေအတွက် အကျိုးပြုစာပေတွေ များစွာဆက်လက် ရေးသားနိုင်ပါစေ။

ပျော်ရွှင်ပါစေ အမရေ...

ခင်မင်လေးစားလျှက်

ဒဏ္ဍာရီ said...

မမရေ....... နေကောင်းလား။ အချိန်ရရင် သမိုင်းကြောင်းလေးတွေ ရေးပေးပါအုံးနော်။ မမစာတွေ ဖတ်ချင်လို့ပါ။ စီဘောက်မရှိလို့ ဒီမှာပဲ ရေးခဲ့ပါတယ်။

ခင်မင်လေးစားလျှက်

လင်းဒီပ said...

အစ်မရေ ၁၃၇၂ မှာ ပျော်ရွှင်ပါစေဗျာ...။

မန်းကိုကို said...

သိမိသလောက်တော့ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် ဆိုပြီး တန်းတူရေး အခွင့်အရေးတောင်းတာပါဗျာ။ တစ်ကျပ်သားဆိုတော့ တစ်ပိသာ ဖြစ်မသွားလို့ တော်တော့တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် တင်ပြပေးတာ ဝမ်းသာပါတယ်။

မုတ်ဆိုး .. said...

ကျွန်တော်ပါ.. မုတ်ဆိုးပါ.. သတိရလို့လာခဲ့ပါတယ်.. ဘာကိုမှ ဖတ်မသွားပါ..အမှန်အတိုင်းပြောတာပါ.. ရှက်ရှက်နဲ့ပဲ ခိုးကြောင်ခိုးဝှက်ပြန်သွားပါပြီ..

အာလူးလေး said...

အန်တီဇင် လာလည်ပါတယ်။ ဂျပန်က လူတွေလည်း သတိရနေကြပါတယ်

ဒီမိုဝေယံ said...

မဇင်

အလည်လာပါတယ်.. စာတွေဖတ်သွားပါတယ်။

ကျွန်တော် ဘယ်သူဆိုတာ သိလားဗျ...

ဂျပန်ဘယ်တော့ လာဦးမလဲ

လေးစားလျှက်

လင်းဒီပ said...

အစ်မရေ...
သတိရလို့ လာကြည့်တယ်။။
နေကောင်းပါရဲ့လား ...
စာမရေးတော့ဖူးလား ...

ko ko free said...

အန်တီ သက်ဆင်..အဲ..သက်ဇင်
သားသားဖရီးလေ..မရောက်တာကြာလို့ လာလည်တယ်။ စိတ် အဆိုးနဲ့နော်။ သားသား..သားသားကလေ..အန်တီ့ဆီလာမလို့ဟာ..ဟိုလူကြီးတွေက..ဘန်းထားတော့...ဟိုကျော်ဒီခွရမှာဆိုးတာနဲ့ အလာဖြစ်ဘူးလေ။ သားသားက အကျော်အခွ သိပ်မရဘူး။ ဟိုဟာ..ကျနေလို့။ သြော်..ကိုယ်ဖော့အစွမ်းပြောပါတယ်။ အဟိ။

မန်းကိုကို said...

မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

generalpower said...

သက်လူမျိုးတွေရှိပါသေးတယ် ဒကာမ ရခိုင်ပြည်နဲ့ဘင်္ဂလားဒေ့ရ်နယ်တွေမှာရှိပါသေးတယ်
အမမလေ့လာသေးလို့ပါ နော်တစ်ခု ဗာမာလူမျိုးတွေက
စိတ်ဓာတ်နဲ့စစ်ဆင်ရေးတွေကြောင့် နောက်လူမျိုးအဖြစ်
ပြုပြင်သွားကြပါတယ် တိုင်းရင်သားထဲမှာ ပုဂံနယ်တဝိုက်
မှ စားမဲ့သောက်မဲ့ညာဏ်များသောသူများကြီးထွားမှုမှ ကု
လား တရုတ်ထက်ကြောက်စရာကောင်းလောက်အောင်
တိုင်ရင်းသားများအားနည်းမျိုးစုံနဲ့ ဗမာဖြစ်ဖန်တီးနေပါတယ်ဒါကို ဒကာမတို့ဘယ်လိုလုပ်
မလဲ

An Asian Tour Operator said...

နှစ် နှစ်တောင်ပြည့်သွားပြီလား မသိဘူး။ လေးစားပါတယ်အစ်မ။

မိုးယံ said...

သမိုင်းအမှန်တွေ ဆက်လက်ဖေါ်ထုတ်နိုင်ပါစေ.

အမျိုးကို စောင့်ရှောက်နိုင်သော မိန်းမမြတ်ဖြစ်ပါစေ။

ဘလော့ဂ်လေးလဲ ဆက်လက်အောင်မြင်ပါစေ။

Burman Managers,Engineers and Scientists said...

မသက်ဇင် ကို တွေ့ချင် လိုက်တာ၊
သမိုင်း တွေ ဆွေးနွေးချင်လို့၊
ကုလားမင်းသား။
http://mathetzinn.blogspot.sg/